Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လယ်ယာမြေအကျိုးပျက်စီးမူအမိန့်ချ

htet wayOctober 29, 20111min2725

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင်တရားလိုဦးတင်ဦးမှလျှောက်ထားချက်အပေါ်အိမ်မဲမြို့နယ်တရာရုံးမှ(၂၆.၁၀.၂၀၁၁)ရက်နေ့တွင်ပုဒ်မ၄၂ရဖြင့်တရားခံသန့်ဇင်ဦးပါ(၃)ဦးကိုတဦးလျှင်ဒဏ်ငွေ၁၀၀၀ဝစီချမှတ်
လိုက်ကြောင်းသတင်းရရှိပါသည်။
ဖြစ်စဉ်မှာဧရာဝတီတိုင်းအိမ်မဲမြို့နယ်သဲချေင်ကျေးရွာတွင်နေထိုင်သောဦးတင်ဦးသည်(၁.၆.၂၀၁ဝ )တွင်မိုးခေါင်ရေရှားဖြစ်သည့်အတွက်လယ်ယာမြေတွင်အဝီစိတွင်းတူးပြီးစက်မောင်း၍ရေရယူကာစပါးစိုက်ပျိုးခဲ့ရာ
၎င်းလယ်ယာမြေနှင့်ကန်သင်းကပ်လျှက်ရှိသောသန့်ဇင်ဦး၊ဦးကျော်ဦး၊ဒေါ်သန်းရွှေတို့မှကန်သင်းကိုဖဲ့ယူကာ ၎င်းတို့လယ်ရေရရှိရေးဆောင်ရွက်ခဲ့ရာဦးတင်ဦးမှကျေးရွာအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီထံ(၁၅.၆၂၀၁၀)တိုင်
တန်းခဲ့ရာကျေးရွာကောင်စီမှအထက်ဆင့်သို့တိုင်ကြားပါရန်စာဖြင့်လမ်းညွှန်သဖြင့်မြိုနယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသို့တိုင်ကြားခဲ့ပါသည်။မြို့နယ်အေးချမ်းဖြိုးမှတရားစွဲဆိုပါရန် ၂၀၁ဝ ဩဂုတ်လတွင်စာဖြင့်တရားလို
ထံသို့တရားစွဲရန့်ထပ်ဆင့်ညွှန်ကြားသဖြင့်အိမ်မဲမြို့နယ်တရားသူကြီးဒေါ်အေးအေးစန်းထံတွင်ဦးတိုက်လျှောက်ထားခဲ့ပါသည်။တရားရုံးမှအကျိုးပျက်စီးမူပုဒ်မ၄၂ရဖြင့်စစ်ဆေးရာတရားလိုမှရေသွယ်လုပ်ငန်းပျက်စီးမူပုဒ်မ၄၃ဝဖြင့်မြောင်းမြခရိုင် တရားရုံးသို့အယူခံဝင်ခဲ့ရာပယ်ချသဖြင့်ပုသိမ်တိုင်းတရားရုံးသို့ထပ်မံအယူခံဝင်ခဲ့ပါသည်ပုသိမ်တရားရုံးမှလည်းမူလအမိန့်အတိုင်းပုဒ်မ၄၂ဝ သာပြန်လည်ချခဲ့ပေးပါသည်။၎င်းဖြစ်စဉ်ကာလမှာနောက်နှစ်ထပ်မံစိုက်ပျိုးချိန်ရောက်နေပါပြီ။
အိမ်မဲတရားရုံးတွင်ရုံးချိန်းကြိမ်ဖန်များစွာအမူရင်ဆိုင်ရပြီးတစ်နှစ်ကျော်ကြာသည့်ရိတ်သိမ်းချိန်ရောက်ခါနီး (၂၆.၁၀.၂၀၁၁)ရက်နေ့တွင်တရားရုံးမှတရားခံ ဦးသန့်ဇင်ဦး၊ဦးကျော်ဦး၊ဒေါ်သန်းရွှေ တို့အားတစ်ဦးလျှင်
ဒါဏ်ငွေကျပ်၁၀၀၀၀(တစ်သောင်း) ကျခံစေရန်အမိန့်ချမှတ်လိုက်ပါသည်။
၎င်းအမူတွင်တရားလိုဦးတင်ဦးမှအကျိုးဆောင်ရှေ့နေခအပါအဝင်တရားရုံးစရိတ်နှင့်ခရီးစရိတ်ဆယ့်နှစ်သိန်းခန့်ကုန်ကြောင်း၊စပါးစိုက်ပျိုးရာတွင်ကန်သင်းဖဲ့ချခံရပြီးရေအခက်အခဲကြောင့်၎င်းနှစ်တွင်လယ်ဧက၉ဧကရှိစပါး၃၀ဝကျော်
ပျက်စီးမူဖြစ်ခဲ့ကြောင်းမြောင်းမြ၊ပုသိမ်ရုံးချိန်းသွားနေရသည့်အတွက်အလုပ်ပျက်ပါကြောင်း၊လယ်ကန်းသင်းကိုဖဲ့ချရေယူငင်သုံးစွဲသူတို့မှာဒါဏ်ငွေလောက်ဖြင့်သာဆောင်ရွက်ခဲ့ရကြောင်းညည်းတွားရင်ဖွင့်ခဲ့ပါသည်။
ဦးတင်ဦးမှဆက်လက်ပြောဆိုသည်မှာ မိမိသည်လယ်ယာလုပ်ငန်းကိုငယ်စဉ်ကတည်းကလုပ်ကိုင်သော်လည်းယမန်နှစ်ကလောက်မိုးခေါင်းရေရှားမကြုံဖူးခဲ့ပါ။ဥပဒေအရရေသွယ်လုပ်ငန်းဖျက်စီးမူပုဒ်မ
၄၃ဝကိုလေ့လာဖူး၍ရှေ့နေနှင့်တိုင်ပင်ကာအယူခံဝင်ခဲ့ခြင်းသာဖြစ်ပြီးယခုတော့ပုဒ်မ၄၂ရဖြင့်သာအမူအနိုင်ရရှိခဲ့ကြောင်း၊မပြောသင့်၍ဒီလောက်ပဲပြောခဲ့ပါကြောင်း..စသဖြင့်ပြောဆိုရင်ဖွင့်သွားခဲ့ပါသည်။

မှတ်ချက်။ ။အိမ်မဲမြို့နယ်တရားရုံး (၂၆.၁၀.၂၀၁၁)ရက်စွဲဖြင့်တရားလိုဦးတင်ဦး(ဘ)ဦးစံမြားမှတ်ပုံတင်အမှတ်၁၄/အမန(နိုင်)၀၈၄၉၃ရ၏ပုဒ်မ၄၂ရတိုင်းကြားချက်အပေါ်စီရင်ချက်ဖြစ်ပါသည်။

5 comments

  • koyinmaung

    October 30, 2011 at 5:48 am

    ရှေ့နေနဲ့တရားသူကြီးတွေကတော့ တော်တော်ပျော်နေကြလေရဲ့….

  • thit min

    October 31, 2011 at 8:59 am

    ဆရာထက်ဝေးက ရှေ့နေဖြစ်နေရင် အားနာစရာကြီး ကိုရင်မောင်ရေ။(^^)
    တကယ်လို့ ရှေ့နေဆိုရင် အမှုစစ်တဲ့အကြောင်းလေးတွေရေးပေးပါလားလို့။
    စီရင်ချက်တွေထက် ပြောပုံဆိုပုံလေးတွေ သဘောကျတယ်ဗျ။

  • htet way

    October 31, 2011 at 9:26 am

    ကျွန်တော်ကေ့ရှနေမဟုတ်ပါဘူး။တရားရုံးကစာရေးတို့၊ရှေ့နေတို့ကတော့ရင်းနှီးပါတယ်။
    ကျွန်တော်ဝါသနာပါတာကဥပဒေပါ၊ဒေါ်ချိုပြုံးဆိုတဲ့သီချင်းထဲကလိုငါဖြစ်ချင်တာ
    ကျောင်းဆရာမငါဖြစ်နေတာသီချင်းသည်ဘဝဆိုသလိုကျွန်တော်ဖြစ်နေတာပါ။
    တကယ်ပြောချင်တာတွေအများကြီးရှိပါတယ်။ပြောခွင့်ရရင်ပြောချင်ပါတယ်။တရားသူကြီး
    တွေရဲ့ဝါးချက်၊ရှေ့နေတွေရဲ့စားချက်၊ခွစားချက်တွေပြောချင်ပါတယ်။
    အခုကျွန်တော်တိုင်းရင်းဆေးဆရာ၊ကျူရှင်ဆရာလုပ်ပြီးထမင်းစားရင်း စာရေးပါတယ်ခင်ဗျား။

  • etone

    October 31, 2011 at 11:05 am

    ရယ်ရတယ်နော် … အတော် ထိထိရောက်ရောက် ဥပဒေချမှတ်လိုက်တာပဲ … ထိုက်သင့်တဲ့ ဥပဒေပါပဲ (တရားစွဲခံရတဲ့ဘက်က)..တစ်သောင်းတဲ့ .. … ။ တော်ပီ တော်ပီ ရွာပြန်ပြီး လယ်စိုက်မယ်… မိုးမရွာလည်း မပူဘူး … သူများ ကန်သင်းရိုးချိုးဖောက်ပြီး … ရေရအောင် လုပ်မယ် … တစ်နှစ်လောက်မှ တသောင်းလောက်ပေးရတာကို … ဟီးဟီး … 😛

    (နောက်တာပါ ) ဖတ်ရတာ စိတ်မကောင်းဘူး … ။ လူမိုက်အားပေး ဥပဒေဆိုတာ ဒါမျိုးလားလို့ တွေးမိတယ် … ။ ရိုးရိုးသားသား ရှာစားတာခြင်း အတူတူ ဒီလို ကွက်ကျော်လုပ်တာတော့ … ဒဏ်ကြေးပမာဏ ဆယ်ဂဏန်းလောက် အနည်းဆုံးလုပ်သင့်တယ် … အခုဟာက … အမှူသာပြီးသွားတယ် … ထိုက်သင့်တဲ့ပြစ်ဒဏ်ဖြစ်မလာခဲ့ဘူး … ။

    ဦးတင်ဦးရေ … နောက်ဆို သွားတိုင်မနေနဲ့ .. ရေသာ ဖောက်ရောင်းစားလိုက် … တရားဝင် တစ်ယောက်တသောင်းတောင်းလိုက် … ရှေ့နေခ၊ ရုံးချိန်းအတွက် သွားလာစရိတ် ၊ ဘာစရိတ်ညာစရိတ် မပါ … အချိန်ကုန်သက်သာစွာနဲ့ သုံးသောင်း အဖတ်တင်မယ် … 😛
    (ရယ်စရာကောင်းတဲ့ … ဒဏ်ငွေဒဏ်ကြေးပါပဲ … ဟွန့် 🙄 )

  • htet way

    October 31, 2011 at 12:28 pm

    ဦးတင်ဦးအနေနဲ့ကတော့တရားရုံးကိုကြောက်သွားတာအမှန်ပါပဲ။
    ပုဒ်မ၄၂ရနဲ့ပြစ်ဒါဏ်ကျထားတဲ့အတွက်တရားမနှစ်နာကြေးလျှောက်လို့ရပါတယ်။
    ဒါကလည်းကိုယ်ကအရင်ကုန်ရဦးမှာပါ။တရားသူကြီးရဲ့သဘောထားပေါ်မူတည်ပြီး
    နစ်နာစရိတ်ပေးမှာပါ။လယ်၉ဧကကစပါးထွက်ရှိမူတစ်ဧကပို၇ဝဆိုပါတော့ပျက်ဆီးမူ
    အတိုင်းအတာအပေါ်မှာတရားမနှစ်နာကြေးပြန်လျှောက်လို့ရနိုင်ပါတယ်။
    ဒီနေရာမှာအမူကူးတာတို့ရှေ့နေခတို့ဘာကြေးညာကြေး..တွေရှိမှာပါ။
    ဒီလောက်ပဲပြောပါရစေဦးခင်ဗျား။ ။

Leave a Reply