မနောရဲ့ ရိုက်ချက်
တစ်ခါတလေ အိမ်မှာနေတုန်း ခြံထဲက ပန်းတွေကို လက်တည့်စမ်းကြည့်မိတာပါ။ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့အကျင့်ကို မဖျောက်နိုင်တော့ ရိုက်စရာမရှိရင် ကိုယ့်အိမ်ထဲမှာပဲ လျှောက်စမ်းသပ်မိတာလေ… ကောင်းတော့မကောင်းဘူးပေါ့။
တစ်ခါတလေ အိမ်မှာနေတုန်း ခြံထဲက ပန်းတွေကို လက်တည့်စမ်းကြည့်မိတာပါ။ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့အကျင့်ကို မဖျောက်နိုင်တော့ ရိုက်စရာမရှိရင် ကိုယ့်အိမ်ထဲမှာပဲ လျှောက်စမ်းသပ်မိတာလေ… ကောင်းတော့မကောင်းဘူးပေါ့။
31 comments
blackchaw
October 21, 2011 at 12:01 pm
တော်တော်လှတယ်ဗျ။
ထပ်ရိုက်ပါဦးဗျာ။
chitlay
October 21, 2011 at 12:58 pm
ခြံရှေ့က အပင်က ဘာပင်လဲဟင် … ခရမ်းရောင် အပွင့်လေးတွေက ချစ်စရာလေး …. အဖြူရောင်ပန်းလေးတွေလဲ လှတယ် ..။
kocho
October 21, 2011 at 1:10 pm
လှတယ်ဗျိုး
manawphyulay
October 21, 2011 at 4:05 pm
ကိုချိုနဲ့ ကိုဘလက်ကြီးတို့ရဲ့ ရိုက်ချက်လောက် မကောင်းဘူးဆိုတာ သိပါတယ်နော်… သင်ယူရဦးမယ်။
taungpawthar
October 21, 2011 at 2:58 pm
ပန်းလေးတွေ လှသလို မနော လဲ လှမယ်ထင်တယ် နော် မနောရဲ ့စာတွေဖတ်ရင်း စိတ်ထဲ က ခံစားမိတာ က မနော က သဘောကောင်း စိတ်ထားလှ ပြီး အေးချမ်းတဲ့အလှပိုင် ရှင်လေး တဲ့
ဟုတ်တယ်ဟုတ် ….
manawphyulay
October 21, 2011 at 4:04 pm
တချို့က ပြောတယ်
နာမည်နဲ့လူနဲ့ ဆန့်ကျင်ဘက်တွေများတယ်တဲ့။ မနော နာမည်အောက် လာရေးသွားတယ်လေ။
ကိုချမ်းသာ ဆိုတဲ့တစ်ယောက်က အလွန်ဆင်းရဲတယ်တဲ့
ကိုကျန်းမာဆိုတဲ့သူက ချူချာတယ်တဲ့
ဒီတော့ မနောလည်း ကိုယ်ကိုယ့်ကိုယ် သဘောကောင်းတယ်လို့လည်း မပြောနိုင်သလို စိတ်ထားလှတယ်လို့လည်း ဆိုနိုင်မယ်မထင်ဘူး။ အဲ တစ်ခုတော့ ရှိတယ် အေးအေးချမ်းချမ်းတော့ နေချင်မိသား။ မနောကို မြင်ဖူးတဲ့သူတွေတော့ ဘယ်လိုကောက်ချက်ပေးမလဲမပြောတတ်ဘူး။ သူတို့ကိုသာ မေးကြည့်ပေးတော့ ကိုတောင်ပေါ်သားရေ…
Moe Z
October 21, 2011 at 3:08 pm
မမမနော လေးပုံမြောက်ကပိန်းပန်းအဖြူလေးတွေက ရုတ်တရက်ကြည့်လိုက်ရင် မြွေဟောက်ခေါင်းတွေနဲ့တူတယ်နော် ဘာဂမုန်းလဲဟင်
manawphyulay
October 21, 2011 at 4:00 pm
လာဘ်ရွှင်တယ်ဆိုလို့ အိမ်အဝင် ခြံဝမှာ အိုးနဲ့ချစိုက်ထားတာ။ ဂမုန်းပင်တွေကြီးပဲ ရိုက်ထားတာတွေလည်းရှိသေးတယ်။ ခုတချို့သစ်ခွတွေလည်းပွင့်နေပြီ။ကွန်က မကောင်းတော့တင်လို့အဆင်မပြေဘူးဖြစ်နေတာ။
နွယ်ပင်
October 21, 2011 at 4:12 pm
အစ်မမနောရဲ့ ရိုက်ချက်ဆိုလို့ ဘယ်သူများရိုက်လဲ လာကြည့်တာ … 😛
ပန်းလေးတွေကို ရိုက်ချက်ပြင်းပြင်းနဲ့ ရိုက်ထားတာကိုး …….. 🙂
manawphyulay
October 21, 2011 at 5:33 pm
ဟီး ပန်းပဲ ရိုက်နိုင်တဲ့အင်အားရှိတယ်လေ။ သူများ သွားရိုက်ရင် ပြန်ဗျင်းခံရမှာပေါ့ မဟုတ်ဘူးလား အဟိ
kocho
October 21, 2011 at 5:46 pm
ဈေးအသက်သာဆုံး မော်ဒယ်သည် ပန်းဖြစ်၏ (သဘောတူပါ၏)
GreeNSheeP
October 21, 2011 at 6:53 pm
ရိုက်ချက်ပြင်းပြင်း ဆိုသည်ကို
ဘာကိုဆိုလိုသလဲ ဆိုတာ စဉ်းစားလို ့ကို မရဘူး
zawthulay
October 21, 2011 at 5:16 pm
ပန်းအဖြူလေးက လှတယ်နော် နာမည်ကဘယ်လိုလဲမသိဘူးမမ မနောရေ
manawphyulay
October 21, 2011 at 5:37 pm
ဘယ်ပန်းဖြူကိုမေးတာလဲ။ နှစ်ပင်ပါတယ်။ နှစ်ပင်စလုံးက ဂမုန်းပင်အမျိုးတွေပဲ ဇော်သူလေးရဲ့။
ပေါက်ဖော်
October 21, 2011 at 6:43 pm
လှ၏..
အပေါ်ဆုံးပုံမှာ လိပ်ပြာတစ်ကောင် ကပ်နေတယ်နော့.
အဲတာ မဖမ်းဘူးလား..
ကျနော်ဆို..တွေ ့တဲ့အကောင် လိုက်ဖမ်းတာ
GreeNSheeP
October 21, 2011 at 6:59 pm
သိချင်တာ တစ်ခုပဲ ရှိတယ်
ဘယ်ကနေ ကူးလာတာတုန်း
ဓါတ်ပုံပိုင်ရှင် က ခွင့်ပြုပါ့မလား ဆိုတာ..
manawphyulay
October 22, 2011 at 10:23 am
ဘယ်ကကူးလာတာလဲဆိုတာ အပေါ်မှာ ခြံထဲမှာရိုက်ထားတာလို့ ပြောထားပါတယ်။ မနောတို့ခြံထဲကိုလည်း အချိန်မရွေးလာလည်ဖို့ဖိတ်ခေါ်ပါတယ်။
aye.kk
October 21, 2011 at 7:08 pm
နှူးညံ့တဲ့နှလုံးသားပိုင်ရှင်ရဲ ့
ပုံရိပ်တစ်ခုပါဘဲ
ငယ်ငယ်တုံးကတည်းကပန်းတွေကိုမြင်ရင်
အရမ်းကိုနှစ်သက်တတ်သူမို ့ပါ သိပ်ကိုကြည်နှူးမိပါတယ်
rapperlay
October 22, 2011 at 12:13 am
ကူးလာတာ တော့ မဖြစ်နိုင်ဘူး နဲ့တူတယ် ။
GreeNSheeP က သေချာပေါက် ပြောနေတာလား ။
ဓါတ်ပုံမှာ ပါတဲ့ Date အနေအထားကို သံသယ ဝင်တာထင်တယ်။
manawphyulay
October 22, 2011 at 10:34 am
ဓာတ်ပုံမှာပါတဲ့ဒိတ်တွေကို ကြည့်ပြီး ပြောတာဆိုရင်တော့ မှားပါလိမ့်မယ်။ မနောက အိမ်မှာ ပွင့်ရင် ပွင့်တဲ့အချိန် ရိုက်ချင်တဲ့နေ့ ရိုက်တာမို့လို့ပါ နောက်တစ်ချက်က တစ်ခါတလေ ကင်မရာက ဒိတ်ကိုမပြင်ပဲရိုက်မိတာက ရှိသေးတယ်ရှင့်။ ခုချိန်လာလည်း တချို့ပန်းတွေက ပွင့်နေတုန်းပါပဲ။ ဒီနေ့တောင် သစ်ခွပင်တွေရိုက်လာသေးတယ်။
oakermg
October 22, 2011 at 11:01 am
ဟုတ်…. အခုလိုရှင်းပြတော့ အားလုံးနားလည်သွားရပါတယ်…၊
ဒါပေနဲ့ ပန်းခင်းလေးကို လာကြည့်ချင်ရင် ဘယ်လိုလာရမှာလဲ…။
( နောက်တာပါနော် ) ။
ရွှေဘိုသား
October 24, 2011 at 1:47 pm
မမ မနောဖြူ နောက်ဆုံး ရိုက်စရာ မရှိရင် အစ်မပုံကိုပဲ ပြန်ရိုက်တင်ပေးစမ်းပါဗျာ
ကျနော် သရဲ မမြင်ဖူးသေးလို့ပါ ဟဲဟဲ
manawphyulay
October 24, 2011 at 3:43 pm
မလုပ်နဲ့ ရွှေဘိုသားရဲ့ ရွှေဘိုကို အလည်မခေါ်ချင်ပဲဖြစ်သွားမှာစိုးလို့ ညဘက်သရဲလန့်ပြေးမှာစိုးလို့ မရိုက်တော့ဘူးနော် 😛
True Answer
October 24, 2011 at 4:38 pm
ပန်းလေးတွေ တအားလှတယ်။ ရိုက်တဲ့သူတော်လို့ထင်တယ်။ ပုံလေးတွေ ကူးသွားပါရစေနော်။
NK
October 25, 2011 at 10:34 am
မဆိုး လှပါဘူး..
manawphyulay
December 16, 2011 at 4:29 pm
ဘာကိုမဆိုးတာလဲ NK ရဲ့ ရှင်းရှင်းပြောပါဦး…
nayminn
December 16, 2011 at 6:32 pm
အရမ်း လျတယ်နော်…။ ပန်းကိုပြောတာ။
nayminn
December 16, 2011 at 6:32 pm
အရမ်း လှတယ်နော်…။ ပန်းကိုပြောတာ။
fatty
December 16, 2011 at 6:50 pm
မနောရေ ခြံဈေးတွေတက်နေပြီလေ .. ခြံကိုရောင်းပြီးအမွေခွဲခိုင်း ပြီးတော့တိုက်ခန်းပြန်ဝယ်
ပိုတဲ့ငွေနဲ့စီးပွါးရေးလုပ်။
manawphyulay
December 17, 2011 at 1:29 pm
အဲဒါမှ ပြေးပေါက်မှားနေဦးမယ် လေးဖက်လုပ်တာနဲ့ အိမ်က အဘွားလေးက ငါမသေသေးပဲ ဘာတွေရောင်းခိုင်းနေတာလဲဆိုပြီးတော့လေ….
unclegyi1974
December 16, 2011 at 10:19 pm
မနောရိုက်ချက်ဆိုလို့ဘာတွေများရိုက်လိုက်ပါလိမ့်လို့
လက်စပ်သတ်တော့ပန်းအလှလေးတွေကိုး