နို်င်ငံခြားရောက်မြန်မာနိုင်ငံသားများ
နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြသော တစ်ချို ့ မြန်မာနိုင်ငံသားများအကြောင်းပါ။
မြန်မာနိုင်ငံမှာရှိစဉ်က တစ်နေ ့လုပ်မှတစ်နေ ့စားဘဝ၊ စားဖို ့တောင်အနိုင်နိုင် ဝတ်ဖို ့ ဆိုရင် မရှိရှိတာဖာထေးပြီးဝတ်ရတယ်။ မိန်းမတွေ ကလေးတွေ ရှိတဲ့သူတွေဆိုရင် ပိုဆိုးတယ်။ ဒီလိုအခက်အခက်အခဲတွေကြောင့် မရှိရှိတာရောင်း၊ အတိုးနဲ ့ေ့ကးယူပြီး နိုင်ငံခြားမှာအလုပ်လာလုပ်ကြရတယ်။ အရင်းအနှီးလာရှာကြတယ်။ လာတုန်းကတော့ရည်မှန်းချက်တွေ တစ်သီတစ်တန်းနဲ ့။ ဟော… အလုပ်လုပ်ပြီးလစာလေးဘာလေးရလာတော့ အရင်ကမမြင်ဘူးတဲ့ပိုက်ဆံပမာဏ၊ မိဘဆွေမျိုး၊မိသားစုနဲ ့ဝေးနေခိုက် လွတ်လပ်မူတွေမြင်လာတော့ သုံးချင်တာသုံး၊ ဝယ်ချင်တာဝယ် ဖြုန်းချင်တိုင်းဖြုန်းနေကြတာပေါ့။ လာတုန်းကရည်မှန်းချက်တွေ ပျောက်မှန်းမသိပျောက်ကုန်တယ်။
အရက်သောက်၊ မိန်းမတွေရှုပ် ၊ လောင်းကစားတွေလုပ်နဲ ့ ဘဝမေ့နေလိုက်တာ။ မိဘဆွေးမျိုးမောင်နှမ၊ မိသားစုနဲ ့ဝေးရတဲ့ အချိန်တွေ၊ အိမ်ပြန်ရက်အတွက် ငွေကြေးကိုရင်မှာပိုက်ဖို့
ရင်းနှီးလိုက်ရမဲ့အချိန်တွေ၊ တစ်နှစ်ပြီးတစ်နှစ်ကြီးပြင်းလာတဲ့ဇရာ အလွန်တန်ဖိုးရှိလှတဲ့ အချိန်တွေကို နှမြောရမှန်းမသိဖြစ်နေကြတယ်။
အိမ်ကလူတွေကတော့ လည်တမော့မော့နဲ ့ပေါ့။ ချေးထားတဲ့အတိုးကိုဘယ်လိုဆပ်ရမလဲ။ စားဖို့သောက်ဖို ့ ဘယ်လိုလုပ်ရမလဲနဲ ့ သောကတွေရင်မှာပိုက်လို ့။
ကျွန်တော့်အသိတစ်ယောက်ဆိုရင် နိုင်ငံခြားမှာစာချုပ်နဲ ့အလုပ်သွားလုပ်တာ (2) နှစ်လောက်လဲကြရော မြန်မာနိုင်ငံမှာရှိတဲ့ သူ ့မိဘနှစ်ပါးစလုံးကွယ်လွန်သွားတယ်။ တစ်ဦးတည်းသောသားဖြစ်သူမှာ အိမ်လည်းမပြန်တတ်၊ ကိုယ်မိဘရဲ ့နောက်ဆုံးခရီးတောင် လိုက်မပို ့ရရှာပါဘူး။ သူရှာထားတဲ့ငွေတွေနဲ ့လဲနိုင်မလား။ အဲ့ဒီတော့ ကိုယ်ဘာလုပ်သင့်သလဲဆိုတာ ဘယ်သူတွေကကောင်းအောင်လို ့လမ်းညွန်ပြသော်လည်း ကိုယ်တိုင်လိုက်နာမှ ရမှာမို ့ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်ကြပါ။
မိသားစုအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ပြန်လည်ဆုံဆည်းနိုင်ကြပါစေ……………..