Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကမ္ဘာကျော်တဲ့ မြန်မာ့ ရွှာကလေး မင်းကွန်း

Diamond KeyOctober 10, 20115min52334

မနေ့က တနင်္ဂနွေ အားလပ်ရက်လေးမှာ မွန်းကျပ်တဲ့ မြို့ပြကို ကျောခိုင်းပြီး မြန်မာနိုင်ငံရဲ့ အထက်ပိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်တန်းရဲ့ မြောက်ဖက် မင်းကွန်းတောင်ခြေ၊ ဧရာဝတီ ကမ်းနဖူးပေါ်က ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့ ပုထိုးတော်ကြီး၊ ခေါင်းလောင်းတော်ကြီး၊ ခြင်္သေ့ကြီး၊ မြသိန်းတန် ဘုရား စတဲ့ ရှေးဟောင်းအမွေအနှစ်များနဲ့ ခမ်းနားထည်ဝါစွာရှိနေတဲ့ ကမ္ဘာကျော်တဲ့ မြန်မာ့ ရွှာကလေး မင်းကွန်း ကို သွားဖြစ်ခဲ့ပါတယ်။
နံက်စောစော ရ နာရီခွဲမှာ မန္တလေးရဲ့ နာမည်ကြီး မင်းသီဟ လက်ဘက်ရည် ဆိုင်မှာ မန္တလေးမုန့်တီစား၊ လက်ဘက်ရည် သောက်ကြပြီး ၂၆ လမ်းအဆုံးက မရမ်းခြံ (ပိုက်ကျုံး) ဆိပ်ကမ်းကနေ စင်းလုံးငှါး ရေယာဉ်ငယ်လေးတွေနဲ့ မင်းကွန်းရွှာကလေးဆီ ထွက်ခဲ့ကြပါတယ်။

မရမ်းခြံ (ပိုက်ကျုံး) ဆိပ်ကမ်း

ရေပေါ်က အဌားယာဉ်လေးတွေ ဆိုတော့ Water Taxi လေးတွေပေ့ါ။ ကမ္ဘာလှည့် ခရီးသွားတွေကတော့ တစ်ယောက်ခြင်း၊ နှစ်ယောက်တစ်တွဲ၊ ကိုယ့်အဖွဲ့နဲ့ကိုယ် တစ်စီးစီပေ့ါ။

မင်းကွန်းသွား Water Taxi တွေ

မန္တလေး မရမ်းခြံ (ပိုက်ကျုံး) ဆိပ်ကမ်းကနေ ဧရာဝတီရဲ့ အထက်ရေညာကို ဆန်တက်လာပြီး ၄၅ မိနစ်လောက်ရောက်လာလို့ အနောက်ဖက် မင်းကွန်းတောင်ရိုးကို လှမ်းမျှော်ကြည့်လိုက်ရင် အင်မတန် ထုထည်ကြီးမားတဲ့ အုတ်စေတီကြီး တစ်ဆူကို ဖူးတွေ့ရပါတယ်။ အဝေးက ကြည့်ရင်ပဲ အလွန်ထုထည်ကြီးမားစွာ တွေ့ရတာကတော့ အခြားမဟုတ်၊ ဘိုးတော်ဘုရားရဲ့ ကောင်းမှုတော်၊ ကမ္ဘာကျော် မင်းကွန်း ပုထိုးတော်ကြီးပါပဲ။

မော်တော်ပေါ်က မြင်နေရတဲ့ မင်းကွန်းပုထိုးတော်ကြီး

မင်းကွန်းရွှာလေးကို ရောက်ရင် လေ့လာစရာ ပုထိုးတော်ကြီး၊ ခေါင်းလောင်းတော်ကြီး၊ ခြင်္သေ့ကြီး၊ မြသိန်းတန် ဘုရား စတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အပြင် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်ထူးကြီး ရဲ့ မိုးမိတ်ကုန်းမြေ၊ တိပိဋကဓရ သာသနာ့အာဇာနည် ပုဂ္ဂိုလ်ကျော်တွေကို မွေးထုတ်ပေးနေတဲ့ တိပိဋကနိကာယ ကျောင်းတိုက်ကြီး၊ မျိုးချစ်စိတ် သာသနာစိတ် ပြင်းထန်တဲ့ မြန်မာ့ အမျိုးသမီးကြီး ဒေါ်ဦးဇွန်း တည်ထောင်ခဲ့တဲ့ မင်းကွန်း ဘိုးဘွားရိပ်သာ စသည်ဖြင့် အများကြီးပါ။
မင်းကွန်း ပုထိုးတော်ကြီး ကတော့ မင်းကွန်းရဲ့ အထင်ကရ အကြီးဆုံး သမိုင်းဝင်လက်ရာပါ။

မင်းကွန်းပုထိုးတော်ကြီး

ဘိုးတော်မင်းတရားက ၁၁၅၂ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်၊ ကြာသပတေးနေ့မှာ စတင်အုပ်မြစ်ချ ဆောက်လုပ်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ အကြီးကျယ် အခမ်းနားဆုံး စေတီတော်ကြီး တစ်ဆူဖြစ်အောင် ပေ ၅၀ဝ တိတိ အမြင့်ရှိစေဖို့ ရည်သန် ဆောက်လုပ်ခဲ့ပါတယ်။
နောင်သမိုင်းအတွက် အကြောင်းမလှတာက “ ဘုရားလည်းပြီး ပြည်ကြီးလည်းပျက်၊ မင်းကွန်းဘုရားကြီး အပြီးသတ်၊ မုဆိုးသုညကပ်” ဆိုတဲ့ တဘောင်တွေ ပေါ်လာလို့ ဘုရားကြီးပြီးရင် ဘဝရှင်မင်းတရားကြီးရဲ့ ကုန်းဘောင်ဆက် (မုဆိုးအဆက်) မင်းတွေ အဆက်ပြတ်မယ်လို့ အယူတော်မင်္ဂလာက သံတော်ဦး တင်လေတော့ နန်းပျောက်မှာတော့ ဟ- မဖြစ်ချေဘူး ဆိုပြီး ဘုရားကြီးကို ပြီးအောင် ဆက်မတည်ခဲ့လေတာကြောင့် နောင်လာနောက်သားတွေမှာ ဖူးစရာ ၁၆၂ ပေ အမြင့်မှာသာ ရှိခဲ့ရတာပါ။
မင်းကွန်းဒေသမှာ သက္ကရာဇ် ၁၂၀ဝ ပြည့်နှစ် (ခရစ်နှစ် ၁၈၃၈ )၊နောင်းတန်ခူးလဆန်း ရ ရက်၊ ၈ ရက် နေ့တွေမှာ လှုတ်သွားတဲ့ ငလျှင်ဒဏ်ကြောင့် လေးဖက်လေးတန် အက်ကွဲပြိုကျခဲ့ပေမဲ့ အုတ်သားတွေ တစ်စည်းတစ်လုံးတည်း ရှိနေတာကတော့ ရှေးမြန်မာတွေရဲ့ အင်္ဂတေစပ်နည်း မည်မျှတော်ကြောင်း လက်မထောင်စရာပါ။


အခုတော့ အက်ကြောင်းတွေ ကနေ အပေါ်တက်လို့ရတဲ့ လမ်းကလေးတွေ လုပ်ထားလို့ ပုထိုးတော်ကြီးပေါ် တက်ပြီး မင်းကွန်းဒေသရဲ့ ရူမဝတဲ့ အလှတွေ လေ့လာလို့ ရနေပါပြီ။

ပုထိုးတော်ကြီးပေါ်တက်ပြီး မင်းကွန်းအလှ ကြည့်နေကြသူတွေ

မင်းကွန်းပုထိုးတော်ကြီးရဲ့ အရှေ့ဖက်မြစ်ကမ်းနဖူးမှာတော့ ပုထိုးတော်ကြီးပြီးသွားရင် ပေ ၅၀ဝ ရှိတဲ့ စေတီတော်ကြီးနဲ့ လိုက်ဖက်အောင် လှုတမ်းတည်ဆောက်ခဲ့တဲ့ ခြင်္သေ့ကြီး နှစ်ကောင် ရှိနေပါတယ်။
၁၁၅၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၅) ရက်နေ့မှာ စတင် တည်ဆောက်ခဲ့ပြီး အမြင့် ၉၅ ပေရှိတဲ့ ခြင်္သေ့ကြီးတွေပါ။ ဘယ်လောက်ကြီးလဲဆိုရင် ခြေသည်း လက်သည်း လုံးပတ်ကတောင် ၄ ပေ၊ ၆ လက္မ၊ ခြေသည်း လက်သည်း အလျှားကတောင် ၅ ပေ၊ ၆ လက္မ ရှိပါတယ်။ ဒါကြောင့် ခရစ်နှစ် ၁၇၉၇၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ ဗြိတိသျှသံတမန် ဟီရန်ကော့ ရောက်လာတုန်း တည်ဆောက်နေတဲ့ ခြင်္သေ့ကြီးတွေနဲ့ ခြင်္သေ့ကြီးမှာ တပ်မဲ့ ကျောက်မျက်လုံးကြီးတွေ တွေ့သွားတော့ သူ့မှတ်တမ်းမှာ ရေးခဲ့တာက ကျောက်မျက်လုံးကြီးတွေက မတပ်ဆင်မီ တွေ့ရတာက လုံးပတ်အဝန်း ၁၃ ပေ ရှိကြောင်း၊ စက်ကိရိယာ မပါပဲ ၉၅ ပေလောက်မြင့်တဲ့ ခြင်္သေ့မျက်လုံး အခေါင်းပေါက်ထဲကို ဒီ ကျောက်မျက်လုံးကြီးတွေကို ဘယ်လို တပ်ဆင်မယ် ဆိုတာ မြင်လိုလှကြောင်း ရေးသားသွားခဲ့ပါတယ်။
အခုမှာတော့တည်ဆောက်ပြီးကတည်းက ၄၅ နှစ်လုံး အကောင်းပကတိ ရှိနေခဲ့တဲ့ ဧရာဝတီမြစ်ကြီးကို ခုန်ကူးတော့မယ်ဟန်ပြင်နေတဲ့ ခြင်္သေ့ကြီး နှစ်ကောင်ဟာ အထက်မှာပြောခဲ့တဲ့ သက္ကရာဇ် ၁၂၀ဝ ပြည့်နှစ် (ခရစ်နှစ် ၁၈၃၈ )၊နောင်းတန်ခူးလဆန်း ရ ရက်၊ ၈ ရက် နေ့တွေမှာ လှုတ်သွားတဲ့ ငလျှင်ဒဏ်ကြောင့် ပျက်စီးတတ်တဲ့ သင်္ခါရသဘောတရားကို လာရောက်လေ့လာသူတွေကို ပြနေသလိုပဲ ယခုအခါမှာ ရှေ့လက်နှစ်ဖက်၊ ခါးနဲ့ တင်ပါးဆုံလောက်သာ ကျန်တဲ့ အနေအထားနဲ့ ဧရာဝတီကနေ သူ့ဆီလာမယ့် ဧည့်သည်တွေကို ငေးမျှော်နေလေရဲ့။

ခြင်္သေ့ကြီး နှစ်ကောင်

အထက်မှာ ပြောခဲ့သလို ဗြိတိသျှသံတမန် ဟီရန်ကော့ကြီး မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဘယ်လိုတွေ လုပ်ခဲ့ကြတာ မြင်ချင်ခဲ့ရင်တော့ မင်းကွန်းခေါင်းလောင်းကြီး က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။

မင်းကွန်းခေါင်းလောင်းကြီး ထားရှိရာ ဗိမာန်တော်

ပုထိုးတော်ကြီးမှာ လှုတမ်းမဲ့ မင်းကွန်းခေါင်းလောင်းကြီးကို ဘိုးတော်ဘုရားရဲ့ ကုသိုလ်အဖြစ် ပန်းတည်းဝန် နန္ဒကျော်သူက ဧရာဝတီမြစ်လည် နန်းတော်ကျွန်းရွှာ အရှေ့တောင်ဖက်က ရှေးအခေါ် သွန်းလွန်းရွှာ၊ ယခုခေတ်အခေါ် စွန်းလွန်းရွှာမှာ ၁၁၇ဝ ပြည့်နှစ်၊ ကဆုန်လဆန်း (၅) ရက်နေ့မှာ ကြေးပိသာချိန်ပေါင်း (၅၅၅၅၅) ကို သုံးကာ သွန်းလုပ်ခဲ့တာမို့လို့ မှတ်မိစေရန် မင်းဖြူမှန်မှန်ပြော လို့ လူကြီးတွေက ဆိုခဲ့တယ်။ မြစ်လည်ကျွန်းပေါ်မှာ သွန်းခဲ့တဲ့ ဒီလောက်ကြီးတဲ့ ခေါင်းလောင်ကြီးကို ဘယ်လို့ မြန်မာ့နည်းမြန်မာ့ဟန်တွေ သုံးပြီး ဒီနေရာ ရောက်ခဲ့သလဲ ဆိုတော့ ကျွန်းပေါ်မှာ သွန်းပြီးတဲ့ ခေါင်းလောင်ကြီးအောက်ခြေမှာ မြောင်းတူးပြီး အလံ ၂ဝ ရှိတဲ့ ကရဝိတ်ဖောင်တော်နှစ်စင်းကို ဆောက်လုပ်ပါတယ်။ အဲဒီနောက် ဖေါင်တော်တည်ရာ အရပ်ကနေ မြစ်ဆိပ်ရောက်အောင် ဖေါင်ချောင်းတူးကာ အနောက်ဖက် ကမ်းအထိ၊ ပုထိုးတော်ကြီး မြောက်ဖက် ဧရာဝတီ ဆိပ်ကမ်းကနေ ခေါင်းလောင်းတော်ကြီး ထားမယ့်နေရာအထိ ဖေါင်ချောင်း တူးထား ပေးပါတယ်။
ဧရာဝတီရဲ့ ဝါဆိုဝါခေါင် ရေတွေကြီးချိန်ရောက်လာတော့ ဖေါင်ချောင်းထဲမှာ ရေတွေလျှံတက်လာပြီး ဖေါင်တွေက ခေါင်းလောင်းကြီးကို ရွှက်ဆောင်ကာ ရေပေါ်မှာတည်နေတော့မှ မင်းခမ်းမင်းနားတွေနဲ့ ခေါင်းလောင်းတော်ကြီး ထားမယ့်နေရာအထိ သယ်ယူလာပြီး ချိပ်ဆွဲ လှုတမ်းခဲ့တာပါ။
ခေါင်းလောင်းတော်ကြီးရဲ့ အမြင့်က ၂ရ ပေ ၈ လက္မ၊ အထူ တစ်ပေ ရ လက္မ၊ လုံးပတ် (အောက်အစွန်း) ၅၁ ပေ ၃ လက္မ တောင်ရှိပါတယ်။
ခေါင်းလောင်းတော်ကြီးရဲ့ မြောက်ဖက်ကိုက် ၅၀ဝ လောက်အကွာမှာတော့ မြသိန်းတန်းစေတီတော် ရှိပါတယ်။ မူလက အလောင်းစည်သူမင်းကြီး ကုသိုလ် သစ်သားတန်ဆောင်းနဲ့ ရှင်ဖြူဘုရား ပါ။ ပုထိုးတော်ကြီးတည်နေတုန်းကာလမှာ ပျက်စီးနေတဲ့ တန်ဆောင်းကို မြေးတော် စစ်ကိုင်းမင်းသားက ပြုပြင်ခွင့်တောင်တာမို့ နောင်အရှည်တည်အောင် အုပ်အင်္ဂတေ နဲ့ တည်ဆောက်ခွင့်ပြုခဲ့လို့ မြသိန်းတန်းစေတီတော်ကို ၁၁၆၃ ခုနှစ်၊ တန်းခူးလဆန်း ၁၅ ရက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စေတီတော်ကြီးဟာလည်း သက္ကရာဇ် ၁၂၀ဝ ပြည့်နှစ်မှာ လှုတ်သွားတဲ့ ငလျှင်ဒဏ်ကြောင့် ပြိုကျခဲ့ရာ မင်းတုန်းမင်းတရားကြီးက ထပ်မံပြုပြင်ခဲ့လို့ ယနေ့တိုင် ဖူးတွေ့ရတာပါ။

ပုထိုးတော်ကြီး ပေါ်ကနေ ဖူးတွေရတဲ့ မြသိန်းတန်စေတီတော်

မင်းကွန်းရောက်ရင်တော့ အထက်မှာပြောခဲ့တဲ့လေ့လာစရာနေရာတွေကို နွားလှည်း Taxi လေးတွေနဲ့ ရွှာပတ်ဝန်းကျင်တွေကို သွားလို့ရပါတယ်။

မင်းကွန်းက နွားလှည်း Taxi


အမှတ်တရ ဈေးဝယ်စရာ ဆိုင်လေးတွေလည်း ရှိပါတယ်။



မင်းကွန်းရွှာကလေးမှာ မြန်မာ့ကျေးလက် ရနံ့တွေ၊ ပတ်ဝန်းကျင်က သဘာဝရဲ့ အလှတရားတွေလည်း လေ့လာလို့ရပါတယ်။



မင်းကွန်းခရီးလေးရဲ့ မှတ်တမ်းလေးကို ရွှာသူရွှာသားတွေ အတွက် မျှဝေ လိုက်ရပါတယ်။
(အရှင်စန္ဒဇောတိ (ပါဠိပါရဂူ၊ ပိဋကတ်တစ်ပုံအောင်) ရဲ့” မင်းကွန်းမြေမှ ကမ္ဘာကျော် ကြီး၅ကြီး” ကို မှီငြမ်းပြုပါတယ်)။

34 comments

  • koyinmaung

    October 10, 2011 at 10:34 am

    အင်မတန်မှသာယာမှာဘဲနော်
    မရောက်ဘူးသေးပါ…
    ဒီတခါအလည်ပြန်ဖြစ်ယင်တော့
    မရောက်ရောက်အောင်သွားအုံးမှ..
    ပုံတွေတင်ပေးတာကျေးဇူးပါဘဲ….

  • မှော်ဆရာ

    October 10, 2011 at 11:06 am

    မင်းကွန်းပုထိုးတော်ကြီးကို ကြားတော့ကြားဖူးတယ်
    ဒါပေမယ့် ဒီလို စုံစုံစေ့စေ့ တော့ မကြည့်ဖူးဘူးဗျ …

  • amatmin

    October 10, 2011 at 11:25 am

    ဦးပေါ်ဦးကြောင့် သိခဲ့ရတဲ့ ခြင်္သေ့ကြီး နှစ်ကောင် ကိုမြင်ရတာ.တကယ့်ကိုလွမ်းမောစရာပါဗျာ..
    မင်းကွန်းခေါင်းလောင်းကြီးကို သယ်ယူပုံကို အခုလိုရေးမှပဲ သေချာသိ ရတယ်
    မန်းလေးရောက်ခဲ့ရင်..မဖြစ်မနေသွားရမဲ့စာရင်းထဲတော့.မင်းကွန်းလဲနေရာယူသွားပြီဗျို့…..

  • ကြောင်ကြီး

    October 10, 2011 at 11:36 am

    ဖတ်လို့ အရမ်းကောင်းပါတယ် ဦးစိန်သော့ရေ။
    မင်းကွန်းပုထိုးတော်ကြီးသာ ဘိုးတော်ဘုရား ကြံစည်ခဲ့သလို ပေငါးရာအထိရှိခဲ့ရင် ငလျင်ဒဏ်နဲ့ ပိုအပျက်အစီးများမှာမိုလို့ တပေါင်ကြိုထွက်လာသလား မသိဘူးနော်။ 😛
    ခြင်္သေ့ကြီးနှစ်ကောင်ရဲ့ မျက်စိကျောက်နီကြီးတွေ ဘယ်ရောက်သွားပါလိမ့်။ 🙄

  • blackchaw

    October 10, 2011 at 11:52 am

    Ko Aye Tun Aung ခင်ဗျား။
    ဓါတ်ပုံတွေ ကြည့်ရတာ အပျော်တမ်း မဟုတ်လောက်ဘူးလို့ ထင်ရတယ်။
    စာရေးတာလည်း အတူတူပါပဲ။
    ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကပဲ ကျောက်ဖြူမြို့နဲ့ တောင်ပြုန်းအကြောင်း တင်ထားတာလေးရယ်
    ကျွန်တော်ပိုင်တဲ့ အိမ်ကလေး တစ်အိမ် ဆိုတဲ့ ပို့စ်လေးရယ်
    ဖတ်ပြီး မှတ်မိနေသေးတယ်။
    စောင့်ဖတ်ရတော့မယ့် ဆရာတစ်ယောက်လို့ ပြောချင်ပါတယ်ဗျာ။

    • Diamond Key

      October 10, 2011 at 12:12 pm

      Blackchaw ရေ၊ အားပေးတာ Thanks ပါ။ ချက်ချင်းတောင် နောက်တစ်ပို့ ရေးချင်လာပြီနှော်။

  • windtalker

    October 10, 2011 at 12:16 pm

    ဖတ်ရတာ အရမ်းဂွမ်းလို ့
    ပုံတွေကလဲ အရမ်းလန်းလို ့
    နောက်ထပ်တင်မယ့် ပို ့စ်တွေ ကို
    အခုပဲ ဖတ်ချင်လာမိနေပြီဗျာ

    • lone

      October 10, 2011 at 4:29 pm

      ဦးပေ ရေ အရမ်းဂွမ်းတယ်လို့ မသုံးရဘူးလေ… ဂွမ်းတယ်ဆိုတာ မကောင်းတာ မလှတာ မစွံတာ
      ကိုပြောတာ… လန်းတယ်ဆိုတာက မှ ကောင်းတာ လှတာ ဆန်းသစ်တာ ကို ပြောတာ…
      ဥပမာ- ဟိုကောင်မလေးက ဂွမ်းတယ်ကွာ ဆိုရင် မလှလို့..လန်းတယ်ကွာဆိုရင်လှလို့…၊ ငါတော့ဒီနေ့ဂွမ်းပါပြီ ဆိုတာ..ငါဒီနေ့တော့ ကံမကောင်းဘူးလို့ပြောတာ…..
      ဇေယျာသော် ဆိုထားသလိုပေါ့(တစ်ချို့တွေ…အရမ်းလန်း…တစ်ချို့တွေအရမ်းဂွမ်း….)
      ဦးပေက ဖတ်ရတာဂွမ်းတယ်လို့ တင်ထားတော့ … မကောင်းဘူးလို့ပြောနေတာနဲ့တူသွားမှာ
      ပေါ့…. … 🙂

      • windtalker

        October 10, 2011 at 6:28 pm

        ကိုစိန်သော့ရေ
        အရမ်းဂူးတယ်ဗျာ လို ့( good )
        ပြင်ဖတ်ပေးပါနော်

        • Foreign Resident

          October 11, 2011 at 1:45 am

          Haa Haa Haa
          ဦးပေ အဖိုးကြီးဖြစ်နေ ဒိတ်အောက်နေပြီ

  • kai

    October 10, 2011 at 3:05 pm

    ဒီလိုရေးဟန်လေးတွေနဲ့.. ဓါတ်ပုံတွေနဲ့.. ဖတ်ရတာအရမ်းတန်ဖိုးရှိပါတယ်..။
    မကြာခင်.. ယူအက်စ်မှာနေတဲ့..မြန်မာတွေ.. အားလပ်ရက်ရတဲ့..ရာသီရောက်ပါပြီ…
    နိုင်ငံရပ်ခြားကနေ.. ..အမိမြေအလည်ပြန်သူတွေ.. မင်းကွန်းကိုမဖြစ်မနေသွားရောက်ကြဖို့.. တိုက်တွန်းလိုက်ပါတယ်ခင်ဗျား..။

  • pooch

    October 10, 2011 at 3:43 pm

    အင်းဝဘက်လည်း တချက်လောက်လှည့်ပြီး ရေးပါအုန်းနော်.
    မင်းကွန်းအကြောင်းလည်း ရေးထားတာပြည့်ပြည့်စုံစုံနဲ့ ဖတ်လို့ကောင်းပါတယ်..

    ဘိုးဘွားတွေတင်တော်တာ မဟုတ်ဖူးကိုစိန်သော့ရေ .. အခုခေတ် သင်္ဘောပျက်ကို ဘာခေတ်မှီ စက်ကိရိယာ၊ ရေငုပ်ကိရိယာမှ မပါပဲ.. မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဖော်ကြတာကို တွေ့ဖူးတယ်.
    အဲ့ဒီလို ဖော်တဲ့သူများဟာလည်း အတန်းပညာဆိုတာကို သင်ဖူးတယ်ဆိုရုံသာတတ်ကြရှာတယ်..
    အံ့ကိုဩရောပဲ.. သူတို့ရဲ့ ကျွမ်းကျင်မှုများဟာ လေ…
    ကြုံရင် အဲ့ဒီလို အကြောင်းလေးများကိုလည်း တင်ပါအုန်း..
    ကိုယ်တိုင်ကတော့ စိတ်ရှိပေမဲ့ အဲ့ဒီလို နေရာတွေထိမသွားနို်င် မရောက်နိုင်လို့ပါ….

  • စုံ စုံ

    October 10, 2011 at 4:01 pm

    မင်းကွန်းဆရာတော်ဘုရားကြီးပျံတော်မူတုန်းကတော့အဖိုးအဖွားတွေနဲ့အတူတူ
    မင်းကွန်းကိုရောက်ဖူးတယ် အဖွားကတော့ မင်းကွန်းနဲ့ပတ်သက်တဲ့သမိုင်းကြောင်းကို
    အခုလိုဘဲပြောပြခဲ့ဖူးတယ် ဒါပေမယ့် အရမ်းငယ်လွန်းတော့မမှတ်မိတော့ဘူးလေ
    အခုဦးစိန်သော့ပြန်ပြောပြတော့မှ တကယ့်ကိုအဖိုးတန်တဲ့ ဗဟုသုတတွေဖြစ်မှန်းသိလိုက်ရတော့တယ်
    မင်းကွန်းကိုထပ်လဲသွားချင်ပါရဲ့ တကယ်သွားသင့်တဲ့နေရာထဲမှာ မင်းကွန်းလဲတခုအပါအဝင်ဘဲလေ

  • ရွှေဘိုသား

    October 10, 2011 at 4:10 pm

    ိုကိုယ်တိုင်မရောက်ဖူးသေးဘူး အခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ
    သွားချင်လာပြီ

  • kocho

    October 10, 2011 at 4:44 pm

    တကဲ့ကို ပြည့်စုံလှပတဲ့ ရှူခင်းများနဲ့ ပြည်တွင်းမြစ် တခုရဲ့ side seeingတခုဖြစ်ပါတယ် ငယ်စဉ်က ရောက်ခဲ့ဘူးပါတယ် မမေ့နိုင်တဲ့ နေရာလေးပါ

  • padonmar

    October 10, 2011 at 8:42 pm

    water taxi ခေါင်မိုးအပေါ်က စီးရရင် လေပြေလေးတဖြူးဖြူး ဖြစ်နေမှာနော်၊ရှယ်ပဲ၊
    နိုဝင်ဘာမှာ မင်းကွန်းဆရာတော်ကြီး မွေးနေ့ရာပြည့်အတွက် တိပိဋကတပည့်တွေက ဂုဏ်ပြုဗိမာန်နဲ့ ကြေးရုပ်၊ပန်းချီကားများရေစက်ချပွဲ ရှိပါတယ်၊
    ကြုံကြိုက်ရင်တော့ သွားလေ့လာချင်ပါတယ်၊

    • Foreign Resident

      October 11, 2011 at 1:50 am

      Dear Padonmar
      ” လေပြေလေးတဖြူးဖြူး ”
      I am sure, those boat’s stability is not sufficient.
      လေပြင်းတာနှင့် မှောက်မှာ ( Capsize )
      Don’t even think to ride about this !!!

      • kai

        October 11, 2011 at 3:03 am

        သင်္ဘောဒရိုက်ဘာကြီးကလည်း..
        နေရာတကာ သူ့နိုင်ဂျံဂါးစံနှုန်းနဲ့ချည်း လိုက်ချတွက်နေတော့တာပဲ..။ 👿

        မှောက်ပလေ့စေ.. ဘုရားဖူးသွားရင်းမှောက်တော့ ကုသိုလ်တောင် အဆစ်ရသေး..
        … တိန်… 😆

        ==
        Just Kidding! 😆

        • Foreign Resident

          October 11, 2011 at 5:40 am

          တကယ်ပြောတာနော် Kai,
          တကယ်မှောက်မှာ
          ” မင်းကွန်းသွား Water Taxi တွေ ” ပုံကိုကြည့်
          ချတွက်စရာကိုမလိုဘူး
          အမြင်နှင့်တင်
          အဲဒီ Boat ရဲ့ CG ( Centre Of Gravity )
          အပေါ်ရောက်နေတယ်
          DMA ( ရေကြောင်ဦးစီး ) approved system/style မဟုတ်လောက်ဘူး
          တိုင်လိုက်ရင်ကောင်းမယ်ထင်တယ်
          လူတွေအန္တရာယ်ရှိမှာစိုးလို့ပါ
          ကျွန်တော်တို့ရဲ့ Marine Motto/Main Principle က
          “Safety First”
          ( Safety should not be jeopardise by any means )

        • ကြောင်ကြီး

          October 11, 2011 at 9:08 am

          ဩဇီဦးဖောရေ.. မင်းကွန်းရဲ့ gravity ကပိုမြင့်နေတာရော မဖြစ်နိုင်ဖူးလား။ စိတ်မရှိပါနဲ့နော်၊ သဂျီးက ကွဲပြားစွာ တွေးကြည့်ချရေးပါဆိုလို့…။ :mrgreen:

        • weiwei

          October 11, 2011 at 11:57 am

          ဦးဖောပြောတာ ဟုတ်ပါတယ် … တော်တော်အန္တရာယ်ကြီးတယ်နော် …
          တရုတ်မှာနေတုန်းက ချောင်းထဲသွားတဲ့ ခရီးစဉ်တွေမှာ လှေအသေးလေးတွေနဲ့ စီးသွားဖူးပါတယ် …. ခရီးသည်အားလုံးကို light jacket ပေးဝတ်ပါတယ် … သေချာကြိုးချည်ထားပြီး သေချာပြီဆိုမှ လှေကို စထွက်ပေးပါတယ် … ပြန်တက်တဲ့အခါမှာလည်း ကုန်းပေါ်အထိရောက်ပြီးမှ ပြန်ချွတ်ပေးရတယ် … safety first ကို အတိအကျလိုက်နာကြတာကို သတိထားခဲ့မိပါတယ် …

  • ကိုစိန်သော့ရေ ခင်ဗျားနဲ့ကျနော်အတူတွဲပြီးခရီးတွေထွက်ရမယ်ဆိုရင် အတော်ကောင်းမယ်ထင်တယ်နော်။
    မင်းကွန်းကိုဆောင်းတွင်းမှာမှသွားမယ်လို့စိတ်ကူးထားတာ။
    ကျနော်က ရေလမ်းကမသွားချင်ဘူး။
    ဆို်င်ကယ်နဲ့ သွားမှာ။
    အဲဒီလမ်းကသွားမှ ကြက်ဒေါင့်ကန်ကိုရောက်မှာလေ။
    အဲဒီလမ်းကလဲသာယာပါတယ်။

    • Diamond Key

      October 11, 2011 at 9:10 am

      ကိုပေါက်ရေ၊ ခရီးတွေထွက်ရတာနဲ့ ဓါတ်ပုံတွေ ရိုက်ရတာက ကျွန်တော်ရဲ့ ဝါသနာပါ။
      သွားချင်ပါတယ်ဗျာ။

  • Shwe Tike Soe

    October 11, 2011 at 9:15 am

    ကျေးဇူးတင်လိုက်တာ ကျွန်တော်လဲ မန်းလေးသားပါပဲ… မင်းကွန်းကို အခေါက်ခေါက်အခါခါရောက်ပါတယ်.. အခုတော့မရောက်တာကြာပေါ့.. အခုလို. သမိုင်းရော ဓာတ်ပုံတွေရော ပြည့်ပြည့်စုံစုံ တင်ပြပေးလို. အရမ်းကျေးဇူးတင်ပါတယ်…
    အရင်တုန်းက နွားလှည်း Taxi မရှိသေးဘူး တော်တော ်တိုးတက်လာတာပဲ…
    ဒီတစ်ခါ မန်းလေးပြန်ရင် သွားအုံးမယ်……..
    ကိုစိန်သော့ နဲ. ကိုပေါက် ခရီးအတူတူ ထွက်မှာကိုအားပေးပါတယ်…..:) 🙂

  • နွယ်ပင်

    October 11, 2011 at 9:57 am

    ငယ်ငယ်တုန်းက ရောက်ဖူးခဲ့တဲ့ မင်းကွန်းက အခုနဲ့တော့ တော်တော်ကွာတာပဲနော်
    အခုလို ပုံနဲ့ရော စာနဲ့ပါ သေချာ တင်ပြပေးလို့ ကျေးဇူးတင်ပါတယ် …..

  • lone

    October 11, 2011 at 10:16 am

    lone လည်း သွားချင်ပါသည်…ဒါပေမယ့် နေတအားပူတယ်လို့ ကြားဖူးတယ်…lone ကနေပူရင်ခေါင်းအရမ်း
    ကိုက်တတ်လို့…ဒါပေမယ့် တစ်ခေါက်တော့ ရောက်အောင်သွားပါဦးမည်….

  • မင်းကွန်းက နေပူတဲ့နေရာသိပ်မရှိပါ။
    အရိပ်တွေနဲ့အေးမြလို့နေပါတယ်။
    လာသာလာပါ နောင်တ မရစေရဘူးနော်။

  • manawphyulay

    October 11, 2011 at 10:36 am

    တော်တော်ကို စုံလင်လှပါတယ်။ မင်းကွန်းဘက်လည်း မရောက်ဖူးသေးတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ ဟိုနေ့ကတော့ လေးပေါက်ခေါ်လို့ အင်းလေးဖောင်တော်ဦးဘက် ဖူးရတယ်။ ခုလည်း စစ်ကိုင်းဘက်တစ်ကြောကို သေသေချာချာ အရောက်ဖူးရတဲ့အတွက် သီတင်းကျွတ်မှာ အလွန်တရာမှ ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ ကုန်ကျစရိတ်သက်သာစွာနဲ့ အရောက်ဖူးရသလိုလည်း ခံစားမိပါတယ်။ နောက်ကိုလည်း ကိုယ်တိုင်ကိုယ်ကျအရောက်ဖူးချင်နေမိပါတယ်။

  • meelay

    October 11, 2011 at 10:36 am

    ဒီရွာထဲမှာ ခရီးသွားတဲ့သူတွေ များများရှိမှ…. မီးတို့လို ခရီးမထွက်နိုင်တဲ့သူတွေအတွက် ခရီးမထွက်ရပဲ နေရာစုံရောက်ဖူးတော့တယ် …. အခုလို ပုံတွေကို များများတင်ပေးကြပါလို့ ….

  • weiwei

    October 11, 2011 at 11:43 am

    မင်းကွန်းကို ကားလမ်းကနေ သွားဖူးတယ် .. တော်တော်လေးဖုန်ထူတယ် … ကွေ့တွေလဲ တော်တော်များတယ် …. ကျွန်မသွားတုန်းက ခရီးသွားသိပ်မများဘူး … ပတ်ဝန်းကျင်အနေအထားက အရမ်းသာယာပါတယ် … သွားသင့်တဲ့နေရာတစ်ခုပါ …

  • nozomi

    October 11, 2011 at 12:50 pm

    မြန်မာနိုင်ငံမှာ နေတဲ့ မြန်မာပြည်သား တစ်ဦးအနေနဲ့ ဒီလို မြန်မာပြည်ရဲ့ အထင်ကရ နေရာ တစ်ခု ဖြစ်တဲ့ မင်းကွန်းကို မရောက်ဖူးသေးတာ ကိုယ့်ကိုယ်ကိုယ် လဲ အားမလို အားမရ ဖြစ်မိပါရဲ့ အခုတော့ ဒီပို့စ်လေးကိုပဲ ဖတ်ပြီး အာသာပြေရတယ် ..

    ဒါနဲ့ သူကြီးနဲ့ ကိုစိန်သော့ ရေ ပို့စ် ရဲ့ ခေါင်းစဉ် မှာ “ မြန်မာ့ ရွှာကလေး” လို့ ဖြစ်နေလို့ ရွာကလေး လို့ ပြင်လိုက်ရင် ကောင်းမလားလို့ပါ ကိုယ့်ရွာသူ ရွာသားချင်း လက်တို့ပေးတဲ့သဘောပါ ခင်ဗျာ ဆရာလုပ်ချင်း မဟုတ်ရပါ စေတနာ နဲ့ ပြောမိပေမဲ့ တချို့က မကြိုက်မှာ စိုးလို့ပါ

  • minthakhin

    October 11, 2011 at 3:26 pm

    Diamond Key က အင်မတန်ကို ဖြားယောင်း မြှူဆွယ်နိုင်တဲ့ ဓါတ်ပုံတွေ တင်ပြီး ပြောနေမှတော့ ရောက်ဖူးအောင် သွားရတော့မှာပေါ့ဗျာ။

  • char too lan

    October 11, 2011 at 5:12 pm

    ခြင်္သေ့ကြီး နှစ်ကောင် ပုံကြိုက်တယ်ဗျာ …
    အကြီးကြီးဆိုပိုမိုက်မယ် …
    မရောက်ဖူးတဲ့နေရာဆိုတော့ ပုံတွေအတွက် ကျေးဇူးပါပဲ

  • Diamond Key

    October 12, 2011 at 3:14 pm

    နောက်ပို့စ်တွေမှာ ပုံဆိုက်တွေ တတ်နိုင်သလောက် ကြီးပြီ တင်ပေးပါမယ်။ Internet connection က သိပ်မကောင်းတော့ တင်ရတာ အဆင်မပြေလို့ပါဗျာ။ ပို့စ်တခု တင်ပြီးအောင် အကြာကြီး စောင့်နေရတာဗျ။

Leave a Reply