Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကြင်ရွာသားများအတွက် မယား (၇)မျိုးအကြောင်း တစေ့တစောင်း

koyin sithuNovember 1, 20111min31616

ဒီပိုစ့်လေးကို ရေးဖြစ်တာကတော့ လမ်းမှန်လျှောက်နေတဲ့ လင်သားအပေါ်မယားဝတ္တရားငါးပါးကျေပြွန်တဲ့ ဇနီးမယား များကိုရည်ရွယ်ပြီးရေးခြင်းမျိုးမဟုတ်ဘူးဆိုတာသိစေချင်ပါတယ်။လမ်းမှားကိုရောက်နေတဲ့ လင်သားပေါ် မယားဝတ္တရားငါးပါး မကျေပြွန်သေးသော ဇနီးမယားများ ဒီပိုစ့်လေးကိုဖတ်ပြီး အသိတစ်ခုခုရရှိစေလိုခြင်း၊ရရှိလိုက်သည့် အသိလေးကို အချိန်မှီ ပြုပြင်စေလိုခြင်း၊လင်သားအတွက် တကယ်တန်ဘိုးကြီးတဲ့ ဇနီးမယားတစ်ယောက်ဖြစ်စေလိုခြင်း၊ ကျွန်တော်အပါအဝင် အိမ်ထောင်ပြုမယ့် ရွာသားများအနေနဲ့လည်း ဘယ်လိုဇနီးမျိုးကိုရွေးချယ်သင့်တယ်။ အမျိုးသမီးများအနေနဲ့လည်း လင်သားအပေါ် ဘယ်လိုဇနီးမယားအဖြစ်နဲ့ ဘဝကိုဖြတ်သန်းတာကောင်းတယ်။ဘယ်လိုဇနီးမယားမဖြစ်အောင်မိမိကိုယ်ကို ကြိုးစားမယ်စတဲ့အချက်တွေကြောင့်ရယ်ပါ။

ဒီဇနီမယား(၇)မျိုးဖြစ်ပေါ်လာပုံက မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမစကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သားကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။

ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထားပါတယ်။မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။အဲဒီ(၇)မျိုး

(၁)။ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)

မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောကျင်္ားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ်သက်ခြင်း၊ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောကျင်္ားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၂)။စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။

လင်ယောကျင်္ားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောကျင်္ားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို)လင်ယောကျင်္ားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောကျင်္ားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)

လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊အစားကြီးခြင်း၊လင်ယောကျင်္ားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကားတို့နှင့်ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောကျင်္ားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၄)။မာတာဘရိယာ(မိခင်နှင့်တူသောမယား)

မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သော၊လင်ယောကျင်္ားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောကျင်္ားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅)။ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)

နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောကျင်္ားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆)။သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)

နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်ရလျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောကျင်္ားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောကျင်္ားမှတစ်ပါးမည်သူနှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောကျင်္ားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောကျင်္ားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယားဖြစ်ပါတယ်။

(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)

ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သားက မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ကျွန်ဆိုးနဲ့တူတဲ့မယားတော့မဖြစ်စေချင်ပါ။ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောကျင်္ားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။

 

ဆုိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောကျင်္ားနှင့်အသက်ထက်ဆုံးနေထိုင်ခြင်း၊သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့လားရောက်ရကြောင်း၊သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့တူသောဇနီးမယားများကတော့ လင်ယောကျင်္ားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိုသောဇနီးမယားသေလျှင်ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယားဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထားပါတယ်။ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောကျင်္ားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကိုရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသားလိုက်ရပါသည်။

ကျေးဇူးတင်ပါသည်..

ကိုရင်စည်သူ

 

16 comments

  • thit min

    November 1, 2011 at 10:40 pm

    မယားခွန်နှစ်မျိုး
    ရှိမြဲရိုးတွင်
    ခိုးသူအရှင်
    သူသတ်သွင်သို့
    အကြင်မယား
    လား၏ငရဲ
    အမြဲမှတ်ဘိ။
    အမိတမျှ
    နှမမယွန်း
    ခင်ပွန်းတသွယ်
    ကျွန်နှယ်လေးဖြာ
    မယားမူကား
    နတ်ရွာနတ်ပြည်
    လားမြဲမည်၏။
    ယင်းသည့်လေးပါး
    ထိုမယားတွင်
    ကျွန်နှယ်အလား
    ဤတပါးမူ
    နိတ်ဗာန်ရွှေပြည်
    တောင်းဆုရည်က
    မချွတ်မလွဲရမြဲမည်၏။
    ………………………………လို့ငယ်ငယ်ကကျက်ထားဘူးတယ်။
    ဟုတ်မဟုတ်တော့ “နောဇာနာမိ ကျုပ်မသိ”
    (^^)

    • nikita

      November 2, 2011 at 10:31 am

      ကောင်းလိုက်တဲ့ ကဗျာ
      အရင်က ကြားဖူးတယ်

  • windtalker

    November 2, 2011 at 11:18 am

    ရတယ် ဘယ်လိုဘဲဖြစ်ဖြစ် ၊ ဘာလာလာ
    အဲ့ထဲက ၅ ယောက်လောက် ရရင်ကို ရှယ်ဘဲ
    ဟီဟိ

    • nikita

      November 2, 2011 at 11:32 am

      “၅ ယောက်လောက် ရရင်ကို ရှယ်ဘဲ” ဆိုတော့
      ၅ ယောက် တစ်ပြိုင်တည်း ယူမှာလား ဟင်

      • windtalker

        November 2, 2011 at 11:51 am

        ဒါပေါ့ နစ် ကလေး ရဲ ့
        ဘာလဲ မယုံဘူးလား
        နံပါတ် ၂ ၊ နံပါတ် ၃ ၊ နံပါတ် ၄ ၊ နံပါတ် ၅
        ဘယ်ဂဏန်းကြိုက်သလဲ ဟင်
        ၂လုံးထီ ထိုးမလို ့မေးတာနော်
        ဟီဟိ

  • ကြောင်ကြီး

    November 2, 2011 at 11:20 am

    အမေလို မိန်းမမျိုးပဲ လိုချင်တယ်။ ကျုပ်အမေလောက် ကျုပ်အပေါ်ကောင်းသူ မရှိဘူး။ သူ့တဝက်နီးပါးလောက် ကောင်းရင် ကျေနပ်ပြီ…။ ရှာ….ပေး….ကြ……..ပါ။

    • Koyin Sithu

      November 2, 2011 at 12:36 pm

      ဦးကြောင်မင်းအတွက် အမေလိုမိန်းမ
      ရှာပေးပါ့မယ်.. မာဆပ်လိုက်ခဲ့ပါလား..
      အပြုစုအယုအယကတော့..
      ကောင်းပေ့…
      ကြောင်မင်း အကြံပေး ပုန်နား စည်

  • ba gyi

    November 2, 2011 at 1:20 pm

    အရွယ်ရှိတုန်း၊ ဥစ္စာပြည့်စုံတုန်းမှာမှ၊ ကိုရင် ပြောတဲ့ ထဲက အကောင်းလေးတွေကိုခေါင်းခေါက်ရွေးနိုင်မှာ
    မိန်းမတွေအကြောင်းသိဘို့(အကျင့်တွေသိဘို့ဆို) တော်တော်တွဲကြည့်ပြီး၊အကဲဖြတ်နိုင်မှပဲ၊ အဲလိုကြား ကာ လမှာ ဘဲ ကွိ သွားနိုင်သေးတယ် ဟဲ ဟဲ ၊ ဒါတော်တော်နက်နဲသိမ်မွှေ့တဲ့ကိစ္စနော်- (ရွာထဲကမမတွေချိတ်အချိုး နဲ့ နော် )
    အဲ အဲ ရွေးရင်း ရွေးရင်း စဉ်းစားလွန်ပြန်လည်း လွတ်သွားတတ်ပြန်ရော၊ သည်လိုနဲ့ အသက်က ကြီးလာ တော့ ဟို ပုံပြင်လို – ဘာတဲ့– သနပ်ခါးသွေးရင်တောင် ကျောက်ပြင်နဲ့ သနပါခါးတုံးထိသံက(ရတာယူမယ်–
    ရတာယူမယ် တဲ့ဗျား။ )ကဲ ဆေးတစ်ခွက်လိုသဘောထား ရေလဲနဲ့သာသောက်ကြပေရော့ ကိုရင့်ဆေး စပ် နည်းလည်းပါရမယ်နော်၊ ရွာထဲမှ လူပျို ဖရက်ချာ၊ လူပျိုအနာအဆာ များနှင့်တစ်ကွ အိုသော်လည်း ပျို ချင်ကြသူအပေါင်းသို့ — အကြောင်း ပို့သလိုက်ရပါသတည်း။

    • Koyin Sithu

      November 2, 2011 at 1:56 pm

      ဘကြီးတို့ကတော့ ပြောချင်တာကို
      ဒေါက်ခနဲရေးနိုင်တာကိုး… အင်း..
      ဒီခေတ်ကြီးထဲမှာလည်း ၆ပြစ်ကင်း သဲလဲစင်တဲ့
      မိန်းမလည်း ရှားပါ့…။ အဆွေခင်ပွန်းနဲ့တူတဲ့
      မယားလေးရရင်ပဲ လူပျို ဖလက်ချာ.. ကိုရင် ဝမ်းမြောက်လှပါအိ…

  • kocho

    November 2, 2011 at 1:30 pm

    တကယ်ကွင်းဆင်းလေ့လာကြည့်ချင်တယ်(မိန်းမရယောက် ယူကြည့်မယ်) ဘယ်လိုဖြစ်လာမလဲလို့ 😀

  • kai

    November 2, 2011 at 2:37 pm

    ဘယ်ရွာသူဆီကမှ.. စကားမေးမရတော့ဘူး..
    ကြည့်ရတာ.. ကိုယ့်ကိုယ်ကိုယ်..ဆန်းစစ်ကြည့်ပြီး.. စိတ်ဓါတ်ကျကုန်ကြတယ်နဲ့တူတယ်..
    တိန်..။ :mrgreen:

    • Moe Z

      November 2, 2011 at 2:59 pm

      ရွာသားများအတွက်ဆိုလို့ ဝင်မပါတာပါသဂျီးရယ်
      ခေတ်နဲ့အညီ ဆီလျော်အောင်ပါဠိတွေမပါပဲနဲ့ပြောမယ်…
      ယောက်ျားလုပ်သူက လမ်းမှန်ရင်ဘေးက ပါရမီဖြည့်ပေးမယ်
      လမ်းမှားဘက်ကိုရောက်တော့မယ်ဆိုရင်လည်း လမ်းမှန်ပေါ်ရောက်အောင် ကျိုးကြောင်းပြဆုံးမပေးမယ် (မရရင် သနပ်ခါးတုံးစာမိမယ် 🙂 )
      အမေလိုအပ်ရင် အမေတစ်ယောက်လိုခံစားစေရမယ်
      သူငယ်ချင်းလိုတယ်ဆိုရင်လည်းဖြစ်တယ် (အတူတူဘီယာသောက်ပေးမယ် 🙂 )
      နောက်တာနော် 😀 😀

    • Koyin Sithu

      November 2, 2011 at 3:06 pm

      ရွာသူတွေ.. ဘာမှ စိတ်ဓါတ်မကျနဲ့…
      သူကြီးက ကျောင်းအုပ်လုပ်ပြီး.. ကိုပေက အတန်းချုပ်
      ပေါက်ဖော်က ဘာသာရပ်နည်းပြ၊ အဘဖောက မေဂျာနည်းပြအနေနဲ့..
      မယားကောင်းများ မွေးထုတ်ပေးရန် ကျောင်းတစ်ကျောင်းဖွင့်မည်ဟု
      သတင်းရထားကြောင်းပါ.. ခင်ဗျ….

    • MaMa

      November 2, 2011 at 5:02 pm

      (ဘယ်ရွာသူဆီကမှ.. စကားမေးမရတော့ဘူး..)
      ဪ- ငါတို့သဂျီး သမာသမတ်ရှိလှတယ် ထင်နေတာ သူလည်းလိပ်မျိုးပေပဲကိုး 😀
      ပြောင်းပြန်ပြန်တွေးပြီး စာတတ်တိုင်းတင်နေကြတဲ့ မောင်မင်းကြီးသားများကရော ဘယ်အမျိုးထဲ ပါကြပါလိမ့်လို့ ….

  • we R one

    November 2, 2011 at 5:00 pm

    ရွာသား တွေ အတွက်ပဲလား ဗျို ၊ ရွာသူတွေ အတွက်လည်း တင်အုံမှပေါ့..။ 😀
    ကိုယ်က အမေလို မျိုး ၊ နှမလေး လိုမျိုး ကိုယ့်လင်သားအပေါ်မှာ နေပေမဲ့.. အဲဒီ ကိုယ့်လင်သား က အပြင်မှာ small ဆွဲမနေ ဖို့ အာမ ခံပေးမလား.. ဒီခေတ် ကြီးထဲမှာ ပေါက ပေါသနဲ.. 😀

Leave a Reply