ကဲ… ဘာလုပ်ကြရင်ကောင်းမလဲ

၂၀၁၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ သံတွဲမြို့ မြို့နယ်ခန်းမတွင် နာရေးကူညီမှုအသင်းဖွဲ့စည်းရေး
ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို စည်ပင်မှ အမှုဆောင်အရာရှိမှ  ဦးစီး၍ မြို့ပေါ်ရှိ မြို့မိမြို့ဖ များဖြင့်
ပြုလုပ်ခဲ့ပါသည်၊
အစည်းအဝေးတွင် ရည်ရွယ်ချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်တို့ပြည့်စုံစွာ အကောင်အထည်ဖေါ်
ဆောင်ရွက်နိုင်ခဲ့ကြပါသည်၊
ဒုတိယ အကြမ်အစည်းအဝေးကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက် နံနက်(ဝ၉:၃၀) အချိန် မြို့နယ်
ခန်းမ၌ပင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ သင့်တော်သလို ရွေးချယ်တင်မြှောက် ခဲ့ကြ
ပါသည်၊ ၎င်းအစည်းအဝေးတွင် လည်း စည်ပင်မှ အလုပ်အမှုဆောင်အရာရှိ မှဦးစီး၍ မြို့မိမြို့ဖ (၃၀)
ခန့် တက်ရောက်ခဲ့ပြီးအသင်းကို ဥက္ကဋ္ဌ အပါဝင် အဖွဲ့ဝင် (၂၁) ဦးတို့ဖြင့် အောင်မြင်စွာဖွဲ့စည်းလျှက်
အသင်းအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်၊
ယ္ခုကဲ့သို့ နာရေးကူညီမှုအသင်း ဖွဲ့စည်းမှု အခြေအနေအား ခရိုင်အုပ်ချုပ်ရေးမှုး သို့ အစည်းအဝေး
မှတ်တမ်းများနှင့်တကွ ဖွဲ့စည်းပြီးစီးမှုအခြေအနေ အရပ်ရပ်ကို အသင်းဥက္ကဋ္ဌမှ သတင်းပို့ခဲ့ပြီးဖြစ်ပါ
သည်၊
မိတ္တူကို
(၁) မြို့နယ် အုပ်ချုပ်ရေးမှုး
(၂) ခရိုင်ဆရာဝန်ကြီး
(၃) ခရိုင်ရဲတပ်ဖွဲ့မှုး
(၄) ရပ်ကွက်အုပ်ချုပ်ရေးမှုးများ အားလုံး … သို့ ပို့ပေးခဲ့ပြီးဖြစ်ပါသည်၊
သို့ပါသော်လည်း ခရိုင်အုပ်ချုပ်ရေးမှုးမှ လက်ရှိ ဥက္ကဋ္ဌ အပါဝင် အဖွဲ့ဝင်များ ကို ပြန်လည်ဖွဲ့စည်းခိုင်း
လျှက်ရှိပြီး ဥက္ကဋ္ဌနေရာတွင် သူနှင့် ဂေါက်ရိုက်ဖက် လုပ်ငန်းရှင်တစ်ဦးအား အစားထိုးပေးရန် အကြိမ်
ကြိမ် ဖိအားပေး အာဏာသုံး ခိုင်းစေလျှက်ရှိနေပါသဖြင့် ဖွဲ့စည်းပြီးခါစ နာရေးကူညီမှုအသင်းကြီး
ပျက်စီးရန် အခြေအနေသို့ ရောက်ရှိနေပါပြီ၊ စည်ပင်မှ အသုဘ ပို့ဆောင်ရန် လိုက်ထရပ်
ကားတစ်စီး ကိုလည်း ထောက်ပံ့ပေးထားပြီးလည်းဖြစ်နေပါပြီ၊
ဥက္ကဋ္ဌလုပ်ရန် တောင်းဆိုနေသောလုပ်ငန်းရှင်မှာ မြို့ပေါ်ရှိ ခရိုင်အုပ်ချုပ်ရေးမှုးနှင့် စ.စ.စ တပ်ဖွဲ့
တို့အား အိပ်ကပ်ထဲသို့ ထည့်ထားနိုင်သောသူတစ်ယောက်ဖြစ်နေပါသည်၊
မေးခွင်ရှိက မေးကြည့်လိုက်ချင်ပါသည်၊          “နေရာယူမှာလား.. အလုပ်လုပ်မှာလား”
ဥက္ကဋ္ဌများရှင် လို့သာ ခေါ်လိုက်ချင်သည်၊ ဂင်းနစ်စံချိန်များယူနေရော့သလား ၊
(သတင်းမမည် တိုင်စာ၊ပစ်စာ မည်သော ဤအကြောင်းအရာအား ဒေသခံတိုု့က လက်မှတ်ထိုး
တိုင်ကြားရန် စီစဉ်နေဆဲ သတင်းရရှိပါ၍ ဖေါ်ပြ ရေးသားလိုက်ခြင်းသာဖြစ်ပါသည်)

မအေးချမ်းသောမြို့လေး အေးချမ်းလာစေရန်
စိတ်ကူးယဉ် မြက်တစ်ပင်အား ဆုပ်ကိုင်လျှက်

8 comments

  • ကြောင်လတ်

    November 5, 2011 at 5:14 pm

    ရခိုင်ပြည်နယ်ရဲ့သတင်းကောင်းလေးတွေရှိရင်လည်းဖတ်ချင်ပါတယ်၊တင်ပေးကြပါဗျာတို့

  • koyinmaung

    November 5, 2011 at 10:26 pm

    ကိုကြောင်လတ်…သွားမြောက်ပေးနေပြန်ပြီ
    သဂျီးရိုက်မှာမကြောက်ဘူးလား
    ရာဇဝင်တွေရှိတယ်နော်….

    • Thiha

      November 6, 2011 at 10:06 am

      မြန်မာပြည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနယ်နမိတ်မှာ ရခိုင်ပြည်နယ်သံတွဲမြို့ဟာ ကင်းလွတ်နယ်မြေဖြစ်နေတယ်၊ အာဏာရှိသူနဲ့ ပြည်သူကိုညှင်းစဲတဲ့ ကပ်မြှောင်တွေလဲရှိနေတယ်။ခုကိစ္စကလဲ ဥက္ကဌ လုပ်ချင်တာကို အာဏာပိုင်အမိန့်နဲ့ ဝင်ရတယ်လို့ ပြည်သူ့သဘောထားကကော ဘယ်လိုလဲ ဒါလေးလဲတင်ပြပါဦး။ နိုင်ငံတကာ ngo ဆီကငွေ ကောက်ခံပေးမယ်လို့ပြောတာလဲကြားရတယ် ဒီငွေကကော ဘယ်ခေါင်းစဉ်အောက်မှပျောက်မှာလဲ၊ဥက္ကဌဖြစ်ချင်လို့နာရေးကူညီမှုလုပ်တာလား ကူညီချင်စိတ်ရှိလို့လုပ်တာလား ရန်ပုံငွေကိုယ်ကျိုးသုံးချင်လို့လုပ်တာလား။ ကူညီချင်စိတ်ရှိတယ်ဆိုရင်တော့ရှေ့ကသွားသွား နောက်ကသွားသွား အတူတူဘဲ အလုပ် လုပ်ပြဘို့လိုတယ်။
      သတင်းလိုက်သူတွေဟာ ပြည်သူနဲ့အတူ အမှန်တရားဘက်ကအမြဲရှိတယ်ဆိုတာတော့ သတိထားသင့်တာပေါ့ ဒီလူပြောတိုင်း လိုက်လုပ်နေတဲ့ အာဏာပိုင်ရဲ့ အာဏာရှင်ဆန်မှုနဲ့ ဗြူရိုကရေစီနည်းလမ်းတွေသုံးတာကို ပြည်နယ်အစိုးရက အရေးယူပြောင်းလဲသင့်နေပြီ
      ဘာကြောင့်လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကာကွယ်နေရတာလဲ ဒီ case ဥက္ကဌ လုပွဲ သာ ကျယ်ပြန့်လာရင် မြို့ကို ထိခိုက်လာမယ် စဉ်းစားရင်းအဖြေ ညှိကြပါဦး တဖက်မှာလဲအလှုုရှင်တွေက ဒိလူ ကပ်မြှောင်သာ ဥက္ကဌ လုပ်ရင် အလှူငွေတွေ ပြန်သိမ်းမယ်ပြောသံကြားနေတယ် ကုသိုလ်အစား အကုသိုလ်တွေရမှာမို့လို့တဲ့ ကဲ ဥက္ကဌများရှင်ရေ အာဏာရှင်ကောင်းစားရေးတွေရပ်ပြီး ပြည်သူ စိတ်ချမ်းသာဘို့ နောက်ဆုတ်ပေးလိုက်ပါဦး

      • avatar

        November 6, 2011 at 10:30 am

        သက်ဆိုင်ရာ မြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုဖို့ကြိုးစားနေတဲ့ အသင်း
        တစ်ခုအနေနဲ့ အခုလို အချိန်တိုတို အတွင်းမှာပဲ သဘောထားကွဲလွဲမှု
        တွေရှိလာတာ စိတ်မကောင်းစရာပါပဲဗျာ ။
        နေရာတစ်ကာ ဝင်ရှုပ် နေရာယူနေတာတော့ ဆိုးလွန်းပါတယ် ။

  • waymg

    November 6, 2011 at 10:05 am

    နိုင်ငံတော်သမ္မတကြီးမှ ကောင်းသော ၊ သန့်ရှင်းသော ၊ ပြည်သူပြည်သားများအားကိုး
    ထိုက်သောအစိုးရဖြစ်အောင် နည်းလမ်းပေါင်းမျိုးစုံ နဲ့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ
    ပြည်သူတွေ အခက်ကြုံစေပြီး စိတ်ညစ်အောင်လုပ်နေတဲ့ ဝန်ထမ်းများ ၊ အစိုးရကို
    အကြည်ညိုပျက်အောင်လုပ်နေသည့်သူများ ရှိမြဲရှိနေဆဲ ရှိနေတာကို မြင်တွေ့နေရတာ
    အဆန်းမှ မဟုတ်တာပဲနော် ။

  • ပုံပြောသူ

    November 6, 2011 at 10:21 am

    ကျုပ်တို့ဆီမတော့ ဇတ်လမ်းတွေ ရှုပ်နေတာပါပဲဗျာ ၊
    မြို့ကလဲ ကျဉ်းတော့ ဖြစ်သမျှ အားလုံးနီးပါးသိနေတာ ၊
    ရှုပ်တဲ့သူတွေကလဲ မနားတမ်းအက်ရှင်နဲ့ရှုပ်နေတော့တာပဲ ။
    ပြီးတော့ မကျေနပ်တာတွေကို ရင်ဖွင့်ရအောင် ဒီသတင်းစာကိုပဲ မှီနေကြရတာ ၊
    ဘာပဲဖြစ်ဖြစ် ကျုပ်တော့ ဖတ်နေရတာကိုပဲကျေနပ်တယ် ၊
    ရသစုံ မဂ္ဂဇင်း သတင်းစာတိုက် ပေါ့ဗျာ ။

  • mgkyi

    November 6, 2011 at 4:42 pm

    ရှုပ်ချင်သလောက်သာ ရှုပ်ကြပါ . . အချိန်အတိုင်းတာတစ်ခုရောက်ရင် အားလုံး
    ရပ်တန့်သွားမှာပါ. . လောကရဲ့ဓမ္မတာပါ…
    ဖြစ်မယ်…
    ဖြစ်ပြီးရင် ပျက်မယ်..
    ဒါပါပဲလေ…။

  • Gipsy

    November 7, 2011 at 5:02 pm

    ရပ်ကျော်ရွာကျော် သတင်းတစ်ပုဒ်ပါလား…၊ ခုမှသိရလဲ နောက်ကျမယ်မထင်ဘူး….၊
    တရားဝင်ဖွဲ့ထားပြီးမှ ဒီလိုလုပ်လို့ရသလားဗျာ…၊ ဆိုးလိုက်တဲ့ အဖြစ်နှယ်….။
    အုပ်ချုပ်ရေးမှုးလဲ နေရာတစ်ကာ အတင်းပြောခံရပြီ…၊
    ကိုယ့်ဟာကိုယ်အေးအေးချမ်းချမ်း ပါးပါးလျားလျား ရှာဖွေစားသောက် ရောပေါ့…။
    ခုတော့ ပုပ်လို့ပေါ်ရပြီမဟုတ်လား…။

Leave a Reply