တိုင်းပြည်အရေးထက် ဒေါ်လာအရေးကို ဦးထိပ်ပန်တဲ့ BBC

kanjosanOctober 26, 20111min48930

ဘီဘီစီ (BBC) နှင့် သတင်းထောက် Anna Jones တို့ဟာ တာဝန်မဲ့စွာ မြန်မာနိုင်ငံရဲ့ လူမျိုးစာရင်းကို တလွဲပြုစုခဲ့ပါတယ်… ဒါတွေဟာ သမိုင်းကျောင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတဲ့အတွက် လုံးဝကို ကန့်ကွက်ပါတယ်…… အားလုံးသော အမျိုးချစ်သူများလည်း http://www.facebook.com/bbcburmese မှာ သွားရောက် ကန့်ကွက်ပေးကြပါလို့ တောင်းဆိုလိုပါတယ်….
Anna Jones ရဲ့ မူရင်းဆောင်းပါးကိုတော့ ဒီ http://www.bbc.co.uk/news/world…-asia-pacific-11595983 မှာ ဖတ်ရှုနိုင်ပါတယ်…

 

ဒီနေ့ ဒီသတင်းကို ဖတ်လိုက်ရတဲ့ အချိန်မှာ တော်တော်ဒေါသထွက်ပြီး ခံပြင်းခဲပါတယ်။ ဒါနဲ့ ကျွန်တော် အပါအဝင် မြန်မာများဟာ အင်တာနက် BBC facebook မှာ ကန့်ကွက်တဲ့ စာများ တစ်ပြိုက်နက် ပို့ကြပါတယ်။ BBC မှာ ဖေါ်ပြထားတာက ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးကို ချန်ထားပြီး ရိုဟင်ဂျာကို လူမျိုးစု တစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။ ရေးသားသူ သတင်းထောက် Anna Jones ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရခိုင်လူမျိုးဟာ အဓိက မျိုးနွယ်ဆိုတာမသိတာဘဲလား၊ သူလိုချင်တဲ့ ရိုဟင်ဂျာကို စွဲထည့်တာဘဲလား။ ဘာမှ အထောက်အထား အခိုင်အလုံမရှိရင် အဆင့်အတန်းရှိတဲ့ သတင်းထောက် သတင်းဌာနတစ်ခုအနေနဲ့ အလွယ်တကူ သူများနိုင်ငံအကြောင်း လူမျိုးဇစ်မြစ်ကို ကိုလိုသလို ယူဆပြီး မရေးသင့်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ရခိုင်အမျိုးသားတွေကလည်း လူစုပြီး ဗြိတိန်သံရုံးကို သွားရောက်ကန့်ကွက် ဆန္ဒပြမယ်လို့ ကြားသိရပါတယ်။ အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံကို ကျွန်ပြုပြီး သွေးခွဲ အုပ်ချုပ်သလို အခုလည်း ဘယ်လိုပုံစံနဲ့၊ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တယ်တော့ မပြောတတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံလည်း အခုတစ်လော တစ်မျိုးမဟုတ်တစ်မျိုး နိုင်ငံတကာ ဆက်ဆံရေး ပြသနာများနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအချိန်မှာ နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူပြည်သား တိုင်းရင်းသားများ၊ အစိုးရ၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များပါ စည်းစည်းလုံးလုံး ရှိကြဖို့လိုပါတယ်။ ဒီပြသနာကို ဒီမှာတင်ပြီးမသွားဘဲ သက်ဆိုင်ရာအစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်သူတစ်ဦးခြင်းဆီကပါ BBC သတင်းဌာနကို စာဖြင့် ကန့်ကွက်ကြောင်း၊ လက်သင့်မခံကြောင်း၊ ပြန်လည်တောင်းပန်ရန် စာများပေးသင့်ပါတယ်။

30 comments

  • forever

    October 26, 2011 at 8:22 pm

    သတင်းဌာန တခုက ရေးတာ သမိုင်းမဟုတ်ပါဘူး
    အမှန်အမှားကို သောတရှင်တွေကဆုံးဖြတ်လေ.ရှိတာပါ
    BBC က ဗြိတိန်သံရုံးကို ကိုစားမပြုပါဘူး
    ခင်ဗျားပြောသလို ရန်ကုန်ကရခိုင်တွေ ဗြိတိန်သံရုံးကိုသွား
    ကန်.ကွက်ဆန္တပြမယ်ဆို …… အံဖွယ်ပါဘဲ အရှက်ကွဲလိမ်.မယ်
    ခင်ဗျားပြောသလို နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူပြည်သား တိုင်းရင်းသားများ၊ အစိုးရ၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များပါ စည်းစည်းလုံးလုံး ရှိကြမယ်ဆို……..

  • ပေါက်ဖော်

    October 26, 2011 at 8:36 pm

    ရခိုင်ပျောက်ပြီးး ရိုဟင်ဂျာရောက်တာ..တော့ မမိုက်ဘူး အာစရိရေ..
    အဲသတင်းရေးသူကို ကန် ့ကွက်..ဆန္ဒပြသင့်တယ်..

    ပြီးစလွယ်လုပ်ထည့်လိုက်တာတော့ မကောင်းဘူး..
    ရခိုင်လူမျိုးတွေဦးဆောင်ပြီး ဆန္ဒသာပြကြဗျာ..
    လူတွေစုနေတယ်လဲ ပြောတယ်…ဆန္ဒပြဖို ့…..
    😆

  • htoosan

    October 26, 2011 at 8:41 pm

    မူရင်း ဆောင်းပါး link ဖတ်မရပါ. Page not found ပြနေပါသည်။ link ပြန်ပေးစေလိုပါသည်။ ကျေးဇူးပါ။

  • ရွှေအိမ်စည်

    October 26, 2011 at 8:59 pm

    ဝင်မန် ့ချင်လာလို ့ပါ..။ခွင့်ပြုနော်..
    ရိုဟင်ဂျာဘက်ကအကိုးအကားကတော့..ပညာတတ်များတယ်ဗျာ…ကျနော်သိရသလောက်ပေါက်….

    တချက်ဖတ်ကြည့်နော်…

    ( ဗလီများကို ဖျက်ဆီးသိမ်းပိုက်ပြီ ဘုရားတည်ထားသည်ဟု ရိုဟင်ဂျားများမှ
    ကြေငြာချက် ထုတ်ပြန်၍ ကန့်ကွက်လွှာတင်)
    by U Naing Win on Tuesday, October 25, 2011 at 3:57am

    http://www.facebook.com/groups/rozonerking2/?ref=notif&notif_t=group_activity
    မှ ရတာပါ ။
    ( ဗလီများကို ဖျက်ဆီးသိမ်းပိုက်ပြီ ဘုရားတည်ထားသည်ဟု ရိုဟင်ဂျားများမှ
    ကြေငြာချက် ထုတ်ပြန်)

    ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ၂၀၁၁-ခု အောက်တိုဘာ(၉)ရက်
    နေ့စွဲပါ သဘောထား ကြေငြာချက်အား ကန့်ကွက်လွှာ

    Monday, October 24, 2011 Rohingya Blogger No comments

    Written By:မျိုးချစ်မောင်

    ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ၂၀၁၁-ခု အောက်တိုဘာ(၉)ရက်
    နေ့စွဲပါ သဘောထား ကြေငြာချက်အား ကန့်ကွက်လွှာ

    ပြသာနာ၏ မူလရင်းမြစ်မှာ အယူဝါဒကျဉ်းမြောင်းသော
    ရခိုင်အမျိုးသားရေးဝါဒီများ၏ သမိုင်းကြောင်း အမှန်ကို မသိချင်ယောင်ဆောင်
    အမှန်တရားကို လက်မခံလိုစိတ်ကြောင့် ဟိုးရှေးပဝေသဏီကတည်းက အတူတကွ
    လက်တွဲနေထိုင်လာခဲ့သော ရိုဟင်ဂျာလူမျိုးများအား ကြောက်စိတ်၊သံသယစိတ်ဖြင်
    ့ကြည့်ရှု မြင်ယောင်မိသောကြောင့်ဖြစ်သည်။

    ဤနေရာတွင် Arakan ၏ မူလအစနှင့် ပတ်သက်၍ မငြင်းခုံလိုပါ…မည်သို့ပင် ဆိုစေ
    ကမ္ဘာမြေကြီး၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။အမှန်တရားကို လက်ခံရန် ပါမောက္ခ
    ပညာတက်ကြီးဖြစ်ရန်မလိုပါ။ ဗုဒ္ဓ၏ အဆုံးအမကို တစ်သွေမတိန်း
    လိုက်နာသူ၊လူသားကောင်း တစ်ယောက်ဖြစ်လျှင် ဤအမှန်တရားကို လက်ခံရန်
    ခက်ခဲမည်မဟုတ်ပါ။ုအချုပ်အားဖြင့် Arakan တွင် Rohingya လူမျိုးများ
    ရခိုင်လူမျိုးများထက် ရာစုနှစ်များစွာ စော၍ ရှိနေသည်ကို
    သက်သေပြနိုင်လျှင် လုံလောက်သည်။

    “တတိယစာပိုဒ်”

    ….ရခိုင်လူမျိုးများရှေး ပဝေသဏီကပင် နေထိုင်လာခဲ့သော ရခိုင်မြေကို
    လုယူလိုသူ ဘင်္ဂလီလူမျိုးတစ်စုသည် အကြမ်းဖက်နည်း၊အနုနညး၊ဝါဒဖြန့်ချီနည်း
    အစရှိသည့် နည်းပေါင်းစုံဖြင့် ကြိုးစားလာခဲ့သည်မှာ နှစ်ပေါင်းများစွာ
    ကြာမြင်ခဲ့ပြီဖြစ်သည်။ ရခိုင်နာမည် ဖျောက်ဖျက်လိုသည့်
    ရည်ရွယ်ချက်ဖြင့်….အာရခိန်ပြည်ဟု ရေးသားမုှများပြုလုပ်လာကြပါသည်။

    “ချေပချက်”

    နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်းဆောက်ရေးအဖွဲ့ လက်ထက်တွင် ထုတ်ဝေသော
    “သာသနာရောင်ဝါထွန်းစေဖို့” စာအုပ် စာမျက်နှာ ၆၅ အရ မူဆလင်များသည်
    နှစ်ပေါင်း ၁၀၀၀၊ ၁၂၀ဝ ကျော်ကပင် အခြေချ နေထိုင်လာခဲ့သူများဖြစ်သည်။
    မည်သို့မည်ပုံရောက်ရှိ အခြေချနေထိုင်လာခဲ့သည်
    ကိုအားလုံးသောသမိုင်းပညာရှင်များ လက်ခံကြသည် အတိုင်း အာရပ်ကုန်သည်များသည်
    ထိုအချိန်က ကုန်ကူးသန်းရောင်းဝယ်ရေးအတွက်
    ရခိုင်ကမ်းရိုးတန်း၊တနင်္သာရီကမ်းရိုးတန်းမှ တဆင့် မလေးရှား၊
    အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ ရောက်ရှိ အခြေချခဲ့သည်။

    Arakan မြေမှာ ရှေးပဝေသဏီ ကတည်းက နေထိုင်လာခဲ့ကြတာ ရခိုင်တွေ စောသလား…?
    ရိုဟင်ဂျာတွေက စောသလား သမိုင်းအထောက်အထားနဲ့တင်ပြပါမည်။

    ၁၆ ရာစုတွင် ရေးသော “ဟာနီဖါ နှင့် ခိုင်ယာဖူရီ” စာအုပ်တွင် စာရေးဆရာ Shah
    Barid Khan က ယ္ခုမောင်တောခရိုင်၊မောင်တောမြို့ လဘောစားရွာ(Arabshah Para)
    သို့ AD ၆၈၀-ခုနှစ်တွင် Mohammed Ali ၏သား Mohammed Hanif သည် Karbala
    စစ်ပွဲအပြီး သူ၏ ရဲဘော်ရဲဖက်များနှင့် ရောက်ရှိခဲ့သည်။ထိုအချိန်တွင်
    Queen ခိုင်ယာဖူရီသည် မေယုတောင်တန်း တလျှောက် လုယက်တိုက်ခိုက်မှုများ
    နှင့် အုုပ်စိုးနေချိန်ဖြစ်သည်။ Mohammed Hanif သည် ထို Queen ကို
    တိုက်ခိုက်သိမ်းယူပြီး လက်ထက်ယူခဲ့သည်။ထို့ကြောင့် Kaiyapuri နှင့်တကွ
    သူမ၏ အခြေအရံများသည် အစ္စလာမ်သာသာကို ခံယူပြီး အေးချမ်းစွာ
    နေထိုင်လာခဲ့သည်။ ယ္ခုထက်တိုင် ထိုမေယုတောင်ကြော တစ်ဝိုက်တွင် Hanifa
    Tonki နှင့် Kayapuri Tonki ဟူ၍ အထင်အရှား တွေ့မြင်နိုင်ပါသည်။
    အချုပ်ဆိုရလျှင် ယနေ့ ရိုဟင်ဂျာ၏ မူလအစသည် ထိုဖြစ်ရပ်မှ
    မြစ်ဖျားခံလာသည်ဟု ဆိုနိုင်ပါသည်။

    တစ်ဖန် အေဒီ (ရ၈၈-ခု )မဟာထိုင် စန္ဒယား မင်းကြီးလက်ထပ်တွင် အာရပ်ကုန်သည်
    သင်္ဘောများ ရမ်းဗြဲကျွန်း အနီးတွင် ပျက်သွားရာမှ အကူအညီတောင်းလာသော
    အာရပ်များကို အာရ်ကန်၏ တစ်ခြားနေရာ မြို့ရွာများတွင် နေရာချပေးခဲ့သည်။
    ဤသည် မှာ ရိုဟင်ဂျာများ ရေးသော သမိုင်းအထောက်အထားများမှ
    ကောက်ယူခြင်းမဟုတ် (၁၉၅၇-ခုနှစ် နှင့် ၁၈၇၉-ခုနှစ်) တွင် ထုတ်ဝေခဲ့သော
    Burma Gazetteers(Akyab District) နှင့် British Burma Gazetteers တို့မှ
    ကောက်နုတ်ချက်ဖြစ်သည်။

    အေဒီ ၁၄၃ဝ ခုနှစ်တွင် ဗိုလ်ချုပ် ဝလီခန် နှင့်ပါလာသော စစ်သည်
    ငါးသောင်း(Bangladesh District Gazatteers,p-63)၊ ဗိုလ်ချုပ်
    စန္ဒွီခန်နှင့် ပါလာသော စစ်သည်များ(Journal of Burma Research Society
    No.2,p-493) သည် ရာစုနှစ် အဆက်ဆက် Arakan ကိုအုပ်ချုပ်
    လာခဲ့သည်။ဤသည်များမှာ များစွာသော သမို်င်းအထောက် အထားများမှ အချို့သာ
    ဖြစ်သည်။

    သမိုင်းဆရာ Morris Collis ၏ အဆိုအရ တိဗက်-မြန်မာ အနွယ်ဝင်များသည် Arakan
    ကို India မှ ခွဲထုတ်၍ ဝေသာလီခေတ် နေထိုင်သူများနှင့် ရောထွေးသွားခဲ့ရာမှ
    Indo-Mongoloid ဟုခေါ်သော ရခိုင် လူမျိုးဖြစ်ပေါ်လာခဲ့သည်။ ဤအဖြစ်အပျက်မှာ(
    AD-၉၅၇) ခုနှစ်တွင် ဖြစ်ခဲ့သည်။

    အထက်ပါ သမိုင်းထောက်အထားများကို ကြည့်ခြင်းအားဖြင့် Arakan တွင်
    ရှေးပဝေသဏီကပင် နေထိုင်လာခဲ့ကြသူများမှာ ရခိုင်များလား…?
    ရိုဟင်ဂျာများလား…? ရခိုင် နှင့် ရိုဟင်ဂျာ နှစ်ခုစလုံးများလား
    ထင်ရှားစွာ သိမြင်နိုင်ပါသည်။

    ထို့ကြောင့် နှစ်ပေါင်းများစွာကပင် ရခိုင်လူမျိုးများထက်စော၍ Arakan တွင်
    ရောက်ရှိ အခြေချ နေထိုင်လာခဲ့သော ရိုဟင်ဂျာလူမျိုးများသည် မိမိတို့
    ဘိုးဘွားစဉ်ဆက် နေထိုင်ကျက်စားရာ Arakan ကို Arakan ဟုသုံးခြင်းသည်
    အလွဲသုံးစားခြင်း မဟုတ်၊လုယူခြင်းလဲ မဟုတ်၊နာမည် ဖျောက်ဖျက်လိုခြင်းလဲ
    မဟုတ်ပါ။ ရက်စက်သော စစ်အစိုးရ အဆက်ဆက်၊အယူဝါဒ ကျဉ်းမြောင်းသော လူမျိုးရေး
    ဝါဒီများ၏ ကိုယ်ကျိုးဖက် လူမဆန်ခြင်းကြောင့် လူသား
    အခြေခံအခွင့်အရေးများပါ နစ်နာဆုံးရှုံးခြင်း ခံနေကြရသော ရိုဟင်ဂျာ
    လူထုတစ်ရပ်လုံး၏ အခွင့်အရေးကို ပြန်ရယူပြီး Sister Community ဖြစ်သော
    ရခိုင်လူမျိုးများ နှင့် အေးချမ်းစွာ နေထိုင်နိုင်ရန် မျက်မှောက်ခေတ်၏
    ဘောင်စည်းမျဉ်း၊စည်းကမ်း နှင့်အညီကြိုးစား ရုန်းကန်ခြင်းသာ ဖြစ်ပါသည်။

    Arakan တွင် ဘိုးဘွား စဉ်ဆက်နေထိုင်လာခဲ့သော လူမျိုးများသည် အမိမြေကို
    Arakan ဟု သုံးနုံးလျှင် ဘယ်ဥပဒေကမှ အပြစ်ပေး အရေးယူ၍ မရပေ။ အယူဝါဒ
    ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီများကြောင့် ထိုကဲ့သို့
    မဟုတ်မမှန်ရေးသားပြီး တကမ္ဘာလုံးအား မျက်စိမှိတ်၊နားပိတ်ရန် ကြိုးစားနေကြ
    ခြင်းဖြစ်သည်။

    “ဆဠမစာပိုဒ် “

    ကမ္ဘာတစ်ဝှမ်းက ရခိုင်အမျိုးသားတို့ကို Arakanese ၊ ရခိုင်ပြည်ကို Arakan
    မြေပုံများတွင်လဲ Arakan ဟုသာ ယနေ့ထိ Arakan နှင့် Arakanese တို့သည်
    ဗုဒ္ဓဘာသာဝင်များဖြစ်သည်၊ ဘဂါင်္လီလူမျိုးတစ်ခုသည် Arakan နှင့်ပက်သက်သော
    သမိုင်းများ၊စာအုပ်များကို လိမ်ညာ ဖြန့်ချီ….။

    “ချေပချက်”

    မည်သည့် သမို်င်းဆရာကမျှ ရခိုင်အမျိုးသားတို့ကို Arakanese ဟူ၍
    သုံးခဲ့သည်မရှိပါ။ Magh ဟူ၍သာ ရှိသည်။ ရခိုင်သည် Magh ၏ updated version
    ဖြစ်သည်။ Arakanese ဟုဆိုလျှင် Arakan တွင်လူမျိုးအားလုံးကို
    ဆိုလိုသည်။Hindu,Muslim,Buddist အားလုံးအကျုံးဝင်သည်။ မြေပုံတွင် Arakan
    ကိုသုံးခြင်းသည် မဆန်းပါ…။Arakan ကိုသုံးခြင်းဖြင့် Arakan သည်
    ရခိုင်လူမျိုးအတွက်ချည်းသာ ဖြစ်မသွားပါ။ယခု အချိန်အထိ ကမ္ဘာ့ပညာရှင်
    မည်သူကမှ Arakan နှင့် Arakanese တို့သည် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်သည်ဟု
    မှတ်ချက်မပေးပါ။ သိလဲမသိကြပါ။ရိုဟင်ဂျာ လူမျိုးများသည် မိမိတို့၏
    သမိုင်းဖြစ်ရပ်အမှန်ကို ရေးခြင်းသာဖြစ်သည်။ဤသို့
    ရေးရာတွင်၊ဖြန့်ချီရာတွင် ရိုဟင်ဂျာမဟုတ်သော သမိုင်းဆရာများ၏ အမြင်နှင့်
    မဆန့်ကျင်ပါ…။

    သမိုင်းဆရာ Dr.သန်းထွန်း၏အဆိုအရ (၁၄၄၂-ခု) ကျောက်စာပါ အချက်များကို
    ကိုးကား၍ အာရ်ကန် မင်းများတွင် မူဆလင်ဘွဲ့ နာမည်များ ရှိခဲ့သည်။
    ထိုမူဆလင် ဘုရင်များမှာ နတ်မြစ် အရှေ့ဘက် နှင့် ကုလားတန်မြစ် အနောက်ဘက်
    မေယုတောင်ကြားက ရိုဟင်ဂျာတွေဖြစ်တယ်။သူတို့ အဲဒီ ဒေသမှာ နေထိုင်လာခဲ့ကြတာ
    နှစ်ပေါင်းထောင်ကျော်ပြီလို့ပြောတယ်။ ပိုမိုသိလိုလျှင် ဒေါက်တာ
    သန်းထွန်း-Kalya Magazine p-27,1994,August ကိုကြည့်ပါ။ထိုကြောင့်
    ရိုဟင်ဂျာများသည် သမိုင်းကို လိမ်ညာဖြန့်ချီခြင်း မဟုတ်
    ရခိုင်လူမျိုးများသည်သာလျှင် ရိုဟင်ဂျာ၏ သမိုင်းဖြစ်ရပ်အမှန်ကို
    လက်မခံလိုခြင်းကြောင့် ဖြစ်ရပ်မှန်ကို လိမ်ညာလှည်းစားခြင်းဖြစ်သည်။

    “အဠမစာပိုဒ်”

    ဘင်္ဂလီလူမျိုးတို့သည် တဖြည်းဖြည်း ရခိုင်လူမျိုးတို့၏ နေထိုင်ရဒေသ၊
    လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ၊ ဘဝရပ်တည်ရာ
    ဝမ်းစာရှာဖွေရေးလုပ်ငန်းများ၊ သဘာဝအရင်းအမြစ်များကို ဝါးမျိုလာသည်မှာ
    ဒေသခံရခိုင်လူမျိုးများအဖို့ ဘဝရပ်တည်မူ မရနိုင်အောင် ဖြစ်လာနေပါပြီ…။
    ရခိုင်လူမျိုးတို့၏ လူ့အခွင့်အရေးကို ကျူးေကျော် ချိုးပေါက်ခံလာရသည်မှာ
    နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

    “ချေပချက်”

    အထက်ပါ မလိုတမာ ဝေဖန် ရေးသားမှုသည် တကယ်ဖြစ်ပျက်နေသာ Arakan ၏ ရိုဟင်ဂျာ
    ဖြစ်ရပ်ခံစားမူနှင့် လုံးဝဆန့်ကျင်နေသည်။ ရိုဟင်ဂျာလူမျိုးတို့
    ဘိုးဘွားစဉ်ဆက်ကတည်းက ပိုင်ဆိုင် လုပ်ကိုင်လာသော လယ်ယာမြေများ၊
    ဥယျာဉ်ခြံမြေများကို သိမ်းပိုက် ဝါးမျိုးနေသည်မှာ ဘင်္ဂလားမှ ဝင်လာသော
    ဘဂါင်္လီ ဗုဒ္ဓဘာသာဝင် လူမျိုးများ ၊ ရန်ကုန် အင်းစိန် ကျူးကျော် ရပ်ကွက်မှ
    နေရာချပေးသော ဗမာလူမျိုးများ နှင့်စစ်အစိုးရတို့ပင် ဖြစ်သည်။

    ၁၉၉ဝ ခုနှစ် ဝန်းကျင်မှ စ၍ ရိုဟင်ဂျာ ပိုင်လယ်ယာမြေများ သိမ်းယူကာ
    တဘက်နိုင်ငံမှဝင်ရောက်လာသောဗုဒ္ဓဘာသာ မော့ဂ် များအတွက် အိမ်အသင့်
    လယ်အသင့် မြေအသင့် ရိုဟင်ဂျာများက တည်ဆောက်ပေးနေရသည်။ ဥပမာ
    မောင်တောမြို့ တောင်ပိုင်း နှင့် မြောက်ပိုင်းတွင် ထိုကဲ့သို့ စံပြ
    ကျေးရွာများကို တွေ့ရှိရမည်ဖြစ်သည်။မောင်တောမြို့၊မြို့မ ကညင်တန်းရှိ
    မူဆလင် ဘာသာရေး မောရ်ကောစ် ဗလီ ကျောင်းကြီးကို ဖျက်ဆီး၍ မီးသတ်တပ်ဖွဲ ဌါန
    အဖြစ်အသုံးပြုနေသည်။ ထိုဗလီကျောင်းကြီး၏ Mehrab ကို အိပ်သာအဖြစ်
    သုံးနေသည်။ မောင်တောမြို့ အထက်တန်းကျောင်း အနောက်ဘက်ရှိ ရိုဟင်ဂျာ
    အိမ်ခြံများကို သိမ်းပိုက်ယူခဲ့သည်။ ဘူးသီးတောင်မြို့မှ
    မောင်တောမြို့သို့ အဝင်ဝတွင် ရှိသော ရိုဟင်ဂျာပိုင် လယ်မြေများကို
    သိမ်းယူပြီး ဘုရားတည်ခဲ့သည်။ အလယ်သံကျော်မှ မြို့မ ကညင်တန်း အဝင်တွင်
    ဘင်္ဂလားဒေ့ချ် ဘုန်းကြီးကျောင်းတိုက်ကို ရိုဟင်ဂျာတို့၏ လယ်မြေများပေါ်တွင်
    သိမ်းယူတည်ထောင်ခဲ့သည်။

    တဖန် စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်တည်ရှိရာ နေရာသည်
    ရိုဟင်ဂျာမူဆလင်တို့၏ အိမ်ခြံမြေဖြစ်သည်။ စစ်တွေမြို့မ ဗလီကြီး၏
    မြောက်ဘက်တွင် မီးလောင်ရာမှ ဖျက်ဆီး သွားသော ရိုဟင်ဂျာပိုင်
    အိမ်ယာမြေများကို သိမ်းယူပြီး လူမျိုး ရခိုင်များအတွက် ဆိုင်ခန်း၊
    ယဉ်ကျေးမှုပြတိုက် စသည် တို့ကိုတည်းဆောက်ပေးခဲ့သည်။

    ထိုမှတစ်ပါး ၁၉၉၄-ခုနှစ်တွင် မင်းပြား နှင့် မြောက်ဦးမြို့နယ်များမှ
    ရိုဟင်ဂျာလူမျိုးများ၏ အိမ်ခြံမြေယာများကို သိမ်းယူးပြီး
    ထိုရိုဟင်ဂျာလူမျိုးများကို မောင်တောမြို့သို့ အိုးမဲ့အိမ်မဲ့ ဘဝသို့
    ပို့ဆောင်ပေးခဲ့သည်။ ထိုမိသားစုမျာားကို ယ္ခုထက်တိုင်
    မောင်တောမြို့တောင်ပိုင်းရှိ ကျေးရွာများတွင် တွေ့နိုင်ပါသည်။

    အထက်ပါ အချက်အလက်များသည် ခိုင်လုံသော အထောက်အထားများဖြစ်ပြီး အများစုထဲမှ
    အနည်းအကျဉ်းကို တင်ပြခြင်းဖြစ်သည်။

    အထက်ပါ တင်ပြချက်များကို ကြည့်ခြင်းအားဖြင့်
    လူအခွင့်အရေးချိုးဖောက်ခံရသူများမှာ ရခိုင်တွေလား ရိုဟင်ဂျာတွေလား
    သိသာနိုုင်ပါသည်။အစိုးရ နှင့် ရခိုင်လူမျိုးတို့၏ နေ့စဉ်မပြတ် ရက်စက်
    ချုပ်ချယ်မှုကို ခံနေရသူများမှာ ရိုဟင်ဂျာများပင်ဖြစ်သည်။ ရိုဟင်ဂျာ
    တို့၏ နေထိုင်ရဒေသ၊ လယ်ယာမြေများ ဥယျာဉ်ခြံမြေများ ကိုသိမ်းယူနေသူများမှာ
    ရခိုင်လူမျိုးများနှင့် စစ်အစိုးရတို့ပင်ဖြစ်ကြသည်။ ရိုဟင်ဂျာလူမျိုးတို့
    ဘဝရပ်တည်မူ မရနိုင်အောင် ချုပ်ချယ် ကန့်သက် ဖိနှိပ် ရက်စက်နေသူ များမှာ
    ရခိုင်နှင့် စစ်အစိုးရတို့ပင် ဖြစ်ကြသည်။

    “နောက်ဆုံး စာပိုဒ်”

    ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများသည် ကမ္ဘာ့ ယဉ်ကျေးမှုပိုင်
    အဆောက်အအုံးများ ဖြစ်ပါသည်။လူရမ်းကား လူလိမ် ဘင်္ဂလီတစ်ချို့ကြောင့်
    ရခိုင်ပြည်ရှိ ဗုဒ္ဓသာသနာ အဆောက်အအုံးများသည် ပျောက်ကွယ်ရတော့မည်…။

    “ချေပချက်”

    ယခုမျက်မှောက်ကာလတွင် မည်သည့် ရခိုင်ဘာသာရေး အဆောက်အအုံးများကို တစ်ခြား
    ရခိုင်မဟုတ်သော လူမျိုးများမှ ဖျက်ဆီးခြင်း မရှိပါ။ ရခိုင်လူမျိုးများ
    နှင့် စစ်အစိုးရ ပူးပေါင်း၍ ရိုဟင်ဂျာလူမျိုး အိစ္စလာမ်ဘာသာဝင်တို့၏
    ဗလီကျောင်းများ၊သမိုင်းဝင်နေရာများကို
    ဖျက်ဆီးခြင်းများ၊သိမ်းပိုက်ခြင်းများ ပြုလုပ်လာခဲ့သည်မှာ
    နှစ်ပေါင်း(၅၀)ကျော်သွားပြီးဖြစ်သည်။

    ဥပမာပြရလျှင် မောင်တောမြို့ မြို့မကညင်တန်းရှိ မေရ်ကောစ်
    ဗလီကြီး၊မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ
    ဗလီကျောင်းများ၊မြောက်ဦးမြို့ရှိ စနီ္ဒခန် ဗလီကြီးများကို စစ်အစိုးရ
    အဆက်ဆက်က ပျက်စီးပြီး ရိုဟင်ဂျာ သမိုင်းဝင် အမှတ်အသားများကို တိမ်ကော
    မှေးမှိန် သွားအောင် ပြုလုပ်လျှက်ရှိနေသည်။ယ္ခု စစ်တွေမြို့ လောကနန္ဒာ
    ဘုရားတည်ရှိရာ နေရာသည်လည်း ရိုဟင်ဂျာမူဆလင်များ၏ အိမ်ယာမြေများ၊
    ဗလီကျောင်းများကို ဖျက်ဆီးသိမ်းပိုက်ပြီး ဘုရားတည်ထားခြင်းဖြစ်သည်။

    သမိုင်းဝင်သာသနာ့ အဆောက်အအိုများ ပျောက်ကွယ်အောင်
    ကြံစည်ဖန်တီးနေသူများမှာ ရခိုင်ပဲလား….စစ်အစိုးရနဲ့ရခိုင်ပဲလား….
    သိသာမြင်ရှုနိုင်ပေသည်။

    ထို့ကြောင့် အနည်းဆုံး နှစ်ပေါင်း (၁၂၀၀) ခန့်ကပင် Arakan တွင်ရှိနေသော
    ရိုဟင်ဂျာများသည် Arakanese Rohingya ဟုမသုံးနှိင်လျှင်
    ရခိုင်များသည်လည်း Arakanese ဟုမသုံးနိုင်ပေ။ ရိုဟင်ဂျာ သည်ဘင်ဂါလီ
    ဖြစ်လျှင် ရခိုင်များသည် သမိုင်းအထောက်အထားများအရ ရိုဟင်ဂျာ ထက်စော၍
    Indian ကုလားဘင်ဂါလီ ဖြစ်သည်။

    အထက်ပါ အချက်အလက်များကို ထောက်ရှုခြင်း အားဖြင့် ရခိုင်တိုင်ရင်းသားများ
    တိုးတက်ရေးပါတီမှ ထုတ်ပြန်သော ကြေငြာချက်သည် အခြေအမြစ် မရှိ၊လူမျိုးရေး
    မုန်းတီးမူဝါဒီများ၏ လုပ်ရပ်သာဖြစ်ကြောင့် သက်သေပြအပ်ပါသည်။

    Sources:

    Rohingyas are not British era settlers, summery of the facts from the
    Rohingyas of Arakan,AFK Jilani

    A Short History of Rohingyas and Kamans of Burma, M.A Tahir Ba Tha
    (translated by A.F.K Jilani, edited by Mohd. Ashraf Alam)

    ကိုယ်တွေ.ဖြစ်ရပ်များ

    Posted in: မျိုးချစ်မောင်

  • ရွှေအိမ်စည်

    October 26, 2011 at 9:12 pm

    ကျန်ခဲ ့လိုဗျာ….ထပ်ပြောချင်ပါတယ်….

    ကျနော်မှာသူငယ်ချင်းတစ်ယောက်ရှိခဲ ့ပါတယ်…Stateless တစ်ယောက်ပါ….
    အသက်..၂၅ နှစ်…
    ပညာတတ်တယ်ဗျာ….
    ကျနော်သတ်မှတ်တဲ ့ပညာဆိုတာက..စာသင်ခန်းထဲ ကဒီဂရီတွေ မဟုတ်ရပါဘူး..

    အတွေးအခေါ်ပိုင်း..
    ဘာသာပြန်စွမ်းရည်…
    အသိသညာပါ…..

    ကျနော်ကတော့….တိုင်းပြည်အတွက်အဖိုးတန်သံယံဇာတအနေနဲ ့ပေါ့
    တွေးရင်တောင်နှမြောတယ်…(ဒ့ါကကျနော ့အမြင်ပါဗျား)
    ဘယ်နိုင်ငံသားဆိုစေအုံးတော့….statelessဖြစ်နေတဲ ့ဘဝကိုပါ….
    ဘယ်နိုင်ငံဘယ်နေရာဘဲရောက်ရောက်…၆ ရက်ထက်နေပိုင်ခွင့်မရှိတဲ ့ဘဝကို…
    ကျနော်ကစာနာမိပါတယ်…(ဒါကအငြင်းပွားခြင်းမဟုတ်ဘဲ..ကျနော်ကသူငယ်ချင်းအတွက်ပျော်မိတာပါဗျား.၊ ဒီနိုင်ငံမှမဟုတ်ပါဘူး..တဘက်နိုင်ငံကလည်း..သူတို ့ကိုလက်ခံခဲ ့ရင်ပျော်မိမှာပါ…
    ဒ့ါပေမယ့်ကျနော်..သိရသလောက်တော့သူတို ့ကမြန်မာဘဲဖြစ်ချင်ကြတယ်…)
    ကျနော့်ဉာဏ်ကသေးနုပ်လို ့ဒီလိုတွေးမိတာလား…
    လူကိုလူလို ့ဘဲမြင်မိတာကြောင်းများတော့မသိရပါဘူးဗျား

    လေးစားသော
    ရွှေအိမ်စည်

  • စည်သူ အောင်

    October 26, 2011 at 11:12 pm

    ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြုထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိကိုမိမိ ရိုဟင်ဂျာဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ဝင်ရောက်လာသော မူဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။

    ၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,၀၀ဝ ရှိခဲ့ရာမှ ၁၉၃ဝ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအား လုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂျ်ပူသို့ထွက်ပြေးခဲ့ကြရ သည်။

    ၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့သည် အနောက် ပါကိစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ပါကိစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။

    သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။
    ၁၃၊ ၅၊ ၈၈ – နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ဝိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။

    ၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများအား မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ်သည်။ လက်ရှိအဖြစ်အပျက်များနှင့် တိုက်ဆိုင်၍ အောက်ပါ ဆောင်းပါးဖြင့် ချေပတင်ပြလိုက်ရပါသည်။

    လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှ
    ရိုဟိန်ဂျာဟူသောအသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉ဝ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ်ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများလည်းMedia များမှ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုးတင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင်လာကြပါသည်၊၊
    မှတ်မိသလောက်၊ ၁၉၉ဝ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊ ၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်းဘင်္ဂလားဒေ့(ချ်) ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက် ညှင်းပမ်းမှုကြောင့် လူ (၂၀၀,၀၀၀) ကျော်ထွက်ပြေးရကြောင်း စာရင်းပြကာ ရိုဟိန်ဂျာ အမည်ကိုကမ္ဘာကျော် အောင်နည်းမျိုးစုံ လုပ်ကြံဖန်တီးလာကြ ပါသည်။ ၁၉၉ဝ တွင် မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ရသလိုလို လိမ်လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေး အစွန်းရောက် တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်းတွင်အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီဖြစ်သည်။

    အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင်လာခါစ၌ စီးပွားရေးနှင့် ဘဝရပ်တည်ရေး ရည်မှန်းချက်သာရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ဝင်လာမှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊ ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရပြီးနောက် ဘာသာရေးအစွန်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက်သို့ ဦးတည်လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။ စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီမူဆလင်များ သည် ယနေ့ထက်ထိလည်း ရခိုင်ပြည်ထဲနည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက မြန်မာ အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်ပြည်၏ စီးပွားရေး ချုပ်ကိုင်ဖို့ကြိုးစားနေကြသည်ကိုတွေ့ရှိ ရပါသည်။

    • ဘဘ

      October 27, 2011 at 1:25 am

      စည်သူ အောင် …

      ခုလိုမျိုး သမိုင်းကြောင်းနဲ့တကွ ရှင်းပြ(ရေးပြတာ) အလွန်ကောင်းပါတယ်။

      ကျနော်က သမိုင်းလေ့လာသူမဟုတ်လို့ သေချာမသိပေမဲ့၊ ကျနော်သင်ဖူးတဲ့၊ကြားဖူးတဲ့သမိုင်းမှာတော့ ရိုဟိန်ဂျာ ဆိုတာကို မြန်မာလို့ (မြန်မာနိုင်ငံကလို့) မသိဘူး၊မကြားဘူးပါ။ wikipaedia ဆိုက်မှာရေးထားတဲ့ ကမာ႓ အသိအမှတ်ပြု မြန်မာ့သမိုင်းမှာလဲ အဲဒီရိုဟိန်ဂျာတွေမပါပါဘူး။

      အပေါ်က တယောက်က ”ခင်ဗျားပြောသလို ရန်ကုန်ကရခိုင်တွေ ဗြိတိန်သံရုံးကိုသွား
      ကန်.ကွက်ဆန္တပြမယ်ဆို …… အံဖွယ်ပါဘဲ အရှက်ကွဲလိမ်.မယ်” တဲ့။ ဘာကိုရှက်စရာလို့ထင်တုံး၊ ကိုယ့်မြေကို့ရေ(ကိုယ်အိမ်ကိုယ့်ယာ) မှာနေ ရင်းထိုင်ရင်း စော်ကားတာကိုခံမှာလား၊ ကိုယ်အိမ်ကိုယ့်ယာ မှာဆွေစဉ်မျိုးဆက်နေခဲ့တာကို ခုမှ ဒါမင်းအိမ်မဟုတ်ဘူး ပြောရင်ရော၊။
      ရခိုင်လူမျိုး တွေခုလိုပဲခံစားရမှာပေါ့။

  • Gipsy

    October 27, 2011 at 1:58 am

    (အရှက်ကွဲလိမ့်မယ် ) အရေးအသား မကြိုက်ပေါင်..၊
    လုပ်သင့်လုပ်ထိုက်တာ လုပ်သင့်တယ် ထင်တာပါပဲ…၊
    မှန်တယ် / မှားတယ် ဆိုတာ တစ်ကယ့်သမိုင်းက သက်သေပြပါလိမ့်မယ်…၊
    ( ထင်ရာစိုင်း ပါးစပ်သမိုင်းကို မဆိုလိုပါ)

  • စည်သူ အောင်

    October 27, 2011 at 3:30 am

    ဆရာ အဏ္ဏဝါစစ်သည် ရေးခဲ့တဲ့ ဆောင်းပါးလေးပါ။
    အဏ္ဏဝါစစ်သည်
    ( နိုင်ငံတကာမှာ ပြောဆိုနေတဲ့ ရိုဟင်ဂျာဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး စစ်သည်ဟောင်း တစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့ အကြုံတစ်ခု ဖြစ်ပါတယ်။ မျိုးချစ်စိတ် ရှိသူများအတွက် မျှဝေပေးလိုက် ပါတယ်။ )
    သမိုင်းတစ်ကွေ့ နို်င်ငံရေး အတွေ့အကြုံများ အကြောင်းရေးဖို့ အချက်အလက်တွေ ပြန်ရှာနေ တုံး ရေဒီယိုမှာ၊ အင်တာနက်မှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုတာတွေ ကြားရသည်။ အစိုးရကို ဆန့်ကျင် နေ သူများကလည်း ဘာဖြစ်ဖြစ် အစိုးရကို ဆော်ဖို့အခွင့်အရေးရင် မနည်းဘူးဆိုပြီး ရိုဟင်ဂျာတွေကို ဂရုဏာသက်စရာ အဖိနှိပ်ခံများအဖြစ် ဘေးတီးပေးကြသည်။ ထိုလုပ်ရပ်သည် မည်မျှ အန္တရာယ်ကြီး သည်ကို ထိုသူတွေသိပါရဲ့လား။ ကျွန်တော် ဝန်ထမ်းဘဝ တစ်လျှောက်တွင် နှစ်အတော်များများ ရခိုင် ပြည်နယ်မှာ နေခဲ့သဖြင့် ဒီပြဿနာကို ထိတွေ့ခဲ့ရသဖြင့် သိသမျှကို ဝေမျှလိုက်ပါသည်။ ဘယ်သူမှန် ပြီး ဘယ်သူမှားသည်ကိုတော့ စာဖတ်သူ လူငယ်များသာ စဉ်းစားကြပါ။

    ပထမဆုံး ပြောလိုသည်က ရိုဟင်ဂျာဆိုသော စကားလုံးဖြစ်သည်။ ယနေ့ ရိုဟင်ဂျာကို မူဆလင်ဘာသာဝင် လူမျိုးတစ်မျိုးအဖြစ် ပြောနေသည်။ ကျွန်တော် စိန်ခေါ်လိုပါသည်။ မြန်မာဘုရင် လက်ထက် စစ်တမ်းတွေ၊ အင်္ဂလိပ် ဂေဇက်တီးယားတွေ၊ သမိုင်းတွေ၊ လွတ်လပ်ရေး ရပြီးခေတ် မှတ် တမ်းတွေမှာ ရိုဟင်ဂျာ လူမျိုးဆိုသည့် စကားလုံး ရှာကြည့်စမ်းပါ။ ဘယ်တော့မှ တွေ့မည်မဟုတ်၊ အင်္ဂလိပ် လက်ထက်က ကောက်ခဲ့သော သန်းကောင်စာရင်းများ၊ လွတ်လပ်ရေး ရပြီးနောက် ကောက်ယူခဲ့သည့် သန်းကောင်စာရင်းများတွင် ရိုဟင်ဂျာလူမျိုးဟု မရှိပါ။ ရိုဟင်ဂျာဆိုသော စကားလုံးမှာ စစ်တကောင်း ကုလားများက ရခိုင်ပြည်သားများကို ခေါ်သည့် ရိုဟင်ရှာ ဆိုသည့် စကားက လာခြင်းဖြစ်သည်။ ဘင်္ဂလားကုလားများက သူတို့ကိုယ်သူတို့ ရခိုင်ပြည်သား နံမည်ခံလိုသဖြင့် ဒီစကားကို ၁၉၅ဝ ပြည့်လွန်နှစ်များတွင် တီထွင်ခဲ့ခြင်းဖြစ်သည်။ ဒီ့အရင်က ဒီကုလားများအတွက် နံမည်ရှိပြီးသား ဖြစ်သည်။ ဒါကတော့ ကုလားဆိုး သို့မဟုတ် မူဂျာဟစ်များ ဖြစ်သည်။ ဒီကုလားဆိုးတွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်လာခဲ့သနည်း ။

    ဘင်္ဂလားပြည်နယ်နှင့် နယ်ချင်းဆက်နေသည့် ရခိုင်ပြည်နယ်တွင် ယခင်က မူစလင်ကုလားများ ရှိခဲ့သည်။ သို့သော် ဒီလူတွေက ဒေသခံများမဟုတ်။ ရခိုုင်ဘုရင်များ စစ်နိုင်သဖြင့် ဖမ်းလာခဲ့သူများ၊ ရခိုင်လယ်ယာ မြေများတွင် အလုပ်ကြမ်းလာ လုပ်သူများဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂလားကုလား သုံးသောင်းကျော် ရှိသည်ဟု ဖော်ပြခဲ့ဖူးသည်။ အင်္ဂလိပ်လက် အောက်ရောက်သောအခါ မြန်မာနိုင်ငံသည် အနိ္ဒယနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အခါ ကုလားတွေ တံခါးမရှိ၊ ဓားမရှိဝင်လာကြသည်။ ဆင်းရဲတဲ့ ကုလားတွေက လယ်ကူလီ လုပ်သည်။ ချမ်းသာတဲ့ ကုလားက ငွေတိုးချေးစားသည်။ အင်္ဂလိပ်က စူးအက် တူးမြောင်းကြောင့် စပါးဈေးကောင်းတော့ လယ်သစ်တွေဖော်ဖို့ ကုလားတွေ ခေါ်လာသည်။ ထိုအချိန်က တစ်နှစ်ကို နှစ်ကြိမ် ဘင်္ဂလားက ကုလားတွေကို သဘောင်္နဲ့ သွင်းကြောင်း။ သဘောင်္ခကို အထူးနှုန်း သတ်မှတ်ပေးခဲ့ကြောင်း ရှေ့မီနောက်မှီ ရခိုင်လူကြီးများက ရှင်းပြဖူးသည်။ သေချာသည်ကတော့ အင်္ဂလိပ်လက်အောက်ရောက်စ ၁၈၃၂ ခုနှစ် စာရင်းအရ လူဦးရေ တစ်သိန်းခွဲရှိသည့် ရခိုင်ပြည်နယ်သည် ၁၉၃၂ ခုနှစ် သန်းကောင်စာရင်းအရ စစ်တွေခရိုင် တစ်ခုတည်း၌ပင် လူဦးရေ ခုနှစ်သိန်းခွဲ ရှိနေတာတွေ့ရ၏။ ထိုကဲ့သို့ ချက်ခြင်း တိုးလားသည့် လူများမှာ အင်္ဂလိပ်တို့ နေရာချပေးခဲ့သည့် ဘင်္ဂလား ကုလားများပင် ဖြစ်သည်။
    ထိုကဲ့သို့ တိုးလာသည့် ကုလားအများစုမှာ ဘင်္ဂလားဒေ့ရ်ှနှင့် နယ်နမိတ်ချင်း ဆက်နေသည့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် နေထိုင်ကြသည်။ ထိုအချိန်က ထုတ်ခဲ့သည့် အင်္ဂလိပ် အစိုးရ ဘားမားဂေဇက် စာအုပ်တွင် ၁၈၇၁ ခုနှစ်တွင် မောင်တော မြို့နယ်၌ မူဆလင် ကုလားနှစ်သောင်း ရှစ်ထောင်ကျော် ရှိရာမှ ၁၉၁၁ ခုနှစ်တွင် ကုလား တစ်သိန်းခုနှစ်သောင်းကျော် ဖြစ်လာသည်ဟု ဆိုသည်။ ထိုဒေသတွင် ရောက်လာသော ကုလားများမှာ တစ်ဖြေးဖြေးနှင့် ရခိုင်များကို မောင်းထုတ်ရန် ကြိုးစား လာခဲ့သည်။

    ယနေ့အထိ ရခိုင်လူမျိုးတို့ မေ့မရသည့် ကိစ္စတစ်ခုမှာ ၁၉၄၂ ခုနှစ် ရခိုင်- ကုလား အဓိကရုဏ်း ဖြစ်သည်။ ရခိုင်ပြည်နယ်မှ အင်္ဂလိပ်တပ်များ ဆုတ်ခွာသွားပြီး ဘီအိုင်အေတပ်များ ရောက်မလာမီ ကြားတွင် ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မောင်တောနယ်တွေမှာ ရှိသည့် ရခိုင်ရွာများကို ဘင်္ဂလာလီ ကုလားများက မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများ လုပ်ခဲ့သည်။ ပြဿနာ အစမှာ မြေပုံမြို့နယ်တွင် ရခိုင်လူမျိုး သူကြီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ကုလားနှစ်ဦးကို ရွာသားများက သတ်ပစ်ရာမှ စခဲ့သော်လည်း နောက်ဆုံးတွင် နယ်စပ်ဒေသမှ ရခိုင်လူမျိုးများကို ယခုခေတ်အခေါ် လူမျိုးတုံး သတ်ဖြတ်ခြင်းဖြင့် အဆုံးသတ် သွားခဲ့ရသည်။ ဆုတ်ခွာသွားသည့် အင်္ဂလိပ် တပ်များက နယ်စပ်ဒေသ ကုလားများကို လက်နက်များ ထုတ်ပေးပြီး နယ်ခြားစောင့် တပ်သဖွယ် တာဝန်ပေးခဲ့ခြင်းကြောင့် အခြေအနေပိုဆိုး သွားခြင်းလည်း ဖြစ်သည်။ ထိုပြဿနာကြောင့် ရခိုင်လူမျိုး နှစ်သောင်းခန့် သေဆုံးသည်ဟု ရှေးလူကြီးများက ပြောကြ သော်လည်း အထောက်အထား မတွေ့ရ။ သို့သော် စစ်ပြီးခေတ် ကတ်စ်ဘီအစိုးရ အစီရင်ခံစာတွင် ထိုအချိန်က ရခိုင်ပြည်နယ် တောင်ပို်င်းသို့ ထွက်ပြေးလာသော ရခိုင်လူမျိုးများကို ပြန်လည် နေရာချ ပေးရာတွင် မူလက မောင်တောဒေသတွင် ရခိုင်ရွာ ၁၂၉ ရွာရှိခဲ့ရာ ၆၈ ရွာသာပြန်လည်ထူ ထောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုအချိန် ကစပြီး ဘင်္ဂလီ ကုလားတို့က ဘူးသီးတောင်၊ မောင် တော ဒေသတွင် လူများစု ဖြစ်သွားခဲ့သည်။

    မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် အန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် ကြိုးပမ်းမှု များလည်း တစ်ပြိုင်တည်း ပေါ်ခဲ့သည်။ ထိုသို့ဆောင်ရွက်စဉ် အနိ္ဒယနိုင်ငံထဲမှ မူဆလင် အများစု နေထိုင်ရာ ဒေသများကို ခွဲထုတ်ပြီး ပါကစ္စတန်နို်င်ငံ ထူထောင်ပေးရေး လှုပ်ရှားမှုများ ပေါ်လာ၏။ ထိုသို့ ဖွဲ့စည်းမည့် ပါကစ္စတန် နိုင်ငံတွင် ဘင်္ဂလားပြည်နယ်က အရှေ့ပါကစ္စတန် အဖြစ် ပါဝင်မည်ဖြစ်သည်။ ထိုအခါ ဘူသီးတောင်၊ မောင်တော ဒေသက ကုလားများကလည်း ထိုဒေသများကို ပါကစ္စတန်နှင့် ပူးပေါင်းရန် တောင်းဆိုမှုများ ပြုခဲ့သည်။ ၁၉၄ရ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သို့ လွတ်လပ်ရေး ဆွေးနွေးရန်အသွား အန္ဒိယနိုင်ငံတွင် ခေါင်းဆောင်ကြီး နေရူးနှင့် တွေ့ခဲ့သည့် အကြောင်း ကြားဖူးကြ ပါသည်။ သို့သော် ထိုခရီးစဉ်တွင် ဗိုလ်ချုပ်သည် ပါကစ္စတန်နို်င်ငံ သမ္မတဖြစ်လာမည့် အလီဂျင်းနားနှင့် တွေ့ခဲ့သည်ကို သိသူနည်းပေလိမ့်မည်။ တက္ကသိုလ်နေဝင်း၏ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ်တွင် ဗိုလ်ချုပ်နှင့် တွေ့ဆုံပြီးနောက် အလီဂျင်းနားက ဘူသီးတောင်၊ မောင်တော ဒေသကို ပါကစ္စတန်နိ်ုင်ငံအတွင်း ထည့်သွင်းရန် တောင်းဆိုမှုများကို လက်မခံကြောင်း၊ ထိုဒေသများသည် မြန်မာပိုင် ဖြစ်သည်ကို အသိအမှတ် ပြုကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

    ထိုတောင်းဆိုမှုများ မအောင်မြင်သည့်အခါ မူဂျာဟစ် အမည်ခံ ကုလားဆိုး သောင်းကျန်း သူများ ပေါ်လာသည်။ နယ်စပ်ဒေသတွင် အခြေခံပြီး ဘူးသီးတောင်၊ မောင်တော ဒေသကို သီးခြားပြည်နယ် ထူထောင်ဖို့ လုပ်ခဲ့သည်။ အစိုးရ စခန်းများကို တိုက်သည်။ ရခိုင်လူမျိုးများကို မောင်းထုတ်သည်။ တပ်မတော်ကလည်း ကေအင်ဒီအို အရေးနှင့် လုံးပန်းနေရသဖြင့် အမြစ်ပြတ်အောင် မတိုက်နိုင်၊ ၁၉၅၄ ခုနှစ်မှသာ နယ်စပ်ရှိ မူဂျာဟစ်တို့၏ တောင်ပြိုစခန်းကို သိမ်းပိုက် နိုင်ခဲ့သည်။ ထိုအချိန်က သတင်းစာများကို ပြန်ဖတ်လျှင် ၁၉၄၈ မှ ၁၉၅၄ အကြားတွင် ကုလားဆိုးဟု သတင်းစာများက ခေါ်သည့် မူဂျာဟစ်များ မည်မျှ ရက်စက်ခဲ့သည်ကို တွေ့နို်င်သည်။

    သို့သော် စစ်ရေးတွင် အရေးနိမ့်သွားသည့် ကုလားများက နိုင်ငံရေးနယ်တွင် ခေါင်းထောင်လာ ပြန်သည်။ ထိုကဲ့သို့ ခေါင်းထောင်နိုင်ခြင်းမှာမူ ဖဆပလတွင် တာဝန်ရှိပေသည်။ ထိုအချိန်က ရခိုင် ဒေသ ( ပြည်နယ်မဖြစ်သေး) တွင် ဖဆပလက အင်အားမကောင်းပဲ ရခိုင်တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးအဖွဲ့ ရတညက အင်အားကောင်းသည်။ ထိုအခါ ဖဆပလက ဘင်္ဂလီကုလားများကို ဖဆပ လအတွင်းဝင်ရန်နှင့် အမတ်အရွေးခံရန် ခွင့်ပြုခဲ့သည်။ ဤသို့ဖြင့် မှတ်ပုံတင်မရှိသော ကုလားများမှာ ကုလားသူကြီးက ထောက်ခံစာရေးပေးလျှင် မဲပေးခွင့်ရခဲ့သည်။ ထို့ကြောင့် အဒူဂေါ်ဖား၊ စူလတန် အာမက်၊ အဘူခိုက်၊ အဘူဘော်ရှော့ ဆိုသည့် မုတ်ဆိတ်ဖားဖား ကုလားများသည် ဖဆပလ အမတ်များ ဖြစ်လာသည်။ ကျန်းမာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် အဖြစ် စူလတန်မာမွတ် ဆိုသူဖြစ်ခဲ့ဘူးသည်။ လဝက အတွင်းဝန် ကုလားတစ်ယောက်လည်း ရှိခဲ့သေးသည်။ နံမည်မမှတ်မိတော့။ ကုလားကို လဝက အတွင်းဝန် ခန့်ခဲ့သည်ဆိုလျှင် ဘာတွေဖြစ်မလဲ စဉ်းစားသာ ကြည့်ပေတော့။ ထိုခေတ် ဖဆပလ အစိုးရက ရာသီအလိုက် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် အရှေ့ပါကစ္စတန်မှ ကုလားများကို ပါမစ်ဖြင့် ဝင်ခွင့်ပြုခဲ့သည်။ ထိုသို့ဝင်လာသူ အများစုက ပြန်မသွားပဲ ဘူးသီးတောင်၊ မောင်တောဒေသတွင် ကျန်နေခဲ့သည်။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရတက်မှသာ ထိုသို့ ပါမစ်ဖြင့် ဝင်ခွင့်ပြုခြင်းကို ပိတ်ပစ်ခဲ့ရသည်။ ရိုဟင်ဂျာ ဆိုသည့် စကားလုံးကိုလည်း ၁၉၅၁ ခုနှစ်တွင် ဖဆပလ အမတ်ဖြစ်နေသည့် ကုလားများက စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ သူတို့ သူတို့ကိုယ်သူတို့ ရခိုင်မူဆ လင်ဟု ဆိုသည်။ တကယ်တော့ ကုလားသည် ကုလား၊ ရခိုင်သည် ရခိုင်သာဖြစ်၏။ ရခိုင်လူမျိုးတွင် ဗုဒ္ဓဘာသာဝင်များသာရှိသည်။ မူဆလင်မရှိ။

    တော်လှန်ရေး ကောင်စီလက်ထက်တွင် နယ်စပ်ဒေသ၌ ခိုးဝင်မှုများ ရှိသေးသော်လည်း ယခင် ကလောက်မများတော့။ ကုလားဆိုးများလည်း နိဂုံးချုပ်သွားသည်။ သို့သော် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေအတွက် ပြည်သူများထံမှ အဆိုပြုချက်များတောင်းသည့်အခါ ဘူးသီးတောင်၊ မောင်တောက ကုလားများက ဘူးသီးတောင်၊မောင်တောဒေသကို မေယုတိုင်းဟု သီးခြားဖွဲ့စည်းရန်။ အလံတွင်လည်း ကြယ် ၁၄ လုံးအစား ၁၅ လုံးထည့်ပေးရန် စာတမ်းများပြုစုတင်ပြခဲ့သည်။ အတော်ပင် အရှက်မဲ့ ရဲတင်း သောလုပ်ရပ်ဖြစ်၏။

    ဤသို့ဆိုလျှင် ရိုဟင်ဂျာဆိုသည့် လူမျိုးရှိမရှိဆိုသည်ကို ရှင်းလောက်ပြီဟုထင်ပါသည်။ ထိုသို့ ခိုးဝင် အခြေချနေသည့် ကုလားများကို စိစစ်ရန်အတွက် လမ်းစဉ်ပါတီ အစိုးရ လက်ထက်က ၁၉၇၈ ခုနှစ်တွင် လည်းကောင်း၊ နဝတ အစိုးရ လက်ထက်က ၁၉၉၁ ခုနှစ်တွင်လည်းကောင်း မှတ်ပုံတင်စိစစ်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့လုပ်တိုင်း မှတ်ပုံတင်မရှိသည့်ကုလားများက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး ပြီး သူတို့ကို မြန်မာအာဏာပိုင်များက နှိပ်စက်သဖြင့် ထွက်ပြေးလာရပါသည်ဟု အော်သည်။ နှစ်ကြိမ် လုံးတွင် မြန်မာဘက်က လွတ်လပ်ရေးမရမီ ကာလထဲက မိဘများ မြန်မာနို်င်ငံတွင်နေခဲ့ကြောင်း အထောက်အထား ပြနိုင်သူများကို ပြန်လက်ခံခဲ့သည်။ ထိုအခါ ခိုးဝင်လာ သူတွေက ဒုက္ခသည် နံမည်ခံပြီး ဘင်္ဂလားဒေ့ရ်ှမှ ကျန်နေခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် ဟု နံမည်ခံလာကြသည်။ ရိုဟင်ဂျာတပ်ဦး ဆိုပြီး သောင်းကျန်းသူ အဖွဲ့ဖွဲ့သည်။

    အခု ထိုင်းမှာ၊ မလေးရှားမှာ ရှိနေသည့် ရိုဟင်ဂျာ ဆိုသူများသည် ဘင်္ဂလားဒေ့ရ်ှ မှ ထွက်ခွာလာသည့် ကုလားများသာဖြစ်သည်။ ထိုနို်င်ငံတွေကို သွားသလို မြန်မာနိုင်ငံထဲသို့လဲ ခိုးဝင်ဖို့ ကြိုးစား နေဆဲဖြစ်သည်။ ဒါ့ကြောင့်လဲ အစိုးရက နယ်စပ်မှာ လဝကတွေကို အများအပြား ချထားပြီး နယ်စပ် ဒေသကို ထိန်းသိမ်း နေရသည်။ သို့သော် ကုလားများက မြန်မာနို်င်ငံမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ များဖြစ်သည်၊ မြန်မာတို့က နှိပ်စက်သဖြင့် ထွက်ပြေးလာရပါသည်ဆိုပြီး ထို်င်းမှာ၊ မလေးရှားမှာ နို်င်ငံ ရေးခိုလှုံခွင့်ရအောင် ကုလားမူ၊ ကုလားချွဲလုပ်သည်။ ဘာအကြောင်းဖြစ်ဖြစ် မြန်မာအစိုးရကို တွယ်ဖို့ အခွင့်အရေးရလျှင် တော်ပြီဆိုသည့် အတိုက်အခံ များကလည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာအစိုးရ၏ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုအဖြစ် ပုံဖော်နိုင်အောင် မီဒီယာ ပေါ်တင်လာကြသည်။
    သို့သော် ယခုကိစ္စသည် တပ်မတော် အစိုးရနှင့်သာ သက်ဆိုင်သည့် ကိစ္စမဟုတ်၊ အမျိုးသား ရေးဖြစ်သည်။ သမိုင်းတစ်လျှောက် မြန်မာနို်င်ငံထဲကို နည်းမျိုးစုံဖြင့် ထိုးဖောက် လာခဲ့သည့် ကုလားများက သမိုင်းတွင် မရှိသည့် လူမျိုးစုနံမည်ကို ဖန်တီးပြီး မြန်မာနို်င်ငံထဲတွင် တရားဝင်ခြေကုတ်ယူဖို့ လုပ် လာခြင်းဖြစ်သည်။ ဒီမိုကရေစီ ပြဿနာ မဟုတ်ပါ။ လူ့အခွင့်အရေး ပြဿနာ မဟုတ်ပါ။ မိမိတို့ချင်း သဘောထား ကွဲပြားမှုများကို ဘေးချိတ်ပြီး ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း နို်င်ငံ တကာမျက်နှာစာမှာ ခိုင်ခိုင်မာမာ ရပ်တည်ရမည့် အချိန်ဖြစ်ပါ၏။

  • kai

    October 27, 2011 at 4:01 am

    ဘာဖြစ်လို့ ဒီအစ်ရှုးတွေ.. ဒီခေတ်.. ထိပ်ရောက်လာသလည်း… ဆိုတော့ကာ…
    (ယူအက်စ် သင့်ခ်တန့် အတွေးယူပြောရရင်..) လိုချင်လို့ပဲ..။

    ရခိုင်ပြည်နယ်(ကျောက်ဖြူနယ်)က… ဘီလီယန်ချီ ငွေရှာ(ငွေထွက်) နေပြီလေ…။
    ရခိုင်ကလည်း.. ပြည်နယ်..အဲဒီက နိုင်ငံပြန်လိုချင်လိမ့်မယ်..။
    ဘင်္ဂလီကလည်း.. ပေး..ပေး..မပေးပေး.. ဖြစ်လိမ့်မယ်..။
    နောက်က..
    အနောက်နိုင်ငံတွေနဲ့.. အာရပ်တွေ ကွန်ဖလစ်.. အဲဒီရွှေ့ယူနေတာပဲ..။

    ဒီလောက်ပဲ.. ဒီလောက်ပဲ..။ 😉

  • ကြောင်ကြီး

    October 27, 2011 at 9:32 am

    ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်မှုကို နားလည်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ သမိုင်းကြောင်းတော့ မသိသလောက်ပါ၊ ဟိုတစဒီတစ ဖတ်ရတာပဲ ရှိသေးတယ်။ပုဂ္ဂိုလ်ရေးအမြင်အရတော့ ဟိုးအရင်ထဲက အာရပ်ကုန်သည်များက ပေါက်ဖွားလာတဲ့ မွတ်စလင်များ ရခိုင်ပြည်မှာရှိခဲ့လည်း ယနေ့အရေအတွက် သိန်းချီရှိဖို့ ဖြစ်နိုင်မယ်မထင်ဘူး။ တဖက်နိုင်ငံကနေ ဝင်လာတာ အများစုဖြစ်မယ်လို့ ယူဆတယ်။ လူမျိုးရေး၊ အချုပ်အခြာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်နေလို့ သိပ်ထိခိုက်လွယ်တဲ့ ပြသနာဖြစ်ပါတယ်။ မြန်မာပြည်က မွတ်စလင်များကို ခေတ်မှီပြည့်ဝတဲ့ အစွန်းမရောက်တဲ့သူများ ဖြစ်စေလိုပါတယ်။ ကမာ္ဘပေါ်ရှိ ဒေသအနှံ့၊ အယူဝါဒတိုင်းလိုလိုနဲ့ ခိုက်ရန်ဖြစ်ပွားနေတဲ့ မွတ်စလင်များ ကိုယ့်ကိုယ်ကို ဆန်းစစ်စေလိုပါတယ်။ အများကလွန်သလား ကိုယ်ကပဲ မှားနေသလားလို့ပါ။ ဘာသာတရားကို မဆိုလိုဘဲ မိမိရဲ့ တွေးပုံခေါ်ပုံ ပြုမူပုံများကိုပါ။ ကျနော့်မှာ မွတ်စလင် သူငယ်ချင်းများရှိပါတယ်။ သူတို့သည် ခေတ်မှီတယ်၊ ရိုးသား ကြိုးစားတယ်၊ ခင်မင်ဖြူစင်တယ် သို့သော် အရှေ့အလယ်ပိုင်းက ဘာသာရေးခေါင်းဆောင်တွေကို သစ္စာခံတယ်၊ ဘာဖြစ်ဖြစ် ကိုယ့်လူမှန်တယ်ဆိုတဲ့ တောသားစရိုက်ရှိတယ်။ အဓိကတာဝန်ရှိသူတွေက ဗလီဝတ်ကျောင်းတွေဖြစ်တယ်။ အဲဒီမှာ အခြေခံသင်ကြားချက်တွေကို မပြင်နိုင်သ၍ အခြားလူမျိုးတွေနဲ့ အဆင်ပြေပြေ နေထိုင်သွားဖို့ မဖြစ်နိုင်သလောက်ပဲ။ ကိုရွှေရခိုင်များကလည်း သိတဲ့အတိုင်း (သူတို့မှ မဟုတ်ပါ၊ ချင်းတွေလည်း အဲသလိုပဲ) ယုံကြည်မှုအားနဲပြီး ကိုယ့်လူမျိုးကို စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးကနေ အစွန်းရောက်ပြီး အုပ်စုဖွဲ့ပြုမူကြတယ်။ အကျိုးဆက်က လူသောက်မြင်ကတ်ခံရတယ်။ ဒီနေရာမှာတော့ ကျုပ်တို့ ရွှေမြန်မာတွေက သာတယ်ထင်တယ်၊ လက်တွဲမိလည်း ခဏတဖြုတ်၊ ကာလတခုကြာရင် ကိုယ့်လမ်း့ကိုယ်လျောက်ပဲ။ (အဖြူပိုဆန်တယ်ပေ့ါဗျာ)

  • htoosan

    October 27, 2011 at 9:56 am

    အင်း ..တရုတ်ဘက် ကနေ ရိုဟင်ဂျာ ဘက် ထိုးကျွေးပြီလားးးးးးးးးးးးးးးးးး

  • လင်းဝေကျော်

    October 27, 2011 at 4:01 pm

    ရိုဟင်ဂျာဆိုတဲ့ ဘင်ဂါလီတွေက ရခိုင်၊ဘူးသီးတောင်မှာတင် ခေါင်းထောင်နေတာမဟုတ်တော့ဘူးနော်။
    ရန်ကုန်ကို ပါသိမ်းမိနေပြီ။ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းတွေအများစုက အဲဒီ ဘင်ဂါလီမဲစုတ်နံစော်တွေလက်ထဲမှာပါဗျား။
    Father Land တို့ Mother Land တို့ Naing Group တို့ ဆိုတာတွေကို ပိုင်တာ ဘယ်သူတွေ မှတ်နေတုန်း။
    နေတိုး ရခိုင်တောင်မှ အဲဒီကောင်တွေက ကြော်ငြာခေါ်ရိုက်တော့ လိုက်တာပဲ။ ပြေတီဦးကိုလည်း သူတို့ ဝတ်သလို အတွန့်အတက်တွေနဲ့ ကြောင်တောင်တောင် အရောင်တွေဆင်ပေးပြီး တွန့်ခိုင်းလိုက်သေးတာပဲ။

  • mozillamedia

    October 27, 2011 at 5:11 pm

    လူမျိုးရေး အမြင် ကျဉ်းမြောင်း တာမျိုးမဟုတ်ပါ…..
    ဒါပေမယ်…. မူဆလင် ဘာသာဝင်တွေကတော့ သူတို့လူမျိုးသာ ခွဲခြား ရှေ့တန်းတင်လေ့ရှိပါတယ်…
    တစ်ခြားဘာသာဝင်ဆိုရင်တော့ အရင်က ဘာပဲဖြစ်ဖြစ်လက်ခံလို့ ရနိုင်ပါတယ်…..
    မူဆလင် ကတော့ လက်ခံလိုက်ရင် ပြသနာ ကတွဲပြီးလိုက်လာမှာပါပဲ….
    ဟိုးအဝေးကြီးက သမိုင်းကြောင်း တွေကတော့ မသိဘူး……
    ကိုယ်လိုရာဆွဲပြောမယ် ဆိုရင်တော့ အဲသည်လို ရှောက်ပြောကြေးဆို…
    ယိုးဒယားလည်း မြန်မာနိုင်ငံရဲ့ တစ်စိတ် တစ်ဒေသလို့ ပြောရင် ဘယ်လိုလုပ်မလဲ…..
    ရှင်းအောင် ပြောရရင်တော့ မြန်မာနိုင်ငံသား အဖြစ် လက်မခံနိုင်ကြောင်းပါ…..

  • captainamerica

    October 27, 2011 at 5:22 pm

    အစိုးရကိုကြိုက်သလောက်ဆန်.ကျင်ကြပါ…တရုပ် ကုလားလက်ထဲတော့
    တိုင်းပြည်ကိုရောင်းမစားကြပါနဲ.။ကျွန်တော်တို.ငယ်ငယ်ထဲကကြားဖူးတာ
    ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း အဲဒီကမှဖြာထွက်လာတဲ့
    တိုင်းရင်းသားလူမျိုးစု(၁၃၅)စုရှိတယ်။ဒီကုလားဆိုးxxxxx**-ိုးရိုဟင်ဂျာဆိုတာတော့
    တစ်ခါမှမကြားဖူးဝူး…..ရိုဟင်ဂျာအခွင့်အရေးပြောတဲ့ကောင်မျိုးမစစ်တဲ့ေ-ွးမသား
    တွေပဲဖြစ်မှာ…….လူကပြား ရေလက်ကြားတဲ့…… ကျုပ်တို.နိုင်ငံနောက်အနှစ်ငါးဆယ်
    တစ်ရာကြာရင်တရုပ်တစ်ခြမ်း ကုလားတစ်ခြမ်းစစ်မတိုက်ရဘဲသိမ်းသာွးလိမ့်မယ်။
    လူစိတ်လေးတော့မွေးကြပါဦး…ကုလားအခွင့်အရေးတော့လာမပြောကြပါနဲ.။

  • captainamerica

    October 27, 2011 at 5:25 pm

    ကျုပ်တို.နိုင်ငံဟာအင်မတန်အန္တရာယ်ရှိတဲ့လူမျိုးနစ်စု နိုင်ငံနှစ်ခုကြားထဲမှာညှပ်ခံထားရတာနော်
    လူမျိုးရေးကိုယ်ခံအားလေးတော့ကောင်းအောင်တော့ကြိုးစားဖို.လိုတယ်…………

  • htoosan

    October 27, 2011 at 9:47 pm

    😯 ❓ ❓ ❓ ❗ ❗
    သူကြီးခင်ဗျား ..
    ကျွန်တော်တွေ့တာတော့ ဒါဘဲတွေ့တဲ့ အတွက် ဒီ post က မမှန် သတင်းဖြစ်ပြီး လူမျိူးရေး ပြသနာ ဖြစ်နိုင်လို့ ပြန်ဖျက်သင့်ကြောင်း ယူဆမိကြောင်းပါခင်ဗျား။

    ‘Strange constitution’
    Hundreds of thousands of ethnic voters will be unable to take part in the polls, either because they have been displaced or because in areas deemed too volatile, polling will not take place at all.
    Some of the groups are boycotting the polls, echoing the stance of the now-defunct main opposition group, the National League for Democracy (NLD).
    The Arakan Rohingya National Organisation (Arno), representing one of Burma’s most persecuted minorities, said no credible election could be held under the “strange and undemocratic constitution”.
    But some 35 ethnic minority parties have nonetheless been approved to run.

    kanjosan ဆိုခဲ့တဲ့
    “ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးကို ချန်ထားပြီး ရိုဟင်ဂျာကို လူမျိုးစု တစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။ ရေးသားသူ သတင်းထောက် Anna Jones ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရခိုင်လူမျိုးဟာ အဓိက မျိုးနွယ်ဆိုတာမသိတာဘဲလား၊ သူလိုချင်တဲ့ ရိုဟင်ဂျာကို စွဲထည့်တာဘဲလား။”

    အထက်က သတင်းဆိုရင် kanjosan ပြောစရာ အကြောင်းမရှိပါ။ သူပြောတာ ကျွန်တော်ရှာမတွေ့ခဲ့တာ ၊ကျွန်တော် ဘာသာပြန်မှားတာ ဆိုလျင် kanjosan ကို ပြန်တောင်းပန်ပါ့မယ်။

    သူကြီးပြန်စီစစ်သင့်ကြောင်းပါခင်ဗျာ။

  • htoosan

    October 27, 2011 at 10:18 pm

    ဲပြီးတော့ သတင်းက ၆ နိုဝင်ဘာ ၂၀၁ဝ က သတင်းပါ။

  • captainamerica

    October 27, 2011 at 11:25 pm

    လူမျိုးရေးခွဲခြားရတယ်လို.ဆိုရအောင်ရိုဟင်ဂျာဆိုတဲ့လူမျိုးကဗမာ
    တိုင်းရင်းသားမျိုးနွယ်စုတွေမှာပါနေလို.လား။ ကျွန်တော်ဗဟုသုတ
    နည်းပီးမကြားဖးဘူးဖြစ်နေလို.နည်းနည်းလောက်
    ရှင်းပြပါအုန်း……………..

  • kai

    October 28, 2011 at 12:39 am

    ကျုပ်နေတဲ့ရပ်ကွက်ထဲ.. ရခိုင်တွေအများကြီးနေတယ်..။
    အိမ်ချင်းနီးတော့.. ရခိုင်မုန့်တီချက်ရင်.. လာပေးတယ်..။ ပါတီလုပ်ရင် သွားစားတယ်..။ အဲဒီအတိုင်းပဲ.. ၁ဝမိုင်လောက် တောင်ဖက်ဆင်းလိုက်ရင်.. အဲဒီမှာ မြန်မာပြည်ကလာတဲ့.. မွတ်ဆလင်တွေ ထောင်ချီနေတဲ့ ရပ်ကွက်ရှီိတယ်..။ မြန်မာစားသောက်ဆိုင်ဖွင့်ထားသမို့.. အဆင်ပြေသလို ကုလားစာစားချင်သွားစားတာပဲ..။ သူတို့ အစ်လုပ်ရင် ဖိတ်တယ်..။ မုန့်ဟင်းခါး ချက်တာ ကောင်းမှကောင်း.. သွားစားတာပေါ့..။
    ရိုဟင်ဂျာတွေလည်း.. (အမှတ်မမှားရင်) ဂျော်ဂျီယာပြည်နယ်မှာ.. ထောင်ချီနေကြတယ်..။
    အေးဆေးပါပဲ..။ မကြာခင်.. အကုန်အမေရိကန်တွေဖြစ်ကုန်ကြမှာ..

    အစ်နေ့ အလှူဆို.. ရခိုင်ရော.. ချင်းရော..ကချင်ရော.. အကုန်သွားစားကြတာပဲ..။
    စံနစ်တခုအောက်မှာ.. ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ မခက်ပါဘူးဆိုတာ ပြောချင်တာပါ..။

    ယူအက်စ်ပြည်နယ်တွေ ဘယ်လိုခွဲကြသလည်း.. ဒီအတိုင်း မြေပုံကို စားပွဲပေါ်တင်.. မျဉ်းတားသလို.. လိုင်းအတည့်ဆွဲ.. ခွဲတာပဲ..။ ဆိုတေ့ာ ..ကယ်လီဖိုးနီးယားက ဂိုးလ်ဒမ်းစတိတ်… အကောင်းဆုံးတွေ တော်တော်များများရထားတယ်..။ အနီးအနားက နီဗားဒါးပြည်နယ်က သဲကန္တာရ..။ ဘာမှ မြေလုမနေပါဘူး..။ ပိုကျယ် ပိုကောင်းတော့ ..အဲဒီထဲနေချင်တဲ့သူတွေ.. အလုပ်ပိုလုပ်..အခွန်ပိုဆောင်ကြပေါ့..။

    ဆိုတော့.. တောင်ပိုင်းကယ်လီဖိုးနီးယားက.. အရင်အဖြူများတာကနေ.. အခု.. တောင်ဖက်ကလူတွေ ခိုးဝင်လာတာများပြီး.. အဲဒီနယ်သားတွေ( လက်တီနို/နာ)တွေ အများစုဖြစ်နေပြီ..။ မဂျော်ရတီလေ..။ ကယ်လီဖိုးနီယားမှာ.. သူတို့ပြောစကား(စပင်းနစ်ရှ်)ကိုပါ.. အစိုးရရုံးသုံးတခုအဖြစ်လုပ်ပေးလိုက်တယ်.. အေးရော..။
    နောက်.. ဖယ်ဒရယ်အစိုးရက ဘာလုပ်သလည်း ဆိုတော့.. မဲများများပိုရနိုင်တာမို့.. ပိုပြီးတောင် (ရိုင်းရိုင်းပြောရရင်) ဖားနေသေးတယ်..။
    လူဦးရေစီးဆင်း..ပြောင်းရွေ့မှုကို.. လူ့သမိုင်းအဆက်ဆက်.. ဘယ်သူကမှ ထိမ်းချုပ်လို့မရခဲ့ဘူး..။ ရမှာလည်း မဟုတ်ဖူး…။

    ယူအက်စ်တောင်ဖက်မှာ..၁ဝပေလောက်အမြင့်ခြံစည်းရိုးတားပြီး.. ၂၄နာရီ ကင်းလှည့်နေတဲ့ကြားက… ခိုးဝင်နိုင်ခဲ့တဲ့.. လူ ၁၂သန်းလောက်ကိုတောင်..ယူအက်စ် နိုင်ငံသားပေးဖို့.. လုပ်နေသေး..။

    လူပိုများများရှိတော့..အလုပ်များများလုပ်ကြ.. တိုင်းပြည်ဂျီဒီပီ တက်တာပေါ့..။ အလုပ်လုပ်ကြဖို့အတွက်.. နည်းဥပဒေတွေ..ပြဌာန်းပေးပြီး..အခွန်စံနစ်တကျ ကောက်ယူတတ်ဖို့ပဲလိုတယ်.။


    မြန်မာပြည်က…
    မြန်မာ ၃-၄သန်းလောက်က အပြင်ပြည်ပ ရွေ့ပြောင်းထွက်ပြေးနေကြတဲ့ ခေတ်မှာ.. အနောက်ဖက်နဲ့..မြောက်ဖက်က.. လူသိန်းချီ ဝင်ရောက်အခြေချလာနေကြတာက..တိုင်းပြည်လူဝင်မှုကြီးကြပ်ရေးစံနစ် အကြီးအကျယ်မှားနေတယ်.. ပြတာပဲ..။
    အဲဒါကို.. ပြင်ဖို့အဓိက အားစိုက်ရမယ်ပဲ..ထင်မိတယ်..။ :mrgreen:

    နိဂုံးချုပ်မယ်နော..။ ❗
    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

    ဒီဘီဘီစီ ကိစ္စက..အင်တာနက်တခွင်.. တော်တော်ပွက်လောရိုက်နေတာမို့.. သွားရာလမ်းဦးတည်နေတာထဲ.. လူမျိုးရေးတွေ..မုန်းတီးမှုတွေ..အရိပ်အယောင်တွေ့ရပါတယ်..။ ဒါတွေ.. ဒီရွာထဲ မခေါ်လာစေချင်… လာမတင်စေချင်ပါဘူး..။
    ဒီတော့.. ဆက်တက်လာမမဲ့.. ကော်မန့်တွေ.. သေသေချာချာ စောင့်ကြည့်ပြီး.. အခြေအနေမကောင်းရင်..ပို့စ်ပိတ်ပစ်မယ်ဖြစ်ပါကြောင်း..။

  • kanjosan

    October 28, 2011 at 8:33 am

    ကို htoosan ခင်ဗျာ ဘယ်တုန်းက BBC ရဲ့သတင်းကို သွားကြည်တာလဲ မသိဘူး။ မြန်မာပြည်မြေပုံကိုရော တွေ့လိုက်မိသလား။ အဲ့ဒီမြေပုံရဲ့ ရခိုင်ပြည်နယ်နေရာမှာ ရိုဟင်ဂျာတစ်ခုတည်း ထည့်ထားတာကို တွေ့လိုက်မိသလား…။ ကျွန်တော့အထင် မနေ့ညနေလောက်ကမှ သူတို့ပြန်ဖြုတ်သွားပါတယ်…။ သတင်းက နိုဝင်ဘာ ၂၀၁ဝ ကဖြစ်ပေမဲ့ အခုတစ်လောမှ ထဖြစ်သွားတာမို တင်တာပါ.. ။ သတင်းဟောင်းကို တင်ခွင့်မရှိဘူးလား ခင်ဗျာ။

    သကြီးခင်ဗျာ.. သတင်းတစ်ခုအနေနှင့်တင်ခြင်း မြန်မာတစ်ယောက်အနေနဲ့ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး တင်ခြင်းဖြစ်ပါတယ်… လူမျိုးရေးခွဲခြား၊ ဘာသာရေးခွဲခြားမှု့အနေဖြင့် တင်ခြင်းမဟုတ်ပါ… သတ်မှတ်ချက်ဖြင့် မကိုက်ညီပါက .ပို့စ်ပိတ်ပြစ်နိုင်ပါတယ်…

  • s0wha1

    November 3, 2011 at 2:10 am

    အားလုံးပဲ မင်္ဂလာပါ။

    ကျွန်မက နိုင်ငံရေးသမားလည်း မဟုတ်၊ အစိုးရဘက်တော်သားလည်း မဟုတ်ပါဘူး။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်နေတာလည်း မဟုတ်ကြောင်း အရင် ပြောပါရစေ။ ပြီးတော့ ကျွန်မဟာ ဘာလူမျိုးခြားသွေးမှ မရောစပ်တဲ့ မြန်မာလူမျိုးစစ်စစ်ပါ။

    မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ မွတ်စလင်ဘာသာဝင် အိန္ဒိယ၊ အာရပ်အနွယ်ဝင်တွေကို ထိခိုက်ပြောဆိုလိုခြင်းမဟုတ်ကြောင်း သဘောပေါက်ဖို့လည်း လိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရှိကြတဲ့ အိန္ဒိယ၊ တရုတ် လူမျိုးတွေ လူမျိုးခြား လူနည်းစု အနေနဲ့ ဧည့်နိုင်ငံသား၊ နိုင်ငံသားအဖြစ် နေထိုင်နေကြတာ မြန်မာတိုင်း အသိပါ။ နယ်မြေချင်းထိစပ်နေလို့ ဘင်္ဂါလီလူမျိုးများ ရခိုင်နယ်စပ်မှာ ဝင်ရောက်နေထိုင်နေကြတာကို ဘာမှ မပြောလိုပေမယ့် သူတို့ကို လူမျိုးတမျိုးအဖြစ် သတ်မှတ်ဖို့၊ တိုင်းရင်းသား အခွင့်အလမ်းတွေ ပေးဖို့၊ ရခိုင်ပြည်ဟာ သူတို့နယ်မြေပုံစံ ပြောဆိုလာတာမျိုးတွေကြောင့် ဒီရိုဟင်ဂျာအရေးကို ကန့်ကွက်ရတာ ဖြစ်ပါတယ်။

    ဒီပို့စ်ကို တင်ရတဲ့အကြောင်းရင်းကလည်း ဒီ သမိုင်းကြောင်းတွေ လျှောက်လိမ်၊ နိုင်ငံတကာကို လျှောက်လိမ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်က လူမျိုးတမျိုးပုံစံ၊ ရခိုင်နန်းတွင်းမှာတောင် အရေးပါတဲ့လူမျိုးတွေ ပုံစံမျိုး ပြောဆို လိမ်လည်လာကြတာကို လက်မခံနိုင်ကြောင်း ပြောချင်ရုံပါပဲ။ ဒီလို လက်မှတ်ထိုး ကိုယ့်ဆန္ဒကို ဖော်ထုတ်ပြသမှုဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာလည်း ကျွန်မ မသိပါဘူး။ ဒါပေမယ့် ဒီရိုဟင်ဂျာတွေဟာ ကျွန်မတို့ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ရခိုင်လူမျိုးများနဲ့ ဘာမှ ဆက်နွယ်ပတ်သက်မှု မရှိကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်လာတာ ကြာကောင်းကြာပြီဖြစ်နိုင်ပေမယ့် သူတို့ဟာ ဘင်္ဂါလီလူမျိုးက ဘင်္ဂါလီလူမျိုးပဲ ဆိုတာကို အမှန်အတိုင်း တရားမျှတစွာ ပြောချင်ရုံသပ်သပ်ပါ။

    ဒီရိုဟင်ဂျာဆိုသူတွေကို ကျွန်မလိုပဲ မြန်မာအများစုက သိဖို့နေနေသာသာ ကြားတောင် ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပြည်ပမီဒီယာတိုင်းမှာ သူတို့ရဲ့သတင်းတွေကို အသားပေးဖော်ပြလာလို့ သတိထားမိလာတာပါ။ အစက ရိုဟင်ဂျာဆိုတာကို ဘာကို ပြောမှန်းတောင် မသိပါဘူး။ နောက်မှ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီကုလားတွေဖြစ်မှန်း သိရတာ။ ဒီပြည်ပသတင်းဌာနတွေက သတင်းဟာ သတင်းပဲ ဆိုပြီး ရိုဟင်ဂျာသတင်းတွေကို အားရပါးရ အပြိုင်အဆိုင် ကြေငြာ ရေးသားကြ၊ ရိုဟင်ဂျာဆိုသူတွေနဲ့ အင်တာဗျူးတွေ လုပ်ကြ၊ ဒီရိုဟင်ဂျာတွေကို သဲသဲလှုပ်အရေးတယူ ရှိသလောက်၊ အခု ဒီရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ပါဘူး၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ်မပြုနိုင်ပါဘူးလို့ ကျွန်မတို့ အပြင်းအထန် ကန့်ကွက်နေကြတာကိုတော့ သတင်းအဖြစ် မတင်နိုင်ကြတာကို အံ့ဩလောက်အောင် တွေ့မြင်လိုက်ရတယ်။ အဲဒါကြောင့်လည်း ဒီအရေးကိစ္စဟာ သာမန် လျစ်လျုရှု သင့်တဲ့၊ မသိလိုက် မသိဖာသာ နေသင့်တဲ့ ကိစ္စ မဟုတ်ကြောင်း၊ မြစ်ဆုံအရေးလိုပဲ အရေးကြီးလှတဲ့ အမျိုးသားရေးသာဖြစ်ကြောင်း မြန်မာတိုင်းကို သိစေချင်ပါတယ်။ မြစ်ဆုံဆည်ကိစ္စတုန်းက လူမျိုးရေး၊ လူ့အခွင့်အရေးဆိုတာတွေ ဘာသံမှ မထွက်လာဘဲ တရုတ်တွေကို ပြောကြဆိုကြ၊ ကန့်ကွက်ကြနဲ့ အားရစရာကောင်းသလောက် ဒီရိုဟင်ဂျာအရေးမှာတော့ လူမျိုးရေးဆိုတာတွေ၊ လူ့အခွင့်အရေးဆိုတဲ့ အသံတွေနဲ့အတူ တုပ်တုပ်မျှ မလှုပ်ကြတာကို နားမလည်နိုင်အောင် ဖြစ်မိတယ်။

    FaceBook သုံးနေသူအများစုကတော့ ရိုဟင်ဂျာအရေး ဘယ်က စ တယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဘီဘီစီရဲ့ ဆောင်းပါးတခုမှာ ဖော်ပြထားသော မြန်မာပြည်မြေပုံနဲ့ ပတ်သက်နေပါတယ်။ အဲဒီဓာတ်ပုံထဲမှာ ဒီရိုဟင်ဂျာတွေကို ဘယ်လောက်တောင် မြန်မာလူမျိုးစုထဲ ထည့်ထားချင်တယ် မပြောတတ်ဘူး။ အထင်ကရ လူမျိုးကြီးဖြစ်တဲ့ ရခိုင်လူမျိုးကို ထည့်ဖို့ မေ့ခဲ့တဲ့အထိ၊ ပြီးတော့ တရုတ်အနွယ်ဖြစ်တဲ့ ဝ လူမျိုးဆိုတာကိုလည်း ထည့်ထားလိုက်သေး။ ကျွန်မတို့ နိုင်ငံကြီးတော့ အထက်ပိုင်းက တရုတ်၊ အောက်ပိုင်းက ဘင်္ဂါလီကုလားတွေနဲ့ အရမ်းကို ပဏာရနေမှာ မြင်ယောင်မိတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ မြန်မာနိုင်ငံသားများဟာ အာဏာပါဝါကို လက်ကိုင်ထားပြီး ငွေမျက်နှာ တခုတည်းကြည့်ကာ နိုင်ငံကို လက်ညှိုးထိုးရောင်းစားသူများနဲ့ ဘာမှ သိပ်မကွာတဲ့ အာဏာမရှိသော်လည်း ကိုယ့်အခွင့်အရေးနဲ့ ပိုက်ဆံရဖို့အတွက် မျောက်ပြ ဆန်တောင်းနေကြသူများ အလယ်က မြေစာပင်တွေဆိုတာကို ကျွန်မ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ။ ကြားထဲက ငထွား ခါးနာရသူများကတော့ မြန်မာပြည်သူများနဲ့ နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခံရတဲ့၊ ဘဝတွေ စုတ်ပြတ်သပ်သွားသော်လည်း ရဲရဲဝံ့ဝံ့ တော်လှန်နေသေးသော နိုင်ငံရေးအကျဉ်းသားများ၊ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးသူများသာဆိုတာ…

    ဒီရိုဟင်ဂျာအရေးကြောင့် ကျွန်မတို့တွေ မျောက်ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာကို ခုမှ နားလည်သွားရတဲ့အတွက်တော့ ဘယ်သူ့ကိုမှန်းမသိ ကျေးဇူးတင်မိတယ်။

    အဆုံးသပ်ရရင်တော့ ဒီရိုဟင်ဂျာဆိုသူတွေကို မြန်မာတိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ ဘယ်လိုမှ အသိအမှတ်မပြုနိုင်သူများ ဒီလင့်ခ်မှာ မိမိဆန္ဒသဘောထားကို ဖော်ထုတ်ပြသတဲ့အနေနဲ့ လက်မှတ် သွားထိုးပေးကြပါလို့။

    http://www.thepetitionsite.com/1/stop-rohingya-invasion-into-burma/

    ချစ်ခင်စွာ

    s0wha1

  • s0wha1

    November 3, 2011 at 2:12 am

    အားလုံးပဲ မင်္ဂလာပါ။

    ကျွန်မက နိုင်ငံရေးသမားလည်း မဟုတ်၊ အစိုးရဘက်တော်သားလည်း မဟုတ်ပါဘူး။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်နေတာလည်း မဟုတ်ကြောင်း အရင် ပြောပါရစေ။ ပြီးတော့ ကျွန်မဟာ ဘာလူမျိုးခြားသွေးမှ မရောစပ်တဲ့ မြန်မာလူမျိုးစစ်စစ်ပါ။

    မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ မွတ်စလင်ဘာသာဝင် အိန္ဒိယ၊ အာရပ်အနွယ်ဝင်တွေကို ထိခိုက်ပြောဆိုလိုခြင်းမဟုတ်ကြောင်း သဘောပေါက်ဖို့လည်း လိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရှိကြတဲ့ အိန္ဒိယ၊ တရုတ် လူမျိုးတွေ လူမျိုးခြား လူနည်းစု အနေနဲ့ ဧည့်နိုင်ငံသား၊ နိုင်ငံသားအဖြစ် နေထိုင်နေကြတာ မြန်မာတိုင်း အသိပါ။ နယ်မြေချင်းထိစပ်နေလို့ ဘင်္ဂါလီလူမျိုးများ ရခိုင်နယ်စပ်မှာ ဝင်ရောက်နေထိုင်နေကြတာကို ဘာမှ မပြောလိုပေမယ့် သူတို့ကို လူမျိုးတမျိုးအဖြစ် သတ်မှတ်ဖို့၊ တိုင်းရင်းသား အခွင့်အလမ်းတွေ ပေးဖို့၊ ရခိုင်ပြည်ဟာ သူတို့နယ်မြေပုံစံ ပြောဆိုလာတာမျိုးတွေကြောင့် ဒီရိုဟင်ဂျာအရေးကို ကန့်ကွက်ရတာ ဖြစ်ပါတယ်။

    ဒီပို့စ်ကို တင်ရတဲ့အကြောင်းရင်းကလည်း ဒီ သမိုင်းကြောင်းတွေ လျှောက်လိမ်၊ နိုင်ငံတကာကို လျှောက်လိမ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်က လူမျိုးတမျိုးပုံစံ၊ ရခိုင်နန်းတွင်းမှာတောင် အရေးပါတဲ့လူမျိုးတွေ ပုံစံမျိုး ပြောဆို လိမ်လည်လာကြတာကို လက်မခံနိုင်ကြောင်း ပြောချင်ရုံပါပဲ။ ဒီလို လက်မှတ်ထိုး ကိုယ့်ဆန္ဒကို ဖော်ထုတ်ပြသမှုဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာလည်း ကျွန်မ မသိပါဘူး။ ဒါပေမယ့် ဒီရိုဟင်ဂျာတွေဟာ ကျွန်မတို့ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ရခိုင်လူမျိုးများနဲ့ ဘာမှ ဆက်နွယ်ပတ်သက်မှု မရှိကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်လာတာ ကြာကောင်းကြာပြီဖြစ်နိုင်ပေမယ့် သူတို့ဟာ ဘင်္ဂါလီလူမျိုးက ဘင်္ဂါလီလူမျိုးပဲ ဆိုတာကို အမှန်အတိုင်း တရားမျှတစွာ ပြောချင်ရုံသပ်သပ်ပါ။

    ဒီရိုဟင်ဂျာဆိုသူတွေကို ကျွန်မလိုပဲ မြန်မာအများစုက သိဖို့နေနေသာသာ ကြားတောင် ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပြည်ပမီဒီယာတိုင်းမှာ သူတို့ရဲ့သတင်းတွေကို အသားပေးဖော်ပြလာလို့ သတိထားမိလာတာပါ။ အစက ရိုဟင်ဂျာဆိုတာကို ဘာကို ပြောမှန်းတောင် မသိပါဘူး။ နောက်မှ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီကုလားတွေဖြစ်မှန်း သိရတာ။ ဒီပြည်ပသတင်းဌာနတွေက သတင်းဟာ သတင်းပဲ ဆိုပြီး ရိုဟင်ဂျာသတင်းတွေကို အားရပါးရ အပြိုင်အဆိုင် ကြေငြာ ရေးသားကြ၊ ရိုဟင်ဂျာဆိုသူတွေနဲ့ အင်တာဗျူးတွေ လုပ်ကြ၊ ဒီရိုဟင်ဂျာတွေကို သဲသဲလှုပ်အရေးတယူ ရှိသလောက်၊ အခု ဒီရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ပါဘူး၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ်မပြုနိုင်ပါဘူးလို့ ကျွန်မတို့ အပြင်းအထန် ကန့်ကွက်နေကြတာကိုတော့ သတင်းအဖြစ် မတင်နိုင်ကြတာကို အံ့ဩလောက်အောင် တွေ့မြင်လိုက်ရတယ်။ အဲဒါကြောင့်လည်း ဒီအရေးကိစ္စဟာ သာမန် လျစ်လျုရှု သင့်တဲ့၊ မသိလိုက် မသိဖာသာ နေသင့်တဲ့ ကိစ္စ မဟုတ်ကြောင်း၊ မြစ်ဆုံအရေးလိုပဲ အရေးကြီးလှတဲ့ အမျိုးသားရေးသာဖြစ်ကြောင်း မြန်မာတိုင်းကို သိစေချင်ပါတယ်။ မြစ်ဆုံဆည်ကိစ္စတုန်းက လူမျိုးရေး၊ လူ့အခွင့်အရေးဆိုတာတွေ ဘာသံမှ မထွက်လာဘဲ တရုတ်တွေကို ပြောကြဆိုကြ၊ ကန့်ကွက်ကြနဲ့ အားရစရာကောင်းသလောက် ဒီရိုဟင်ဂျာအရေးမှာတော့ လူမျိုးရေးဆိုတာတွေ၊ လူ့အခွင့်အရေးဆိုတဲ့ အသံတွေနဲ့အတူ တုပ်တုပ်မျှ မလှုပ်ကြတာကို နားမလည်နိုင်အောင် ဖြစ်မိတယ်။

    FaceBook သုံးနေသူအများစုကတော့ ရိုဟင်ဂျာအရေး ဘယ်က စ တယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဘီဘီစီရဲ့ ဆောင်းပါးတခုမှာ ဖော်ပြထားသော မြန်မာပြည်မြေပုံနဲ့ ပတ်သက်နေပါတယ်။ အဲဒီဓာတ်ပုံထဲမှာ ဒီရိုဟင်ဂျာတွေကို ဘယ်လောက်တောင် မြန်မာလူမျိုးစုထဲ ထည့်ထားချင်တယ် မပြောတတ်ဘူး။ အထင်ကရ လူမျိုးကြီးဖြစ်တဲ့ ရခိုင်လူမျိုးကို ထည့်ဖို့ မေ့ခဲ့တဲ့အထိ၊ ပြီးတော့ တရုတ်အနွယ်ဖြစ်တဲ့ ဝ လူမျိုးဆိုတာကိုလည်း ထည့်ထားလိုက်သေး။ ကျွန်မတို့ နိုင်ငံကြီးတော့ အထက်ပိုင်းက တရုတ်၊ အောက်ပိုင်းက ဘင်္ဂါလီကုလားတွေနဲ့ အရမ်းကို ပဏာရနေမှာ မြင်ယောင်မိတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ မြန်မာနိုင်ငံသားများဟာ အာဏာပါဝါကို လက်ကိုင်ထားပြီး ငွေမျက်နှာ တခုတည်းကြည့်ကာ နိုင်ငံကို လက်ညှိုးထိုးရောင်းစားသူများနဲ့ ဘာမှ သိပ်မကွာတဲ့ အာဏာမရှိသော်လည်း ကိုယ့်အခွင့်အရေးနဲ့ ပိုက်ဆံရဖို့အတွက် မျောက်ပြ ဆန်တောင်းနေကြသူများ အလယ်က မြေစာပင်တွေဆိုတာကို ကျွန်မ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ။ ကြားထဲက ငထွား ခါးနာရသူများကတော့ မြန်မာပြည်သူများနဲ့ နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခံရတဲ့၊ ဘဝတွေ စုတ်ပြတ်သပ်သွားသော်လည်း ရဲရဲဝံ့ဝံ့ တော်လှန်နေသေးသော နိုင်ငံရေးအကျဉ်းသားများ၊ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးသူများသာဆိုတာ…

    ဒီရိုဟင်ဂျာအရေးကြောင့် ကျွန်မတို့တွေ မျောက်ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာကို ခုမှ နားလည်သွားရတဲ့အတွက်တော့ ဘယ်သူ့ကိုမှန်းမသိ ကျေးဇူးတင်မိတယ်။

    အဆုံးသပ်ရရင်တော့ ဒီရိုဟင်ဂျာဆိုသူတွေကို မြန်မာတိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ ဘယ်လိုမှ အသိအမှတ်မပြုနိုင်သူများ ဒီလင့်ခ်မှာ မိမိဆန္ဒသဘောထားကို ဖော်ထုတ်ပြသတဲ့အနေနဲ့ လက်မှတ် သွားထိုးပေးကြပါလို့။

    http://www.thepetitionsite.com…..nto-burma/

    ချစ်ခင်စွာ

    s0wha1

  • s0wha1

    November 3, 2011 at 2:13 am

    ရိုဟင်ဂျာကို ဘယ်သူမွေးစားခဲ့သလဲ
    by Sit Aung on Monday, October 31, 2011 at 3:43pm

    ဘီဘီစီက ရိုဟင်ဂျာကို တိုင်းရင်းသားလုပ်လာတဲ့အပေါ် ကိုချိုတူးဇော်ရဲ့ ရပ်တည်ချက်ကို အထောက်အကူဖြစ်စေဖို့ ့ ဖတ်ဖူးတဲ့ ပိတောက် မြေဆောင်းပါးကို ပြန်ရှာပေးလိုက်ပါတယ်

    ရိုဟင်ဂျာကို ဘယ်သူမွေးစားခဲ့သလဲ

    ပိတောက်မြေ

    Sunday, February 1, 2009

    ( အဏ္ဏဝါစစ်သည်ရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြည်ပရောက် ရခိုင်ကျောင်းသား တစ်ဦးရဲ့ တင်ပြချက် ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးကို ဘယ်သူတွေ ပွဲထုတ်လာခဲ့တယ် ဆိုတဲ့ စိတ်ဝင် စရာ ကောင်းတဲ့ အချက်အလက်များ ပါတာမို့ ဝေမျှပေး လိုက်ပါတယ်။ )

    အဏ္ဏဝါ စစ်သည်ဆိုသူက ရိုဟင်ဂျာ အကြောင်း ရေးသွားပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ မသိတဲ့ ဖဆပလခေတ်က အကြောင်းတွေ ပါလာလို့ ဗဟုသုတရပါတယ်။ ဖဆပလက အာဏာတစ်ခုထဲ အတွက် ရေရှည် အန္တရာယ်ကို မကြည့်ဘဲ ကုလားအမတ်တွေ မွေးခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကုလားအမတ်တွေက စသုံးခဲ့တယ်ဆိုတဲ့ အချက်ထဲမှာ တစ်ခုတော့ ထပ်ဖြည့်ချင်ပါတယ်။ တည်မြဲ၊ သန့်ရှင်း ကွဲပြီးနောက် အိမ်စောင့်အစိုးရ တက်တယ်။ အိမ်စောင့်အစိုးရက ၁၉၆ဝ မှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုတော့ ၁၉၅၉ ခုနှစ် နိုဝင်ဘာလထဲမှာ ဦးနု ရခိုင်ကို မဲဆွယ်ဖို့ လာတယ်။ မောင်တော မြို့နယ်မှာ စည်းရုံးရေး လုပ်တဲ့အခါ ဦးနုက သန့်ရှင်းသာ အနိုင်ရရင် ရိုဟင်ဂျာ လူမျိုးလို့ သတ်မှတ်ပေးမယ်။ မြန်မာ့ အသံက တိုင်းရင်းသား အစီအစဉ်တွေမှာ ရိုဟင်ဂျာ ဘာသာနဲ့ အသံလွှင့် ပေးမယ်လို့ ကတိ ပေးသွားတယ်။ သူနိုင်တော့ မြန်မာ့အသံကနေ ရိုဟင်ဂျာ အစီအစဉ်ဆိုပြီး လေးလလောက် လွှင့်လိုက်သေးတယ်။ နောက်တော်လှန်ရေး ကောင်စီ တက်တော့မှ အဲဒီအသံလွှင့် အစီအစဉ် ရပ်သွား တယ်။

    နောက်ပြီး ဦးနုကို ကုလားတွေက မေယုပြည်နယ် ဆိုပြီး သတ်မှတ်ပေးဖို့ တောင်းတယ်။ ဦးနု က ပြည်နယ်တော့ မပေးဘူး၊ သို့သော် သီးခြားဒေသ တစ်ခု သတ်မှတ် ပေးမယ်လို့ ကတိပေး သွားတယ်။ ဒါ့ကြောင့် ဦးနုရဲ့ ပထစပါတီ အနိုင်ရတဲ့အခါ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေကို မေယုနယ်ခြား ခရိုင်ဆိုပြီး သီးခြားခရိုင် တစ်ခုဖွဲ့တယ်။ အဲဒီခရိုင် ထဲက ကုလားတွေကို မှတ်ပုံတင် ထုတ်ပေးခဲ့တယ်။ အဲဒီလို လုပ်ပေးတဲ့ အတွက် ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးနဲ့ ဟင်္သာစစ်ဆင်ရေးလုပ်တဲ့ အခါ အဲဒီကုလားတွေဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ခိုးဝင်လာတဲ့ ကုလားတွေမှန်း သိသိကြီးနဲ့ မှတ်ပုံတင် ကိုင်ထားတော့ ပြန်လက်ခံခဲ့ရတယ်။ တကယ် ဥပဒေအရက ၁၈၈၅ မတိုင်မီကစပြီး မြန်မာနိုင်ငံမှာ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့တဲ့ လူများကိုပဲ နိုင်ငံသား အဖြစ်သတ်မှတ်ပြီး အမျိုးသား မှတ်ပုံတင် ထုတ်ပေး ရမှာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ရိုဟင်ဂျာကိစ္စမှာ ကူလီကူမာကျတဲ့ ကုလားများမှာ တာဝန်ရှိသလို အမတ်နေရာ သုံးလေးနေရာ ရဖို့အတွက် အာဏာ ရူးခဲ့တဲ့ နိုင်ငံရေး သမားတွေမှာလဲ တာဝန်ရှိ တယ်ဆိုတာ ဖော်ပြလိုက်တာပဲ ဖြစ်တယ်။

    ဒါက အတိတ်တုံးက အဖြစ်။ အခု ခေတ်မှာလဲ ဒီရိုဟင်ဂျာကိစ္စကို နိုင်ငံတကာ မျက်နှာစာပေါ် ရောက်လာအောင် လုပ်တဲ့နေရာမှာ ကိုယ့်မြန်မာ နိုင်ငံရေးသမား၊ ဒီမိုကရေစီ သမားဆိုသူတွေ ပါနေပြန် တယ်။ ပထမဆုံး ပါလာတဲ့အဖွဲ့က ကျွန်တော်တို့ ကိုယ်တိုင်ပါခဲ့တဲ့ ကျောင်းသားအဖွဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားမျာ းဒီမိုကရက်တစ် တပ်ဦး ( မကဒတ) ပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ပြောတိုင်း အလွန် ဝမ်းနည်းပါတယ်။ အဲဒီအချိန်က မကဒတ ဗဟိုကော်မတီ အစည်းအဝေးမှာ ကေအင်ယူက ဖွဲ့ပေးထားတဲ့ အစ္စလမ် လွတ်မြောက်ရေး တပ်ဦးနဲ့ ဘင်္ဂလားဒေ့ရ်ှက လာတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ် တစ်ချို့က ရိုဟင်ဂျာ အရေးကို ထောက်ခံဖို့၊ အဲဒီလို ထောက်ခံရင် အရှေ့အလယ်ပိုင်းက ထောက်ပံ့ငွေတွေ ရအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်က မကဒတမှာ ရှိတဲ့ ရခိုင် ကျောင်းသားများက ဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ ပါသေးတယ်။ ဒါပေမယ့် အဲဒီအချိန်က တွေးတာက နဝတကို တိုက်ဖို့အတွက် အားလိုတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အားယူဖို့ အတွက် ရနိုင်တဲ့ လက်နက် အားလုံးကို သုံးရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ် ဇွန်လ ရ ရက်နေ့နေ့စွဲနဲ့ မကဒတ ( ဗဟို) ရဲ့ သုတေသနဌာနက စာမျက်နှာ ၄၉ မျက်နှာပါစာ ရိုဟင်ဂျာသမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်း တစ်စောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီစာတမ်းမှာ ရိုဟင်ဂျာ တွေအပေါ် မြန်မာအစိုးရက ပြုလုပ်တယ် ဆိုတဲ့ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲက လူမျိုးစုတစ်ခု အဖြစ်နဲ့ ပုံဖော်ခဲ့ ပါတယ်။

    အဲဒီစာတမ်းဟာ ၁၉၉၁ ခုနှစ်ကုန်မှာ နဝတက ရခိုင်ပြည်နယ်ထဲမှာ မှတ်ပုံတင် စစ်ဆေးပြီး တရားမဝင် ခိုးဝင်လာသူတွေကို ဖော်ထုတ်တဲ့ စစ်ဆင်ရေးကြောင့် ကုလားတွေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြန်ထွက်ပြေးတဲ့ အချိန်နဲ့ အချိန်ကိုက် ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာတမ်းလိုပဲ INGO တွေဆီကလည်း ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုတဲ့ စာတမ်းတွေ ဆက်တိုက် ထွက်လာပါတယ်။ အဲဒီစာတမ်း အားလုံးမှာ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲက ဘာသာရေး၊ လူမျိုးရေးအရ ဖိနှိပ်ခံ လူမျိုးစုအဖြစ်နဲ့ ပုံဖော်ထားခဲ့ပါတယ်။ ဒီအတွက်လည်း မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်က ဘာသာရေး အခြေခံပါတီတွေ၊ ဘာသာရေး ကျောင်းတွေက ဒေါ်လာ သန်းနဲ့ချီ သုံးခဲ့ပါတယ်။ မကဒတ ကိုလည်း ဒေါ်လာ တစ်သန်းကျော် ပေးခဲ့ပြီး လက်နက် အချို့လဲ ထောက်ပံ့ ပေးခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအထိ ရောက်သွားပြီး ရိုဟင်ဂျာ လူမျိုးစုဆိုတာ နိုင်ငံတကာ မျက်နှာစာမှာ အတည်လို ဖြစ်သွားပါတယ်။ နအဖကို တိုက်ဖို့ သုံးတဲ့ လက်နက်ကြောင့် နအဖအစိုးရ ပြုတ်ကျ မသွားပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်နယ် ထဲမှာတော့ ဘယ်တုံးကမှ မရှိခဲ့တဲ့ မုတ်ဆိတ်ဖားနဲ့ ကုလားလူမျိုးစု တစ်စု အပိုင်ရလိုက်ပါပဲ။ ရိုဟင်ဂျာတွေကို ဒီလို ပုံဖော်ခဲ့တဲ့ အတွက် ဘင်္ဂါလီ ကုလားများဟာ သူများနိုင်ငံကို ခိုးဝင်တဲ့လူ အဖြစ်ကနေ ဖိနှိပ်လို့ ထွက်ပြေးလာ ရပါတယ်ဆိုတဲ့ ဒုက္ခသည်ဘဝကို ရောက်သွားပါ တော့တယ်။ ဒီခေါင်းစဉ် အောက်ကနေ ထိုင်း၊ မလေးရှားဘက်ကို ထွက်ကြ တော့တာပါ။ မြန်မာနို်င်ငံမှာ ဒီလိုခိုးဝင် နေတာတွေ ရှိတုံးဖြစ်သလို၊ ခိုးဝင် လာသူတွေကို ဖော်ထုတ် အရေးယူဖို့ လုပ်တိုင်း ရိုဟင်ဂျာ လူမျိုးတွေကို ဖိနှိပ်ပါတယ်ဆိုပြီး နို်င်ငံတကာမှာ အသံကုန် အော်ခွင့် လိုင်စင် ရသွားတာပါပဲ။

    မကဒတ နောက်ပိုင်းမှာ ရိုဟင်ဂျာကိစ္စကို ရှေ့တန်းတင် လာတာက ဦးဟန်ယောင်ဝေပါပဲ။ ဦးဟန်ယောင်ဝေကလဲ မကဒတရဲ့ စဉ်းစားပေါက် အတိုင်းပဲ ရိုဟင်ဂျာအရေးကို ငွေတွင်းကြီးလို့ မြင်ပါတယ်။ ဒါကြောင့်လဲ ENC အနေနဲ့ရော၊ ဥရောပမှာ သူလှုပ်ရှားနေတဲ့ အသိုင်းအဝန်း ထဲမှာရော ရိုဟင်ဂျာကိစ္စကို Issue အဖြစ်နဲ့ တင်လာပါတယ်။ ဒီလိုလုပ်တာကို ပြည်ပရောက် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေက ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဟန်ယောင်ဝေဟာ ဦးခင်မောင်လို ရခိုင်ကိုယ်ကျိုးရှာ နိုင်ငံရေး သမားကိုတော့ နံမည်ခံ အဖွဲ့တစ်ဖွဲ့ဖွဲ့ပေးပြီး ရိုဟင်ဂျာအရေးကို ရခိုင်လူမျိုးတွေက ထောက်ခံတဲ့ အသွင်ကိုတော့ ဖန်တီးနိုင်ခဲ့သေးတယ်။

    ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်ထဲမှာ တရားဝင် နေထိုင်ခွင့် ရနေတဲ့ ဘင်္ဂါလီ ကုလားများရဲ့ လူ့အခွင့်အရေး တွေ ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေကို လက်ခံပါတယ်။ အဖိနှိပ်ခံ မြန်မာပြည်သူ တွေလိုပဲ သူတို့အနေနဲ့ ဒီအခွင့်အရေးတွေကို ရဖို့အတွက် စည်းရုံး လှုပ်ရှားတာကို ကျွန်တော်တို့ ထောက်ခံပါတယ်။ သို့သော် ဒီအခွင့်အရေးကို အကြောင်းပြပြီး ဘင်္ဂါလီ ကုလားတွေကို တိုင်းရင်းသား လူမျိုးအဖြစ် ဖန်တီးတာကို လက်မခံနိုင်ပါဘူး။ ဒီအခွင့်အရေးကို အကြောင်းပြပြီး နောက်ထပ် တရားမဝင် ခိုးဝင်မှုတွေ ဖြစ်လာအောင် အားပေးတာ။ ခိုးဝင်လာခဲ့သူတွေကို မြန်မာ နိုင်ငံသား အဖြစ် ရောက်အောင် လုပ်တာတွေ ကိုတော့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။

    ဒီလိုဖြစ်အောင် အားပေးနေတဲ့ ပြည်ပရောက် ဒီမိုကရေစီ နိုင်ငံရေး သမားများကိုလည်း သူတို့ အနေနဲ့ လူ့အခွင့်အရေးကို မျက်နှာဖုံးစွပ်ပြီး မြန်မာ့သမိုင်းမှာ ဘယ်တုံးကမှ မရှိတဲ့ လူမျိုးတစ်မျိုး ပေါ်လာအောင် လိမ်ညာ လှည့်ပတ်နေတဲ့ ဘင်္ဂါလီကုလားများရဲ့ လှုပ်ရှားမှုများကို ထောက်ခံ နေခြင်းဟာလဲ ရခိုင်လူမျိုးများကို စော်ကားနေတာ ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ဖို့ အတွက် လိုအပ်နေတဲ့ တိုင်းရင်းသား ညီညွတ်မှုကို ပျက်စီးအောင် လုပ်နေတာ ဖြစ်တယ်ဆိုတာ သတိပေးလိုပါတယ်။

    ၆ဝ တုံးက ဦးနုအာဏာရူးပြီး ကတိတွေ ပေးခဲ့တာကြောင့် ရိုဟင်ဂျာဆိုတဲ့ စကားလုံးက အတည် ဖြစ်ခဲ့ရပြီးပြီ။ အခုလဲ နအဖကို ဆော်ဖို့ အတွက် ရိုဟင်ဂျာကို သုံးဖို့ ပြန်လုပ်လာပြန်ပြီ။ ဒါဟာ ဖရန်ကင်စတိန်းလို ဖုတ်ကောင်ကြီးကို အသက်သွင်း ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒါဟာ နအဖ နဲ့သာ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အမျိုးသားရေး၊ ပြည်ထောင်စု အရေးဖြစ်တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်

  • s0wha1

    November 3, 2011 at 2:14 am

    ရိုဟင်ဂျာနဲ့ဆိုင်တဲ့နောက်ထပ်သမိုင်းတစ်ခုပါ

    အမျိုးသားရေးဘက်က ရပ်ကြပါ

    အဏ္ဏဝါစစ်သည်

    သမိုင်းတစ်ကွေ့ နို်င်ငံရေး အတွေ့အကြုံများ အကြောင်းရေးဖို့ အချက်အလက်တွေ ပြန်ရှာနေ တုံး ရေဒီယိုမှာ၊

    အင်တာနက်မှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုတာတွေ ကြားရသည်။ အစိုးရကို ဆန့်ကျင် နေ သူများကလည်း

    ဘာဖြစ်ဖြစ် အစိုးရကို ဆော်ဖို့အခွင့်အရေးရင် မနည်းဘူးဆိုပြီး ရိုဟင်ဂျာတွေကို ဂရုဏာသက်စရာ

    အဖိနှိပ်ခံများအဖြစ် ဘေးတီးပေးကြသည်။ ထိုလုပ်ရပ်သည် မည်မျှ အန္တရာယ်ကြီး သည်ကို ထိုသူတွေသိပါရဲ့လား။

    ကျွန်တော် ဝန်ထမ်းဘဝ တစ်လျှောက်တွင် နှစ်အတော်များများ ရခိုင် ပြည်နယ်မှာ နေခဲ့သဖြင့် ဒီပြဿနာကို

    ထိတွေ့ခဲ့ရသဖြင့် သိသမျှကို ဝေမျှလိုက်ပါသည်။ ဘယ်သူမှန် ပြီး ဘယ်သူမှားသည်ကိုတော့ စာဖတ်သူ

    လူငယ်များသာ စဉ်းစားကြပါ။

    ပထမဆုံး ပြောလိုသည်က ရိုဟင်ဂျာဆိုသော စကားလုံးဖြစ်သည်။ ယနေ့ ရိုဟင်ဂျာကို မူဆလင်ဘာသာဝင်

    လူမျိုးတစ်မျိုးအဖြစ် ပြောနေသည်။ ကျွန်တော် စိန်ခေါ်လိုပါသည်။ မြန်မာဘုရင် လက်ထက် စစ်တမ်းတွေ၊

    အင်္ဂလိပ် ဂေဇက်တီးယားတွေ၊ သမိုင်းတွေ၊ လွတ်လပ်ရေး ရပြီးခေတ် မှတ်တမ်းတွေမှာ ရိုဟင်ဂျာ လူမျိုးဆိုသည့်

    စကားလုံး ရှာကြည့်စမ်းပါ။ ဘယ်တော့မှ တွေ့မည်မဟုတ်၊ အင်္ဂလိပ် လက်ထက်က ကောက်ခဲ့သော

    သန်းကောင်စာရင်းများ၊ လွတ်လပ်ရေး ရပြီးနောက် ကောက်ယူခဲ့သည့် သန်းကောင် စာရင်းများ တွင်

    ရိုဟင်ဂျာလူမျိုးဟု မရှိပါ။ ရိုဟင်ဂျာဆိုသော စကားလုံးမှာ စစ်တကောင်း ကုလားများက ရခိုင်ပြည်သားများကို

    ခေါ်သည့် ရိုဟင်ရှာ ဆိုသည့် စကားက လာခြင်းဖြစ်သည်။ ဘင်္ဂလားကုလားများက သူတို့ကိုယ်သူတို့

    ရခိုင်ပြည်သား နံမည်ခံလိုသဖြင့် ဒီစကားကို ၁၉၅ဝ ပြည့်လွန်နှစ်များတွင် တီထွင် ခဲ့ခြင်းဖြစ်သည်။ ဒီ့အရင်က

    ဒီကုလားများအတွက် နံမည်ရှိပြီးသား ဖြစ်သည်။ ဒါကတော့ ကုလားဆိုး သို့မဟုတ် မူဂျာဟစ်များ ဖြစ်သည်။

    ဒီကုလားဆိုးတွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်လာခဲ့သနည်း ။

    ဘင်္ဂလားပြည်နယ်နှင့် နယ်ချင်းဆက်နေသည့် ရခိုင်ပြည်နယ်တွင် ယခင်က မူစလင်ကုလားများ ရှိခဲ့သည်။

    သို့သော် ဒီလူတွေက ဒေသခံများမဟုတ်။ ရခိုုင်ဘုရင်များ စစ်နိုင်သဖြင့် ဖမ်းလာခဲ့သူများ၊ ရခိုင်လယ်ယာ

    မြေများတွင် အလုပ်ကြမ်းလာ လုပ်သူများဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွင် ရခိုင်ပြည်နယ်၌

    ဘင်္ဂလားကုလား သုံးသောင်းကျော် ရှိသည်ဟု ဖော်ပြခဲ့ဖူးသည်။ အင်္ဂလိပ်လက် အောက်ရောက်သောအခါ

    မြန်မာနိုင်ငံသည် အနိ္ဒယနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အခါ ကုလားတွေ တံခါးမရှိ၊

    ဓားမရှိဝင်လာကြသည်။ ဆင်းရဲတဲ့ ကုလားတွေက လယ်ကူလီ လုပ်သည်။ ချမ်းသာတဲ့ ကုလားက ငွေတိုး

    ချေးစားသည်။ အင်္ဂလိပ်က စူးအက် တူးမြောင်းကြောင့် စပါးဈေးကောင်းတော့ လယ်သစ်တွေဖော်ဖို့ ကုလားတွေ

    ခေါ်လာသည်။ ထိုအချိန်က တစ်နှစ်ကို နှစ်ကြိမ် ဘင်္ဂလားက ကုလားတွေကို သဘောင်္နဲ့ သွင်းကြောင်း။

    သဘောင်္ခကို အထူးနှုန်း သတ်မှတ်ပေးခဲ့ကြောင်း ရှေ့မီနောက်မှီ ရခိုင်လူကြီးများက ရှင်းပြဖူးသည်။

    သေချာသည်ကတော့ အင်္ဂလိပ်လက်အောက်ရောက်စ ၁၈၃၂ ခုနှစ် စာရင်းအရ လူဦးရေ တစ်သိန်းခွဲရှိသည့်

    ရခိုင်ပြည်နယ်သည် ၁၉၃၂ ခုနှစ် သန်းကောင်စာရင်းအရ စစ်တွေခရိုင် တစ်ခုတည်း၌ပင် လူဦးရေ ခုနှစ်သိန်းခွဲ

    ရှိနေတာတွေ့ရ၏။ ထိုကဲ့သို့ ချက်ခြင်း တိုးလားသည့် လူများမှာ အင်္ဂလိပ်တို့ နေရာချပေးခဲ့သည့် ဘင်္ဂလား

    ကုလားများပင် ဖြစ်သည်။

    ထိုကဲ့သို့ တိုးလာသည့် ကုလားအများစုမှာ ဘင်္ဂလားဒေ့ရ်ှနှင့် နယ်နမိတ်ချင်း ဆက်နေသည့် ဘူးသီးတောင်၊

    မောင်တော ဒေသတွင် နေထိုင်ကြသည်။ ထိုအချိန်က ထုတ်ခဲ့သည့် အင်္ဂလိပ် အစိုးရ ဘားမားဂေဇက် စာအုပ်တွင်

    ၁၈၇၁ ခုနှစ်တွင် မောင်တော မြို့နယ်၌ မူဆလင် ကုလားနှစ်သောင်း ရှစ်ထောင်ကျော် ရှိရာမှ ၁၉၁၁ ခုနှစ်တွင်

    ကုလား တစ်သိန်းခုနှစ်သောင်းကျော် ဖြစ်လာသည်ဟု ဆိုသည်။ ထိုဒေသတွင် ရောက်လာ သော ကုလားများမှာ

    တစ်ဖြေးဖြေးနှင့် ရခိုင်များကို မောင်းထုတ်ရန် ကြိုးစား လာခဲ့သည်။

    ယနေ့အထိ ရခိုင်လူမျိုးတို့ မေ့မရသည့် ကိစ္စတစ်ခုမှာ ၁၉၄၂ ခုနှစ် ရခိုင်- ကုလား အဓိကရုဏ်း ဖြစ်သည်။

    ရခိုင်ပြည်နယ်မှ အင်္ဂလိပ်တပ်များ ဆုတ်ခွာသွားပြီး ဘီအိုင်အေတပ်များ ရောက်မလာမီ ကြားတွင် ဘူးသီးတောင်၊

    ရသေ့တောင်နဲ့ မောင်တောနယ်တွေမှာ ရှိသည့် ရခိုင်ရွာများကို ဘင်္ဂလာလီ ကုလားများက မီးရှို့ဖျက်ဆီးခြင်း၊

    လူသတ်ခြင်းများ လုပ်ခဲ့သည်။ ပြဿနာ အစမှာ မြေပုံမြို့နယ်တွင် ရခိုင်လူမျိုး သူကြီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့်

    ကုလားနှစ်ဦးကို ရွာသားများက သတ်ပစ်ရာမှ စခဲ့သော်လည်း နောက်ဆုံးတွင် နယ်စပ်ဒေသမှ ရခိုင်လူမျိုးများကို

    ယခုခေတ်အခေါ် လူမျိုးတုံး သတ်ဖြတ်ခြင်းဖြင့် အဆုံးသတ် သွားခဲ့ရသည်။ ဆုတ်ခွာသွားသည့် အင်္ဂလိပ်

    တပ်များက နယ်စပ်ဒေသ ကုလားများကို လက်နက်များ ထုတ်ပေးပြီး နယ်ခြားစောင့် တပ်သဖွယ်

    တာဝန်ပေးခဲ့ခြင်းကြောင့် အခြေအနေပိုဆိုး သွားခြင်းလည်း ဖြစ်သည်။ ထိုပြဿနာကြောင့် ရခိုင်လူမျိုး

    နှစ်သောင်းခန့် သေဆုံးသည်ဟု ရှေးလူကြီးများက ပြောကြ သော်လည်း အထောက်အထား မတွေ့ရ။ သို့သော်

    စစ်ပြီးခေတ် ကတ်စ်ဘီ အစိုးရ အစီရင်ခံစာတွင် ထိုအချိန်က ရခိုင်ပြည်နယ် တောင်ပို်င်းသို့ ထွက်ပြေးလာသော

    ရခိုင်လူမျိုးများကို ပြန်လည် နေရာချ ပေးရာတွင် မူလက မောင်တောဒေသတွင် ရခိုင်ရွာ ၁၂၉ ရွာရှိခဲ့ရာ ၆၈

    ရွာသာပြန် လည်ထူ ထောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုအချိန် ကစပြီး ဘင်္ဂလီ ကုလားတို့က

    ဘူးသီးတောင်၊ မောင်တော ဒေသတွင် လူများစု ဖြစ်သွားခဲ့သည်။

    မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် အန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် ကြိုးပမ်းမှု များလည်း

    တစ်ပြိုင်တည်း ပေါ်ခဲ့သည်။ ထိုသို့ဆောင်ရွက်စဉ် အနိ္ဒယနိုင်ငံထဲမှ မူဆလင် အများစု နေထိုင်ရာ ဒေသများကို

    ခွဲထုတ်ပြီး ပါကစ္စတန်နို်င်ငံ ထူထောင်ပေးရေး လှုပ်ရှားမှုများ ပေါ်လာ၏။ ထိုသို့ ဖွဲ့စည်းမည့် ပါကစ္စတန် နိုင်ငံတွင်

    ဘင်္ဂလားပြည်နယ်က အရှေ့ပါကစ္စတန် အဖြစ် ပါဝင်မည်ဖြစ်သည်။ ထိုအခါ ဘူသီးတောင်၊ မောင်တော ဒေသက

    ကုလားများကလည်း ထိုဒေသများကို ပါကစ္စတန်နှင့် ပူးပေါင်းရန် တောင်းဆိုမှုများ ပြုခဲ့သည်။ ၁၉၄ရ ခုနှစ်တွင်

    ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သို့ လွတ်လပ်ရေး ဆွေးနွေးရန် အသွား အန္ဒိယနိုင်ငံတွင် ခေါင်းဆောင်ကြီး နေရူးနှင့်

    တွေ့ခဲ့သည့် အကြောင်း ကြားဖူးကြ ပါသည်။ သို့သော် ထိုခရီးစဉ်တွင် ဗိုလ်ချုပ်သည် ပါကစ္စတန်နို်င်ငံ

    သမ္မတဖြစ်လာမည့် အလီဂျင်းနားနှင့် တွေ့ခဲ့သည်ကို သိသူနည်းပေလိမ့်မည်။ တက္ကသိုလ်နေဝင်း၏

    ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်း စာအုပ်တွင် ဗိုလ်ချုပ်နှင့် တွေ့ဆုံပြီးနောက်

    အလီဂျင်းနားက ဘူသီးတောင်၊ မောင်တော ဒေသကို ပါကစ္စတန် နိ်ုင်ငံအတွင်း ထည့်သွင်းရန် တောင်းဆိုမှုများကို

    လက်မခံကြောင်း၊ ထိုဒေသများသည် မြန်မာပိုင် ဖြစ်သည်ကို အသိအမှတ် ပြုကြောင်း ပြောကြားခဲ့သည်ဟု

    ဖော်ပြထားပါ သည်။

    ထိုတောင်းဆိုမှုများ မအောင်မြင်သည့်အခါ မူဂျာဟစ် အမည်ခံ ကုလားဆိုး သောင်းကျန်း သူများ ပေါ်လာသည်။

    နယ်စပ်ဒေသတွင် အခြေခံပြီး ဘူးသီးတောင်၊ မောင်တော ဒေသကို သီးခြားပြည်နယ် ထူထောင်ဖို့ လုပ်ခဲ့သည်။

    အစိုးရ စခန်းများကို တိုက်သည်။ ရခိုင်လူမျိုးများကို မောင်းထုတ်သည်။ တပ်မတော်ကလည်း ကေအင်ဒီအို

    အရေးနှင့် လုံးပန်းနေရသဖြင့် အမြစ်ပြတ်အောင် မတိုက်နိုင်၊ ၁၉၅၄ ခုနှစ်မှသာ နယ်စပ်ရှိ မူဂျာဟစ်တို့၏

    တောင်ပြိုစခန်းကို သိမ်းပိုက် နိုင်ခဲ့သည်။ ထိုအချိန်က သတင်းစာများကို ပြန်ဖတ်လျှင် ၁၉၄၈ မှ ၁၉၅၄

    အကြားတွင် ကုလားဆိုးဟု သတင်းစာများက ခေါ်သည့် မူဂျာဟစ်များ မည်မျှ ရက်စက်ခဲ့သည်ကို တွေ့နို်င် သည်။

    သို့သော် စစ်ရေးတွင် အရေးနိမ့်သွားသည့် ကုလားများက နိုင်ငံရေးနယ်တွင် ခေါင်းထောင်လာ ပြန်သည်။

    ထိုကဲ့သို့ ခေါင်းထောင်နိုင်ခြင်းမှာမူ ဖဆပလတွင် တာဝန်ရှိပေသည်။ ထိုအချိန်က ရခိုင် ဒေသ ( ပြည်နယ်

    မဖြစ်သေး) တွင် ဖဆပလက အင်အားမကောင်းပဲ ရခိုင်တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးအဖွဲ့ ရတညက

    အင်အားကောင်းသည်။ ထိုအခါ ဖဆပလက ဘင်္ဂလီကုလားများကို ဖဆပ လအတွင်းဝင်ရန်နှင့် အမတ်အရွေးခံရန်

    ခွင့်ပြုခဲ့သည်။ ဤသို့ဖြင့် မှတ်ပုံတင်မရှိသော ကုလားများမှာ ကုလားသူကြီးက ထောက်ခံစာရေးပေးလျှင် မဲပေးခွင့် ရခဲ့သည်။ ထို့ကြောင့် အဒူဂေါ်ဖား၊ စူလတန် အာမက်၊ အဘူခိုက်၊ အဘူဘော်ရှော့ ဆိုသည့်

    မုတ်ဆိတ်ဖားဖား ကုလားများသည် ဖဆပလ အမတ်များ ဖြစ်လာသည်။ ကျန်းမာရေးဝန်ကြီးဌာန

    ပါလီမန်အတွင်းဝန် အဖြစ် စူလတန်မာမွတ် ဆိုသူဖြစ်ခဲ့ဘူးသည်။ လဝက အတွင်းဝန် ကုလားတစ်ယောက်လည်း

    ရှိခဲ့သေးသည်။ နံမည်မမှတ်မိတော့။ ကုလားကို လဝက အတွင်းဝန် ခန့်ခဲ့သည်ဆိုလျှင် ဘာတွေဖြစ်မလဲ

    စဉ်းစားသာ ကြည့်ပေတော့။ ထိုခေတ် ဖဆပလ အစိုးရက ရာသီအလိုက် စိုက်ပျိုးရေး လုပ်ငန်းများတွင်

    လုပ်ကိုင်ရန်အတွက် အရှေ့ပါကစ္စတန်မှ ကုလားများကု ိ ပါမစ်ဖြင့် ဝင်ခွင့်ပြုခဲ့သည်။ ထိုသို့ဝင်လာသူ အများစုက

    ပြန်မသွားပဲ ဘူးသီးတောင်၊ မောင်တောဒေသတွင် ကျန်နေခဲ့ သည်။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရတက်မှသာ

    ထိုသို့ ပါမစ်ဖြင့် ဝင်ခွင့်ပြုခြင်းကို ပိတ်ပစ်ခဲ့ရသည်။ ရိုဟင်ဂျာ ဆိုသည့် စကားလုံးကိုလည်း ၁၉၅၁ ခုနှစ်တွင်

    ဖဆပလ အမတ်ဖြစ်နေသည့် ကုလားများက စတင်တီထွင် ခဲ့ခြင်းဖြစ်သည်။ သူတို့ သူတို့ကိုယ်သူတို့ ရခိုင်မူဆ

    လင်ဟု ဆိုသည်။ တကယ်တော့ ကုလားသည် ကုလား၊ ရခိုင်သည် ရခိုင်သာဖြစ်၏။ ရခိုင်လူမျိုးတွင်

    ဗုဒ္ဓဘာသာဝင်များ သာရှိသည်။ မူဆလင်မရှိ။

    တော်လှန်ရေး ကောင်စီလက်ထက်တွင် နယ်စပ်ဒေသ၌ ခိုးဝင်မှုများ ရှိသေးသော်လည်း ယခင် ကလောက်

    မများတော့။ ကုလားဆိုးများလည်း နိဂုံးချုပ်သွားသည်။ သို့သော် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေအတွက် ပြည်သူများ

    ထံမှ အဆိုပြုချက်များတောင်းသည့်အခါ ဘူးသီးတောင်၊ မောင်တောက ကုလားများက ဘူးသီးတောင်၊

    မောင်တော ဒေသကို မေယုတိုင်းဟု သီးခြားဖွဲ့စည်းရန်။ အလံတွင်လည်း ကြယ် ၁၄ လုံးအစား ၁၅ လုံးထည့်ပေး

    ရန် စာတမ်းများပြုစုတင်ပြခဲ့သည်။ အတော်ပင် အရှက်မဲ့ ရဲတင်း သောလုပ်ရပ်ဖြစ်၏။

    ဤသို့ဆိုလျှင် ရိုဟင်ဂျာဆိုသည့် လူမျိုးရှိမရှိဆိုသည်ကို ရှင်းလောက်ပြီဟုထင်ပါသည်။ ထိုသို့ ခိုးဝင်

    အခြေချနေသည့် ကုလားများကို စိစစ်ရန်အတွက် လမ်းစဉ်ပါတီ အစိုးရ လက်ထက်က ၁၉၇၈ ခုနှစ်တွင်

    လည်းကောင်း၊ နဝတ အစိုးရ လက်ထက်က ၁၉၉၁ ခုနှစ်တွင်လည်းကောင်း မှတ်ပုံတင်စိစစ်မှုများ ပြုလုပ်ခဲ့သည်။

    ထိုသို့လုပ်တိုင်း မှတ်ပုံတင်မရှိသည့်ကုလားများက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး ပြီး သူတို့ကို

    မြန်မာအာဏာပိုင်များက နှိပ်စက်သဖြင့် ထွက်ပြေးလာရပါသည်ဟု အော်သည်။ နှစ်ကြိမ် လုံးတွင် မြန်မာဘက်က

    လွတ်လပ်ရေးမရမီ ကာလထဲက မိဘများ မြန်မာနို်င်ငံတွင်နေခဲ့ကြောင်း အထောက်အထား ပြနိုင်သူများကို

    ပြန်လက်ခံခဲ့သည်။ ထိုအခါ ခိုးဝင်လာ သူတွေက ဒုက္ခသည် နံမည်ခံပြီး ဘင်္ဂလားဒေ့ရ်ှမှ ကျန်နေခဲ့ပြီး ရိုဟင်ဂျာ

    ဒုက္ခသည် ဟု နံမည်ခံလာကြသည်။ ရိုဟင်ဂျာတပ်ဦး ဆိုပြီး သောင်းကျန်းသူ အဖွဲ့ဖွဲ့သည်။

    အခု ထိုင်းမှာ၊ မလေးရှားမှာ ရှိနေသည့် ရိုဟင်ဂျာ ဆိုသူများသည် ဘင်္ဂလားဒေ့ရ်ှ မှ ထွက်ခွာလာသည့်

    ကုလားများသာဖြစ်သည်။ ထိုနို်င်ငံတွေကို သွားသလို မြန်မာနိုင်ငံထဲသို့လဲ ခိုးဝင်ဖို့ ကြိုးစား နေဆဲဖြစ်သည်။

    ဒါ့ကြောင့်လဲ အစိုးရက နယ်စပ်မှာ လဝကတွေကို အများအပြား ချထားပြီး နယ်စပ် ဒေသကို ထိန်းသိမ်း

    နေရသည်။ သို့သော် ကုလားများက မြန်မာနို်င်ငံမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ များဖြစ်သည်၊ မြန်မာတို့က

    နှိပ်စက်သဖြင့် ထွက်ပြေးလာရပါသည်ဆိုပြီး ထို်င်းမှာ၊ မလေးရှားမှာ နို်င်ငံ ရေးခိုလှုံခွင့်ရအောင် ကုလားမူ၊

    ကုလားချွဲလုပ်သည်။ ဘာအကြောင်းဖြစ်ဖြစ် မြန်မာအစိုးရကို တွယ်ဖို့ အခွင့်အရေးရလျှင် တော်ပြီဆိုသည့်

    အတိုက်အခံ များကလည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာအစိုးရ၏ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှု

    တစ်ခုအဖြစ် ပုံဖော်နိုင်အောင် မီဒီယာ ပေါ်တင်လာကြသည်။

    သို့သော် ယခုကိစ္စသည် တပ်မတော် အစိုးရနှင့်သာ သက်ဆိုင်သည့် ကိစ္စမဟုတ်၊ အမျိုးသား ရေးဖြစ်သည်။

    သမိုင်းတစ်လျှောက် မြန်မာနို်င်ငံထဲကို နည်းမျိုးစုံဖြင့် ထိုးဖောက် လာခဲ့သည့် ကုလားများက သမိုင်းတွင် မရှိသည့်

    လူမျိုးစုနံမည်ကို ဖန်တီးပြီး မြန်မာနို်င်ငံထဲတွင် တရားဝင်ခြေကုတ်ယူဖို့ လုပ် လာခြင်းဖြစ်သည်။ ဒီမိုကရေစီ

    ပြဿနာ မဟုတ်ပါ။ လူ့အခွင့်အရေး ပြဿနာ မဟုတ်ပါ။ မိမိတို့ချင်း သဘောထား ကွဲပြားမှုများကို ဘေးချိတ်ပြီး

    ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း နို်င်ငံ တကာ မျက်နှာစာမှာ ခိုင်ခိုင်မာမာ ရပ်တည်ရမည့်

    အချိန်ဖြစ်ပါ၏။ မြန်မာမှာ ရိုဟင်ဂျာ ဆိုတာမရှိ။ မူဆလင် ဘာသာဝင် ကုလားများသာ ရှိသည်ဆိုသည်ကို

    ပြောရမည့် အချိန်ဖြစ်သည်။ သမိုင်းကို သိပြီး အမျိုးသား ရေးဘက်က ရပ်တည်နိုင်ရန် အတွက် မိမိသိသမျှကို

    မျှဝေလိုက်ခြင်းဖြစ်ပါသည်။

  • s0wha1

    November 3, 2011 at 2:24 am

    တရုတ်ကဖိ၊ကုလားကအိ

    by UZa Wana on Monday, October 31, 2011 at 11:01pm

    မြန်မာ့တပ်မတော်ရဲ ့ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်သူ၊လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ရဲ ့ ဒုဥက္ကဌလည်းဖြစ်သူ ဦးတင်ဦး ရဲ ့ဘဝဖြတ်သန်းမှုတွေကို အာအက်ဖ်အေ မြန်မာပိုင်းရေဒီယိုကနေ ပြည်သူ ့ဖက်ကဗိုလ်ချုပ်ကြီးတယောက် အစီအစဉ်အနေနဲ ့ထုတ်လွှင့်နေပါတယ်။ ၃၊၁၀၊၂၀၁၁နေ ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာ ဦးတင်ဦး က ရိုဟင်ဂျာလို ့မခေါ်ပဲ ဘင်္ဂါလီ လို ့ခေါ်တာကိုမကျေနပ်လို ့ ဆိုပြီးမြောက်အမေရိကတိုက်မှာ ဖွဲ ့စည်းထားတဲ့ BRANA ဘင်္ဂါလီ(ရိုဟင်ဂျာ)အစည်းအရုံးဥက္ကဌ ဒေါက်တာဝါကာအူဒင်းမှကန် ့ကွက်တာကို ၁၄၊၁၀၊၂၀၁၁နေ ့က အာအက်ဖ်အေရေဒီယို အစီအစဉ် မှာကြားလိုက်ရတယ်။ ဒါကြောင့် စစ်တကောင်းအနွယ်ဝင် ဘင်္ဂါလီတွေ မဟုတ်မမှန်ဖော်ထုတ်နေတဲ့ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားအလိမ်ကိစ္စကို အများပြည်သူတွေသိစေဖို ့ ဒီဆောင်းပါးကို ရေးသားလိုက် ရခြင်းဖြစ်တယ်။

    ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားရှိခြင်းမရှိခြင်း

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားဆိုတာကို မြောက်ဦးခေတ်၊ဓညဝတီခေတ်တို ့မှာပဲရှာရှာ၊ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရထုတ်ပြန်ခဲ့တဲ့ (၁၈၇၂ခုမှ ၁၉၁၁ခု) စတဲ့သန်းကောင်စာရင်း (census) တွေမှာပဲရှာရှာ ရှာတွေ ့နိုင်မှာမဟုတ်ပါ။ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားအလိမ်ပဲဖြစ်ဖြစ်၊ အတုပဲ ဖြစ်ဖြစ် ဆိုတာဟာ အရင်ကလည်းမရှိခဲ့ဘူး။ အခုလည်းရှိမနေဘူး။ နောက်လည်းရှိလာမှာ မဟုတ်ဘူး။ ဒီအကြောင်းကိုပဲ သမိုင်းနဲ ့ချီပြီး ရခိုင်တိုင်းရင်းသားအဖွဲ ့အစည်းတွေ၊ပညာရှင်တွေရှင်းပြတာ ထုတ်ပြန် ထားတာတွေကလည်း ဒုနဲ ့ဒေးရှိနေတယ်။ ဒါပေမယ့် ဘင်္ဂါလီတွေဖြစ်တဲ့ ရိုဟင်ဂျာလှုပ်ရှားမှုဟာ ယခုအထိ မြန်မာနိုင်ငံရဲ ့ ဌာနေတိုင်းရင်းသားအခွင့်အရေးကို လူ ့အခွင့်အရေးထက် ကျော်လွန်ပြီး လုပ်နေတယ်။

    တိုင်းရင်းသားဆိုတာဘာလဲ

    ပထဝီအနေအထားအရ ခိုင်လုံတဲ့သမိုင်းကြောင်းနဲ ့ကိုယ်ပိုင်ယဉ်ကျေးမှု၊ကိုယ်ပိုင်ဘာသာစကား၊ကိုယ် ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာရှိသူများကို တိုင်းရင်းသားလို ့ခေါ်တယ်။ မြန်မာ့နိုင်ငံရဲ ့တိုင်းရင်းသား တွေဟာ မနေ ့တနေ ့ကမှ ရုတ်တရက်ကောက်ကာငင်ကာ ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ရာဇဝင်နဲ ့ချီတဲ့ သမိုင်းအထောက်အထားတွေနဲ ့ ရှင်သန်ကြတာဖြစ်တယ်။ ရခိုင်၊မွန်၊ဗမာ၊ရှမ်း၊ကရင်၊ကယား(ကရင်နီ)၊ ကချင်၊ချင်းစတဲ့ အဓိကတိုင်းရင်းသားအင်အားစုကြီးတွေမှာ ခိုင်မာတဲ့ သမိုင်းကြောင်းတွေကို ကျောက် စာနဲ ့ပေ၊ပုရပိုက်တို ့မှာတွေ ့ရတယ်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားတွေဟာ ဘာသာရေးကို အခြေခံပြီး တိုင်းရင်းသားဖြစ်လာသူများလည်းမဟုတ်ပါ။ ရှိရင်းစွဲဓလေ့ထုံးစံအတိုင်းသာ ရှေးပဝေဏီကပင် နေထိုင် သူများဖြစ်တယ်။

    သမိုင်းလိမ်ရင် အမှန်တရားမဟုတ်

    အာရပ်လူမျိုးတွေက အရှေ ့တောင်အာရှကို ဟင်းခတ်အမွှေးအကြိုင်လာရောင်းကာ ရမ်းဗြဲကျွန်းနားက သင်္ဘောပျက်ပုံပြင်နဲ ့ရိုဟင်ဂျာလူမျိုးဆိုတာဖြစ်ပေါ်လာတာကို ရိုးမယ်ဖွဲ ့ပြီး သမိုင်းကိုလုပ်ကြံဖန်တီးလို ့ မရပါ။မြန်မာနိုင်ငံလွတ်လပ်ရေးရခါစမှာပင်မူဂျာဟစ်သူပုန်များထကြွခဲ့တာသမိုင်းအမှန်ပါ။ဗမာ့သေနတ် ကိုင် တပ်ရင်း(၅) က မူဂျာဟစ်တွေကို တောင်ပြိုတိုက်ပွဲနဲ ့အပြီးသတ်တိုက်ထုတ်ခဲ့တယ်။အဲ့ဒီအချိန်က ရန်ကုန်-အင်းစိန်တိုက်ပွဲတောင် မဖြစ်သေးတဲ့အချိန်ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ(အရှေ ့ပါကစ္စတန်)ဆိုတာ လည်း မပေါ်သေးပါ။ ပါကစ္စတန်နိုင်ငံပဲဖြစ်တယ်။ မူဂျာဟစ်သေနတ်သံတွေနဲ ့အပြိုင် ဘူးသီးတောင် မောင်းတောအမတ်ဖြစ်တဲ့ မစ္စတာဂါးဖါးရ်က ဂါးဒီယန်း သတင်းစာကနေ ရိုဟင်ဂျာ အမည်ပေးထားတဲ့ မူဆလင်လူမျိုးသစ်ကိုဖန်တီးအသက်သွင်းခဲ့တယ်။ ဒီရိုဟင်ဂျာကိစ္စဟာလိမ်ညာမှုတခုသာဖြစ်ကြောင်း၊ မူဆလင်ပြည်နယ်ထူထောင်ရေးဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်ပါကြောင်း ဦးဖော်ဇံ ဆိုသူက ဂါးဒီယန်း သတင်းစာမှာပဲ ချက်ချင်းတုန် ့ပြန်ရေးသားခဲ့တယ်။ မြန်မာနိုင်ငံရဲ ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ၊ တောင်ပိုင်းမှ ပတ္တနီ၊ယာလာနဲ ့နာရာသီဝပ်ဒေသတွေမှာဖြစ်နေတဲ့ မူဆလင်ခွဲထွက်ရေးလှုပ်ရှားမှုနဲ ့ ဘင်္ဂါလီရိုဟင်ဂျာလှုပ်ရှားမှုတွေဟာတပုံစံတည်းပဲဖြစ်တယ်။ ထိုင်းတောင်ပိုင်းမူဆလင်သမိုင်းကလည်း အာရပ်တွေရဲ ့ဟင်းခပ်အမွှေးအကြိုင်နဲ ့ဇာတ်လမ်းဆင်တယ်။

    အရင်းစစ်လျှင် အမြစ်မြေ

    ၁၉၅ဝပတ်ဝန်းကျင်နှစ်များက မူဂျာဟစ်သူပုန်နဲ ့ရိုဟင်ဂျာဟာ ဆက်စပ်နေတယ်။ဒီအရင်က မရှိခဲ့ပါ။ မြစ်ဖျားခံမှုက ဗြိတိသျှနယ်ချဲ ့ရဲ ့ တံခါးမရှိ၊ဓါးမရှိ လူဝင်မှုဝါဒမှ စတင်ခဲ့တယ်။ ဗြိတိသျှတို ့သိမ်းပိုက် ခါစ (၁၈၂၅)ခုနှစ်က ရခိုင်ပြည်မှာ မူဆလင်လူဦးရေ သုံးသောင်း(၃၀၀၀၀)သာရှိခဲ့ရာမှ ၁၉၃ဝခုနှစ်မှာ တော့ မူဆလင်ဦးရေ နှစ်သိန်းတသောင်းခုနှစ်ထောင်ရှစ်ရာ (၂၁၇၈၀၀) အထိတိုးပွားခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ ဗြိတိသျှအစိုးရက စုံစမ်းရေးကော်မရှင်တခုဖွဲ ့စည်းခဲ့တယ်။ကော်မရှင်က မူဆလင်ဦးရေ အဆီး အတားမရှိ တိုးလာမှုကို မဟန် ့တားပါက လူမျိုးရေးပဋိပက္ခများဖြစ်လာနိုင်တယ်လို ့အစီရင်ခံခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ဖြစ်လာလို ့လုပ်ငန်းရပ်ဆိုင်းခဲ့တယ်။ ၁၉၄၂ခုနှစ်မှာကုလား-ရခိုင်အဓိကရုဏ်းပေါ်ထွက် ခဲ့တယ်။ ကိုလိုနီခေတ်က အိနိ္ဒယမှ သွင်းလာတဲ့ လယ်ကူလီ နဲ ့ဘင်္ဂါလီလူမျိုး ရိုဟင်ဂျာဟာ အသွင် သဏ္ဍာန်အရကို မတူညီပါ။ အိနိ္ဒယလယ်ကူလီတွေက နယ်ချဲ ့စံနစ် နဲ ့စီးပွားရေးအပေါ် အခြေခံလို ့ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာ ပြန်ထွက်သွားကြတယ်။ရိုဟင်ဂျာဆိုတဲ့ဘင်္ဂါလီလူမျိုးတွေကတော့ ခြေကုတ် ယူနယ်ပယ်ချဲ ့ဖို ့နဲ ့နိုင်ငံရေးအာဏာအထိတက်လှမ်းဖို ့အစီအစဉ်တကျ ရည်ရွယ်ချက်ရှိတယ်။

    မြန်မာမူဆလင်တိုင်း ရိုဟင်ဂျာ(တိုင်းရင်းသားအလိမ်) မဟုတ်

    အာဇာနည်ခေါင်းဆောင်တွေဖြစ်တဲ့ ဆရာကြီးဦးရာဇတ်နဲ ့ရဲဘော်ကိုထွေးတို ့၊ပါကစ္စတန်နိုင်ငံရဲ ့ ပထမ ဆုံးမြန်မာသံအမတ်ကြီးဦးဖေခင်တို ့ဟာ မြန်မာအမျိုးသားရေးစိတ်ရှိ တဲ့ မြန်မာမူဆလင်တွေဖြစ်တယ်။ သူတို ့ဟာ အညာမှာရှိတဲ့ မြန်မာမူဆလင်မိသားစုတွေက မွေးဖွားခဲ့သူတွေဖြစ်တယ်။ မြန်မာရာဇဝင်မှာ ဘုရင်ကချီးမြောက်ခဲ့တဲ့ ဗျဝိ၊ဗျတ္တဆိုတဲ့ သူရဲကောင်းညီအကို ရှိပါတယ်။ ဒီညီအကိုလည်း သင်္ဘောပျက် ပြီး ယခုမြန်မာနိုင်ငံလို ့ခေါ်တဲ့အရပ်ကိုရောက်လာသူတွေဖြစ်တယ်။ဒီလိုရာဇဝင်တွေကျတော့ ရိုဟင်ဂျာ ဆိုပြီးလိမ်ညာဝါဒဖြန် ့နေသူတွေမသိသလိုနေကြတယ်။ မြန်မာနိုင်ငံမှာရိုဟင်ဂျာ(တိုင်းရင်းသားအလိမ်) မပေါ်ထွက်မှီကတည်းက မြန်မာတိုင်းရင်းသားတွေနဲ ့အိမ်ထောင်ရက်သားကျနေကြတဲ့ မူဆလင်တွေ သားစဉ်၊မြေးဆက်ရှိကြတယ်။ ရိုဟင်ဂျာဟာစစ်တကောင်းကဘင်္ဂါလီလောက်ကိုတောင်အမျိုးမတော်ပဲ၊ ခုန်ကျော်ပြီး အာရပ်တွေနဲ ့အမျိုးစပ်ထားပုံကဇာတ်နိမ့်၊ဇာတ်မြင့်ဆိုတာကိုမျော်မြင်လို ့လား၊တမန်တော် ရဲ ့သာကီမျိုးတွေဖြစ်ချင်လို ့လား မေးရမလိုဖြစ်နေတယ်။

    တိတ်တဆိတ်မကောင်းကြံမှု (Conspiracy Theory)

    မြန်မာစကားမှာရှိတဲ့အရိပ်နေနေ၊အခက်ချိုးချိုးဆိုတာနဲ ့အာရပ်ကုလားအုပ်ပုံပြင်တို ့ဟာ ဆင်တူရိုးမှား ဖြစ်တယ်။၁၉၈ဝနှစ်များဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ်ပတ်ဝန်းကျင်ကိုအခြေခံပြီး ရန်ကုန်မြို ့မှာပါပြန် ့ ခဲ့တဲ့စာကတော့ ဗုဒ္ဓဘာသာအမျိုးသ္မီးကိုယူရင် ငွေဘယ်လောက်၊ ဘွဲ ့ရတို ့၊ ဗိုလ်မှူးသမီးတို ့ယူရင်ငွေ ဘယ်လောက်ချီးမြောက်မယ်ဆိုတဲ့စာဖြစ်တယ်။အဲ့ဒီအချိ်န်က ရန်ကုန်တက္ကသိုလ်မှာ ရခိုင်ကျောင်းသား အများအပြားနေတာက ပင်းယဆောင်ဖြစ်တယ်။ ပင်းယဆောင်မှာ ဘူးသီးတောင်၊မောင်းတောဘက်က ကျောင်းလာတက်တဲ့ ကုလားကျောင်းသားလေး၊ငါးဦးကိုထောက်လှမ်းရေးကစာကိစ္စနဲ ့ဖမ်းဆီးသွားတာ ကိုလည်းတဆောင်တည်းနေရခိုင်ကျောင်းသားတွေတောင်မသိရှိပါ။အဆောင်မှူး၊ကထိက၊ပါမောက္ခ နဲ ့ ပါမောက္ခချုပ်တို ့တော့ သိရှိနိုင်ပါတယ်။ ဖမ်းခံသွားရတဲ့ ဘူးသီးတောင်၊မောင်းတောကျောင်းသား လေး၊ ငါးဦးဟာ လစ်ဗျားနိုင်ငံထောက်ပံကြေး(stipend) နဲ ့ကျောင်းတက်နေတာလို ့ နှစ်များစွာကြာပြီးမှဆက် စပ် တဲ့ အသိုင်းအဝိုင်းတွေအရသိရပါတယ်။

    ၁၉၉၀ဝန်းကျင်နှစ်များကကရင်ပြည်နယ်မှာ ထီးပါဝိကျိုးတိုက်ပွဲတွေနဲ ့စစ်သံမြိုင်နေချိန်မှာကုလားတွေ (မဆလရွေ ့ပြောင်းမှု၊မှောင်ခိုခေတ်ကြောင့်ရောက်လာသူများ)စုနေကြတဲ့ရွာတရွာမှာ ကုလားတဦးသေ ဆုံးတယ်။ သူတို ့ဘာသာရေး အရ င်္သချိုင်းသတ်မှတ်ပေးရမယ် ဆိုပြီး တောင်းလာတယ်။ အဲ့ဒီဒေသ တာဝန်ကျတဲ့ KNLA ကရင်စစ်ကြောင်းမှူးပြန်ပြောတာရှင်းပါတယ်။ ငါတို ့ တသက်လုံး ဒီမှာနေလာတာ ဘာင်္သချိုင်းမှမရှိဘူး။ ဒီတိုင်းမြုတ်တာ၊အပုပ်နံမထွက်စေနဲ ့တဲ့။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒီအေဘီထဲပါဖို ့ ကိုလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာ(အာအက်စ်အို)အဖွဲ ့ကကြိုးစားခဲ့သေးတယ်။ တိုင်းရင်း သားအဖွဲ ့အားလုံးကလက်မခံတော့ ဒီမိုကရေစီမရှိဘူး၊လူ ့အခွင့်အရေးမရှိဘူးလို ့သမုတ်ခဲ့သေးတယ်။ ဘာသာရေးအလံထောင်ပြီး ရိုဟင်ဂျာ(တိုင်းရင်းသားအလိပ်)မှိုင်းတိုက်နေမှုများကို မလုပ်သင့်ပါဘူး။ ရခိုင်ပြည် စစ်တွေတောင်မရောက်ဘူးတဲ့သူတွေ၊ ရန်ကုန်မှာပညာသင်ကြီးပြင်းခဲ့တဲ့ မူဆလင်ဆိုသူတွေ က စစ်တကောင်းဇာတိလား၊ အာရပ်ဇာတိလားမကွဲပြားပဲ ရိုဟင်ဂျာဇာတ်လမ်းကို ယူကေတို ့၊ မြောက် အမေရိကား တို ့ကနေ ထုတ်လုပ်နေကြတာ ကို ့ရို ့ကားယား ဖြစ်နေတယ်။ ရွှေသမင် ဘယ်ကထွက် ဆော်ဒီအာရေဗျက ထွက်သလို ဖြစ်နေတယ်။

    ညောင်မြစ်တူး ပုတ်သင်ဥပေါ်

    ရိုဟင်ဂျာအရေးရဲ ့နောက်မှာ ဆော်ဒီလို အာရပ်ငွေတွင်းတွေ လိုက်ပါလာတော့ ခေတ်မှီတဲ့ ရောင်းဝယ် မှုတွေပေါ်ပေါက်လာတယ်။မြန်မာ့နိုင်ငံရဲ ့ပထမဆုံးသမတကြီးသားတာမဟုတ်၊ ဆဌမသံဃာယနာတင် ခဲ့တဲ့ဝန်ကြီးချုပ်ရဲ ့သားလည်း ၁၉၉၄-၅ခုနှစ်များအတွင်းမှာ မြန်မာနိုင်ငံမူဆလင်အကျိုးဆောင်များအဖွဲ ့ ဆိုပြီး ဆော်ဒီအာရပ်ကမ္ဘာမှ ငွေဂွင်ဖန်ဖို ့လုပ်ခဲ့တယ်။ ဒီလူတွေဟာ တိုင်းရင်းသားစစ်ရုံတင် မကဘူး။ မြန်မာ့အဓိပတိအနွယ်ဝင်တွေဖြစ်ပါတယ်။တဖက်မှာလည်း မြန်မာအမျိုးသားရေးစိတ်ရှိတဲ့ လေးစားရတဲ့ ဟာဂျီတွေလည်းရှိပါတယ်။ ဒီဟာဂျီကြီးတွေဟာ ဟိုအရင်ကတည်းက နှစ်စဉ် မက္ကာကို ဘုရားဖူးသွား သူများဖြစ်လို ့ ဆော်ဒီက ငွေအထောက်အပံ့ရဖို ့နည်းတွေကို ပြောဆိုဖူးပေမယ့် တိုင်းပြည်အတွက် မလုပ်သင့်မလုပ်အပ်တာကိုသိလို ့၊နိုင်ငံရေးအမြင်လည်းရှိလို ့သေတပန်သက်တဆုံး မြန်မာအမျိုးသား ရေး စိတ်ဓါတ်နဲ ့ရပ်တည်သွားကြပါတယ်။

    သမိုင်းရဲ ့လောဂျစ်

    နိုင်ငံတွေရဲ ့နယ်စပ်စည်းမျဉ်းတွေနဲ ့နီးစပ်တဲ့ဒေသတိုင်းမှာ တိုင်းရင်းသားတွေ ပြန် ့နှံ ့ခဲ့ရတယ်။အိနိ္ဒယ -မြန်မာနယ်စပ်မှာ ချင်းလူမျိုးဆို အိနိ္ဒယ၊ မီဇိုရမ်ပြည်နယ်ထဲမှာလည်း ရှိတယ်။ နာဂနဲ ့ကသည်းလူမျိုး လည်း ဟိုဘက်နဲ ့ဒီဘက်မှာရှိကြတယ်။ ချင်းတိုင်းရင်းသားဆိုရင် ခရစ်ယာန်ကိုးကွယ်သူများ ဖြစ်တယ်။ ဝလူမျိုးဆို တရုတ်-မြန်မာ နှစ်နိုင်ငံမှာရှိတယ်။ မြောင်-မျော့လူမျိုးဆို ထိုင်း-မြန်မာနယ်စပ်တို ့မှာပြန် ့နှံ ့ နေတယ်။ဒါတွေဟာ ကိုလိုနီသိမ်းယူမှုရဲ ့ မြေပုံအရ grid line ဆွဲမှုတွေကြောင့် ဖြစ်သွားရတယ်။ တခြားမကြည့်ပါနဲ ့ တချိန်က မြန်မာပိုင် ကပ္ပလီကျွန်း (adaman island) ဟာ ယခုအခါမှာ အိနိ္ဒယပိုင် ပို ့ဘလဲယားကျွန်း ဖြစ်နေတယ်။ အဲ့ဒီကျွန်းမှာရှိတဲ့ မြန်မာပြည်က ကရင်တိုင်းရင်းသားတွေဟာ အိနိ္ဒယ နိုင်ငံသားတွေဖြစ်သွားတယ်။ ရိုဟင်ဂျာဆိုတဲ့ကိစ္စကတော့ဘာသာကွဲပြားမှုနဲ ့မဆိုင် သမိုင်းရဲ ့လောဂျစ် မကျတာနဲ ့ဆိုင်တယ်။ မြန်မာနိုင်ငံမှာမရှိတဲ့လူမျိုးကို တိုင်းရင်းသားအဖြစ် အတင်းသွပ်သွင်းကာ သမိုင်း ကို လိမ်နေတဲ့ ကိစ္စဖြစ်တယ်။ သမိုင်းမှာ ကျဆုံးရမှာ သေချာတယ်။ ။

    ဧရာ

    ၁၉၊၁၀၊၂၀၁၁

    ကိုးကား။ ။ ၁၊လူ ့အခွင့်အရေးအရေခြုံ ရိုဟင်ဂျာအမည်ခံစစ်တကောင်းအနွယ်ဝင်ဘင်္ဂါလီတို ့၏နယ် သစ်ချဲ ့ထွင်ရေးသမိုင်းလိမ်ကိုဝေဖန်ခြင်း၊ ခိုင်မြဝါ၊ ရခိုင်အမျိုးသားအသင်းဂျပန်၊ ၂၀၀၃ခုနှစ်-ဇွန်လ

    ၂၊ထိုင်းနိုင်ငံတောင်ပိုင်းဒေသပဋိပက္ခနှင့်အကြမ်းဖက်မှုပြဿနာ၊ ကိုကိုလှိုင်၊ပြည်စုံစာအုပ်တိုက်၊၂၀၀၈- ဇူလိုင်လ

    ၃။ကျနော်ကျင်လည်ခဲ့ရသောမြန်မာနှင့်ကမ္ဘာ၊ သူရထွန်းတင်၊ ပြည့်စုံစာအုပ်တိုက်၊ ၂၀၀၈-ဧပြီလ

    ၄။Census of Burma 1911၊ Government printing၊ Rangoon၊ (Reprinted) 1986

  • s0wha1

    November 3, 2011 at 2:26 am

    ရိုဟင်ညာနဲ့ အတူ ညာနေသူများ
    by Kyaw H. Aung on Saturday, October 29, 2011 at 6:43am

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်း တောင်တန်းပေါ်မှာ ဘင်္ဂလီလူမျိုးတွေဟာ ဒေသခံ သက်၊ မရမာ စတဲ့ လူမျိုးတွေရဲ့ အိမ်တွေ ဘုန်းကြီးကျောင်းတွေကို လုယူခဲ့ကြတယ်။ အခုထိလည်း လုယူနေတုန်းပဲ။ မရရင် မီးရှို့ပြီးတော့ ပြည်သူတွေ မနေနိုင်အောင် လုပ်တယ်။ ပြီးခဲ့တဲ့ ဧပြီလ ကပဲ ဘုန်းကြီးကျောင်းနဲ့အိမ်ပေါင်း ၂၀ဝ ကျော်ကို မီးရှို့လို့ ဒေသခံတွေ ခွေးပြေးဝက်ပြေး ပြေးကြရတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဒီမိုကရေစီရနေပေမဲ့ စစ်တကောင်းတောင်တန်းနယ်ကို ဘင်္ဂလီစစ်တပ်အောက်မှာ ထားပြီး တိုင်းဦးသားဒေသခံတွေကို မနေနိုင်အောင် လုပ်ပြီး ခြံမြေတွေကို လုနေကြတယ်။ မကြာခင် လပိုင်းတုန်းကပဲ အင်တာနတ်ပေါ်မှာ ဘင်္ဂလီတစ်ဦးက မိသားစု သုံးဦးကို သတ်ပြစ်တဲ့ ကြောက်လန့်ဖွယ် ပုံတွေကို တွေ့လိုက်ရတယ်။ ဒေသခံအမျိုးသမီးငယ်တစ်ဦးကို အဲဒီဘင်္ဂလီက မုဒိမ်းကျင့်ဖို့ ကြိုးစားရင်း ကောင်မလေးက အော်တော့ ကောင်မလေးရော၊ သူ့ကို ကူညီဖို့ ပြေးလာကြတဲ့ အဖေနဲ့ ဆွေမျိုးတစ်ဦးကိုပါ သတ်ပစ်တယ်။

    ဒီလိုမျိုးဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ မဖြစ်ဘူးလို့ မထင်လိုက်ပါနဲ့။ မောင်းတော၊ ဘူးသီးတောင်နယ်တွေမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေက ရှက်တတ်လို့ အမှုမတိုင်တာတို့၊ ပြည်ပသတင်းဌာနတွေဆီကို မရောက်တာတို့၊ ရခိုင်သတင်းဌာနဖြစ်တဲ့ နိရဉ္စရာက ဖော်ပြရင်တောင်မှ BBCတို့ တခြား သတင်းဌာနတွေက မဖော်ပြလို့ လူတွေ မသိကြပါဘူး။

    ဘင်္ဂလီသတင်းတွေကျတော့ အပ်ကျတာက အစ ဖော်ပြပါတယ်။ သူတို့ရဲ့ သတင်းတွေကျတော့ ခွဲခြမ်းဆန်းစစ်မှု မပြုပါဘူး။ ဥပမာ ဘင်္ဂလားဒေ့ရှ်ကနေ ဘုတ်တွေနဲ့ တတိယနိုင်ငံကို ထွက်ပြေးကြတဲ့ အကြောင်းကို ကြည့်ပါ။ အဲဒီအထဲမှာ အကုန်လုံးက မြန်မာနိုင်ငံကို ခိုးဝင်လာတဲ့ လူတွေ မဟုတ်ဘူး။ လူမှောင်ခိုပွဲစားတွေက ကြုံရင်ကြုံသလို ထည့်ပေးနေတော့ အဲဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်မှာ မွေး၊ ဘင်္ဂလားဒေ့ရှ်မှာ ကြီးတဲ့ ဘင်္ဂလီတွေ တပုံကြီး။ ပြည်ပသတင်းဌာနတွေကတော့ အကုန်လုံးက ”ရိုဟင်ဂျာ”ဆိုပြီးတော့ ဂဏန်းတွေ ပေါင်းပွပွနဲ့ မောင်းထုပေးကြပါတယ်။ ကောင်းချီးဩဘာပြုကြပါတယ်။

    ”ရိုဟင်ဂျာ”သုံးရင် အခွင့်အရေးပိုရမယ်ဆိုတာသိတော့ အလွဲသုံးစားလုပ်ကြတယ်။ ဟိုကဒီက ကုလားတွေကပါ ဝင်ပြီး ရိုဟင်ညာ ကြတယ်။ သမိုင်းတွေကို ဇောက်ထိုးမိုးမျှော် ကလိကြတယ်။ ပုံကားချဲ့ကြတယ်။ ကျနော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က အမေရိကန်တရားရေး ဌာနအောက်မှာ ရှိတဲ့ လဝက တရားရုံးမှာ ရခိုင်နဲ့ ဗမာ ဘာသာပြန်လုပ်ပါတယ်။ ”ရိုဟင်ဂျာ”ဆိုတဲ့ နာမည်ကို သုံးပြီး အမေရိကမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်တဲ့ လူတွေကို အများကြီးတွေ့လာတယ်လို့ ဆိုတယ်။ သူတို့က မြန်မာပြည်ကပါလို့ ပြောပြီး စကားပြန်ရှေ့မှာ ဗမာစကားရော၊ ရခိုင်စကားပါ မပြောတတ်ကြဘူးတဲ့။ အဲဒါနဲ့ အမှုစစ်လို့ကို အဆင်မပြေဘူးတဲ့။ ကောင်းလေရော…

    ဒီနေရာမှာ စကားမစပ် ”ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းကို ရှင်းပြရအုံးမယ်။ နဂိုမူလ ”ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတွေ မြန်မာနိုင်ငံက ရခိုင်လူမျိုးကို ခေါ်တဲ့ ဝေါဟာရပါ။ ကျနော်တို့ Chineseတွေကို တရုတ်လို့ ခေါ်သလိုပေါ့။ တရုတ်တွေက သူတို့ကို ကျနော်တို့ တရုတ်လို့ ခေါ်မှန်း မသိကြပါဘူး။ အဲဒီလိုပဲ ရခိုင်တွေကို ဘင်္ဂလားဒေ့ရှ်က လူတွေက ”ရိုဟင်ဂျာ”လို့ခေါ်တာကို သိသူနည်း ပါတယ်။ နယ်စပ်နားက ဘင်္ဂလီစကား ပြောတတ်တဲ့ ရခိုင်တွေရယ်၊ သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ လူတွေရယ်၊ ဘင်္ဂလားဒေ့ရှ်မှာ နေတဲ့ ရခိုင်လူမျိုးတွေ လောက်ပဲ သိကြပါတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဖြစ်ချင်တဲ့ ဘင်္ဂလီတွေက သူတို့ကို သူတို့ ”ရိုဟင်ဂျာ” (သို့) ”ရခိုင်”လို့ နာမည်ပေးခြင်း ဖြစ်ပါတယ်။

    အခုတော့ ရခိုင်လူမျိုးတွေဆီက ခိုးသွားတဲ့ ”ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းက အချိန်ကြာလာတော့ သူခိုးလက်ထဲရှိရာကနေ ပိုင်ရှင်လက်ထဲရောက်သွားသလို ဖြစ်သွားပါပြီ။ ဆက်လက်ပြီးတော့ ဘာများ သူတို့ လက်ထဲရောက်အုံးမလဲ ဆိုတာကတော့ မသိသေးပါဘူး။ ပြည်ပအတိုက်အခံ မီဒီယာတွေကတော့ မြန်မာအစိုးရနဲ့ မသင့်မြတ်တဲ့လူဆိုရင် ပြီးရော၊ ရိုဟင်ညာနဲ့ အတူ ညာလျှက်ပဲ ရှိနေကြောင်းပါ ခင်ဗျာ…

    စစ်တကောင်းတောင်တန်းနယ်က ရခိုင်မျိုးနွယ်စုနဲ့ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ အိမ်များ မီးရှို့ခံရစဉ်။ (၁)

    စစ်တကောင်းတောင်တန်းနယ်က ရခိုင်မျိုးနွယ်စုနဲ့ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ အိမ်များ မီးရှို့ခံရစဉ်။ (၂)

    စစ်တကောင်းတောင်တန်းနယ်က ရခိုင်မျိုးနွယ်စုနဲ့ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ အိမ်များ မီးရှို့ခံရစဉ်။ (၃)

Leave a Reply