အောင်သပြေ နဲ့ အောင်ချောင်း
တလောတုန်းက ရွာထဲလျှေက်ကြည့်ရင်း ဂွေးကြီးဆရာတော်အကြောင်းလေးဖတ်လိုက်ရတယ်။
ဒီအဖြစ်မျိုးကျွန်တော်တို့နယ်ဘက်မှာလည်းရှိပါတယ်။ ပုံပြင်မဟုတ်ပါ၊တကယ်ရှိတာပါ။
မြို့ပေါ်က ဆရာမလေးတစ်ယောက် တောရွာတစ်ရွာကိုတာဝန်ကျပါတယ်၊အဲဒီရွာလေးကိုမော်တော် ၃ နာရီလောက်စီးသွားရပါတယ်။
သူက တစ်ပတ်တစ်ခါမြို့ပြန်တတ်ပါတယ်။တစ်လလောက်ကြာတော့မြို့နယ်ပညာရေးမှူးထံလာပြီး
ကျွန်မဒီရွာမှာမလုပ်ချင်တော့ဘူး ၊ရွာပြောင်းပေးပါ၊ မပေးရင်ကျွန်မ အလုပ်ထွက်တော့မယ်လို့
ငိုယိုပြီးပြောပါတယ်။ပညာရေးမှူးလည်းဆရာမရှားနေတဲ့အချိန်ဆိုတော့ ပြောင်းပေးလိုက်ပါတယ်။
ဘာကြောင့်ပြောင်းတာလဲဆိုတော့ သူဆင်းရမဲ့ရွာနားကိုရောက်ရင်မော်တော်သမားက
“နောက်ဖေးကုန်းဆရာမ ရွာရောက်တော့မယ်…ဆင်းဖို့အသင့်ပြင်ထားပါ“လို့ထပ်ကာတလဲလဲအော်လို့ပါတဲ့။
ရွာနာမည်က နောက်ဖေးကုန်း ပါ။
ဒီလိုနဲ့လကုန်လို့ ပညာရေးမှူးရုံးမှာလစာထုတ်တဲ့အချိန်ရောက်တော့၊အဲဒီဆရာမနောက်ရောက်သွားတဲ့ရွာကကျောင်းအုပ်က
ပညာရေးမှူးကို အစီရင်ခံစာတင်ပါတယ်။ဆရာမဟာ ၂ ပတ်ထဲပဲကျောင်းတက်ပြီးနောက်မတက်တော့တဲ့အကြောင်းပါ။
ပညာရေးမှူးလည်း ဆရာမလေးရဲ့လိပ်စာအတိုင်းလိုက်၊မိဘတွေနဲ့တွေ့ပြောတဲ့အခါမိဘတွေက သမီးလည်းအရမ်းစိတ်ဆင်းရဲနေတယ်။သူ့သဘောပါပဲ၊သူအလုပ်ကထွက်ရင်ထွက်ပါစေတော့လို့ပြောပါတယ်။
ဒါနဲ့ပညာရေးမှူးလည်းမြို့နဲ့ ၂ မိုင်ခွဲလောက်ပဲဝေးတဲ့ရွာက ကျောင်းဆရာတစ်ယောက်နဲ့ချိန်းပေးလိုက်ရပါတယ်။
ကျောင်းဆရာဆိုတော့သိပ်ပြဿနာ မရှိနိုင်ဘူးပေါ့။
ဘာကြောင့်ပြောင်းပေးလိုက်ရသလဲဆိုရင် ဆရာမလေးနောက်ရောက်သွားတဲ့နေရာကလည်းမော်တော်နဲ့သွားရတာပါပဲ။
ရွာနားရောက်တော့ မော်တော်သမားတို့ရဲ့ထုံးစံအတိုင်း တကြော်ကြော်အော်လိုက်တာက
“နောက်ဖေးကုန်း အဝပြဲဆရာမ ဆင်းဖို့အသင့်ပြင်ထားပါ“လို့အော်ပါတယ်တဲ့။
သူနောက်ရောက်သွားတဲ့ရွာနာမည်က အဝပြဲရွာ ပါ။
ဇာတ်လမ်းကဒီမှာမရပ်ပါဘူး၊ဆရာမလေးကတော့ အဆင်ပြေသွားပါတယ်။
အဆင်မပြေတာက ဆရာလေးပါ။
ဘာဖြစ်လို့လဲဆိုတော့ အဝပြဲရွာကိုသူရောက်သွားတော့မော်တော်သမားတွေရဲ့ထုံးစံအတိုင်း သတိပေးနှိုးဆော်လိုက်ပုံက “အောက်ချောင်း ဆရာလေး၊အဝပြဲရောက်ပါပြီ “ တဲ့။
ဆရာမလေးကတော့ အောက်ချောင်းရွာကိုရောက်သွားပါတယ်။
အခုတော့ အဝပြဲရွာကို အောင်သပြေရွာ လို့ပြောင်းလိုက်ပါတယ်။
နောက်ဖေးကုန်းကတော့ မပြောင်းသေးဘူးထင်ပါတယ်။
အောက်ချောင်းရွာကတော့ အောင်ချောင်းရွာ လို့ဆိုပါတယ်။လူတွေကတော့အောက်ချောင်းရွာပဲခေါ်ပါတယ်။
ဒီလိုပဲ ဟိုတုန်းက ဓါးပြအရမ်းပေါတဲ့ ဓါးပြချောင်းရွာ ကိုတော့ ဒါနချောင်းရွာ လို့ပြောင်းလိုက်ပါတယ်။