ကျွန်မဘဝရဲ့ စာဖတ်မှတ်စုများ

နွယ်ပင်October 31, 20111min39919

စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ။ ဒီစကားလေးကို နွယ်ပင့်ရဲ့ဖေဖေက (3)တန်းအရွယ် သူ့သမီးလေးကို ပုံပြင်စာအုပ်လေး တစ်အုပ်ကိုပေးရင်း ပြောခဲ့ဖူးတယ် ။ အဲ့အချိန်တုန်းကတော့ ဒီစကားရဲ့ အဓိပါယ်ကို ဘာမှန်းလေးလေးနက်နက် သေချာမသိခဲ့ပင်မယ့် ဖေဖေဝယ်ပေးခဲ့တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ နွယ်ပင်မွေ့လျောခဲ့တယ် ။ ဒီလိုနဲ့ နေ့ရက်လ ခုနှစ်တွေ တော်တော်ကြာညောင်းလာတော့ နွယ်ပင်တစ်ယောက် စာအုပ်(1)အုပ်ကိုမြင်ရင် မဖတ်ပဲ မနေနိုင်သလို စာအုပ်တစ်အုပ်ကို စဖတ်မိပြီဆိုရင်လဲ လက်က မချနိုင်လောက်အောင်ကိုပဲ စာဖတ်ခြင်းကို ကြိုက်နှစ်သက်လာခဲ့တယ် ။ (10) တန်းအောင်လို့ အိမ်မှာအလကားထိုင်စားနေတဲ့ အချိန်တုန်းကတော့ စာအုပ်နဲ့ မျက်နှာကို မခွာဖြစ်လောက်အောင်ကို စာဖတ်သန်ခဲ့တာပေါ့ ။ စာအုပ်ဆိုရင် ဘာစာအုပ်ကိုမဆိုုစိတ်က အလိုလိုနေရင်းဖတ်ချင်တယ် အပျော်ဖတ်ရော ဗဟုသတရော ဘာသာပြန်ရော စုန်းကဝေရော စိတ်ဓာတ်မြှင့်တင်ရေးရော ဘာမဆိုလာထားပဲ ။ ဒါပေမယ့် ဒါက ငယ်ငယ်က အချိန်တွေပိုနေတုန်းကပေါ့ အခုချိန်မှာတော့ ဘာလာလာ စိတ်ကဖတ်ချင်နေပင်မယ့် အလုပ်ကတစ်ဖက် အိမ်မူကိစ္စတစ်ဖက် လူမူရေးကတစ်ဖက်နဲ့မို့ စာအုပ်နဲ့ ကင်းကွာနေတဲ့ ရက်တွေက တော်တော်များနေခဲ့တယ် ။ မနေ့ကတော့ အလုပ်ကလေးကလဲပိတ် အားအားယားယားလေးရှိနေတော့ စာအုပ်စင်က စာအုပ်လေး တစ်အုပ်ကို ကောက်စွဲမိပြန်တယ် ။ စာအုပ်လေးက ဖတ်ဖတ်ချင်းပဲ ဖတ်မိတဲ့ သူရဲ့ စိတ်ကိုဆွဲဆောင်နီုင်တဲ့ ဆရာမ နီုင်းနိုင်းစနေရေးသားထားတဲ့ သတိ္တရှိတဲ့ ပထမခြေလှမ်း ဆိုတဲ့ စာအုပ်လေးပါ ။

စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာလေးတွေက သူလိုငါလို နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝဇာတ်လမ်းအစုံက အတွေးအမြင်တွေ ပျော်ရွှင်စရာတွေ စိတ်အားတက်ကြွဖွယ်ရာတွေ ဘဝသတ္တိတွေကို ဖော်ပြထားတဲ့ အတွေးအမြင်စာစု စာအုပ်လေးပါပဲ ။ အစားကောင်းကောင်းစားမိရင် မိတ်ဆွေကောင်းတွေကို သတိရမိတယ်တဲ့ ဒီလိုပဲ နွယ်ပင်လဲ စာအုပ်ကောင်းလေး ဖတ်မိတော့ ရွာထဲက လူတွေကို ဝေမျှချင်လာတယ် ဒါကြောင့် ဒီ သတိ္တရှိတဲ့ ပထမခြေလှမ်းဆိုတဲစာအုပ်လေး အကြောင်းကို ဖတ်မိသမျှ ပြန်လည်တင်ပြပေးလိုက်ပါတယ် ။
စာအုပ်ထဲမှာ စာမူပေါင်း (41) ပုဒ်တောင် ပါဝင်ပါတယ် ။ စာစုတစ်ပုဒ်ချင်းဆီမှာ ပြောပြထားတဲ့ အကြောင်းအရာတွေက သူ့နေရာသူပြီးပြည့်စုံနေတာမို အကုန်လုံးကို မဖော်ပြပေးတော့ပဲ နွယ်ပင်အကြိုက်ဆုံးဖြစ်တဲ့ စာသားလေးတွေနဲ့ စာမူအချို့ကိုပဲ ပြန်လည်ဝေမျှလိုက်ပါတယ် ။ “ခွင့်လွှတ်စိတ်” ဆိုတဲ့ စာစုလေးမှာတော့ စာစုစစချင်းမှာ ဒီလိုစာသားလေးနဲ့ စထားပါတယ် “Matthiola incana ဆိုတဲ့ အပင်ကသူ့ကို နင်းချေတဲ့ ခြေထောက်ကိုတောင် သူ့ကိုယ်ပေါ်က ရနံ့တွေနဲ့ မွှေးကြိုင်စေသတဲ့ …. ဒါဟာ ခွင့်လွှတ်ခြင်းပဲဖြစ်တယ် ။ ” ဒီစာသားလေးကို ဖတ်မိမိချင်း စိတ်ထဲခံစားမိလိုက်တာက ဒီMatthiola incana ဆိုတဲ့ အပင်လေးကို အားကျမိတဲ့ စိတ်လေးပါပဲ ဒီစာစုလေးမှာတော့ ခွင့်လွှတ်ခြင်းကြောင့် ရရှိလာတဲ့ လူတစ်ယောက်ရဲ့ ပျော်ရွှင်မူ နာကြည်းမုန်းတီးမူတွေကို စွန်လွှတ်ခြင်းဟာ ကိုယ့်အတွက်လဲ ဘယ်လိုငြိမ်းချမ်းမူတွေရရှိနိုင်သလိုဆိုတာကို ပြောပြထားပါတယ် ။
နောက်တစ်ပုဒ်ဖြစ်တဲ့ “လက်လွှတ်ခြင်း အတက်ပညာ” ဆိုတဲ့ စာစုလေးမှာတော့ “ဘဝရဲ့ ပူပင်သောက စိုးရိမ်ကြောင့်ကြမူ ၊ စိတ်ညစ်စရာတွေကို လက်လွှတ်ကြည့်ပါ။ အရောင်စုံပြီး လှပတဲ့ ဘဝကို သင်မသိမသာခံစားရပါလိ်မ့်မယ် ။ ” ဆိုတဲ့စာသားလေးက တစ်ခါတစ်လေမှာ နွယ်ပင်တို့တွေ တစ်ခုခုကို လက်လွှတ်လို့ နောက်တစ်ခု စတင် လုပ်ကိုင်ရတော့မယ့်အချိန်၊ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေတဲ့အချိန်တွေမှာ တွေဝေလို့နေတက်တာကို သတိပေးထားပါတယ် ။ “လူတစ်ယောက်ကို စိတ် နဲ့ခံစားခြင်း” ဆိုတဲ့ စာစုလေးမှာတော့ “တစ်ဖက်သားရဲ့ အားနည်းချက်၊ အပြစ်ကိုပဲ မီးထွန်းမရှာဘဲ ကောင်းကွက်လေးတွေကို မြင်တက်အောင် ဂရုစိုက်ကြည့်တာဟာ ကိုယ့်အားနည်းချက်ကို ကိုယ်ဖြည့်နေတာနဲ့ အတူတူပါပဲ ” လို့ ဖော်ပြထားပြန်ပါတယ် ။

လူ့ဘဝကို အရသာခံခြင်း စာစုလေးမှာတော့ အချစ်ဆိုတာ ဒီလိုလေးပြောပြထားပြန်ပါတယ် ။အချစ်ဆိုတာ ရိုးရှင်းလေ ပျော်ရွှင်လေ ဖြစ်ပါတယ်တဲ့ ။ ဒီစာစုလေးရဲ့ စာပိုဒ်အခွဲ ဘဝဖော်ဆိုတာ မှာတော့ ဘဝဖော်နဲ့ ပတ်သက်လို့ ကိုယ်နဲ့အတူ အိမ်ထောင် သက်တမ်းတစ်လျှောက်မှာ အတိုင်အဖောက်ညီမူ ၊ ကြင်နာမူ သာမန်ရိုးရှင်းမူ နားလည်မူ ခွင့်လွှတ်မူတွေ မျှဝေပေးသူဖြစ်တယ်လို့ ဆိုထားပြန်ပါတယ် ။
နောက်ဆုံးစာစုလေးဖြစ်တဲ့ လွန်ခဲ့တဲ့ (10) နှစ်နဲ့ (10) နှစ်နောက်ပိုင်း မှာတော့ နောင်(10) နှစ်မှာ ဖြစ်ချင်ခဲ့တာနဲ့ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ဖြစ်ချင်ခဲ့တာကို နှိုင်းယှဉ်လို့ရေးပြထားပါတယ်

ဒီ သတိ္တရှိတဲ့ ပထမခြေလှမ်း ဆိုတဲစာအုပ်လေးဟာ ဆရာမ နိုင်းနိုင်းစနေဘာသာပြန်ဆိုရေးသားထားတဲ့ စာအုပ်လေးဖြစ်ပင်မယ့် မူရင်းရေးသားထားတဲ့ စာစုများကို မပျက်စေဘဲ စာဖတ်သူအလွှာတိုင်းနဲ့ ဝင်ဆံ့အောင်ပြန်ဆိုထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်

19 comments

  • နွယ်ပင်

    October 31, 2011 at 3:55 pm

    သဂျီးရေ ဒီနေ့ဘာဖြစ်တယ်မသိဘူး ပိုစ့်တင်ရတာ မလွယ်ဘူး
    တစ်ပိုင်းပဲ ပါလိုပါ အောက်က ကွန်မန့်ပိတ်လိုပိတ်နဲ့ အခု ပြင်ပြီး
    တင်လိုက်တာ ပိုစ့် နှစ်ခုဖြစ်သွားတယ် တစ်ခုဖျက်ပေးပါဦးနော် ….

  • etone

    October 31, 2011 at 4:53 pm

    နွယ်ပင် ညွှန်းလို့ … ရှာဖတ်ကြည့်ပါဦးမယ် .. စိတ်ခွန်အားတွေပေးမယ့်စာမျိုးဆို … ဖတ်ကြည့်ချင်တယ် … ။

  • စုံ စုံ

    October 31, 2011 at 4:58 pm

    စာတော့ဖတ်ချင်တယ်
    ဒါပေမယ့်ဘယ်တော့မှကြာကြာဖတ်လို့မရဘူးမျက်လုံးက
    ၁၅မိနစ်လောက်နေရင်အော်တိုအိပ်ပျော်သွားတာ ၁ဝတန်းထဲကအကျင့်ဖြစ်နေပြီ 😛
    ဒါပေမယ့် စာကောင်းပေကောင်းဆိုဖတ်ရမယ်ဆိုတဲ့အသိတော့ရှိတယ်
    အသိဘဲရှိသေးတယ် တကယ်မဖတ်ဖြစ်သေးဘူး

  • မိုးပွင့်ဖြူ

    October 31, 2011 at 5:09 pm

    မိုးပွင်လဲ ကျောင်းစာတာမဖတ်တာ အပြင်စာဆိုအရမ်းဖတ်တယ် တစ်တန်းနှစ်တန်းလောက်ကတည်ကစာတွေကိုသေချာဖတ်တတ်နေပြီ အမေကစာအုပ်တွေဝယ်ပေးတယ် တေဇတိုမိုးသောက်ပန်းတို့ အဲလိုနဲ အိမ်မှာနေတုန်းကစာဆိုလာထားပဲအစုံဖတ်တယ် အခုလည်လေ တကယ်လိုနယ်ပြန်မယ်ဆိုရင် အဝတ်အိတ်ထက် စာအုပ်ထုတ်ကပိုကြီးနေမယ်ထင်တယ် အဲလို စာဆိုအကုန်ဖတ်ပဲ ဒါတောင်ရန်ကုန်ရောက်မှသိပ်မဖတ်တောဘူး စာအုပ်ကဈေးကြီးလိုရယ် အလုပ်တဖက်နဲမဖတ်နိုင်တောတာရယ် တစ်ခုတောခြားနားတယ်ထင်တယ် စာဖတ်တဲလူရဲ အတွေးနဲ
    မဖတ်တဲလူရဲအတွေးက ပြသနာတစ်ခုဖြစ်ရင်သိပ်မတူဘူး ရှုတောင့်ရယ်ဖြေရှင်းတာရယ်က….
    မနွယ်ပင်ပြောတဲ စာအုပ်လေးရှာဖတ်ကြည်လိုက်မယ် ကောင်းတယ်ဆိုလို့ ….

  • thit min

    October 31, 2011 at 6:07 pm

    စာကောင်းလေးတွေညွန်းပေးတာကျေးဇူးပါ။
    မှတ်မှတ်သားသားဖတ်တတ်ရင်စာဆိုတာတစုံတရာအကျိုးရှိတာမို့၊စာဖတ် မှတ်တတ်တဲ့
    မနွယ်ပင်ကိုလေးစားပါတယ်။
    ကျနော်ကတော့ခုတလောအပြင်စာဆိုလို့ မန်းဂေဇက်လောက်နဲ့ပြီးနေပြီ။
    ဘာသာရပ်နဲ့ဆိုင်တဲ့စာတွေကတော့မပြတ်ဖတ်နေရတာလဲပါပါတယ်။
    အရင်ကတော့သင့်ဘဝ၊ အတွေးအမြင်တွေဖတ်တယ်။တော်တော်လဲနှစ်ခြိုက်ပါတယ်။
    နဲနဲအားရင်တော့ တိုကျိုကိုစာအုပ်တွေလှန်းမှာအုန်းမှဘဲလို့တွေးမိပြီဗျာ။

  • windtalker

    October 31, 2011 at 6:31 pm

    မနွယ်ပင်ရေ
    ကျုပ်ရဲ ့သတိ္တတွန် ့တွန် ့တွန် ့တွန် ့နဲ ့ပထမဆုံး ခြေလှမ်းချခဲ့တာကတော့
    ဟောဒီ ဂေဇက်ဘဲ ဗျို ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 7:02 pm

    ကျေးဇူး

  • blackchaw

    October 31, 2011 at 9:30 pm

    နွယ်ပင်ရေ။
    ဒီတစ်ပတ် Voice ဂျာနယ်မှာ ထင်တယ်။
    ဆရာမ နိုင်းနိုင်းစနေ နဲ့ အင်တာဗျူးလေးပါတယ်ဗျာ။
    အင်တာနက်မှာ တော်တော် နာမည်ကြီးလို့ ပြောကြတယ်ဗျ။
    စာအုပ်က ဘယ်မှာ ဝယ်လို့ ရမလဲဗျ။
    ကျွန်တော်လည်း ဝယ်ဖတ်ချင်လို့ ပါ။

    • နွယ်ပင်

      November 1, 2011 at 9:10 am

      ဟုတ်ကဲ့ပါ ကိုblackchawရေ စာအုပ်က
      နေရာတော်တော်များများမှာ ဝယ်လို့ရပါတယ်
      စာအုပ်ဆိုင် တော်တော်များများမှာလည်းရှိပါတယ် ။
      နွယ်ပင်ကတော့ ပန်းဆိုးတန်းမှာရှိတဲ့ စာပေလောက
      စာအုပ်ဆိုင်က ဝယ်တာပါ …

  • aye.kk

    November 1, 2011 at 12:20 am

    စာအုပ်စာပေလူ ့မိတ်ဆွေ
    အသိပညာအလိမ္မာစာမှာရှိဆိုတော့
    စာဖတ်တာဝါသနာပါတဲ့နွယ်ပင်လေးကိုလေးစားအားကျမိပါတယ်
    နွယ်လေးရေးတဲ့စာတွေကိုဖတ်ရှုအားပေးလျှက်ပါလို ့…

  • TTNU

    November 1, 2011 at 1:26 am

    နွယ်ပင်ရေ တီချာ နွယ်ပင်ရဲ ့ စာဖတ်မယ်ဆို ခက်ခက်ခဲခဲ ဝင်လိုက်တာ စာ(၄၊၅) ကြောင်းပဲရှိတဲ့
    ကော်မန်းစရာမပါတာနဲ့ သွားတိုးနေတာ။ 😯
    ဆရာမ နိုင်းနိုင်းစနေ စာအုပ်လေးတွေ ထပ်ညွှန်းပါဦး။

    • နွယ်ပင်

      November 1, 2011 at 9:05 am

      ဟုတ်ပါတယ် တီချာကြီးရေ မနေ့က နွယ်ပင်လဲ ဒီပိုစ့်တစ်ခုထဲနဲ့
      လုံးချာလည်လိုက်နေတာ တစ်ခါတင် တစ်ဝက်ပဲပါလိုက် နောက်တစ်ခါတင်
      ကွန်မန့်ပျောက်လိုက်နဲ့ နောက်ဆုံးတော့ တင်ရင်းတင်ရင်း ပိုစ့်နှစ်ခုဖြစ်သွားတယ်လေ 🙁

  • ကြောင်ကြီး

    November 1, 2011 at 9:55 am

    ဦးကြောင်ကတော့ အားရှိအောင် သိုင်းဝတ္ထုဖတ်တယ်။ ဝူကျင့်တို့များ ဘယ်လောက်တောင် စိတ်ဓါတ်မာ သလဲဆိုရင် လူသူမရှိ တောတောင်ထဲမှာ တယောက်ထဲ သရဲမကြောက် ဘာမကြောက် သုံးနှစ်သုံးမိုး မီးနဂါး သိုင်းကျမ်းကို ကျင့်ခဲ့တယ်။ မိုးမိပြီး မေ့မျောနေတဲ့ နတ်သမီးတမျှလှတဲ့ ကောင်မလေး အအေးမိမှာစိုးလို့ အဝတ်အစားချွတ်လဲပေးတာတောင် စိတ်ထိန်းနိုင်တယ်။ ဒါကြောင့်…..သိုင်းဝတ္ထု များများ…ဖတ်ကြပါ…။
    မှတ်ချက်။ ဆရာမ နိုင်းနိုင်းစနေက နယူးဂျာဆီပြည်နယ်မှာ နေတယ်လို့သိရတယ်။ ကုလားမကြီးတဲ့။ သူ့ကိုအားကျလို့ ကျနော့်နာမည်ကို တန်းတန်းတနင်္ဂနွေလို့ ပြောင်းတော့မယ်…။ 😀

    • နွယ်ပင်

      November 1, 2011 at 2:00 pm

      ဦးကြောင်ကြီး ဒီတစ်ခါတော့ မျက်လုံးကောင်းတော့ဘူး
      ဆရာမ နိုင်းနိုင်းစနေက ကုလားမကြီး မဟုတ်ပါဘူး
      အာခါလူမျိုးပါတဲ့ ။ နောက်ချောလဲ ချောပါတယ်နော် 🙂
      ဦးကြောင်ကြီး နာမယ်ကိုတော့ သဘောကျသွားပြီ မိုက်တယ် ဟီး 😛

      • ကြောင်ကြီး

        November 2, 2011 at 9:20 am

        ဦးကြောင် နွယ်ပင်ရဲ့ အာဂသတ္တိ ကိုကြောက်လို့ မလိမ်ရဲပါဘူးကွယ်။ ဂယ်ပြောတာပါ။ တလောက နယူးဂျာဆီဖက်ဖက်မှာ ဘုရားပွဲရှိလို့ သွားလည်ပြီး ညဖက်အပြန်မှာ လမ်းကြုံ ကားစီးလိုက်တယ်။ ကျနော်ကို ကားနောက်ခန်းတခါး ဖွင့်ပေးတယ်။ ညဖက်ဆိုတော့ ကားထဲမှာလည်း မှောင်နေတယ်။ ကျနော်လည်း ရှေ့ခန်းမှာ မထိုင်ရလို့ စိတ်ထဲမတင်မကျ ဖြစ်နေမိတယ်။ အဲဒီလူက လမ်းတလျောက် ကားမောင်းရင်းနဲ့ တယောက်ထဲ စကားတွေပြောနေလို့ ကြောက်လိုက်တာလေ။ နောက်ဆုံး ကျနော်ဆင်းတဲ့ နေရာရောက်မှ နှုတ်ဆက်လို့ ရှေ့ခန်းမှာ သူ့မိန်းမ နိုင်းနိုင်းစနေ ရှိမှန်းသိရတယ်။ အာခါလူမျိုးဆိုရင် အသားမဲပါ့မလား။ ကျနော်တို့လို အသားညို ( မဆိုသလောက်ပါ၊ ညိုဝင်းတယ်ဆို ပိုမှန်တယ်) တဲ့သူတောင် အမှောင်ထဲမှာ ပျောက်မနေဘူး။။။။။။ တော်ပြီဗျာ သူများအကြောင်းပြောရတာ အတင်းဖြစ်တယ်…။။။။

  • weiwei

    November 1, 2011 at 10:03 am

    စာအုပ်တွေ မဖတ်ဖြစ်တာကြာပြီ … ရွာထဲကပို့စ်တွေတောင် အကုန်မဖတ်ဖြစ်တော့ဘူး … နွယ်ပင်ညွှန်းလို့ ကြုံရင် ဝယ်ဖတ်ကြည့်လိုက်အုန်းမယ် ….

  • kyeemite

    November 1, 2011 at 10:04 am

    နိုင်းနိုင်းစနေရဲ့စာအုပ်တွေ လှည်းတန်းမှတ်တိုင်နားက စာအုပ်ဆိုင်မှာ..ဝယ်လို့ရပါကြောင်း…
    http://www.99sanay.com ဒီမှာလဲဝင်ဖတ်လို့ရကြောင်းပါဗျာ..

  • အီးတီ

    November 1, 2011 at 12:51 pm

    အခုလို စာအုပ်ကောင်းလေးတွေ ညွှန်းပေးတဲ့အတွက် သင့်ခရု။ နောက်လဲ ညွှန်းပေးပါဦး။
    ကျွန်တော်လဲ စာဖတ်တာ ဝါသနာပါ ပါတယ်။ ရေးတာတော့ ပျင်းတယ်။ 🙂

Leave a Reply