Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာမှာကြဦးမလဲ…..

Ma MaSeptember 6, 20111min72936

နောက် ၂ပတ်လောက်နေရင် ခရီးသွားရတော့မှာမို့ ဘာမှာကြဦးမလဲလို့။ လက်ဆောင်ဝယ်လာလို့တော့ မမှာကြနဲ့နော်။
ပြန်လာရင် ကုသိုလ်တွေ တနင့်တပိုးကြီးယူလာပြီး မျှဝေပေးဦးမှာ။
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာယူပြီး ရင်းနှီးခဲ့ရတဲ့ နေရာဒေသတွေကို ရောက်ဖူးချင်ခဲ့တာ ကြာပါပြီ။
ခုတော့လည်း စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ ဆိုသလို ဗုဒ္ဓဂါယာကို သွားရဖို့ အကြောင်းတိုက်ဆိုင်လာတယ်။
အရင်ကဆိုရင် မိသားစုလိုက်သွားနေကျဆိုတော့ မိဘညီတစ်ကို မောင်နှမတွေကို အားကိုးတဲ့စိတ်နဲ့ ပေ့ါပေ့ါပါးပါးပဲပေ့ါ။
အခုတစ်ခေါက်ကတော့ မိသားစုမပါ မိတ်ဆွေတွေချည်းနဲ့မို့ ကိုယ့်အားကိုယ်ကိုးရတော့မယ်။
အတူသွားတဲ့လူတွေမှာ ကသိကအောက်မဖြစ်ရလေအောင်၊ ဝန်မပိုရလေအောင်၊
ကိုယ့်အတွက်လည်း အဆင်ပြေအောင် ကြိုတင်စီစဉ်ရတော့တယ်။
အဝတ်အစားကအစ စားစရာ၊ သောက်စရာ၊ ဆေးဝါး၊ အသုံးအဆောင် စသဖြင့် လိုအပ်ရာရာလေးတွေကို စဉ်းစားလိုက်၊ ရေးထားလိုက်၊ သွားဝယ်လိုက်နဲ့ ၂ပတ်လောက်အလိုကတည်းက အလုပ်ရှုပ်နေရတယ်။
တကယ့်တကယ် သွားရမယ်ဆိုတော့လည်း အကျိုးရှိတဲ့ ဘုရားဖူးခရီးဖြစ်စေချင်တယ်။
ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ ဘုရားဖူးသွားခြင်း ဆိုတာကို သွားသတိရတယ်။
အသိပညာ အတတ်ပညာစုံတဲ့ ကိုယ့်ရွာသားတွေထဲမှာ သွားဖူးလာဖူးတဲ့ လူတွေရှိမှာပဲလို့လည်း စဉ်းစားမိတယ်။
ကြီးကြီးကျယ်ကျယ် ခိုင်းနှိုင်းလိုက်ဦးမယ်။ မင်းသုဝဏ်ရဲ့ အနောက်သို့ ဆိုတဲ့ ခရီးသွားဆောင်းပါးထဲမှာ နှုတ်၏ဆောင်မခြင်း လက်၏ဆောင်မခြင်းဖြင့် ဝိုင်းဝန်းကူညီကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ရေးထားသလို အခုလည်း ကျမရဲ့ အနောက်သို့ ခရီးစဉ်မှာ ဘာတွေဆောင်သွားသင့်တယ်၊ အကျိုးရှိအောင် ဘယ်လို လုပ်သင့်တယ်ဆိုတာတွေကို စကားလက်ဆောင်လေးများ မှာကြားလိုက်ကြဦးမလား။
ဘာမှာကြဦးမလဲ…………….

36 comments

  • ပေါက်ဖော်

    September 6, 2011 at 10:54 am

    မှာတော့ဝူး..
    ကျန်လာရင် မုန် ့ဝယ်ခဲ့..
    ပြီးတော့…ဓာတ်ပုံလေးတွေ..ရိုက်ပြီး ပြန်ပြ..မရောက်ဖူးလို ့..
    ကြည့်ချင်တယ်..
    ကုန်ကျစရိလဲ ကျန်တင်ပြနော်..
    ထီပေါက်ရင် ရွာထဲက လူတွေကို အခမဲ့လိုက်ပို ့ပေးမို ့..
    😀

  • mr.lone

    September 6, 2011 at 11:02 am

    ဓါတ်ပုံတွေ ကိုအသေးစိတ်သေချာ ရိုက်ခဲ့ပေးပါလား မမ ။ နီပေါ က လူမျိုးတွေရဲ့ စားပုံနေပုံဝတ်ပုံတွေရယ် လမ်းခရီးကအတွေ့အကြုံတွေအားလုံးမှတ်တမ်းတင်ခဲ့ပေးပါနော်။ ကျေးဇူးတင်ပါတယ်နော်… ပျော်ရွှင်ပြီး
    ကုသိုလ်အများကြီးရတဲ့ ခရီးကောင်းတစ်ခုဖြစ်ပါစေ ။ ရှယ်မှတ်တမ်းတင်လာခဲ့နော် ။ မျှော်နေမယ် မမ ရဲ့ ခရီးစဉ်အတွက် ။ အစအဆုံးအကုန်မှတ်တမ်းတင်ခဲ့နော် ။မမ …. ….

  • kai

    September 6, 2011 at 11:18 am

    အဲဒီမြေ..ဂေါတမဗုဒ္ဓပွင့်တဲ့မြေက.. ကျောက်တုံးလေးတတုံးကောက်ယူလာစေချင်ပါတယ်..။
    ဗုဒ္ဓဂါယာ ဘုရားဖူးသွားသူတိုင်း.. အဲဒီလိုကောက်ယူပြိးမှ.. မြန်မာပြည်ကိုပြန်လာသင့်တယ်ဆိုတာလည်း.. လူတွေကိုအသိပေး.. ဂျာနယ်.. သတင်းတွေထဲထည့်လိုက်စေချင်ပါတယ်..။

    ဆိုတော့…
    တနေ့နေ့မှာ.. ဗုဒ္ဓဂါယာက ကျောက်တုံးတွေနဲ့.. လူသောင်းသိန်းလုပ်အားကုသိုလ်ပါတဲ့.. စေတီတဆူ..မြန်မာပြည်မှာ တည်လိုက်စေချင်ပါတယ်..။
    သယ်လာသူတိုင်းအမည်ကို.. ကဗျည်းထိုးစေချင်ပါတယ်.။

    အဲဒါလေး.. မတူတဲ့အတွေးနဲ့..ရေးပေးလိုက်ရပါကြောင်း..။

    • mr.lone

      September 6, 2011 at 11:32 am

      ဟုတ်တယ်နော် အဲဒီလိုမတွေးဖူးဘူး ။ ကောင်းလိုက်တဲ့အတွေးပဲနော် ။ဟုတ်တယ် မမ kai ပြောလသလို ကျောက်တုံးတွေ သယ်နိုင်သလောက်သယ်ခဲ့…. နိုင်သလောက်ပဲနော်။ … တစ်
      တုံးကတော့နည်းတယ် ။အဲဒါမှကဗျည်းထိုးရင် မမ နမည်တွေအများကြီးဖြစ်နေမှာ….

  • nayminn

    September 6, 2011 at 11:21 am

    ကောင်းပါတယ်….

    ဆရာတော်တစ်ပါးရဲ့ တရားနာဖူးတယ်…ဘုရားဖူး/ဝတ်ပြုတဲ့အခါ …အဓိက ကတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုပြီး ရှိခိုးတက်ဖို့လိုပါတယ်..တဲံ. အိမ်မှာရှိတဲ့ ဘုရားနဲ့ တန်ခိုးကြီးဘုရား ၇ရှိတဲ့အကျိုးကတော့ တူတူပါပဲတဲ့ ..။

  • nozomi

    September 6, 2011 at 11:32 am

    ပိုက်ဆံ များများ ယူသွားပါ မမ 😀

    အပြန်ကျ အတွေ့အကြုံနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ရေးပေးပါဦး
    ဆူးလို စတော်ဘယ်ရီ အခွံချွတ်တာမျိုး လေးတွေရောပေါ့

  • မီးမီး သော်

    September 6, 2011 at 12:13 pm

    ဗုဒ္ဓဂါယာသို ့ဘရားဖူးတခေါက်ဆိုပြီး ဓါတ်ပုံတွေ ဝေဝေဆာဆာတင်ပေးပါ မမ။

  • weiwei

    September 6, 2011 at 12:35 pm

    ကောင်းတယ်မမ …. ဒီရွာထဲမှာတော့ ကိုဝင်းကျော်အောင်က ဗုဒ္ဓဂါယာခရီးစဉ်ကို အခန်းဆက် ပို့စ်တင်ဖူးပါတယ် …

    ကျွန်မကတော့ မိဘကျေးဇူးနဲ့ ရောက်ခဲ့ဖူးတယ် …. တစ်သက်လုံး ခရီးသွားခဲ့တဲ့အထဲမှာ ဂါယာခရီးစဉ်ကို အနှစ်သက်ဆုံးပဲ … သံဝေဇနိယ ၄ ဌာနရောက်တုန်း မြတ်စွာဘုရားရဲ့ဂုဏ်တော် တရားတော်တွေကို လေးလေးနက်နက် အာရုံပြုခဲ့ပါလို့ပဲ မှာချင်ပါတယ် …

  • pan pan

    September 6, 2011 at 12:51 pm

    ရောက်ဖူးချင်လိုက်တာ အန်တီမမရယ်
    အန်တီမမကတော့ တော်တော်ကုသိုလ်ထူးတာပဲ
    တစ်ခေါက်မက ရောက်ရတော့မယ်နော်
    ဓါတ်ပုံတွေ စုံစုံလင်လင်ရိုက်ယူခဲ့ပေးပါလို့ မှာချင်ပါတယ်
    ကိုယ်တိုင်မရောက်ဖူးသေးတော့ ရောက်တဲ့လူတွေ မျှဝေတာနဲ့ ကုသိုလ်ပွားရတာပေ့ါ

  • parlayar46

    September 6, 2011 at 2:58 pm

    ဗုဒ္ဓဂါယာ ဆိုရင်တော့ …

    စီးလို့ သက်တောင့်သက်သာရှိမယ့် (ဖြစ်နိုင်ရင် စီးလက်စ) ဘိနပ်တရံတော့ လိုလိမ့်မယ်။

    မြန်မာအဖွဲ့မို့ မြန်မာလိုပဲဝတ်မယ်ထင်ပါတယ်။ တကယ်တော့ တရုတ်မယောင်ဆောင်ပြီး ဘောင်းဘီပွပွဝတ်သွားတာ မိုးတွင်း နဲ့ ဆောင်းတွင်းမှာ ပိုကောင်းတယ်။

    အရင်လဲ ရောက်ပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒီတခေါက်တော့ ဘုရားရှင် သဗ္ဗညုတ ဉာဏ်တော် ရတော်မူတဲ့ အရပ်ဖြစ်တဲ့ ဗောဓိညောင်ပင်ကြီးကို သေသေချာချာဖူး(ကြည့်) ခဲ့ပါလို့လဲ တိုက်တွန်းချင်တယ်။

    ဘုရားရှင်လက်ထက်က အခုထိ အကောင်းအတိုင်းကျန်တာ အဲဒါတခုပဲရှိတာ။

    နောင် ဘာသာရေးအယူအဆတွေနဲ့ပါတ်သက်လို့ ကိုယ့်စိတ်ထဲ မပြေလည်တာရှိလာရင် အဲဒါနဲ့တိုင်းပြီး ဖြည်ရမှာ ….။

    • kai

      September 6, 2011 at 3:09 pm

      ဘုရားရှင်လက်ထက်က အခုထိ အကောင်းအတိုင်းကျန်တာ အဲဒါတခုပဲရှိတာ။

      အဲဒါသေချာရဲ့လား..။
      ကြားဖူးတာက.. အပင်လည်းမီးရှို့.. အမြစ်ပါဖေါ်ဖျက်စီးခဲ့တာမို့.. အခုရှိနေတာက.. အော်ရီဂျင်နယ်မဟုတ်ဖူးဖတ်ဖူးလို့ပါ..။
      သေချာပေါက်ဟုတ်တယ်ဆိုရင်တော့… ရေးထားတဲ့.. စာအညွှန်းလေးပေးစေလိုပါတယ်..။

      • မိုက်ကယ်ဂျော်နီအောင်ပု

        September 7, 2011 at 9:30 am

        အဲ့သည်ညောင်ပင်ကြီးကတော့ မူရင်းဟုတ်ဘူးလို့ဆိုပါတယ်
        လွန်ခဲ့တဲ့လေးငါးခြောက်နှစ်လောက်တုန်းကတောင်
        အဲ့သည်အပင်ကြီး ပိုးကျ လို့ဆိုပြီး
        နောက်ထပ်အစားထိုး တစ်ပင်တွက်ကိုပြင်ဆင်ထားကြတယ်လို့လည်းဆိုပါတယ်

    • nature

      September 7, 2011 at 6:52 am

      အာသောကကျောက်တိုင်ကိုရောသူကြီးက Original မဟုတ်ဘူးလို့ ပြောချင်လို့လား။

      • kai

        September 7, 2011 at 8:06 am

        အာသောကကျောက်တိုင်များဟာလည်း အပိုင်းပိုင်းဖြတ်ပြီး.. မြေမြုတ်ခံထားရတယ်မှတ်မိတယ်.။
        တော်တော်များများက.. ပြန်ကိုမရတော့ပါဘူး..။
        အခုဗုဒ္ဓဂါယာမှာ တွေ့ရတာကတော့.. အစစ်ဖြစ်လောက်ပါတယ်..။

        ပြောရရင်.. အာသောကမင်းဆိုတာက.. ဂေါတမဗုဒ္ဓပရိနိဗ္ဗာန်စံပြီး နှစ် ၃၀ဝလောက်မှာ ထွက်လာတဲ့ ဘုရင်ပဲ..။
        ပိဋကတ်သုံးပုံဆိုတာကို.. ဂေါတမဘုရားနှုတ်ထွက်တွေဖြစ်အောင် အဓိကလုပ်ဆောင်ခဲ့တဲ့ဘုရင်လို့.. မှတ်မိတယ်..။ တတိယသံဃာယနာတင်ဘုရင်ပေါ့..။

        စိတ်ဝင်စားရင်.. သေသေချာချာလိုက်ဖတ်ကြည့်ပါဦး.. အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်..
        ဘာလို့လဲဆိုတော့. မြန်မာတွေအခုကိုးကွယ်..လက်ခံနေတဲ့..ထေရဝါဒဗုဒ္ဓဘာသာရဲ့.. အဓိကဇတ်ဆောင်ဖြစ်လို့ပါ..။ 🙂

        • maungmoenyo

          September 7, 2011 at 8:19 am

          အသောက ကျောက်တိုင်ရော၊ ဗေါဓိညောင်ပင် တို့ဟာ နှစ်ပရစ္ဆေဒများစွာနဲ့အတူ ကွယ်ပျောက်ခဲ့ပြီးလို့ လက်ရှိ တွေ့ရ ဖူးရတာတွေဟာ original ပါလို့ သက်သေထူရခက်ပါတယ်။ ဘူမိနက်သန် ပါလို့တော့ ကြွေးကြော်လို့ရပါတယ်လို့ ယုံကြည်ရတယ်။
          မြန်မာနိုင်ငံက စက်တော်ရာကိုလက်ညျိုးထိုးခဲ့ပြီး၊ ဗုဒ္ဓ မြန်မာနိုင်ငံကိုကြွခဲ့တယ်လို့ ကြံဖန်တန်ဆာဆင်ကြသလိုပေါ့။

        • ကြောင်ကြီး

          September 7, 2011 at 8:36 am

          သဂျီးလို ဂွတီးဂွကျ ကတ်တီးကတ်ဖဲ့ ပြောလိုသူတွေလက်ခံလို့ရအောင် အခုခေတ်ကြီးမှာ စူပါဂလူးဆိုတာ တီထွင်ပေးထားပါတယ်။ လူတွေတောင် အပိုင်းပိုင်းပြတ်နေတာတွေကို ပြန်ဆက်ဖို့ စူပါကော်ရှိသေးရင် နတ်တွေမှာရော အဆသိန်းသန်းပေါင်းများစွာ ပိုကောင်းတဲ့ မီဂါစူပါဂလူး ရှိမယ်လို့ ဘဇာကြောင့် အတွေးမပေါ်ရoလဲ..။ 🙁

        • MaMa

          September 7, 2011 at 8:47 am

          အခုသွားမှာက ဆရာတော်တစ်ပါးက ဦးဆောင်ပြီးသွားမှာမို့ အခုအငြင်းပွားနေတဲ့ကိစ္စတွေကို တတ်နိုင်သလောက် စုံစမ်းမေးမြန်းလာခဲ့ပါမယ်။ အကိုးအကားနဲ့ ပီပီပြင်ပြင်ဖြစ်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူးနော်။

      • parlayar46

        September 7, 2011 at 8:35 am

        သူကြီးရေ –
        ဖိုရမ်မှာပဲ သွားဖြေပါရစေနော်
        ကျွန်တော့် အဖြေက အရှည်ကြီးမို့ပါ …..

      • parlayar46

        September 7, 2011 at 8:42 am

        အဲဗျာ –
        ဖိုရမ်ဆီသွားတော့မှ ဖိုရမ်ကြီးက ဂိ နေ တယ်။
        မထူးတော့ပါဘူး ဒီမှာပဲဖြေပါတော့မယ် ……။
        ————————————-

        သူကြီးရေ –

        လက်ရှိ မဟာဗောဓိပင်ကြီးဟာ ဘုရားရှင်သဗ္ဗညုတ ဉာဏ်တော်ရခဲ့ရာ ဗောဓိပင်ကြီးဆိုတာ သေချာသလားဆိုတော့ ….
        “သေချာ” ဆိုတဲ့စကား သုံးမယ်ဆိုရင်တော့ ပစ္စည်းသက်သေ လူသက်သေ ရှိဘို့လိုပါတယ်။
        ဥပမာ အမှန်အကန်ရေးခဲ့တာသေချာတဲ့ မှတ်တမ်းမျိုးပေါ့။ စာနဲ့ရေးထားတိုင်းလဲ စိတ်ချရတာတော့မဟုတ်ပါဘူး။
        ခက်တာက အဲဒီခေတ်က စာပေအက္ခရာအရေးအသား ပေါ်ပြီးပြီလားမပေါ်သေးဘူးလား လို့တောင် မသေချာပြန်ဘူး။
        အခြားမှတ်တမ်းတင်တဲ့ စံနစ်မျိုးလဲ ရှိခဲ့ဟန်မတူပါဘူး။
        ရှိခဲ့ရင်လဲ အမှန်အကန်လို့ ပြောဘို့တော့ ခက်ပါတယ်။
        ဒါကြောင့် ဒီစကားလုံးကိုသာ သုံးရမှာဖြင့် “မသေချာပါဘူး” လို့သာ ပြောပါရစေတော့။

        ဒါကြောင့် ကျွန်တော့အနေနဲ့ဆိုရင်
        သမိုင်းမတင်ခဲ့ရတဲ့ သမိုင်းတွေကို စီစစ်တဲ့အခါမှာ “ယုံကြည်ရလား” ဆိုတဲ့ စကားလုံးကိုသာ သုံးချင်ပါတယ်။

        အဲဒီ ယုံကြည်ရလား ဆိုတာမှာလဲ –
        အချိန်ကာလ ပယောဂတွေက တိုက်စားလို့ ခိုင်လုံတဲ့သက်သေပြချက်တွေကို ခွဲခြားမပြနိုင်တော့တဲ့အခါမျိုးမှာ –
        ခိုင်လုံတဲ့ ငြင်းချက်ရှိမရှိ ဆိုတာနဲ့ အသင့်ယုတ္တိရှိမရှိ ဆိုတဲ့ ပေတံ၂ခုနဲ့သာ တိုင်းတာဘို့ ရှိပါတော့တယ်။
        ဒီဗောဓိပင်ကိစ္စမှာတော့ ကျွန်တော် ကြားဘူးမှတ်ဘူးသလောက် ခိုင်လုံတဲ့ ငြင်းချက်မရှိဘူးလို့ မှတ်ယူထားပါတယ်။
        အသင့်ယုတ္တိလဲ ရှိတယ်လို့ ဆုံးဖြတ်ထားပါတယ်။
        ဒါက စွယ်တော် တို့ ဆံတော် တို့ ကျိုက်ထီးရိုးသမိုင်း တို့ ရွှေစက်တော် သမိုင်းတို့နဲ့ မတူပါဘူး။
        ဒါကြောင့်လဲ “အကောင်းအတိုင်းကျန်တာဆိုလို့ အဲဒါတခုထဲရှိတာ” …လို့ ကိုယ့်အယူအဆအရပဲ ဆိုရခြင်းပါဗျာ။

        သူကြီးပြောတဲ့ အမြစ်ကလှန်ပြီးဖျက်ဆီးခံရတယ် ..ဆိုတာတော့ ကျွန်တော်မဖတ်ဘူးတာ ဝန်ခံပါတယ်။
        (ဖတ်ဘူးလျှင် ကျွန်တော့အယူအဆလဲ တမျိုးတမည်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။)
        ကျွန်တော့် ဆရာ ရဟန်းတော်တပါး ပြောပြဘူးတာတော့ မဟာဗောဓိပင်ကြီး ပျက်စီးသွားလို့
        နှစ်အနည်းငယ်အကြာမှာ အဲဒီဗောဓိပင်ကြီးရဲ့မျိုးစေ့ကို သိမ်းဆည်းသိုဝှက်ထားတဲ့ ဆရာတပြည့် ရဟန်းနှစ်ပါးက
        ပြန်လည်စိုက်ပျိုးထားတယ် . . ဆိုတဲ့ မူကွဲလဲရှိတယ်လို့ ဆိုပါတယ်။
        အဲဒါကိုတော့ ခိုင်လုံတဲ့ငြင်းချက်လို့ ကျွန်တော်တို့ မယူဆပါဘူး။
        ဒီလိုလဲ ရှိသေးတာကိုး လို့သာ မှတ်ထားလိုက်ပါတယ်။
        ဗုဒ္ဓဘာသာဝင် အကုန်နီးပါး က ဒီဗောဓိပင်ကို လက်ခံတာကလဲ
        “ယုံကြည်ရလား” ဆိုတဲ့အချက်ကို ထောက်ပံ့နေတာကိုး နော် …။

  • ကြောင်ကြီး

    September 7, 2011 at 7:12 am

    ဒေါ်မမခင်ဗျား
    သယ်သွားရမှာကတော့ ပိုက်ဆံ၊ ပြန်ယူလာရမှာကတော့ ရုပ်နဲ့နာမ် အတူတကွပါ။ လိုအပ်ရင် ကျနော့် ဂျီမေးလ်း terrorists@Al-qaeda.com ကို လှမ်းဆက်သွယ်နိုင်ပါတယ်။

    • MaMa

      September 7, 2011 at 8:21 am

      ရွာထဲမှာ ၁ဝနှစ်အောက်တွေ ရှိတယ်ဆိုတာ ခုမှပဲ သိရတော့တယ် တညင်သားနဲ့ ပေါက်ဖော်ရေ။ လူကြီးခရီးသွားတုန်း ရွာထဲမှာ ကောင်းကောင်းနေခဲ့ကြ။ ရွာရိုးကိုးပေါက် လျှောက်လည်ပြီး ရန်လည်း ဖြစ်မနေနဲ့ဦး။ ပြန်လာရင် မုန့်ဝယ်လာမယ်။ (ကိုယ့်ဖာသာ စားဖို့ 🙂 online ကနေ ကျွေးလို့မှ မရတာ။)
      ဓာတ်ပုံမှာသူများအတွက်လည်း အဆင်ပြေလျှင်ရိုက်ပြီး အဆင်ပြေလျှင် တင်ပေးပါမည့်အကြောင်း။ (ခရီးစဉ်က ရက်နည်းတဲ့အပြင် ဘုန်းကြီးနဲ့ သွားတာမို့ ဓာတ်ပုံရိုက်ဖို့ အဆင်ပြေမပြေ မသိသေးလို့ပါ။ တင်နိုင်ဖို့ကလည်း ရွာရဲ့ အခြေအနေက ခုရက်ထဲမှာ စာတောင် ဝင်ဖတ်ဖို့ မလွယ်တော့ကာ…)
      သဂျီးပြောတဲ့ ကျောက်တုံးသယ်လာဖို့ ဆိုတဲ့ စိတ်ကူးလေးတော့ သဘောကျတယ်။ ဒါပေမယ့် နှမ်းတစေ့တည်းနဲ့ ဆီမဖြစ်တော့ စဉ်းတော့ စဉ်းစားရဦးမယ်။
      ငွေများများတော့ ယူသွားချင်ပေမယ့် ကိုယ့်အထွာနဲ့ကိုယ် ပေ့ါနော်။
      လိုအပ်ရာရာ စဉ်းစားပေးတဲ့ palayar46 နဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြုဖို့ တိုက်တွန်းတဲ့ wei wei, nayminn တို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

      • ပေါက်ဖော်

        September 7, 2011 at 10:53 pm

        တိုက်တိုက်ဆိုင်ဆိုင်ပါပဲ..မမရေ..
        အကုသိုလ်တွေများနေလို ့ထင်ပါ့..
        ရန်မဖြစ်ပါနဲ ့ဆို..ခုတော့….
        ရန်ဖြစ်ပြီး..မနက်ဖြန် စခန်းမှာ အော်တို သွားထိုးပေးရဦးမယ်ဗျာ
        မမပြန်လာမှ..ပုံတွေကြည့်ပြီး ကုသိုလ် ယူပါဦးမယ်..
        ရှဲရှဲ..

  • nature

    September 7, 2011 at 9:23 am

    ှနှစ်ပေါင်းများစွာကြာခဲ့လို့ အတုအစစ် အငြင်းမပွါးလိုပါဘူး။ အစစ်လို့ သက်သေပြနိုင်ရင်ဘာအကျိုးရှိမလဲ။ အတုလို့ သက်သေပြနိုင်ရင်ဘာအကျိုးရှိမလဲ။ အတုအစစ်အငြင်းပွားနေတာထက် အာသောကကျောက်တိုင်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဗုဒရဲ့တရားတော်တွေကို အရပ်ရှစ်မျက်နှာကို ပြန့်စေလိုတဲ့ ရည်ရွယ်ချက်ကိုသိထားဖို့က ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ကျနော့်အမြင်မှာတော့ ထေရဝါဒ ဗုဒဘာသာက တရားတော်တွေကို ယုံကြည်စွာ လေ့လာကြည့်ရင်လိုတရ ရတနာမြေပုံတခုလိုမြင်ပါတယ်။
    မနေ့က MG ဝင်မရတော့ သူကြီးမှဘက်ဂျက်အခြေအနေကောင်းရဲ့လားလို့တွေးပူမိတယ်။ 🙂
    ဒီမနက် MG ဝင်လို့ရတော့ ဖိုရမ်မရှိတော့ဘူး။
    မမကတော့ ဒေါ်လာဈေးကျတာကို အကျိုးရှိရှိ အသုံးချလိုက်ပြီ။ ဒေါ်လာဈေးကျတော့ နိုင်ငံခြားခရီးသွားရတာ တန်တယ်။ မြန်မာငွေကိုအထင်သေးမိတဲ့ သူကြီးတော့ ဂစ..်ဂစ်..ဂစ်..။
    သူကြီးသနားပါတယ်။ သူကြီးရေ ပွိုင့်တွေကိုလည်း ဒေါ်လာနဲ့ပြောင်းပေးဖို့ အကြံပြုပါတယ် သူကြီးရေ။

  • eainsoemay

    September 7, 2011 at 9:36 am

    ဗုဒ္ဓဂါယာကို ဘုရားဖူး သွားမယ်ဆ်ိုလို့ အကြံပေးချင်လို့နော်
    ဂယာက မြန်မာကျောင်းမှာတည်းဖြစ်မယ်ဆိုရင် လှူဖွယ်တွေလဲ ယူသွားမယ်ဆိုရင်ပေါ့
    ငပိရေကျို ဝယ်သွားရင်မမှားဘူး
    packing တော့ အထပ်ထပ် လုပ်ရမယ် ညီမလေးရေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 7, 2011 at 9:37 am

    ယောင်ဝါးဝါးတွေးခေါ်ကြသလားတော့စွတ်စွဲခြင်ပါဘူးနော
    ဘုရားရှင်ကိုယ်တော်တိုင်ဟောကြားခဲ့တဲ့ သံဝေဂရစေအပ်သောအရပ်၌
    သံဝေဂတရားကို ဆင်ခြင်ရန် ဘယ်သူမှ မတွေးခေါ်မိကြတာကိုလည်း
    ဝမ်းနည်းရမလား ဘာလားတော့ သိတော့ပါဘူး
    ဒီကြားထည်း ဘုရားတည်ဘို့မြှောက်ပေးတဲ့သူကရှိလိုက်သေး
    အနိစ္စ ဒုက္ခ အနတ္တ

  • eainsoemay

    September 7, 2011 at 9:42 am

    ဗုဒ္ဓ ဂယာက မြန်မာဘုန်းကြီးကျောင်းမှာတည်းမယ်ဆိုရင်
    ငပိရေကျို လှူဘို့ဝယ်သွား မမှားဘူး
    packing တော့ အထပ်ထပ် လုပ်ရမယ်

  • eainsoemay

    September 7, 2011 at 9:48 am

    comment တင်တုန်း connection down သွားလို့ comment ၂ခါဖြစ်သွားတယ်
    တောင်းပန်တယ်နော်

  • zoe

    September 7, 2011 at 9:56 am

    အင်း….. မှာသင့်သလောက် တွေမှာပြီး ကုန်ကြပြီ ဆို တော့ ။ ဒါပဲ မှာလိုက်တော့ မယ် ။ Be safe.. and may your trip be smooth , pleasant and auspicious… 🙂

  • manawphyulay

    September 7, 2011 at 10:58 am

    သွားချင်လိုက်တာ။ မနောကတော့ မသေခင်ဖူးမြော်ချင်မိတာတော့အမှန်ပါပဲ။ တကယ်လို့ရောက်ခဲ့တယ်ဆိုရင် နေရာအနှံ့ကို အချိန်ရသလောက်သွားပြီး လေ့လာမိသမျှ ပြန်လည်မျှဝေစေချင်ပါတယ်။ နောက် နိဗ္ဗာန်ရောက်ဖို့ နည်းလမ်းကောင်းများလည်း ရရှိနိုင်အောင် ကြိုးစားခဲ့စေချင်ပါတယ်။ ပြန်လာမယ့်အချိန်ကို မျှော်လင့်နေမယ်နော်…

  • Moe Z

    September 7, 2011 at 11:13 am

    Have a nice trip Ma Ma !!

  • etone

    September 7, 2011 at 2:48 pm

    မမရေ .. ဗုဒ္ဓဘာသာဝင်တိုင်း ရောက်သင့်တဲ့ နေရာ သွားမယ် ကြားရတာ ဝမ်းသာပါတယ် … ။ အခွင့်အခါ မကြုံသေးလို့ မသွားနိုင်သေးတဲ့ etone တို့လို လူတွေအတွက် အတွေ့ ကြုံ လေးတွေ ရှဲပါဦးနော် .. ဗုဒ္ဓဂါယာဓါတ်ပုံလေးတွေလည်း ရိုက်ခဲ့ပါ … စောင့်ဖတ်နေပါ့မယ်နော် … ။ လမ်းခရီးမှာ အသုံးလိုမယ့် ဆေးလေးဝါးလေးလည်း ဆောင်သွားပါဦ း .. အဖွားတို့သွားတုန်းက ရူးရူးပေါက်ရ ဒုက္ခရောက်တာရယ် .. ဒူးနာတာရယ်က ပြသနာလို့ ညည်းပါလေရဲ့ … 🙂

  • mgmglusoe

    September 7, 2011 at 4:06 pm

    အမှတ်တစ်ရ လေးတွေ ယူလာခဲ့ပါလားဗျ..
    ပီးတော့ ပို့စ် လေးတွေနဲ့ အတူ သိပါရစေလား..
    ပို့စ်နဲ့အတူ ပြန်အရောက် ကို မျှော်နေပါ့မယ်.. 😀

  • padonmar

    September 7, 2011 at 6:40 pm

    သွားဘို့ အခါခါကြံစည်ခဲ့ပေမယ့် လွဲချော်နေသေးတာမို့ အားကျမုဒိတာပွားလိုက်ပါတယ် မမရေ၊
    မှာချင်တာကတော့ ဗောဓိညောင်ရွက်ကလေးတွေ ရရင် ပရိဘောဂစေတီအဖြစ်ကိုးကွယ်ဘို့ ယူလာခဲ့ပေးပါ၊
    သွားဘူးတဲ့မိတ်ဆွေရဲ့ အပြောအရတော့ အဲဒီ မဟာဗောဓိညောင်ရွက်က သာမာန်ညောင်ရွက်တွေနဲ့ မတူဘဲ
    အရိုးတံရှည်ရှည်၊အရွက်က သေးသေး အဝိုင်းဘက်ဆန်ဆန်နဲ့နေပြီးမှ အဖျားလေးချွန်သွားတယ်လို့ဆိုပါတယ်။
    နောက်မှပြန်စိုက်တာဖြစ်ရင်လည်း မူလနဲ့အနီးစပ်ဆုံးဖြစ်မှာမို့ ကြည်ညိုသဒ္ဓါပွားလိုက်တာမမှားပါဘူး။
    ရှေးဟောင်းအိန္ဒိယနဲ့ မျက်မှောက်အိန္ဒိယ ယှဉ်ဆွဲထားတဲ့ မြေပုံလေးလည်းယူသွားရင် မျက်စိထဲ ဗုဒ္ဓဝင်တွေ ကွက်ကွက်ကွင်းကွင်းမြင်တာပေါ့၊
    သံဝေဇနိယဌာနတိုင်းမှာ ဒီနေရာတွေကြည့်ခြင်းဖြင့် ဒို့မြတ်စွာဘုရား လူသားစင်စစ်ကနေ သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်ခဲ့တယ်ဆိုတဲ့ အဖြစ်တွေဟာ ယုံတမ်းပုံပြင်မဟုတ်ပါလားလို့ ကြည်ညိုလိုက်ပါနော်။

  • pooch

    September 7, 2011 at 7:50 pm

    ်မမရေ…. ဘီဟာနယ်ကို ဖြတ်ရင် အဆင်ပြေရင် ဓာတ်ပုံလေးတွေ သေချာရိုက်ခဲ့ပေးပါနော် ဘုရားလက်ထက်တုန်းက ခိုးသားငါးရာ နေတဲ့ရွာဖြစ်ပြီး အလွန် စရိုက်ကြမ်းတဲ့နေရာလို့ ကြားဖူးလို့ပါ ကျန်တဲ့ နေရာတွေကတော့ မြန်မာ့ရုပ်မြင်သံကြားကနေ ဖူးဖူးလို့ပါ။ ဒါပေမဲ့ မမရဲ့ ဓာတ်ပုံလေးတွေကိုလည်း ကြည့်ချင်ပါတယ်.. ပြန်လာရင် မျှဝေပါ အခုလိုမေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မမ ရဲ့ ခရီးအတွက်လည်း မုဒိတာ ပွားရပါတယ်။

  • မမရေ
    ကျနော်ကတော့ မရောက်ဘူူးသေးပါဘူး။
    ရောက်ဘို့လဲသိပ်တော့ မျှော်လင့်မထားပါဘူး။
    ရောက်ဘူးသူစကား မျှဝေပေးလိုက်ပါမယ်။
    သူတောင်စားများကပ်လာရင် သွားမထည့်လိုက်ပါနဲ့တဲ့။
    အားလုံးအလုအယက်နဲ့ဝိုင်းလာတတ်ပါသတဲ့။
    လှူချင်စိတ်ပေါက်ရင် အခြားနေရာမှာလှူပါတဲ့၊
    ဓါတ်ပုံတော့ ပါပေ့စေနော်။

Leave a Reply