Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် (အပိုင်း-၅) (နိဂုံးပိုင်း)

kaiOctober 17, 20112min2172

တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် (အပိုင်း-၅) (နိဂုံးပိုင်း)

အောင်ပွဲဆီသို့

ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ဆွေးနွေးကြရာမှာ အစိုးရအဖွဲ့သစ်ကို ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အစိုးရအဖွဲ့သစ်က တာဝန်ခံရေးဆွဲရေး ကိစ္စတွေကို သဘောတူညီမှု ရခဲ့ကြပါတယ်။ ဒီလို ရွေးကောက်ပွဲပြုလုပ်ရာမှာလဲ အုပ်ချုပ်နေဆဲအစိုးရက ဝင်ရောက်စွက်ဖက်ထိန်းချုပ်မှုတွေ လျော့နည်းဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီ ချက်တွေ ပေါ်ထွက်လာဖို့အတွက် အုပ်ချုပ်နေဆဲအစိုးရက သူတို့ရဲ့ ရပ်တည်မှုကို အလျှော့ပေးခဲ့ကြရပါတယ်။ မင်ဒဲလားတို့ဘက်ကလဲ ကြားဖြတ်အစိုးရအုပ်ချုပ်နေဆဲကာလမှာ အမျိုးသားညွှန့်ပေါင်းအစိုးရ အသွင်နဲ့ အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် အစိုးရဝန်ကြီးနေရာအချို့ကို အခြားပါတီများမှ ပါဝင်ခွင့် ပေး၍ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေး စတာတွေကို သဘောတူညီပေးခဲ့ရပါတယ်။ နှစ်ဘက်စလုံးက သူတို့ရပ်တည်နေတဲ့ ရပ်တည်ချက်ကနေ အလျှော့ပေးခဲ့ကြပါတယ်။ ပမာဆိုရရင် မြစ်ကမ်းတဘက် တချက်မှာ မျဉ်းပြိုင်လျှောက်နေကြရာက လမ်းလျှောက်ခြင်းကို ရပ်တံ့ပြီး ပေါင်းကူးတံတားခင်းဖို့အတွက် နှစ်ဘက်စလုံးက ကြိုးပမ်းကြတာမျိုး ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနဲ့ ပတ်သက်ပြီးတော့လဲ အစိုးရနဲ့ အေအင်စီတို့ နှစ်ဘက်စလုံးက အပေးအယူတွေ လုပ်ခဲ့ကြပါတယ်။ De Klerk က ပါတီများနဲ့ အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို အသိအမှတ်ပြုပေးပြီး၊ ဆန္ဒပြသူများနဲ့ စုရုံးလာသော လူထုများကို အစိုးရက ကာကွယ်စောင့်ရှောက်ပေးဖို့ သဘောတူညီခဲ့ပါတယ်။ မင်ဒဲလားတို့ဘက်ကလဲ အဓိကရုဏ်းတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားစေနိုင်တဲ့ ဒေသတွေမှာ ဆန္ဒပြခြင်းများကို ရှောင်ရှားနိုင်အောင် ကြိုးပမ်းဖို့ သဘောတူညီခဲ့ကြပါတယ်။ နှစ်ဘက်စလုံးက တောင်အာဖရိကရဲ့ common identity ကို ထောက်ခံပြီး ဆန္ဒပြခွင့်ကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီနည်းလမ်းနဲ့ မင်ဒဲလားဟာ De Klerk အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုများနဲ့ credibility. ရှိလာစေရေးကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဒီလို တဘက်နဲ့ တဘက် ကူညီပံ့ပိုးပြီး ဘုံအကျိုးစီးပွားအတွက် အစည်းအဝေးများ ကျင်းပနေဆဲမှာပဲ၊ ညစာစားပွဲများ၊ ပါတီများကိုလဲ နှစ်ဘက်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပညာရှင်များက ကျင်းပခဲ့ကြပါတယ်။ ဒီလိုကျင်းပပေးပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဘက်နှစ်ဘက်က ခေါင်းဆောင်များကို တွေ့ဆုံစေခြင်းဖြင့် လူသားချင်း ခင်မင်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု၊ အတူတကွ တိုင်ပင်ဆွေးနွေးမှု စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာခဲ့ပါတယ်။ နှစ်ဘက်စလုံးက စေ့စပ်ဆွေးနွေးမှု တွေဟာ တိုးတက်မှုတစုံတရာ ရှိလာစေတယ်ဆိုတာကို အသိအမှတ်ပြုထားခဲ့ကြပြီး၊ နောက်ပြန်ဆုတ်ပြီး အပြန်အလှန်ဆန့်ကျင်နေကြတဲ့ အနေထားကို ပြန်မရောက်သွားအောင် အလေးအနက် သတိထား ခဲ့ကြပါတယ်။

စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်လဲ နှစ်ဘက်စလုံးမှာ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးနေလို့ အကျိုးမရှိနိုင်တာကြောင့် ထိပ်တိုက်ပြန်လည် ရင်ဆိုင်မယ်လို့ တွေးခဲ့သူတွေ အများအပြားပါပဲ။ တခါတရံမှာ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်က ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေ မဖြစ်ပဲ နှောင့်နှေးကြန့် လာနေသလိုတွေ ဖြစ်နေတတ်ပါသေးတယ်။ ဒီအချိန်တွေပဲ နှစ်ဘက်စလုံးက ခေါင်းဆောင်များကို နှစ်ဘက်စလုံးက အားမလို၊ အားမရတွေဖြစ်ပြီး၊ စားပွဲဝိုင်းပြင်ပ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေဆီ ပြန်လည်ဆွဲခေါ်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ သို့ပေမယ့် ခေါင်းဆောင်တွေဟာ လူချင်းတွေ့ဆုံမှုတွေ၊ သတင်းစကားပါးမှုတွေ ပြုလုပ်ပြီး၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်အောင်မြင်စေနိုင်ရေးကိုသာ ကြိုးပမ်းခဲ့ကြပါတယ်။

ဒီလိုကြိုးပမ်းမှုတွေ ရှိနေဆဲမှာပဲ နိုင်ငံရေးအကြမ်းဖက်မှုတွေကတော့ ပေါ်ထွက်နေကြဆဲပါပဲ။ နှစ်ဘက်စလုံးမှာရှိတဲ့ နိုင်ငံရေးအစွန်းရောက်သူတွေက စေ့စပ်ဆွေးနွေးမှုကို လက်မခံပဲ ပျက်ပြားအောင် နည်းမျိုးစုံနဲ့ ဆန့်ကျင်လာကြပါတယ်။ (၁၉၉၂) ခုနှစ် အဆုံးပိုင်းကာလတွေမှာ လူမည်းစစ်သွေးကြွတွေ က လူဖြူတွေကို စစ်ကြေငြာတိုက်ခိုက်မှုတွေ လုပ်လာကြပါတယ်။ (၁၉၉၃) ခုနှစ်ထဲမှာတော့ လူဖြူအစွန်းရောက်တွေက စေ့စပ်ဆွေးနွေးပွဲကျင်းပနေတဲ့ နေရာကို ဝင်ရောက်စီးနင်းပြီး၊ စေ့စပ်ဆွေးနွေး နေသူတွေကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပါတယ်။

(၁၉၉၃) ခုနှစ်၊ အေပြီလ (၁၀) ရက်နေ့မှာတော့ အေအင်စီခေါင်းဆောင် Chris Hani ကို လူဖြူအစွန်းရောက် တဦးက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး လူမည်းတွေက မကျေနပ်တာကြောင့် Southern Cape ကို စုဝေးချီတက်ပြီး၊ စက်ရုံနှစ်ရုံကို မီးရှို့ပစ်လိုက်ပါတယ်။ ဒီအခြေအနေတွေကနေ တဘက်နဲ့တဘက် တင်းမာမှုတွေ ပြန်ဖြစ်လာနိုင်တာကြောင့် ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကော်မတီ၊ လူမည်း community leaders တွေ စုဝေးပြီး၊ ယာယီငြိမ်းချမ်းရေးကော်မတီ တရပ်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြတာကြောင့် လေးပတ်ခန့်အတွင်းမှာတင် အဲဒီနယ်မှာ တည်ငြိမ်အေးချမ်းမှု ပြန်ရသွားခဲ့ပါတယ်။

မင်ဒဲလားကလဲ တတိုင်းပြည်လုံးက လူမည်းတွေကို အေးဆေးတည်ငြိမ်စွာ နေကြဖို့ မိန့်ခွန်းမြွက်ကြား ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအစွန်းရောက်သူတွေရဲ့ လှုပ်ရှားမှုတွေကတော့ မရပ်တန့်သွားသေးပါဘူး။ (၁၉၉၃) ခုနှစ်၊ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ နိုင်ငံရေးအကြမ်းဖက်မှုကြောင့် သေဆုံးသူ (၁၀၀၀) ကျော်ရှိခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာတော့ စေ့စပ်ဆွေးနွေးရေးကာလအတွင်း နိုင်ငံရေးအရ သေဆုံးသူစုစုပေါင်း တသောင်းသုံးထောင်ကျော် ရှိနေခဲ့ပါတယ်။

ဒီလိုတင်းမာမှုတွေ၊ ခြိမ်းချောက်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ သတ်ဖြတ်မှုတွေအကြားမှာပဲ နှစ်ဘက်စလုံးက ခေါင်းဆောင်တွေဟာ ဘုံအကျိုးစီးပွားရရှိရေးအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့ကြ ပါတယ်။ ကြားဖြတ်အစိုးရအုပ်ချုပ်ရေးကာလမှာ ကျင့်သုံးဖို့အတွက် Interim Constitution တရပ်ကို ရေးဆွဲနိုင်ခဲ့ကြပြီး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဆိုင်ရာ သဘောတူညီချက်များကိုလဲ ချမှတ်နိုင်ခဲ့ကြ ပါတယ်။ ဒီသဘောတူညီချက်တွေအရ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ Constituent Assembly ဟာ ကြားဖြတ်ပါလီမန်အဖြစ် တာဝန်ယူပြီး၊ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အဓိကကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာ Constitutional Court က ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

Executive power မှာတော့ electoral strength ပေါ်မှာ မူတည်ပြီး ရွေးချယ်ထားတဲ့ ကက်ဘိနက်ဝန်ကြီးများပါဝင်သော အမျိုးသားညီညွတ်ရေးညွန့်ပေါင်း အစိုးရက အာဏာကျင့်သုံးပြီး၊ အစိုးရအဖွဲ့အကြီးအကဲဖြစ်တဲ့ တိုင်းပြည်ရဲ့ သမ္မတကိုတော့ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ Constituent Assembly က ရွေးချယ်ခန့်ထားရမှာ ဖြစ်ပါတယ်။

စီးပွားရေးမူဝါဒအရလဲ ဈေးကွက်စီးပွားရေးစနစ်နဲ့အတူ ဆင်းရဲနွမ်းပါးသူများကို ကူညီပံ့ပိုးမှုများ ပူးတွဲဆောင်ရွက်တဲ့ mixed economic system ကို အသုံးပြုဖို့ သဘောတူညီခဲ့ကြပါတယ်။ မြို့နယ်တွေအလိုက် အစိုးရ အသုံးစရိတ်များ တိုးမြှင့်ဆောင်ရွက်ပေးရေး၊ လူဖြူများရဲ့ စီးပွားရေးလုပ်ငန်း များအား အနှောင့်အယှက် မဖြစ်စေရေး စတာတွေကိုလဲ သဘောတူခဲ့ကြပါတယ်။ နှစ်ဘက်စလုံးဟာ တဘက်နဲ့တဘက်ရဲ့ အခြေခံအကျိုးစီးပွားတွေ၊ လိုအပ်ချက်တွေကို အပြန်အလှန် အသိအမှတ် ပြုလာကြပါတယ်။

ဒီလိုတိုးတက်မှုတွေ ရှိနေဆဲမှာပဲ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို တလျှောက်လုံး ဆန့်ကျင်လာခဲ့တဲ့ Buthelezi ဦးဆောင်တဲ့ အဖွဲ့ကိုလဲ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ ကြိုးပမ်းမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သို့ပေမယ့်လဲ High-level delegations တွေဖြစ်တဲ့ U.S. envoy Henry Kissinger နဲ့ British envoy Lord Carrington တို့က ကြိုးပမ်းဆောင်ရွက်ချိန်အထိတောင် ထူးခြားမှု မရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Kenyan envoy Washington Okumu က ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပကတိအခြေအနေမှန်ကို သိမြင်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ မပါဝင်ခဲ့ရင် နိုင်ငံရေးအရ ဘေးရောက်မှုပဲ အဖြေထွက် လာမှာဖြစ်ကြောင်းနဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ မအောင်မြင်သော လက်နက်ကိုင်တော်လှန်ရေး အဖြစ် နိဂုံးချုပ်ရလိမ့်မည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့တဲ့အခါမှသာ Buthelezi ဦးဆောင်တဲ့အဖွဲ့ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှစ်ရက် အလိုကျမှသာ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်အတွင်းကို ရောက်ရှိသွားခဲ့ပါတယ်။

ရွေးကောက်ပွဲမကျင်းပခင်နေ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေကတော့ ပေါ်ထွက်နေဆဲပါပဲ။ သို့ပေမယ့်လဲ (၁၉၉၄) ခုနှစ်၊ အေပြီလ (၂၇) ရက်နေ့မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ သမိုင်းသစ်ကို ဖန်ဆင်းပေးတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ မေလ (၂) ရက်နေ့မှာ de Klerk က သူ့ရဲ့ ရွေးကောက်ပွဲအရှုံးကို အသိအမှတ်ပြုပြီး၊ မင်ဒဲလားကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း သတင်းစကား ပေးပို့ခဲ့ပါတယ်။ မင်ဒဲလားကလဲ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ တောင်အာဖရိက တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေး ဘယ်လိုကွဲပြားမှုတွေ ရှိနေပေမယ့် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ နိုင်ငံတော်သစ်ကြီးကို အတူတကွ ဝိုင်းဝန်းထူထောင်ကြဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒီလို ခေါင်းဆောင်တွေအကြား၊ နှစ်ဘက်နိုင်ငံရေးအဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင် မှုဟာ on the ground မှာ ငြိမ်းချမ်းရေးရှိလာဖို့အတွက် မပြီးပြည့်စုံသေးပါဘူး။ ဒါကြောင့် ပဋိပက္ခပြီးဆုံးပြီး နှောင်းပိုင်းကာလမှာ ပဋိပက္ခကာလတွေတုန်းက ရှိခဲ့တဲ့ trauma တွေကို ကုစားဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မင်ဒဲလားဦးဆောင်တဲ့ အစိုးရသစ်ဟာ ဘုန်းတော်ကြီး Desmond Tutu ဦးဆောင်တဲ့ Truth and Reconciliation Commission (TRC) ကို တည်ထောင်ခဲ့ပါတယ်။ ဒီကော်မရှင်ကနေ ပဋိပက္ခမှာ သားကောင်ဖြစ်ခဲ့တဲ့ မည်သူမဆို ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ပြန်လည်ပြောပြရေး၊ နားထောင်ပေးရေးနဲ့ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တဲ့ မည်သူမဆို (လူဖြူအစိုးရဘက်မှဖြစ်စေ၊ လူမည်းတော်လှန်ရေးသမားများဘက်မှဖြစ်စေ) ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရှိရေး စတာတွေကို ထောက်ကူပေးတဲ့ forum တွေကို ကျင်းပပေးခဲ့ပါတယ်။ ရင်ကြားစေ့ရေး (ဝါ) ပြန်လည်သင့်မြတ်ရေးဖြစ်စဉ် (Reconciliation process) အတွက် ကော်မရှင်က ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ခဲ့ရတာဟာ တဘက်နှင့်တဘက် အနိုင်မတိုက်နိုင်သော ပကတိနိုင်ငံရေးအခြေအနေမှန်ကို နှစ်ဘက်ခေါင်းဆောင်များက သိမြင်မှု၊ စေ့စပ်ဆွေးနွေးပွဲဖြစ်စဉ်ကြီး စတင်လာစေရန် ခြေလှမ်းသစ်များ လှမ်းရဲမှု၊ ပါတီစုံစေ့စပ်ဆွေးနွေးရေးဖိုရမ် (multi-party negotiation forum) တခု ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးကော်မရှင်များ တည်ထောင်နိုင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲပြင်ဆင်ပြဌာန်းရန်၊ ညင်သာသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တိုင်းပြည်၏ ပထမဦးဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန်စသော ရည်မှန်းချက်များ ပြည့်မှီလာစေရန် ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်မှု၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်တွင် ပါဝင်နေသူများနှင့် ထောက်ခံသူများအား နိုင်ငံရေး အစွန်းရောက်များမှ ဝေဖန်တိုက်ခိုက်မှုများ၊ ခြိမ်းချောက်မှုများ၊ သတ်ဖြတ်မှုများ ပြုလုပ်လာသော်လည်း မဆုတ်မနစ်သော ဇွဲဖြင့် စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ရေးကို အာရုံစိုက်မှု၊ လိုလားချက်များနှင့် တောင်းဆိုချက်များကို တရားသေ ဆုပ်ကိုင်ထားခြင်း မရှိပဲ အပေးအယူ၊ အလျှော့အတင်းများ ပြုလုပ်နိုင်မှု၊ သဘောထားကြီးမှု၊ ခွင့်လွှတ်မှုများဖြင့် ရင်ကြားစေ့ရေး (ဝါ) ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည်ဖော်မှု စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ လေ့လာချက်များမှာ တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာ ငြိမ်းချမ်းရေး လိုလားသော ကမ္ဘာ့ပြည်သူများအတွက် စံနမူနာယူစရာ ဖြစ်စဉ်တခုအဖြစ် သမိုင်းတွင်ကျန်ရစ်လာခဲ့ခြင်း ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၆၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ရည်ညွှန်းကိုးကား

Deegan, H. (1999) South Africa Reborn: Building a New Democracy, Padstow: University College London

Bouckaert, P. (1997) The Negotiated Revolution: South Africa’s Transition to a Multiracial Democracy, Stanford, California: Stanford Center on Conflict and Negotiation

Du Toit, P. (1995) State Building and Democracy in Southern Africa: Botswana, Zimbabwe, and South Africa, Washington, DC: United States Institute of Peace

Ebrahim, H. (1998) The Soul of a Nation: Constitution-Making in South Africa, Cape Town: Oxford University Press

Gastrow, P. (1994) Bargaining for Peace: South Africa and the National Peace Accord, Washington, DC: United States Institute of Peace Press

Lyman, P. (2002) Partner to History: The U.S. Role in South Africa’s Transition to Democracy, Washington, DC: United States Institute of Peace Press

Mandela, N (2006) Long Walk to Freedom: The Autobiography of Nelson Mandela, London: Little, Brown

Marks, S. (2000) Watching the Wind: Conflict Resolution during South Africa’s Transition to Democracy, Washington, DC: United States Institute of Peace

2 comments

  • windtalker

    October 17, 2011 at 2:14 pm

    အခြား ပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံတွေ မှာလည်း
    ဆိုင်ရာ မီဒီယာတွေ နဲ ့ညှိနှိုင်းပြီး ဒီပို ့စ်ကို တင်ပေးပါ သူကြီး

  • kai

    October 17, 2011 at 2:44 pm

    activists တွေသေသေချာချာ သတိထားသင့်တဲ့ နိဂုံးလို့ ယူဆမိပါတယ်..။
    နိုင်ငံရေးသမားတွေရောပေါ့.. 😆

    နိဂုံး

    နိဂုံးချုပ်ဆိုရရင် တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ခဲ့ရတာဟာ တဘက်နှင့်တဘက် အနိုင်မတိုက်နိုင်သော ပကတိနိုင်ငံရေးအခြေအနေမှန်ကို နှစ်ဘက်ခေါင်းဆောင်များက သိမြင်မှု၊ စေ့စပ်ဆွေးနွေးပွဲဖြစ်စဉ်ကြီး စတင်လာစေရန် ခြေလှမ်းသစ်များ လှမ်းရဲမှု၊ ပါတီစုံစေ့စပ်ဆွေးနွေးရေးဖိုရမ် (multi-party negotiation forum) တခု ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးကော်မရှင်များ တည်ထောင်နိုင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲပြင်ဆင်ပြဌာန်းရန်၊ ညင်သာသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တိုင်းပြည်၏ ပထမဦးဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန်စသော ရည်မှန်းချက်များ ပြည့်မှီလာစေရန် ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်မှု၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်တွင် ပါဝင်နေသူများနှင့် ထောက်ခံသူများအား နိုင်ငံရေး အစွန်းရောက်များမှ ဝေဖန်တိုက်ခိုက်မှုများ၊ ခြိမ်းချောက်မှုများ၊ သတ်ဖြတ်မှုများ ပြုလုပ်လာသော်လည်း မဆုတ်မနစ်သော ဇွဲဖြင့် စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ရေးကို အာရုံစိုက်မှု၊ လိုလားချက်များနှင့် တောင်းဆိုချက်များကို တရားသေ ဆုပ်ကိုင်ထားခြင်း မရှိပဲ အပေးအယူ၊ အလျှော့အတင်းများ ပြုလုပ်နိုင်မှု၊ သဘောထားကြီးမှု၊ ခွင့်လွှတ်မှုများဖြင့် ရင်ကြားစေ့ရေး (ဝါ) ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည်ဖော်မှု စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ လေ့လာချက်များမှာ တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာ ငြိမ်းချမ်းရေး လိုလားသော ကမ္ဘာ့ပြည်သူများအတွက် စံနမူနာယူစရာ ဖြစ်စဉ်တခုအဖြစ် သမိုင်းတွင်ကျန်ရစ်လာခဲ့ခြင်း ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

Leave a Reply