မြေခတဲ့ဆောင်း
- စာဖတ်ရင်း တစ်နှစ်ပတ်လုံးအိပ်ငိုက်ရင်း အချိန်တွေကုန်ခဲ့တဲ့ တပည့်ကျော်က ဆယ်တန်းကိုအောင်တော့ သာမန်အောင်ရုံလေးနဲ ့ပေါ့။ခုတော့ စင်ကာပူဆိုတဲ့ပညာရေးနိုင်ငံမှာ ခေတ်မှီ ပညာတွေသင်ရင်း အမိမြေကိုလွမ်းလို ့ပို ့လာတဲ့ကဗျာကို ပြန်ဝေမျှပါတယ်။
- မြောက်လေရောယှက်
တိုက်ခတ်စေ့ဆော်
နှင်းမြူတွေဆိုင်း
စိုထိုင်းထိုင်း အချိန်မှာပေါ့
ကျသံပေါက်ပေါက်
တစ်တောက်တောက်မို့
ပြတင်းကိုကျော် ငေးမျှော်လို့ကြည့်လိုက်စဉ်
ဪ………ဆောင်းနှင်းမြေခပြီပါလား ။။ ။။ (နေထူးအိမ်)(27.10.2011)
7 comments
waymg
November 8, 2011 at 10:35 pm
ဆောင်းနှင်းမြေခ
သူ့ကိုသတိရ
လွမ်းလိုက်ရတာ
ညတာရှည်၏
ဆုံရန်အတွေး
ငါ့မှာ နွေးထွေးနေသည်တကား……
moethuzar
November 9, 2011 at 11:42 am
ဆောင်းရောက်ပီနော်။ချယ်ရီတွေငိုနေပီ နန်းရေ သီချင်းလေးဆိုပြီး အဆောင်ရှေ ့မသွားတော့ဘူးလား သူငယ်ချင်းရေ။
မောင်သန်းထွဋ် ဦး
November 12, 2011 at 1:20 pm
မဆိုရဲတော့ဘူးလေ။အဲဓါကျောင်းတုန်းကပါဟာ။ငါ့အကြောင်းတွေသိနေတယ် ဘယ်သူပါလိမ့်။ဟွန် ့နော် ဟွန် ့…………
maetu
November 12, 2011 at 1:32 pm
ဆောင်းနှင်းမြေခပီပေါ့…..
လွမ်းတတ်သူတွေ အနေခက်ပီပေါ့
ဘယ်သူ ကူလို ့လွမ်းပါတော့နိုင်…….
tharbaw
November 12, 2011 at 1:40 pm
သူများကဗျာ ကြီးကူးတင်ထားပါလား ။ကောင်းပါတယ် ရှေးကပုံလေးမြင်ဖူးလို ့။facebook မှာ ဒွါရာဝတီသားအဖွဲ့ရှိတယ်ဆို။
aye.kk
November 12, 2011 at 5:04 pm
စိတ်အစဉ်မှာ
ဖြေမရွင်တည့်
ဆောင်းနှင်းမြေခ
ကြွေကာကျစဉ်
ဝေးကမြေတွင်
ပညာရဘို ့လွမ်းရသည်…
ဪတို ့တိုင်းတို ့ပြေမှာပညာတတ်တွေရှားပါး နည်းပညာတွေအလုံအလောက်
မရှိလို ့သာ အဝေးမြေမှာ ရှာကြရသည်
ကဗျာလေးကိုဖတ်ရလို ့ပိုလွမ်းပေးမိသည်
chochin
November 12, 2011 at 5:50 pm
မချိုမချဉ်
တစ်ကိုယဉ်မို့
လွမ်းမိပါသည်
သူ့ကို….။