ညောင်ပင်တစ္ဆေ လွှတ်တော်ဥက္ကဋ္ဌ ဦးကြောင်ကြီးနှင့် ဝေလေလေ ကိုစားလယ်များ Critics

ငြိမ်ငြိမ်ထမ်းကြစမ်း၊ ငါကိုယ်တော်ကြောင်မင်း ဇိမ်ပျက်တော်မူဒယ်..။

နဝတ တက်ခါစ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်တို့ ခေတ်ကောင်းစဉ်က မြို့တွေမှာ မြို့မနာရီစင်များ အပြိုင်အဆိုင် ဆောက်ကြတာ မှတ်မိကြပါလိမ့်မယ်။ ဝန်ကြီးတွေ နယ်ဆင်းရင် မြို့မိမြိုဖများနဲ့တွေ့ပြီး အာဝါဒခြွေလေ့ရှိတယ်။ လူကြီးနားကပ်ချင်သူများက ဝန်ကြီးပြောချင်တာ ပြောပြီးရင် မြို့လူကြီးအနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ ရပ်ရွာလိုအပ်ချက်များ တင်ပြကြတယ်။ တီဗွီထဲ ပါတယ်ဆိုတော့ နည်းတဲ့ အခွင့်အရေး မဟုတ်ဘူး။ ပြောကလည်းပြောချင် အမှားပါမှာလည်း စိုးသေးတော့ ဘေးလွတ်ရန်လွတ် ဖြစ်တာကိုပဲ ရွေးပြောတယ်။ မြို့တိုင်းမှာ နာရီစင် ဆောက်နေရင် နာရီစင်ဆောက်ပေးပါ ခင်ဗျားပေါ့။ အဲဒီအခါ ဝန်ကြီးက နာရီစင် လိုချင်ရင် ငါး တတန် ရအောင်မွေး၊ သစ်တတန် ရအောင်စိုက် ဘာညာပေါ့လေ၊ သူ့အရပ်နဲ့ သူ့လူ ဇာတ်တိုက်စရာ မလိုအောင် အပီအပြင် ကကြတယ်။ မြို့သေးရင် တဦးနဲ့တဦး အကြောင်းသိတွေမိုလို့ ခွက်ပုန်းချသူက ၃၈ဖြာမင်္ဂလာတရား ကိုးကားပြောတဲ့အခါ၊ ချဲဒိုင်က တရားဥပဒေစိုးမိုးရေး ထပြောတဲ့အခါ ဘေးလူများအတွက် ဟားစရာဖြစ်တယ်။ တချို့ကလည်း “ဝန်ကြီး အဝတ်အစားဝတ်ရင် အရောင်ရင့်တာ များနေသလိုပဲ၊ ဗိုလ်ချုပ်ကြီး ရုပ်ရည်ရူနဲ့ အရောင်နုလေးတွေနဲ့ဆို လူပျိုရှုံးမှာ သေချာတယ်” နဲ့ မျက်နှာလို မျက်နှာရ လုပ်တယ်။။။
မြန်မာတိုမ်းစ်မှာ နိုဝင်ဘာ ၄ရက်နေ့စွဲနဲ့ ကိုစိုးသန်းလင်းရေးတဲ့ “ပြည်သူ့လွှတ်တော် ဥက္ကဌအပေါ် ကိုယ်စားလှယ်တို့က ဤသို့ရှုမြင်ကြသည်” အင်တာဗျူးကို ဖတ်မိတော့ ကျနော်လည်း ဘေးကပရိတ်သတ်လို ရယ်ချင်မိတယ်။ ကိုးကား။။။http://www.myanmar.mmtimes.com/2011/news/542/news02.html ဒါနဲ့ပဲ ဥက္ကဌငါမရ ဦးကြောင်ကြီးအား ဝေလေလေ ကိုစားလယ်များ ထင်မြင်ပုံကို တွေ့ဆုံမေးမြန်း လိုက်ပါတယ်။။။။

    • ငါမရဦးကြောင်ကြီး ကိုယ်ရေးမကျယ်
  • မပုတင် – အမျိုးတော်စပ်မှု မရှိ
    မွေးနေ့ – ဟက်ပီးဘက်သ်ဒေး
    ဇာတိ – ဇရာ မရဏ
    အရည်အချင်း – အခဲမဟုတ်သဖြင့် တိုင်းတာ၍မရ
    အဘ – သတ်မတော်၊ အမိ – တက်မတော်
    ဇနီး – ဆ (သို့) ဈ၊ မြန်မာအက္ခရာ (ညောင်)
    သားသမီး – ကြောင်လတ်၊ small cat ၊ ကြောင်fatty
    ပါတီ – ကျည်ဆံဖြိုး
    မဲဆန္ဒနယ် – အိမ်နောက်ဖေးလမ်းကြား၊ အိမ်ခေါင်မိုး၊ ဝရန်တာ၊ ပြတင်းပေါက်
    သင်ကြားခဲ့သောကျောင်းများ –
    (၁) အ.မ.က၊ အမေကြီး
    (၂) အ.ထ.က ၊ အူ ထုံ ကြောင်
    (၃) အမှတ်စဉ်(၁၁) ဖွမ်ကြောင်သင်တန်း၊ ချစ်တက္ကသိုလ်၊ နှလုံးသားမြို့တော်

    ရွေးဂေါက်ပွဲအပြီး တစ်နှစ်တာအတွင်း ပြီသူလွှတ်တော်ဥက္ကဋ္ဌအား ကိုစားလယ်တို့ ခံပြီးစားပုံကို ဖော်ပြပါသည်။ (ဆာဗာလေးမှာစိုး၍ ကိုယ်စားလှယ် လေဥတို့၏ အမြင်ကိုသာ ချွတ်ပြခြင်းဖြစ်သော်လည်း ကျန်လ္ဒူများလည်း ဘောကျသောကြောင့် အားလုံး၏အမြင်အဖြစ် သတ်မှတ်နိုင်သည်။) ဒန် တန့် တန်…

  • လဒ မည်းဆံဒနှယ်၊ ကိုစားလယ် ဦးချောက်တွန်းဦး

  • မေး။။ ဥက္ကဋ္ဌဂျီးကို ဘယ်လိုမြင်ပါသလဲ။။။။
    ဖြေ။။ မမြင်ဘူးပါဘူး။ လူတိုင်းမှာ ရှိတဲ့အရာပါ။ ဥက္ကဋ္ဌဂျီးကတော့ ရွှေရောင်အဆင်းရှိပြီး အနံ့အရသာများနဲ့ ပြည့်စုံပါတယ်။ ပြီးတော့ အရမ်းကို……
    မေး။။ ဟိုးဆရာ…. အဲဒါပြောတာဟုတ်ဖူး။ ရေးတော့အမှန် ဖတ်တော့အသံ ဖြစ်သွားလို့ပါ။။။။
    ဖြေ။။ အဟီး.. ကျုပ်လည်း ပြောချင်ဇော များသွားတယ်။ ဥက္ကဋ္ဌဦးကြောင်ကြီး ဖက်ဆေးဘဲဖြစ်လို့ ကျနော်တို့ သိပ်ဘောကျတယ်။ ထင်သာမြင်သာ ရှိလိုက်တာဆိုရင် မီးရောင်၊ နေရောင်အောက်မှာ အတိုင်းသား မြင်ရလို့ အမျိုးသမီး ကိုစားလယ်များ မကြည့်ရဲဘူး။ ပွင့်လင်းမှုမှာဆိုလည်း စင်အောက်ကနေကြည့်ရင် ဟောင်းလောင်း၊ ဒီနေ့ဝတ်ထားတာများ အဖြူရောင်လေး။ နေအုံး…….. အနီစင်းလည်း ပါတယ်ထင်တယ်။ အတိအကျကိုတော့ အီးမေးလ် ပို့လိုက်မယ်။။။
    မေး။။ ဒီလောက် ကွက်ကွက်ကွင်းကွင်း ပြောနိုင်ရင် လုံလောက်ပါပြီ။ ဒါနဲ့ ဖက်ဆေးဘဲဆိုတာက…
    ဖြေ။။ ေဩာ်..ခင်ဗျားက သတင်းထောက်သာ ဆိုတယ် လည်လည်ဝယ်ဝယ် ရှိပုံမရဘူး။ ဖက်ဆေးဘဲဆိုတာ ဖက်ကြမ်းဆေးပေါ့လိပ် သောက်သူကိုပြောတာ။ ဥက္ကဋ္ဌဂျီးက တောသားမိုလို့ စီးကရက် မကြိုက်ဘူး။ အရက် သောက်လည်း တောအရက်အပြင်းမှ၊ ဘီအီးတောင် မတိုးဘူး။ တောသားခြင်းလဲဖြစ် အရက်ကြိုက်တာခြင်းလဲ တူတော့ ကျုပ်တို့လို ကစော်သမားတွေအပေါ် နားလည်မှု ရှိတာပေါ့။ သူ့ကို မေးတဲ့မေးခွန်း နားမလည်လည်း နားလည်ယောင် ဆောင်တယ်၊ နားလည်တဲ့ မေးခွန်းကျတော့ နားမလည်ယောင် ဆောင်ပေးတယ်။ ဥက္ကဋ္ဌဂျီး လုပ်ပိုင်ခွင့် ရှိသော်လည်း ထမင်းစားတဲ့အခါ ကျနော်တို့ဆီက ဟင်းလု မစားဘူး။ ပြည်သူတွေ ဘား လိုမလို အမြဲ စဉ်းစားပေးတယ်။ လိုအပ်ရင် ချက်ခြင်း အရက်ဘား၊ ကလပ်ဘား ဖွင့်ခွင့်ပေးလိုက်တယ်။ အဲလောက် ဘောကြီးတာ။။။
    မေး။။ ဟုတ်ကဲ့ခင်ဗျ ဖြေကြားပေးတာ၊ ကျေးဇူး အရက်ဆီပုံးကြီးလောက် တင်ပါတယ်။။။။
    ဖြေ။။ ကိစ္စမရှိပါဘူး။ နောက်လိုလည်း လာခဲ့လေ။ တော်ရုံကိစ္စကတော့ အဘကြောင်ကြီးဆီ တိုက်ရိုက်ဝင်ပြော ပေးမယ်။ ဈေးကတော့ ညှိနှိုင်းဈေးပေါ့၊ ပါးပါးလေးပါ။။။။။
    မေး။။ ဝုတ်ကဲ့ ဝုတ်ကဲ့။။။။။ 

  • အလု မဲဟန်ပြနယ်း၊ ပြည်သူ့လွှတ်တော် ကိုစားလယ် ဦးခိုင်းမောင်းရ (ခေါ်) ဦးချင်ပေါင်ရည်

  • မေး။။ ဥက္ကဋ္ဌဂျီးအကြောင်း ပေါဘာအုံးဗျ။။။
    ဖြေ။။ ဥက္ကဋ္ဌဂျီးဟာ ကျနော်တို့အတွက် အဆင်းအပြေး စောင်းရွက်နိုင်တဲ့ ပုပ်ကိုယ် ဖြစ်ပါတယ်။ လွှတ်တော် ကလည်းအသစ်၊ ကိုစားလယ်များကလည်း အသစ်၊ မယားလေးကလည်း (အဲ…ဘွာတေး အဲဒါပါဘူး) ဆိုတော့ အမှားအယွင်း ဖြစ်တဲ့အခါ ဥက္ကဋ္ဌကြောင်ကြီးက ခွေးလွှတ်ပေးတယ်။ ကိုစားလယ်များ ပြေးကြတာပေါ့နော်။ သူ့မှာ အားနည်းချက်ဆိုလို့ ပုဆိုးချီးပေ ဝတ်တာပဲ ရှိတယ်။ ပုံပုစိုကြီး မဖြစ်ချင်ဘူးလို့ အရိုးအသား ပြတယ်။ ပုံဆိုးရင် တိုတိုဝိုက်တယ်။ ရှည်ရှည်ဝိုက်ရင် တလုပ်ရိုက်မှာ စိုးလို့ပါတဲ့။။။။။
    မေး။။ ဦးလေးက တိုင်းရင်းသား ထင်တယ်နော်၊ စကားဝဲတယ်။ မနဲ အသံဖမ်းယူရတယ်။ ဆက်ပါအုံး။။။။
    ဖြေ။။ အေးဟုတ်တယ်။ ဥက္ကဋ္ဌဂျီးက ဗိုလ်ဂျုပ်ချီးတာဝန်နဲ့ နိုင်ငံတော်အကျိအရွဲ တာဝန်တွေ ရူးခဲ့ရသူဖြစ်လို့ သိပ်တောကျတယ်။ သူ့ကိုယ်သူ တက်ကလုပ် လာတယ်ပြောပေမဲ့ ပြည်ထောင်စုနေ့ပွဲမှာ အရမ်းမကဘူး။ ကိုယ်ရည်သွေး ပြောလည်း “လည်သလား၊ သားမမိပါ” ပြောလေ့ရှိတယ်။ ကျနော် ချစ်ဆေးလုံး ဖြတ်ခဲ့တာ ပြောမိတယ်။ ကျနော့်ကို ချစ်ဆေးလုံး သောင်းကျန်းသူများလို့ ခေါ်ရင်မခံနိုင်ဘူး။ ဥက္ကဋ္ဌဂျီးက ခင်ဗျားအရပ်ထဲ ဒါးနဲ့ပိုင်းတဲ့ အမဲအရွတ် ရှိသေးလားလို့ ပွင့်ပွင့်လင်းလင်း တောင်းရဲသူ တယောက်ဖြစ်ပါတယ်။ သူ့ကိုယ် သူလဲပြီး ဒီမိုးက ရေစီးတော်သား အပေါင်းအသင်းရယ်လို့ ရဲကိုတင်းပြီး ပြောပါတယ်။။။။
    မေး။။ ဟုပ်ဂဲ့ ဟုပ်ဂဲ့၊ အခုလို ဖြေးကြာပေတား ကျေဂျူးဘာ။ တိုက်ပြန်ရောက်တဲ့အခါ စကားတလုံးစီကို ပြန်နားထောင်ပြီး အကောင်းဆုံးဖြစ်အောင် စာစီပုံနှိပ် ပေးပါ့မယ်။။။။ 😛

  • ဦးစိုင်းယောင်တယ် (ခေါ်) ဦးအာဆံ၊ ကြောက်မဲ့ မဲဆံတနယ် ့

  • ဖြေ။။ ဥက္ကဋ္ဌဂျီးအကြောင်း ဝေဖန်တာထက် ကိုယ်တွေ့ပြောပါ့မယ်။ သူနဲ့ တစားပွဲထဲ ထိုင်မိတဲ့အခါ ကျနော်က ကြောက်ကြောက်နဲ့ လူထုအတွက် ဥက္ကဋ္ဌဂျီး ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောမိပါတယ်။ သူက ဗျန်းကနဲ့ စားပွဲကိုရိုက်ချလိုက်ပြီး “ကျနော့်ကို အရင်အစိုးရအဖွဲ့က လာတာဆိုတော့တမျိုးမြင်ကြမယ်။ အရင် ကတော့ န.အ.ဖ နွားအိုဖွတ်ပေါ့။ အခု ပီပီပြင်ပြင် ရုန်းပါ့မယ်”လို့ သွားဖြဲပြရင်း သူ့ပုခုံးကို ညှစ်ပြလိုက်တာများ မောင်အိုးလှန်ပစ်ရလိုမျိုး ကြွက်သားတွေ ဟီးထနေတာပဲ။ နာမည်က ဦးကြောင်ကြီးသာဆိုတယ် ဥပတိရုပ်နဲ့ အရပ်အမောင်းကို ပြောရရင် နှုတ်ခမ်းမွှေးကြီး တကားကားနဲ့ ကိုးတောင်ကျားကြီးနဲ့ ချွတ်စွပ်တူမှတူ။။။
    မေး။။ နားရှိလို့သာ ကြားရတယ်၊ အံ့ဖွယ်သုတပါပဲ။။။
    ဖြေ။။ ခင်ဗျားကသာ အံ့ဩရုံဖြစ်တာ၊ ကျနော်ဆို အသည်းကလည်းငယ်၊ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ကိုယ့်မြို့ နာမည်ကိုယ်၌က စီးနေသလား မသိပါဘူး၊ မူးကနဲ မိုက်ကနဲဖြစ်ပြီး စားပွဲပေါ် မှောက်ကျ သွားမိတယ်။ ဥက္ကဋ္ဌဂျီးက ရွှေစိတ်တော် မညှိုးတဲ့အပြင် တဟဲဟဲနဲ့ ရယ်နေလိုက်တာများ အလာဒင်ပုံပြင်ထဲက မီးခွက်စောင့် ဘီလူကြီးအတိုင်းပဲ။ အခုတောင် ပြောရင်းကြောက်တယ်။ ကိုစားလယ်တွေ အပေါ်မှာလည်း စေတနာထားပုံများ အခန်းထဲအထိလာပြီး ညောင်းမှာစိုးလို့ နင်းနှိပ်ပေးတယ်။ ခြင်တွေပါတွေ ကိုက်ရင်လည်း ခြင်ရိုက်ပေး၊ ပရုပ်ဆီ လိမ်းပေးတယ်။ အရင်တခေါက်လာတော့ ခေါက်ဆွဲပြုတ်စားတာတွေ့လို့ နောက်တခါလာတိုင်း ခေါက်ဆွဲပြုတ် ပူပူနွေးနွေး ပန်းကန်ကိုင်လာတယ်။ တယုတယ ခွံ့ကျွေးတယ်။ ဘေးခန်းကလူများ အထင်လွဲမှာစိုးလို့ မနည်း တောင်းပန်ယူရတယ်။ ဘယ်လောက် ကျေနပ်စရာကောင်းလဲ။ အိမ်က မိန်းမတောင် သူ့လောက် မကြင်နာဘူး။
    မေး။။ အခုလို ပြည့်ပြည့်စုံစုံ ပြောပြတာ ဝမ်းသာမဆုံးပါဘူး။ စာဖတ်သူအပေါင်းလည်း လွန်စွာ နှစ်ထောင်းအားရ ဖြစ်ကြမှာပါ။။။။ 🙄

  • ဦးသမ်းညု၊ နင်သေနတ်ကျွန် မယ်းစန္ဒနဲ

  • မေး။။ အန်တယ်ဂျီးက ရဲရဲတောက် အတိုက်အခံ ကိုစားလယ်ဆိုတော့ ရင်ထဲရှိတာ မကွယ် မဝှက်ပြောမယ် ထင်ပါတယ်။ မြှောက်ပေးတာ မဟုတ်ဘူးနော်၊ အန်တယ်ဂျီး ဥပတိရုပ် ကြည့်ပြီးပြောတာပါ။။။
    ဖြေ။။ ဥက္ကဋ္ဌဂျီးကြောင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုးတွေ ဖြစ်ရတာ သိသာပါတယ်။ သူတဝက် ကိုယ်တဝက် ဆိုင်ပါတယ်။ လွှတ်တော်အတွင်းမှာ ဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ ကိုယ်တွယ်သွားနိုင်တဲ့ ဥက္ကဋ္ဌအခေါင်း ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးစီးပွားအတွက် အစွမ်းကုန်နေတဲ့ ဗိုလ်ဟောင်းတစ်ယောက်လို့ မြင်ပါတယ်။ ဥက္ကဋ္ဌဂျီး လွှတ်တော်တက်ရင် perfume မဆွတ်ဘူး၊ ကိုစားလယ် အများစုက ကိုယ့်အတွက်၊ စားဖို့၊ လည်ပတ်ဖို့လောက် စိတ်ဝင်စားနေချိန်မှာ ပေါ်ကျော့မနေဘဲ ကိုယ်ကျိုးစွန့် ဆောင်ရွက်ပါတယ်။။။။
    မေး။။ အန်တယ်ဂျီး သတိလည်းထားအုံး၊ အပြောကောင်းလို့ နောက်တနေ့ ထိုင်စရာခုံ မရှိဖြစ်နေမယ်။။။။
    ဖြေ။။ အရင်လို ကြောင်ချီး မမာနိုင်တော့ ပါဘူးကွ၊ ညှင်းညှင်းညှင်း.. (ညှင်းဆို ငါက မောင်ပေ့ဦးလေး)
    မေ။။ ကြောင်ချီး မာရင်တော်သေးတယ်။ ပျော့ရင်ပိုနံတယ်။ ပျော့ပျော့လေးနဲ့နံတဲ့ ကြောင်ချီးဆိုတာ မကြားဖူးဘူးလား။။။။
    ဖြေ။။ မကြောက်ဘူးကွာ။ ကားတစင်း ရထားပြီးပြီပဲ။ ပြုတ်သွားလည်း ဒေါ်စုဆီ ပြန်ဝင်မှာပေါ့။ စစ်တပိုင်း အစိုးရ ဒီလောက်တော့ မညံ့ဘူးထင်ပါတယ်။ ဒီနေ့ပဲ ထမင်းစားခန်းမှာ ဥက္ကဋ္ဌဂျီးကို အကြံပြုခဲ့ပါတယ်။ ဝါယောဝါယာ ဝါးတီးဝါးတား စကားပြောကျမ်းကို ကိုစားလယ် သင်ရိုးညွှန်းတမ်းလုပ်ပေးဖို့ပါ။ လွှတ်တော်ထဲမှာ ကဘောက်တိ ကဘောက်ချာ မေးကြပြောကြလွန်းတော့ လွှတ်တော်စကားမဟုတ်တော့ဘဲ တောထဲကလွတ်လာသူများ ပေါက်ပန်းဈေး ပြောသလို ဖြစ်နေပြီ။ နောက်တခါတွေ့ရင် နံပြား၊ ပလာတာ ရိုက်နည်းစာအုပ် လက်ဆောင် ပေးမယ် စိတ်ကူးတယ်။
    မေး။။ ဘာလုပ်ဖို့လည်းဗျ၊ ဦးကြောင်ကြီးကို သွားမနောက်နဲ့နော်။ နောက်တနေ့မနက် မျက်နှာသစ်စရာ ဦးခေါင်းမရှိဘဲ ဖြစ်သွားမယ်။
    ဖြေ။။ အတည်ပြောတာကွဲ့၊ ဦးသတိထားမိတာ လွှတ်တော် ဥက္ကဋ္ဌဂျီး ဆုံးဖြတ်ချက်တခု ချပြီးလို့ တဒုံးဒုံးနဲ့ တူထုအချက်ပေးတာ နံပြား၊ ပလာတာ ရိုက်တဲ့သူလောက် စတိုင်မကျဘူး။ နှစ်ယောက်စလုံး ထိုင်တာနဲ့ ထာတာပဲ ကွာတယ်။ ထွက်လာတဲ့ အသံခြင်းကြတော့ တခြားစီဟေ့။ ဟိုကောင့်လိုသာ စတိုင်မလိုင်ထုတ် ရိုက်နိုင်ရင် ဒို့ ဥက္ကဋ္ဌဂျီး ဂုဏ်တက်တာပေါ့။။။
    မေး။။ အဲလောက်တောင် စေတနာထားတယ်..လား။ (ကျွန်ုပ်လည်း မေးရင်းမေးရင်း ကျောချမ်း လာသဖြင့် အမြန်ဆုံးဖြတ်ရန် ပြင်ရလေသည်။ သူက ကိုစားလယ် အလွန်ဆုံးဖြစ် ရာထူးပြုတ်ယုံ၊ ကျနော့် အတွက်တော့မူ လွတ်လမ်းမမြင်။။ ဤကား စကားချပ်) အခုလိုအချိန်ပေးတာ ကျေးဇူးအထူကြီး တင်ပါတယ် အန်တယ်။။။
    ဖြေ။။ အန်.. ငါက အခုမှ စမလို့ အင်ထရိုဝင်နေတုန်း ရှိသေးတယ် မင်းဟာက ပြီးတော့မယ်လား။ နေပါအုံး အမေးအဖြေလုပ်ရတာ အစည်းအဝေးခန်းမထဲမှာ ငိုက်မြည်းနေရတာထက်စာရင် အပုံကြီးသာတယ်။
    မေး။။ ချမ်းသာပေးပါ အန်တယ်ဂျီးရယ်၊ အချိန်မှီ တိုက်ပြန်ပြီး စာစီရမှာ မိုလို့ပါ။ သွားခွင့်ပြုပါအုံး။။။။ 😮

    မှတ်ချက်။။ ကျနော်လည်း တိုက်ပြန်ရောက်လျင် စာကြမ်းရိုက်ပြီး အယ်ဒီတာဂျုတ် ဥဒဏ်ဆိုသူထံ တင်ပြသည်။ ထို့နောက် တက္ကဆီငှား အိမ်သို့အမြန်ပြန်၊ အထုပ်အပိုးပြင်ကာ ထိုင်းနယ်စပ်ရှိ အွန်လိုင်းမိတ်ဆွေ တရုတ်ကြီး အရက်တအိုးလုသောက် (ဗမာအမည်) အောင်ဘုထံသို့ တောလမ်းမှ ထွက်ပြေးခဲ့ရပါတော့သည်။ 😆

    9 comments

    • ပေါက်ဖော်

      November 9, 2011 at 9:50 am

      ထူးချွန်ထက်မြက်.စာတတ်သော ကိုယ်စားလှယ်တွေ..အကြောင်း..
      စံနမူနာယူထားကြပေလော့……
      ကြောင်ကြီး.ယောင်ပြီး အီအီးပါချရင် ဆေးရခက်မယ်.. 🙄

    • MaMa

      November 9, 2011 at 10:02 am

      ကြောင်ကြီးခံစားချက်တွေ ပြင်းထန်နေတယ်။ Feel မလာရင် ဘာမှ မရေးပဲ ခုရက်ထဲကျမှ လက်သွက်ခြေသွက် တင်နေပါလား။

    • forever

      November 9, 2011 at 11:37 am

      ချုပ်ကြောင်ကြီး ရဲ. ကိုရေးမကျယ်ကို
      ဖတ်လိုက်တာ အမျိုးမတော်စပ်တဲ.မပုတင်နဲ.
      ခလေးသုံးယောက်တောင် ဘယ်လို ကြောင်သွက်လိုက်သည်မသိ

    • small cat

      November 9, 2011 at 11:40 am

      ဒယ်ဒီကြောင်ရေ တားတာဖို့အမေရီးကားက မော်ဒလယ်လေးတစ်ယောက်ရှာပြီးပို့ပေးပါဂျာ။

    • Gipsy

      November 9, 2011 at 12:58 pm

      ဂလိုဆို အနော့်အတွက်လဲ တစ်ယောက် ပို့ပေးပါ . .

    • ကိုရင်စည်သူ

      November 9, 2011 at 3:11 pm

      အိုင်ပီကြောင်ကြီးက ချင်းမိုင်က
      ရုက္ခစိုးနဲ့များ အမျိုးတော်လားမသိဘူး… 🙄 🙄

    • Shwe Ei

      November 9, 2011 at 3:28 pm

      အုတ်ကထဂျီးရဲ့ ဂုန်ပုတ် တွေကလဲ လေးစားအားကျရွံကြောက်စရာဂျီးဒွေ။ 😉

    • windtalker

      November 9, 2011 at 8:17 pm

      ဟီးဟီးဟားဟား ဆိုပြီး ထရယ်မိလို ့
      ထိုင်နေတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်လုံးက ဘုကြည့်ခြင်းကို ခံလိုက်ရပါသည် ။

    • Don Juan Ronald

      November 9, 2011 at 8:45 pm

      တော်တော် မာပြီးမွှေးတဲ့ ကြောင်ကြီး ပါလား ?

    Leave a Reply