စာပေတော်လှန်ရေး -၂

ムラカミNovember 10, 20112min32519
သူသည်..
Pae & Brothers စာပြတိုက် တံခါးကို ခပ်ပြင်းပြင်းဆွဲဖွင့်လိုက်သည်..
တံခါးကို ခြေနှင့် ကာထားရင်းစာအုပ်ထုပ်တုပ် ဆွဲချလာသည်။
ဒါဆို သူ သားကောင်တွေ့လာသည့်သဘော ...ကိုပေ သူ့ကို ကူရန် ထလိုက်သည်
ရုတ်တရက် ခါးက တချက် မျက်ကနဲ ဖြစ်သွားသည်
အော် ..အသက်က စကားပြောသည်ကိုး....



သူကတော့ သန်တုန်းမြန်တုန်း ...
ခုမှ အသက် ၄ဝကျော် ... မျက်မှန်တပ်ထားရသည်မှ လွဲလျင် အရွယ်တင်သည်
ဆိုနိုင်သည် အင်းလေ... စာပေတော်လှန်ရေး လုပ်တုန်းက သူက
တက်ကြွတဲ့ လူငယ်လေးပဲကိုး .... ခုတော့ အတော် ရင့်ကျက်နေပြီ...
ဟုတ်ပါသည် ..သူဆိုသည်မှာ Classical Book hunter ဂိုင်း ကို ဆိုလိုပါသည်။..



တော်လှန်ရေးကာလတုန်းက သူသည်လည်း အာဖျံကွီး စာပေများ
အရေးကောင်းခဲ့သူ ဖြစ်သည် ..ထေ့လုံးလေးများ ရိလုံးလေးများနှင့်
စာရေးဆြာ အချင်းချင်း ကပ်ကပ် ဖဲ့တတ်သော ကလောင် အင်ဇာဂီဖြစ်သည်
ခုတော့ စာမုဆိုးဘဝဖြင့် သူဖဲ့ခဲ့သော သူတို့၏ စာပေများကို လိုက်လံချောင်းမြောင်းနေသူ
ဖြစ်သည် အော် ဘဝသံသရာ နှယ်။ 

ဘယ့်နှယ့်လဲ ခွင်ကြီးကြီး မိထားတယ်ပေါ့။
ကိုပေ ပဒိတ်သံဒါယ ပြုသည်။
ဂိုင်း။ ကဲ ဈေးပြော ကပေရေ့။ သည်မှာ
ဒါ့ပုံပညာဆိုင်ရာ ဆောင်းပါးပေါင်းချုပ် အတွဲ ၁ အခြေခံ ကနေ
အတွဲ ၅ အဆင့်မြင့် အထိ ဝမ်းဆက်
ပေ။ ဟာ .... ဒါ တကယ့် ကလပ်စစ်ကယ်လ်ပဲ ..
       မင်း ဘယ်ကရတာလဲ
ဂိုင်း။ စာရေးသူ အိမ်ကပဲဗျ။
ပေ။ ကိုစိန်သော့နဲ့ တွေ့ခဲ့တယ်ပေါ့ မင်း ..
ဂိုင်း။ ဆိုပါတော့..
စိတ်မပါဟန်ဖြင့် ဂိုင်း ဆေးလိပ်ထုတ်သောက်နေသည်။
ပေ။ ငါ့ရေးဖော်ဟောင်းကြီး နေကောင်း ကျန်းမာရဲ့လားကွ။
      ဘယ်မှာနေတာတဲ့တုန်း ဘာတွေ လုပ်စားနေတုန်းကွ။
ကိုပေ စိတ်ဝင်တစား မေးကြည့်သည်။



ဂိုင်း။ သည်မယ်ကိုပေ ... အဲ့ဒါ ကျုပ်ကိစ္စ ခင်ဗျားကိစ္စက
       သည်စာအုပ်ကို ဈေးဖြတ်။
မေးမိတာ မှားပီ ဖြစ်သည်။ တကယ်က မေ့လို့ မေးမိတာ...
သူ့အကျင့်က သည်တိုင်းပင်ဖြစ်သည် ။ သူသည် စာပေတော်လှန်ရေးက
စာရေးဆြာ အတော်များများနှင့် အပြင်မှာ personal ပိုင်းအရ သိသည်။
ထိုသူတို့၏ ကလပ်စစ်ကယ်လ်များကို ရအောင် ဝယ်ယူနိုင်စွမ်းရှိသည်။
ထို့နောက် ပုံမှန်အားဖြင့် မိမိဆိုင်တွင်သာ လာရောက်ရောင်းချတတ်သူ
ဖြစ်သည်။ ထို စာရေးဆြာတို့၏ ကိုယ်ရေးကိုယ်တာ ကို စိတ်မဝင်စား...
မေးလျင်လည်း မကြိုက် ဘယ်တော့မှ ပြန်မဖြေ။ ဒါကတော့ သဘာဝကျပါသည်
စာအုပ်တိုက်များမှ စာရေးဆြာများနှင့် တိုက်ရိုက်သာ ဆက်ဆံရလျင်
သူတို့ စာမုဆိုးတွေ ဈေးကွက်ပျောက်မှာပေါ့ ။



ဒါတင်မကသေး။သင်းက ဈေးကွက်အထှာ လည်းနပ် သေးသည်။
ရှားပါးသော စာများကို ရအောင် ရှာနိုင်သလို ဈေးကြီးကြီးဖြင့်လည်း
ပြန်ရောင်းတတ်သူဖြစ်သည်။ တခါတရံ ဆိုင်တွင် တင်ရောင်းခိုင်းပြီး
percentage သာ ဆိုင်ကိုပေးတတ်သူဖြစ်၏။
ဟုတ်သည်။ သူစိတ်ဝင်စားတာ ပိုက်ဆံ သာဖြစ်သည်..




ပိုက်ဆံကြောင့်သာ စာမုဆိုးအလုပ်ကို မက်မက်စက်စက်
လုပ်နေခြင်းဖြစ်သည်။ မြိုးမြိုးမြတ်မြတ်ရတာကိုး ...
ခုပဲကြည့် သည်စာစုကို ဘယ်လောက်နှင့်ဝယ်လာသလဲ မသိ
ဈေးကွက်အရဆိုရင် သည်စာစုတွေသည် ဒေါ်လာ သိန်းဂဏန်းရှိသည်




ပေ။ ဒေါ်လာ ၂သိန်းခွဲပေးမယ်ဗျာ ..
ဂိုင်း။ ကပေ အချင်းချင်း အဲ့လိုမလုပ်နဲ့လေ ..ခင်ဗျား ရသိန်းနဲ့အထက်
        ရောင်းလို့ရတာ ကျုပ်သိနေတယ်။
ပေ။ ရသိန်းရချင်ရမယ် မောင်ရင် ဒါပေမယ့် ဒါဘယ်လောက်ကြာမှထွက်မယ်
       မသိနိုင်ဘူး သိပ်ငွေအိပ်တဲ့အလုပ် ဒါ့ကြောင့် သည် risk အတွက် မောင်ရင့်ကို
       သည်လောက်ပဲ ပေးနိုင်တာ...

ဂိုင်း။ ကောင်းပီလေ ဒါဆိုလည်းမရောင်းတော့ဘူး....သည်risk ကို ကိုယ့်ဟာကိုယ်ပဲ
       ယူတော့မယ် ..
ပေ။ ဟာ ..နေဦးလေ ..ဆွေးနွေးပါဦးကွာ။
ဂိုင်း။ ဟင်းဟင်း .... သည်စာတွေက ကျိန်းသေစွံမယ့် ဟာဆိုတော့
        ဘယ့်နှယ့် လက်မလွှတ်နိုင်ဘူးမလား...
ကပေ သက်ပြင်းကိုမျှင်း၍ချသည်..ဟုတ်သည် ..သူလက်လွတ်မခံချင်ပါ
သူ့မှာ ၃မွှာတပူး ၂မွှာ ၂ပူး သားသမီး ရယောက်နှင့် စီးပွားရေးက
သိပ်ချောင်လည် လှတာမဟုတ်။ သို့သော် သည့်ထက်ပို၍လည်း သူမတတ်နိုင်ပါ
ဂိုင်း။ ထုံးစံအတိုင်း လုပ်တာပေါ့ဗျာ ..ဒါဆိုလည်း
စာအုပ်တင်ရောင်းပေးမည် ရောင်းရငွေ၏ ၁၀%ကို ဆိုင်ကရမည် ဖြစ်သည်





ပေ။ ၁၅% တော့လုပ်ကွာ ...
ကပေ ဈေးဆစ်ကြည့်သည်။
ဂိုင်း။ မရဘူး ကိုယ့်လူ ၁၀% ပဲ ...ကိုယ့်ဆြာကို ခင်လို့အရင် ဝင်လာလိုက်တာနော်
       ၁၅% ဆိုရင်တော့ Black & Beauty မှာပဲသွားတင်လိုက်တော့မယ်..
ကပေ ချွေးပြန်ရပြီ ..ဒါသူ့ပြိုင်ဘက်ဆိုင် ..ဟိုကောင် သက်သက် ပျော့ကွက်
နင်းခြင်းဖြစ်သည်။ သူလက်လွတ်မခံနိုင်ပါ



ပေ။ ကောင်းပြီကွာ ဒါဆိုလည်း ထားခဲ့...
       ငါကပဲလျော့ပေးပါ့မယ်ကွာ။
ဂိုင်း။ အိုခေ ကိုပေ ။
ပေ။ မောင်ရင့်နှယ့် ဘာကြောင့်များ လောဘဇော တိုက်နေရတာတုန်း
       တကိုယ်တည်း သမား က ကိုယ့်လိုလည်း သားသမီး ရယောက်ရှိတာလည်းမဟုတ်ဘူး


ဂိုင်း ရယ်နေသည် ဘာမှပြန်မဖြေ။ ဒါကိုက သူ့အကျင့်..
သူသည် သူ့အကြောင်းသူလည်း သိပ် ဖွင့်ပြောတတ်သူမဟုတ်ချေ။
တော်လှန်ရေးကာလမတိုင်မီက မမကြီးတယောက်နှင့် ချစ်ကြိုက်ပြီး အသဲကွဲဖူးသည်
ဟု သတင်းသန့်သန့်ကြားဖူးသည်။ ထို့နောက် အချစ်ကို စိတ်နာ၍လား မဆိုနိုင်
တသက်လုံး တကိုယ်တော် နေသွားတော့သည်။ သတင်းအတိအကျတော့မဟုတ်
မူကွဲတခုကမူ သူ ငယ်ငယ်ကတည်းက တဖက်သတ်ကြိုက်ခဲ့သော မင်းသမီး လက်ထပ်သွားသောအခါ
သူ့ဂစ်တာနောက်ကျောဝယ် i Killed pay ti U ဟု သတိုးသားနာမည်ထွင်းထုထားသည်ဟု
ဆိုကြသည်။ ယခု နှစ်ကြာလာတော့ ထိုမင်းသမီးမှ မွေးသော ချာတိတ်မလေးကို
တင်တောင်းရန် ငွေစုနေတာ ဖြစ်မည်ဟု ဆိုကြသည်။
မည်သူမှ ရေရေရာရာ မပြောနိုင်ချေ။ mystery Guy ဖြစ်သည်


သို့သော် ကပေနှင့် သူ တူသောအချက်မှာကား သူများစာတွေသာ
လိုက် hunt နေသော်လည်း ကိုယ်ပိုင်စာများကိုတော့ အထိမခံသောအချက်ဖြစ်သည်။
သူကတော့ ကပေ့လို ဈေးကောင်းရအောင် သေမှ ထုတ်ဖို့ မဟုတ်။
စာရေးတဲ့အကျင့်ကို မြေမြှုပ်ပစ်လိုက်ပီ ဟုတခါက ဖွင့်ဟဖူးသည်။
ထို့ထက်ပိုပြီး သူ့စာတွေအကြောင်း အမေးမခံတော့။
ပေ။ ဂိုင်းရေ Mandalar Gandawin Enterprise (MG) ကကျင်းပမယ့်
       seminar အတွက် ဖိတ်စာရထားတယ်ကွ။ ကိုယ်ကတော့ မတက်နိုင်ဘူးဟေ့။
       ဆိုင်ကတဖက်နဲ့ ဆိုတော့။ မောင်ရင်သွားတက်ပါလား။ ရှေးဟောင်းစာတွေ
       နဲ့ပါတ်သတ်ပီး သတင်းအနံ့လေးဘာလေး ရချင်လည်းရမပေါ့ကွာ။
ဂိုင်း။ ကောင်းပြီလေ ကျနော် သွားလိုက်ပါ့မယ်။
သားကောင်နံ့ရသော မုဆိုးနှယ် သွက်လက်စွာဖြေသည် ။
အော် သူလည်း မုဆိုးပဲ မဟုတ်ပါလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

19 comments

  • small cat

    November 11, 2011 at 7:24 am

    ကိုဇာ စူပါမန်း ၁၁ယောက်က ပြီးသွားပြီလားဗျ၊ ဆက်လုပ်ဦးလေ၊

    • MaMa

      November 11, 2011 at 7:54 am

      တပြိုင်နက်တည်းမှာ ဇာ နဲ့ ဂိုင်း လို့ နှစ်ကိုယ်ခွဲပြီး တင်ဆက်နေတာလေ။ 😀

  • ပေါက်ဖော်

    November 11, 2011 at 3:38 pm

    ယောက္ခမတော်လှန်ရေးလေးဘာလေး လုပ်ပါဦး..ကဇာဂီ
    🙄

    • inz@ghi

      November 12, 2011 at 8:57 am

      ယောက္ခမတော်လှန်ရေးကတော့ ယောက္ခမ မရှိသူမို့ မသိပါဆြာ. ..ခညား

  • Shwe Ei

    November 11, 2011 at 3:52 pm

    သူ့ကိုယ်သူကျ စာမုဆိုး classical book hunter, အရွယ်တင် ရင့်ကျက်တဲ့။ အံ့ရော။ လုပ်စားချက်ကလဲ ခွန်နထောင် နဲ့ ခွန်နသိန်း။ နည်းသေးလား နည်းသေးလား။ ဟွင်း ဟွင်း ဟွင်း

    • inz@ghi

      November 12, 2011 at 10:18 am

      ရိတာလား အန်တီ ရွှေအိ …အန်တီ့စာတွေ တားတား လိုက်ဝယ်တဲ့ အခန်းရော ဖတ်ဦးမား??

  • windtalker

    November 11, 2011 at 6:37 pm

    တစ်ကယ့်တစ်ကယ်တမ်းကြ
    ကျုပ် ဘဝနှယ်
    တစ်ပုဒ်သုံးဆယ်
    ကွန်မင့် လေးကျပ် နဲ ့
    လက်လှုပ်မှ
    ကွန်မင့်မြုပ်အောင် ကြိုးစားနေရတာပကွယ်

    • inz@ghi

      November 12, 2011 at 8:57 am

      အဲ့ရာကြောင့် တော်လှန်ရတာပါဆို…

  • Diamond Key

    November 12, 2011 at 10:13 am

    ဒါ့ပုံပညာဆိုင်ရာ ဆောင်းပါးပေါင်းချုပ် အတွဲ ၁ အခြေခံ ကနေ အတွဲ ၅ အဆင့်မြင့် အထိ ဝမ်းဆက် က စာရေးသူ အိမ်က ရတယ်ဆိုတာက ပညာတွေ ကောင်းလွန်းလှတာကြောင့် ဘယ်တူမှ မဝယ်ယူလို့ စတိုထဲ ဂျောင်ပိတ်လိုက်တာ။
    အခုမှ သူ့ ” ပေဗလား ဗာလား” မှာ အရင်းအနှီး မရှိလို့ စာအုပ်တွေ ဟောင်းလောင်းဖစ်နေလို့ စေတနာ ဗလပွနဲ့ ပေးကမ်းလိုက်တာ။
    နေတာကတော့ ဘုရင့်မြို့ အရှေ့အစွန်၊ တောင်စောင်းလေး အောက်က အိမ်မဟာကြီးမှာ အေးအေးဆေးဆေး နဲ့ သဂျီးနဲ့ ခရီးထွက်တုန်းက ဟာလေးတွေပါလို့ ခဏအနားယူ ကာ လိုက်မကျူ စာတွေဆက်ရေးနေတယ်ဗျ။

  • alinsett

    November 12, 2011 at 1:19 pm

    ဖတ်တော့ဖတ်သွားပါတယ်။ စာပေတော်လှန်ရေး..ဆိုလို ့

    • inz@ghi

      November 12, 2011 at 8:57 pm

      ဆြာ အလင်းဆက်ရေ ….
      ကျနော်က အပျော်တမ်း …. ရေးတာပါဗျာ ..
      ဆြာ ဝင်ဖတ်သွားတယ်ဆိုလို့ကျေးဇူးပါ…
      ရွာထဲက လူတွေနာမည်သုံး ရှေ့ကို အနှစ်၂ဝလောက်ရွှေ့ပီး
      နည်းနည်း ကလိတိတိရေးကြည့်တာပါ…

      စာပေတော်လှန်ရေးက မန့်သ့်လေးဂေဇက်က သဂျီးကိုတော်လှန်ကြတဲ့စာဗျ…
      တကယ့်အပြင်က စာရေးဆြာတွေရဲ့ စာတွေကို ကျနော် သည်ဇာတ်ထဲမှာ မဟာဂန္ဓဝင် အဖြစ် သတ်မှတ်ပီး
      (အဲ့သည့်စာတွေ ကိုတော့ ထည့်ရေးရဲလောက်အောင် ပညာ သတ္တိ ၂ခုလုံး မရှိပါဗျား..)
      ကျနော်တို့ ရေးတဲ့ ပေါက်ပန်း၄ဝ တွေကို မော်ဒန်ကလပ်စစ် လို့ သတ်မှတ်တယ် …
      တချိန်မှာ ဒါတွေက ဈေးကောင်းရတဲ့ အနေအထား နဲ့ စိတ်ကူးယဉ်ရေးကြည့်တာပါခင်ည..

      အမှားပါရင် ခွင့်လွှတ်ပါဗျ

    • inz@ghi

      November 12, 2011 at 10:34 pm

      နောင်လာမယ့် အနှစ် ၂ဝ ဆိုတော့
      ဆြာပေါက်ကို လေလောက်တော့ အဆစ်အနေနဲ့ ဖြတ်ထားလိုက်မယ်နော် …

      ခစ်ခစ်..

      ခင်တဲ့
      ဂိုင်း အင်ဇာဂီ…

  • blackchaw

    November 14, 2011 at 1:05 pm

    မှောင်ချော လည်း လေမဖြတ်ချင်သေးဘူး ဂိုင်းရေ။

  • ရာဇဝင်လူဆိုး

    November 14, 2011 at 2:33 pm

    တော်လှန်ရေးဆိုတော့…အင်း…………ဗမာပြည် လွတ်လပ်ရေးပြီးကတည်းက အနားပေးထားတဲ့ ကျနော့် ပညာတွေ ပြန်ထုတ်ရတော့မယ် ထင်ပါ့။ ဒါမျိုးကတော့ တော်လှန်သင့်တယ် ကိုကိုဇာ ရေ……။

  • kai

    November 14, 2011 at 3:14 pm

    မန္တလာဂန္ဓဝင်တဲ့..
    ဂိုင်းတို့က.. နာမယ်ရွေးတတ်တယ်ဟ…။

    • inz@ghi

      November 14, 2011 at 4:26 pm

      သည်လူကြီး မကောင်းဝူးရယ် …
      တားတားကို ဖေ့စဘုတ်မှာ တားတားစာမူ သုံးထားတယ်လေးဘာလေးနဲ့
      သွားဒေါင်းပီး ဖတ်ကြည့်တော့ ဟုတ်တာလည်း မဟုတ်ဝူး
      တလုံးတောင်ပါဝူး …..
      ရင်နာထှာ …..

Leave a Reply