Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

( တရုတ်က မြန်မာကို သုံးနှစ်စိုးမယ် )

koyinmaungNovember 3, 20111min38313

ရွာသားတို့ရေ နေရဉ္စရာ ဆိုဒ်ထဲမှာဖတ်လိုက်ရတဲ့စိတ်ဝင်စားဘို့ကောင်းတဲ့ဆောင်းပါလေးတပုဒ်တွေ့လို့
တင်ပေးလိုက်ပါတယ်..
ဆောင်းပါးရှင်ကတော့ (ဘုန်းစည်သူ)ဖြစ်ပါတယ်…
အခု တလော တရုတ်နဲ့ ပက်သက်ပြီး ပြောဆိုမူတွေ ညံလာတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့်က ကျွန်တော့်ရဲ့ အဖိုး ပြောဆိုခဲ့တဲ့ “တရုတ်က မြန်မာကို သုံးနှစ် စိုးမယ်” ဆိုတဲ့ စကားကို သွားသတိ ရမိပါတယ်။ အဖိုး ပြောတာက ၁၉၈ဝ ပတ်ဝန်းကျင်က ဖြစ်ပါတယ်။ ကျွန်တော်အဖိုးက အဲဒီ အချိန်က အသက် ၇ဝ ကျော် ၈ဝ ပိုင်းကို ဝင်နေပါပြီ။ ကျွန်တော်က ရှစ်တန်းကျောင်းသားပါ။ တစ်နေ့ မန္တလေးကို ပင့်ယူသွားတဲ့ မဟာမုနိ ရခိုင်ဘုရားကြီး အကြောင်း ပြောရင်းနဲ့ အဖိုးက “ဒီဘုရားကြီးကို တရုတ်က ရခိုင်ကို ပြန်ပို့ဖို့” ရှိတယ်ဆိုပြီး ပြောပါတယ်။ ပီးရင် အဖိုးက ဘာပြောလဲ ဆိုရင် “တရုတ်က မြန်မာကို သုံးနှစ်စိုးပြီး ပြန်အထွက်မှာ ရခိုင်ကို လွတ်လပ်ရေး ပေးခဲ့မယ် လို့လည်း” ပြောပါတယ်။ အဖိုးပြောတော့ ကျွန်တော်တို့က “အဲဒါ ဘယ်တော့ ဖြစ်မလဲလို့” မေးတဲ့ အခါ အဖိုးက “မြေးတို့ ခေတ်မှာ ဖြစ်ချင် ဖြစ်နိုင်တယ်” ဆိုပြီး ပြောပါတယ်။ အဲသလို တရုတ်က မြန်မာကို သုံးနှစ် စိုးမယ်ဆိုတာကို အဖိုး ဘယ်လိုလုပ် သိပါသလဲလို့ မေးတော့ အဖိုးက ” ရခိုင်ရာဇဝင် ဟောကိန်း ရှိတယ်လို့” ပြောပါတယ်။ ကျွန်တော်က အဲဒီတုန်းက ရှစ်တန်း ကျောင်းသား ဆိုတော့ မြေပုံတွေ ဘာတွေကို သေသေချာချာ ကြည့်တတ်နေပါပြီ။ ဒါကြောင့် တရုတ်ပြည်နဲ့ မြန်မာနိုင်ငံ မြေပုံကို ယူလာပြီး အဖိုးကို ပြပါတယ်။ တရုတ်ပြည်နဲ့ ရခိုင်ကအဝေးကြီး။ ဘာကြောင့် တရုတ်ကလာပြီး ရခိုင်ကို လွတ်လပ်ရေး ယူပေးမလဲလို့ မေးပါတယ်။ အဖိုးကတော့ ” ငါလည်း မပြောတတ်ဘူး။ ဒီလိုတော့ ရာဇဝင် ဟောကိန်း ရှိတယ်” ဆိုပြီး အဖိုးက ပြောပါတယ်။ အဖိုးဟာ စာပေ ကျမ်းကန် နှံ့စပ်တဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ မြန်မာစာ၊ ရခိုင်စာကို ပြေပြေပြစ်ပြစ် ရေးသားနိုင်သူ ဖြစ်ပါတယ်။ အဖိုးရဲ့ ရေးတဲ့ လက်ရေးတွေဟာ ညီညာ သေသပ်ပြီး အထူးသဖြင့် ယပင့်တွေဟာ အထူး ညီညာပီး ပြေပြစ်ပါတယ်။ အဖိုးရဲ့ ဆရာက ဓညဝတီ ရာဇဝင်သစ်ကျမ်းကို ရေးတဲ့ ဆရာတော် ဦးဉာဏ ဖြစ်ပါတယ်။ အဖိုးဟာ အင်္ဂလိပ်၊ ဂျပန်ခေတ်နဲ့ ပါလီမန် ဒီမိုကရေစီ ခေတ်ထိ ရခိုင်မှာ ရွာသူကြီး လုပ်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြား ကိုလည်း ရောက်ဖူးသူ ဖြစ်ပါတယ်။ အဖိုးကို ကျွန်တော်တို့က ဘုရားစာ တရားစာက အစ ရေးသား ပြောဆိုနိုင်တဲ့ အတွက် လေးစား တန်ဖိုးထားပေမယ့် အဲသလို အဖိုး ပြောကြားတဲ့ အပေါ် ကျွန်တော်တို့က ခလေးတွေး တွေးပြီး သိပ်မယုံကြည်ရဲဘဲ ဖြစ်နေ ခဲ့ပါတယ်။ အဲဒီတုန်းကလည်း တရုတ်နဲ့ မြန်မာ အကြားမှာ ဆက်စပ်မူ သိပ်မရှိသလို တရုတ် မြန်မာနိုင်ငံကို ကျူးကျော်ဖို့ အကြောင်းအရာကလည်း ဘာမှ မရှိပါဘူး။ ဒါ့အပြင် နေရာ ဒေသ အကွားအဝေးကို ကြည့်တော့လည်း တရုတ်ပြည်ဟာ ရခိုင်နဲ့ အဝေးကြီး ဖြစ်သလို ကြားမှာလည်း ဗမာပြည်ကြီးက ခံနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် အဖိုးပြောဆိုခဲ့တဲ့ စကား အပေါ်မှာ သိပ် လေးလေးနက်နက် မထားခဲ့ပါဘူး။ ကျွန်တော်လည်း အသက်အရွယ် ကြီးရင့်လာတော့ နိုင်ငံရေး လောကထဲမှာ ကျင်လည်ရင်း အဖိုး ပြောဆိုခဲ့တာတွေကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်က ရခိုင် ကျောက်ဖြူမှာ တည်ဆောက်မယ့် ဧရာမ ရေနက် ဆိပ်ကမ်း စီမံကိန်းတွေ၊ ဂတ်စ်နဲ့ ရေနံပိုက်လိုင်း စီမံကိန်းကြီးတွေ အပြင် တရုတ်က တည်ဆောက်မယ့် မြစ်ဆုံ ရေကာတာကြီးတွေကို မြင်လာရတော့ အဖိုးပြောတာကို သွားသတိ ရမိပါတယ်။ အဲဒီခါမှ အဖိုး ပြောခဲ့တာတွေလည်း ဖြစ်နိုင်သားဘဲလို့ တွေးတော လာမိပါတယ်။ အဖိုးပြောခဲ့တဲ့ စကားတွေကို လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ယှဉ်ထိုးကြည့်တဲ့ အခါ ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေပါလားလို့ ဆင်ခြင် သုံးသပ် လာမိ ပါတယ်။ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်က အဖိုးပြောခဲ့တဲ့ စကားဟာ လက်တွေ့ မဆံလှပေမယ့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ယှဉ်ထိုးကြည့်တဲ့ အခါ မှန်သယောင်ယောင် ရှိနေပါတယ်။ အဲဒါနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောရင် တရုတ်က တည်ဆောက် နေတဲ့ စီမံကိန်းတွေ အကြောင်း ပြောဖြစ်တော့ သူက ဥပမာ တစ်ခုပေးပါတယ်။ “ ဆင်းရဲတဲ့ မိသားစု တစ်ခုရဲ့ ခြံဝင်း တစ်ခုထဲကို ရွာထဲက ဩဇာရှိသူ ပိုက်ဆံ ရှိသူ တစ်ဦးက မင်းရဲ့ ခြံဝင်းက ကျယ်တဲ့ အတွက် ငါအပန်းဖြေဖို့ အိမ်လေး တစ်လုံး ဆောက်ချင်တယ်လို့ ပြောပြီး အိမ်ဆောက်တဲ့ အခါ ဆင်းရဲတဲ့ မိသားစုတွေနေတဲ့ အိမ်ထက် ငါးဆခန့်ကြီးပီး တသက်လုံးနေလို့ ရအောင် ခိုင်ခိုင်ခန့်ခန့် ဆောက်လိုက်တယ် ဆိုရင် သူရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာကို လူတိုင်း မစဉ်းစားဘဲ အဖြေထုတ်လို့ ရတယ်လို့ ပြောပါတယ်။ အခုလည်း တရုတ်က ဆောက်နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတို့၊ မဒဲကျွန်း ရေနံတင် ဆိပ်ကမ်းတို့ ဆိုတာ မြန်မာ အစိုရကတောင် မဆောက် နိုင်တဲ့ ဧရာမ ကြီးမားတဲ့ စီမံကိန်းကြီးတွေ ဖြစ်ကြတယ်။ ဒါကြောင့် တရုတ် ဘယ်ခြေလှမ်းကို လှမ်းဖို့ လုပ်နေတယ်ဆိုတာ သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။ တကယ်တန်း စဉ်းစားကြည့်ရင်လည်း မြန်မာ အစိုးရကတောင်မှ မတည် ဆောက်နိုင်တဲ့ ဒီလို စီမံကိန်းကြီးတွေကို ရခိုင်မှာ တရုတ်က တည်ဆောက်နေတော့ တရုတ်ရဲ့ ဦးတည်ချက် ဘာကို ရည်ရွယ်နေတယ်ဆိုတာကို လူတိုင်း သိသာ ထင်ရှားစွာ မြင်နိုင်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်ပြီး တရုတ် ကို ပို့လွှတ်မယ့် ရေနံနဲ့ ဂက်စ် ပိုက်လိုင်း စီမံကိန်းဟာ နောင်အခါ တရုတ်ပြည်ရဲ့ အရေးကြီးဆုံး အသက် သွေးကြောကြီး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အာဖရိကတိုက် တတိုက်လုံးနဲ့ အရှေ့ အလယ်ပိုင်းက လာတဲ့ ရေနံတွေအပြင် မြန်မာနိုင်ငံက ဂက်စ်တွေဟာ အဲဒီ ပိုက်လိုင်းတွေ တဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထဲကို သယ်ယူမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ် နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အနည်းဆုံး ၈ဝ ရာခိုင်နုန်း ဖြစ်နေတဲ့ အတွက် အင်မတန် တန်ဖိုးကြီးမားပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကြီးဟာ တရုတ်အတွက် အလွန် အရေးကြီးတဲ့ စီမံကိန်း ဖြစ်ပါတယ်။ တနည်းအား ဖြင့် ပြောရရင် တရုတ် အတွက် မြစ်ဆုံရေကာတာထက် အရေးကြီးပါတယ်။ ဒါ့အပြင် ဂတ်စ် ပိုက်လိုင်းနဲ့ အတူ အမြန် မီးရထားလမ်း တစ်ခုကို ဖောက်လုပ်ဖို့လည်း သဘောတူထားပြီး ဖြစ်ပါတယ်။ အမြန် မီးရထားလမ်းက ဘာကြောင့် ဖေါက်လုပ်ဖို့ လိုသလဲ ဆိုတာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ ဒီလို ကြီးမားတဲ့ ရေရှည် စီမံကိန်းတွေကြောင့် မြန်မာနိုင်ငံက ဘယ်တော့မှ လက်ပိုုက်ပြီး ထွက်သွားတော့မှာ မဟုတ်ဘူးဆိုတာက သေချာ သလောက် ဖြစ်သွားပါပြီ။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း သူ့ အကျိုးစီးပွား အတွက် တရုတ်က နည်းနည်းလေးမှ အထိအခိုက်ခံမှာ မဟုတ်သလို ထိခိုက်လာရင်လည်း မြန်မာ နိုင်ငံကို ကျူးကျော်ကောင်း ကျော်ကျူး လာနိုင်ပါတယ်။ အဖိုး ပြောခဲ့တဲ့ စကားကတော့ လက်တွေ့ မဆံလှတဲ့ ဟောကိန်း တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အဖိုးပြောခဲ့တဲ့ ဟောကိန်းဟာ လက်တွေ့ အခြေအနေနဲ့ နိုင်းယှဉ်ကြည့်တဲ့ အခါ တိုက်ဆိုင်မူတွေ ရှိလာတဲ့အတွက် သတိ တရား လက်ကိုင် ထားပြီး ဆင်ခြင်ဖို့နဲ့ ဝေဖန် သုံးသပ်နိုင်ကြဖို့ ရည်ရွယ်ချက်နဲ့ ရေးသားလိုက်ရတာ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ဗျာဒိတ်တော်ကို အခြေခံပြီး နောင်သော ကာလမှာ ဖြစ်ပေါ်လာမယ့် အကြောင်း အရာ တွေကို ရခိုင် ရှေးဟောင်း ကျောက်ရိုး ရာဇဝင်မှာ ရေးသားထားခဲ့ရာမှာ မြန်မာနဲ့ ပတ်သက်ပြီး ခုလို ရေးသား ထားတာကို တွေ့ရပါတယ်။

အပိုဒ် (၅၇)-မြန်မာပြည်ကို မသွယ်မှန်စွာ မသမာ တရုပ် ဖျက်လိမ္မည်။ အပိုဒ် (၅၈)-ကုလား တရုပ် ရန်ဘေးချက်ကြောင့် မြန်မာရခိုင် ထိုခါစစ်ပွဲဖြစ်လိမ္မည်။ အပိုဒ် (၅၉)-မြန်မာပြည်ကြီး အပြီးထိုခါပျက်လိမ္မည်- လို့ ရေးသားဖေါ်ပြထားပါတယ်။
…… တရုတ်ကြီးကတော့တို့နိုင်ငံကို သူ့ပြည်နယ်တခုလိုများသတ်မှတ်ထားတယ်ထင်ပါရဲ့……

13 comments

  • waymg

    November 3, 2011 at 11:36 am

    အင်းနော်. . ဒီလိုဆိုပြန်တော့လည်း ကြောက်စရာ အတိပါကလား ၊
    ဖွဟဲ့ . . ဟောချက် ခန့်မှန်းလွဲချော်ပါစေ ။

  • Foreign Resident

    November 3, 2011 at 1:16 pm

    မြန်မာခေါင်းဆောင်တွေ ပါးနပ်ဖို့ အနေတတ်ဖို့ လိုတယ် ။
    ကိုယ်တွေက ကမာ္ဘ့ ဒုတိယ စီးပွားရေး အကြီးဆုံး နှင့်
    မဟာ အင်အားကြီး နိုင်ငံ နားမှာနေတာလေ ။

    ဦးနေဝင်း ရဲ့ သွေးထိုးမှုနှင့် တရုတ်-ဗမာ အရေးအခင်း ဖြစ်တယ် ။
    တရုတ် တွေအသတ်ခံရတယ်လည်း ဆိုရော
    တရုတ်ပြည်မကြီးက ဗကပ ကို ပုံအောကူညီလိုက်တာ
    အခု ဝ ကိုးကန့် လားဟူ မိုင်းလား အရမ်းတောင့်တင်းတဲ့
    သူပုန်အဖွဲ့ တွေပေါ်လာတာလေ ။

    အခု တရုတ်ပြည်က အရင် တရုတ်ပြည်ထက်
    အဘက်ဘက်မှာ ဆယ်ဆ တောင့်တင်းသွားပြီ ။

    နိုင်ငံခြား အရံငွေ ( အပိုစုငွေ ) ကလည်း 3.2 Trillion US$ နှင့်
    ကမာ္ဘပေါ်မှာ အများဆုံး ဖြစ်နေပြီ ။
    ဒုတိယလိုက်တဲ့ ဂျပန်ထက် သုံးဆများသည် ။

    ဆိုလိုတာက အရမ်းချမ်းသာနေပြီ ။
    စစ်ပွဲကြီး တစ်ပွဲကို ကောင်းကောင်းကြီး ဆင်နွှဲဖို့ လုံလောက်နေပြီ ။

    အဲဒီတော့ တရုတ်နှင့် စစ်ဖြစ်မယ့် နိုင်ငံဟာ
    ကိုယ့်နိုင်ငံ မဖြစ်ဖို့ ပါးနပ်ဖို့ လိုလိမ့်မယ် ။

    အဘလဲ USA ကိုအရမ်းကြိုက်ပါတယ် ။
    USA နှင့် ပူးပေါင်းတာကိုလည်း ထောက်ခံပါတယ် ။
    ဒါပေမယ့် တရုတ်ကြီး အမြင်ကတ် စိုးရိမ် လောက်အောင်တော့
    USA နှင့် ပလူးလို့ မဖြစ်ဘူးလို့ ထင်တယ် ။

    တကယ်စစ်ဖြစ်ရင် ကိုယ်တွေပဲသေမှာ ။
    USA ကဝင်ပါမှာ မဟုတ်ဘူး ။
    USA, Russia, China သုံးနိုင်ငံက
    အချင်းချင်း ဘယ်တော့မှ ချမှာ မဟုတ်ဘူး ။
    Mutual Understanding လို့ခေါ်တယ် ။

    စဉ်းစားကြပေါ့လေ ။

  • water-melon

    November 3, 2011 at 2:48 pm

    ဝေ့ မဖြစ်နိုုင်ဘူးလို့ မပြောပါဘူး။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေကလည်း ငအ မဟုတ်ဘူး။ မန်းလေးက မဟာမုနိဘုရားကို ရခိုင်ပြန်ပို့ရအောင် မန်းလေးက လူတွေက သေနေတာမှ မဟုတ်တာ။ အသက်နဲ့လဲပြီး ကာကွယ်မှာကွ။ မလာသေးတဲ့ ကိစ္စတွေကိုု တွေးကြောက်နေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ နို်င်ငံအတွက် ကိုယ် ဘာလုပ်ပေးနိုင်တာကို စဉ်းစားကြစမ်းပါ။

  • thit min

    November 3, 2011 at 3:05 pm

    ကိုရဲရင့်ဆိုဒ်မှာထင်တယ်။ကျနော်ဖတ်မိလိုက်တယ်။
    စိုးမဲ့စိုးတော့ ၃နှစ်နဲ့ ဘယ်ရမလဲဗျာ။
    ဦးမင်းကျော်ကိုအရက် လစ်မစ်နဲ့သောက်ခိုင်းသလိုဖြစ်နေမှာပေါ့။
    ရသလောက်ကိုအုပ်မှာ သရီးအမ်လေနော်၊ နေရာကနေပြန်ဝင်မှာပေါ့။
    ဘယ် အမ်ကဖြစ်ဖြစ်ရတာလိုရင်းမဟုတ်လား။
    ~~~~~~~~~~~~~~~~~~~~~~
    သူကြီးရေ ဒီမှာလဲ ဖူဂျီစန် နားမှာ ကိုတရုတ်တို့မြေတွေဝယ်ကြတာ တော်တော်များနေလို့ ဒီကကောင်တွေ
    အရေးထားဆွေးနွေးနေကြပြီ။ ဘီလူးငယ်အသက်သွင်းထားတဲ့ ဂျပန် အတ်ဖဒီအိုင်က အဲဒီ ဘီလူးကိုလွှတ်လို့
    မရတော့ဘူး၊သူ့ပြန်စားတော့မှာ။နောက်မှစာတပုဒ်ရေးအုန်းမယ်နော့။

    • kai

      November 3, 2011 at 3:26 pm

      ရေးပါဦးဗျာ..
      အသိဂျပန်ပွဲစားတယောက်ကတော့ ..တိုကျို-ဂင်းဇာတဝိုက်မှာ တရုတ်မတယောက် လက်ညိုးထိုးပြီး စွတ်ဝယ်နေလို့..မျိုးချစ်ပါတယ်ဆိုပြီး ငြင်းတာ တခြားပွဲစားဝင်ရောင်းသွားသမို့.. ငွေမရလိုက်တာ နာသဟဲ့ ဖြစ်နေလေရဲ့..။
      ဂျပန်စီးပွားတက်စဉ်ကလည်း.. ယူအက်စ်နဲ့ ယူရုတ်မှာ စွတ်ဝယ်ခဲ့တာပဲ..။ ပြင်သစ်က ရှေးဟောင်းရဲတိုက်တခုပါဝယ်ပြီး.. ကျောက်တုံးတွေဖြုတ်.. ဂျပန်သယ်ပြန်မလို့အထိလုပ်တာ.. ပြင်သစ်အစိုးရဝင်တားခဲ့ရဖူးသေးတယ်..။
      အခုတော့ ဂန့်ဂန့်ဖြစ်နေတယ်လေ..။
      ချဈေးနဲ့အတင်းပြန်လိုက်ရောင်းခဲ့ရတာပေါ့..။ ယူအက်စ်မှာလည်း.. ဂျပန်တွေ.. တပ်ဆုပ်ပြီး.. သူတို့မြေတွေ.. တရုတ်နဲ့ ထိုင်ဝမ်က အဝယ်များလာတယ်..။

      ဆိုတော့..
      အလုပ်တွေလုပ်.. ငွေတွေရှိ..ဝယ်သာဝယ်..။ လုပ်သာလုပ်..
      အားပေးတယ်..။
      မြန်မာတွေလည်း.. လှေကြုံလိုက်.. တက်စီးသွားပေါ့…။
      ဘီလူး ကုတ်ခွစီးသွားရင်.. ပိုမြန်မြန် ခရီးရောက်မယ် မဟုတ်လား…။ 🙂

    • Foreign Resident

      November 3, 2011 at 3:37 pm

      Australia မှာလည်း တရုတ်တွေဝယ်တာ ကုန်တော့မယ် ။

      ပြီးခဲ့တဲ့နှစ်က အိမ်ဝယ်ဖို့လိုက်ကြည့်တာ အိမ်နံပါတ်က ၈ ။
      အိမ်ပွဲစားက တရုတ်လား ဆိုပြီးမေးတယ် ။
      မဟုတ်ဘူး မြန်မာ လို့ဖြေလိုက်တယ် ။
      အဲဒါကို မလျှော့သေးဘူး ။ နံပါတ် ၈ က တရုတ်တွေသိပ်ကြိုက်တာ ။
      ဝယ်ထား မမှားဘူး ဆိုပဲ ။

      နောက်ထပ် ဆက်ပြောသေးတယ် ။
      အခုခေတ်ကြီး မှာတဲ့ တရုတ်တွေပဲ အိမ်ဝယ်နိုင်တော့တာလို့ပြောတယ် ။
      အဲဒါနှင့်ပဲ ဝယ်ဖြစ်သွားတယ် ။

      ဟုတ်လည်း ဟုတ်နေတာပဲ အိမ်တွေ အိမ်လေလံ တွေလိုက်ကြည့်တာ ။
      ဝယ်မယ့်သူ ၁ဝ ယောက်မှာ ရ ယောက်လောက်က တရုတ် ။

      ဩဇီတွေလည်း အခုဆို တရုတ်ကိုဖားရကောင်းမှန်း သိလာပြီ ။
      တရုတ်တွေ ဒီလောက်များတဲ့ ပိုက်ဆံတွေ ဘယ်လိုရလာလည်း သိဘူး ။

      ဩဇီ အစိုးရ လည်း သိသိကြီးနှင့် မတားရဲဘူး ။
      တရုတ် အဝယ်ရပ် သွားရင် အိမ်ဈေးတွေ ချက်ချင်း ထိုးကျသွားမှာ ။
      ကံဆိုးရင် စီးပွားပျက်ကပ်ပါ ဆက်ဖြစ်သွားမှာ ။

      • kocho

        November 3, 2011 at 6:54 pm

        ဟုတ်ပကိုရင်ဖောရေ ကျနော်ဒို့သွားလယ်တုံးက အော်ပရာဟောက် နားကအဆောက်အဦးတွေဆို တရုတ်လူမျိုးတွေချည်း ဝယ်ထားတာလို့တိုးဂိုဒ် ကပြောတယ် မြို့လယ်မှာလဲဒီလိုဘဲ အောက်ထပ်ကိုစီးပွါးရေးလုဎ်ပြီး အပေါ်ထပ်ကိုကွန်ဖူး ကျောင်းတွေဖွင့်ထားတာတွေ့ရတယ် (ရောင်းမယ်၊ငှါးမယ်)ဆိုတဲ့ဆိုင်းဘုတ်တွေလဲ တော်တော်များများတွေ့ရတယ် ဒေါင်းတောင်း
        မှာနော် Brisbaneလဲတွေ့ရတယ် (ရောင်းမယ်၊ငှါးမယ်) အိမ်၊သင်းဘော အစရှိသည်များပေါ့ ကဗာ့စီးပွါးရေးနဲ့လဲဆိုင်မယ်ထင်တယ် တွေ့လိုက်တိုင်း လယ်ပတ်သူတွေရဲ့ရဲ့၉ဝရာခိုင်နှုန်းက တရုတ်တွေပဲ ပြည်မကနော်ဂျပန်လူမျိုး လည်ပတ်တာမတွေ့ရတော့ဘူးအမတန်ကိုနဲသွားပြီ ခေတ်ကတကယ်ကိုပြောင်းသွားပြီ တရုတ်ဧည့်သည်တွေကပိုက်ဆံလဲတော်တော်သုံးကြတယ်လို့ပြောရမယ် တရိတ်ဆန် ရုံသွားတုံးကဆို ဝက်ဝံလေးကိုပိုက်ပြီးဓတ်ပုံရိုက်တာကို အော်စီ ၁၅ဒေါ်လာ တဲ့ဗျား (အဲဒါကိုတန်းစီပြီး ရိုက်ကြတယ်) ကျနော်ကတော့ ဆောရီးပဲ အနံ့လဲနံရဦးမယ်ပိုက်ဆံလဲကုန်မယ်ဆိုပြီး ကလေးတွေကိုမရိုက်ခိုင်းဘူး

      • Foreign Resident

        November 4, 2011 at 7:22 am

        ကိုချို
        နာမယ်ကြီး Sydney Fish Market ရောက်ခဲ့သေးလား ။
        အဲဒီနေရာလဲ အစားအသောက် ဈေးမသေးဘူးဗျ ။
        ဧည့်သည်တယောက် လာလို့ ခေါ်ပြီးသွားစားတာ
        ဧည့်သည်က ဘာပြောတယ်မှတ်လဲ ။
        မင်း ငါ့ကို Australia လိုက်ပြပေးနေတာလား
        တရုတ်ပြည် ရောက်နေတာလားတဲ့ ။
        ဟုတ်ပါ့ ၇၅ % လောက်က တရုတ်တွေကြီးပဲ ။
        တရုတ်တွေ အရမ်းကို ချမ်သာကုန်ကြပြီ ။

        • kocho

          November 4, 2011 at 1:38 pm

          ရောက်ပဗျားဆရာဖောရေ ရောက်တာနဲ့အဲဒီကိုတန်းသွားတာ(၁ဝရက် ပါ အော်စီ+နယူဇီလန်)အဲဒီမှာပဲ ငါးရှဉ့် ထမင်းဘူးစားတာလေ လတ်ဆတ်တယ်စားလို့လဲကောင်းတယ် ဂျပန်ဆိုင်ကလေ ဂျပန်လိုမိတ်ဆက်လို့ဂျပန်တွေလဲသဘောကျလို့(အဲဒီနေ့မနက်စာက ကိုယ်ဘာသာစားတာပါ နောက်ပိုင်းဟိုတယ်ဘိုဖေးတွေချည်းပဲ စားလို့ကောင်းဝူး) တိုးအေဂျင်စီ ကတော်တော်လေးမဆိုးဘူး တန်တယ်လို့ပြောရမယ် ကလေးတွေနွေရာသီကျောင်းပိတ်ရက် လိုက်ပို့ပေးတာပါတယောက်ကို us$2500+us$90( ချိပု) ၄ရောက်ဆိုတော့$ ၁၂၀၀ဝ ကျော်တယ်(အ နောမိန်းမ ဈေးဝယ်တာမပါ )ဒစ်ကောင့် ရလို့ နို့မို့ဆို ပိုများမယ်ဆစ်ဒနီမှာ ၃ရက် ဘရစ်ဘန်း၃ရက် နယူဇီလန် ၃ရက် လေ လေညန်ချီးတာ၂ရက် မဆိုးပါဘူးဗျာ(နယူဇီလန် မြောက်ပိုင်းပဲရောက်တာ)တောင်ပိုင်း နယူဇီလန် ကပိုပြီးလှတယ် နောက်တခေါက်တော့ တောင်ပိုင်းတဲ့အနော် ဇနီးကကျောနေတယ် 😀

        • Foreign Resident

          November 5, 2011 at 2:35 am

          ကိုချို ရေ

          AU နှင့် NZ ၁ဝ ရက်ကို
          တယောက်ကို US$ 2600 ဆိုရင်
          တော်တော်တန်တယ် ပြောရမယ် ။
          AU နှင့် NZ ကအစစ အရာရာ
          တော်တော်ဈေးကြီးတာဗျ ။

          ဥပမာ
          ၁ဝ ရက် ခရီးစဉ်ချင်းတူရင်
          ဩဇီ ပြည်တွင်း ခရီးစဉ်က
          နိုင်ငံခြား (တရုတ်) ခရီးစဉ်တွေထက်
          နှစ်ဆ လောက်ပိုများတယ် ။

          အဘ ဩဇီ ရဲ့
          နာမည်ကျော် Uluru Rock ကိုသွားတာ
          လေယာဉ် Return Ticket ကိုတင်
          US$ 900 ကျော်ကျတယ် ။
          Singapore Return Ticket ဈေးနှင့်
          အတူတူပဲ ။

          Uluru Rock ကောရောက်သေးလား ။

  • nature

    November 3, 2011 at 8:17 pm

    ၅၉ခုဆိုတော့ ဗဟုသုတရအောင် ကျန်တာလေးတွေလည်း တင်ပေးပါလား။ ၃နှစ်ဆိုတော့ ၃နှစ် အတွင်း ရေနက်ဆိပ်ကမ်း ဆောက်လို့ပြီးမှာများဆိုလိုသလားလို့။ ကျနော် ကြားဖူးတာကတော့ ကောသလအိမ်မက် ၁၆ ချက်ပါပဲ။

  • TTNU

    November 3, 2011 at 8:37 pm

    ရှေးတပေါင်တွေကို အရမ်းယုံတာမဟုတ်ပေမဲ့
    လက်တွေ့မှာ ဖြစ်လာနှိုင်စရာတွေ သုံးသပ်ကြည့်မိတယ်။
    ဥပမာ အနီးဆုံးမြင်နေရတာ မန ္တလေး။ နေရာတိုင်းသူတို့ရှိတယ်။
    မနက်ခင်းကျုံးဘေး လမ်းလျှောက်သူ လေ့ကျင့်ခန်းလုပ်သူ အများစု သူတို့ပဲ။
    Breakfast စားချိန် ဗမာတွေစားကြတာလည်း သူတို့ရောင်းတဲ့ ရှမ်းသုတ်၊ အရည်ဖျော်။
    ကျောင်းသွားချိန် မန ္တလေးလမ်းတွေ ပေါ်မှာ ယဉ်ကြောပိတ်လောက်အောင် ကားကြီးကားငယ်
    ကျောင်းပို့ ကျောင်းကြို အများစု သူတို့ပဲ။
    Downtown နေရာကောင်း တိုက်တွေ သူတို့ပဲ ပိုင်ကြတယ်။ ဗမာတွေ မြို ့သစ်မှာ။
    ဲပြင်ဦးလွင် နေရာအနှံ ဈေးတင်ပေးပြီး မြေတွေ တိုက်တွေ ပိုင်နေကြတာလည်း သူတို့ပဲ။
    ကိုခိုင်ပြောတဲ့ လှေကြုံ လိုက်တက်စီးသွားကြဖို့တောင် တို့လူလေးများဆိုသလေးတွေ
    အတွက် တော့…..

  • kocho

    November 5, 2011 at 2:55 am

    ရောက်တယ်ဆရာဖော ကျနော်သတိထားမိတာက အော်စီနဲ့နယူဇီလန်က ဟင်းသီးဟင်းရွက်၊နွားနို့၊ရေခဲမုံ့ အမဲသားဆိတ်သား တော်တော်လေးကိုမိုက်တယ် ဟိုတယ်တွေလဲ မဆိုးပါဘူး၄အော်၅စတားတွေပါဘဲနယူဇီလန်မြောက်ပိုင်းသွားတာသိရတာတယောက်ကို$၃၀၀ဝအနဲဆုံး
    ဒါပေမဲ့ရှူခင်းတွေမြင်ရတာနဲ့ပင်တော်တော်တန်နေပြီ

Leave a Reply