ကျိန်စာ သင့်ခဲ့ ကြ ့သူများအကြောင်း…..
အခန်း ( ၁ ) ငါ ဘာမှ မသိဘူး ဆိုတဲ့ အတွေးအခေါ်ကို ပိုင်ဆိုင်နိုင်ဖို ့ သိထားတာတွေ အားလုံးကို စွှန့်လွတ်လိုက်ရမှာလား….
ဒါမှမဟုတ် သိတာ ထက် ပိုသိအောင် လုပ်ယူနေရမှာလား……။
ရှည်လျားနေတဲ ့ညတွေကို တစ်ပိုင်းစီ ပိုင်းချလိုက်ပြီး.. ဒိုင်ယာရီ ထဲ မှာ ခေါက်သိမ်းထားလိုက်ချင်ရဲ ့။
ဘာမှ မဟုတ်ခဲ ့ သလို ဖြစ်ရပ်တွေ အတွက် ဘဝကို လှလှပပ ချ အနင်းခံလိုက်ရတာ…..၊ တောက်….
မတရားလိုက်တာကွယ်…………။
***************************************
အခန်း (၂ )
မီးခိုးတလူလူ….
ညှော်နံ့တွေ တထောင်းထောင်း ..ထ နေတဲ ့
ဘယ်ဘက် ရင်အုံထဲမှာ…..ကိုယ် ့နှလုံးသားက သူ ့ကိုယ်သူ ချက်ပြုတ်နေပြီ…( ထင်ပါရဲ ့)
အခုတော့……
လောကမှာ တွယ်တာ မြတ်နိုးစရာတွေများလာလေလေ… ပိုပြီးတော့ တွယ်တာမြတ်နိုးလာလေလေ….ဆိုတဲ ့
ဖြစ်စဉ်ကိုပဲ….မုန်းတာပါ။
*************************************************
အခန်း (၃ )
အသေအချာ အကွက်ချ ထားပြိးသား တိုက်ပွဲတွေ ကိုပဲ..တိုက်ခိုက်ခဲ ့တာပါ။
တိုက်ပွဲပြိးလို ့ သူ ့ရင်ဘက်ပေါ်မှာ ကိုယ် ့အတ္တ အလံ စိုက်ထူ တော့မယ် ဆိုတော့မှ…
ငါ ဘာလို ့တိုက်ခိုက်ခဲ့ပါလိမ့်..လို ့….. ရပ်တန် ့ ငေးမော တွေးတောမိတာ… ဘာကြောင့်လဲ….?
အဲဒါကြောင့်ပြောတာပေါ့…။
ဒါကြောင့်ပဲ..ကိုယ် ရေးခဲ ့သမျှ စာတွေ ကဗျာတွေ ထဲမှာ…ထည် ့ထည့်ရေးခဲ့တာပေါ့။
…………………………………………….။
******************************************************
အခန်း ( ၄ )
ကံကြမ္မာ..ဆိုတာ..ဓါးထမ်းပြီးလာတတ်တယ်..လို ့။
ကဲ…ထားပါတော့… ။
အဆင်းမှန်း အတက်မှန်း..သိစရာ မလိုပါဘူး.. လှေကါး ဆိုတာ တက်သွားဖို ့…တဲ ့ ၊
အနုပညာတွေ ဘာတွေ လာပြောမနေနဲ ့ ငါတို ့က မခံစားတတ်ဘူး….တဲ ့…..၊
ရပါတယ် ။ အ ကန်းတွေ မမြင်နိုင်ပေမယ့် အလင်းရောင်..ကတော့ ရှိနေတာပါပဲ..။
ရိုင်းသွား သလား.. ။ ဆောရီး..။
မှောင် ချင်သူတွေ ဆက် မှောင် ကြပါ..။။
*************************
အခန်း ( ၅)
မနေ ့က ကဗျာ တစ်ပုဒ် ရေးလို ့ရသွားတယ်။
အဲဒီ ကဗျာမှာက စာ (ဝါကျ ) တစ်ကြောင်းပဲ..ပါတယ်။
** အနုပညာသမားဆိုတော့ နည်းနည်းတော့ ခါးတယ်…..** တဲ ့ ။
ကဗျာနာမည်က * ချိုသောသူများ မဖတ်ရ… ။*
ဦးပုည ရဲ ့ရေသည်ယောကျာ်းက အချိုးပျက်နေတယ်နော်။
** ဆံထုံးတော်ကြီး…တမာသီး…**.တဲ့…. ့ ဟဲဟဲ..။
ကဲ…ဦးပုည လည်း မော်ဒန်ကဗျာတွေ ရေးခဲ ့မှာပဲ ့လို ့…ကိုယ်ပြောရင် မင်း ငြင်းမလား…။
******************************************
အခန်း (၆)
လေးစားစွာဖြင့် ….
အလင်းဆက်
18 . 9 .2011 . တနင်္လာနေ ့…16 း 50 pm
( 24 နှစ်ပြည့် အမှတ်တရ ရေးသောစာ…။)
**********************************
အခန်း ( ရ )
တစ်ခါတုန်းက….မြေစိုက်တဲ…လက်ဖက်ရည်ဆိုင်အို ကလေး တစ်ခုထဲ မှာ…
ဆရာ တာရာမင်းဝေ နဲ ့..အတူတူ ထိုင်ခွင့် ၊ စကားလက်ဆုံ ပြောခွင့်.ရခဲ့ဖူးပါတယ်။
အဲဒီ အချိန်တုန်းက ဆရာ တာရာမင်းဝေ ဟာ သူ ့ဘဝကို သူ စိတ်ပျက်နေတဲ့အချိန်..ပါပဲ။
သူက ကိုယ် ့ကို စာသားလေး တစ်ခု ရွတ်ပြပါတယ်။
( ကံကြမ္မာ အကြောင်း.ပြောနေစဉ်မှာ.ပါ။)
ငါ့ကို တစ်ခုခု ပေးတော့မယ်..ဆိုရင်…
လှမ်းယူနိုင်မယ် ့အင်အားလေး…..
အ…ရင်…ပေး……ပါ……..။
***************************
အခန်း ( ၈ )
ကွယ်လွန်သွားပြီ ဖြစ်တဲ ့ ဆရာ တာရာမင်းဝေ..ရယ် ။
ရှိနေသေးတဲ ့ ကိုယ်..ရယ်…၊
ရှိနေဦးမယ် ့….အနုပညာ ရယ်……..
ကိုယ်စီ ကိုငှ…..ကျိန်စာ သင့်ခဲ ့ကြဖူးပါတယ်။ ။
****************************
အခန်း ( ၉ )
ကိုယ် ့ကို တစ်ခုခု ပေးတော့မယ်ဆိုရင်…
ဟင့်အင်း….မယူချင်ပါဘူး..လို ့ ခေါင်းခါ ငြင်းဆိုနိုင်မယ့်…
အင်အားလေး…..
အ …. ရင် ….. ပေး …… ပါ…….။
**********************************
အခန်း( ၁ဝ )
အခန်း တစ်ဆယ် မှာ…ကျွန်တော်…ဘာမှ မရေး တော့ပါဘူး။
ကျွန်တော့်ရဲ ့ စာဖတ်သူ မိတ်ဆွေများက တစ်ယောက် တစ်ကြောင်းပဲ..ဖြစ်ဖြစ် ရေးချင်တာကို
ဝင်ရေးသွားပါတော့..လို ့ ။
( ကျွန်တော် က နည်းနည်း..ရူးသွပ်နေသူ တစ်ယောက် လို ့ပြောသွားရင်လည်း…
ရပါတယ်။)
******************************************
3 comments
that naing oo
October 2, 2011 at 8:50 pm
တိမ်တွေ အတောင်ကျိုးပြီး ………..မျက်ရည်တွေဖြစ်ဆင်းလာတယ်…….ခွာမရတဲ ့ဘယ်ဘက်ရင်အုံကို………….မော်ဒန်တွေ အသက်သွင်းလာတယ်………..အထာကျတဲ ့ဆရာတာရာဆီကိုပေါ ့……….ကမ ္ဘာမြေမှာ………ထာဝရ ရပ်တည်မယ်……..ကျွန်တော်ရယ်…အတ္တရယ်…အနှပညာရယ်…………….ပြီးတော ့………………
windtalker
October 2, 2011 at 9:14 pm
အခန်း ၁ဝ အတွက် ရေးစရာ မတွေးတတ်လို ့
ဂျောက်ဂျက် သီချင်းပဲ ရေးပြလိုက်ပါသည်
“ ရိုင်းသွားလား ဆို ဆောရီး…
လိုက်မှာမလား…ငါ..ဒိုးတော့မည် ”
ကြောင်ကြီး
October 3, 2011 at 11:30 am
အခန်း (၁၀) ကိုယ်တိုင်ရေး..
သောက်တုပ်ပလုပ်
ကျောက်ရုပ်မဟုတ်
နောက်အလုပ်ရှုပ်
ခေါက်မုန့်သုပ်