Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရိပ်ယောင်ရေထဲ……………………(ပထမပိုင်း)-ကော်ပီသစ် ပြန်တင်ထားတာပါ။

ရိပ်ယောင်ရေထဲ
ကျနော်တို့မြန်မာတွေက ရေထဲမှာအရိပ်ထင်ကလေးပေါ်နေရင် အတော်လေးသဘောကျတတ်ကြပါတယ်။
အခုခေတ် ထွန်းထွန်းတို့အဖိုး ပလေးဘွိုင်အုပ်စုရဲ့ ဦးလေး ကိုအံ့ကြီး ဆိုထားတဲ့ စိမ်းလဲ့ကန်သာဆိုတာ သီချင်းမှာရေထဲမှာအရိပ်ကျနေတာကို ရိပ်ယောင်ရေထဲ လို့တင်စားခဲ့ပါတယ်။
စိုင်းထီးဆိုင်ကလဲ ရေကြည်ထဲကလရိပ်လေးရယ်လို့ တင်စားခဲ့ပြန်ပါတယ်။
အခုကျနော်တင်မယ့်ပုံတွေကတော့ နေရာအနှံ့ကျနော်ရောက်လေရာမှာ လက်ဆော့ခဲ့သမျှထဲက
ရေထဲမှာအရိပ်ကျနေတဲ့ ပုံလေးတွေကို သီးသန့်စုစည်းလို့တင်ပေးလိုက်ပါတယ်။
ဒီပုံကတော့ အရင်ကတင်ခဲ့ဘူးပေမယ့် လှတယ် လူကြိုက်များတယ်ထင်တာကြောင့် မကြည့်ဘူးသူများ
မြင်ရအောင်ပြန်တင်ပေးလိုက်ပါတယ်။

ကန်တော်ကြီးက ထန်းပင် တင်ဘူးပါတယ် ဒါပေမယ့် မမြင်ဘူးသေးတဲ့သူများအတွက်

ဒီပုံကတော့မန်းလေးကန်တော်ကြီး နံဘေးက ထန်းပင်ရေထဲမှာ အရိပ်ထင်နေတာလေးကလှလို့ပါ။
ကန်တော်ကြိီးမှာပါဘဲ။ မုန်တိုင်းစဲပြိးစ နံနက်ခင်းမှာ ပြာလွင်နေတဲ့ကောင်းကင်အောက်မှာ စိမ်းမြလို့နေတဲ့အပင်လေးတွေက ရေအိုင်လေးထဲမှာအရိပ်ထင်နေတာ ကဗျာဆန်လှပါတယ်။

ဒါကတော့ စိမ်းမြ ယိမ်းကဆိုပြီးတစ်ခါတင်တဲ့အထဲမှာပါဘူးတယ်လေ။ရွှေကြက်ယက်ဆိပ်ကမ်း ဧရာဝတီမြစ် အတွင်းမှာ ကျနေတဲ့အရိပ်
ဒါကတော့ ရွှေကြက်ယက်ဆိပ်ကမ်း ဧရာဝတီဖြစ်နံဘေးမှာပေါ့။
အဝေးကတိမ်တွေကြားမှာမြင်ရတာ စစ်ကိုင်းတောင်။
ခပ်ရေးရေးလေးတွေ့ရတာက စစ်ကိုင်းတံတားအသစ်။
ဆိုက်ကပ်ထားတဲ့ရေယာဉ်လေးတွေရဲ့အရိပ်က ရေပြင်မှာ တင်နေလေရဲ့။
မိုးကုတ်မြို့ ရေကန်ထဲမှာထင်ကျန်နေတဲ့အရိပ်

ဒီပုံကတော့ မကြာသေးခင်မှတင်တော့မြင်ဘူးသူများနိုင်ပါတယ်။
မိုးကုတ်မြို့ ရေကန်ထဲမှာ အရိပ်ကျနေပုံလေးပါ။
ကျနော်ကိုယ်တိုင်နှစ်သက်တဲပုံလေးတစ်ပုံပါဘဲ။
မိုးကုတ်မြို့ ချမ်းသာကြီး ဘုရားအရိပ်ကို ရေထဲမှာဖူးမြင်ရပါတယ်။

ဒီပုံကလေးကလဲ မိုးကုတ်မှာပါဘဲ။
ဟိုးအဝေးက ချမ်းသာကြီးစေတီအရိပ်က ရေထဲမှာ။
တကယ်ပြောရရင် ကန်နဲ့ဘုရားတကယ့်ကို အဝေးကြီးပါ။
မိုးကုတ်မြို့အဝင်ရေအိုင်လေးမှာ ထင်ကျန်နေတဲ့အရိပ်

မိုးကုတ်မြိုအဝင်က မိုးရေအိုင်ထဲမှာ မြင်ရတဲ့
ဟိုအနောက်ဘက်ကတောင်တွေရဲ့အရိပ် မြင်ရတာကြည်နူးစရာပါ။
ပြင်ဦးလွင်ရေကန်ထဲက ဘဲကလေးပါ

ပြင်ဦးလွင် ရေကန်ထဲက ဘဲကလေး။
အရိပ်နဲ့ဆိုရင် အဖော်မမဲ့တော့ဘူးလေ။
ပြာလွင်ကောင်းကင် အပင်ကိုင်းကိုင်း နားနေတဲ့ဘဲရုပ် အားလုံးရဲ့ အရိပ်ကရေထဲမှာ

မန်လေးကန်တော်ကြီးက ရေပြင်မှာလာတင်ကျန်နေတဲ့
သစ်ပင်ကွေးကွေးနဲ့ ဘဲရုပ်ကလေး ပုံပါ။
အလေ့ကျပေါက်ပင်လယ်ကွင်းတွင် အရိပ်ရေသောက်ဆင်း

ဒါကတော့ ရွှေဘိုမန်းလေးကားလမ်းဘေးက လယ်ကွင်းထဲမှာ ထင်နေတဲ့အရိပ်လေးပါ။
လမ်းဘေးရေမြောင်းလေးတွေမှာ ထင်နေတဲ့ စိမ်းစိုတဲ့သစ်ပင်တွေရဲ့အရိပ်လေးတွေပါ

ဒီပုံလေးကလဲ ရွှေဘိုမန်းလေးသွားတဲ့ကားလမ်းဘေးက ပုံလေးပါဘဲ။
ငှက်ပျောပင်လေးတွေ အရိပ်ကရေမြောင်းထဲကျနေတာလေ။
ကောင်းကင်က တိမ်ရောင်စုံ လမ်းဘေးကရေအိုင် မသေသပ်ပေမယ့်................

နံနက်စောစော လမ်းလျှောက်ရင်းလမ်းဘေးရေအိုင်မှာ ကောင်းကင်ကဆေးရောင်စုံအရိပ်တွေတွေ့တော့ မှတ်တမ်းတင်မိပါတယ်။
မလှပေမယ့်အမှတ်တရ

အလုပ်ကိစ္စနဲ့သွားနေရင်း မိုးရွာတော့ ရေတွေပြည့်နေတဲ့ ကွင်းပြင်ထဲမှာ ရောက်နေတဲ့ ရုံးလေးတစ်ရုံးရဲ့ပုံပါ။
ရိပ်ယောင်ရေထဲ ဒုတိယပိုင်းကို စောင့်နေနော်…………
ပထမတင်တာ ပုံသေးလို့အသစ်ပြန်တင်ပေးထားပါတယ်။.

17 comments

  • padonmar

    September 10, 2011 at 11:07 pm

    သေးသေးလေးတွေ၊အရိပ်လည်းမမြင် အကောင်လည်းမမြင်၊

  • မီးမီး သော်

    September 10, 2011 at 11:41 pm

    ကိုပေါက်ရေ အရင်နေ ့တွေတင်တာအရမ်းကြည့်ကောင်းပါတယ်။နည်းနည်းသေးသွားလို ့ပါနော့။နောက်နေ ့မှ တင်ပေးတာကြည့်ပါမယ်။ကျေးဇူးပါ ကိုပေါက်ရေ။

  • windtalker

    September 11, 2011 at 12:36 am

    တရုတ် ဒဏ္ဏာရီ ထဲ မှာ
    ရသေ့ကြီး ကျိကုန်း ဟာ
    သွားရင်းလာရင်း
    ဒုက္ခရောက်သူ ကို ကူညီသတဲ့
    ကျုပ်တို ့ရွာထဲ မှာတော့
    ဆရာပေါက် က
    သွားရင်း လာရင်း
    မှတ်တမ်းတင် ပြီး တင်ဆက်တာတွေ ကို
    အားပါးတရ ကြည့်ရှူ ရသဗျို ့

  • ကြောင်ကြီး

    September 11, 2011 at 9:03 am

    ရေထဲက
    အရိပ်ဆိုတာ
    ဝေခွဲမရ
    နမိတ်ပေမို့
    စိတ်ထဲမှာ
    လှိမ့်ဆဲကာနေပေါ့၊
    လိပ်ငမဲမှာ
    ထိပ်ပြဲကာ
    သိပ်ဆွဲတာကြာလို့
    ပုလိပ်ငကျွဲရယ်
    သိပ်မကဲပါနဲ့..။ 😛

  • pooch

    September 11, 2011 at 11:12 am

    နံပါတ် ၁ဝ နဲ့ ၁၁ က ပုံလေးတွေက ပန်းချီဆန်ဆန် လှတယ်။ အကြိုက်ဆုံးပဲ ။

  • ဒီတစ်ခါတင်တာ
    အဆင်မပြေပါ။
    အရိပ်တွေရေထဲဆင်းသလို
    စိတ်တွေလဲ တင်ရင်းနဲ့
    ကျဆင်း…………………..

  • ဆူး

    September 11, 2011 at 8:40 pm

    ရေတွေ ကြီးနေတာတော့ မကောင်းဘူးနော်.. ခြင်ကိုက်လိမ့်မယ်။

  • MaMa

    September 11, 2011 at 10:10 pm

    ပုံတွေကို ပြန်ပြင်လိုက်မှပဲ ဓာတ်ပုံရဲ့ အရသာကို ခံစားလို့ရတော့တယ်
    အရင်ပုံသေးတုန်းက ကြည့်ပြီး ဘာမှ သိပ်မမြင်ရလို့ ပြန်ထွက်သွားတာ။

  • naywoonni

    September 11, 2011 at 10:12 pm

    ကိုပေါက်ရေ……..အောက်ဆုံးကပုံက ဘယ်မှာရိုက်ထားတာလဲ …ဗျ
    ရုံးလား

  • ကိုပေါက်(မန္တလေး)

    September 11, 2011 at 10:28 pm

    ဒီပုံလေးမြင်ရဘို့
    လေးခါတိတိပြန်တင်ရပါသဗျာ။
    ဟိုနေ့ကမှ တူတာလေးတွေစုတင်မယ်ဆိုပြီးစိတ်ကူးရတာနဲ့
    ပုံလေးတွေပြန်ရှာ ပြန်စု။
    လှတယ်ထင်တာလေးတွေပြန်ရွေး။
    တင်ထားတာ ပုံ20လောက်လဲရရောမီးပျက်သွားတာ ကွန်ပြူတာလဲ သိမ်းမထားနို်င်တော့
    လေထဲလွင့်ပါသွားရော။
    နောက်ရက်တင်နေရင်းအပြင်ခဏသွားလိုက်တာ မသိတဲ့သူက ကွန်ပြူတာကိုပိတ်ထည့်လိုက်တော့ တစ်ခါသွားရော။
    ဟိုညက တစ်ခါပြန်တင်ရော ပြီးခါနီးမှာ မှားပြီးထွက်လိုက်တာ တစ်ခါပျောက်ရော။
    မနေ့ညက ဖေ့စ်ဘုတ်ကိုတင် ပြီး အဲဒီကနေကော်ပီးကူး အဆန်းထွင်လို့ လွယ်မလားဆိုလုပ်ကြည့်ပြန်တော့ ပုံတော့ ခဏလေးနဲ့တက်ပါတယ်။
    ပုံလဲပြန်ဖွင့်ကြည့်ရော သူများမပြောနဲ့ ကိုယ်တိုင်တောင်အတော်စိတ်ပျက်သွားပါတယ်။
    အဲဒါနဲ့မနက်ရောက်တော့ကော်နက်ရှင်ကောင်းနေတော့ အကုန်ပြန်ပြင်လိုက်ပါတယ်။
    (ကံကောင်းထောက်မစွာ အကုန်ပြင်ပြီးမှာ ကော်နက်ရှင်က ပြတ်သွားပါတယ်)
    အခုအပိုင်းနှစ်တင်နေတာ ကော်နက်ရှင်က ဖွတ်တက်နေတော့
    တင်ပြီးမှပျောက်မှာ ကြောက်နေရပြန်ပါရော။
    ကိုယ်က ဝါသနာပါနေမှတော့လည်းဘာအခက်အခဲရှိရှိဖြစ်အောင်လုပ်မှာပါဘဲ။
    ရသွားပြီဆိုတဲ့အခါမှာတော့ စိတ်ထဲမှာကျေနပ်တယ်လေ။
    အဲဒါကြောင့် ……………..ပုံတွေမြင်တာနဲ့လက်ဆော့ ပြီးရင်တင်
    စိတ်ကူးရလာရင်စာတွေရေးတင်
    အားပေးဖော်တွေက ကြိုက်တယ်ကောင်းတယ်များပြောလိုက်ရင်စိတ်ထဲမှာကြည်နူးလို့ပေါ့။
    ဒီအတွက်ငွေကြေးတစုံတရာ မရပေမယ့် ဒီလိုလုပ်နေချိန်မှာတော့ စိတ်ထဲမှာ သူများကို မနာလိုတာလဲမရှိ
    မကျေနပ်တာလဲမရှိ(ကော်နက်ရှင်မကောင်းရင် စိတ်တိုလို့ဒေါသဖြစ်တာတော့ရှိသပေ့ါ)။
    ကျနော်ကတော့ အခွင့်အရေးရသ၍ကျန်းမာနေသေးသ၍ ဒီအလုပ်ကို ဆက်လုပ်နေအုံးမှအသေအချာပါဘဲ။
    ဘာလို့လဲဆိုတော့ စာရေးတာ ဓါတ်ပုံတင်တာက တစ်နေကုန်အလုပ်လုပ်ရတဲ့ကျနော့အတွက် ငွေကုန်အသက်သာဆုံးအပန်းဖြေနည်းလို့ စိတ်ထဲမှာခံယူထားလို့ပါဘဲ။

  • kai

    September 12, 2011 at 1:26 am

    ဓါတ်ပုံတွေကို ရိုးရိုးမရိုက်ပဲ.. အိုင်ဒီယာလေးပါအောင် ရိုက်ထားတာသဘောကျမိတယ်..။

  • thit min

    September 12, 2011 at 1:51 am

    ဒီအတိုင်းတပုံရိုက်လို့အပြီးမှာခဲသေးသေးလေးရေထဲပြစ်ချ
    လှိုင်းကြက်ခွပ်လေးပါးပါးလေးအထမှာတွန့်တွန့်ရေထဲအရိပ်လေး
    ကိုလဲခံစားကြည့်ခြင်သေးပါပေါ့ဆရာပေါက်ခင်ဗျား။
    (မှတ်ချက်။ ။သေးပါပေါ့ဆရာပေါက်သည် ရိုးရိုးတန်းတန်းစာဆက်သွားခြင်းဖြစ်ပါသည်
    ဆရာပေါက်ဆီးသွားခြင်းနှင့်အလျှင်းပတ်သက်ခြင်းမရှိပါကြောင်း)

  • yetazar

    September 12, 2011 at 1:35 pm

    က်ိုပေါက်ရေ ပရောဖက်ရှင်နယ် ဓါတ်ပုံဆရာတစ်ယောက်များလားဗျာ ။ ကိုပေါက်ကိုယ်တိုင်ရိုက်ထားတဲ့ ပုံတွေဆိုရင်တော့ အရမ်းလေးစားပါတယ်ဗျာ ။ ကိုပေါက်က နာမည်ကြီးဓါတ်ပုံဆရာတစ်ယောက်ဖြစ်နေမယ်ဆိုရင်လဲ ကျွန့်တော့ကိုမသိနားမလည်လို့ပြောမိတယ်လို့ှု သဘောထားပေးပါ ကိုပေါက်ရေ ။

  • သာမန်ဝါသနာရှင်တစ်ယောက်ဖြစ်ပါတယ်။
    ဒါကြောင့်လဲ စနက်ရှော့မဟုတ်တဲ့လက်ဆော့လို့အမည်ပေးထားတာပါဗျာ။
    တင်တဲ့ပုံတွေအားလုံးကိုယ်တိုင်ရိုက်ထားတာတွေချည်းပါဘဲ။
    ရေယက်စက်ဝိုင်းလေးထနေတာ တပုံတော့ရဘူးတယ်။
    ဖန်တီးယူတာမဟုတ်ဘဲ သဘာဝပုံလေးတွေဘဲတင်တာများပါတယ်။
    စောင့်ရိုက်ပေးပါမယ်နော်။

  • မိုးကုတ်မြို့ ချမ်းသာကြီး ဘုရားအရိပ်ကို ရေထဲမှာဖူးမြင်ရပါတယ်။
    ဒီပုံလေးက မှားတင်လိုက်တာဗျ။
    နောက်ပို့စ်မှာအမှန်ပြန်တင်ပေးထားပါတယ်။

  • ကိုနေရေ
    အဲဒါမြို့သစ် 73လမ်းက ရုံးအသစ်ကလေးပါ။
    အဲဒီနေရာလေးက အရင်က ရေမဝပ်ဘူး။
    လမ်းသစ်ဖောက်တဲ့အခါ အဲဒီကွင်းပြင်ထဲက ရေထွက်မြောင်းကို အပြီးပိတ်လိုက်ပါတယ်။
    အဲတော့ ဒီလယ်ကွင်းပြင်ကြီးက ရေအပြည့်ဖြစ်သွားရော။
    အဲတော့ အဲဒီနား က ရုံးတွေအိမ်တွေလဲရေမြုတ်ရော။
    သွားရင်းလာရင်း ဖျတ်ကနဲမြင်တာနဲ့ လက်ဆော့ထားလိုက်တာပါ။
    ဘာရုံးဆိုတဲ့ဆိုင်းဘုတ်တောင် မဖတ်လိုက်မိဘူး။
    ရေထဲအရိပ်ကျနေတာကိုဘဲသဘောကျတာလေ။

Leave a Reply