Best Teacher
Best Teacher (1)
Best Teacher ဆိုတဲ့ ခေါင်းစဉ်အောက်မှာရေးချင်စရာတွေများလှပါတယ်။ဆရာမ ဖြစ်ခါစက ၊ ဖေါင်ကြီးသင်တန်းကလဲ
ဆင်းကာစ၊ တစ်တိုင်းပြည်လုံး ငါ့တာဝန်လိုလို၊ ငါမကယ် သေဖွယ်ရာ လိုလို။ ပထမဆုံး အလုပ်ဝင်တဲ့ကျောင်းက
မန ္တလေးမှာ ရှေးမင်းညီမင်းသားများ တက်ခဲ့တဲ့ ကျောင်း ၊ မင်္ဂလာပါ ဆိုတာကို လက်အုပ်လေးချီပြီး နှုတ်ဆက်တဲ့
ကလေးတွေ ရှိတဲ့ကျောင်းဗျာ။ အလုပ် လုပ်လို့ ကောင်းချက်တော့ မကျန်ပါဘူး ။ ကိုယ့် စိတ်ထဲ မှာ ငါ ခိုကပ် ပျင်းရိတဲ့
ဆရာမ မဖြစ်စေရဘူး လို့ ခိုင်ခိုင်မာမာ ကြီးကို ဆုံးဖြတ်ခဲ့ တာ။
Best Teacher (2)
ဆရာမ ပေါက်စဘဝ နဲ့ စေတနာရယ် ကရုဏာ ဒေါသောရယ် ပေါင်းစပ်ပြီး ကြိမ်တစ်လုံးနဲ့ ဟယ်ရီပေါ်တာ လုပ်ခဲ့မိတာတွေ
အခုပြန်တွေးမိတဲ့ အခါ နောင်တ ရတဲ့ အခါ ရ မိ ပါတယ်။ ဘာမှ နည်းနည်းလေးမှ ဆရာမ ဆူတာ
ဆဲတာ နုတ်ခမ်းလေးတောင် မစူ ကြတဲ့ ချစ်သော ( ထ.၁ဝ) ကျောင်းက ကလေးတွေပါ။
Best Teacher (3)
ဆရာမ အတန်းက ကျောင်းသားတွေ နေ့လည်ကျောင်းပြန်တက်ချိန်မှာ လက်ဖက်ရည်
ဆိုင်ထိုင်ကြတာ ပြန်မလာကြလို့ တုတ်တစ်ချောင်းနဲ့ လက်ဖက်ရည်ဆိုင်ထဲအထိ လိုက်သွားခေါ်ခဲ့ဘူးတယ်။
အေးအေးဆေးဆေး လိုက်လာတဲ့ သားတွေကို ကျိတ်ပြီးကျေးဇူးတင်ခဲ့ရတယ်။
သူတို့သာ ကလန်ကဆန်လုပ်ရင် ဒုက္ခနော်။
Best Teacher (4)
ဆရာကောင်း တစ်ယောက်ဖြစ်ဖို့ အားစိုက်ထုတ်ရတာတွေ အများကြီးပါ့၊ ဟိုခေတ်တုန်းက ဆရာ လည်း သိပ်မလုံလောက်
တစ်တန်းကို ကျောင်းသား (၅၀) ထက်မနည်းဘူး။ တန်းခွဲ (၅)တန်းရဲ ့လေ့ကျင့်ခန်းစာအုပ်တွေ (၂) ဘာသာ အင်္ဂလိပ်စာ၊
သချင်္ာ အတွက် ယူစစ်ပြီ ဆိုရင် ကျောင်းမှာတင် မပြီးနိုင်တော့ သူတို့ ရ ဲ့ အိမ်စာ ဟာ ဆရာမရဲ ့ အိမ်စာ ဖြစ်သွားတော့
တာပါ့။ ဒီ စာအုပ်စည်းကြီးကို စက်ဘီးနောက်မှာ ကြိုးချည်ပြီးနေညိုချိန် အိမ်ပြန်ခဲ့ ရပါတော့တယ်။
12 comments
etone
September 19, 2011 at 9:27 am
ဆရာမဘဝကို ငယ်ငယ်က အရမ်းအားကျခဲ့ဖူးတယ် …ကြိမ်လုံးတစ်လုံးနဲ့ … ဖျာလိပ်တွေကို တဖြမ်းဖြမ်းရိုက်ပြီး စာသင်ရတာလည်း အမောပဲ … ။ ဆရာမတစ်ယောက် ဖြစ်ချင်ခဲ့မိတယ် … ဒါပေမဲ့… လူမှန်း သိတတ်တဲ့ အချိန်လည်းရောက်ရော … ဆရာမတစ်ယောက်ဖြစ်တဲ့ ကျွန်မအမေကို ကြည့်ပြီး …ဆရာလုပ်ရတာ မလွယ်မှန်းသိလာတယ် … ။ အမေကလည်းပြောပြပါတယ်… တနေ့တမျိုးမရိုးနိုင်တဲ့ သူ့ကျောင်းသားတွေအကြောင်းကို ပေါ့ …. ။ ကြားဖူး နားဝနဲ့ မြင်ဖူးတာနဲ့တင် ဆရာလုပ်ချင်စိတ်ကုန်ခမ်းသွားတော့တယ် …. ။ ဆရာလုပ်ရတာ အလွန်ခေါင်းကိုက်တဲ့ အလုပ်ပါပဲ … ဝါသနာနဲ့ စေတနာသာ မပါလျှင် တော်တော် စိတ်ညစ်စရာ အလုပ်လို့ မြင်ပါတယ် … 🙄
Sonny
September 19, 2011 at 11:18 am
ဆရာ အလုပ်ဆိုတာ
လုပ်ချင်တိုင်းလုပ်လို့မရပါဘူး
ဂုဏ်ယူပါတယ်ဆရာမကြီး။
ဝါသနာ စေတနာ အနစ်နာ ရင်နာ အသံနာ နှစ်လုံးနာ နဲ့နေကြရတာပါ။
အချိန်တန်လို့ ပျံသန်း သွားကြတဲ့ တပည့်လေး တွေကြည့်ပြီး
ရင်တမမ နဲ့ ချစ်နေ ကြရ တာလည်း ဒီဆရာ ပါဘဲ။
မီးမီး သော်
September 19, 2011 at 1:25 pm
မန္တလာသူ ဆရာမလေးအတွက် ဂုဏ်ယူပါတယ်။ကျွန်မလဲ ဆရာတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့်။ကျောင်းသားတွေရဲ ့စိတ်ဒုက္ခတွေ
ကြောက်လို ့မလုပ်ဖြစ်ခဲ့ဖူးလေ။
TTNU
September 19, 2011 at 10:05 pm
Dear Mee Mee Thaw,
I’m a retired old teacher, man. Any way I owe you two words, “Thank You”.
pooch
September 19, 2011 at 2:06 pm
အနော်တို့ရဲ့ စီနီယာ အကိုကြီး အခု The Ohio State University , Columbus, Ohio. မှာ research staff အနေနဲ့ တာဝန်ထမ်းဆောင်နေပြီ . Ph.D လည်း ပြီးသွားပြီပြောတယ်. မနှစ်က အင်တာဗျုးမှာ ကျေးဇူးတင်ထိုက်သူ သင်ဆရာ မြင်ဆရာများကို ပြောတော့ တီချယ်ကို သတိတရနဲ့ပြောတာဖတ်လိုက်ရတယ်. နောက် ဂျူနီယာထဲက တယောက်ကတော့ Raffel မှာ သူ့ couch ဒီဇိုင်းကို အရွေးခံလိုက်ရတယ်ပြောတယ် သူနဲ့တွေ့တုန်း က. ပီတိကိုစားပြီး အားမွေးနေရတဲ့ ၇ဝ တန်းဝင်
ဖွားဖွားဆရာမကြီး သက်ရှည်ကျန်းမာစေဖို့ ပီတိလက်ဆောင်လေးတွေ ပါးလိုက်ရပါတယ်
TTNU
September 19, 2011 at 10:45 pm
ဟေး ဒေါ် Pooch ရေ
နည်းနည်းလျှော့ပါ သမော်တီး ရယ်။ ပီတိကိုစား တော့နေပါတယ်။ သိပ်အားမရှိတော့လို့ Centrum
သောက်ပြီး စာဆက်သင် နေဆဲပါ။ အလောင်းစည်သူမင်းကြီးရဲ ့ (ငါ မအိုသေး နဲ့ ) နာရေးလက်ကမ်းစာတွေ မှာ ရေးထားတဲ့ (ငါအိုသောအခါ) နှစ်ခုတွဲဖတ်ပြီး ချီတက်နေဆဲ။
ကိုသစ်မင်း ပြောသလို (၊ဒေါင့်ကတော့ဒူးရင်းသီးလို၊မိုက်တိမိုက်ကန်း ဒီဇိုင်းတွေလဲပါ
တယ်နော်။ကျနော်လေသူတို့ကိုခင်ချင်လိုက်တာ၊ရင်းနှီးချင်လိုက်တာ၊
တကယ်လဲခင်အောင်ရင်းနှီးအောင်ပေါင်းခဲ့ပါတယ်။) အဲဒီလိုလဲ Generation Gap ကို Bridge လုပ်နေဆဲပါကွယ်။
thit min
September 19, 2011 at 2:09 pm
ကျနော်ကကိုးရိုးကားရားဝတ်စားထားတဲ့လူမျိုးဆိုကြည့်လို့မရပါဘူး၊
အပြေအဆိုအနေအထိုင်ဒေါင့်မကျိုးတဲ့ပုံစံမျိုးဆိုမျက်နှာချင်းတောင်မဆိုင်။
တရင်းတနှီးစကားပြောဖို့ဆိုဝေးပေါ့။
ပြီးတော့ကိုယ်နဲ့တန်းတူရည်တူတွေပိုသိပိုတတ်နေတာတွေ့ရင်လဲငါလဲကြိုးစား
ရအုန်းမယ်ဆိုတဲ့စိတ်ကအရင်ဖြစ်ပါတယ်။အဲဒါတွေကအရင်က……………
နောက်တော့ကျောင်းဆရာဖြစ်လာတယ်ဆိုပါတော့။
ကိုယ်တပည့်တွေထဲမှာတွေ့ပါပြီ။ ဟစ်ပီ ယူမလား၊ဂျစ်ပစီ ယူမလား၊လမ်းသရဲ ယူမလား၊
‘အလန်းဘဲ’ ယူမလား၊ဒေါင့်ကတော့ဒူးရင်းသီးလို၊မိုက်တိမိုက်ကန်း ဒီဇိုင်းတွေလဲပါ
တယ်နော်။ကျနော်လေသူတို့ကိုခင်ချင်လိုက်တာ၊ရင်းနှီးချင်လိုက်တာ၊
တကယ်လဲခင်အောင်ရင်းနှီးအောင်ပေါင်းခဲ့ပါတယ်။
ဘာလို့လဲဆိုတော့
ကောင်းအောင်ပြုပြင်ပေးချင်တဲ့”စေတနာ”ဖြစ်လာလို့ပါဘဲ။
အဲဒီစေတနာစိတ်ကလေးကမွေးရာပါအမြင်ကပ်အကျင့်ကိုနိုင်သွားတယ်ဗျာ။
ပြီးတော့သူတို့တော်လေတတ်လေဝမ်းသာရလေလေပါပဲ။
ကိုယ်မတွေးထားတဲ့ဟာမျိုး တွေးနိုင်ပြောနိုင်တာတွေ့ရင်အားရလိုက်တာဗျာ။
မုဒိတာထက်ပိုတယ်ဗျ။
လူတွေအပေါ်အထူးသဖြင့်တပည့်အရွယ်လူငယ်တွေအပေါ်ထားတဲ့
စိတ်တွေအားလုံးပြောင်းပြန်ဖြစ်သွားတယ်ဗျ။
ဆရာတယောက်ရဲ့နှလုံးသားကိုနားလည်သွားခဲ့တဲ့
အဲဒီနေ့ကစပြီးကံ့ကူလက်လှည့်၊ဝလုံးလေးဝိုင်းအောင်ရေးတတ်စေခဲ့တဲ့
ဆရာကစပြီးသင်/ကြား/မြင်ဆရာအားလုံးရဲ့ကျေးဇူးကိုမကြာခဏသတိတရဦးခိုက်မိပါတယ်ခင်ဗျာ။
TTNU
September 19, 2011 at 10:54 pm
ဆရာ ကိုသစ်မင်း
ပညာရေးစိတ်ပညာ မှာ သင်ခဲ့ရတဲ့ ဝါကျလေးတစ်ခု သွားသတိရလို့ပါ။
To teach John Latin, you must know both John and Latin.
(သူတို့တော်လေတတ်လေဝမ်းသာရလေလေပါပဲ။ကိုယ်မတွေးထားတဲ့ဟာမျိုး
တွေးနိုင်ပြောနိုင်တာတွေ့ရင်အားရလိုက်တာဗျာ။မုဒိတာထက်ပိုတယ်ဗျ။) ဆိုတဲ့ ဆရာ့ ရဲ ့လေးစားစရာ သဘောထား ထားနိုင်တာ ဆရာ သူတို့လေးတွေ ကို နားလည်လို့ပေါ့။
ဆရာသမားမိဘ ဂုဏ်ကျေးဇူးမမေ့သူ တွေ အတွက် ဘဝ သတ္တိထူးတွေ ရလာမှာပါ ဆရာရေ။
windtalker
September 19, 2011 at 2:33 pm
ဆရာမ ဒေါ်သန်းသန်းနု
ပို ့စ်နဲ ့တော့ မဆိုင်ပါဘူး ။
ယနေ ့ခေတ်
တက္ကသိုလ် ကျူတာမ လေး များ က လည်း
ကျောင်းသူတွေ နဲ ့နင်လားငါလား ပဲ
ဟဲဟဲ
ကျူတာ တွေ က လည်း
ရှိုးစမိုး အပြည့်နဲ ့
စတိုင်တွေ မလိုင်တွေ နဲ ့
လန်ထွက်လာကြပြီ ဗျို ့
စေတနာ ၊ ဂရုဏာ ၊ အနစ်နာ တွေ တော့ မသိဘူး
အချစ်နာ တွေ တော့
တွေ ့လာရပြီ ဗျို ့
TTNU
September 19, 2011 at 10:34 pm
ကိုဝင်းတော်လခါရေ
ရှင်ပြောတာ လက်ခံပါတယ်။ ကျုပ်တို့ တက္ကသိုလ်တက်စဉ်တုန်းက တက္ကသီလာမြကျွန်းသာ ကဆရာမ လေးတွေ ဆိုတာ မောင်ရင့်နှယ် ကြက်သရေရှိချက် မကျန်ဘူးကွယ်ရို ့။ ပခုံး အထက် တလွင့် လွင် ရှိနေတဲ့ ပုဝါ စလေး နှစ်ဖက် ချထားတာကိုက တယ် ယဉ်သကိုး။
အခု မောင်ရင်ပြောသလို (ရှိုးစမိုး အပြည့်နဲ ့စတိုင်တွေ မလိုင်တွေ နဲ ့လန်ထွက်လာကြပြီ ဗျို ့
စေတနာ ၊ ဂရုဏာ ၊ အနစ်နာ တွေ တော့ မသိဘူးအချစ်နာ တွေ တော့တွေ ့လာရပြီ ဗျို ့)။ ဆိုတာတွေ ရှိကောင်းရှိနိုင်ပေမဲ့ common သိပ်မဖြစ်လှဘူး လေကွာ။
အေးလေ ပြောင်းလဲခြင်း မတူညီတော့ခြင်း စသဖြင့် စသဖြင့်…..
surmi
September 20, 2011 at 12:29 am
လေးစား ရပါသောဆရာမ
ဆရာဟူသည်
တပည် ့မရှား ၊တစ် ပြား မရှိ
ပီတိ ကိုစားအားရှိသည် ဆိုသော ဆရာများကို ပြန်လည်တမ်း တမိပါသည်။ ရန်ကုန် ရှိ ကျောင်းများမှဆရာမများ အထူး သ ဖြင် ့နာမည် ကြီး ကျောင်းများမှဆရာမများသည်ရုတ် ပျက်ဆင်းပျက်လဘ်လာဘရှာဖွေမှုများ၊ ဘက်လိုက်မှု များ ၊မျက် နှာသာပေး မှုများ ကိုဆရာမလည်းကြားသိမည်ထင်ပါသည်။ကျူ ရှင်ပြ ခြင်း ၊အပို ဝင်ငွေရှာဖွေ ခြင်း များ ကိုလက်ခံ ပါသည်။ရသောလစာနှင် ့မ မျှသောအသုံးစားရိတ်ကြောင့်ဟုနားလည်ပါသည်။သို ့သော် အနာဂတ် အတွက် ကလေး များကို သင်ကြား နေသောသူများ အနေနှင် ့( ဘယ်သူသေ သေ RK ၊ အုံ —ရေပေး အကုန်ရ ) ဟူ သဘောထား မျိုး ရှိကြသည်မှာဝမ်း နည်းဖွယ် ပင်။ ကျွန် တော်သည် တချိန် က ဆရာအဖြစ် ရည်ရွယ်ခဲ ့ပါသည်။ယခုလည်း ဝါသနာပါ ဆဲ ပင် ဖြစ်သည်။ ထို ့ကြောင် ့ ယနေ ့ဆရာ များ အကြောင်း ကြား ရသည် တွင် ခံ စားရပါသည် ။ အပုတ် ချ ခြင်းမဟုတ်ပါ ၊ မည်သို ့မျှ လည်းတတ် နိုင်မည် မထင်ပါ ၊ စိတ် ဓတ်များ ပျက် ဆီး သွား ပြီ ဖြစ်သ ဖြင် ့ဝမ်းနည်း စွာ ရင်ဖွင် ့ခြင်း ဖြစ်ပါသည်။
( ပီ တိစား သော ဆရာများ အား ဦး ညွှတ် လျှက် )
TTNU
September 20, 2011 at 7:27 pm
Dear Surmi,
နေရာတိုင်းမှာ အကြောင်းအကျိုး အကောင်းအဆိုးတွေ ဒွန်တွဲနေတာမို့ ကျမ တို့ ဘာမှ မကယ်နိုင်တာ အမှန်ပါ။
(သို ့သော် အနာဂတ် အတွက် ကလေး များကို သင်ကြား နေသောသူများ အနေနှင် ့( ဘယ်သူသေ သေ RK ၊ အုံ —ရေပေး အကုန်ရ ) ဟူ သဘောထား မျိုး ရှိကြသည်မှာဝမ်း နည်းဖွယ် ပင်။) ဒီလို ပုဂ္ဂိုလ်မျိုးတွေ ပညာရေးလောက မှာ ဆာရာ = အရိပ် ကိုပေး၍ ငြိမ်းအေးစေသော ဆရာ ဆရာမ ဘဝ လောက ထဲမှာ မပါဝင်သင့်တာတော့ အမှန်ပါပဲ။
ကျမ Teacher trainer အနေနဲ့ တာဝန်ထမ်းဆောင်စဉ်က ဒီ လို သဘောတရားမျိုးတွေ ဆွေးနွေး ခဲ့ ဘူးတယ်။ တစ်ခါတစ်လေ ကျတော့လည်း သဘောတရားနောက်ကို လက်တွေ့ က လက်တွဲ မပါသွားနိုင်တဲ့ ဘဝမျိုးတွေ ရှိတတ်တာပါဆရာရေ။ မရှက်တတ်ကြတာ ပိုဆိုးနေတာပေါ့။
ဆွေးနွေးပေးတာ ကျေးဇူးနော်။