စကား နှင့် အဓိပ္ပာယ် (၁)
” ဘာကိုမှမယူတဲ့ ဘာသာမဲ့ကြီး ဘာတွေလုပ်နေတာလဲ “
”အော်…သူငယ်ချင်း လာကွာ“
”မင့်ရဲ့သတင်းတွေကြားလို့လာတာ“
”ဘယ်လိုတွေကြားလို့လဲ“
”မင်းက ဘယ်ဘာသာမှ မကိုးကွယ်တော့ဘူးဆို“
”အေး“
”ဘယ်လိုဖြစ်ရတာလဲကွာ“
”တော်တော်ကြီးကို အံ့ဩနေတယ်ပေါ့“
”အယူမှားရင်တော့ ကြောက်စရာကောင်းတယ်နော်“
”ဟုတ်မှာပါ“
”မင်းမကြောက်ဘူးလား“
”ငါလည်း အရင်ကတော့ ရိုးရာထေရဝါဒ ဗုဒ္ဓဘာသာပါပဲ“
”အေးလေ“
”ငါ လူတွေကိုအကျိုးပြုတဲ့သူတစ်ယောက် ဖြစ်ချင်တယ်ကွာ“
”ဒါနဲ့ပဲ ဘာသာမဲ့လုပ်ရသလား“
”ငါ့အသက် နှစ်ဆယ်လောက်ကနေစပြီး အခုလို ဘာသာမဲ့မလုပ်ခင်ထိ ရေသောက်တိုင်း၊ ထမင်းစားတိုင်း ဗုဒ္ဓံသရဏံ ဂစာ္ဆမိ၊ ဓမ္မံသရဏံ ဂစာ္ဆမိ၊ သံ ဃံသရဏံ ဂစာ္ဆမိ ဆိုပြီး သုံးခေါက် အမြဲမပြတ်ရွတ်ခဲ့တယ်“
”ကောင်းတာပေါ့“
”ဒါတွေက ငါ့ကို ကောင်းအောင်မတတ်နိုင်ခဲ့ပါဘူး။ ဘဝမှာ ငါဟာ မဝံ့မရဲ နဲ့ရှင်သန်ခဲ့ရတယ်။ဘာသာတရားက မလုပ်ရဘူးဆိုတဲ့သတ်မှတ်ချက်တွေ အတော်များများကို လိုက်နာခဲ့ပေမယ့် ငါဟာ ကောင်းမလာခဲ့ဘူး“
”ဒါကတော့…“
”ဒီလိုတွေပြောနေတာ ကြွားချင်၊ဝါချင်လို့ မဟုတ်ဘူးဆိုတာတော့ နား လည်စေချင်တယ်“
”ဟုတ်ပါပြီ“
”ငါတို့မိသားစုရဲ့ အခြေအနေကို မကျေနပ်ခဲ့ဘူး။ မိသားစုဆက်ဆံရေး ဟာ သိပ်ပြီးမနွေးထွေးဘူးလို့ ခံစားရတယ်။ သူလဲ သူနေချင်သလိုနေ ကိုယ်
လည်း ကိုယ်နေချင်သလိုနေပဲ။ မဟုတ်တာတွေလုပ်နေကြတာတော့ မဟုတ် ပါဘူး“
”ဒါနဲ့ ဘာသာမဲ့က ဘယ်လိုဆက်စပ်လို့လဲ“
”တို့မိသားစု ပြောဆို၊လုပ်ကိုင်နေတာတွေမှာ ဘာသာတရားရဲ့ လမ်းညွှန် ချက်အတိုင်း လုပ်ကိုင်ပြောဆိုတာ မတွေ့ရသလောက်ပဲ။ အခါကြီးရက်ကြီး တွေမှာ ဥပုဒ်စောင့်တာ၊ လှုုတာတန်းတာကလွဲရင်ပေါ့“
”လောကုတ္တရာဘက်မှာ စောက်ချမလုပ်နိုင်သေးခင်တော့ သည်လိုပဲရှိရ မှာပေါ့“
”နေ့စဉ် စား၊ဝတ်၊နေမှုတွေနဲ့စပ်ပြီး ဘာသာတရားက တာဝန်မယူဘူးဆို ရင် ဘယ်အတွက်အသုံးချရမှာလဲ“
”ကိုယ့်စားဝတ်နေရေးတော့ ကိုယ့်ဘာသာပဲတာဝန်ယူရမှာပေါ့ကွာ။ ဘာ သာတရားကတော့ ဘယ်မှာလာပြီးတာဝန်ယူလို့ရမှာလဲ“
”အဲလိုတော့ မဟုတ်သေးဘူး သူငယ်ချင်း“
”မင်းက စား၊ဝတ်၊နေရေးအတွက် အထောက်အပံ့ရမှ ဘာသာတရားကို ကိုးကွယ်ချင်တာလား“
”အဲဒီအတွက်မဟုတ်ရင် ဘယ်အတွက်ကိုးကွယ်မှာလည်းသူငယ်ချင်း“
”မင်းရဲ့စိတ်ထားတွေက အဲလောက်တောင် အောက်တန်းကျသွားပြီလား“
”အော်…မင်းက ငါပြောတဲ့စကားကို တော်တော်ကြီးကို နားလည်မှုလွဲနေ တာကိုး“
”ငါက နားလည်မှုလွဲတယ်“
”အေးလေ…ငါကဘာသာတစ်ခုကို ကိုးကွယ်တယ်။ အဲလိုကိုးကွယ်တဲ့အ တွက် အဲဒီဘာသာက ရော့ အင့် ဆိုပြီး ငွေကြေးထောက်ပံ့ပေးကမ်းရမယ်။ဒီ လိုပေးကမ်းမှ ဘာသာတရားကို ကိုးကွယ်မယ်။ အဲလိုထင်တာမဟုတ်လား“
”မဟုတ်လို့လားကွာ“
”စကားတစ်ခွန်းရဲ့ အဓိပ္ပာယ်ကလည်း အဲဒီလောက်တောင် လွဲချော်နိုင် တာကိုး“
”ဆင်တစ်ကောင်လုံးတွေ့နေမှတော့ ဆင်ခြေရာကလိုသေးလို့လား“
”ပဒပရမပုဂ္ဂိုလ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။အခုလည်း အဲလို ဖြစ် နေပြီနဲ့တူတယ်“
”နေ့စဉ်စားဝတ်နေမှုနဲ့စပ်ပြီး ဘာသာတရားက တာဝန်ယူရမယ်လို့ မင်း ပြောခဲ့တယ်နော်“
”အေးလေ“
”အထောက်အပံ့မရရင် မကိုးကွယ်ထိုက်ဘူးလို့လည်း ပြောခဲ့တယ်“
”ဟုတ်ပါတယ်“
”ဒါဆိုရင် ငါက ဘယ်လိုများ နားလည်မှုလွဲနေလို့လဲ“
” ဒါကို နားလည်နိုင်ဖို့အတွက် စကားတွေတော့ တော်တော်ပြောရလိမ့် မယ် သူငယ်ချင်း“
”အခုပြောခဲ့တာတွေထဲမှာ နားမလည်စရာ တစ်ခွန်းမှမပါသေးဘူး“
”မင်းဟာ အောင်မြင်တဲ့ ကျူရှင်ဆရာတစ်ယောက်နော်“
”ထားပါတော့“
”မင့်ရဲ့ စား၊ဝတ်၊နေရေးတွေကို ဘယ်သူကတာဝန်ယူတာလဲ“
”ငါကိုယ်တိုင်ပဲပေါ့“
”ကျူရှင်ဆရာဆိုတဲ့ အတတ်ပညာကို မင့်ဆီကနေ နှုတ်ကြည့်မယ်ဆိုရင် မင့်ရဲ့ စား၊ဝတ်၊နေရေးတွေ ဘယ်လိုဖြစ်လာမယ်ထင်သလဲ“
”တစ်ခြားအတတ်ပညာ တစ်ခုခုနဲ့ဖြည့်ဆည်းရမှာပေါ့“
”အေး…ငါမင်းကိုသိစေချတာ အဲဒါပဲ“
”ဘာလဲကွာ“
”ပညာက လူကိုကျေးဇူးပြုရမှာလား၊ လူက ပညာကိုကျေးဇူးပြုရမှာလား၊ လူရဲ့ စား၊ဝတ်၊နေရေးတွေကို ပညာက ထောက်ပံ့ပေးထာတယ်ဆိုတာ ပေါ် လွင်ပြီလား။ လောကမှာ အမြင့်ဆုံးပညာက ဘာလဲ“
”ဒါက လောကီပဲရှိသေးတာလေ“
”လောကီပညာကတောင် လူကို သည်လောက်ထောက်ပံ့ပေးရင် လော ကမှာ အမြင့်ဆုံးဆိုတဲ့ ပညာဟာ လူကို အထောက်ပံ့နိုင်ဆုံးဖြစ်သင့်တာပေါ့။ အထောက်အပံ့ဆိုတဲ့ မြန်မာစကားစစ်စစ်ဖြစ်တဲ့ စကားလေးတစ်ခွန်းရဲ့ အဓိ ပ္ပာယ်ကို မြန်မာစစ်စစ်တစ်ယောက်ကနေ မြန်မာ စစ်စစ်တစ် ယောက် ကိုပြောတာ မှာတောင် နားလည်မူလွဲနေသေးတယ်ဆိုတာကို လေးလေးနက်နက် သတိ ချပ်ခဲ့စေချင်တယ်“
”ဘာတွေလဲကွာ……“
”လူကိုငြိမ်းအေးစေပါတယ်ဆိုတဲ့ အမြင့်ဆုံးပညာက လူတွေကို ပူလောင် မူတွေ၊ စိုးရိမ်မူတွေ၊ ငြင်းခုံမူတွေကိုပဲ ဖြစ်စေတယ်ဆိုရင်တော့ သည်လိုပညာ မျိုးကို ပညာလို့ မပြောသင့်တော့ဘူး။ ပညာဆိုတာ လူအတွက်ဖြစ်ရမှာကို လူက ပညာရဲ့အစတေးခံဖြစ်စေတာဟာ သင့်မြတ်တယ်လို့ ပြောချင်သေးသ လား“
” အဲလောက်ထိတော့ မစဉ်းစားခဲ့မိဘူး“
”စဉ်းစားတော့ သူငယ်ချင်း… စဉ်းစားတော့………“