ပြင်ဦးလွင်က မီးပုံးပျံပွဲတော်
ပြင်ဦးလွင်က မီးပုံးပျံပွဲတော်
ဒီနှစ်တန်ဆောင်တိုင်ပွဲတော်ရက်မှာတော့ စတင်ကျင်းပကတည်းကနေ တစ်ခါမှ မ ရောက်နိုင်သေးတဲ့ တောင်လှေကားမြို့တော်ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဆီ အရောက်သွားဖြစ်ခဲ့ပါတယ်။
ကျင်းပတဲ့နေရာလေးက ပြင်ဦးလွင်မဟာအံ့ထူးကံသာ (ပြည်ချစ်) ဆုတောင်းပြည့်ဘုရားရဲ့ တန်ဆောင်တိုင်ပွဲတော်မှာ ကျင်းပတာပါ။ ယခင်ကတည်းက ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ အမြဲစဉ်ကားနေတဲ့ ပန်းမြို့တော်မှာ ပြင်ဦးလွင်မဟာအံ့ထူးကံသာ (ပြည်ချစ်) ဆုတောင်းပြည့်ဘုရားရဲ့ ဘေးက ပွဲတော်ကျင်းပရာ ကွင်းကြီးထဲမှာ ခြိမ့်ခြိမ့်သဲသဲပါပဲ။
ပွဲတော်မှာ နေ့မီးပုံးပျံအလှပြိုင်ပွဲ၊ ညမီးပုံးပျံအလှပြိုင်ပွဲ၊ မသိုးသင်္ဏန်းရက်ကမ်းခတ်ပူဇော်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလီဘောပြိုင်ပွဲ၊ နေ့ ညမီးပုံးပျံအလှဓါတ်ပုံပြိုင်ပွဲတွေ စသည်ဖြင့်ပါဝင်ပါတယ်။
- ပိုက်ကျော်ခြင်းပြိုင်ပွဲ
မီးပုံးပျံပြိုင်ပွဲမှာ နေ့အရုပ်မီးပုံးပျံ ၄ဝ လုံး၊ စိန်နားပန်မီးပုံးပျံ ၂၆ လုံး၊ ညမီးကျည်မီးပုံးပျံ ၁၉ လုံး၊ စုစုပေါင်း ၈၅ လုံး လွှတ်တင်ပါတယ်။
ပွဲတော်ရဲ့ ညဖက်မှာတော့ ဇာတ်ပွဲတွေ အပါအဝင် လူတွေကတော့ များမှများပါပဲ။
ညလွတ်မီးပုံးပျံကြီးတွေ ကလည်း များမှများပါ။
မရောက်ခဲ့ရသူတွေအတွက် ပွဲတော်အမှတ်တရ ပုံလေးတွေပါ။
လေးစားလျှက် –
စိန်သော့
16 comments
nozomi
November 11, 2011 at 11:11 am
မရောက်ခဲ့ရသူ ကျွန်တော့်အတွက်တော့ အမှတ်တရ မြင်ကွင်းတွေပါပဲ ကျေးဇူးပါဗျာ
ပိုက်ကျော်ခြင်း ခပ်နေတဲ့ပွဲမှာ ထိုင်ကြည့်နေသူတွေ အများကြီး ပဲ မြန်မာတွေ ဘာမှ မလုပ်ပဲ အခုလို အေးအေးဆေးဆေး ထိုင်ကြည့်နေကြတာလဲ မြန်မာတစ်ယောက်အတွက်တော့ အံဩစရာ မဟုတ်တော့ပါဘူး
ဓါတ်ပုံဆရာရိုက်တဲ့ ပုံတွေမို့လား မသိဘူး ကြည့်ရတာက ပိုအသက်ဝင်နေသလိုပဲ
သင်ခန်းစာ (၃ ) လဲ မျှော်နေပါတယ် နော
Diamond Key
November 11, 2011 at 11:32 am
ခရီးတွေ နဲနဲ များနေလို့ပါ ဆရာနို၊
ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်သူ ကျွန်တော်မှာ လခစားအလုပ်တွေအတွက် ရွာနဲ့ ၂ရက်၊ ၃ရက်လောက်ဝေးလိုက်၊ ပြန်ရောက်လိုက်နဲ့ ဖြစ်နေရပါတယ်။
တတ်နိုင်သလောက် ကျိုးစားပြီး ဆက်ပါမယ်။
ကြောင်ကြီး
November 11, 2011 at 12:13 pm
ရင်ငြိမ်းနွေတင်တဲ့ တောင်ကြီးမီးပုံးပျံပွဲနဲ့ ဘယ်သူပိုစည်သလဲ။ နောင်နှစ်ခါကြရင် ကြောင်အကြီးကြီးပုံနဲ့ မီးပုံးပျံတခုလွှတ်ဖို့ပြောပေးပါ။
Diamond Key
November 11, 2011 at 3:37 pm
နောင်နှစ်မှာ ကြောင်းကြီးကို တွေ့ရင်ဖြင့် အမိအရနှိပ်ကာ ရွာထဲရောက်အောင် ပို့ပေးပါမယ်။
Yin Nyine Nway
November 12, 2011 at 3:28 pm
အခု တင်နေတယ်ရှင့် တောင်ကြီးစည်မစည်လေးပြချင်လို့လေ..ဟီးဟီး
koyinmaung
November 11, 2011 at 2:02 pm
ပြင်ဦီးလွင်တန်ဆောင်တိုင်မီးပုံးလွှတ်ပွဲကို
ဝေဝေဆာဆာဓါတ်ပုံတွေ နဲ့ကြည့်ရတဲ့အတွက်
ကျေးဇူးပါဘဲ ကိုစိန်သော့ရေ……….
etone
November 11, 2011 at 3:30 pm
တောင်ကြီး မီးပုံးပျံပွဲတော်ကတော့ ကမာ္ဘကျော်ပဲ ဦးစိန်သော့ရေ … ။
ကျွန်မလည်း သွားဖူးအောင်တော့ သွားချင်ပါရဲ့ ဒါပေမယ့် … ခေါင်းပေါ် မီးကျည်ကျမှာတော့ကြောက်တယ် ။
မနေ့ကတောင် ကလေးတွေ မီးပန်းဖောက်တာ လူအများကြီးအောက်က လမ်းလျှောက်နေပါလျှက် ကျွန်မကတော့ ကြောက်လို့ မဖြတ်ရဲဘူးလေ ….. မီးပန်းဖောက်တာ ကုန်မှ ဖြတ်လျှောက်ရဲတယ် … ။ မီးပန်းတောင်ဒီလောက်ကြောက်နေရင် …. မီးပုံးပျံကတော့ ပြောမနေပါနဲ့တော့ ဒီတသက် သွားရကိန်း မမြင် 😀
Diamond Key
November 11, 2011 at 3:35 pm
နိုင်ငံတကာကတောင် ရောက်အောင်လာနေကြတာမို့၊
မတော် ခေါင်းပေါ်များ မီးကျည်ကျလာရင်ဖြင့်၊
အသက်ပေးကာ ကာမယ်ဆိုတဲ့ လူကိုလ၊
ခေါ်ကာဖြင့် သွားသင့်တယ်။
MaMa
November 11, 2011 at 4:44 pm
ပြင်ဦးလွင်နဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲ ဓာတ်ပုံတွေ ကြည့်ရတာ ပျော်စရာကြီးပဲနော်။ ရန်ကုန်တန်ဆောင်တိုင်ကတော့ ရွှေတိဂုံဘုရားက မသိုးသင်္ကန်းရက်ပြိုင်ပွဲနဲ့ ဦးဘဂျမ်းလမ်း ကာတွန်းတွေပဲ ကြည့်စရာရှိတယ်။ ရန်ကုန်မှာလည်း မီးပုံးပျံလွှတ်ပွဲတွေ လုပ်ရင် ကောင်းမယ်။
မင်းပြည့်ရှိန်
November 12, 2011 at 4:41 pm
အမငီး… ရန်ကုန်မှာ မီးပုံးပျံလွှတ်လို့ ကတော့ မတော် မီးပုံးပျံ ပျက်ကျရင် ဘူကလာပြီး
မီးငြိမ်းပေးမှာလဲ….
တောင်ကြီးမှာက တောင်တွေနဲ့ တောတွေရယ်…
မတော်လို့ မီးစာ ပြုတ်ကျလဲ လောင်လှ နည်းနည်းပေါ့…
လုပ်ပါနဲ့ကွယ် ရန်ကုန်မှာ မီးပုံးပျံ လွှတ်ချင်ရင်.. ဟီလီယံ နဲ့သာ လွှတ်ပါ….
အောက်က ဘာ မီးစာ.. ဘာ ယမ်းခွေမှ မပါစေနဲ့…..
ဓါတ်ဆီ ဆိုင်ထဲ ပြုတ်ကျနေမှ အခက်တွေ့ကုန်မယ်..
ပေါက်ဖော်
November 11, 2011 at 5:50 pm
ပျော်ချရာဂျီး..
အီး..အွီး..အွီး…..
မီးပုံးပျံကြီး..ခိုစီး..ပြီး..တဂျီးတို ့..နိုင်ငံ..အလည်သွား..ဦးမယ်..
😆
windtalker
November 11, 2011 at 5:58 pm
ကိုသော့ရေ ၊ ကျုပ် ရဲ ့လပြည့်ည ဖြစ်ပုံလေးကို တင်ဦးမယ်ဗျာ
Diamond Key
November 12, 2011 at 9:09 am
စောင့်မျှော်လျှက်ပါ ကိုပေ ဖြစ်ပျက်ခဲ့တာလေး ဆိုတော့ စိတ်ဝင်စားစရာတွေ အများကြီးပါမယ်ဆိုတာတော့ သေချာနေတယ်။
koaung
November 11, 2011 at 7:12 pm
ဓတ်ပုံတွေကြည့်တာနဲ့တင်တော်တော်ပျော်ဖို့ကောင်းတယ်ဗျာ(မြန်မာပြည်ကြီးမြန်မြန်သာယာဝပြောပါစေဗျာ) ဆန်တပြုမိပါ၏
Diamond Key
November 12, 2011 at 12:01 pm
ကိုအောင်ရေ၊ ကျွန်တော်တို့ အားလုံးရဲ့ တူညီတဲ့ ဆန္ဒပါပဲ၊ ဖြစ်လာမှာပါ။
ကြောင်လတ်
November 12, 2011 at 10:44 am
ကြောင်တစ်ကောင်တည်းတင်ရင်မျက်နှာလိုက်ရာကျပါတယ်၊လေးကောင်စလုံးပြည့်အောင်တင်ပါ၊
မီးပုံးပျံဦးကျော်ရင် ကိုအားကျလို့ မီးပုံးပျံ ဦးပေါက်ဖော်လုပ်တော့မယ်ထင်တယ်။