Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခေါင်မိုးရောင်စုံ မြို့တော်ရန်ကုန်

etoneSeptember 15, 20111min53318

မနောဖြူရဲ့ ရန်ကုန်မြို့လည်က ရှုခင်းတွေကိုကြည့်ပြီး ပြီးခဲ့နှစ်ပတ်လောက်က ထရိတ်ဒါး ဟိုတယ်ရောက်တုန်း လက်သရမ်းထားတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ် … ။ပို့စ်တင်ဖို့ မရည်ရွယ်ထားပေမဲ့ … ဟိုတကွက်ဒီတကွက် အလှချင်းပြိုင်နေတဲ့ သွပ်မိုးတွေကို သဘောကျမိလို့ ရိုက်ထားခဲ့တာပါ … ။ အထပ်၂ဝ က အခန်းတစ်ခန်းရဲ့ … ဧည့်ခန်း မှန်ပြားဘေးက ရိုက်ထားတာပါ … ။

မြို့လည်ခေါင်က ရှူခင်းကို ကြည့်ပြီး သဘောကျနေတဲ့ ရွာသူရွာသားတွေအတွက် … ခေါင်မိုးရောင်စုံမြင်ကွင်းလေးကို နှိုင်းယှဉ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ် … ။

နာဂစ်ဒုက္ခပေးအပြီး သုံးနှစ်ကျော်ကြာသည့်တိုင်အောင် ခေါင်မိုးလေးတွေကတော့ … အဖာတစ်ရာနဲ့လေ … ။ အမှတ်တရ ပြယုဂ်တစ်ခုပါပဲ … ။

 

မိုးအုံ ့အုံ ့လေးမှာ ... လေဟုန်စီးရင်းပျံဝဲနိုင်တဲ့ ... ငှက်ကလေးတစ်ကောင် ဖြစ်ချင်ပါတယ် 😛

 

ဒါကတော့ မြို့တွင်းဘက်ကို လှည့်ရိုက်ထားတဲ့ပုံပါ ... စကော့ဈေးကြီးနဲ့ .... FMI ကိုမြင်ရတယ် ... စူပါဝမ်းကုန်တိုက်ကတော့ ခေါင်မိုးပဲမြင်ရတယ် .. 😀

 

နောက်တာမဟုတ်ဘူးနော် … ပြချင်လို့ပါ .. ဟိဟိ …  🙄

18 comments

  • mr.lone

    September 15, 2011 at 1:37 pm

    ma ma etone ဘယ်ကနေသွားရိုက်ထားတာလဲ…

    • mr.lone

      September 15, 2011 at 1:51 pm

      ဪအပေါ်ကစာကိုသေချာမဖတ်မိဘူး။ … သိပြီ ဘယ်မှာသွားရိုက်မှန်း…

  • weiwei

    September 15, 2011 at 2:05 pm

    မြင်မြင်သမျှ စိတ်ပျက်အောင်လှပါပေတယ် ….

    အမိုးတွေရိုက်ပြပြီးရင် လမ်းတွေ ရိုက်ပြပါအုန်းလား … ဂျိုင့်ခွက်တွေဖြစ်နေတာ လကမ္ဘာအတိုင်းပဲ … 😛

  • စုံ စုံ

    September 15, 2011 at 2:21 pm

    အခုတလောနိုင်ငံခြားကားတွေအကြည့်များပြီး
    ဟိုနိုင်ငံတွေရဲ့မြို့အပေါ်စီးမြင်ကွင်းတွေကိုငေးမောကြည့်မိနေတဲ့အချိန်နဲ့
    ကိုယ့်ရန်ကုန်မြို့ရဲ့အပေါ်စီးမြင်ကွင်းကိုငေးမောကြည့်မိတဲ့အချိန်
    နှိုင်းယှဉ်ကြည့်တော့
    အင်းးးးးးး သိပ်မကွာဘူးနော် 😛

  • နွယ်ပင်

    September 15, 2011 at 2:38 pm

    ခေါင်မိုးတွေက တစ်နေရာတစ်ရာတင်မဟုတ်ဘူး တစ်ချိုဆို တစ်နေရာထဲမှာတင်
    တော်တော် အရောင်စုံနေတာပဲ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ခံစားတက်တဲ့ အနုပညာ
    မျက်စိနဲ့တာ ကြည့်မယ်ဆိုရင်တော့ မြင်မြင်သမျှ အကုန်လှ …….. 😛

  • နွယ်ပင်

    September 15, 2011 at 2:40 pm

    ခေါင်မိုးက တစ်နေရာ တစ်ရောင် တင်မဟုတ်ဘူးပြောတာ
    ပြောချင်ဇောကြီးသွားတာနဲ့ တစ်နေရာတစ်ရာဖြစ်သွားလို့ အမှားပြင်ဆင်တာပါ 🙂

    • etone

      September 15, 2011 at 2:49 pm

      ဟီးဟီး ရတယ်ရတယ် .. မှားရင်လည်း လာပြန်ရေးပေါ့ … 3ပွိုင့်ကတော့ ပြေးမလွတ်ဘူး အဟီး 😀

  • pan pan

    September 15, 2011 at 3:36 pm

    အပေါ်ကကြည့်တော့လည်း ခေါင်မိုးပေစုတ်စုတ်
    အောက်ကလမ်းလျှောက်ရင်းကြည့်တော့လည်း အမှိုက်ပရပွနဲ့ ကျောက်ပေါက်မာလမ်း
    ကောင်းလေစွ….ကောင်းလေစွ……

  • char too lan

    September 15, 2011 at 5:01 pm

    ဘယ်နိုင်ငံကိုပြောနေကြပါလိမ့်… နဲနဲအလှမ်းဝေးနေတယ် 😀

  • MaMa

    September 15, 2011 at 6:00 pm

    ရန်ကုန်မြင်ကွင်းကို အပေါ်စီးက မမြင်ဖူးတော့ အဆန်းဖြစ်နေတယ်။ ခုလို အထပ်မြင့်က ရိုက်ပြတော့ အမြင်တမျိုးဆန်းသွားတာပေ့ါ။

  • koyinmaung

    September 15, 2011 at 6:31 pm

    နောက်ပြောင်းလဲလာတဲ့တနေ့
    ခုရိုက်ထားတဲ့ဓါတ်ပုံကနှိုင်းယှဉ်
    ကြည့်စရာဓါတ်ပုံဖြစ်လာမှာပါ..
    ကူးထားသင့်ပါတယ်…
    ကျေးဇူးဘဲ…

  • mgmglusoe

    September 15, 2011 at 7:14 pm

    ဒီနှစ်က မိုးကြီးလေတော့… ဆေးရောင်တွေ အရင်ကထက်ပိုပီးမှိန်သွားပုံရပါတယ်….
    ကြည့်ရတာ မြို့တော်ကြီးက ပိုပိုပီး အိုစာ သွားသလို ခံစားရပါတယ်.. 😳

  • မီးမီး သော်

    September 15, 2011 at 7:30 pm

    အင်း. ဒီလိုအပေါ်စီးကနေ ကြည့်ရင် လှတဲ့မြို ့တွေမှာ တောင်ကြီးမြို ့ကိုမမှီကြဘူး။ရွှေဘုန်းပွင့်တောင်ပေါ်ကနေ ကြည့်ရင် တောင်ကြီးမြို ့ကသိပ်လှတာဘဲ။ရန်ကုန်က တော်တော်လေး ကို ရင့်ရော်နေပီ။

  • ဆူး

    September 15, 2011 at 10:01 pm

    ဗိုလ်အောင်ကျော် လမ်းက အိုလံပစ် အပေါ်ထပ်က စားသောက်ဆိုင် တခုမှာ စားရင် ဗိုလ်တထောင် ဘုရားနဲ့ မြစ်ကို ကြည့်ရတာ တော်တော် လှတယ်။ မြစ်ရေပြင်ကျယ်ကြီးနဲ့ အဝေးကြီး အထိ မြင်ရတယ်။

    • etone

      September 16, 2011 at 12:28 pm

      စာကူရာ တာဝါ အပေါ်ထပ်ကနေ သွားစားပြီး ကြည့်လျှင်လည်း ရွှေတိဂုံဘုရားကြီးကို မြင်ရတယ် ညနေစောင်းနဲ့ ညမှောင်ခါနီးဆိုအရမ်း သပါ္ပယ်တာပဲ .. ။ အရင်ကဆို ခဏခဏရောက်ဖြစ်တယ် … အခုတော့ ညနေပိုင်း အလုပ်က ကူညီပေးနေရတော့ … အပန်းဖြေချိန်တွေ ဆုံးရှုံးကုန်တယ် … 🙄

  • zawmaung

    September 15, 2011 at 10:24 pm

    koyinmaung says:

    “နောက်ပြောင်းလဲလာတဲ့တနေ့
    ခုရိုက်ထားတဲ့ဓါတ်ပုံကနှိုင်းယှဉ်
    ကြည့်စရာဓါတ်ပုံဖြစ်လာမှာပါ..
    ကူးထားသင့်ပါတယ်…
    ကျေးဇူးဘဲ…”

    ကိုရင်မောင်ရေ မျှော်လင့်ချက်တွေပါနဲ့လား ။ မြေး တွေ မြစ်တွေလက်ထက်ကျရင်တော ့ဖြစ်လောက်တန်ကောင်းပါရဲ့။

  • ကြောင်ကြီး

    September 16, 2011 at 11:10 am

    မိုးအုံ့နေရင် လေထဲသိပ်သည်းဆများလို့ အတောင်ပံခတ်ရတာလေးတယ်၊ ကောင်းကင်ကြည်လင် သာယာနေမှပျံပါလား…။

    • etone

      September 16, 2011 at 12:32 pm

      ရန်ကုန်မှာ နေပူတဲ့အချိန်များ ပျံဖို့မပြောနဲ့ … အပြင်တောင် မထွက်ချင်ဘူး… အရင်က အညာမှာ ပူသလိုကို ပူတာတဲ့ … အပြင်ထွက်လို့ကတော့ … ကြောင်ခြောက် .. အဲ … လူခြောက်ဖြစ်သွားမယ် 😀

Leave a Reply