Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှခုန်ချသတ်သေ

ဂ်စ္စူNovember 17, 20111min105651

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ယနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။ သူမ၏ Facebook ပေါ်တွင်လည်း “I Miss Being Happy” ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သူမအနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရခြင်းမှာ သူမ၏ချစ်သူဖြစ်သူနှင့် ပြတ်သွားခဲ့ရခြင်းကြောင့်ဟု ယူဆရပြီး သေဆုံးချိန် တွင် သူမ၏ချစ်သူဟောင်းဖြစ်သူ၏ နာမည်အား ရင်ဘတ်ပေါ်တွင် tattoo ထိုးထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထိုနည်းတူ ရဲတပ်ဖွဲ့အနေဖြင့် “Dear, why are you so cruel?” ဟု ရေးသားထားသည့် သူမနှင့် သူမ၏ချစ်သူဟောင်းတို့ အတူတွဲရိုက် ထားသော ဓာတ်ပုံအားလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

1197 Myanmar_Girl_Committed_Suicide_In_Singapore1

မရင်ငြိမ်းပွင့်သည် မိမိကိုယ်ကို အဆုံးမစီရင်မီ facebook ပေါ်၌ “Please take care of my boyfriend” ဟု အမည်ပေးထား သည့် နောက်ဆုံးမှတ်တမ်း တစ်ခုအားလည်း ရေးသားထားခဲ့သည်။ အဆိုပါ မှတ်တမ်းသည် သူမချစ်သူဟောင်း၏ ရည်းစားသစ်ဖြစ် ဖွယ်ရှိသော မိန်းကလေးတစ်ဦးအား ရည်ညွှန်းပြီး ရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

မရင်ငြိမ်းပွင့်သည် အဆိုပါတိုက်ခန်း၏ ၄ လွှာတွင် အခြားမြန်မာအမျိုးသမီး ရ ဦးနှင့်အတူ နေထိုင်ကြောင်းနှင့် တစ်ဦးတည်း သီးသန့် နေထိုင်တတ်သူ၊ သူမ၏အခန်းတွင်း၌သာ ကွန်ပြူတာနှင့် အချိန်ကုန်ဆုံးစေသူဟု အခန်းဖော်များ၏ အဆိုအရ သိရှိရသည်။ Facebook ပေါ်၌ပင် သူငယ်ချင်း အနည်းငယ်သာရှိပြီး လတ်တလောကာလတွင်း သူမ၏လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေး ကိစ္စများ တွင် အခက်အခဲများရှိနေခဲ့ကြောင်း သိရှိရသည်။

သူမ၏ချစ်သူဟောင်းသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသည်ဟု ယူဆရပြီး သူမထံသို့လည်း မည်သည့်​ယောကျင်္ားလေး တစ်ဦးတစ်ယောက်ကမျှ လာရောက်တွေ့ဆုံဖူးခြင်း မရှိကြောင်း အခန်းဖော်များက ပြောပြခဲ့သည်။

မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေး သူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။

ဤဖြစ်ရပ်သည် နိုင်ငံတကာတွင် နေထိုင်သော မြန်မာလူမျိုးများအတွက် တုန်လှုပ်ချောက်ခြားဖွယ်၊ သင်ခန်းစာယူဖွယ် သတင်းတစ်ခုပင် ဖြစ်ပေတော့သည်။

>>> သင် စင်ကာပူနိုင်ငံတွင် နေထိုင်ပါသလား။ သေဆုံးသွားခဲ့သူနှင့် သိကျွမ်းမှုရှိပါသလား။ အခင်းဖြစ်ပွားရာနေရာ ပတ်ဝန်းကျင်တွင် နေထိုင်ပါသလား။ သင်မျှဝေလိုသော အကြောင်းအရာ (သို့) သတင်းဓါတ်ပုံ စသည်တို့အား sreport@shwelonemail.com သို့ ပေးပို့မျှဝေနိုင်ပါသည်။
ှSource:http://shwelone.com/index.php?option=com_content&view=article&id=1197:2011-11-16-20-34-01&catid=3:breaking-news&Itemid=274

စိတ်မကောင်းဘူးဗျာ..
ဖတ်ရတာ ကြက်သီးတောင်ထတယ်..ခလေးမနှယ်..အဲလောက်ထိ..အချစ်ရူးဖို ့မသင့်ပါဘူး….
ကောင်းရာသုဂတိ..လားပါစေဗျာ

 

 

 ဒီအောက်ကပုံတွေက ရွာပြင်က အိမ်ကြီးဆီကတစ်ဆင့် မ.လာတာပါ..

http://www.sammyboy.com/showthread.php?104587-Broken-hearted-Myanmar-FT-jump-flat-this-morning

https://www.facebook.com/lonelysonata?sk=wall

 

51 comments

    • ကိုရင်စည်သူ

      November 17, 2011 at 4:37 pm

      လောကကြီးက နေတတ်ရင် ကျေနပ်စရာပါဗျာ..
      စူစိုက်လုပ်လိုက်တာ ရခဲလှတဲ့ လူ့ဘဝကို
      အရှူံးပေးလိုက်တာပဲ… အေးဗျာ..
      ကောင်းရာသုဂတိရောက်ပါစေ…
      အားလုံး စိတ်ဓါတ်ကြံ့ကြံ့ခံ ထားစေချင်တယ်…
      အင်း မြန်မာပြည်က သူ့ ဘဲဆိုတာက..
      မန်းဒလေးမှာ စံမြန်းနေတဲ့ စုံထောက်လန်ဘားများလား 🙄 🙄
      ဒါမျိုးတွေက သူသိပ်တတ်တယ်….. 😛 😛 😛

      • ပေါက်ဖော်

        November 17, 2011 at 4:48 pm

        နှမြောစရာဗျာ..

      • inz@ghi

        November 17, 2011 at 5:47 pm

        ကိုရင်စည် ဂီဂီ မဟုတ်ဝူးနော်. ….

      • windtalker

        November 17, 2011 at 7:04 pm

        မဟုတ်ဘူးဗျ
        သူ ့ဘဲ က
        မြေလျှောက်ဝိဇ္ဇာ ရွှေစည်သာ တဲ့
        လောလောဆယ် မြေလျှောက်ဖို ့ဖိနပ်ဖိုး ကို
        သင်္ဘောလိုက်ရင်း ရှာနေတယ် ဆိုကလားဘဲ
        အဲဒါ ခိုင်လုံသော သတင်းရပ်ကွက်ကနေ
        စုံထောက်ဦးလန်ဘား စုံစမ်းထားတာဗျ

    • lone

      November 18, 2011 at 8:50 am

      သူ့ရင်ဘတ်မှာ ထိုးထားတဲ့သူ့ရည်းစား နမည်က ဘာလဲမသိဘူးနော်… Bane တဲ့…
      Bunny Phyoe ရည်းစားလားမသိဘူးနော်…ဟိဟိ…. အဲ့ဒီလို ကောလဟာလလွင့် လိုက်ရင်…
      အလကားနေ Bunny Phyoe နမည်ကြီးသွားတာပေါ့… မကောင်းဘူးလား…… 🙂

      • lone

        November 18, 2011 at 9:01 am

        ဘာပဲဖြစ်ဖြစ်ပါ…ယောက်ျားလေးတွေလည်း သစ္စာရှိရှိနဲ့ ကိုယ့်ရည်းစားပေါ်မဖောက်ပြန်ပဲ ချစ်ကြပါ။ အဲ့လိုစိတ်အားငယ်တဲ့မိန်းကလေးတွေ ရှိတယ်ဆိုတာ သတိထားကြပေါ့…ကိုယ်သစ္စာရှိရှိ
        နဲ့မချစ်နိုင်ရင် အစကတည်းက မချစ်ကြနဲ့ပေါ့…ကိုယ်ကျင့်တရားလေးစောင့်ထိန်းကျပါ … ကိုကို ဦးဦး တို့… သူ့မှာလည်း ဒီကိစ္စအပြင်တခြားကိစ္စတွေလည်း ရှိမယ်ထင်တယ်…အားလုံးရောသွား
        တော့ စိတ်ညစ်တာမခံနိုင်ဘဲ ငါသေသွားရင် ဒါတွေမခံစားရတော့ဘူးဆိုပြီး…ထွက်ပေါက်ရှာသွားတာဖြစ်နိုင်တယ်။

  • nozomi

    November 17, 2011 at 4:08 pm

    သတင်း အတွက် စိတ်မကောင်းပါ
    လောကကြီးမှာ ဘာအကြောင်းပြ ချက်ကြောင့်မှ သတ်မသေသင့်ပါ ( မလုပ်ကောင်းသော်လည်း ရည်းစားအပေါ် မကျေနပ်ရင် လက်စားချေပေါ့)
    အနားမှာ သူရဲ့ ရင်ဘတ်မိတ်ဆွေတွေသာ ရှိရင် ဒီလို မဖြစ်နိုင်ပါ

  • ဆူး

    November 17, 2011 at 4:26 pm

    စောစော ကတည်း တွေ့တယ် သတင်းကို လိုက်ကြည့်နေတာ ကောင်မလေးက ရုပ်ကလေး က သနားကမားနဲ့ ကောင်လေးက ဒီမှာ ကျန်ခဲ့ပုံရတယ်။

  • Moe Z

    November 17, 2011 at 4:36 pm

    အဲ .. ဘယ်လိုပြောရမလဲမသိ
    ရူးပါ့ကွယ် အသုံးမကျလိုက်တာဆိုရင်လည်း ပြောတဲ့သူကလွန်နေဦးမယ်
    သနားတယ်လို့ပြောရအောင်လည်း ကိုယ့်ကိုသစ္စာဖောက်သွားတဲ့သူကြောင့်သတ်သေတယ်ဆိုတော့ 🙁
    ချစ်တဲ့သူအတွက် အသက်စွန့်နိုင်တယ်ဆိုပြီးဂုဏ်ယူပေးရအောင်လည်း
    ဟိုက သေတော့မှာမို့လို့အသက်စွန့်ပြီး ကယ်လိုက်တာဆိုရင်ဟုတ်သေးတယ်
    မိဘတော့ရင်ကျိုးမှာပဲ

    • ကိုရင်စည်သူ

      November 17, 2011 at 5:08 pm

      အဲ.. မိုးဇိလေးလည်း ချစ်သူနဲ့ စကားများပီး
      လမ်းခွဲရင်… အဲ့ဂလိုဒွေ လုပ်ရဝူး .. တိရား..
      တို့ရှိတယ်… ဒို့ရှိဒယ်.. 🙂 🙂 🙂 🙂
      ဒီက ဇိလေးအတွက်ဆို ဒုတိယလူဖြစ်လည်း
      ကျေနပ်ပါဒယ်… 😉 😉
      စိုးတယ်… စိုးမိတယ်… စိုးရိမ်မိတယ်.. 😳 😳

      • inz@ghi

        November 17, 2011 at 5:27 pm

        သည်ကိုရင်တော့ …မိုးဇိ တွေ့တာနဲ့ …အဟွင်းဟွင်းဟွင်င်င်း…..
        ဆိုတာချည်းပဲ….

      • အီးတီ

        November 17, 2011 at 7:30 pm

        ကိုရင်ကတော့မနိုင်ဘူး တဇိထဲဇိနေတော့တာဘဲ။ တစ်ချိန်လုံး ဇိဇိဇိ လို ့ရွတ်နေ လားမသိ။

  • etone

    November 17, 2011 at 4:43 pm

    ဖတ်မိပြီး စိတ်မကောင်းလိုက်တာ…
    ရုပ်ကလေးကလည်း ချော ၊ အရွယ်လေးကလည်းကောင်းတုန်းအချိန် … ။
    ချစ်သူပစ်ထားခဲ့လို့ ကမာ္ဘပျက်မသွားပါဘူး …. ။ ကိုယ့်အပေါ် မတွယ်တာတဲ့လူနဲ့ ပတ်သတ်ပြီး ဒီလိုလုပ်သွားတာဆိုလျှင်တော့ … နှမျောစရာကောင်းလွန်းပါ … ။ကိုယ်တွေထင်တဲ့ အချစ်ကိစ္စရဲ့နောက်ကွယ်မှာ တခြားဘာပါဆယ်နယ်လ် ပြသနာတွေရှိလဲမှ မသိတာ … ။ သေသွားသူက သေသွားပြီပဲဆိုတော့လည်း .. အားမရတာတွေ ၊ ဝေဖန်တာတွေထက် … ကောင်းရာသုဂတိလားဖို့ ပဲ ဆုတောင်းပေးမိပါတော့တယ် … ။

    အခုတင် သူ့ပေ့ချ်ကို ဝင်ကြည့်တော့ … တစ်ယောက်ကလာပြောထားတယ် … သူ့ဖုန်းကို ဘယ်သူသုံးနေသလဲတဲ့လေ … ဖုန်းကနေ ဖေ့စ်ဘွခ်လော့အင်လုပ်တာ တွေ့လိုက်ရပါသတဲ့တဲ့..
    ဒါနဲ့ ဖေ့စ်ဘွခ်မှာ သူငယ်ချင်း အနည်းငယ်သာရှိတယ်ပြောတယ် …. ကော့မန့်တက်ရေးတဲ့လူတွေချည်းရေကြည့်လျှင်တောင် အတော်များနေပြီ … 🙄

  • နွယ်ပင်

    November 17, 2011 at 4:48 pm

    စိတ်မကောင်းလိုက်တာ ကောင်မလေးက အသက်ကလည်း
    ငယ်ငယ် ရုပ်ကလေးလဲချောချော မိဘတွေ ဘယ်လောက်များ
    ရင်ကျိုးလိုက်မလဲနော် ……
    ချစ်သူကြောင့်နဲ့ပဲ ကိုယ့်ကိုကိုယ် ဒီလောက်ထိ လုပ်ရသလား
    မိက်ရူးရဲဆန်လိုက်တာနော် ……..
    ကောင်းရာမွန်ရာ ရောက်ပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပေါ့လေ ………

    • အီးတီ

      November 17, 2011 at 7:23 pm

      ဟုတ်ပါ့ဗျာ ကိုယ့်ချစ်သူအတွက်နဲ ့များ သတ်သေရတယ်လို ့။ အနားမှာ သူငယ်ချင်း အပေါင်းအသင်းကောင်းတွေ မရှိလို ့ထင်ပါတယ်။ သေတဲ့သူကသေသွားပြီဆိုတော့ ကောင်ကင်ဘုံရောက်ပါစေလို ့ပဲဆုတောင်းပေးပါတယ်။

  • inz@ghi

    November 17, 2011 at 5:30 pm

    အောင်မယ်ငီး
    အဲ့လိုဂျီး လုပ်ကောင်းဝူးရယ် ….
    မြောက်များလှစွာသော စလုံးကျွန်းက ဂီဂီ့ အသိတွေထဲမှာ
    သည်ကလေးမ မပါတာ သင်းကလေး ကံဆိုးဖို့ ဖစ်ခြေတော့သဂိုး….

    အင်းလေ ဂီဂီ့ သာ သင်းကလေးသိရှာခဲ့မယ်ဆို
    အဲ့ တက်တူးက ဂီဂီ့နာမည် ဖစ်နေရှာရော့မင့် ….

    ဂလိုဂျီးလုပ်တာ စာမှာ ဖတ်ဖူးတာတော့ ဘာတဲ့
    ဂျပန်ငါးရာ ငါးခါ ခံရတတ်တယ်တဲ့ …..
    စိုးတယ် …စိုးမိတယ်… စိုးရိမ်မိပါတယ်…..

    • မှော်ဆရာ

      November 18, 2011 at 2:08 pm

      အော် ဒီကလေးမ ဂီဂီနဲ့ မတွေ့ရခင် တိုက်ပေါ်မှ ခုန်ချလိုက်မိတာ ကံကောင်းလေစွတကား …
      ကျောက်ဆင်းတု ခေါင်းညှိတ်နဲ့သာ ဒီကလေးမ ကံဆိုးမိရင်တော့ လမ်းကြိတ်စက် တက်နင်းခံရတာမှ သက်သာပေးဦးမယ် …

  • “ဘီလူးကြီး”ogre

    November 17, 2011 at 5:41 pm

    မောဟ ဒေါသ တွေနဲ ့တေပြီး
    တစ်ယောက်တော့ ဒယ်အိုး ရောက်ပြီ
    နောက်ကောင်မလေးတွေ ..အဲလိုနှမြော စရာတွေဖြစ်အောင်လုပ်ကြနဲ့နော်..
    စိတ်အကောင်းဘူး…. 🙁

  • chityimhtoo

    November 17, 2011 at 6:22 pm

    ရင်ငြိမ်းပွင့်ရယ် မင်းကသာအသက်ဆုံးရှူံးသွားတာမင်းချစ်သူက ဘယ်လောက်ထိဝမ်းနည်းနိုင်မှာမို့လည်း။
    ရွာထဲမှာဒီသတင်းဖတ်လိုက်ရတာ ရင်ထဲကိုမချိဘူး။ဒီကိစ္စကိုဘီယာဆိုင်မှာဆက်ဆွေးနွေးမှဖြစ်မယ်။
    မင်းအတွက်ဝမ်းနည်းလွန်းလို့ ဘီယာလေးနဲ့နှူတ်ဆက်ပါရစေ………

  • cobra

    November 17, 2011 at 6:27 pm

    စိတ်ပျက်ဖို့ကောင်းလိုက်တဲ့သတင်းကြီးပါ…။

  • small cat

    November 17, 2011 at 6:47 pm

    ရွာသူရွာသားတွေ နောက်ဘဝ ရင်ညိမ်းပွင့်နဲ့ဆုံခဲ့ရင် သူသဘောပေါက်သွားအောင်၊
    နောင် ဒါမျိုးမလုပ်ဖြစ်အောင် ၊သေချာဆုံးမလိုက်ကြဘာ……….

  • kookaburra

    November 17, 2011 at 6:47 pm

    ချစ်တက်လိုက်ကြတာ …. ချစ်တက်လိုက်ကြတာ…. ခက်ပါ့…. ကောင်မလေးတွေ ငါ့တော့ အဲ့လိုမချစ်ကြနဲ့နော်…. XD

  • koaung

    November 17, 2011 at 7:03 pm

    ဒီကောင်မလေး မန်လေးဂဇက်ကိုမလာမိလို့နေမယ် လာမိရင်ဒါမျိုးလုဎ်ဘို့စဉ်းစားမိမှာမဟုတ်ဘူး(ဘဝကို ဘာပဲဖြစ်ဖြစ် ရင်မဆိုင်ရဲဘူးဆိုရင်တော့ သူရဲဘောကြောင် လွဲမှားတဲ့လုဎ်ရပ်ပဲ ကျန်ခဲ့တဲ့မိဘဆွေမျိုးတွေဘယ်လိုနေမလဲဆိုတာ မစဉ်းစားမိဘူးထင်ပါရဲ့)

    • windtalker

      November 17, 2011 at 7:07 pm

      မှန်လိုက်တာ ကောင်အို @ ကိုအောင် ရာ
      မန်းဂေဇက်ကိုသာ လာပီး
      လူပျိုကြီး မောင်မောင်ဇာ့ စာတွေဖတ်ဖြစ်ခဲ့ရင်
      ဟီးဟီးဟားဟားနဲ ့
      လောကကြီးက ပျော်စရာကြီး ဆိုတာ သူလေး သိသွားမှာ အမှန်ပါပဲ
      အခုတော့…အကြွေစောရှာတဲ့ ပန်းလေးတစ်ပွင့်

      • inz@ghi

        November 17, 2011 at 7:17 pm

        ဂီဂီက ရွာထဲက အပျိုဒွေရဲ့ အသက်ဆက်ဆေးလေး ဆိုဒါ ပြောပြလိုက်စမ်းဘာ…..
        ဟီး။။။

        ဘတ်ထ်
        သည်ရက်ပိုင်းတော့ ဂီဂီ ကိုယ်တိုင်လည်း အမေးအမြန်း ထူတဲ့
        ခမည်းခမက် မဟုတ်တဲ့ သဂျီး နဲ့(ကို)ဘလက်တို့ ကြောင့် ခုန်ချချင်နေကြောင်းပါ ….ခစ်ခစ်….

        သချင်္ာဝင့်ကျော် စောင့်နေတဲ့ ရေကူးကန်ထဲကိုပြောပါတယ်…..

    • maungmoenyo

      November 18, 2011 at 9:18 am

      မှန်လိုက်လေဗျာ…

  • htet way

    November 17, 2011 at 7:28 pm

    ဒီသတင်းခေါင်းစီးလေးတွေ့လိုက်တော့ကျွန်တော်စိတ်လှုပ်ရှားသွားတယ်
    တခါက… ချစ်သူကစင်ကပူမှာနေတာကလား၊ကျွန်တော်ရဲ့မွှေးမြခဲ့ဖူးသော
    ရနံ့လေးလားပေါ့။ေဩာ်….အချစ်အချစ်အချစ်အချစ်….
    အပစ်ခံရပေမယ့်အနှစ်ကျန်ဖို့လိုပါတယ်လေ။
    ကိုယ်ကအပစ်ခံရပေမယ့်အနှစ်ကျန်ရလေအောင်…..

  • Gipsy

    November 17, 2011 at 8:23 pm

    ဆယ်ကျော်သက်တွေရဲ့ အချစ်က မီးတောက်နဲ့တူတယ်…
    အချစ်ဆိုတာကြီးကို ကမ ္ဘာကြီးတစ်ခုလောက် ထင်နေတတ်တယ်…
    ငယ်ရာက ကြီးလာသူတွေ သိနိုင်မှာပါ…
    စိတ်မကောင်းဖြစ်မိတယ်ဗျာ… 😯

  • ရွှေအိမ်စည်

    November 17, 2011 at 8:55 pm

    နာ ့ပိုစ့်ပုံယူခ..

    ကောမက်တခါပေးဘယ်လောက်ရလည်း..
    တခါမှသတိမထားမိလို ့….
    ၄ကျပ်လား..၆ ကျပ်လားလာယူပါသည်..။

    • မှော်ဆရာ

      November 18, 2011 at 2:11 pm

      ဆရာပေါက်ရေ … ရွာပြင်မယ်တော်ကြီး ရွာထဲထိကြွလာပြီး ခင်ဗျားကို အကြွေးလိုက်တောင်းနေပြီ ..မရရင် သူကြီး နှလုံးပျူးနဲ့ တွေ့မယ်တဲ့ …

  • antimoe

    November 17, 2011 at 9:17 pm

    ပြီးခဲ့တဲ့အင်္ဂါနေ့က စင်္ကာပူမှာဆုံးလို့ ရန်ကုန်ကို ပြန်ပို့လာတဲ့ တပည့်တစ်ယောက် အကြောင်းကြားခဲ့ရတယ်။
    ဒလမှာ ကျန်ရစ်ခဲ့တဲ့ သမီးလေးနဲ့ ဇနီးမှာ သောကမီးတွေတောက်နေရတယ်။
    ခေါင်းလျှော်ပြီး အဲယားကွန်းအခန်းမှာ အိပ်နေရင်း မနက်ကျတော့မှ ဆုံးနေတာသိရသတဲ့။
    နောက်လကျရင် ခဏအလည်ပြန်လာမယ်လို့ မဆုံးခင်ညက ဖုန်းနဲ့ ပြောသေးသတဲ့။

    သူ့အမျိုးသမီးကလည်း လင်ယောက်ျား အိမ်မှာမရှိပေမယ့် အိမ်ခြံမှာပန်းပင်လေးတွေနဲ့၊
    မြက်တစ်ပင်မှတောင် မရှိအောင် ဂရုတစိုက် အိမ်ကို ထိန်းသိမ်းနေရှာတယ်။
    မီးဖိုလေးကလည်း သပ်ရပ် တောက်ပြောင်နေတယ်။
    တပည့်ကလည်း ကြိုးစားပြီး တက်တက်ကြွကြွ ပိုက်ဆံရှာဖွေတယ်။
    လှပတဲ့ အနာဂတ်အတွက် မိသားစုတွေ ဝေးကွာနေရတာ။ သည်းခံမှ။ သည်းခံမှ ……တဲ့။
    တာဝန်ကိုယ်စီ ကျေပြွန်စွာထမ်းဆောင်နေကြရာက….
    ခုတော့…………ဒီလိုဝမ်းနည်းရင်နင့်စရာတွေ ဖြစ်လာခဲ့ပြီ။

    သေချင်သူ……..ရှင်ခွင့်ရချင်သူ………
    အသက်ရှင်ခွင့်…..ဆိုတာကြီးကို လဲလို့ရရင်……..လဲပေးလိုက်စမ်းချင်ပါဘိတော့တယ်။
    ဆွဲလို့ရရင် …….ဆွဲပေးလိုက်စမ်းချင်ပါဘိတော့တယ်။
    မခံစားနိုင်လို့ပါ။

  • nigimi77

    November 17, 2011 at 10:13 pm

    တောက် !!

    ကောင်မလေးနှယ်……။

    တလောကလုံး ဒင်း အကောင်ပဲ အချောင်းရှိတယ် မှတ်လား မသိ။

  • ကျနော်ဖတ်ဘူးတဲ့စာတစ်ခု ဘယ်သူရေးတာလဲတော့ မသိဘူး။
    ကိုယ့်ကိုကိုယ်သတ်သေတဲ့လူတစ်ယောက်က တကယ်မသေခင်
    စိတ်ကူးထဲမှာအကြိ်မ်ပေါင်းများစွာ သတ်သေနေပြီးသားတဲ့။
    တကယ်ရူးသွပ်သွားလို့ဖြစ်မှာာနော်

  • ရာဇဝင်လူဆိုး

    November 17, 2011 at 10:54 pm

    ကိုပေါက်ပြောတဲ့သဘောက …..ရှင်ခြင်းမှာ လူဟာ တစ်ခါသာသေရပေမယ့်…… ရှင်ခြင်းမှာ လူဟာ အခါခါသေရသည်တဲ့…ထီးဆိုင်ပြောတာနော……ဒါပေမယ့် ဒီလောက်ထိတော့ မမိုက်မဲသင့်ဘူး ကလေးမရယ်..။ ကိုယ့် အလိုပြောရရင် ဒီလူ့ကိုသတ်ပြီးမှ သေတာ တန်တယ်ပြောရမယ်။ လောကကြီးကို ချစ်ခြင်းနဲ့ဘောင်ခတ်ထားပေမယ့် မတရားရင်တော့ ……။
    မီးဒုတ် မီးဒုတ် ရှို့ရှို့……………………….
    မီးဒုတ် မီးဒုတ် ရှို့ရှို့………………………
    မီးဒုတ် မီးဒုတ် ရှို့ရှို့………………………
    မီးဒုတ် မီးဒုတ် ရှို့ရှို့………………………
    ဒါ့ကြောင့်ပြောတာ……အချစ်ဆိုတာ ကဗျာတွေ၊ စာတွေရေးဖို့ ကုန်ကြမ်း ပါလို့။ ….ဟိုးတစ်ခါပို့စ်တုန်းက ရေးဘူးတယ်။

  • TTNU

    November 17, 2011 at 11:09 pm

    ကျမ မန်ဂေဇက် Home Page ပေါ်ကခေါင်းစဉ်လေးတွေ အရင်ဖတ်ပြီး
    တခြား New Window တွေဖွင့်ပါတယ်။ Home Page ပေါ်က
    (စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှခုန်ချသတ်သေ
    – ပေါက်ဖော် |122- Hits|) ဆိုတာကို လှမ်းဖတ်ရင်း တခြား ဟာတွေဖွင့်ရင်း
    နှုတ်ကကို တစ်ယောက်တည်း ” ရင်ငြိမ်းပွင့်များလား” လို့ရေရွတ်နေမိသေးတာ။

    သူတော်တော်ကြာပြီ.Facebook မှာ “မောင် ကျမကို ထားခဲ့သလား၊ မချစ်တော့ဘူးလား”
    စသဖြင့်….ကြေကွဲ နေတာကြာပြီ။ သူ့ရည်းစားကို ဆွဲသွားသူတွေကိုလည်း ပေါက်ကွဲ
    ဆဲဆိုနေတာ။ ကျမ စိတ်ထဲ ဒီကလေးမ အတော်ခံစားနေရသလားပေါ့။

    အခုဒီသတင်းဖတ်လိုက်ရတော့ အတော်စိတ်ထိခိုက်မိတယ်။ သူ့မိဘတွေ ပိုရင်ကျိုးရှာမှာပဲ။
    အရမ်းစာနာမိပါတယ်။ ကျမ သူ့ Message Box ထဲမှာ (သူမဖတ်နှိုင်တော့မှန်းသိပေမဲ့)
    “Condolence” သွားရေးခဲ့ပါတယ်။

    • etone

      November 18, 2011 at 10:35 am

      တီချယ်ကြီးရေ … သူမဖတ်ဘူးလို့ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး ။
      အစိမ်းသေကလည်းဖြစ် တစ်နေ့တစ်နေ့ အင်တာနက်ထဲမှာပဲ အချိန်ကုန်တတ်တဲ့ သူ့အကျင့်ရှိတဲ့လူ… အွန်လိုင်းကို ပြန်လာကြည့်လျှင်ကြည့်မှာပေါ့ … ။ ကျွန်မသူ့ ဟုမ်းပေ့ချ်မှာဝင်ကြည့်တော့ …သူ့ဖုန်းကနေ လော့အင်လုပ်ထားတာ တွေ့တယ်လို့ပြောတဲ့လူတွေရှိတယ် … ။ ဖတ်ရင်းကြက်သီးထတယ် 👿

  • maungmoenyo

    November 18, 2011 at 8:47 am

    အော် – ချင်းတိုင်းရင်းသူလေး Rebecca ပြီးတော့ ….(မနေ့ နဲ့ တနေ့ ကတင် Dr Phil ရဲ့ဆန်းစစ်ချက်အရ သေကြောင်းကြံခြင်းဆိုတာကို ခိုင်မာတဲ့သက်သူထူဘို့ အချိန်အတိုင်းအတာတခုပေးရဘို့လိုကြောင်း မှတ်ချက်တွေ TV မှာကြည့်လိုက်ရတယ်။ တယောက်ယောက်ကလုပ်ကြံတာဖြစ်နိုင်လားဆိုတဲ့ ဖြစ်နိုင်ချေတွေကလဲအတော်လွှမ်းမိုးလာပါတယ်။)
    ရပ်ခြားမြေရောက် မြန်မာလူငယ်လေးတွေ အချိန်မရောက်ခင်မှာ မတော်တရော် သေကြရတာ..စိတ်ထိခိုက်စရာ…သမျှောစရာပါ။
    ဘာသာရေးရှုဒေါင့်ကကြည့်ရင် လဲ သေကြောင်းကြံခြင်းဟာ သိပါအပြစ်ကြီးတယ်ဆိုတဲ့ အယူအဆရှိတဲ့ ကျွန်တော်တို့ အသိုင်းအဝိုင်းတွေ ထဲမှာ ဒိလိုကိစ္စမျိုးတွေ တားဆီးကာကွယ်ရေး၊ အသိပညာပေးရေး လုပ်ကြဘို့အချိန်တန်ပြီထင်တယ်….

  • Mr.Know-All

    November 18, 2011 at 10:56 am

    ဘာမဟုတ်တဲ့ ခံစားချက်တစ်ခုနဲ့ ဘဝတစ်ခုလုံးကြီးကို စတေးပစ်လိုက်တာ နှမြောစရာကြီးပါ
    ကိုရင်စည်သူပြောသလို လောကကြီးကနေတတ်ရင်ကျေနပ်စရာပါ
    ဘာအကြောင်းနဲ့မ လောကကြီးကို ဒီလိုမျိုး အရှုံးမပေးသင့်ဘူး
    ဒီလိုမျိုးဆို ပိုဆိုးပါ့ ကိုယ့်ကိုချစ်တဲ့သူ အတွက်သေရတာမ နည်းနည်းတော်သေး ကိုယ့်မချစ်လို့သစ္စာမဲ့တဲ့သူ အတွက်များ သေရတယ်လို့ မတန်လိုက်တာ

  • Mr.Know-All

    November 18, 2011 at 11:12 am

    ကိုရင်စည်သူပြောသလို လောကကြီးက နေတတ်ရင်ကျေနပ်စရာပါဗျာ
    လိုတာမရ ရတာမလို ဂဂျီ၈ဂကြာင်ကျနေရင်တော့ ဒီလိုဖြစ်ရတာပေါ့
    နှမြောစရာဗျာ သူ့ အရည်အချင်းတွေ

  • we R one

    November 18, 2011 at 12:11 pm

    စိတ်မကောင်းဖြစ်ရုံ ပဲ ဘာမှ မတတ်နိုင်တော့ဘူး.. ဘာသားရေးအဆုံးအမ အားနည်းတာလည်းဖြစ်နိုင်တယ်…ဝဋ္ဋ်ကြွေးရှိရင်းလည်း ဒါမျိုးတွေက ခံရတယ်လေ… အင်း အင်ဇာဂီ ပြောသလို ဂျပန်ငါးရာ ငါးခါ ဆိုတာကို သိခဲ့ရင့်တော့…….. 😀

  • ba gyi

    November 18, 2011 at 2:22 pm

    နောင်ဒီလိုမျိုးတွေတွေ့ရင်၊မိတ်ဆွေကောင်းပြီသစွာနဲ့-
    သူ့စိတ်ထွက်ပေါက်ကလေးရအောင်၊
    သူ့ခံစားချက်ကလေးတွေရင်ဖွင့်လျှောပြေသွားအောင်
    သူပြောထွက်အောင်လုပ်ပြီး၊များများနားထောင်၊နှစ်သိမ့်ပေးကြပါ၊
    တစ်ချို့က သူတို့ကို သူများသနားစရာလို့မြင်ရင်ပိုဆိုးတတ်တာတွေရှိတတ်တယ်၊
    ဒါမျိုးအတွက်တော့၊ သူနဲ့အတူတစ်သားထဲခံစားပြပြီး၊မှန်ကန်တဲ့သတ္တိ နဲ့ထွက်ပေါက်ရောက်အောင်
    ကူညီပေးကြဘို့လိုအပ်ပါတယ်၊
    ထွက်ပေါက်မှားတာနေမှာပါပဲ။
    ကွန်ပျူတာ နဲ့ပဲ အချိန်ပြည့်အဖေါ်လုပ်သူဆိုတော့၊
    ကွန်ပျူတာမှပဲရင်ဖွင့်တာနေမှာ
    လူသားဆန်တဲ့ ခံစားမျှဝေနိုင်တဲ့အဖေါ်မရလိုက်ရှာဘူး
    ကဲ ကဲ ရွာထဲက ကွန်ပြူတာမမတွေ ရေ သတိထား—သတိထား။

  • Pearl May

    November 18, 2011 at 5:19 pm

    သူ့ကိုအားကျလို့ ကညာစင်ဆိုတဲ့ နောက်တစ်ယောက် အိပ်ဆေးသောက်ပြီး သေပြန်ပြီတဲ့။ မိဘတွေကိုသနားတယ်။

  • ရွှေအိမ်စည်

    November 18, 2011 at 5:44 pm

    ပေါက်ကြီးရေ…

    ကောင်မလေးနောက်ဆုံးရေးသွားတြ ့စာ..လေးပါပူးတွဲပေးလိုက်တယ်။

    သို့

    မိန်းကလေးရေ…

    အခု နင်နဲ့ ကြိုက်နေတဲ့ သူဟာ ငါ့ဘဝမှာ အချစ်ရဆုံးတစ်ယောက်ဖြစ်တယ်…ငါဒီလိုပြောလို့ သဝန်တိုတယ်လို့ ထင်သွားမှာစိုးရိမ်တယ်…ဒါပေမဲ့ နင်ချစ်တဲ့သူနဲ့ တခြားတစ်ယောက်ချစ် နေရင် ဘယ်လောက်ခံစားရမလဲ…နင်နားလည်မယ်လို့ မျှော်လင့်ပါတယ်…ရိုင်းသလိုဖြစ်သွားရင်တောင်းပန်ပါတယ်…ဘာပဲဖြစ်ဖြစ်ငါနာကျင်လွန်းလို့ပါ…ငါသူ့ကို စွန့်လွှတ်ရတော့မယ်…သူ့ကို မချစ်လို့ မဟုတ်ပါဘူး…နင့်ကို ယုံကြည်နေတဲ့သူ့ကို ငါ ပျော်စေချင်တယ်…သူကပြောတယ်…နင့်ကို အသည်းနစ်အောင် ချစ်တယ်တဲ့… မိန်းကလေးရေ…ဂုဏ်ယူပါတယ်ကွာ…သူနဲ့ပတ်သက်ပြီး မှာစရာ လေးတွေ ရှိတယ်… မှတ်ထားစေချင်တယ်…

    * သူကြိုက်တဲ့ အရောင်က အနက်ရောင်လေ…သူနဲ့အပြင်ထွက်တိုင်း မင်းကို အနက်ရောင် ဝတ်စေချင်တယ်…
    * သူက စတော်ဘယ်ရီသိပ်ကြိုက်တယ်… သူသွားစားလေ့ရှိတဲ့နေရာကသိပ်တော့ အများကြီးမရှိဘူး… သူနဲ့ လိုက်သွားပေါ့…

    * သူကြိုက်တဲ့ သီချင်းတွေ အားလုံးကို ကြိုးစားပြီး နားထောင်ပေးပါကွာ… ဒီသီချင်းတွေ နင်လဲ ကြိုက်လာမှာပါ…

    * သူ ဂိမ်းဆော့တိုင်း နှောင့်မယှက်မိစေနဲ့…ဒါပေမဲ့အမြဲ သူ့ဘေးမှာနေပေးနော်…ဂိမ်းက သူ့ဘဝမှာ အရေးပါတဲ့ အရာမို့လို့ပါ…

    * သူငယ်ချင်းတွေနဲ့ သူ အသောက်အစားလုပ်ရင် သွားခွင့်ပေးလိုက်ပါ…သူနဲ့ ရန်မဖြစ်ပါနဲ့…သူငယ်ချင်းတွေဟာ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါ… ဘီယာမရှိရင် သူ့နေ့တွေကို ဖြတ်သန်းနိုင်မှာမဟုတ်ဘူး….

    * သူဖုန်းဆက်ရင်… နင် ဘယ်လောက် အလုပ်များများ ဆက်ဆက်ကို်င်ပါ…ဖုန်းသံကို silent မလုပ်ထားနဲ့နော်…

    * သူ့အိမ်ဖုန်းကို မဆက်ပါနဲ့…သူ့အမေ သူ့အတွက်စိတ်ပူမှာ သူမလိုလားဘူးလေ….သူက သူ့အမေကို အရမ်းချစ်တာ…

    * တခြားကောင်လေးတွေနဲ့ မင်း သူငယ်ချင်းမဖြစ်စေနဲ့နော်… သူမနာလိုဖြစ်လိမ့်မယ်လေ…

    * သူနဲ့ပတ်သက်သမျှမှတ်ထားပေးပါ…

    * ညတိုင်း သူမအိပ်ခင် … သူ့ကိုဖုန်းဆက်ပြီး သူ့ကို ချစ်တယ်လို့ ပြောဖို့ မမေ့နဲ့နော်…သူက သိပ်ကြားချင်တာလေ….

    * အရေးကြီးဆုံးက နင် ဘယ်ရောက်နေနေ…စက်တင်ဘာလရဲ့ နောက်ဆုံးအပတ်ဆိုရင် သူနဲ့အတူတူရှိနေပေးပါ…သူ့မွေးနေ့က စက်တင်ဘာလ ၂၆ ရက်နေ့လေ…သူ့မွေးနေ့မှာ သူနဲ့အတူတူ ချစ်ဂန္တဝင်ဆန်ဆန် ပါတီပွဲ ကျင်းပဖို့ မမေ့နဲ့နော်…

    * ငါ့ကိုယ်စားအဲဒါ တွေကို လုပ်ပေးပါ…မိန်းကလေးရယ်… ငါမင်းဆီက လိုချင်တာ အဲဒါပါပဲ…

    * ငါတို့ ၂ယောက် တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ကြဘူးလေ… သူ့ကို ငါနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်ပါစေနဲ့…စိတ်ချမယ်နော်…

    * ငါနင့်ကို သူနဲ့အတူတူတွေ့ရင် မနာလိုဖြစ်ကောင်းဖြစ်မယ်….ဒါပေမဲ့ သူချစ်တဲ့သူနဲ့ အတူတူမြင်နေရရင် ငါဝမ်းသာပါတယ်…

    ဒီလောက်ပါပဲ မိန်းကလေးရယ်…သူ့ကို စောင့်ရှောက်ပါ… ၂ယောက်လုံး အကောင်းဆုံးဖြစ်ပါစေနော်…

    မှ

    ရင်ငြိမ်းပွင့်(သူအမုန်းဆုံး အဆက်ဟောင်း)

    (ဇေယျာ) 17/Nov/2011, Thursday, 5:45 pm

    • အေမီ

      November 18, 2011 at 11:35 pm

      ဒီစာဖတ်ပြီ…………..ဘယ်လိုပြောရမလဲ…
      ငိုချင်သလိုလို……စိတ်ညစ်သလိုလို……..ကိုယ်နဲ့လည်း ဘာမှမဆိုင်ပဲနဲ့ စိတ်ထဲတစ်မျိုးကြီးပဲ။
      ရုပ်ရှင်ဆန်သလိုလိုနဲ့……တကယ်ကို လက်တွေ့ဖြစ်နေတာပါလား……….. 🙁

  • blackchaw

    November 18, 2011 at 5:57 pm

    oh…..
    ရွှေအိမ်စည်ရေ။
    ဒီသတင်းက မနေ့ကညကတည်းက ရှိနေတာပါ။ ကွန်းမန့်တွေအများကြီးတက်နေပေမယ့်
    စိတ်မဝင်စားမိခဲ့ဘူး။ အခု ကောင်မလေး နောက်ဆုံးရေးသွားတဲ့စာလေးကိုဖတ်လိုက်ရတော့
    ရိုမီယိုနဲ့ ဂျူးလိယက် ရုပ်ရှင်ကြည့်တုန်းက ခံစားချက်မျိုးလေး ပြန်ရမိတယ်။
    ကောင်မလေးဟာ သူမရဲ့သေခြင်းကို အနုပညာဆန်ဆန် ဖန်တီးသွားခဲ့တယ်လို့ ထင်မိတယ်။
    ဒီစာလေးကိုသူမရေးခဲ့တယ်ဆိုရင် ရေးနေတဲ့ အချိ်န်မှာ သူမဟာ ဘယ်လောက်ကြေကွဲနေလိုက်မလဲ။
    မည်သို့ပင်ဆိုစေကာမူ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။

  • chityimhtoo

    November 18, 2011 at 6:30 pm

    ရွာသားတွေရဲ့ကွန့်မက်ကိုဖတ်ရတာဝမ်းနည်းလွန်းလို့ မျက်ရည်တောင်ငေါက်တောက်ပန်းကျတယ်ဗျာ။…..:P

  • ပေါက်ဖော်

    November 18, 2011 at 7:14 pm

    ခလေးတစ်ယောက်ရဲ့ဖေ့စ်ဘွတ်မှာ..တွေ ့တာ..သူ ့အကိုတင်ထားတာလို ့ပြောတယ်.

    သေတဲ့ကောင်မလေးက..
    အနက်ရောင်ဝမ်းဆက်
    အနက်ရောင် ဒေါက်ဖိနပ်ပါ ဝတ်ထားတယ်
    ပေါင်နှစ်ချောင်းကတော့ ဆန် ့ကျင်ဘက်ပြဲထွက်
    ခါးအောက်နဲ ့..အပေါ်ပိုင်းလဲ..နှစ်ခြမ်း..ပျက်
    ကလီစာတွေ..လျှံထွက်.. နေတယ်…
    အပေါ်ပိုင်းရုပ် သိပ်မပျက်ဘူး..အောက်ပိုင်းတော့ ရစရာမရှိဘူး….ရက်စက်တယ်..ဗျာ.

    မသေချာလို ့..
    မကောင်းတတ်လို ့..ထပ်မတင်တော့ပါဘူး.
    စိတ်ကောင်းဘူး

  • king

    November 18, 2011 at 9:25 pm

    သတင်းကြားကြားချင်းနောက်နေတာလို့ပဲ ထင်ခဲ့မိပါတယ် …တစ်ခါမှ မသိကျွမ်း မမြင်ဖူးပေမယ့် တကယ်ဆိုတာကို သိလိုက်ရတော့ စိတ်ထဲမှာ တစ်မျိုးပဲခံစားခဲ့ရပါတယ် …ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဆိုတော့ …
    မရင်ငြိမ်းပွင့်အတွက် ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေအတွက် ဒီနေရာကနေပဲ အမျှအတန်း ပေးဝေလိုက်ပါတယ် ရောက်ရာဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေ
    အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု

  • king

    November 18, 2011 at 11:25 pm

    ဟေ့ ဒီမှာ! မင်းကိုယ်မင်း သတ်သေချင်နေသလား? ဒီစာလေးကို တစ်ချက်တော့ ဖတ်ကြည့်စမ်းပါ။

    အရှည်ကြီးမဖတ်နဲ့ ငါးမိနစ်ပဲဖတ်။ ငါးမိနစ်ကျော်ရင် မင်းလုပ်ချင်တာ ဆက်လုပ်၊ ဟုတ်ပလား။

    ငါ မင်းကို တရားမချဘူး။ မင်း စိတ်တွေ ပြောင်းလိုက်ပါလို့ မပြောဘူး။

    ငါက ဓမ္မကထိကလည်း မဟုတ်ဘူး၊ ဆရာဝန်လည်း မဟုတ်ဘူး။ မင်းခံစားမှုမျိုးကို ထပ်တူ ခံစားဖူးသူတစ်ယောက်ပဲ။

    မင်းဘယ်သူလဲ ဆိုတာ ငါမသိဘူး။ ဘာကြောင့် ဒီစာကို ဖတ်နေရလဲလို့လဲ ငါမသိဘူး။ ငါသိတာ တစ်ခုပဲ ရှိတယ်။

    အခု မင်း ဒီစာကို ဖတ်နေတယ်၊ အဲဒါကောင်းတယ်။ ဘာလို့ ဖတ်နေရသလဲဆိုတော့ မင့်မှာ ဒုက္ခကြီးတစ်ခုခုရှိနေတယ် ဒါကြောင့်မင်းကိုယ်မင်း သက်သေဖို့ စဉ်းစားနေတယ်၊ ဟုတ်တယ် ဟုတ်။

    တကယ်လို့ ဖြစ်နိုင်မယ်သာဆိုရင် အခု မင်းအနားငါ ရှိချင်လိုက်တာ။ မင်းနဲ့အတူ လာထိုင်မယ်၊ စကားတွေ အတူပြောမယ်။ တို့တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရင်ဖွင့်ပြောချင်တယ်။

    ဒါပေမဲ့ ငါသိတယ်၊ အဲဒါ မဖြစ်နိုင်တော့ဘူး။

    ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ သူတွေအကြောင်း အများကြီး ငါသိတယ်။ ဒါကြောင့် မင်းဘယ်လိုခံစားနေရသလဲဆိုတာ ငါတပ်အပ်နီးပါး ငါမှန်းလို့ရတယ်။ မင်း စာအရှည်ကြီး မဖတ်ချင်ဘူးဆိုတာလဲ ငါသိတယ်။

    တိုတိုပဲ ငါရေးပါ့မယ်။ မင်းနဲ့သာ ငါးမိနစ်လောက် အတူရှိခွင့်ရမယ်ဆိုရင် ငါ မင်းကို လုပ်စရာလေး ငါးခုပဲ ဝေမျှချင်တာပါ။ မင်းကိုယ်မင်း သတ်သေချင်နေတဲ့ကိစ္စကို ငါမကန့်ကွက်ဘူး။ ဒါပေမဲ့ မင်း သိပ်နာနာကျင်ကျင် ခံစားနေရာတယ်လို့ ငါယူဆတယ်။

    ကောင်းလိုက်တာ။ မင်းဆက်ဖတ်နေတာပဲ။ အရမ်းကောင်းတယ်။ မင်းသာ ဒီစာဆုံးတဲ့အထိ ဆက်ဖတ်ဖြစ်ရင် သိပ်ကောင်းမှာပဲ။ မင်းရဲ့စိတ်အတွင်းဆုံးပိုင်းထဲမှာ ချီတုံချတုံအတွေးကလေးတစ်ခုတော့ ရှိနေလိမ့်မယ်လို့ ငါထင်တယ်။

    ဒါပေမဲ့ မင်းက မင်းဘဝကိုတော့ အဆုံးသတ်တော့မှာပဲနော်။ လူတွေ အဲဒီလို မကြာခဏ ခံစားရတတ်ပါတယ်။ ကိုယ့်ဘဝကိုယ် အဆိုးဆုံးဖြစ်သွားပြီလို့ စိတ်ပျက်သုဉ်းသွားတတ်တာမျိုးလေ။ ဒါပေမဲ့ ဒီလိုသေပစ်လိုက်ခြင်းဟာ အရာရာ အိုကေသွားမယ်လို့ မင်းထင်သလား? ပုံမှန်ဆုံးဖြတ်မှုလို့ မင်းထင်သလား? အနည်းဆုံးတော့ အခု မိနစ်ပိုင်းလေးတွေမှာ မင်း ဆက်အသက်ရှင်နေသေးတယ်။ အဲဒါ မင်းမှာ ဒွိဟစိတ်တွေရှိနေသေးတာကိုပြတာပဲ။ မင်းသေချင်နေတဲ့ တစ်ပြိုင်တည်းမှာပဲ မင်းမှာ ဆက်ရှင်သန်ချင်နေသေးတဲ့ စိတ်လည်း ရှိနေတယ်။ ဒါကြောင့် မိနစ်နည်းနည်းလောက် ဆက်သွားကြည့်ရအောင်။

    ပထမဆုံး မင်းဒီစာကြောင်းလေးကို စဉ်းစားကြည့်လိုက်။

    ကိုယ့်ကိုယ်ကို သတ်သေတာဟာ …

    ရွေးချယ်မှု မဟုတ်ဘူး။

    မင်းစိတ်ရဲ့ ခံနိုင်ရည်ထက်ပိုပြီး

    နာကျင်ခံစားသွားရလို့ ဖြစ်တယ်။

    ဒါပဲ။ မင်းဟာ လူဆိုးမဟုတ်ဘူး။ အရူးလည်း မဟုတ်ဘူး။ ပျော့ညံတဲ့သူ၊ အရှုံးပေးတတ်တဲ့သူလည်း မဟုတ်ဘူး။ ဘာလို့လဲ၊ မင်းသေချင်လောက်အောင် ခံစားနေရလို့။

    ကဲ … အဲဒါကိုကြည့်စမ်း။ တကယ်တမ်း အမှန်တော့ မင်းသေချင်နေတာ မဟုတ်ပါဘူး။ မင်းခံနိုင်ရည်ထက်ကျော်လွန်ပြီး နာကျင်ခံစားနေရလို့ပါပဲ။

    ငါ မင်းပခုံးပေါ် တပြုံတစ်ခေါင်းကြီး တင်လိုက်ရင် မင်းလဲပြိုကျသွားမယ်၊ မင်းဆက်ရပ်ချင်ချင် မရပ်ချင်ချင်ပေါ့။ စိတ်တန်ခိုးက ဒီနေရာမှာ ဘာမှသုံးစားမရဘူး။

    တကယ်ပြောတာ။ မင်းတတ်နိုင်မယ်ဆိုရင် မင်းကိုယ်မင်း အားတက်အောင်လုပ်မှာပဲ။ ငါသိတယ်။

    တခြားသူတွေပြောတာ ဂရုမစိုက်နဲ့။ ခံစားမှုဆိုတာ တစ်ယောက်နဲ့တစ်ယောက်တူတာ မဟုတ်ဘူး။ မင်းအတွက် သည်းမခံနိုင်တဲ့ကိစ္စဟာ တခြားတစ်ယောက်အတွက် အရေးမပါတာလည်းဖြစ်နိုင်တာပဲ။ တခြားတစ်ယောက်သေမလောက်ဖြစ်နေတာမျိုးကို မင်းဖို့ ဟားပစ်လောက်စရာဖြစ်ရင်လဲ ဖြစ်မှာပဲ။ လိုအပ်တာက မင်းရဲ့ ခံနိုင်ရည်အားနဲ့ မမျှအောင် ဘယ်လို ခံစားမှုမျိုး ရောက်လာသလဲဆိုတာပဲ။

    မင်းဖို့ မခံမရပ်နိုင်လောက်တဲ့ ဝေဒနာရလာတဲ့အခါ ကိုယ့်ကိုယ်ကိုသတ်သေခြင်းဟာ ရလာဒ်အဖြစ်ထွက်ပေါ်လာရတော့တာပဲ။ ကိုယ့်ကိုယ်ကို သတ်သေတာဟာ မမှားဘူး၊ ဒါပေမဲ့ မမှန်ဘူး။ ဒါဟာ မင်းအကျင့်သိက္ခာချွတ်ယွင်းတာ မဟုတ်ဘူး။ ဒါဟာ ရရှိလာတဲ့ ဝေဒနာနဲ့ မင်းရဲ့ခံနိုင်ရည်တို့ ဝန်နဲ့အား မမျှတာပဲ။

    ဒီအချိန်မှာ မင်း လုပ်သင့်တာ ၂မျိုးရှိတယ်။

    က) မင်းရဲ့ ဝေဒနာ ဒုက္ခကို လျှော့ပါးစေဖို့ လုပ်ပါ။ ဒါမှမဟုတ်ရင်

    ခ) မင်းရဲ့ခံနိုင်ရည်ကို တိုးအောင်လုပ်ပါ။

    တကယ်တော့ ၂ခုလုံးကို မင်းလုပ်လို့ ရပါတယ်။

    မင်းကို နည်းလမ်းလေးငါးခုပေးချင်တယ်။

    ၁) တခြားသူတွေ သူတို့ခံစားခဲ့ရဘူးတဲ့ အရမ်းဆိုးရွားတဲ့ ဒုက္ခဝေဒနာတွေကို ဘယ်လို ကျော်လွှားခဲ့ကြသလဲ? မင်း စူးစမ်းပါ။ အဲဒါ မင်း အသက်ရှင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။

    ဒါ မင်းကို ကူညီနိုင်မယ်လို့ ငါမျှော်လင့်တယ်။

    ၂) မင်းကိုယ်မင်း အချိန်အပိုင်းအခြားလေးတစ်ခုတော့ ပေးပါ။ ငါ ဘာတစ်ခုမှ မလုပ်သေးပဲ ၂၄နာရီစောင့်ကြည့်မယ်။ ဒါမှမဟုတ် တစ်ပတ်စောင့်ကြည့်မယ်ပေါ့။ မှတ်ထားစမ်းပါ ခံစားမှုနဲ့ လုပ်ရပ်ဟာ မတူဘူး၊ တခြားစီ။

    အခု မင်းကိုယ်မင်း သတ်သေချင်နေတာဖြစ်တယ်။ အဲဒါ အခု မိနစ်ပိုင်းအတွင်း မင်းလုပ်မှဖြစ်မယ်လို့ ဆိုလိုတာမှ မဟုတ်ပဲ။

    မင်းရဲ့ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့ ခံစားမှုနဲ့ ကိုယ့်ကိုယ်ကို သတ်သေမယ့်လုပ်ရပ်ကြားမှာ အပိုင်းအခြားလေးတစ်ခုပဲ ထားပေးစမ်းပါ။ ၂၄နာရီလေးပါပဲ။ အခုတောင် ဒီစာဖတ်ရင်း မင်း ငါးမိနစ်လောက် ကျော်လာခဲ့ပြီလေ။

    မင်းနောက်ထပ်ငါးမိနစ်ကိုလည်း ဒီစာဆက်ဖတ်နေရင်း ကျော်လွှားသွားနိုင်မှာပဲ။

    ဆက်သွားရအောင်ပါ။ ငါနားလည်တယ်။ မင်းကိုယ်မင်း သတ်သေချင်နေတယ်၊ ဒါပေမဲ အဲဒီလုပ်ရပ်ကို မင်းမလုပ်ဖြစ်ဘူး၊ လောလောဆယ် အဲဒီလုပ်ရပ် မလုပ်ဖြစ်ဘူး။ ငါ ဒီ့အတွက် အားတက်လိုက်တာ။ မင်းအတွက် ငါ မျှော်လင့်ချက်တွေရှိလာပြီ။

    ၃) လူတွေဘာလို့ကိုယ့်ကိုယ်ကို သတ်သေသလဲ? ဝေဒနာခံစားရမှုတွေက `သက်သာ´ ရာရအောင်ဖြစ်တယ်။ မှတ်ထားစမ်းပါ။ သက်သာတယ်ဆိုတာ ခံစားမှုပဲ။ မင်းအသက်ရှင်နေမှ ခံစားလို့ရမယ်။ သေသွားရင် သက်သာတာကို မခံစားနိုင်တော့ဘူး။

    ၄) တစ်ချို့လူတွေက မင်းကိုယ်မင်းသတ်သေချင်နေတဲ့အကြောင်းသိသွားရင် သိပ်ဆိုးဆိုးရွားရွားတုန့်ပြန်လိမ့်မယ်။ ဘာလို့ဆိုတော့ သူတို့ ကြောက်လို့ ဒေါသထွက်လို့။ အဲဒီအခါမှာ သူတို့ရဲ့ အပြုအမူတွေဟာ မင်းကို ကူညီရာမရောက်ပဲ ဝေဒနာ ပိုတိုးလာအောင်လုပ်သလိုဖြစ်နေတတ်တယ်။

    သူတို့ရဲ့ ဆိုးဆိုးရွားရွား တုန့်ပြန်မှုတွေဟာ သူတို့ကြောက်စိတ်ကြောင့်ဖြစ်နေကြောင်း နားလည်လိုက်ပါကွာ။ မင်းကြောင့်မဟုတ်ဘူး။

    ဒါပေမဲ့ တစ်ချို့ကျတော့ မိုက်တယ်။ မင်းရဲ့ စိတ်ညစ်စရာအချိန်တွေကို အတူ ဖြတ်သန်းပေးတယ်။ မင်းကို အကဲမဖြတ်ဘူး၊ ခံမငြင်းဘူး၊ ဆေးရုံပို့ဖို့လည်း မလုပ်ဘူး။ မင်းခံစားရတာတွေ ပြောင်းလိုက်ပါလို့လဲ မပြောဘူး။ သူတို့က မင်းကို ဂရုစိုက်ရုံသက်သက်ပဲ။ အဲဒီလို လူစားမျိုးကို မင်းရှာပါ။

    အခု။ မင်းရဲ့ ၂၄နာရီ။ ဒါမှမဟုတ် ဖြစ်နိုင်ရင် တစ်ပတ်လောက် မင်းနဲ့အတူ နေပေးဖို့ အဲဒီလို လူမျိုးကို ပြောပါ။ ဒါမှမဟုတ်ရင် မင်းအမေ၊ မင်းအဖွား၊ မင်းရဲ့ အချစ်ဆုံးသူငယ်ချင်း၊ မင်းအဖေ။ မင်းအမ၊ မင်းညီမ၊ မင်း ညီ တစ်ယောက်ယောက်ကတော့ ကူညီနိုင်လိမ့်မယ်လို့ ထင်တယ်။

    တစ်ခုလေးပဲ မင်းတစ်ယောက်တည်းတော့ မနေလိုက်ပါနဲ့။ အခန်းလည်းအောင်းမနေနဲ့ အပြင်ထွက်စမ်းပါ။ မင်းဘဝတလျှောက်လုပ်ချင်ရက်နဲ့ မလုပ်ဝံ့ခဲ့တာတွေ လုပ်ချပစ်လိုက်စမ်းပါ။

    ၅) ကိုယ့်ကိုယ်ကို သတ်သေတဲ့ ခံစားမှုဟာ ပရိဒေဝမီးပဲ။ အဲဒီခံစားမှုထဲ နစ်ကျွံဝင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်မိတတ်တယ်။ ဒါကြောင့် မင်းတခြားသူတွေနဲ့ စကားပြောကြည့်စမ်းပါ။ အွန်လိုင်းပေါ်တက် Facebook Group Group တွေထဲ ဝင်ချင်ဝင်။ ချက်တင်ထိုင်ချင်ထိုင်။ မင်းပြောချင်ရာပြောကြည့်။ တစ်ယောက်မဟုတ်တစ်ယောက်တော့ အွန်လိုင်းမှာ ရှိနေလိမ့်မယ်။

    အိုကေ။ မင်း ငါ့ကို အချိန် ပေးခဲ့တာပဲ။ ငါဒီ့အတွက် အရမ်းဂုဏ်ယူပါတယ်။

    ဒီလိုမင်းလုပ်ခဲ့တဲ့အတွက် မင်းဆုလာဒ်တစ်ခုခံစားရမှာပါ။ ကဲ ငါအခု မင်းကို တန်ဘိုးအကြီးဆုံးလက်ဆောင်တစ်ခုပေးမယ်။ မင်းယူမလား။

    တကယ်ပြောတာ။ ငါပေးမယ့် လက်ဆောင်က မင်းအတွက် တန်ဘိုးအထားဆုံးဖြစ်လိမ့်မယ်။ ငါက သိပ်ချမ်းသာလို့ မဟုတ်ဘူးနော်။ ဒါပေမဲ့ သိတယ်မဟုတ်လား၊ ငါက မိုက်တယ်လေ။

    ငါပေးမယ့်လက်ဆောင်ကို သိချင်ပြီလား။ မြုံစိစိလုပ်မနေတော့ဘူး။ ပြောချလိုက်တော့မယ်။ အဲဒါ `မင်း´ ပဲ။ ဟုတ်တယ်၊ တကယ်ပြောတာ မင်းအတွက် `မင်း´ ဟာ တန်ဘိုးအကြီးဆုံးလက်ဆောင်ပဲ။

    မင်းကိုမင်း လက်ဆောင်အဖြစ် ယူသင့်ပါတယ်ကွာ။

    ငါအခု ပြောတာတွေက မင်းအတွက် စိတ်ခံနိုင်ရည်အားကို တက်စေလိမ့်မယ်လို့ ငါယုံတယ်။ အိုကေ ဒီ့အတွက် ငါသိပ်ဝမ်းသာတယ်။

    နောက်ထပ် တခြားသူတွေနဲ့ စကားပြောကြည့်ပါဦး။ မင်းပိုပြီး နေသာထိုင်သာ ရှိလာမှာပါ။ မင်းပြောတာကို နားထောင်ပေးမယ့် သူတွေကို ရှာနော်။

    တစ်ယောက်ထဲ မရှာနဲ့ အများကြီးရှာ။ မင်းဘယ်လို ခံစားနေရသလဲ မင်းဘာကြောင့် ခံစားနေရသလဲ။ အကုန်လျှောက်ပြောပစ်လိုက်။

    ကဲ … လာ၊ ထ

    အခုပဲ တစ်ယောက်ယောက်ဆီ ဖုန်းခေါ်လိုက်။

    ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ သွားတွေ့လိုက်။

    သွန်းနေစိုး Thorn Nay Soe

    [ မကြာခင်က စင်္ကာပူရောက်မြန်မာမလေးကိုယ့်ကိုယ်ကို သတ်သေသွားတဲ့အကြောင်းကြားတဲ့အခါ ကျနော် စိတ်မကောင်းပါ။ မိတ်ဆွေတစ်ယောက် သတိပေးလာတယ်။ ကျနော်တို့လို စာရေးဆရာတွေအနေနဲ့ ဒီကိစ္စကို လူငယ်တွေ အတုယူမမှားအေင် ပြောပေးသင့်တယ်တဲ့။ လူငယ်တွေက ကျနော့်ထက်တော်ပါတယ်ဗျာ။

    ဒါပေမဲ့ သိမ်းထားတာကြာပြီဖြစ်တဲ့ စာလေးတစ်စောင်ကို ပြန်ဖတ်မိတယ်။ အင်တာနက်က Download လုပ်ထားတာကို မှီးပြီးပြန်ရေးထားတာပါပဲ။ တိုက်ရိုက် ဘာသာပြန်တာလည်း မဟုတ်ဘူး။ နားလည်လွယ်အောင် မြန်မာမှုပြုထားတယ်။ မူရင်းနဲ့ သဘောမတူတာရှိရင်လည်း ကိုယ့်ဖာသာ ပြန်ရေးထားတယ်။

    ဒါပေမဲ့ ဒီစာလေးဟာ ကိုယ့်ကိုယ်ကို သတ်သေမတတ်ခံစားနေရသူတွေဖို့ အသက်ကယ်ဆေးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။]

  • ပေါက်ဖော်

    November 19, 2011 at 5:23 pm

    ဒီနေ ့ထပ်ကြားရတာတော့..
    တမင်ကြံစည်တာမဟုတ်ပဲ မတော်တဆ ဖြစ်တာလို ့သိရပါတယ်
    အလုပ်သွားဖို ့..လှေခါးအဆင်းမှာ..ချော်ကြရာက ဆုံးသွားတာလို ့သိရပါတယ်
    မယဉ်ငြိမ်းပွင့်ဟာ မိသားစုကို လစဉ်ထောက်ပံ့နေသူဟုလဲသိရပါတယ်
    သူမအလောင်းကို ရန်ကုန်ဆေးရုံသယ်ယူစစ်ဆေးပြီး..
    ရေဝေးသုဿန်မှာ သဂြိုလ် ပြီးပြီဖြစ်ပါကြောင်း………………………………….။

Leave a Reply