ကိုရင်နှင့် ဘတ်စ်ကားစီးတဲ့ အလွဲများ (၁)
ရန်ကုန်တွေ ခေတ္တခြေကုပ်ယူနေသော ကိုရင်တစ်ယောက် မြန်မာပြည်ရဲ့ ဘတ်စ်ကားစာတမ်းပြုစုနေတာ ၃နှစ်ကျော်သွားပါပြီ။ များသောအားဖြင့် ဘတ်စ်ကားသာ အားကိုးနေရသော ကိုရင့်ခမျာ အထူးကားတွေပေါ်လာလိုက်တာ ကိုရင်တို့မှာ ပျော်လိုက်သည့်ဖြစ်ခြင်း၊ တခါတခါ အပျော်လွန်ပြီး ၂၀ဝကျပ်ပေးပြီး ဂိတ်စဂိတ်ဆုံး ပတ်စီးပစ်လိုက်တာ။ ငယ်စဉ်ကတည်းက မြန်မာပြည်မှာ လိုင်းကား သေးသေးကြီးကြီး မှန်သမျှ ကိုရင်လက်ကလွှတ်တယ်မရှိဘူး။ ဘယ်လွှတ်ပါ့မလဲ လိုက်တွယ်စီးနေတာကိုး 😀
ဂျပန်တို့ ကိုရီးယားတို့ဆီက ကားတပတ်ရစ်တွေရောက်လာတုန်းက ထိုင်ခုံတွေက အပြည့် ၄၅ခုံပါပါတယ်။ မတ်တပ်ရပ်မတင်ရဘူးဆိုသော အထူးလိုင်းကားတွေရဲ့ ပေါ်လစီအသစ်ကြောင့် ပါသမျှခုံတွေကို အကုန်ဖြုတ် တွင်ခုံနဲ့ ကားထိုင်ခုံလုပ်တဲ့ အလုပ်ရုံတွေသွား ခုံတွေကို နည်းနည်းပြန်ကျဉ်းတယ်။ ဘယ်ညာနည်းနည်းညှိလိုက်တယ်။ အဲ့ဒီလို မြန်မာနည်းမြန်မာဟန်ဖြင့် တီထွင်လိုက်သောအခါ အော်ရဂျင်နယ် ၄၅ခုံကနေ ၈၅ခုံလောက်အထိ ထိုင်ခုံတွေ များလာပါတယ်။ တို့များနိုင်ငံမှာလဲ လိုင်းကားစီးရင် အရေးပေါ် ကိစ္စများ မရှိလေတော့ သူများနိုင်ငံတွေက ပါလာတဲ့ Emergency ထွက်ပေါက်တွေကိုလည်း ခုံတွေနဲ့ ပိတ်ပစ်လိုက်ကြပါတယ်။ တခါက ဘတ်စ်ကားတွေ ဂက်စ်ကားအဖြစ်ပြောင်းပြောင်းခြင်း တခြားကားမှ ဂက်စ်အိုးထပေါက်သံကြားတော့ ကိုရင့်ခမျာ.. ကိုယ့်စီးတဲ့ ဘတ်စ်ကားမှ ပေါက်သည်အထင်ဖြင့် ပြတင်းပေါက်ကနေ ကြောက်ကြောက်ဖြင့် ဒိုင်ဗင်ပစ်ခုန်ချခဲ့ဖူးတော့လည်း Emergency တံခါးက တို့ရွှေပြည်မှာ မလိုတော့ဘူးလို့ ထင်သွားပြန်တာပါပဲ။ ဒါနဲ့ပဲ ရှက်ရှက်နဲ့ ကားပေါ်ပြန်တက်လာတော့ အဲ့တုန်းက ပြောလိုက်ပါသေးတယ် စပါယ်ယာကို ((သတိဆိုတာ ပိုတယ်မရှိဘူးလေဗျာ..) ဟဲဟဲ ဆိုပြီးတော့ပေါ့။
ဒါနဲ့ ခုံတွေက များလာသလို ထိုင်စရာထိုင်ခုံရရင်လည်း ကိုရင်တို့ ခရီးသည်တွေခဗျာ ကားစီးရင်း ဒူးထောင်စီးရတာတို့၊ ဖင်တစ်ခြမ်းစီးရတာတိုနဲ့ ဖင်နဲ့ ဒူးကို လိုသလို အသုံးချနိုင်ခဲ့တာ ကြာသပေါ့။ ဒီလိုနဲ့ ထိုင်ခုံများတဲ့ အထူးကားတွေမှာသာ ထိုင်ခုံများတာ၊ ရိုးရိုး ဘတ်စကားကျပြန်တော့လည်း တစ်ကားလုံးမှ ထိုင်ခုံလေး ၁ဝခုံမပြည့်ဘူး။ လူများများတင်နိုင်အောင် Hall လုပ်ထားပုံကလည်း ဘတ်စ်ကားဆရာများရဲ့ ဉာဏ်သွားပုံကို အံ့မခန်းဖြစ်မိကြောင်းပါ။
ဒိုင်နာ လိုင်းကားစုတ်တွေကလည်း ဂက်စ်အိုးထားဖို့ အဓိကဆိုတော့ လူဘယ်လိုထိုင်ထိုင် ဂက်စ်အိုးကို ဖင်အောက်မှာ ထိုင်ခုံလုပ်ထားပြီး စီးရသူများခမျာ တခုခုကြောင့် ဂက်စ်အိုးပေါက်ရင်တော့ သရဏဂုံတင်ပြီး ထိုလိုင်းကားစုတ်များ စီးဖို့ ကိုရင် အကြံပြုပါတယ်။
တခါက အထူးဘတ်စကားစစ်ဆေးရေးများနှင့် ဒရိုင်ဘာတို့ လုပ်ပုံကြောင့် ကိုရင်ခမျာ သေလုမျောပါးဖြစ်ခဲ့ပါသေးတယ်။ အဖြစ်က ဒီလိုပါ…. ညနေပိုင်း ရုံးဆင်းချိန် ကျွန်တော်က လှည်းတန်းမှာ ရွှေဧည့်သည် အထူးကားကို စောင့်နေပါတယ်။ တော်တော်လေးစောင့်ပြီးတော့ ကားဆိုက်တော့ အားရပါးရနဲ့ ပြေးတက်သွားခဲ့တယ်။ ရုံးဆင်းချိန်ဆိုတော့ ကားကအရမ်းကျပ်တာ ကိုရင်ခမျာ အပေါက်ဝကနေတွဲလွဲခိုရင်း လိုက်ခဲ့ရတာပေါ့။ ဒါနဲ့ ရှေ့က ဒရိုင်ဘာက ရှေ့မှာ….. စစ်ဆေးရေးတွေဟေ့… အတွယ်တွေအထဲထည့် တံခါးပိတ်မယ်…။ လို့ပြောအပြီး စပါယ်ယာကလည်း အတင်းဆွဲတင်ပါတော့တယ်။ ကိုရင်ခမျာ ကိုယ်ခန္ဓာကလည်း ကြီးသမို့ ကိုယ်သာ အထဲဝင်သွားပြီး ခေါင်းကတော့ အပေါက်ဝမှာ တစ်ကျန်ခဲ့ပါတယ်။ အရှေ့က ဒရိုင်ဘာက တခါတည်း တံခါးကို ရှလူးးးးးးး ကတည်းနဲ့ ပိတ်လိုက်တာ… တံခါးက ကိုရင့်လည်ပင်းကို ပေါင်ချိန်ကားထဲက ခွေးခေါင်းဓါးစက်နဲ့ ဖြတ်သလိုမျိုး တစ်လစ်ကြီး ဖြစ်သွားပါလေရော။ ကိုရင်လည်း ငယ်သံပါအောင် အော်ပြီး လည်ပင်းညှပ်နေပြီး လုပ်ကြပါဦးဗျ… လက်တဖက်က တံခါးကို လည်းပင်းနားက တားထားရင်း အော်မိပါတော့တယ်။ ဒရိုင်ဘာက တံခါးပြန်ဆွဲစိပေးတော့မှ ကိုရင့်ခမျာ ငယ်စဉ်တောင်ကြေး လူပျိုမပေါက်တပေါက်က ကြည့်ခဲ့ရသော ပေါင်ချိန်သေဒဏ်ချမှတ်လိုက်တဲ့ ရာဇဝတ်သား ဓါးစက်ထဲ လည်စင်းပေးရတဲ့ ခံစားချက်ကိုနားလည်ပါတော့တယ်။
ထိုကဲ့သို့ ကိုရင့်အား ရသမျိုးစုံ ပေးစွမ်းပေးနိုင်သော အထူးဘတ်စ်ကားနှင့် မထူးတထူးဘတ်စ်ကားများကို ဒီနေရာမှနေပြီး အထူးကျေးဇူးတင်ကြောင်းပါ။
22 comments
ပေါက်ဖော်
November 8, 2011 at 10:07 pm
တော်သေးတယ်..ကိုရင် ခေါင်းပြတ်ဖြစ်တော့မလို ့..
နောက်အလွဲလေးတွေလဲ လုပ်ပါဦး..
😆
Shwe Tike Soe
November 9, 2011 at 9:06 am
အော်ကိုရင်ရယ် ဖြစ်မှဖြစ်ရလေ… ကိုရင်အခြေအနေနဲ.ဆို ဘတ်စ် ကား စီးစရာမလိုပါဘူး ဈာန်နဲ.ကြွပေါ့ဗျာ.. ဟဲဟဲ
ဒါတောင် ရွှေဧည့်သည်ရှိသေးတယ်…. အဓိပတိ အတွေ.အကြုံလေးလဲ လုပ်ပါအုံး ကိုရင်
amatmin
November 9, 2011 at 9:31 am
ကြုံတတ်ပ ကိုရင် ရေ..တနေ့ကလဲ သန်လျင်မှာ ဂတ်စ်အိုးကွဲသွားတယ်ကြားတော့
ကိုယ်တွေလဲ နောင်ခါများ ဘတ်စ်ကားစီးရင် ပြတင်းပေါက်နားထိုင်ရမှာပဲ..ကိုရင့်လိုပဲ လိုအပ်ရင်..ဒိုင်ဗင်ပေါ့…
ဒီရက်. ရွာထဲမှာ ပို့စ်အလေးကြီးတွေပဲ တွေ့နေတော့ ..ကိုရင့်စာဖတ်ပြီး.လန်းသွားတယ်..:-)
ကြောင်ကြီး
November 9, 2011 at 9:55 am
မရှိဒုက္ခ ရှိဒုက္ခ ဆိုတာ အဲဒါပေါ့ဗျ။ မရှိပူသေး ကုန်မှအေးတဲ့ တက္ကဆီငှားစီးလိုက်၊ ပြီးတော့ ဗိုက်မှောက်နေ။။။ 😮
MaMa
November 9, 2011 at 10:19 am
ကိုရင့် ကို ဝဋ်ကျွေးတော်ကျေဘုရား ဖူးစရာမလိုပဲ ဝဋ်ကျွေးကျေအောင် ဘတ်စကား ဒရိုင်ဘာက စေတနာနဲ့ ယထြာချေပေးလိုက်တာ ထင်တယ်။ 😛
ပေါက်ဖော်
November 9, 2011 at 11:00 am
နောက်အပိုင်းမှာ.
ဒူးကျုံ ့..ဖင်ရှံ ့..ခေါင်းငုံ ့..အသက်အောင့်.ခါင်းတောင့်..တံတောင်တွတ်.မိုးယို…နေထိုး.ချွေးစို ့
အကြွေပြန်မအမ်း.စုံစုံလေးရေးပေးဦး..ကရင်စည် 😆
ကိုရင်စည်သူ
November 9, 2011 at 3:00 pm
ရေးမကုန်တော့ဘူး ကပေါက်ဖော်ရေ..
ဘတ်စ်ကားတိုးစီးရင်းနဲ့ အလွဲတွေတင်မဟုတ်ဘူး..
ထူးခဲ့တာလေးတွေလည်း ရေးအုန်းမှာ..
ကိုရင် လူပျိုပေါက်တုန်းက လိုင်းကားတိုးမစီးရဲဘူး..
ဂိတ်စဂိတ်ဆုံး ကိုရင်စီးလိုက်ရင် ရုပ်ခံနဲ့
တယောက်တော့ ငြိတတ်တယ်… ဟီးး..
ဘလက်ချောပြောတဲ့ “ဇ” ဆိုလားပဲ… 😀 😀 😀
လင်းငယ်
November 9, 2011 at 3:28 pm
လုပ်ပါဦး..ကိုရင် အဲသလို ငြိတတ်တဲ့ နည်းလမ်းလေး တွေလည်း ဝေမျှပါဦးနော်။
ကိုရင်စည်သူ
November 9, 2011 at 4:32 pm
@ လင်းငယ်
ငြိတတ်တဲ့ အကြည့်တစ်ချက်က စတယ်လို့ပဲ ပြောမယ်နော့်…
နောက်များတော့ ရေးဦးပါ့မယ်…
ဘတ်စ်ကားပေါ်က ဒရမ်အချစ်ဇာတ်လမ်းလေးများပေါ့… ဟဲဟဲ.. 😀 😀 😀
နွယ်ပင်
November 9, 2011 at 11:15 am
တော်သေးတာပေါ့ကိုရင်ရယ် ဒီလောက်ပဲဖြစ်လို့ … 🙂
ကိုယ်ပိုင်ကား မစီးနိုင်သေးရင်တော့ ဘတ်စ် ကားစီးရတဲ့ ဒုက္ခတွေကတော့
မနည်းဘူးကြုံရဦးမှာပါပဲ ။ နွယ်ပင်ဆိုလဲ တစ်နေ့တစ်နေ့ အပြေးလေ့ကျင့်ခန်းလေးလုပ်ပြီး
ဘတ်စ် ကားစီးပြီး အလုပ်သွားနေရတာပါပဲ … 😛
etone
November 9, 2011 at 11:23 am
ကိုရင်ရေ … ပြောရလျှင် ဘတ်စ်စကားပြသနာက ကုန်ကို မကုန်ပါဘူး … ။
ကျွန်မတို့လို ရရစားစား လခစား တွေအတွက်ကတော့ ကားငှားစီးဖို့ ဆိုတာ ညဘက်အချိန်လောက်နဲ့ အရေးတကြီးသွားစရာလိုတဲ့အခါမှသာ စီးဖြစ်တယ် ။ ရုံးဆင်းရုံးတက် ဖယ်ရီဂိတ်ရောက်ဖို့တော့ လိုင်းကား တတန် ၊ခြေတတန်နှင်ပြီး သွားရတယ်လေ … နေ့တိုင်းကြုံနေရတဲ့ ဘတ်စ်ကားကိစ္စကတော့ မရိုးနိုင်အောင်ပါပဲ .. ဒီနေ့မနက်တောင် စိတ်ထဲ ဘဝင်သိပ်မကျတာလေး .. ဓါတ်ပုံရိုက်မှတ်တမ်းတင်ထားသေးတယ် … အလုပ်တွေများနေလို့ စာမရေးဖြစ်သေးတာနဲ့ မတင်ဖြစ်သေးဘူးလေ … ။
😀
ပေါက်ဖော်
November 9, 2011 at 11:43 am
ဖလား.ဖလား…
တော်သေးဒယ်.
ဒီနေ ့နာ အပြင်မထက်ဝူးမိုလို ့..တုံမမပုံထဲ မပါလောက်ဝူး..
🙄
small cat
November 9, 2011 at 12:24 pm
ကိုရင်ရယ်ရေ၊ မြန်မာစကားပုံမှာခေါင်းဝင်ရင်ကိုယ်ဆန့်တယ်လု့ိကြားဖူးတယ်။
တကိုယ်လုံးဝင်သွားပြီးမှ ခေါင်းကျန်ခဲ့တဲ့ ကိုရင့်အဖြစ်က ဆိုးပါ့ဗျာ။
လင်းငယ်
November 9, 2011 at 3:34 pm
ဘတ်စ် ကားစီးနေရတဲ့ အတွေ့အကြုံ့က တစ်ခါတစ်လေ ပျော်စရာကောင်းတယ်။ တစ်ခါ တစ်လေ ကျတော့လည်း စိတ်ညစ်စရာ ကောင်းနေပါတယ်။ ဒီတော့လည်း ပြုပြင်လို့ မရသေးတဲ့ မြန်မာ ဘတ်စ်ကားတွေရဲ့ ပျော်စရာကောင်းတဲ့ အတွေ့အကြုံ့တွေကို ပြောပြပေးပါဗျာ။ မဟုတ်ရင် တွေးရင် ဖတ်ရင်း စိတ်ညစ်နေရမှာမို့လို့။
မှော်ဆရာ
November 9, 2011 at 3:43 pm
တော်သေးတာပေါ့ ခေါင်း ပဲညပ်လို့
တခြားဟာသာ တံခါးနဲ့ ညပ်လို့ကတော့ အော်တောင်အောင်နှိုင်မှာမဟုတ်ဘူး … ဟီ ဟိ
(လက်တို့ ခြေမတို့ ပြောပါတယ် ..)
AKKO
November 9, 2011 at 4:25 pm
ယောကျာ်းလေးက ရေးတော့ အမြင်တမျိုးပေါ့ ကိုရင်ရေ ၊ မိန်းကလေးကရေးလျှင် ထောက်လှမ်းရေး အကြောင်းတွေ အသားယူတာတွေ ပါလာမယ်ထင်တယ် ။ 😀
Moe Z
November 9, 2011 at 4:33 pm
ဟဲ ဟဲ ရေးပေးလိုက်ရမလား
အခုတော့မအားသေးဘူး နောက်မှ 🙂
AKKO
November 9, 2011 at 4:44 pm
မိုးဇက်က ထောက်လှမ်းရေး ကြုံဖူးတယ်ပေါ့ ဟဲဟဲ 😀 😀
Moe Z
November 9, 2011 at 5:01 pm
ဖွန်ကြောင်တဲ့ငနဲတွေအကြောင်းပြောတာပါ 😀 😀
ကိုရင်စည်သူ
November 9, 2011 at 5:25 pm
@AKKO
ထောက်လှမ်းရေးတွေကို တန်ပြန်ထောက်လှမ်းတဲ့…
တွယ်ချိတ်ကြီးတွေက ရွာထဲက Moe Z နှင့်ရွာသူတွေက
အမြဲဆောင်ထားတယ်တဲ့နော်… 😀 😀
မိမိုးလည်း တန်ပြန်ထောက်လှမ်းပုံတွေကို
အားရင်ရေးပေးပေါ့… ဟီး… 😀
windtalker
November 9, 2011 at 8:08 pm
ပေါင်ချိန် ဓါးစက်အကြောင်းတော့ ဖတ်ပြီး ရယ်ပြီးသွားပြီ
“ ဘတ်စ်ကားပေါ်က ဒရမ်အချစ်ဇာတ်လမ်းလေးများပေါ့ ” ဆိုတာလေးကို
ဆက်ဖတ်ရန် စောင့်နေမယ်နော…ဟဲဟဲ
min min san
November 10, 2011 at 12:41 am
I think your creative ability is really amazing,,,,,,,,,coz actually simple thing but you can creat became somethings which are attractive to ppl. thanks a lots.