စေတနာကို ပေတရာမှာ ချနင်းသူများ – ၂
ဆိုက်ကားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အမျိုးသမီးကို ဆိုက်ကားခပေးလိုက်ရတော့ အောင့်သီးအောင့်သက်နဲ့ ။ ပါးစပ်က ပြောမထွက်သော်လည်း ကျလိကျလိဖြစ်ကာနေပါတော့တယ် ။ သော့ဖွင့် ၊ တံခါးဆွဲဖွင့်ရုံရှိသေးတယ် အလိုက်မသိတဲ့ အမျိုးသမီးက ဆွေ့ခနဲ ခုန် ပေါ်အခန့်သား ၊ ကျွန်တော်လည်း ဆေးခန်းဖွင့်ဖွင့်ချင်း စိတ်အနှောက်ယှက်မဖြစ်ချင်လို့ အလိုက်မသိတဲ့ လူပါလားဆိုတာပဲ စိတ်ကတွေးပြီး လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့တယ် ။
နေ့တိုင်းတံမြတ်စည်းလှည်းတာတောင် ဖုန်အလိမ်းလိမ်းကနေ့တိုင်း ကြိုဆိုလို့နေတယ် ။ ဒီနေ့တော့ ကျွန်တော့်အတွက်ကံဆိုးခြင်းပါပဲ ။ မင်းပဲ ဗိသုကာ ၊ မင်းပဲ ဆရာဆိုတဲ့အ တိုင်း တံမြက်စည်းလှည်း ၊ မှန်သုတ် ၊ ခုံတွေ သပ်သပ်ရပ်ရပ်လုပ်ရတာ ကျွန်တော့တာဝန်ပေါ့ ။ ဒီနေ့ကျမှ ကျွန်တော်ကလည်း သာမန်အချိန်ထက်စောနေတာက တကြောင်း ၊ တခြား လူနာတွေ မရောက်သေးတာက တကြောင်းနဲ့ ထိုအမျိုးသမီးနဲ့ ကျွန်တော် နှစ်ယောက်ပဲ ဆေးခန်းမှာ ရှိပါတယ် ။ စမ်းသပ်ကုသလို့ ရပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ ပါးစပ်က စက်သေနတ်ထက်ကြောက်ဖို့ကောင်းသားဗျ ၊ တော်ကြာ ဆေးကုတာကို မဟုတ်တရုတ်တွေလျှောက်ပြောလို့ ချည်ပြီး တုပ်ပြီး ယူခိုင်းနေလျှင် ခက်သားလားဗျာ ။ ကျွန်တော်တို့ ရှေးစီနီယာတွေပြောဖူးတဲ့ ကြားဖူးနားဝတွေကရှိနေတာကြောင့် တစ်ယောက်တည်း ဖြစ်နေချိန် အခန်းတွင်းကို လူနာ မဝင်ခိုင်းပါဘူး ။ အပိုဆုနဲ့အတူ နာမည်ဆိုးပါ ကျန်ခဲ့နိုင်တာကြောင့် အနေထိုင်ဆင်ခြင်ရပါတယ် ။ ဒါကြောင့်လည်း မိစွာကို ဘေးမှာအဖော် ခေါ်ထားရတာပေါ့ဗျာ ။
ထိုအမျိုးသမီးကလည်း တစ်ယောက်တည်းပေမယ့် ခြင်္သေ့လို့ဆိုရမယ်ဗျ ။ တောင်ကြည့်၊ မြောက်ကြည့်နဲ့ သူ့မျက်လုံးစိမ်းတွေက လူမကြောက်သူအဖြစ် သိသာစေတယ်ဗျာ ။ လူနာကို အရှေ့မှာ တယောက်တည်းသာ ထားရတယ် ကျွန်တော်တို့ ပစ္စည်းမသွားမှာကလည်း စိုးရသေးတယ်ဗျာ ။ တချို့လူတွေ လက်ရဲ ဇက်ရဲ ရှိတတ်ကြလို့ ၊ လိုက်ကာ အကွယ်ကနေ ခဏခဏချောင်းကြည့်ရသေးတယ် ။ သူကလည်း တောင်ကြည့်မြောက်ကြည့်နဲ့ပေါ့ ။ ခဏကြာတော့ အသံရှည်ဆွဲကာ အီးအီးပေါက်တာ ကြားလိုက်ရပါတယ် ။ ဘေးပြတင်းပေါက်မရှိတဲ့ဆေးခန်းထဲ အီးနံလွင့်လာတာနဲ့ နောက်ဖေးဘက် တံခါးပေါက်ဆီ ထွက်ကိုပြေးရတော့တာပဲ ။
ဒီအမျိုးသမီးဆေးခန်းမှာ စောင့်နေချိန်တိုတောင်းပါလျှက် ဆယ်ကမာ္ဘလောက်စောင့်ရတယ်လို့ ကျွန်တော်ထင်မိတယ် ။ လူနာကြည့်ပေးလိုက်လျှင် ပြန်သွားမယ်သိလျှက် စီနီယာတွေမှာထားတဲ့အတိုင်း ကျွန်တော်တယောက်တည်း လူနာနဲ့ မနေပါဘူး ။ ခဏကြာတော့ ကျေးဇူးရှင်လို့ ခေါ်ရမယ့် လင်မယား နှစ်ယောက်နဲ့ သား အဖနှစ်ယောက် စုစုပေါင်း လေးယောက် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဝင်လာပါတယ် ။ ကျွန်တော်မျက်နှာထွက်ပြ ၊ နေရာထိုင်ခင်းပေးပြီး ကူလုပ်ပေးမယ့် မိစွာကို အဝေးကပဲ လှမ်း မေတ္တာပို့မိလိုက်တယ် ။ ခလုတ်တွေ အကြိမ်ကြိမ်တိုက်မိပြီး ရောက်ရာနေရာက ပြန်ပြေးလာအောင်ပါ ။
ထပ်ရောက်လာတဲ့ လူတွေကို နေရာပေးရင်း ဘယ်ကစလုပ်ရမှန်းမသိသလိုဖြစ်နေပါတော့တယ် ။ အရင်ကဆို အဆင်သင့်လေး လူနာကြည့်ရုံပါ ။ ကလေးနဲ့ လူတွေပါတဲ့အခါဆေးခန်းက အလှတင်ထားတဲ့ ပ စ္စည်းတွေ ဆွဲချပါရောလား ။ အဆင်သင့်စားဖို့သောက်ဖို့ဝယ်ထားတဲ့ ပစ္စည်းတွေ လျောကျလိုကျ ၊ မုန့်ပုံးကြီး လက်ညှိုးထိုးပြီး စားမယ် အော်တဲ့ ကလေးကအော်နဲ ့ ကျွန်တော် တစ်ယောက်တည်း ပျားတုပ်လို့နေပါတော့တယ် ။
မျက်စိလျှင်တဲ့ လူနာတစ်ယောက်စ နှစ်ယောက်စကတော့ ကုန်သွားတဲ့ ဆေးဗူးအလွတ်တွေ ဗီဒိုထောင့်မှာ အိတ်တလုံးနဲ့ စုပြုံထည့်ထားတာကို ဖွနေလေရဲ့ ။ ကျွန်တော်တို့သောက်ဖို ့လုပ်ထားတဲ့ အခန်းတွင်းက ရေသန့်ဗူးကြီး လက်ညှိုးထိုး ရေတောင်းတဲ့ လူကလည်းတောင်းနဲ့ ကျွန်တော်တော့ ထွက်ကိုပြေးချင်တော့တာပါပဲ ။
မိစွာ မိစွာ ဒီအချိန်မှာ ဒင်းရှိနေသင့်တာ ။ လူတစ်ယောက်တန်ဖိုး မရှိတဲ့အခါမှ သိသလိုပါပဲ ကျွန်တော်တစ်ယောက်တည်း လူအစုံကြားထဲ စိတ်ရှုတ်လို့သာနေပါတော့တယ် ။
ရေတောင်းသောက်တဲ့ လူနာကိုရေမတိုက်ပြန်လျှင်လည်း မကောင်း ၊ တိုက်ရအောင် ကျွန်တော်တို့ သုံးတဲ့ ခွက်ကိုလည်း မပေးသုံးချင်ပြန် ၊ အခက်တွေနေပါတော့တယ် ။ (တကိုယ်ရေ သန့် ရှင်းရေးကို အလေးထားသောကြောင့်ပါ ) ။ ဖွနေတဲ့ ဆေးဗူး အလွတ်တွေကို ကြည့်ပြီး ဆရာ တဗူးလောက် ၊ အိမ်မှာ သုံးချင်လို့ ဆိုတဲ့ လူကလည်းရှိသေးတယ် ။ တဗူးလို့သာ ဆိုတာရယ် သူကိုင်ထားတာ အနည်းဆုံးသုံးဗူးလောက်လေ ။ ကျွန်တော့်အတွက် ကုန်ပြီးသား ဗူးခွံတွေက အသုံးမဝင်တော့ပါဘူး ဒါပေမယ့် မိစွာကတော့ ဗူးခွံပုလင်းခွံကအစ အလေလွင့်မရှိအောင် သိမ်းတတ်တယ် ။ အားတဲ့အခါ ပုလင်းခွံလေးတွေ တိုက်ချွတ်ဆေးပြီး ဆီးစစ်တဲ့အခါ ပြန်သုံးလို့ရတယ်လို့ပြောပြီး သူက သိမ်းတယ် ။ ဆေးဗူးအကြီးတွေကိုလည်း တချို့ လိုအပ်တဲ့ လူတွေ ဟင်းရည်ထည့်ချင်တဲ့အခါမျိုး သုံးနိုင်အောင် သူပေးပါတယ် ။ မုန့်ပဲ သရေစာ ၊ သကြား လိုပစ္စည်းမျိုး ပုရွက်ဆိတ်မတတ်အောင် ထည့်သုံးတတ်သလို ၊ အပ်ချည်လုံးလေးတွေ ၊ အပ်လေးတွေကိုလည်း ထည့်သိမ်းတတ်ပါသေးတယ် ။ ဒါတင်မကဘူး ကျွန်တော်သိအောင်ရော ၊ မသိအောင်ရော ဆေးခန်းက ပိုက်ဆံလေးတွေခေါက်ပြီး ကြုံသလို ဗူးထဲထည့်ထားတတ်ပါသေးတယ် ။ ဘာလုပ်နေတာလဲ မေးလျှင် ခပ်တည်တည်နဲ့ သူ့ပိုက်ဆံဗူးတဲ့လေ 😀 မိန်းမတွေများ တယ်လည်း အကွက်ကျတယ်လို့ ပြောလျှင် ရယ်ဖြီးဖြီးနဲ့ မသိချင်ယောင်ဆောင်နေတတ်တယ် ။
” ဘာလုပ်နေတာလဲ ငုတ်တုတ်ထိုင်ပြီး ” မိစွာ အသံကြားမှ ကျွန်တော် အတွေးတွေ ရပ်သွားတော့တယ် ။ အားတတ်သလိုဖြစ်လာပြီး ဝမ်းသာသွားတော့တယ် ။ မိစွာအပေါက်မဆိုးမရိုင်းသော်လည်း ဇိုးခနဲ ဇက်ခနဲ ပြန်ပြောတတ် တာကြောင့် ကျွန်တော်ထက် သူ့ကို လူတွေ နည်းနည်း ဖြုံကြတယ် ။ ကျွန်တော် တယောက်တည်းတုန်းကလို မဟုတ်ပဲ မီးခဲရေနဲ့ ငြိမ်းသလို အားလုံး တိတ်ဆိတ်သွားတော့တယ် ။ ပြစ်တောက်ပြစ်တောက်မိစွာက ပြုတ်ကျနေသော အလှတင်ထားတဲ့ ပစ္စည်းတွေကို ပြန်ကောက်ပြီး ပါးစပ်ကလည်း ” တကတည်း မပြောချင်တော့ဘူး ၊ ကမာ္ဘပျက်နေတာပဲ ” ဟု ညည်းပြန်တယ် ။
ခုဏက ကြူကြူပါအောင် လွန့်လူးရင်း ဟိုဆွဲချ ၊ဒီဆွဲချ လုပ်နေသော ကလေးရော ကလေးအမေပါ အသံတိတ်နေကြတော့သည် ။
(ဆက်ရန်)
17 comments
Moe Z
November 9, 2011 at 4:50 pm
အဲဒီမိစွာဆိုတာ မetone ကိုစောင်းပြောတာတော့မဟုတ်ပါဘူးနော်
ပုံစံတူနေသလားလို့ 😀
nozomi
November 9, 2011 at 5:02 pm
မိစွာ ကောင်းကြောင်းကတော့ ဒေါက်တာ သိမှာပါ၊ မိစွာ မကောင်းတာလေးတွေ နဲနဲ ဖွပါဦး ဒေါက်တာရဲ့
AKKO
November 11, 2011 at 8:25 am
မပြောရဲပါဘူးဗျာ ဒီအတိုင်းတောင် လှိမ့်ပြီး ရန်တွေ့ခံနေရတာ သူ့အကြောင်းများပြောလို့ကတော့လေ နေစရာတောင်ရှိမှာမဟုတ်ဘူး ပါးစပ်သေနတ်ထက် လက်ကလည်းမြန်တယ် ။ 😛
ဆူး
November 9, 2011 at 5:18 pm
ဆရာ..
ဆရာ အဖော်လိုနေပြီ.. မိစွာ လို အဖော်ကောင်း တယောက်ပေါ့.. အမြန်သာ အနားခေါ်ထားလိုက်တော့ မျှော်ရတဲ့ ဘဝက ဝေးအောင်.. ခိခိ.. 😀 :)) 😛
ပေါက်ဖော်
November 9, 2011 at 5:27 pm
ငဇာရေ..အန်ကယ်ချောလို ဖောက်ခွဲရေးသမားတစ်ယောက် ဒီပို ့စ်ထဲ ပါသဟ..
အီးဗုံး..နဲ ့ဖောက်တာ..
မိစွာနဲ ့..မိတုံနဲ ့ ပေါင်းလိုက်ရင်တော့..ဆရာ..အငြိမ်ပဲ ..နှပ်လို ့ရပြီ
🙄
ကိုရင်စည်သူ
November 9, 2011 at 5:35 pm
အိုင်ပီဒေါက်တာ အောင်ကျော်ကျော်ဦး (ဦးကြောင်ကြောင်အော်)ရေ..
ဂွင်းဆက်လေးတွေ ချိတ်ကြည့်တာ… နာစ်မလို့ ထင်တာ…
နောက်မှ မြိုင်မဟာမအုံတိလေး ဖြစ်နေသကိုး… 😀 😀 😀
အိုင်ပီရေ.. ကိုရင်က တော်တော်လျှော်တဲ့လူပဲ… (အဝတ်ကိုယ့်ဘာသာလျှော်ရတယ်ပြောဒါ)
😛 😛 😛
windtalker
November 9, 2011 at 7:11 pm
ဒေါက်တာ အက်ကို ရဲ ့မရှိမဖြစ် တုံစွာ လေး ပေါ့ ဗျာ
etone
November 11, 2011 at 3:14 pm
တုံစွာစိကို
လာလာရိလျှင်
နာနာသိအောင်
မာလကာသီးကျွေးချင်တယ် .. ဟီးဟီး ။
ဘာရယ်မဟုတ်ဘူး … ပါးစပ်ထဲရှိတာ လျှောက်ရေးတာ ….
—————-
(နားနားပြီးဖွ ကိုယ့်လူရေ … ဟွန်း 😡 )
pooch
November 9, 2011 at 7:44 pm
ကြည့်ရတာ ဒီစုံတွဲက နတ်ဖက်ထားတာနေမှာ … ဒါမျိုးကမှ ပါရမီဖြည့်ဖက်စစ်တာ…
တယောက်က အနေအေးတော့ တယောက် က သွက်တယ်….
တီချယ်တခါက ပြောဖူးတယ် တီချယ်က ကျောင်းက တပည့်ဆရာမ များကို မုန့်တို့ လက်္ဘရည်တို့ ကို ကျွေးတယ် စားပြီးရင် ကျေးဇူးတင်တယ်ဆိုတဲ့ စကားတခွန်းကိုတောင် မပြောတဲ့အပြင် ဒီအတိုင်းထားသွားတယ် တီချယ်ကတောင် သူတို့ စားပြီး သောက်ပြီးတဲ့ ပန်းကန်ကိုတောင် ဆေးရတယ်တဲ့…
အတန်းထဲမှာ Take for granting ဆိုတဲ့ စကားလေးကို ရှင်းပြတုန်းကထင်တယ်
အလကားရရင် အရေကျိုသောက်တယ်… တန်ဖိုးမထားဘူး…. အဲ့ဒါ လူတော်တော်များများရဲ့ အကျင့်တဲ့..
AKKO
November 11, 2011 at 8:54 am
pooh ရေ နတ်ဖက်သလား မဖတ်သလားမပြောတတ်ခင် မိစွာသွားလို့ဗေဒင်ဆရာဆီယောင်လည်လည်ပါသွားတိုင်း ဘုရားပေးတဲ့ လူလို့ပဲ လွှတ်ဟောနေတာ 🙁 မိစွာက ကျွန်တော့်ကိုလည်း ဘုရားပေးတဲ့ လူလို့ ပြောပြီး မြှောက်မြှောက်ပြီး ညာခိုင်းနေတာ သိသိနဲ့ ငြင်းမရပါဘူး 😀
သူက ဗေဒင်ခန်းတော်တော်များများ ရောက်ဖူးတယ်လေ ။ ဗေဒင်မယုံဘူးဆိုပြီး စမ်းသပ်ချင်လို့ သွားပါသတဲ့ 😀
naywoonni
November 9, 2011 at 9:57 pm
တော်သေးတာပေါ့ စွာစိ အရောက်မြန်ပေလို့….။ နောက်စောစောမသွားနဲ့ပေါ့….။ စွာစိကိုလည်းစောစောလာခိုင်း…။ ဒါမှမဟုတ်ရင် စွာစိကို ဘယ်နေရာကနေစောင့်ဆိုပြီးချိန်းထားပြီးမှဆေးခန်းထဲအတူတူဝင်…….. မကောင်းဘူးလား
MaMa
November 9, 2011 at 10:08 pm
ဒေါက်မလာသေးခင် တိုင်ပတ်နေတဲ့ပုံကို မျက်စေ့ထဲမြင်အောင် ပုံဖော်နိုင်ပါပေတယ် ဒေါက်တို ရယ်။ 🙂
(သူမပါရင် မဖြစ်မှန်း သိလျှက်နဲ့ စွာစိလို့လည်း နာမည်ဖျက်ထားသေးတယ်။) 😛
AKKO
November 11, 2011 at 9:06 am
တိုင်ကတော့ ဘာပတ်သလဲ မမေးနဲ့ မမရေ ။ ဂွတီးဂွကျတွေနဲ့ချည်း ဆုံနေရတယ် ။ သေချင်လို့ ဆိုပြီး လာတဲ့ လူကလည်းရှိသေးတယ် နောက်တပိုင်းတွေကျ ရယ်လည်းရယ်ရတဲ့ အဖြစ်ပျက်လေးတွေပါပါဦးမယ် ။
ဟီး 😛 ဟုတ်ပါ့ မရှိမဖြစ်လို့ ကြိုက်သလိုနေဆိုပြီး ခေါ်ထားရတယ် ။ တယောက်တည်း ခဏခဏ တိုင်ပတ်လို့ 😀
ကြောင်လတ်
November 9, 2011 at 10:26 pm
ကိုကိုဒေါက်တာကကြောင်အဖွဲ့ထဲဝင်လိုက်ပါလားဗျ ၊ကြောင်ကနှစ်ကောင်တောင်ဆိုတော့ တွင်ကက်လို့နာမည်လေးပေးလိုက်ပေါ့။
မိစွာတေးရဲ့ အသုံးဝင်ပုံလေးတွေ ဆက်ရေးပါဦး။
small cat
November 10, 2011 at 7:41 am
စေတနာကို
ပေတရာမှာ ချ အနင်းခံရလို့
ဝေဒနာကို
ကြေညာနေတဲ့
စေတနာဆရာရေ။
သေချာတာကတော့
ဖြေစရာကို ရှာကြံတွေးရင်
နေစရာနေရာလေးဟာ
ဝေဒနာတွေ ဝေးတဲ့
“စေတနာ ဂေဟာ” လေး ဖြစ်လာမှာပါ။
ကြောင်ကြီး
November 10, 2011 at 12:15 pm
မိစွာ မာဆွိ
အရာရှိ
လာမကြည့်
ပြာ၏၊
အာမထိ
လျှာမထိ
စွာစရာမရှိ
နာဘိ။။။
Shwe Ei
November 11, 2011 at 10:34 am
ဖတ်ရတာနည်းနေသလိုဘဲ ဒေါက်တာရယ်။ များများရေးပါ။ မစွာတေး အကြောင်းက ကောင်းခန်းမရောက်နိုင်ဘူးဖြစ်နေတယ်။ (talking ပစ် တဲ့အခန်းလေ)