မြန်မာပြည်ဆင်းရဲခြင်းအကြောင်း China factor
ဒီနေ့ Kyaymon နဲ့ တရုတ်ပြည်အကြောင်း ရန်ဖြစ်ပြီးသကာလ ဒေသအတွင်း တရုတ်ပြည်ရဲ့ လွှမ်းမိုး ဩဇာသက်ပုံကို စဉ်းစားမိတာလေး ရေးချင်တယ်။ ပညာရှင် မဟုတ်လို့ အရပ်သားလို ခပ်တိမ်တိမ်ကလေး တွေးပါတယ်။ ဆရာသစ်မင်းတို့လို ပညာရှင်များ၏ ထောက်ပြဝေဖန်စရာများကို ကြိုဆိုပါသည်။ တွေးမိပုံကဒီလိုပါ….
အာရှတိုက်မှာ အရှေ့နဲ့အနောက် ရေမြေတောတောင် ရာသီဥတု ယဉ်ကျေးမှုများ ကွာခြားတာကို သတိပြုမိတယ်။ အနောက်ဖက်ဒေသ အာရပ်ကမာ္ဘကတော့သိတဲ့အတိုင်း ပူပြင်းခြောက်သွေ့တဲ့ သဲကနာ္တရ ဒေသဖြစ်တယ်၊ အစ္စလာမ်ဘာသာ၊ အာရပ်ယဉ်ကျေးမှု ထွန်းကားတယ်၊ မြေကြီးထွက် ရေနံနဲ့ စီးပွားဖြစ်တယ်။ အရှေ့ဖက်မှာတော့ မြန်မာနိုင်ငံပါတဲ့ အရှေ့တောင်အာရှ (အာဆီယံ)၊ အရှေ့မြောက်အာရှ (တရုတ်၊ ဂျပန်၊ ကိုရီးယား)၊ တောင်အာရှ (အိန္ဒိယတိုက်ငယ်) ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျပန်၊ တောင်ကိုရီးယား အရှေ့ဖက်ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်တယ်။ တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံ ပြောပါဆိုရင် စင်္ကာပူ ပါထည့် ပြောလို့ရမယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့ကတော့ တိုင်းပြည်အလိုက် အားကောင်းပေမဲ့ တဦးချင်း ကြွယ်ဝချမ်းသာမှုပြောပါဆိုရင် အဆင့်မှီဖို့ လိုသေးတယ်။ သို့ပေမဲ့ လက်နက်၊ နည်းပညာ၊ နိုင်ငံဓနစီးပွား အားကောင်းလို့ ဒေသတွင်းရေးရာများကို ကိုင်လှုပ်နိုင်စွမ်း၊ ဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိတယ်။
အရှေ့တောင်အာရှ အာဆီယံနိုင်ငံများရဲ့ တိုးတက်မှုကို လေ့လာကြည့်ရင် မြန်မာပြည် ဘာကြောင့် မတိုးတက်လည်းဆိုတာ ရှုထောင့်တခုမှ မြင်ကြည့်နိုင်မယ်ထင်တယ်။ တရုတ်ပြည်မှာ သစ်သားအချောထည်၊ ကျောက်စိမ်း၊လက်ဝတ်ရတနာဆိုင် ဖွင့်ထားတဲ့ သဂျီးမင်းဦးခိုင် ပြောလေ့ရှိတဲ့ မြန်မာတွေ မတိုးတက်တာ ဘာသာတရားကြောင့် ဆိုတာကိုလည်း တနည်းတလမ်းနဲ့ ချေပချင်တာလည်း ပါတယ်။
အာဆီယံ ဆယ်နိုင်ငံမှာ ခရစ်ယာန် နှစ်နိုင်ငံ (ဖိလစ်ပိုင်၊ အရှေ့တီမော -တင်းပြည့်အဖွဲ့ဝင် မဖြစ်သေး) အစ္စလာမ် သုံးနိုင်ငံ (မလေး၊ အင်ဒို၊ ဘရူနိုင်း)၊ ဗုဒ္ဓ (မြန်မာ၊ လော၊ ကမော္ဘဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ) တို့ရှိတယ်။ ဘရူနိုင်းလို ရေနံထွက်တဲ့ နိုင်ငံကလွဲရင် ကျန်နိုင်ငံများ တရုတ်ပြည်နဲ့ကင်းပြီး ကုန်သွယ်စီးပွား လုပ်ကိုင်စားသောက်လို့ မရဘူး။ အဲဒီအထဲမှာ တရုတ်ကြီးကို အတော်များများ ကနေ လုံးဝနီးပါး မှီခိုနေရတဲ့ တိုင်းပြည်တွေ (မြန်မာ၊ လော၊ ကမော္ဘဒီးယား) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တရုတ်ကို အဓိကကုန်သွယ်ဖက်တခု အဖြစ်သာ ဆက်ဆံနေတဲ့ ကျန်တိုင်းပြည်များရဲ့ ( ဘရူနိုင်းမှလွဲ၍) ဖွံ့ဖြိုးတိုးတက်မှုများကို ယှဉ်ကြည့်တဲ့အခါ တရုတ်ဩဇာသက်ရောက်မှု China factor ကိုသွားမြင်ရတယ်။
တရုတ်ကြီးကို မှီခိုလို့ တိုးတက်တဲ့နိုင်ငံပြပါဆို ပြစရာ တနိုင်ငံမှ မရှိဘူး။ အားလုံး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှင်နေရတယ်။ တိုင်းပြည် တွင်းထွက်သယံဇာတများကို ဈေးပေါပေါနဲ့ တရုတ်ပြည်ကို ရောင်းစားတယ်။ တိုင်းပြည် နိုင်ငံရေးစနစ်သည် တရုတ်ပြည်ကို အတုခိုးထားတယ်။ တနည်းအားဖြင့် အုပ်ချုပ်သူ အစိုးရအာဏာ တည်မြဲဖို့ တရုတ်ကြီးကို အားပြုနေတယ်။ အခြားတိုင်းပြည်များနဲ့ ကုန်သွယ်မှု သိပ်မထွန်းကားဘူး။ ကျန်နိုင်ငံ များကတော့ တရုတ်သာမက၊ ဒေသတွင်းနိုင်ငံအားလုံးအပြင် အနောက်ကမာ္ဘနဲ့ပါ ကုန်သွယ်စီးပွားရှာတယ်။ အနောက်ကမာ္ဘနဲ့ အဆင်ပြေလို့ နည်းပညာ၊ အရင်းအနှီး အကူအညီရတယ်။
မလေး၊ စင်္ကာပူတို့လို့ လူလည်ကြီးများ မပြောနဲ့ အမေရိကန်နဲ့ စစ်တိုက်ခဲ့တဲ့ ဗီယက်နမ်တောင် တရုတ်ကြီးနဲ့ ရန်ဖြစ်ပြီး အမေရိကန်နဲ့ ပြန်ပေါင်းလိုက်တာ စီးပွားရေး တဟုတ်ထိုး တိုးတက်နေပါတယ်။ တဖက်ကလည်း ဆရာသမားတယောက်ရေးသလို မူပိုင်ခွင့်ကြောင့် အမေရိကန်များ ပြန်ရသွားတာလည်း သေချာပေါက်ရှိမှာပါ။ အမေရိကန်ပဲ သူ့အမြတ်အစွန်းမရှိရင် လုပ်ပေးပါ့မလား။ သို့သော် တရုတ်ကြီးထက် အများကြီးသာမယ်ဆိုတာ လူတိုင်းသိတယ်။ မြန်မာပြည်သည် တရုတ်နဲ့အိန္ဒိယ အင်အားကြီးနှစ်နိုင်ငံကြား တည်ရှိလို့ အမေရိကန်နဲ့ဥရောပအတွက် အရေးကြီးလာပါတယ်။ ဒီတော့ တရုတ်ကို ထောက်ထားဖို့ စီးပွားရေး၊ နည်းပညာ ပုံအောပေးထားတဲ့ ဗီယက်နမ်၊ ထိုင်ဝမ်နိုင်ငံတို့လို မြန်မာပြည် ဖြစ်ဖို့ အလားအလာ ကောင်းများရှိပါတယ်။ ကိုယ်က နေတတ်ထိုင်တတ်ဖို့သာလိုတာပါ။
တကယ်ဆို တရုတ်ပြည်မှာရှိတဲ့ အဆင့်မြင့်နည်းပညာ အားလုံးသည် အနောက်တိုင်းကလာတာ။ သူတို့ဆီက လိုင်စင်ယူပြီး တရုတ်စက်ရုံတွေ လည်ပတ်ရတယ်။ မြန်မာပြည်မှာ အထည်ချုပ်စက်ရုံတွေကို နိုင်ငံခြားကုမ္မဏီတွေက လက်ခစား စီအမ်ပီ ပေးသလိုမျိုး မြင်ကြည့်နိုင်တယ်။ အဲဒါထက်တော့ အပုံကြီး သာပါတယ်။ ပြောချင်တာ တရုတ်ကို မမှီခိုတဲ့ အာဆီယံနိုင်ငံများလည်း တိုးတက်တဲ့နိုင်ငံများမှ တပတ်ရစ် နည်းပညာကို တရုတ်ရသလို ရခွင့်ရှိတယ်။ မြန်မာပြည်ကတော့ တရုတ်နည်းပညာ တပတ်ရစ်တောင် ကောင်းကောင်းမရဘူး။
တိုင်းပြည် နိုင်ငံရေးစနစ်၊ အုပ်ချုပ်ပုံနည်လမ်းများကသာ အခရာကြကြောင်း သက်သေ ပြနေပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှာလည်း မြန်မာပြည်နဲ့ ခေတ်ပြိုင်လောက်နီးပါး တပါတီ အာဏာရှင် နိုင်ငံရေးစနစ် ထွန်းကားခဲ့ပေမဲ့ အုပ်ချုပ်ရေးနည်းလမ်း ကောင်းမွန်တဲ့အခါ နိုင်ငံသူနိုင်ငံသားများ အူစိုကြတာ အထင်အရှားပါ။ ဘာသာရေးလွှမ်းမိုးမှုကြောင့်လို့ စွပ်စွဲမရနိုင်ပါဘူး။ ပြောကြေးပြော တရုတ်ကြီး နှိပ်စက်လို့ ဖြစ်တာလို့ ပြောနိုင်ပါတယ်။ လူမျိုးရေးထက် တိုင်းပြည်စနစ်ကို မြင်စေလိုပါတယ်။ ကုလားကြီးနဲ့ပေါင်းတဲ့ သူ့ကိုမှီခိုနေရတဲ့ ဘင်္ဂလားဒေ့ရှ်၊ နီပေါလ်လို နိုင်ငံများလည်း ထွေထူးပြီး တိုးတက်တာ မတွေ့ရဘူး။ ဒါလည်း ရှင်းပါတယ် သူဌေးနဲ့ပေါင်းမှ လဘက်ရည် အလကားသောက်ခွင့်ရပါမယ်။ ကိုယ်လိုသူလိုတွေပဲ ပေါင်းရင် ကိုယ့်အိတ်ကိုယ်စိုက်၊ ပိုဆိုတာ တရုတ်ကုလားလို့ ကိုယ့်ထက်အင်အားကြီးပြီး ငါ့ဖို့သမားဆိုရင်တော့ မစားရတဲ့အပြင် ကိုယ့်သမီး၊ နှမ၊ တူမပါ လက်သရမ်းခံ ရတယ်။
ကျနော်ပြောတဲ့အမြင်က ဆင်းရဲတဲ့ နိုင်ငံလေးများဖက်ကပါ။ အဆင်ပြေစီးပွားဖြစ်နေတဲ့ နိုင်ငံများ (ဂျပန်၊ ကိုရီးယား စင်္ကာပူ)၊ အင်အားကြီးနိုင်ငံများ (တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်) ကြတော့လည်း ကိုယ်ဗိုလ် လုပ်နိုင်မဲ့ ဒေသတွင်းနိုင်ငံများ စည်းရုံးသိမ်းသွင်းတဲ့ အရှေ့မျှော်မူဝါဒကို ကျင့်သုံးရပါတယ်။ အခြားဒေသ များမှာ အနောက်တိုင်းနဲ့မှ ယှဉ်မဖိုက်နိုင်တာကိုး။ ဒါတောင် တရုတ်၊ အိန္ဒိယတို့ အာဖရိကမှာ အောက်ဈေးနဲ့ ဝင်တိုးနေကြပါတယ်။ ဂျပန်ကတော့ ချွင်းချက်ပေ့ါနော်။ အမေရိကန်ကို တဖက်သတ် မှီခိုပြန်တော့လည်း ဟုတ်သွားမယ် မထင်ပါနဲ့။ ဖိလစ်ပိုင်လို အမေရိကန် ကိုလိုနီနိုင်ငံဟောင်းကိုကြည့်ပါ။ သာထူးပြီး မတိုးတက် ပါဘူး။ ဘယ်လောက်ပေါင်းပေါင်း ကိုယ်ကတော်မှ၊ ဟိုကလည်း စေတနာရှိမှ ရမှာပါ။ သို့သော်လည်း တရုတ်ကို မှီခိုနေရတဲ့ တိုင်းပြည်များထက် လူနေမှုအဆင့်အတန်း သာတာတွေ့နိုင်တယ်။
ဒီတော့ ဒီတော့…. ကျနော်တို့တတွေ ဘာလုပ်ကြမလဲ။ အသင့်တော်ဆုံးက မလေး၊ အင်ဒိုနီးရှား တို့လို တရုတ်၊ ကုလား၊ ဂျပန်၊ ကိုရီယား၊ ဒေသတွင်းနိုင်ငံများအပြင် အမေရိကန်၊ ဥရောပနိုင်ငံများနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ပြီး ကုန်သွယ်စီးပွားရှာနိုင်ရင် တရုတ်ကြီးပြုသမျှ နုနေရတဲ့ဘဝမှ လွတ်မြောက်နိုင်ပါလိမ့်မယ်။ သူများတွေ အနိုင်အကျင့် မခံရဖို့ ကိုယ်ခံအားပြည့် မပြည့်ဆိုတာတော့…
တရုတ်(ထီး)ဆန့်ကျင်သမား ကြောင်ကြီး
21 comments
htoosan
November 4, 2011 at 12:40 pm
တရုတ်(ထီး)ဆန့်ကျင်သမား ကြောင်ကြီး
တရုတ်ထီး ဆန့်ကျင်ရင် ဘာထီးကို ကြိုဆိုတာလဲ ခင်ဗျ။
Moe Z
November 4, 2011 at 12:50 pm
ဦးကြောင်ကအထီးဆိုရင် ဘယ်အထီးကိုမှမကြိုဆိုဘူး
သူကတရုတ်ထီးတွေပဲမုန်းတာ တရုတ်မလေးတွေဆို လာထား အာဘွားပဲ 😀
winkyawaung
November 4, 2011 at 1:09 pm
မြန်မာပြည်ချမ်းသာလာအောင် ဦးကြောင်ကြီးကို တစ်သီးပုဂ္ဂလအထူးလွှတ်တော်ကိုယ်စားလှယ်အဖြစ် မြန်မာပြည်သူတွေက ရွေးချယ်ပေးပါ့မယ်..။ ဆက်ပြီးမိန့်ကြားပေးပါအုံး ဦးကြောင် အထီး ခင်ဗျာ..။
htoosan
November 4, 2011 at 1:19 pm
ငယ်ငယ်က ကြားဘူးခဲ့တဲ့ ဇာတ်လမ်းတွေ တဖန်ပြန်စတော့မယ်နဲ့တူပါတယ်။
ရန်ကုန် – မန္တလေး လမ်းကြီးကို လေယာဉ်ပါဆင်းလို့ရအောင် ခင်းပေးမယ်ဆိုတဲ့ နိုင်ငံရယ်၊ အဲ့ ဒီလမ်းမှာ လေယာဉ်ဆင်းလို့မရအောင် လမ်းမီးဓါတ်တိုင်တွေ တပ်ဆင်ပေးမယ်ဆိုတဲ့ နိုင်ငံရယ်နဲ့…နောက်ဆုံးတော့ …ဘာမှမရ .. ဒုံရင်း၊ဒုံရင်းနဲ့ကျန်ခဲ့တယ်… ကဲ.အခုကစလို့ ကိုယ့်ဦးနှောက်တွေ တန်ဖိုးစ ချစို့.. 😀 😀
pooch
November 4, 2011 at 3:45 pm
အပေါ်ပုံ က ကြောက်ချာ ကြီး … သွေးစုပ်ဖုတ်ကောင် ကြီး မဟုတ်လား…
သူကြီးက တစိတ်ရှိ ဘာသာကို လာလာပြီး လက်ညှိုးထိုးတာ အကြောင်းရှိတယ်… သူ့ ငယ်ချစ်က သူ့ကို သံယောဇဉ်ဖြတ်ပြီး လူ့ဘောင်ကို စွန့်ခွာပြီး သာသနာ့ဘောင်ဝင်သွားလို့ … အညှိုးကြီးနဲ့ စိတ်နာနေတာ
;P
ဒါနဲ့ ခိုင်လုံတဲ့ ရပ်ကွက် က ထွက်လာတဲ့ သတင်းကတော့ သူကြီး က တရုတ်ပြည်မှာ ဦးကြောင်ပြောတဲ့ လုပ်ငန်းတွေ လုပ်တာ ဟုတ်ဖူးတဲ့….
လူကုန်ကူးတယ်ဆိုပဲ… … 😛 😛
ba gyi
November 4, 2011 at 4:05 pm
မှန်လိုက်လေ ကိုကြောင်ကြီးရေ၊
အနောက်နိုင်ငံတွေအားကိုးသူတွေကို ပြည်ပအားကိုးပုဆိန်ရိုးတဲ့၊
အဲ တရုတ်အားကိုသူတွေကိုတော့ တရုတ်အားကိုးမအေ- -ိုး—-လို့ပြောချင်တယ်။
တကယ်ဖြစ်ရမှာက ကိုယ့်အားကိုယ်ကိုးကြဘို့ပဲ။
မြန်မြန်စည်းလုံးကြပါ၊ညီညွတ်ကြပါ၊ သ္ခင်မျိုး ဟေ့ ဒို့မြန်မာ ။
naywoonni
November 4, 2011 at 4:31 pm
အမောပြေဆေးလေးပဲ စားသွားပါကြောင်းးး ကိုအောင်ကြူးရေ…………
blackchaw
November 4, 2011 at 4:54 pm
အမောပြေဆေးကလည်း တစ်ဝက်တည်း။
ပိုတောင်မောလာတယ်။
windtalker
November 4, 2011 at 8:43 pm
အသေးစိတ် သေချာ မသိလို ့ဝင်မဆွေးနွေးတတ်ဘူးဗျို ့
ပြောချင်တာကတော့
နောက်ကို ပို ့စ်တင်မယ် ဆိုရင်
အမောပြေဆေး များများထည့်ပါ
ပြီးရင် မျက်နှာပါ ပါအောင် ထည့်ပါ
ဒါဘဲ
ပုံ မောင်ပေ(မန်းဂေဇက်တွင် စာရေးသူ)
small cat
November 4, 2011 at 10:56 pm
ကျန်တာတွေတော့သိပ်ပြီးလိုက်လို့မမီဘူး။မီတာလေးက အလယ်က ဟာလေးပဲ။
အလကားပြောတာပါ၊ရွာထဲပြန်ဝင်လာကတည်းက ဗဟုသုတတွေအများကြီးတိုးပွားလာပါတယ်။
စီးပွားရေးနိုင်ငံရေးနဲ့ စစ်ရေး နဲ့လူမှုရေး ဆက်စပ်နေတဲ့လှည့်ကွက်တွေကိုအများကြီးသိလာရတယ်၊
အကိုကြောင်၊သူကြီး၊အက်ဖ် အာရ် နဲ့ ကိုပု တို့ကိုအထူးကျေးဇူးတင်ကြောင်းပါ။
parlayar46
November 4, 2011 at 11:00 pm
“….မလေး၊ အင်ဒိုနီးရှား တို့လို တရုတ်၊ ကုလား၊ ဂျပန်၊ ကိုရီယား၊ ဒေသတွင်းနိုင်ငံများအပြင် အမေရိကန်၊ ဥရောပနိုင်ငံများနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ပြီး ကုန်သွယ်စီးပွားရှာနိုင်ရင်”
ကိုကြောင်ကြီးက အဓိကအချက်ထောက်ပြသွားတယ်လို့ မြင်ပါသဗျား။
တနိုင်ငံထဲ တအုပ်စုထဲကိုပဲ ပုံပြီးအားကိုးလိုက်ရင်တော့ နစ်သထက်နစ်နေမှာပါပဲ။
ဒီတော့အများနဲ့ ချိန်ဆ ဖြန့်ကျက်ဆက်ဆံသင့်ပေတာပေါ့။
တစ်ခုတော့ရှိတယ်-
အများနဲ့ဆက်ဆံဘို့ဆိုတာကတော့ ကိုယ်က လူတောတိုး လူဝင်ဆံ့ လူလက်ခံဦးမှနော်….
ဒါကြောင့် နောက်ဆုံးတော့ ဒီဘူတာပဲပြန်ဆိုက်ပါတယ်။
ကိုယ်မွဲနေတာ ကိုယ်သာတရားခံပါ။
ကိုယ့်ဘာသာကို်ယ်မပြင်ရင် (ကိုယ့်အစိုးရကိုမပြင်ရင်)
ကြာဦးမှာ ……..
thit min
November 4, 2011 at 11:04 pm
ကိုကြောင်ရေ ……………..
ကိုကြောင်စာရဲ့ခေါင်းစဉ်လဲမြင်လိုက်ရော၊ကျနော်လန့်သွားတယ်။
ကျနော်အလွန်သဘောကျခဲ့တဲ့ဆောင်းပါးတပုဒ်နဲ့ခေါင်းစဉ်ခြင်းဆင်လို့။
((အင်း အတိတ်ကာလ ကို အဆိပ်ပြာချ ပြီး ကျုပ်စိတ်ကိုလာမဆွနဲ့နော် အနှိပ်ဆရာဘဝ ရောက်သွားမယ်ဆိုတဲ့
ကာတွန်းစာသားလိုတောင်အော်လိုက်ချင်သေးရဲ့။( Just kidding နော်)))
ဟောင်ကောင်ယူနီဗာစတီက အာရှစပါယ်ရှယ်လစ် ပရော်ဖတ်ဆာ ဂျွန်ဝေါင်း ရေးတဲ့
“အရှေ့အာရှလိုဘာကြာင့်မြန်မာမတိုးတက်ရတာလဲ”
Why Has Myanmar not Developed Like East Asia? (John Wong)
published by Institute of Southeast Asian Studies (ISEAS) ASEAN Economic Bulletin © 1997.။
ဆောင်းပါးလေးကိုသတိရသွားတယ်။သူကအဲဒီမှာပြောထားတယ်၊မြန်မာနိုင်ငံဟာဒေသတွင်းက ၁၉၅ဝမှာဦးဆောင်နိုင်ငံတဲ့။ရွှေထီးအကြောင်း ပေါ့ဗျာ။ခုကျတော့ ဒန်တန်တန်….ပါတဲ့။
ကိုကြောင်ရေ ……………..
လယ်ပြင်မှာကျားသွားသလို ကားယားကြီး နဲ့ ရှင်းရှင်းကြီးပါ။
Foreign Direct Investment (FDI)နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတာ သူနဲ့အတူ နည်းပညာTechnological Transfer (TT) ပါ လာတာပါဆိုတာကိုကြောင်သိပြီးသားပါနော့။
FDI attract လုပ်နိုင်ဘို့ political stability နိုင်ငံရေးတည်ငြိမ်ရမယ်။ရေမီးမှန်၊လမ်းပန်းဆက်သွယ်မှုကောင်း၊အင်တာနက်၊ဖုန်းလိုင်းကောင်းဆိုတဲ့အစရှိတဲ့အချက်တွေပါတဲ့(Efficient infrastructure) ရှိရပါမယ်။
ဘယ်နှစ်ချက်ကိုက်လဲ? ဟုတ်ကဲ့ကိုက်ပါတယ်(ခြင်)(^^)။
အဲဒါက အခြေခံဘဲရှိသေးတာ၊တကယ်လိုအပ်တာတခုက Highly Performed Human Resources အဆင့်မြင့်ပညာအရည်အချင်း လူသားအရင်းအမြစ်(သို့) Skilled labour ကျွမ်းကျင်လုပ်သားလိုပါတယ်ခင်ဗျ။
အဲဒါတော့ရှိတယ်လို့ ကျနော်မျက်စိမှိတ်အော်မယ်ဗျာ။(ဘာဘဲဖြစ်ဖြစ်ကိုယ့်နိုင်ငံကိုယ်ချစ်တာကိုးနော့)
(အင်း ကြံဖန်ဂုဏ်ယူချင်ရင်ယူလို့ရအောင်ပြောပြအုန်းမယ်၊ ဒေသတွင်းမှာ ကွန်မြူနစ်တွေနဲ့တခြားဝါဒကွဲနဲ့ ပြည်တွင်းစစ်
ရော၊ဒေသတွင်းစစ်တွေပါ၊မဖြစ်ရအောင် အခု (ASEAN)အာဆီယမ်(လိုမျိုး) ဒေသတွင်းမှာဖွဲ့ပြီးညီညွတ်ထားသင့်တယ်လို့
အကြံပြုခဲ့တာတခြားလူဟုတ်ရိုးလားဗျာကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းပါတဲ့ဗျ။)
ဒီကနေ့ ဒေတာတွေအရတော့ ထိုင်းလောက်ကိုမှီဖို့ ၂၅ နှစ်တဲ့ဗျား။
အင်း မှီချင်ဇောနဲ့ စွတ်လိုက်လို့လဲမရပြန်ဘူးဗျို့။
Dumping ground ကိုရှာနေတဲ့ခေတ်မဟုတ်လားဗျာ။
CO2 Emission ကိုလျှော့ချဘို့နဲ့Radiationရေဒီယိုသတ္တိကြွတွေ Solid Wates တွေအတွက်
ဘယ်ကောင်”အချဉ်”လဲရှာနေတာ ကိုကိုစက်မှုနိုင်ငံတွေက။
အခု “မှီပြီး”တက်လာတဲ့နောက်တက်အာရှမောင်ကျားတွေ, ခုရေနစ်ကျားရောတွေအကုန်လုံး
အဲဒီပြဿနာရှိနေတာငုံးဆူလူမသိပေါ့နော့။
ဒါပေမဲ့ (Internatonal Production Networks-IPNs)ထဲမဝင်လို့ကလဲ အခု ကိုကြောင်ပြောတဲ့ နီပေါ,ဘင်ဂလားဒက်ရှလိုဘဲမတိုးတက်ဘဲရှိတော့မှာမှို့၊…………………………..
ကျနော်တို့လဲ ထိုနည်းလည်းကောင်း၊ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်းစီးပွါးရေးအခြေအနေကောင်းဘို့အဖ်ဒီအိုင် ဝင်ကြောင်းဆုတောင်းမေတ္တာရည် ပေါ့ဗျာ။
Politics is Partly Free လောက်ဆိုအလုပ်ဖြစ်တယ်ဗျ။ Freedom house index (data)အရ
မလေး၊စင်ကာပူဘယ်ကောင်မှ Fully Free မဖြစ်ဘူး။ Partly free တွေချည်းဘဲ။
ကျနော်အဲဒါကိုမြှော်မှန်းနေတာအကုန်လုံးပြောင်းပေးစရာမလိုပါဘူးအကိုတို့ရယ်လို့။ Partly ဘဲ။ Partly ဘဲ။
ကောင်းစေချင်လို့ပါဗျာ။
Foreign Resident
November 5, 2011 at 1:52 am
” FDI attract လုပ်နိုင်ဘို့
political stability နိုင်ငံရေးတည်ငြိမ်ရမယ်။
ရေမီးမှန်၊ လမ်းပန်းဆက်သွယ်မှုကောင်း၊
အင်တာနက်၊ ဖုန်းလိုင်းကောင်းဆိုတဲ့ ”
အဟင့် တစ်ချက်မှလည်း မရှိဘူး ။
ဝမ်းနည်းလိုက်ထာ ။
” ထိုင်းလောက်ကိုမှီဖို့ ၂၅ နှစ်တဲ့ဗျား ”
ထိုင်း ကိုလည်း ခဏရပ်ပေး စောင့်ပေးပါလို့ ပြောလိုက်ဦး ။
သူဆက်ပြေးနေရင် ၂၅ နှစ်တောင် မလွယ် ။
kai
November 5, 2011 at 12:03 am
မြန်မာပြည်ဆင်းရဲတာ.. ပိုက်ဆံဆိုတာကြီးရှိနေလို့.. ပိုက်ဆံဆိုတာ ဒီကမ္ဘာမှာမရှိရင်.. ဆင်းရဲတယ်ဆိုတာမရှိဘူး..
မြန်မာပြည်ဆင်းရဲတာ.. ဒီအကောင်ပိုက်ဆံကြောင့်… ပိုက်ဆံ Factor..။ လို့မပြောချင်တော့ပါဘူး..
(နောက်ထှာ) 🙂
–
ဆိုတော့..
ဒို့မြန်မာတွေ..
အသားဟင်းကောင်းကောင်းနဲ့တော့စားချင်တယ်.. ဒါပေမဲ့..”သူတပါး(သတ်)ထားတဲ့ ပံ့သကူသားဖြစ်မှ”ဆိုတဲ့ တာဝန်မယူ လွှဲချစိတ်.. တယောက်ထဲသုံးကိုယ်ခွဲစိတ်..မျှော်တော်ယောင်စိတ်တွေနဲ့တော့အလုပ်မဖြစ်ချေဘူး..။
ကိုယ်တာဝန်ယူရမဲ့ အပြစ်ကို .. သူများလွှဲချဖို့.. ကြံဆနေတဲ့ မိုင်းစက်(mindset)ကို မွေးထုတ်မှာပဲ..။
ဒါမျိုးmindsetတွေနဲ့ဆို…… စက်မှု-ကုန်ထုတ်လုပ်ချင်တာထက်.. သယံဇာတတွေရောင်းစားတဲ့ အလုပ်ပဲလုပ်ချင်မှာပါ…။
ကိုယ်တိုင်လုပ်..ကိုယ်တိုင်ရှာမှ.. ကိုယ်တိုင်ကောင်းစားမယ်ဆိုတဲ့ ကံ..ကံအကျိုးတိုက်ရိုက်ယုံကြည်တဲ့ စိတ်အခြေခံ ကို ပြောင်းဖို့လိုတယ် ထင်မိပါ၏..။ 😆
အမဲသားစားချင် နွားသတ်ရဲရမယ်..။ ရုပ်လှချင်.. မျက်နှာပလပ်စတစ်ဆာဂျရီလုပ်ရဲရမယ်..။ ဘုန်းကြီးလို့ အသက်ရှည်ချင်ရင်.. နိုင်ငံရေးလုပ်..ကျမ်းမာရေးလိုက်စားရမယ်..။ ။
မိုက်ကယ်ဂျော်နီအောင်ပု
November 5, 2011 at 1:32 am
မြန်မာပြည်ဆင်းရဲတာလား
ဒါလေးများအပင်ပန်းခံပြီးအစားခံနေကြတယ်
ဘယ်နိုင်ငံက ဘယ်လိုခြမ်းသာတယ် ဘယ်နိုင်ငံက ဘာဖြစ်တယ်
ညာဖြစ်တယ် ဟိုဒါဖြစ်တယ် ဒီဒါဖြစ်တယ်
ကိုယ့်စောက်ပူဘာရှိလို့လဲ
ကိုယ့်မြန်မာပြည်ထဲမှာ ဘာဖြစ်နေလဲ ဆိုတာတွေကို လေ့လာပြီးလုပ်စရာရှိတာမလုပ်ကြဘဲနဲ့
သူများအကြောင်းကို ဖင်လိုက်ယားလို့ဆင်းရဲတာဟေ့ ဆင်းရဲတာ
သိပြီလား
မဆင်းရဲခြင်ရင်
ဖင်မယားကြနဲ့ 😀 😀 😀 ဖင်ယားတဲ့အမှု့က အာမခံမရှိဘူး မှတ်ထားကြ
တစ်ကယ် သောက်မြင်ကကပ်လာပြီ
ဟိုလူကိုဘာဖြစ်တယ် ဒီလူကိုဘာဖြစ်တယ် လိုက်ပြောနေ
ကိုယ့်အဘတွေက အစိုးရဝန်ထမ်းဆိုရင် သူခိုးတွေလို့မှတ်
ကိုယ်ကိုယ်တိုင်ကလည်း အစိုးရဝန်ထမ်းဆိုရင် ငါသူခိုးပါလားလို့ ခံယူ
ဘာစီးပွားရေး ညာစီးပွားရေးလုပ်တယ်ဆိုရင် ခွေးသူးတောင်းတွေနဲ့ ငါလူယုတ်မာပါလားလို့ နှလုံးသွင်း
တိုင်းပြည်တွက်ပါဆိုပြီး ဘာမှလည်းလုပ်ဘူးတာမဟုတ်ဘဲနဲ့
ဆက်ပြောရရင်တော့ မျက်ရည်တွေ ကျကုန်မယ်
ဟိုဘက်ရွာမှာ ရေကြီးတာနဲ့ ဒီဘက်ရပ်ကွက် အရက်ဈေးတက်တာ ဘယ်လိုပတ်သက်ပါလိမ့် 🙁
windtalker
November 5, 2011 at 9:30 pm
ရေကြီးတယ် ဆိုတော့ ခါတိုင်းလို ပုံမှန် ပြီးစလွယ် ခပ်ရောလို ့မရတော့ဘူးလေ
နဲနဲပါးပါး ရေစစ်လေးဘာလေးနဲ ့စစ်
ကြိုချက်သင့် ကြိုချက်နဲ ့ ဆိုတော့
သောက်လုပ် နဲနဲပိုများလို ့
ိဟိုဘက်ရွာမှာ ရေကြီးတော့ ဒီဘက်ရပ်ကွက် အရက်ဈေးတက်ကုန်တာပေါ့ လို ့
Kyaemon
November 6, 2011 at 5:07 am
တရုတ်(ထီး)ဆန့်ကျင်သမား ကြောင်ကြီး ပြော ” …ဒီနေ့ Kyaymon နဲ့ တရုတ်ပြည်အကြောင်း ရန်ဖြစ်ပြီးသကာလ ….”??? ဆိုတာ….
————————————–
“ဖားတုလို့ခရုခုန်….. အမေရိကန်ကိုတုလို့တရုတ်ကြီးက ခုန်အုံးမယ်တဲ့ဗျာ”
http://myanmargazette.net/75583/economic-news-international-news-news-industry-people-in-the-news-us-news-news
ကိုပြန်ကြည့်ပါ၊
——————————
တရုပ်ကြီး နဲ့ ဒေသခံ ASEAN နိုင်ငံများက အာရှငွေစက်ကူ၊ အထူးသဖြင့်ယွန်းငွေစက်ကူ သုံးစွဲဘို့ ကမ်းလှမ်း ဆွေးနွေး လာရခြင်း အကြောင်းရင်း ကိုမဆွေးနွေးဘဲ ရှောင်ဖယ် ရှောင်ဖယ်လုပ်တာ အကျိုးမရှိပါ၊
ကိုယ်ကခင်မင်ရင်းနှီးတဲ့ ကိုယ့်မိတ်ဆွေ ဆရာကြီးကိုငွေစက်ကူ နဲနဲလျှော့ရိုက်ဘို့ မပြောရဲဘဲနဲ့၊သူများကို ဘဲပြက်ရယ်ပြု အပြစ်ဖို့ နေတာ ပြသနာကပျောက်မသွားပါ၊ ဒေါ်လာကိုကိုင် ဆောင် စေချင်တဲ့ မိမိရဲ့ လိုအင်ဆန်ဒ အတိုင်းဖြစ်လာမှာ မဟုတ် ပါ၊ ပိုပြီး ဆိုးရွားသွားမှာ အမှန်ပင် အကျိုးလဲမရှိပါ၊
အခြားသူပြောလာရင် “ရန်ဖြစ်” တယ်၊ ကိုယ်က ကြိုက်သလို ပြော၊ ကိုယ်ပြောတာ ကဘဲ “မှန်ရမယ်” ဆိုတာက “ဘုရင်စံနစ်” လိုဖြစ်မနေဘူးလား၊
“ပညာရှင် မဟုတ်လို့ အရပ်သားလို ခပ်တိမ်တိမ်ကလေး တွေးပါတယ်” လို့ဝန်ခံ တာ ကို ကြိုဆို ပါတယ်၊ မမှားတဲ့ရှေ့နေ မရှိပါ၊ ဆရာသစ်မင်း ဆရာဖော စသည် စသည် တို့လို သူတို့ရဲ့ ဖြည့်စွက်ဆွေးနွေး ထောက်ပြ ချက်ကို လက်ခံ ရမှာဘဲ၊ ရပ်ရေးရွာရေး အကျိုး အတွက် ပါဘဲ၊
သူများ ထောက်ပြတာ မကြိုက်ရင် တော့ “ခပ်တိမ်တိမ်” ကလေး မတွေး နဲ့ပေါ့ဗျာ၊ ရပ်ရေး ရွာရေး မို့ စူးစမ်း လေ့လာပြီး သေချာမှ ရေးပေါ့ဗျာ၊
ကြောင်ကြီး
November 6, 2011 at 11:44 am
ဟေ့ ငါပြောတဲ့ တိမ်ဆိုတာ ဟိုးကောင်းကင်ယံက တိမ်ညွန့်တွေကို ပြောတာကွ။ အဲသလောက် မြင့်တာတောင် နိမ့်လွန်းတယ်လို့ ပြောထားမှတော့ အတိမ်အနက်ကို စဉ်းစားကြည့်ပါကွယ်။ ဦးကြောင်က တရုတ်မလေးတွေနဲ့ ရန်မဖြစ်ဘူးလို့ ဘုရားမှာ သစ္စာဆိုထားတယ်။ ကြေးမုံပြောတာ အမှန် အမှန်လို့ ဝန်ခံပါတယ်။ ဦးကြောင်ကို အမေရိကန် စီအိုင်အေက ဒေါ်လာတထောင်ပေး ရေးခိုင်းလို့ပါ။ သဂျီးကနေ တဆင့်လွှဲပေးမယ်ပြောတာပဲ၊ အခုထိတော့ မရသေးဘူး။ ဦးကြောင်က ဘုရင်စနစ်ထက် ဘုရင်မစနစ်ကိုပဲ ကြိုက်ပါတယ်ကွယ်။ ဦးကြောင် ဘုရင်ဖြစ်ရင်တောင် ထီးနန်းစွန့်ပြီး အင်္ဂလိပ်စာတတ် တရုတ်မလေးတယောက်ကို ဘုရင်မ တင်မြောက်မှာပါ။ ဦးကြောင်ကတော့ ကြင်ယာတော် မင်းသားကြီးပေါ့ကွယ်။ 😳 နောက်ပြီးတော့ ယန်းကီးဆိုတဲ့ကောင်တွေက လူဆိုးတွေ။ တရုတ်ကြီးကသာ အရမ်းတော်တာ။ ဦးကြောင်လည်း သူနဲ့တော်ဖို့ ကြိုးစားနေပါတယ်။ ကျေနပ်တော့နော်။ ဒါနဲ့ ဦးကြောင် ဂျီမေးလ်က aungkyuu@gamil.com ကြေးမုံလေးကရော ဘာလဲဟင် 😮 မိုးနတ်မင်းမလို့ ဖုတ်သွင်းရထား ဦးကြောင်ဆီ ဆိုက်လာရင် ကြေးမုံလေးကို ဆက်သွယ်မလို့..။
thit min
November 6, 2011 at 4:52 pm
ကိုကြောင်ပြောတဲ့ တိမ်တိမ်တွေးဆိုတဲ့ စကားဟာ English ဆိုရင်တော့
In my humble opinion (polite usage) ဖြစ်တယ်လို့ယူဆမိပါသည်ခင်ဗျား။
စိတ်ရှည်သီးခံပြီး ကျနော့ကို ဒင်နာလေးဘာလေးဖိတ်ကျွေးကြပါလားဗျာ။(^^)
Don Juan Ronald
November 6, 2011 at 4:46 pm
ဗိုလ်ရှုမောင် နိုင်ငံရေးကုလားကာနောက်ကွယ်သို့ရှိုမသွားခင်ပြောသွားသောစကားနှစ်ခွန်းရှိတယ်၊
“သေနတ်ကိုလူကိုတည့်တည့် ချိန်ပြီးမှန်အောင်ပစ်မယ်” ဆိုသာကိုလူတွေကဘဲကောင်းကောင်းမှတ်တာ၊
နောက်ပြောတဲ့စကားကို လူတွေကဂရုမစိုက်မိလို့လား ၊ဒါမှမဟုတ်စကားမှန်ဖြစ်လို့လူတွေကရှောင်လွှဲနေတာလား ?
ဗိုလ်ရှုမောင် ပြောသွားတဲ့စကားနောက်တခွန်းက “ငါနှစ်ပေါင်း၂၅နှစ်လုံးလုံး၊ တရုတ်နဲ့ကုလားတွေရဲ့ လက်နှင့်ခြေကိုကြိုးနဲ့ချည်ပြီးတုပ်ထားတာ ၊မင်းတို့ကောင်တွေကအခုထိ ဘါမှာဖြစ်မလာတာဖြင့် ငါ့ကိုအပြစ်လာသင်နေသေးတယ်”
သူပြောသွားတဲ့စကားထဲမှာ ဒီတခွန်းတော့မှန်သလိုလိုဘာဘဲ။
ပြောရမယ်ဆိုရင်လည်းစိတ်မကောင်းပါ ၊ပြောပြန်ရင်လည်းစိတ်မကောင်းပါ။
ဗမာပြည်ကြီးဆင်းရဲသွားတာကတော့၊ ခန့်မှန်းချေ တရုတ်ကြီးယုတ်တာ ၂ဝ ရာခိုင်နှုံး၊ကုလားတွေစုတ်တာ ၁ဝ ရာခိုင်နှုံး၊
ဗမာတွေကိုယ်တိုင်ဖြုတ်၍ပြုတ်တာ ၇ဝ ရာခိုင်နှုံး ရှိပါကြောင်း။
ဟောင်ကောင်၊စင်ကာပူ၊မလေး၊ ကုလား၊ဗမာတို့အားလုံးကုလားဖြူလက်အောက်နေခဲ့တာ၊`
သူများကြိုးစားလို့ဆင်းရဲရာမှချမ်းသာရာသို့လား၍၊ငါတို့ဗမာတွေကချမ်းသာရာမှဆင်းရဲတွင်းသို့လား၏။
အားမနာတမ်းပြောမယ်ဆိုရင်အထည်ပျက်ကြီးပေါ့ဗျာ၊ကြီးတဲ့အလုပ်ကိုလက်လှမ်းမမှီ၊သေးတဲ့အလုပ်ကိုအထင်သေး၍မလုပ်ချင်။
ဗမာပြည်ကြီးရဲ့ရေမြေသဘာဝက အလွန်ကောင်းပါသည် ၊နှောင်ဆိုစားနှပ်ရိတ်ခါရှားပါးလာမှာ၊ အဆင့်မြင့်ကောက်ပဲသီးနှံကောင်းကောင်းစိုက်၊ဌေးလာမှာပါ၊ ပွလာမှာပါ၊ ကမာ္ဘကလုပြီးလာဝယ်မှာ။
ဥပမာဘထွေးတရုတ်ကြီး၏ ဗမာပြည်ကြီးနဲ့ကပ်နေတဲ့ အတွင်းပိုင်းပြည်နယ်၊တိပက်၊ ဆီချွမ်းနှင့်ယူနန်ကတရုတ်ကြီးတွေ တရက်ကိုနာနတ်သီးတလုံးစားမယ်ဆိုရင်၊
ကချင်ပြည်နယ်တခုလုံးမှာ စိုက်ထားတဲ့နာနတ်သီးတွေတညတည်းနဲ့ကုန်အောင်စားသွားနိုင်သည်၊
ဒါပေမယ့်အလကားတော့မကျွေးနဲ့ပေါ့။
လုပ်တာလုပ်ချလိုက်စမ်းပါ၊ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူး။
ကျနော်တို့ထိုင်ဝမ်းမှာစားနေတဲ့ကြက်မောက်သီး၊ဒူးရင်းသီးနှင့်မင်းဂွတ်သီးတို့ဟာ၊ယိုးဒယားကနေလာတာ။
maungmoenyo
November 7, 2011 at 8:21 am
ကိုကြောင်ကြီးတွေးခေါ်ပုံ နဲ့ ကိုသစ်မင်းအယူအဆလေးကိုလေးစားသဘောကျမိလို့ပါ။ အပြစ်တွေကိုဝိုင်းလက်ညှိုးထိုးပြီးဘာတွေပြောပြော်နောက်ဆုံးကျတော့ အခရာကျတဲ့ကိစ္စပြဿနာက political system ပါ။ နိုင်ငံတနိုင်ငံရဲ့အုပ်ချုပ်ပုံစနစ်ပေါ်မူတည်ပြီး အိမ်နီချင်း (သို့) အင်အားကြီးကိုအမှီသဟဲပြုရခြင်းဟာကွာခြားသွားပါတယ်။ ကိုယ့်စနစ်အခြေခိုင်ရင်၊ နိုင်ငံကြီး (သို့) အိမ်နီးချင်းကို တုပလို့ရပါတယ်။ အဲ့ဒီအင်အားလွှမ်းမိုးမှုကိုမကြောက်ရပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံက သမိုင်းနဲ့ချီပြီး နိုင်ငံရေးပြော့်ကွက်အားနဲချက်တွေကရှိခဲ့ပါတယ်။ တရုတ်ကိုကြောက်ရတာမဆန်းပါဘူး။
ချင်းတောင်လိုနေရာမျိုးက တရုတ်အိမ်ဘုံဆိုင်လေးတခုကိုကြည့်ပါ။ (ဥပမာတခုအဖြစ်) အဲ့ဒီဘုံဆိုင်လေးကသာတနေ့တခြားစီးပွားတွေဖြစ်ပြီးစီးပွားရေးချဲ့လာပါတယ်။ ဒေသခံတွေကတော့ကြာလေ အဲ့ဒီဘုံဆိုင်လေးအပေါ်အားကိုးရတဲ့ စရို့်ကြီးထွားလာတာကိုနမူနာဟူပါ။ တရုတ်ဆီကရင်းနှီးမြှုပ်နှံမှုမှာ အတတ်ပညာနဲ့ အခြားအမြတ်အစွန်းရစရာမရှိပါဘူး။ ဒါကသူ့ရဲ့ထောင်စုနဲ့ချီတဲ့ စီးပွားရေးလုပ်ဟန်ပါ။ သမိုင်းမှာ ဒုတိယဘိန်းစစ်ပွဲမဖြစ်ရင်ကျေးဇူဒတင်ကြရမှာပါ။
တရုတ်ကြီး ၁၉၈ဝ ဝန်းကျင် တိန်ရှောက်ဖိန် ရဲ့ တံခါးဖွင့်ဝါဒနဲ့ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးလောကကိုချင်းနင်းဝင်ရောက် လာတော့ ပထမဆုံးကြွေးကြော်တဲ့ စကားလုံးက Hagemonism လို့ခေါ်တဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒပါ။ ဘာဖြစ်လို့လဲဆိုတဲ့ အဲ့ဒီစနစ်က သူ့နိုင်ငံမှာထါန်းကားခဲ့လို့ပါဘဲ။ အမေရိကန်ကိုတန်ပြန်တိုက်ခိုက်တဲ့စကားလုံးမှာ အတော်ရေပန်းစားခဲ့သလို၊ အမေရိကားအပေါ် မနာလို မျက်မုန်းကြိုးကြတဲ့နိုင်ငံ တွေ ကလဲ မျက်စိစုံမှိတ်ပြီး လိုက်အော်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကြီးကိုကြောက်ရလို့ပါ။ ဘာဖြစ်လို့လဲဆိုပြန်တော့ ကိုယ်နိုင်ငံမှာလဲကိုယ်က လူထုကိုကိုယ်စားမပြုတဲ့ အာဏာရှင်ဖြစ်နေရလို့ပါ။
မြန်မာပြည်မှာသယံဇာတအလွန်ပေါပါတယ်ဆိုတဲ့…စကားကိုလဲရှင်းချင်ပါတယ်။ ဟုတ်ပါတယ် ပေါတာအများအသိပါ။ ဒါပေမဲ့ Technology မရှိတော့ လေသာများပြီး၊ ဗိုက်မဝတဲ့ဘဝရောက်နေပါတယ်။ နံမယ်ကြီးထမင်းငတ်ဖြစ်နေရတာ။ တကယ်နိုင်ငံတိုးတက်စေရဘို့က –
(၁) ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံရေးစနစ်ခိုင်မာတည်ငြိမ်ရပါမယ်
(၂) direct investment ရှိရပါမယ်။ အခုလာနေကြတာတွေက ပွဲစားတွေပါ (၉၉.၉% လို့ပြောရင်လွန်မလား)
(၃) productive force နဲ့ industrial peace နဲ့ ဒွန်တွဲနေရပါမယ် (GDP 20% ဖြစ်လိုက်၊ 5% ဖြစ်လိုက် ဆိုတဲ့ အခြေအနေထက် 5% မှာ တသမတ်ထဲတည်နေတာကိုဆိုလိုတာ)
(၄) လူထုကယုံကြည်ကိုးစားမှုရှိတဲ့ တည်ငြိမ်တဲ့ ငွေကြေးစနစ် (နိုင်ငံတကာကလက်ခံသော တခုတည်းသောစနစ်) ရှိရပါမယ်။
..ဒါတွေက အဓိကရတွေပါဗျာ…။