ရယ်သံဩဩကြီး၏နောက်ဝယ် ရယ်သံ စူးစူးလေး က ကပ်ပါလာသည်....
ကြည့်လိုက်မိတော့ မျောက်ညီနောင် ၂ဖော်..
အံမယ် ငယ်စဉ်ကလို ပုဆိုးကွင်းသိုင်း နှတ်ချေး တွဲလောင်းလေးတွေမဟုတ်တော့....
မော်ဒလယ်ကွင်းသိုင်း ...အဟွာ..တွဲလောင်း အဲ့ ...(တာကီလာ ပုလင်းတွေပြောပါတယ်)... ဖစ်နေကြပီ ....
မှော်။ ဟိတ်လူတွေ မူးရင် ကိုယ့်အခန်းပြန်အိပ် အသံဆိုးကြီးတွေနဲ့ လာမနှိပ်စက်နဲ့ သည်မှာ ကျုပ်တို့ အလုပ်လုပ်နေတယ်
တီ။ ဘယ့်နှယ့် ကိုရင်ရဲ့ မတွေ့တာ ကြာမင့်ကို အဲ့လို ချစ်စွာသော ပီယဝါစာ မာလကာ....
စည်။ ကိုကြီး ညီရှင်း မယ် ညီရှင်းမယ် ....သည်မှာဟေ့လူ မှော်ဆြာ ...
မှော်။ ဘာတုန်း ကိုရင်စီ...
စည်။ ကျုပ်တို့ ဂဘာ ပတ်လာ တဲ့ကောင်ဒွေပါဗျ...
ရယ်စရာတွေ့လို့ ရယ်တယ် ဘာဖစ်လဲ....
မှော်။ သည်မှာ သင်္ဘောသီးတွေ ဂဘာပတ်ပတ် အဟွာ ပတ်ပတ် ငါမသိဘူး
ငါသိတာ ယဉ်ကျေးမှု ရှိရတယ်ကွ ...သူများ အလုပ်လုပ်တာ မနှောက်ယှက်ရဘူး..
တီ။ ဘာ ..အလုပ်လုပ်တာ ဟုတ်လား ...မင့် အလုပ်လုပ်တာလဲ ပြန်ကြည့်ပါဦးကွာ ....
မှော်ဆြာ တချက် တွေသွားသည် ...ပြန်လှည့်ကြည့်လိုက်တော့ လားလား .....
ရာဇဝင်လူဇိုး တယောက် ဘယ်တုန်းကတည်းက အိုင်ပက် ချင်သည်မသိ ...
ကမ်းစပ် ကျောက်ဆောင်ကြားမှ ရေအိုင်ကို ရီဖလက်တာနှင့်အပီပက်နေသည်...
အော် ..မူးတော့လည်း ငယ်ဘွ ကို သတိရသည်ထင်ပါ့...
နိဂိမိမှာ ခါးကြားကပုလင်း ကုန်တော့ ပါလေပု ဆီကပ်သောက်ရင်း ထရိုင်ပေါ့နှင့် လှေယိမ်းကနေသည်...
ပါလေပု၏ပါးစပ်ဆိုင်းက သည်ကနေတောင်ကြားရသည်...
ရေစပ်က ပန်ပန် လေးကို လှည့်ကြည့်လိုက်တော့ ...ဟင်.....
ဂါဝန်ရှည်ကြီး ရေတွေဝ ပြီး လှိုင်းတွေက သူ့ကို ပင်လယ်ဘက် ဆွဲချနေသည်ကို ကျောက်ဆောင်ဖက်ပီး
အံတုနေသည်...
ကျန် မော်ဒလယ်များက ရွာထဲမှာ ဒီဘိတ် လုပ်ရတာ အားမရသဖြင့်
ရေဝနေသော စကပ်ကို ကူချွတ် ပစ်လိုက်သင့် မချွတ်လိုက်သင့် ဆွေးနွေးငြင်းခုန်နေသည်...
အင်ဇာဂီကတော့ သူ့ဝသီအတိုင်း ဆန်းဆက်ရိုက်မယ်ဆိုပီး ထလိုင်ပေါ့ထောင် ရှပ်တာဖွင့်ပီး သူကတော့ ရှပ်ကီပုလင်းဖွင့်နေသည်
မှော်ဆြာ တင်းသွားသည် ဒါလား အလုပ်လုပ်နေတာ ...ဒင်းပဲ ဂိုက်ပေးကြမ်းမယ်လေးဘာလေးနဲ့ ...
ဂိုက်ပေးကတော့ ကြမ်းသည် မှော်ဆြာ မသိခင်ကတည်းက ဒင်းက စလည်သိုင်း အိတ်ကလေးထဲမှာ
ပုလင်းပြားလေး ထည့်ပီး ငါးကန်အောက်စီဂျင်ပေးသည့်ပိုက်ဖြင့် တကျုတ်ကျုတ် စုတ်နေသည်သာ ...
သင်္ဘောသီးတွေ ရယ်မယ်ဆိုလည်း ရယ်ချင်စရာ ... သူလည်း မွှန်ထူပီး ..
မှော်။ ပေးစမ်းကွာ ...
ပြောပြောဆိုဆို ကိုရင်အီးတီ ခါးကြားက ပုလင်း လှမ်းဆွဲသည်...
ဂလုဂလုဂလု ..ဂုဂု ....
မှော်။ ဟား....ဒါမှ တာကီလာ ...
ရေစပ်ဆင်းပီး ပင်လယ်ရေ လက်တခုတ် ခပ်သောက်သည်....
တီ။ ဟင် ...ဒါ ..ဒါ.....
မှော်။ ဂဘာ ပါတ်လာတဲ့ကောင်တွေ ဒါတောင် မသိဘူးလားဟ
နင်တို့ တာကီလာသောက်ရင်ဆားလေးတပုံ လက်ခုံပေါ်တင်ပီး လျက်တယ်မဟုတ်လား..
တီ။စည်။ ဟုတ် ဟုတ်...
ဘာရယ်မဟုတ် အပြိုင်ခေါင်းညှိမ့်လိုက်ကြသည်...
မှော်။ အေး ....မသေမချင်းမှတ်ထားကြ ....ဆားလဲ ငန်တယ် ပင်လယ်ရေလည်း ငန်တယ် တူတူပဲ ..
တီ.စည်။ ဟာ .....။
ဟုတ်သည် ..သူတို့ ပင်လယ်နှင့် လည်ပင်းဖက်နေပီး ဒါကို မစဉ်းစားမိခဲ့ကြ ..
မော်ဒလယ်လေးတွေရှေ့မှာ လျက်ပြဖို့ မနက်ကတင် ပုသိမ်ဈေးက အိုင်အိုဒင်းဆား တထုပ် ပြေးဝယ်ခဲ့တာမဟုတ်လား..
ပြန်စဉ်းစားမိတော့ ...သည်လူတွေလည်း ခေသူမဟုတ်ကြချေ...
ရယ်စရာအဖြစ် လှောင်ပြောင်ခဲ့မိသော်ငြား .. ငါးကန်အောက်စီဂျင်ပိုက်တပ် ခွက်ပုံးသမား အင်ဇာဂီနှင့်
တာကီလာ ကိုပင်လယ်ရေ နဲ့မြည်းတဲ့ မှော်ဆြာတို့သည်လည်း သက်ဆိုင်ရာ နယ်ပယ်တွင်
နာမည်၁လုံးနှင့် တပိုင်း (တလုံးထဲဆို မမူးမှာစိုးလို့) နှင့်နေနေသူများသာ ...
သည်လူတွေ သူတို့ကိုလိုက်ရှာနေကြောင်း အဘဆီမှ သတင်းသိုးသိုးသန့်သန့်ကြားသည်..
အဘကိုမေးလျင် သေချာသိနိုင်သည် ...သို့သော် သူတို့က ဗဂေးရှင်း အနူယားမှုပြီးဆုံးမှ
အဘနှင့် ဆက်သွယ်ဖို့ ဆုံးဖြတ်ထားတော့ သေချာမသိသေး...
သည်ငတိတွေ မေးကြည့်လျင် ကောင်းမည်ထင်သည် သူတို့အတွက် အရှုံးမရှိနိုင်
သည်လူတွေ သုံးဖြုံးပျော်ပါးနေပုံကို ထောက်ရင် ဂွင်ခပ်ကြီးကြီးတခု မိထားပုံရသည်မဟုတ်လား
ထိုစဉ် ...လေပြင်းများ တိုက်လာပြီး ရုတ်တရက် အသံကြီးတသံ ကြားလိုက်ရသည်...
ဟုတ်တယ် ခေါင်းပေါ်က ..... ဟတ်စကီး တစင်း ဆင်းသက်လာခြင်းဖြစ်သည်...
ထိပ်ဆုံး ထွက်လာတာက ဝှီးချဲ ....ဝှီးချဲပေါ်မှာကား ကပေါက်ဖော်က ဆန့်ဆန့်ကြီး ...
ဝှီးချဲ ကို ဘယ်ညာ ထိန်းပီးကိုင်လာသူများက ဇာတ်လိုက်ကြီး ကပေနှင့် ကသော့...
ထိန်းပီး ကိုင်လာတယ် လို့ ရေးထားတာ အကြောင်းရှိပါသည် ....
ထိန်း တယ်ဆိုတာက ဝှီးချဲတွန်းရင် းသူတို့ကိုယ်သူတို့ မတ်မတ်ရပ်ဖို့ ထိန်းထားခြင်းသာဖြစ်သည်
ကိုင်လာသည် ဆိုတာကတော့ သူတို့၂ဦးလဲ ဟိုကောင်တွေ ငွေဆောင်ချီတက်သွားတယ်
ကြားကတည်းက လိုက်မဟေ့ ကြာသလားကွ ဆိုပီး ...သည်ချိန်ဆို အင်ဇာဂီက ဘယ်လို
မှော်ဆြာက ဘယ်လောက် ဆိုပီး သူတို့ လည်း နီးစပ်ရာ စားသောက်ဆိုင်မှာ ဝင်ကိုင်လာကြသေးသကိုး...
သို့နှင့် အနှီ ဟက်စကီး ရန်ကုန်အပြန်ခရီးတွင်ကား ...၁၀ဝဖိုး၃ယောက်မော်ဒလယ်လေးများနှင့်
ဇာတ်ပို့ ဇာတ်ရံ အပေါင်းတို့ ပြန်လိုက် သွားကြလေသတည်း ....
သို့သော် ......
-----------------------------------------------------------------------------------------
သည်ဖြစ်စဉ်ကို အစအဆုံး ကြည့်ရှုမှတ်တမ်းတင်နေသူ တယောက်ရှိလေသည်...
လက်ချောင်း ၁ဝချောင်းက လက်ပကျွတ် ပီစီလေးပေါ်တွင် စုံချည်ဆန်ချည် ပြေးလွှားနေသည်
ဖြစ်စဉ်အစအဆုံးကို အသေးစိတ်မှတ်တမ်းတင်နေခြင်းဖြစ်သည်...
သည်လောက်တော့ သူ့အတွက်အပျော့ ......
မီးဖို ဖိုခွင့်ရစဉ် တော့ခ်တွေ ခေတ်ကောင်းစဉ်က ၁ဝယောက်တယောက်ပေးရဲသည့်သူ...
လက်ချောင်းတချောင်း လူတယောက်ကျ နှုန်းဖြင့် အသာလေးချက်နိုင်သူဖြစ်သည်...
သည်တယောက်နှင့် လေရူးသုန်သုန် အကြောင်းပြောနေတုန်း ...ဟိုတယောက်နှင့်
ချောက်ချက် သီချင်း ကိစ္စဆွေးနွေးကာ ...နောက်တယောက်နှင့် ကဗျာ လက်တမ်းဖွဲ့နိုင်သူတည်း...
ဟုတ်သည် ထိုသူကား သူ မဟုတ် သူမ သာဖြစ်တော့သကိုး.....
ထိုသူမကား ချက်မစတာ မာယာရှင် ပလိုဂလမ်မာ မလေး ပန်ပန် ဖြစ်လေသတည်း..
စောစောကတော့ ပြန်သွားပီလိုလိုနှင့် ဘယ်ပျောက်မှန်းမသိပျောက်နေသောသူ ဖြစ်သည်..
ခုတော့ အုန်းပင်၂ပင်ကြားကကြိုးပခက်ပေါ်တွင်
အခန့်သား လဲလျောင်းကာ ဖြစ်စဉ်ကို အသေးစိတ် မှတ်တမ်းတင်နေခြင်းဖြစ်သည်...
တကယ်တော့ သည်အကြောင်းတွေကို အစကတည်းက သူမ သိထားသည်...
သဂျီးမှာ မဖြစ်လို့ သာ ကိုယ့်ရွာသားတွေ သုံးရတာ သည်ကောင်တွေ မယုံရမှန်း
ကောင်းကောင်းသိသည် ...ထို့ကြောင့် ကနဦးကတည်းက သူမကို ဝှက်ဖဲအနေနှင့် ထည့်သွင်းထားခြင်း
ဖြစ်ပေသည် ...သူမ၏ ကွန်ပျူတာ ဆိုင်ရာ အရည်အချင်းများကိုလည်း အသုံးချရဦးမည်မဟုတ်ပါလား..
ဒါတွေကို သိထားသူက ကစိန်သော့ တစ်ဦးတည်းသာရှိသည် ...သူ့ကိုတော့ လျှို့ဝှက်ထားစရာမလို..
သူကလည်း လျောက်ဖွမည့် လူစားမဟုတ် အဘယ်ကြောင့်ဆိုသော် သဂျီးငြိုငြင်ပြီး သူ့ကို ဘလက်လစ်စ်
သွင်းပါက မကြီးပွားသည့်အပြင် သူ့ထမင်းအိုးကွဲကိန်းမြင်ရလေသည်...သဂျီး အရှိန်အဝါနှင့်ဆို
ကမာ္ဘအရပ်ရပ်က မည်သည့် ဟော်တယ်ကမှ သူပါသော ဆပ်ကပ်စ်အဖွဲ့ကို ငှားရမ်းကြမည်မဟုတ်ပါပေ...
ပန်ပန်တယောက် စိတ်လေနေသည် .... ခုပဲကြည့်လေ သူတို့ လူစွမ်းကောင်း ဆိုသူတွေ
တယောက်မှ ခြေလှမ်းမမှန်ကြတော့ ....ပြောပြော ဆိုဆို ကစိန်သော့ က အနားက အုန်းပင်ထိပ်ရောက်နေပီ ...
ကပေ ကပေါက်ဖော် တို့ က ကမ်းစပ်တွင် ပုလင်းလက်ကျန် လိုက်ဆွဲနေသည်...သင်္ဘော၂သီးနှင့် မှော်ဆြာကတော့
တာကီလာတကျိုက် ပင်လယ်ရေ တကျိုက်.. အင်ဇာဂီက ရေထဲထင်သည့် သူ့အရိပ်နှင့်သူ စကားလက်ဆုံကျနေသည်..
သည်နေ့တော့ အလုပ်ကိစ္စ ပြော၍မဖြစ်တော့ .....
ဝှူး ...
သက်ပြင်းကချပီး လက်ပကျွတ် ပိတ်လိုက်သည် ...အခန်းကို ပြန်ဖို့ လှမ်းအထ ....
ဟော်တယ် မန်နေဂျာကြီး သုတ်သီးသုတ်ပြာ နှင့်ရောက်လာသည် ...
ဂျာ ။ သမီး ဦးနာမယ်က ဦးသစ်မင်းပါ ...သမီးတို့ တည်းတဲ့ ဟော်တယ်ကပါ
လော်ဘီထဲမှာ သမီးကိုတွေ့ချင်လို့ တဲ့ ကပ္ပလီတယောက် ရောက်နေတယ်..
ပန်။ အင် ...သမီးအသိထဲမှာ ကပ္ပလီမရှိပါဘူး ဦးရဲ့...
ဦးသစ်မင်း မျက်ခုံးထူထူကို ရှုံ့ ရင်း ...အမွေးငုတ်စိလေးတွေကို ပွတ်ပီး စဉ်းစားခန်းဝင်တော့လေသည်...
ထို့နောက် ...(အောက်ပါ ဒိုင်ယာလော့ခ်များကို ကောလိပ်ဂျင်နေဝင်း မုဒ် ဖြင့် ဖတ်ပါ)
သစ်။ သည်လိုရှိတယ် သမီးရဲ့ သမီးက မသိပေမယ့် သူက သိလို့နေမှာပေါ့...
ကပ္ပလီသာဆိုတယ် ဗမာစကားလည်း အတော် ကျွမ်းကျွမ်းကျင်ကျင် တတ်ပုံရတယ်ကွဲ့..
ဧကန်န တော့ ...မြန်မာနီဂရိုး လိဂ်(MNL)မှာ ကစားတဲ့ ဘောသမားတယောက် ပဲ ဖြစ်မလားပဲ...
ပန်။ သမီး ဘယ်ဘောသမားနဲ့မှ မသိပါဘူး ဦးရယ်...
သစ်။ အော် ...သမီးရယ် ....တွေ့လိုက်ပါ ...ကံကောင်းရင် သမီး ဝက် ဖြစ်မယ့် ကိန်း သမီးရဲ့ ....
ပန်။ ဘာရှင့်..
သစ်။ အော် ....WAGs ကိုပြောတာပါသမီးရယ် ...ဗစ်တိုးရီးယားတို့ ကောလင်း တို့လိုပေါ့...
ပန်ပန့် မျက်နှာ ဝင်းတက်သွားသည် ...အရောင်တောက်ပသော မျက်လုံးကြီးများနှင့်...
ဟုတ်ပေတာပဲ ဘောသမားကတော် ကိုပြောတာ ..ဟီဟိ......
သစ်။ မသိဘူး ဆိုရင်လည်း မသိဘူး ပြောလိုက်ပေါ့ သမီးရယ် ...ဦးတို့က သူ့ကို
လော်ဘီမှာ ကြာကြာမထားချင်ဘူးကွယ့် မြန်မြန်လိုက်တွေ့လိုက်ပါ..
ပန်။ ဟင် ... ဘာဖြစ်လို့လဲ ဟင်...
သစ်။ ချာတိတ်က ခေါင်းမခဲမယ့် လူစား မို့လို့ဟေ့ ....သူ့လေ နဲ့ အနားက ဧည့်သယ်တွေ ပျို့ပျို့နေတာ
မခံစားနိုင်လွန်းလို့ အမြန်လာပြေးခေါ်တာပဲဟေ့...ကဲ ရှင်းပလား..
ပန်။ ဟင် ....ဒါ ...ဒါ ....
ဟုတ်ပါသည် .... အရှေ့အလည်ပိုင်းက လာတဲ့ ဖောက်ခွဲဝိဇ္ဇာ ကို မှောင်ချော.....
ထိုညက လွှတ် ကောင်းနေကြသော လူစွမ်းကောင်းများကို ဟိုတယ် တာဝန်ရှိသူများက
မည်သို့မည်ပုံ ဖမ်းပီး သိပ်ထားလိုက်သည်မသိပါ ....မနက်မိုးလင်းတော့ လော်ဘီမှာ လူစုံကြလေပြီ....
ဟော်တယ်မှ ပရိုက်ဘိတ် မီတင်ရွမ်း တခုငှားလိုက်ပီး... အင်တာနက်မှတဆင့် သဂျီး အဘ တို့နှင့်
တိုက်ရိုက် မီတင် ထိုင်ကြလေသတည်း....
လူစွမ်းကောင်း ၁၁ယောက်စာရင်းကို အတိအကျ ဆိုသော် ....
၁။ မန့်သ်လေး ဘေး ပိုင်ရှင် သူဌေး မိုက်ကယ်လ် သဂျိုင်ခီး.. (project sponsor, investor)
၂။ တခ်နစ်ကယ်လ် ခေါင်းဆောင် တောင်ကျွန်းဝိဇ္ဖာ အဘဖော (master planner)
၃။ ဇာတ်လိုက်ကျော် အတုဝိဇ္ဇာ ကပေ
၄။ ကျောက်ဆင်းတု ခေါင်းငြိမ့် အင်ဇာဂီ
၅။ ပါရမီရှင် စာတတ်ပေတတ် အလစ်သမား ကပေါက်ဖော်
၆။ မျက်တောင်မခတ် ဒါ့ပုံသမား သတိ္ထရှင် ဖဲဝိဇ္ဇာ မှော်ဆြာ
၇။ တခ်ခနစ်ရှင် သင်္ဘောသီးကြီး အီးတီ
၈။ တခ်ခနစ်ရှင် သင်္ဘောသီးငယ် ကိုရင်စည်သူ
၉။ ၂၁ရာစု ငထွေရူး ကစိန်သော့
၁၀။ ဖောက်ခွဲ ဝိဇ္ဇာ ကိုမှောင်ချော
၁၁။ ချက်မာစတာ မာယာရှင် ပလိုဂလမ်မာ ပန်ပန်
Post Views: 220
13 comments
ပေါက်ဖော်
November 10, 2011 at 4:26 pm
အာဂလူစွမ်း..စူပါမန်း မဟုတ်ဘူး..
စူပါမူးတွေချည်းပါကလား..ကဇာဂီရေ့..
တော်တော်နောက်တဲ့လူ..
🙄
small cat
November 10, 2011 at 5:28 pm
ဇာတ်ရှိန်ကတော့တော်တော်မြင့်လာပြီ၊ ClimaX ရောက်တော့မလားဗျို့
MaMa
November 10, 2011 at 5:54 pm
“အာဂလူထူး စူပါမူး” လို့ ဆိုရင် ပိုပြီး လိုက်လျောညီထွေဖြစ်သွားမယ်ထင်တယ်။ 😉
MaMa
November 10, 2011 at 8:14 pm
ဒီနေ့မှ ဦးဘဂျမ်းလမ်းမှာ သွားဖတ်ခဲ့တဲ့ ကာတွန်းလေး ရီရလို့ စူပါမူးတွေကို ပြန်ပြောပြချင်တယ်။ 😀
အရက်သမား- အရက်ဆိုတာ လူကို ကောင်းကျိုးမပေးဘူး။
ဘေးလူ- ခင်ဗျားကိုသာ ကောင်းကျိုးမပေးတာ။ အရက်ချက်၊ အရက်ရောင်းပြီး ကြီးပွားနေတဲ့လူတွေ အများကြီး။
အီးတီ
November 10, 2011 at 6:39 pm
တာကီလာသောက်နည်း အသစ်ရပီ။ ကျေးကျေး ဆြာဂီ။ ရန်ကုန်ပြန်ရောက်ရင်
ဆြာဂီကို အဲဒီနည်းနဲ ့ပြုစုပါရစေ။
ကိုရင်စည်သူ
November 10, 2011 at 9:50 pm
ကဂီ့တော်တော်နောက်တဲ့လူ…
မေး… ကဂီ့ – ကိုရင်စီ ဘာလို့ ကဘာပတ်နေတာလဲ….????
ဖြေ … ကစီ – အိမ်မှာ တိုင်ပတ်နေတာကြာတော့ များများပတ်လို့ရတာ ပတ်နေတာလေ ဟီဟီးးး 😛 😛
၈။ တခ်ခနစ်ရှင် သင်္ဘောသီးငယ် ကိုရင်စည်သူ
Diamond Key
November 11, 2011 at 9:22 am
ကိုကျောက်ခါင်းငြိမ့်ရေ၊ နော်တို့ လူစွမ်းကောင်းတွေကို လစ်ကွာစွမ်းတွေ ထင်ကုန်ပြီ၊ ဘူလိုလုပ်မလဲ။
ပြလိုက်ပါအုံး……………………..စွမ်းတာလေးတွေကို……………………….၊
inz@ghi
November 11, 2011 at 9:38 am
ဂလိုရေးရတာ အကြောင်းချိပါဒလယ်ဂျာ …
မကြာခင် အမေရိကား သွားရတော့မှာပါ ….စွမ်းတာလေးတွေတွေ့ရမှာပါ…
Shwe Ei
November 11, 2011 at 9:54 am
လူစုံဘီ ဆိုတော့ ဆက်ဆွဲကြမယ်ပေါ့။ ဟက်စကီးနဲ့ ပြန်လိုက်မိပေလို့ဘဲ။ မဟုတ်ရင် အန်ဖတ်ကျုံးရကိန်းမြင်နေဘီ။ 😀
မှော်ဆရာ
November 11, 2011 at 12:23 pm
မှော်ဆရာဆိုတာ ရစ်ထုတ် မဟုတ်ပါ…
မကောင်းမှုဆိုတာကို မလစ်ရင် ဘယ်တော့မှ မလုပ်တတ်ပါ
အရက်ဆိုလျှင် ဘယ်လိုမှ အနံ့ခံမရ၍ နှာခေါင်းပိတ်သောက်နေရတာ တော်တော်ကြာနေပါပြီ …
ရာဇဝင်လူဆိုး
November 11, 2011 at 12:32 pm
ဟိုတစ်ပတ်ထဲက ချစ်သူကမုန်း၊ ဘောကရှုံး နေတာ (ဘောလုံးကိုပြောတာနော်)။ တော်သေးတာပေါ့ သောက်စရာလေးက ဒီက ကမ်းခြေမှာလာနပ်မှန်နေလို့။
‘ ပေါက်ပြားဆိုတာ ပေါက်မှထက်သလို ၊ ယောက်ကျားဆိုတာလဲ သောက်မှ သွက်သဗျ’
ကိုဂီရေ တိုက်ရင်တော့ ဝအောင်တိုက်ဗျ နော…
blackchaw
November 14, 2011 at 12:34 pm
ဂိုင်းရေ မှောင်ချော ကို ကောင်းရာမွန်ရာလေး ပို့ပေးဦးဟ။
inz@ghi
November 14, 2011 at 5:47 pm
သွားကြမယ် ဆြာတို့ မိုက်ခယ်လ် သဂျိုင်ခီး ရှိရာ အမေလိကန်ကို