ယနေ့ မြန်မာနိုင်ငံ၏ အထက်အောက်လွှတ်တော် (၂) ရပ်တို့၏လွန်ဆွဲ ဒွန်တွဲနေမှု

maungmoenyoNovember 7, 20111min1563

လွှတ်တော်(၂)ရပ်လုံး(သို့) တခုခုမှအတည်ပြုပေးလိုက်သော ဥပဒေကြမ်းတရပ်အပေါ် နိုင်ငံတော်သမ္မတထံ တင်သွင်းလက်မှတ်မထိုးခင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတင်ဘို့ အမျိုးသားလွှတ်တော်ကြီး ကအခုလက်ရှိဒုတိကအကြိမ်လွှတ်တော်အစည်းအဝေးကြီးမှာ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ ပြည်ထောင်စုလွှတ်တော်လို့ခေါ်တဲ့ လွှတ်တော်(၂)ရပ်ပေါင်းက ဆုံးဖြတ်တာလို့ဆိုပါတယ်။ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဌာန်းချက်များနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ပြည်သူ့လွှတ်တော် အခွင့်အရေးများဆိုင်ရာကော်မီတီရဲ့အတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာစိုးရင် (ယခင်ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်လဲဖြစ်၊ ဥပဒေပါမောက္ခလဲဖြစ်သူ ကြံဖွံ့အမတ်) က ဥိးဆောင်တင်သွင်းကန့်ကွက်ဖို့ကြိုးစားခဲ့ပါတယ်။ ဖြစ်ရတာက ဗိုလ်ချုပ်ခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသားလွှတ်တော် နဲ့ ဗိုလ်ချုပ်ရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် (၂) ခုတို့ရဲ့ အားပြိုင်မှုပါဘဲ။ မြန်မာနိုင်ငံအကြောင်းနားမလည်သူတွေ က ဒါဟာ ကောင်းမွန်တဲ့အားပြိုင်မှုလို့ရုတ်ချည်မှတ်ချက်ပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာဒီမိုကရေစီနည်းကျတဲ့ အပြန်အလှန်ဆွေးနွေး debate ပြုမှုလို့မြင်နိုင်ပါတယ်။ အတွင်းကျကျလေ့လာရင်ဒါဟာ အုပ်စုအားပြိုင်မှုတခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြည်ထောင်စုလွှတ်တော်ကသဘောတူညီထားပြီးကိစ္စတခုကို အဲ့ဒီလွှတ်တော်ကြီးထဲမှာပါတဲ့ ပြည်သူ့လွှတ်တော်က ကန့်ကွက်တာကအတည်ဖြစ်သွားပုံရပါတယ်။ အံ့ဩစရာပါဘဲ အုပ်စုအားပြိုင်မှုဆိုတာမကောင်းပေမဲ့ အပြန်အလှန်ငြ်းခုန်မှုတွေဟာ ကောင်းတဲ့ စရိုက်လက္ခွှာတွေပေါ့။ တယေယာက်တယောက်အပုတ်ချတာတွေမပါရင်ပေါ့။ လွှတ်တော်ဆိုတာ ဥပဒေပြုခွင့်အဏာရပြီးသားပါ။ အဲ့ဒီဥပဒေပြုခွင့်ကိုသက်ဆိုင်ရာကျွမ်းကျင်မှုဆိုင်လွှတ်တော်ကော်မီတီတွေက စီစစ်ဖို့နဲ့ ဥပဒေရဲ့လုပ်ထုံးလုပ်နည်းတွေတွေကိုမှန်မမှန်စိစစ်ဖို့ ဆိုင်ရာကော်မတီများရှိပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးဆိုတာက အခြေခံဥပဒေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များလုပ်ဘို့၊ အဲ့ဒီအခြေခံဥပဒေရဲ့ ပြဌာန်းချက်များဟာ တည်ဆဲ့ဥပဒေလုပ်ထုံလုပ်နည်းများနဲ့ ရှုတ်ထွေးမှု အဆုံးအဖြတ်ပေးစရာရှိလာရင်၊ အဆုံးအဖြတ်ပေးဘို့သာဖြစ်ပါတယ်။ လွှတ်တော်တွေက အတည်ပြုပြီးသမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ဥပဒေတွေကို ကန်ုကွက်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေကို ကိုယ်စားပြုပြီး၊ ပြည်သူတွေကရွေးကောက်လိုက်တဲ့ (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) အမတ်မင်းများ ကသဘောတူသတ်မှတ်လိုက်တာမို့ ပြည်သူ့ဆန္ဒလို့ဆိုနိုင်ပါတယ်။

ပွင်းပွင့်လင်းလင်းပြောရရင်တော့၊ (၁၉၆၂) နောက်ပိုင်းတက်လာသမျှအစိုးရအဆက်ဆက်မှာ လူထုဆီကိုသတင်းစာကနေတဆင့်၊ လွှတ်တော်မှာဆွေးနွေးကြတဲ့ကိစ္စတွေကို၊ အတိအလင်းသတင်းပေးတဲ့ ခေတ်ကိုမြင်နေရတာကိုက အားတက်စရာပါဘဲ။

3 comments

  • aye.kk

    November 7, 2011 at 10:38 am

    ညီမျှခြင်းမရှိသရွေ့ လွန်ဆွဲဒွန်တွဲမှုတွေ တွေ့မြင်နေရမှာအမှန်ပါဘဲ
    ပြိုင်တူတွန်းပြီး ရွေ့လာတာမဟုတ်လို့ အရွေ့တွေမညီဘဲ အားပြိုင်မှုတွေ ဖြစ်နေရတာပါ
    ဲအသာစီးရယူပြီးမှ အနိုင်ရယူထားတယ်ဆိုတာလည်း ပြည်သူတွေကသိနေတာပါဘဲ
    အခုလုပ်ရမှာက ပြည်သူ့အသံနားထောင်ပြီးမှ ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်ဖို့ကသာလျှင် အဓိကကျပါတယ်

  • ကြောင်ကြီး

    November 7, 2011 at 1:32 pm

    ဗိုလ်ချုပ်ခင်အောင်မြင့် နဲ့ ဗိုလ်ချုပ်ရွှေမန်း တို့ရဲ့ ခလေးဘဝ ကစားတုန်း ဂေါ်လီလုရင်း ဖြစ်တဲ့ ကျောင်းတော်ကရန်စ ထင်ပါ့။။။။။ 🙄

  • Koyin Sithu

    November 7, 2011 at 2:03 pm

    အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်
    လုပ်ပွဲများကို ရင်သတ်ရှူမောစွာ ဖတ်သွားပါတယ်..
    ဦးကြောင်ပြောသလို ဂေါ်လီလုတုန်းက ရန်စကို
    ခုမှ လုပ်ဇတ် ရန်ဖြစ်နေပုံပဲ… အဟစ်ဟစ်…

Leave a Reply