Yamaha Mio Soul

မောင် ပေNovember 8, 20111min1788

မင်္ဂလာပါ ခင်ဗျာ ။

မန်းတလေးတိုင်းဒေသကြီး ၊ မန်းတလေး မြို  ့တော်တွင် yamaha ဆိုင်ကယ် အရောင်းပြခန်း ကို ပြီးခဲ့သော စက်တင်ဘာလ ထဲက ဖွင့်လှစ်ခဲ့ပါသည် ။

မန်းတလေးမြို  ့ဆိုသည်မှာ ၊ မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးသူ များပြားသော မြို  ့တော် ဖြစ်ပြီး ၊ yamaha ဆိုသည်မှာ လူကြိုက်များသော အမျိုးအစား ဖြစ်သဖြင့် ဆိုင်ကယ်အရောင်းပြခန်း တွင် ဆိုင်ကယ်ဝယ်သူများဖြင့် ပြည့်နှက်နေခဲ့သည် ။

ပြခန်းတွင် ဆိုင်ကယ် အမျိုးအစား ၆ မျိုး ( Crypton  ၊ Mio Soul  ၊ Fino ၊ 82DT  ၊ Tricker ၊ WR ) ကို ပြသ ရောင်းချပေးလျှက် ရှိရာ  မီယိုဆိုးလ် ၊ ဖီနို တို ့မှာ အရောင်းသွက်သည် ။ အဝယ်များသည် ။

မည်မျှ ဝယ်ကြသနည်း ဆိုလျှင် ၊ အရောင်းပြခန်း တွင် ထပ်ရောင်းစရာ မကျန်လောက်အောင် ကို  ပင် ပစ္စည်းပြတ်တဲ့အထိပင် ရောင်းရသည် ။ ရှိုးပြထားတာလေးပဲ ကျန်သည် ။

၁ဝ လပိုင်း ၁၂ရက်နေ ့က ဖြစ်သည် ။ ကျွန်ုပ် အသိမိတ်ဆွေ တစ်ဦးသည်လည်း MIO SOUL တစ်စီးကို ဝယ်ယူလိုသည် ဟု ဆိုလာသောကြောင့် ၊ အတွေ  ့အကြုံ ရရန် အလို ့ငှါ ကျွန်ုပ်သည် လည်း အဖော်လိုက်သွားဖြစ်သည် ။

ပြခန်း သို ့အရောက် ၊ ရှိုးပြထားသည့် ဆိုင်ကယ်များကို ကြည့် ၊ ဈေးမေး ၊ ဟိုစပ်စု ဒီစပ်စုပြီး သကာလ ၊ ကျွန်ုပ်မိတ်ဆွေ သည် MIO SOUL ဝယ်မည် ဟု ပြောသောအခါ ၊ လောလောဆယ် ပစ္စည်း မရှိသေးတဲ့ ။

MIO SOUL ဆိုသည် မှာ အော်တိုဂီယာ အမျိုးအစားဖြစ်သည် ။ အင်ဂျင်ပါဝါ ၁၁၅ ရှိသည် ။ အင်ဒိုနီးရှား တွင်ထုတ်သည် ဟု ပြခန်းမှ ရှင်းပြသည် ။

MIO SOUL
MIO SOUL

အရောင် ငါးရောင် ရွေးခြယ်နိုင်သည် ဟု ဆိုသည် ။ လိုင်စင် ပါ အပြီးအစီး တစ်ဆယ့်ငါးသိန်း ငါးသောင်း ကျပ် ကျသင့်မည် ဟု ရှင်းပြသည် ။

သို ့ဖြင့် ကျွန်ုပ် မိတ်ဆွေသည်လည်း ၊ သူ ့စိတ်ကြိုက် အရောင် ရွေးပြီး ၊ အရောင်းတာဝန်ခံ ကို ပြောသောအခါ ၊သူရွေးခြယ်သော အရောင်နှင့် နောက် အရောင်တစ်မျိုး  ကို လိုချင်သည် ဆိုလျှင် 2012-1 လပိုင်း လကုန်ခန် ့မှ ရောက်မည် ဟု ဖြေသည် ။

အရောင်သုံးမျိုးသာလျှင် 2011.11 လပိုင်း လကုန်ပိုင်းတွင် ရောက်နိုင်သည် ဟု ဆိုသည် ။ ဆိုင်ကယ် မှာမည် ဆိုလျှင် ဆိုင်ကယ်တန်ဘိုး၏ ၃၀% ကို စရံ ပေးသွင်းရမည် တဲ့ ။

ကျွန်ုပ် ၏ မိတ်ဆွေသည်လည်း ၊ အမြန်ဆုံးရမည့် အရောင်သုံးမျိုးထဲမှ ၊ သူ စိတ်ကြိုက် အရောင်ကို ရွေးခြယ်ပြီးနောက် ၊ စရံငွေ သွင်းကာ ပြန်ခဲ့ကြသည် ။

တီရှပ် တစ်ထည် ၊ မိုးကာ အင်းကျီ တစ်ထည် လက်ဆောင် နှင့် ကံစမ်းမဲ တစ်စောင် ရခဲ့သည် ။ ဆိုင်ကယ် ဦးထုပ်တစ်လုံးကတော့ ဆိုင်ကယ်ပေးသည့်နေ ့မှ ပေးမည် ။

ကိစ္စက ပြီးခဲ့ပြီပေါ့ ။  သို  ့ပေသည့် ၊ အင်တာနက် သုံးရင်း ၊ အငြိမ်မနေ စပ်စုတတ်သော ကျွန်ုပ်သည် google တွင် search လုပ်မိရာမှ ယခု အကြောင်းအရာ ပို ့စ် တစ်ခု ဖြစ်လာသည် ။

ဂူးဂဲ တွင် ရှာရင်း အောက်ပါ လိပ်စာ ကို သွားတွေ  ့မိသည် ။

http://www.sulit.com.ph/index.php/view+classifieds/id/3993600/48K+NA+LANG!!!MIO+SOUL+2010+GOOD+AS+NEW+10%2C000+MILLAGE+swap+to+car?referralKeywords=2010+mio+soul

ထိုဆိုက်တွင် တင်ထားသည် မှာ ဖိလစ်ပိုင် ထုတ် တဲ့ ။ ကိုယ့်လူဟာ က အင်ဒို ထုတ် ဆိုတော့ သိပ်မကွာဘူး ပဲ ထားပေါ့ ။

ဈေးနှုန်းကို ဖတ်ကြည့်မိတော့ P 48000 , USD 1118.4 တဲ့ ။ ယူအက်စ်ဒေါ်လာ ကို တွေ ့တော့ ဗမာကျပ်ငွေ ကောက်ပြောင်းကြည့်မိသည် ။

၁၁၁၄.၈ ဒေါ်လာ ကို ၈၀ဝ ဖြင့် မြှောက်သော် ၈၉၁၈၄ဝ ကျပ် ပဲ ရှိသည် ။  အစိုးရ ကို အခွန် ၃၀% ဆောင်ရမည် ဆိုလျှင် ၂၆၇၇၅၂ ကျပ် ၊ စုစုပေါင်း ၁၁၅၉၅၉၂ သာကျသင့်မည် ။

ထိုဆိုင်ကယ်အတွက် အရောင်းပြခန်း မှ ဆားဗစ်ဖိုး ယူသော ငွေပမာဏ ကို တွက်ကြည့်သောအခါ ၊ Mio Soul တစ်စီးလျှင် ၃၉၀၄၀၈ ကျပ် ကျသင့်နေသည် ကို တွေ ့မြင်ရသည် ။

ကျွန်ုပ် ဘော်ဒါ မှာခဲ့သော ဆိုင်ကယ်မှာ အင်ဒိုနီးရှား ထုတ် ဖြစ်၍ ဖိလစ်ပိုင် ထုတ် ထက် ဈေးသက်သာမည် ဟု ယူဆရသည် ။

ဆိုင်ကယ် အသစ် တစ်စီးကို ဝန်ဆောင်ခ ၄သိန်းကျပ် ဆိုတော့ တန်လား ၊ မတန်လား စဉ်းစားမိသည် ။

မတန်ဘူး ဟု ထင်၍ ကိုယ့်ဘာသာ ကိုယ် ယိုးဒယားဘက်မှ လိုင်စင်မဲ့ ( ဝစ်သောက် ) ဝယ်စီးလျှင်တော့  ထိုဈေးထက် ထက်ဝက်မက သက်သာမည်မှာ အမှန်ပင် ။

တစ်ခုတော့ ရှိသည် ။ လိုင်စင်မဲ့ ဆိုင်ကယ် စီးမည် ဆိုလျှင်တော့ ဆိုင်ကယ်အသိမ်းခံရမည် ဖြစ်သလို လူပါ ထောင်ချခံရမည် ဖြစ်သည် ။

တော်သေးဘီဗျာ ။ ( အဘဖော လေသံကို ယူသုံးပါသည် )

ယခု ပို ့စ်သည် မြန်မာနိုင်ငံ ရှိ ဆိုင်ကယ်စီးသူများအတွက် ရည်ညွှန်းပါသည် ။

——————— အားလုံးကို ကျေးဇူးတင်ပါသည် ———————

 

8 comments

  • Diamond Key

    November 8, 2011 at 3:12 pm

    ကိုပေကျေးဇူးနဲ့ ထူးနေတာလေး သိသွားပါပြီဗျာ။ နောက်ဆို လိုလာရင် ဂူးမှာ အရင်ရှာပြီးမှာ ဂဲပါတော့မည်။

  • Koyin Sithu

    November 8, 2011 at 3:42 pm

    အော်… ကပေ့ရယ်.. ရာမဟာလောက်မရရင်နေပါ..
    ဒရင်းလေးကို ကော့ကော့လေး ရန်ကုန်မှာ စီးရရင်..
    ကိုရင်… လူထွက်ရကျိုးနပ်ပါတယ်… 🙂 🙂 🙂

  • blackchaw

    November 8, 2011 at 4:51 pm

    အော…။ ကျွန်တော်တို့ ရန်ကုန်သားတွေ အတွက်တော့
    မပါဘူးပေါ့ ဟုတ်စ ကိုပေ ဟုတ်စ။

  • ပေါက်ဖော်

    November 8, 2011 at 5:29 pm

    ကျုပ်.
    မန်းလေးလာရင် ခွဖို ့..တစ်စီး.ဝယ်ထားလိုက်ပါ..

    ဟိုးတစ်ခေါက်ရောက်တုန်းက မစီးတက်ပဲတက်ခွတာ ခြေထောက်ပေါ်ပိနေလို့..မနဲ ဆွဲထုတ်ရတယ်..
    ဟီး..ဟီး..
    🙄

    • windtalker

      November 8, 2011 at 6:53 pm

      ကိုရင်စည်သူ
      ရန်ကုန်မှာလည်း ဆိုင်ကယ်တွေ စီးနေကြတယ် လို ့သတင်းကြားရပါတယ် ။ ကိုရင် က လူထွက်ပြီးကာစ ဆိုတော့ ဆံပင်က တိုနေမှာနဲ ့ဆိုတော့ ၊ ဟိုဌာန က လိုလို ဒီဌာန က လိုလို
      ပုံမှားရိုက်စီးပါ ခင်ဗျား 🙂
      ကိုဘလက်ချော ရေ ဓါတ်ပုံများနှင့်သာ စီးပါနော် ။
      ရဲဘော်ပေါက်ဖော် မန်းတလေးရောက်ရင် အကုန်ခွစီးစေရမယ် လို ့ ရဲရဲကြီး အာမခံတယ် ဥပမာ လား၊မြင်း၊ကျွဲ၊ကား၊ဆိုင်ကယ် အစရှိသဖြင့် 🙂

      • ကြောင်လတ်

        November 8, 2011 at 8:08 pm

        “” ရဲဘော်ပေါက်ဖော် မန်းတလေးရောက်ရင် အကုန်ခွစီးစေရမယ် လို ့ ရဲရဲကြီး အာမခံတယ် ဥပမာ လား၊မြင်း၊ကျွဲ၊ ( ကား )၊ ဆိုင်ကယ် အစရှိသဖြင့် “”

        ကိုပေါက်ဖော်က ဘယ်ကားကိုခွစီးရမှာလဲဗျ၊ ကလေးကစားစရာဆိုင်က ကားကိုခွစီးနေရရင်တော့ တော်တော်ရယ်စရာဖြစ်မယ်၊ မျက်စေ့ထဲမြင်ယောင်ကြည့်လိုက်တာ၊

  • koaung

    November 8, 2011 at 5:44 pm

    ကိုပေရေတိုင်ဝမ်မှာ ရေပေါ်စားနေတဲ့ဆိုင်ကယ်လေးရှယ်ပေးလိုက်ပါတယ် ဗဟုသုတပေါ့ ရာမဟာစိုင်ဂနပ် တိုင်ဝမ်ဒေါ်လာခုနှစ်သောင်းသုံးထောင်us$ ဒေါ်လာ ၂၄၃၃
    http://tw.page.bid.yahoo.com/tw/auction/b66888242?u=Y6773513175

    • windtalker

      November 8, 2011 at 6:44 pm

      ကိုအောင့် ဆိုင်ကယ်က ဒစ်ဂျစ်တယ် မိုင်းလင့်နဲ ့၊ လန်းတယ်ဗျာ ။ ကျေးကျေးပါ

Leave a Reply