ကိုကိုကြောင် သည် စိတ်ကို ဒုံးဒုံးချလိုက်၏
နံရံ မျက်နှာကျက် နှင့် ကြမ်းပြင် ကြားဝယ် နံရံထက်မှ
မီးဆိုင်း မှ တွဲရရွဲ ခိုနေသော အဖြူရောင် ပိတ်စ တခု..
အတိအကျ ဆိုပါသော် အဆိုပါ ပိတ်စသည် ကွင်းလျောလေးသဖွယ်
စီးနှောင်ထားသည် ...ထိုအောက်တွင် ကုလားထိုင်တခု...
နေရာကား ...ဒေါ်လာ မီလျံပေါင်းများစွာဖြင့် အနှစ်နှစ် အလလ
စုဆောင်းပြုစုအပ်သော စာအုပ်ပေါင်းမြောက်များစွာနှင့်ဖြည်းဆည်းအပ်သော
ကိုကိုကြောင်၏ စာကြည့်ခန်း. ...
ထိုစာကြည့်ခန်းဝယ် ခေတ်ဟောင်း ခေတ်ပေါ် ခေတ်စမ်း မော်ဒန်
သရုပ်ဖော် သရုပ်လွန် သရုပ်ပျက် အစရှိသော စာအုပ်စာတမ်း
ပေါင်းစုံရှိသည်။ ဂျာနယ်ကျော် မမလေး ရှိသည်။ လူထုဦးလှ
ရှိသည်။ ဒဂုံ တာရာ ရှိသည်။ မြသန်းတင့် ရှိသည်။ တက္ကသိုလ်ဘုန်းနိုင်
ရှိသည်။ ကြည်အေး အစ ဂျူးအလယ် ...လွန်းထွားထွား အဆုံးရှိသသည်။
မင်းသုဝဏ် အစ ကိုချောနွယ်အလယ် အောင်ဝေး အဆုံး ရှိသည်
တာရာမင်းဝေအစ နီကိုရဲ အလယ် အကြည်တော်လည်းရှိသည်။
ထို့ပြင် ကမာ္ဘကျော် ရတနာဝင်းထိန် လည်းရှိသည်။
အန်တီမမ ရေးသားပြုစုအပ်သော စာလုံးပေါင်းသတ်ပုံကျမ်းမှအစ
ဘလော့ဂါ ကိုပေါက် လက်ဆော့ ထားသော ခရီးသွားစာပေ များလည်းရှိသည်။
သို့သော် မရှိတာက တခုတည်း ...
ထိုတခုတည်းသော မရှိသည့် အရာကြောင့်ပင် ယခုကဲ့သို့
ကိုကိုကြောင် ဆုံးဖြတ်ချက် ချလိုက်ရခြင်း ဖြစ်သည်။
ကိုကိုကြောင်၏ စာကြည့်စင်ကို စေ့စေ့ငုငု ကြည့်ပါက
စင်နံပါတ် ရ တန်းနံပါတ် ၃၏ ၈အုပ်မြောက်သော စာအုပ်နေရာတွင်
ကွက်လပ်လေးတစ်ခု ...
ဟုတ်သည် စာအုပ်တအုပ်စာ နေရာလပ် ဖြစ်သည်။
အိမ်တွင်းစီး ...သိုးမွေးဖိနပ် ကို မချွတ်တော့ဘဲ ထိုင်ခုံပေါ်သို့
ကိုကိုကြောင် လှမ်းတက်လိုက်သည် ... ကွင်းလျောကို မိမိလည်ပင်းနှင့်
အသားကျအောင် တပ်လိုက်ပီး ....မျက်လုံးစုံမှိတ်ကာ တစုံတရာကို
အာရုံပြုလေသည်။ ထို့နောက် တစုံတရာကို သတိရဟန်ဖြင့်
မျက်လုံးပြန်ဖွင့်ကာ တချိန်က သူနှင့် ငြင်းနေကျ ဟိုအယ်ဒီတာကို
မြည်တွန်တောက်တီးလိုက်၏ ။
ထို့နောက်တွင်ကား ...ထိုင်ခုုံကို ခြေဦးနှင့် အသာတော့လိုက်သည်။
တမလွန်ခရီးကို တကိုယ်တည်း သွားရတော့မည်ဖြစ်သော်လည်း
သူ့ အမူအရာကား ...အေးဆေးတည်ငြိမ်လွန်းနေသည်...
မီးဆိုင်းမှ မီးကြိုးများ ပြတ်တောက်သံကြားရသည် ...
ကိုကိုကြောင်၏ ခြေ အစုံတို့က တွန့်ကနဲ တွန့်ကနဲ...
သို့သော် သူ့မျက်နှာက ပြုံးနေသည် ...
ဘဝကို အနိုင်နှင့် ပိုင်းရလို့ ကျေနပ်နေတာလား ...
အလိုမပြည့်ခြင်းအတွက် လောကကြီးကို သရော်တာလား..
ဒါမှမဟုတ်
ဟိုလူဂျီးတော့ ငါ့လို လားရာကောင်းမှာ မဟုတ်ဘူး ဆိုပြီး
ထေ့သွားသည်လား မပြောတတ်။
အရာရာမှာ တဖန် ပြန်၍ ငြိမ်သက်သွားလေသတည်း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဝှီးချဲပေါ်တွင် ကိုစိန်သော့ ထိုင်နေသည် ... ဘေးတွင် မိသားစုဝင်များ..
ကျွဲကော်ကိုင်းတပ် မျက်မှန် တလက်နှင့် လူစိမ်း တစ်ဦး ..
ထိုသူထိုင်နေသော စားပွဲရှေ့တွင် စာအုပ်တချို့
ထိုသူသည် အိမ်ရှင်များ တည်ခင်းသော လက်ဖက်ရည်ကို တကျိုက်ခန့် ကျိုက်လိုက်ပြီး
စာအုပ်များကို ဒေါ်လာ ၇၆၀ဝဖြင့် ဈေးဖြတ်လိုက်သည် ...
အိမ်ရှင်များ ထံမှ အလွန်အမင်း အံ့ဩ ဝမ်းသာမှု ကို အတိုင်းသား မြင်နေရသည်။
ဟုတ်သည် ..ဒါ ကိုစန်သော့ သန်တုန်းမြန်တုန်း ရေးသားပြုစုခဲ့သော
ဒါ့ပုံပညာဆိုင်ရာ ဆောင်းပါးပေါင်းချုပ် အတွဲ ၁ အခြေခံမှ
အတွဲ ၅ အဆင့်မြင့် ပညာသယ် အဆင့်ထိ စာအုပ် ၅အုပ် ။
ကိုစိန်သော့၏ အိမ်သူသက်ထားနှင့် ညီ ၂ယောက်မှာ သည်စာစုများ
သည်လောက်တန်မှန်း မသိခဲ့တာ အမှန်။ ကိုကိုစိန် ငယ်စဉ်က
ထိုစာမူများကို နာမည်ကျော်မီဒီယာ တခုသို့ ပေးပို့ခဲ့စဉ်က
စာမူခ မစို့မပို့လေးသာ ရခဲ့သည် မဟုတ်ပါလား....
ထိုစဉ်က ကိုကိုစိန် တို့လို စာရေးသူများကြားတွင်
နာမည်ကြီးသော အဆိုအမိန့် ၂ခု ထွက်ပေါ်ခဲ့လေသည်။
အနှီ မီဒီယာတွင်သာ စာရေးခြင်း အလုပ်ကို စိုက်လိုက်မတ်တပ်လုပ်၍
အသက်မွေးပါက -
၁။ အလွန်ရေးအားကောင်းသော ကျပ်မပြည့်တဲ့ စက်ဒဒေး အမည်ရ
စာရေးဆြာမ ပင်လျင် ထမင်းငတ် ကိန်းကြုံမည်။
၂။ သို့တည်းမဟုတ် နားဖာကလော်နှင့် ထမင်းအဝစားနည်း ကို
ကျွမ်းကျင်တတ်မြောက်ပေလိမ့်မည်။
ဟုသတတ်။
ယခုမူ ထိုစာများက အလွန် အဖိုးတန် ပိုစ့်မော်ဒန် စာရင်းဝင်နေလေပြီ။
မိသားစုဝင်များလည်း ဆောင်းပါးများတွင် ပါဝင်သည့် ဒါ့ပုံများ၏
မူပိုင်ခွင့်ကိစ္စများကိုပါ လျောလျောရှူရှူ လက်မှတ်ထိုးပေးလိုက်လေသည်။
လူစိမ်းလည်း အားလုံးကို နှုတ်ဆက်ပြီး စာအုပ်များကို ထုပ်ပိုးသယ်ဆောင်ကာ
ကိုကိုစိန် တို့ အိမ်မှ ထွက်ခွာခဲ့လေသည်။
လေဖြတ်ထား၍ စကားမပြောနိုင်သော ကိုကိုစိန်၏ အံကြိတ်သံနှင့်
လက်ချောင်းများကို ဆုပ်ကာ ဖြစ်ညှစ် အားယူသံတို့ကိုကား မည်သူမျှ
မမြင်တွေ့ကြ။
ထို့အတူ လူစိမ်း၏ မျက်နှာပေါ်မှ လျှို့ဝှက် ၍ အသိရခက်သော အပြုံးကိုလည်း
မည်သူမျှ အဓိပ္ပါယ် မဖော်နိုင်ခဲ့ကြပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရန်ကုန်မြို့ Pae & Brothers စာပြတိုက် ....(စာကြည့်တိုက် မဟုတ်ပါ...)
အတိအကျ ဆိုသော် ဟံသာဝတီ တဝိုက်မှ ပန်ချာပီ တသိုက်
ထောင်ထားသော စာအုပ်ဆိုင်ဖြစ်သည် ။ စာပြတိုက်ဟု ဆိုခြင်းမှာ
စာအုပ်ဆိုင် ထက် လွန်စွာကြီးမားခန်းနားသည်ဟု ဆိုလိုပါသည်။
ရှားပါး စာအုပ် စာတမ်း အဟောင်းများကိုသာ အရောင်းအဝယ်လုပ်သော
နေရာဖြစ်သည်။ ယနေ့ခေတ် best seller များ၏ စာများ ပင်
တန်းမဝင်သော နေရာဖြစ်သည်။ ဟုတ်သည် ဘယ်မှာမဆို လွယ်လွယ်
ဝယ်၍ရသော စာအုပ်များကို မည်မျှပင် ရောင်းအားကောင်းစေပါမူ
Pae & Brothers သည် တင်လေ့မရှိချေ။
အဖိုးတန် ရှားပါးပြီး ရနိုင်ခဲလှသော ရှားပါး ကလပ်စစ် စာများသာ
သီးခြား စုဆောင်းအပ်သော နေရာဖြစ်လေသည်။
အတိတ်ကိုဖော်သော်
လွန်ခဲ့သောနှစ်အနည်းငယ်က စာပေတော်လှန်ရေး တခု ဖြစ်ခဲ့လေသည်
တော်လှန်ရေး ရလာဒ်အဖြစ် အမည်မဖော်လိုသော နာမည်ကျော် မီဒီယာ ပြိုကျခဲ့သည်..
အဆိုပါ မီဒီယာသည် အလွန်အောင်မြင်သောကြောင့်
ထိုခေတ်က စာရေးသူများ မရေးမနေနိုင်အောင်ဖြစ်ရသော်လည်း
စာမူခ အပေးနည်းခြင်း ..အယ်ဒီတာ ဆက်ဆံရေးကျဲခြင်း
အယူအဆ ကွဲသူ ရန်သူဟု သတ်မှတ်ပြီး အုပ်စုဖွဲ့
ဆော်ကြခြင်း အစရှိသဖြင့် ဖြုတ်စဗျင်းတောင်း နှင့် ဖြတ်သန်းလာရာ..
နောက်ဆုံးတွင်...
အယ်ဒီတာ ဆိုတာ မိုးပေါ်ထောင် မမန့်ဘူး ...တည့်တည့် မန့်တယ်
ဟု ကြွေးကျော်ပြီး စာရေးသူ အပေါင်းကို မှတ်ချက်ပေါင်းစုံ အကိုးအကား
အထောက်အထား ပေါင်းစုံနှင့် နှိပ်စက်သော လွန်စွာ အငြင်းသန်သည့်
အယ်ဒီတာကိုစာရေးသူများ သည်းမခံနိုင်တော့သည့်အဆုံး
ကလောင်လုံးဝမကိုင်သော (ကီးဘုတ်တော့ ကိုင်တယ်)
ပြည်ပ အခြေစိုက် နိုင်ငံရေးသုတေသီစာရေးဆြာများ ...
ဘောင်းဘီဝတ်၍မျိုးချစ်စိတ်ပြင်းထန်သော လူငယ်ကလောင်များက
ဦးဆောင် တော်လှန် ခဲ့ကြလေသည်။
နောက်ဆုံး အနှီမီဒီယာကြီး ရပ်ဆိုင်းလိုက်ရပီးသကာလ
အဆိုပါ စာရေးဆြာများလည်း စာပေကို စိတ်နာ၍ထင့်
တသက်လုံး စာရေးခြင်း အမှုကို မပြုတော့ဘဲ ဘဝကို
ဖြတ်သန်းသွားကြလေတော့သတည်း။
အဆိုပါ စာရေးဆြာများသည် လူထုရှေ့သို့ လူလုံးထွက်ပြခြင်း
စာပေဟောပြောခြင်း အစရှိသည်တို့ကို မပြုကြလေ ရာ ..
(စုန်းပြူး တယောက်တလေ မှအပ)
စာဖတ်ပရိတ်သတ်ကြားတွင်မူ ဒဏ္ဏာရီလာ စာရေးဆြာများ
အဖြစ် ကျော်ကြားလေသတည်း။
သူတို့၏စာများမှာလည်း ပုံနှိပ်ထုတ်ဝေခြင်း မပြုလေရာ
ခေတ်ကာလ ရွေ့လျောလာသည်နှင့်အမျှ မော်ဒန်ကလပ်စစ်
စာရင်းသို့ ဝင်ပြီး မူရင်း စာမူ ပေမူများမှာ တန်ဖိုးအလွန်
တက်လာလေတော့ သတည်း။
ထိုအချက်သည်ပင် Pae & Brothers ၏ရပ်တည်ချက် ဖြစ်တော့သကိုး။
ထိုစာပြတိုက်ကြီး၏ ပိုင်ရင် ကိုမောင်ပေ သည်လည်း တချိန်က
ထိုတော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်သည်။ သူတို့ အသိုင်းအဝိုင်း
တွင်တော့ တချိန်က စာရေးဆြာ ဝင်းတော့ခ်ကာ အဖြစ် သိကြသည်။
သို့သော် လူသိရှင်ကြား ကျနော် ကလောင်ဘယ်သူ ဘယ်ဝါပါဟု
ထုတ်ဖော် ပြောကြားခြင်းမရှိ။ Romeo & Juliet ကမာ္ဘကျော်တာ
ကလပ်စစ်ဖြစ်တာ ဇာတ်သိမ်းမှာ သေလို့ ဆိုပြီး လက်ကိုင်ထားသောကြောင့်
သူ့စာများကို ပိုမို တန်ဖိုးရှိအောင် သူသေပြီးမှ ထုတ်ဝေရန် ဇနီးဖြစ်သူအား
မှာကြားထားလေသည်။(တကယ်တော့ သူအရေးများတာက လွန်ခဲ့သော
နှစ်ပေါင်းများစွာက ဘောပွဲ ဖိုးကပ်စ် တွေ ...ခုထုတ်တောင် ဘယ်သူမှ ဖတ်မှာမဟုတ်တော့)
ခေါင်းမာသော ကိုမောင်ပေသည် သူ့ အယူအဆကို တရားသေ စွဲကိုင်
ထားလေသည်။ သူကိုယ်တိုင်ကမူ ထိုစာပေတော်လှန်ရေးခေတ်က
စာရေးဆြာများ၏ စာမူများကို အရောင်းအဝယ် ပြုလေသည်။
(ဆက်ရန်...)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Post Views: 212
13 comments
ပေါက်ဖော်
November 9, 2011 at 9:39 am
ဟိုက်ရော…ဟိုက်ရော..
လေဖြတ်သူနဲ ့..ဘဝနေဝင်တော့မဲ့လူနဲ ့.စုံလို ့..ပါကလား..ဟရို ့.
ဖင်ပိတ်ညင်းတဲ့ ကရင်စည်သူ ့..အမွေကို အယ်ဒီတာ သဂျိုင်ခီးက အမွေရသွားပါကလား..
ငဇာဂီ နှိပ်နေပြီ ဟေ့ ရှောင်လော့.ရှားလော့..
🙄
ကိုရင်စည်သူ
November 9, 2011 at 3:05 pm
ဇာဇာလေးလုပ်တော့မှာပဲ..
ကရင်စည်သူ့ လို ရွာထဲမှာ ဖင်ပိတ်ငြင်းတတ်တဲ့…
သဂျိုင်ခီးရှိသေးသဖြင့် ပျော်သွားပါဒယ်…
ကဂီ့ဖောနေသည်
ကဂီ့ဖောက်နေသည်
ကဂီ့ဖွနေသည်
ဖသုံးလုံးကဂီ့အား မယုံလေနှင့်ဒဒိထား… 😛 😛 😛
inz@ghi
November 9, 2011 at 3:13 pm
ဒီဇာတ်က အတည်အခန့်ရေးမှာ …
ဟိုဘက်ဇာတ်က နည်းနည်းပေါတယ် ဟာသဘက်နီးတယ်ဆို
သည်ဇာတ်က စတိုင်းယား ဘက်နီးမယ်ဗျ….
ရီချင်ရီရမယ် ဒါပေမယ့် ဇာတ်ကောင်တွေ ဘယ်သူမှ ဟာသမပြောကြေး ရေးမှာ…
ခစ်ခစ် ကိုကိုကြောင်ကိုတော့ ပွဲမစခင် သတ်ပလိုက်ပီ ….
ကျန်တဲ့ဘယ်သူတွေ ဂန့်ဦးမလဲ မျှော် ….
MaMa
November 9, 2011 at 9:59 am
ဘဝင်မြင့်ချင်စရာ 😉
ဆြာသမား (မြှောက်ပေး၍ ဆြာအင်လို့ မရေးတော့ပါ 😛 ) ကောင်းမှုကြောင့် အလိုလိုနေရင်း ကျမ်းပြုသူ ဖြစ်သွားရပါကလား :laugh:
Moe Z
November 9, 2011 at 3:14 pm
အပေါ်ဆုံးက စာကြည့်ခန်းကို အမွေရရင်ကောင်းမယ် 🙂
ကိုပေါက်(မန္တလေး)
November 9, 2011 at 3:43 pm
လွတ်နေတဲ့စာအုပ်ကလေးက စိတ်ဝင်စားစရာ
pooch
November 9, 2011 at 6:43 pm
ဦးကြောင်လို လူမျိုး ကိုယ့်ကိုကိုယ်သတ်သေမယ်လို့ ထင်တောင်ထင်မထားမိဘူး…….
ပြောလို့တော့မရဘူးလေ နတ်ပြည်မှာ နတ်သမီးလေးတွေနဲ့ ဒိတ်ထားသလားတော့ မသိဘူး….. 😛
ဒါနဲ့ လေးပေါက် ပြောသလို လွတ်နေတဲ့ စာအုပ်လေးကိုတော့ တကယ်စိတ်ဝင်စားတယ် …..
မြှုပ်ကွက်လေးလား မသိဘူး……
staire ရေးတာက ပညာသားတော့ပါတယ်… သူများ မမြင်တာကို ကိုယ်က ဖော်ပြီး သရော်တာဆိုတော့လေ .. … ဟာသရေးထားတာထက် staire ရေးတာ ပိုပြီး လက်စွမ်းထက်သလားလို့
ဖတ်ရတာ စိတ်ဝင်းစားစရာကောင်းသလို … ရေးထားတဲ့ ပုံစံကိုလည်း သဘောကျတယ်..
အားပေးတယ် … ဆက်ပါအုန်း …
windtalker
November 9, 2011 at 7:47 pm
တော်သေးပါရဲ ့
ပါမှ ပါပမလားလို ့ စိုးရိမ်စိတ်ပူနေလိုက်ရတာ
အခုမှဘဲ
ရင်ထဲ သက်ပြင်းရှည်ကြီး ချလိုက်မိတယ်
ဖလူးဖလူးဖလူးးးးးးးးးးဟူး အဟွတ်အဟု
naywoonni
November 9, 2011 at 9:00 pm
တစ်ကယ့်စာပေတော်လှန်ရေးပါပဲ…။ ရဲဘော်ဆက်လုပ်………..
ကြောင်ကြီး
November 10, 2011 at 11:31 am
ဟေ့ အင်ဇာဂီ….သတ်သေပေမဲ့ အမျက်မပြေဘူးကွ.. သတိထားနေ…. 👿
ဘယ်အညှိုးနဲ့မသိ လူကိုများ စော်စော်ကားကား “ကိုကိုကြောင် သည် စိတ်ကို ဒုံးဒုံးချလိုက်၏” ငါကြိုက်တာ ငါချတယ်ဆိုပေမဲ့ တိရစာ္ဆန်နဲ့ ဆက်ဆံရလောက်အောင် အသိညဏ် မမဲ့သေးဘူးကွ။ လိင်တူချင်းပြောရင်တောင် ခံနိုင်သေးတယ်။ နင်ဖင်လန်သွားရင် ချေထောက်တတ်တာ လူတိုင်းသိဒယ်…..။ 😡
မှတ်ချက်။ ချေတင်မကဘူး။ စိုင်၊ ဒရယ်၊ သမင်၊ ဆတ်၊ ပြောင် အစုံပါတယ်။
inz@ghi
November 10, 2011 at 11:46 am
ခစ်ခစ် ….
တားက ဂျစ်ရို့ဆ တာ ချိတ်ချိုးရဝူးလေ …ဦးဦးကြောင်ဂျီးရဲ့ …
တားရေးထားတာ ..ကိုကိုကြောင်လေ ..ဦးကြောင်ဂျီးမှ မဟုတ်တာ..
(ဒါတွေကြိုတိနေရို့ ….အဟိ….)
windtalker
November 10, 2011 at 2:44 pm
အခုမှဘဲ ထပ်ရယ်ရတော့တယ်
စိတ်ကိုဒုံးဒုံးချသော ကိုကိုကြောင် သည် ဘာထပ်လုပ်ပြဦးမည် ကို အရမ်းသိချင်မိသော်လည်း သူ ့ခဗျာ စောစောစီးစီး ဂိုးသွားရှာလေပြီ
inz@ghi
November 10, 2011 at 9:46 pm
လာမယ် ကိုပေ
နောက်ကြောင်းပြန်လေးတွေ …