ကိုကြောင်ရေ ဆက်ဆွဲရအောင်…..
ကိုကြောင်ရေ ဒီမှာ ဆက်ဆွဲရအောင်နော်။သေသေချာချာဆွေးနွေးပေးလို့လဲကျေးဇူးတင်ကြောင်းပြောပါရစေ။
ကိုကြောင်။ ။နဂါးလေးကောင်နဲ့ ကျားလေးကောင် အကောင်ရှစ်ကောင်ရဲ့ တူညီချက်သည်
(၁) အမေရိကန်၊ ဥရောပ နိုင်ငံများနဲ့ ဆက်ဆံရေးအဆင်ပြေလို့ ကုန်သွယ်ခွင့်ရတယ်၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ အတတ်ပညာများရတယ်။
(၂) ၁၉၉ဝခုနှစ်များမှာ ဖြစ်ပေါ်ခဲ့တဲ့ ကမာ္ဘ့နိုင်ငံရေး၊ စီးပွားရေး ပုံစံသစ်များကို မှီခဲ့တယ်။
(၃) တရုတ်ကြီးဩဇာ ထိန်းညှိဖို့ အနောက်နိုင်ငံများရဲ့ အရေးပေး ဆက်ဆံမှု ရခဲ့တယ်။
Born | 22 August 1904(1904-08-22) Guang’an, Sichuan, China |
---|---|
Died | 19 February 1997(1997-02-19) (aged 92) |
Source: http://en.wikipedia.org/wiki/Deng_Xiaoping
ကျနော်အမြင်အရတော့ တရုတ်ရဲ့အနေအထားကို အခုမှမဟုတ်ဘဲ ၁၉၇၉ Deng Xiaoping တိန့်
ရှောင်ဖိန်ရဲ့ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေစတဲ့အချိန်ကတည်းက ဥရောပ၊အမေရိကန်တို့နဲ့အတူဂျပန်အပါ
အဝင် က မဟာဗျူဟာကျကျပိတ်ဆို့ခဲ့တယ်လို့ထင်ရပါတယ်။
ပြောရရင်ဆိုဗီယက်တို့ရဲ့ ဩဇာကိုတိုက်ခိုက်တဲ့ စစ်အေးတိုက်ပွဲရဲ့အရှိန်နဲ့ပေါ့။
ထင်ရှားတာကတော့ ဖွံ့ဖြိုးမှုဖြစ်စဉ်လမ်းကြောင်းကိုတဆင့်ကျော်ပြီး နဂါးလေးကောင်(ကိုရီးယား၊ထိုင်ဝမ်၊စင်ကာပူ၊
ဟောင်ကောင်)တို့လိုအဲဒီအချိန်ကအာရှအဓိကကုန်သွယ်ဖက်နိုင်ငံတွေကိုကျော်ပြီး၊ ကျားလေးကောင်(မလေးရှား၊
ထိုင်း၊အင်ဒိုနဲရှား၊ဖိလစ်ပင်း)တို့ကိုလာရောက်မြုပ်နှံကြတာပါဘဲ။ ပုံမှန်အားဖြင့်ကကိုယ်နဲ့
ကုန်သွယ်ဖက်နိုင်ငံတွေမှာမြုပ်နှံခြင်းကသာအကျိုးအမြတ်သေခြာတာပါ။
ကုန်တင်သွင်းနိုင်ငံဘက် (e.g. USA, EU ) ကဆိုရင်
(Trade Deficit) ကုန်သွယ်ရေးလိုငွေပြမှုသက်သာ(သို့)ယခင်ထက်သက်သာတဲ့ဈေးနဲ့ဝယ်နိုင်ပြီး
ကုန်တင်ပို့နိုင်ငံ(e.g. Thai, Malaysia) အနေ နဲ့က (Trade Promotion)ကုန်ထုတ်မှုတိုးခြင်း၊
ပိုမိုအရည်အသွေးကောင်းလာခြင်း၊ (Trade Creation) ကုန်ပစ္စ္စည်းသစ်များထုတ်လုပ်နိုင်လာခြင်း၊
(Trade Creation) ကုန်သွယ်ဖက်နိုင်ငံများတိုးတက်ရရှိလာခြင်း၊အစရှိသဖြင့် ၂ ဦး ၂ ဘက်
အကျိုးအမြတ်သေခြာတဲ့ နေရာ ကို ဘဲလုပ်တာပါ။
ဒါပေမဲ့ ၁၉၈ဝ ခုနှစ် ထိုင်းရဲ့ (Foreign Direct Incestment-FDI) ပြည်ပရင်းနှီးမြုပ်နှံက
၉၈၁ မီလီယံ =( ၁ ဘီလီယံတောင်မရှိဘူး) ကနေ ၁၉၈၅ ခုနှစ် အထိ ၅ နှစ် အတွင်းမှာ
၁၇.၄ ဘီလီယံ အထိ ၁ရ ဆ တိုးလာတာကြီးက အဲဒီအပေါ်က ဥရောပ၊အမေရိကန် ဂျပန်သုံးဦးရဲ့ အင်အားကြီးဗျ။
ဖိလစ်ပင်းက ၁.၂ ဘီလီယံ(၁၉၈၀) ကနေ ၆ ဘီလီယံ (၁၉၈၅) ထိ ၅ ဆဗျာ။ အဲဒီလိုတက်တာတွေ့ရတယ်။
မလေးရှားကအဲဒီအချိန်မှာ State Owned Enterprise-SOE အစိုးရပိုင် Joint လုပ်ငန်းတွေ(e.g. Proton Car
Co.,1983 joint with Mitsubishi Motors-ပရိုတွန်ကားလုပ်ငန်း)လဲလုပ်နေတာဆိုတော့(၁၉၈၅)FDI ရဘီလီယံ ..
အင်ဒိုနဲရှားက (၁၉၈၅) FDI ၂.၄ ဘီလီယံပေါ့ဗျာ။
၁၉၈၅ ဆိုတဲ့နှစ်များမှာတော့အဲဒီအနေအထားကရွှေပါဘဲ။ပြောရရင် နိုင်ငံကောင်းလဲ ရွေးရသေးတာ။
အင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ ့ပင်လယ်စစ်အခြေစိုက်စခန်းတွေအတွက်အထိစဉ်းစားရမယ်ဆိုတော့ လေ။
ကိုယ့်ဩဇာခံမဲ့ ကောင်မျိုးရွေးရသေးတာ။
ဒါနဲ့ ဘဲ အဲဒီ လေး ကောင်တွေလဲတက်လာရောပေါ့။
ကိုကြောင်။ ။အနောက်နိုင်ငံများ နိုင်ငံရေး၊ စီးပွားရေး ခေတ်ကောင်းနေချိန်မှာ ပေးလာတဲ့
အခွင့်အလမ်းများကို အမိအရ ဖမ်းဆုပ်ထားနိုင်လိုက်တယ်……
………………..ဆိုတာကလဲ ၂ ဦး၂ဘက် အကျိုးစီးပွါးများပါဘဲ။
၁၉၉၄ ခုနှစ်မှာ နက်ဖတာကိုထောင်လိုက်တဲ့အမေရိကန်က ဥရာပဘက်ကုန်သွယ်ရေးစစ်မျက်နှာလှဲ့လိုက်ချိန်မှာ
အဲဒီဘက်အာရုံရောက်သွားကြလို့ သူများအရင်းအနှီးနဲ့ မောင်းတဲ့ ကောင်တွေ ၁၉၉ရ မှာ Financial Crisis နဲ့
“မှောက်” သွားခဲ့တာကိုကြည့်ရင် အရင်းအနှီးရဲ့အား နဲ့ ဈေးကွက်ရရှိမှု အရေးပါပုံကိုထင်ရှားစေတယ်။
ကိုကြောင်။ ။ တရုတ်ကြီးကြောင့် ဈေးကွက်အသစ်များ ပွင့်လာတယ်လို့ မြင်ကြည့်ရင်လည်းရပါတယ်။
မလေးရှားက စားအုန်းဆီကနေ မိုက်ခရိုချစ်ပ်၊ ဖိလစ်ပင်းကအီလက်ထရော်နစ်အသေးစားတွေ၊အင်ဒိုနဲရှားက သူ့
ရေနံ၊သစ်နဲ့အဝတ်၊ဖိနပ်တွေ၊ထုတ်ခဲ့ကြတယ်။
ထိုင်းက စားသောက်ကုန်တွေကိုစည်သွတ်ဘူးနဲ့ထုတ်တဲ့ဟာရယ်၊ အဝတ်အထည် ဖိနပ်ပေါ့လေ
(စားရေးနဲ့ဝတ်ရေးကို)စက်မှုအဆင့်နဲ့ရအောင်လုပ်နိုင်ခဲ့ပေမဲ့၊ “နေရေး” ဆိုတဲ့အထဲက လူ့အသုံးအဆောင်၊
လုပ်ငန်းအသုံးအဆောင်တွေကို ဈေးကွက်ခိုင်ခိုင်မာမာရအောင် မလုပ်နိုင် ခဲ့ဘူး။
တရုတ်က အဲဒီ “ဟာကွက်” ကို မိမိရရကြီး ယူသွားခဲ့တာဘဲ။ ဆိုင်တွေမှာ၊ကောင်တာတွေမှာ၊သုံးရတဲ့
သံထည်အသုံးအဆောင်မျိုးတွေက အစ အိမ်သုံးပစ္စည်း လေးတွေဟာ မဖြစ်လောက်ဘူး ထင်ရပေမဲ့
တကယ် လို လို့ ဝယ် ရရင် ပိုက်ဆံတော်တော်ကုန်တာမျိုးတွေ လေ။
အဲဒီဈေးကွက်ကဟိုးအရင်ထဲက အာရှမှာ ဘယ်သူမှ မပိုင်ခဲ့တဲ့ဈေးကွက်။ တရုတ်က မြင်လဲမြင်
ယူလဲယူတတ်တယ်ပေါ့ဗျာ။
ကိုကြောင်။ ။ နဂါးလေးကောင်ကတော့ အစောပိုင်းထဲက အနောက်ကမာ္ဘနဲ့ ကုန်သွယ်စီးပွား
ဖြစ်နေပြီးသားပေါ့လေ၊ ပြောင်းလဲသွားတဲ့ခေတ်မှာ ပိုကြီးပွားလာတယ်။
အဲဒီမှာ ကိုးရီးယားက အတော်ဆုံးပဲဗျ။ ၁၉၉၄ NAFTA နက်ဖတာ လဲ ဖြစ်ရော သူ့ရဲ့ Samsaung ဆမ်ဆောင်းကို
မက္ကစီကို မှာလာစက်ရုံတည်တယ်။ဒါမှ အခွန်လွတ် အမေရိကား ကိုရောင်းနိုင်တာပေါ့။
(NAFTA-North American Free Trade Area. Members: USA, Canada and Mexico)
ကိုကြောင်။ ။ တရုတ်ကြီးလည်း ထိုနည်းလည်းကောင်းပဲလို့ ပြောမရနိုင်ဘူးလား။
ကိုတရုတ်က ၂၀၀၁ မှာ ” World Trade Organization-WTO” ဝင်ပြီး အရှိန် မြှင့်တယ်။ BRIC ဘရစ်စ်လုပ်တယ်။
BRIC = Brazil, Russia, India, China
(ASEAN+3) ASEAN + China Japan+Korea အာဆီယံ ပလပ်စစ်သရီးလုပ်တယ်။
ခေတ်ရဲ့ (Trade War)ကုန်သွယ်ရေးစစ်ရဲ့ လက်နက်သုံးမျိုး ကိုအကာအကွယ် ယူတယ်။
ကုန်သွယ်ရေး စစ်ပွဲရဲ့ လက်နက် က သုံးမျိုး ရှိတယ်။
၁.။ ဆဲန်ရှင်(Sanction) ကုန်သွယ်မှူပိတ်ဆို့ခြင်း
၂.။ ကိုတာ (Quota) အရေအတွက်ကန့်သတ်ကုန်သွယ်ခြင်း
၃.။ တားရစ်ဖ် (Tariff = Import Tax) သွင်းကုန်ခွန်အတားအဆီး
အပေါ်ဆုံးကအချက် Sanction ကတော့အပြတ်ဖြတ်တဲ့နည်းပေါ့ဗျာ။
အောက် နှစ်ချက်ကတော့ လက်ရှိကုန်သွယ်ဖက်ဖြစ်ပါစေ ကုန်သွယ်ရေးကို အရှိန်မြင့်နေတဲ့ နိုင်ငံကို
တိုက်ခိုက်လို့ရတဲ့ နည်းတွေပေါ့။
ဒါကြောင့် Free Trade Agreement(ဖရီးထရိတ်သဘောတူညီချက်) တွေနဲ့ အပြန်အလှန် ချည်ကြတာပေါ့။
အဲဒီ ဟာကို တရုတ်က ခံသာအောင် “ဝင်” ထားတာတွေ လဲ တွေ့ရတယ်။
ကိုကြောင်။ ။ သူဌေးနဲ့ အလုပ်သမား အပြန်အလှန် မှီခိုတယ် ဆိုပေမဲ့ အားခြင်းမတူပါဘူး။ အခြေအနေပေါ် မူတည်ပြီးအပြောင်းအလဲရှိပေမဲ့ ယေဘူယျသဘောမှာ သူဌေးဖက်မှာ ချိန်ခွင်လျှာ အလေးပိုပါတယ်။
ထိုက်တန်တဲ့နေရာလုပ်ခလစာပေးထားပြီး ကောင်းကောင်းထားတတ်တဲ့အလုပ်ရှင်တွေလဲများလာပါပြီ။
“ခေါင်း” ကိုခိုင်းစားတတ်တဲ့ စနစ် ကို နားလည်သွားကြပြီ။။
နစ်ဆန်းကို ကယ်တင်ခဲ့တဲ့ ပြင်သစ်၊လက်ဘနွန် ကပြား CEO (Carlos Ghosn) ကားလ်လို့စ်ဂုမ်း လိုလူမျိုးကို
မွေးထားရမှန်းသိနေကြပြီ။
(Carlos Ghosn က ၆.၁ ဘီလီယံ ရှုံးနေတဲ့ နစ်ဆန်းကို အရှုံးကျေပြီးအပြင် ၂.၁ ဘီလီယံ မြတ်စေခဲ့တဲ့ စူပါ
စီအီးအို ပါဘဲ။ )
Born | March 9, 1954 (1954-03-09) (age 57) Porto Velho, Brazil |
---|---|
Occupation | CEO of Renault and Nissan |
Source:http://en.wikipedia.org/wiki/Carlos_Ghosn
အရင်းရှင်စနစ်ရဲ့အကြောင်းကိုအခုအရင်းရှင်နိုင်ငံတွေမှာရောက်နေကြတဲ့ကျနော်တို့လက်တွေ့သိနေတာဘဲလေ။
နိုင်ငံအဆင့်နဲ့ ဆွေးနွေးကြည့်ချင်တယ်။ “Dumping Ground” ရှာတယ်လို့လဲပြောတယ်။
သူတို့ရဲ့ ညစ်ညမ်းခြင်းထုတ်လွှတ်မှု=ပေါ်လူးရှင်း အီမစ်ရှင်း(CO2, SO2 Emission) တွေရဲ့
ပတ်ဝန်းကျင်ထိမ်းသိမ်းရေးပရက်ရှာ တွေအတွက် စက်ရုံတွေ ရွှေ့ဘို့နေရာတွေရှာလာတာမျိုးပေါ့။
အဲဒီလိုလာပေမဲ့ ကျေးဇူးရှင် ပိုဇစ်ရှင် ကနော်။
အရင်းအနှီးထုတ်ပေးသူ၊ နည်းပညာသင်ပေးသူ၊ ဆိုတဲ့ ရပ်တည်ချက်အနေအထားအပြင် “ဈေးကွက်”
နေရာပေးတယ် ဆိုတဲ့ အနေအထားက ပိုကြီးစွာ နေရာယူထားတာပါ။
(Market Economy) မားကက်အီကော်နော်မီ ဆိုတော့ မားကက်က အဲဒီနိုင်ငံစီးပွါးရေးရဲ့ အသက် ပေါ့ဗျာ။
ဒါကြောင့် “သူဌေး= ဖွံ့ဖြိုးပြီးနိုင်ငံ” က အင်အားသာတာအမှန်ပေါ့ဗျာ။
ကိုကြောင်။ ။ အာရှတိုက်မှာ အနောက်ကမာ္ဘ အထူးသဖြင့် အမေရိကန်နဲ့ မတည့်သူ သို့မဟုတ် လမ်းကြောမတည့်သူများသာ နောက်ကျကျန်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ အဲဒါကတော့ ရင်းနှီးမြုပ်နှံနိုင်၊ပို့ကုန်ကိုလဲငွေများများပေးဝယ်နိုင်၊
(Upper Middle Class)သုံးနိုင်စွဲနိုင်လူလတ်တန်းစားတွေရဲ့ ဈေးကွက်ဆိုဒ်ကြီးတဲ့ အမေရိကန်နဲ့
အနောက်နိုင်ငံရဲ့အင်အားပါဘဲ။
ကိုကြောင်။ ။ အရှေ့တောင်အာရှမှာ မြန်မာ၊ ကမော္ဘဒီးယား၊ လော၊ (ဗီယက်နမ်) တို့လို ဆိုရှယ်လစ်နိုင်ငံများ၊ တောင်အာရှမှာ အစောပိုင်း အိန္ဒိယ (ဆိုဗီယက်ယိမ်းခဲ့)၊ ပါကစ္စတန် (အစ္စလာမ်မစ်အစွန်းရောက်) နဲ့ သူတို့အနားကနိုင်ငံများ ( အရေးမပါ)၊ အရှေ့အာရှမှာ မြောက်ကိုရီးယား (ရန်သူ) စတဲ့နိုင်ငံများသာ ဆင်းရဲကျန်ခဲ့ပါတယ်။
ဒါပေါ့နော်။ အိဒ်(Aid အကူအညီ) မလို၊ ထရိတ်( Trade)သာလိုသည် ဆိုတဲ့ခေတ်ကြီးမှာ မထရိတ်နိုင်ရင်
ကျန်ခဲ့တာပါဘဲ။
ပြီးတော့ကုန်သွယ်ရေးဆိုပေမဲ့ ရိုးရိုးကုန်သွယ်ရေးမဟုတ်ဘူးလေ။
(Trade plus FDI) မြုပ်နှံကုန်သွယ်ရေးတွေမဟုတ်လား။ ကိုယ်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေမှာ လာပြီးရင်းနှီးမယ်။
အခွန်လွတ်လတ်မှတ်ထိုးကြမယ်ဆိုတဲ့ခေတ်မဟုတ်လား။
(Taste) တေ့စ်လဲတူဘို့လိုသေးတယ်။
(ဥပမာ။ ။ကိုကုလားတို့ရဲ့ပစ္စည်းတွေဆို မဆလာလောက်ဘဲအလုပ်ဖြစ်တာမဟုတ်လား)
ဆီလီကွန်ဗေလီမှာအလုပ်ဝင်နေကြတဲ့ ကိုကုလားများတော့ရှိပေမဲ့ Outsourcing အောက်ဆို့
ဇင်းလိုင်းမှာတောင်ဒီဘက်မှာသူတို့ပစ္စည်းမတွေ့ရဘူး၊ ထိုင်းက Mouse-မောက်စ၊ ကီးဘုတ်ကဖိလစ်ပင်း၊
တချားပါတ်စ်တွေကကိုတရုတ်ဖြစ်နေတာတောင်။)
ကိုကြောင်။ ။ အချို့ကလည်း အမေရိကန်ဦးဆောင်ပြီး ပိတ်ဆို့ထားလို့ (မြောက်ကိုရီးယား၊ မြန်မာ) အချို့ကလည်း ဈေးကွက်စီးပွားရေး မကျင့်သုံးလို့ စသဖြင့် ဘေးဖယ်ချန်ထား ခံရပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြန်တည့်သွားတော့ ပစားပေးခြင်းခံရပြီး စီးပွားတက်လာတယ်။
ခေတ်က ဈေးကွက်စီးပွါးရေးခေတ်ဆိုတော့ အဲဒါအမှန်ပါဘဲ။အပေါ်ကအချက်တွေပေါ့နော်။
ကိုကြောင်။ ။ ပိုက်ဆံရှိလာတော့ ကျန်ကဏ္ဍများလည်း သူ့နည်းသူ့ဟန် တိုးတက်လာတယ်။ ပြန်မကျသွားဖို့ကတော့ ကာယကံရှင်နိုင်ငံများရဲ့ ပါးနပ်လိမ္မာမှု၊ အမြော်အမြင်ရှိမှု၊ စွမ်းဆောင်ရည်ရှိမှုများအပေါ် မူတည်မယ်လို့ ထင်ပါသည်။
ပြန်ကျသွားဘို့ ထိန်းစရာကတော့ အရင်းအနှီးလာအောင်လုပ်၊ လုပ်ငန်းချင်းများများနွယ်ထားဘို့လိုပါတယ်။
“MNCs-Multi National Corporations” ကြီးတွေ “TNCs-Transnational Corporations “ကြီးတွေ
လာရောက်မြုပ်နှံဘို့ဖိတ်ခေါ်နိုင်ရပါ့မယ်။
ဒါဆို “ပါးနပ်လိမ္မာမှု၊ အမြော်အမြင်ရှိမှု၊ စွမ်းဆောင်ရည်ရှိမှုများ” ကို လိုက်နိုင်ပါလိမ့်မယ်လို့။
~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားပါသည်။
မောင်သစ်မင်း
26 comments
alinsett
November 20, 2011 at 8:01 pm
ကိုသစ်မင်းရဲ ့ ပို ့စ်တွေ ကို မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်နေရလို ့ ကျွန်တော်…စိတ်ချမ်းသာနေပါတယ် ။
လေးစား…ခင်မင်စွာ…
windtalker
November 20, 2011 at 8:02 pm
ကိုကြောင် မဖတ်ခင် ကျုပ် အရင် ဖတ်သွားပါတယ်ဗျို ့
ခေါင်းလဲ တော်တော် မူးသွားပါကြောင်း
ကိုသစ်မင်း ပို ့စ် ကို ဖတ်ပြီးအတိုင်း ၊ စာအုပ်တော်တော်များများ ဖတ်ရဦးမယ် ဆိုတဲ့
အတွေးကောင်းပိုင်ဆိုင်ရတာ အမှန်ဘဲဗျို ့
ထုံးစံအတိုင်း ၊ ဝင်ရောက် ဆွေးနွေးနိုင်ဖို ့ကတော့ ကျုပ်နဲ ့အဝေးကြီးပါဘဲ လို ့ဆိုရင်း…..
blackchaw
November 20, 2011 at 8:37 pm
ကိုသစ်ရေ။
ကျွန်တော် ဒေါင်းလုတ်ဆွဲသွားပါတယ်။
အဆင့်မီမီ ဝင်ရောက်ဆွေးနွေးနိုင်ဘို့လည်း
ကြိုးစားလေ့လာ နေပါတယ်။ ဒီလိုပို့စ်မျိုးတွေက
လွယ်လွယ်ကူကူ ရေးလို့ ရတဲ့ ပို့စ်မျိုးတွေမဟုတ်တာ နားလည်ပါတယ်။
အချိန်ယူ ရေးသားပြီး ကျွန်တော်တို့ ကိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။
တစ်ခါတစ်ခါ နားလည်မှု အလွဲလေးတွေကို စိတ်ရှည်သည်းခံပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
ဘလက်က ကိုသစ်မင်း ရဲ့ အမာခံ ပရိသတ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်ဗျာ။
Don Juan Ronald
November 20, 2011 at 9:41 pm
ကောင်းမှကောင်း!!!!!!
thit min
November 21, 2011 at 9:04 am
ကိုအလင်းဆက်ရေ
အလွန်ကျေးဇူးတင်ပါတယ်။ကျနော်စာတွေကိုအားပေးတဲ့ မိတ်ဆွေတယောက်လို့အမြဲမှတ်တမ်းတင်လျှက်ပါခင်ဗျာ။
~~~~~~~~~~~~~
ညီ မောင်ပေရေ
မူးချင်ရင်လာဖတ်လှဲ့ပေါ့ကွာ။ဟား ဟား
မရှင်းတာမေးပေါ့။ ပြောပြပေးရမဲ့ တာဝန်ရှိပါတယ်။အားမနာပါနဲ့ ညီရေ့။
~~~~~~~~~~~~~~~
ကိုဘလက်ရာ
ယုံပါတယ်ဗျာ။ခင်ဗျားကော်မန့်မပေးရင်တောင်ခင်ဗျားဖတ်မယ်မှန်းအတတ်သိပါတယ်။
ကျနော်ဒီထက် ရှင်းအောင်ရေးဘို့စဉ်းစားပြီးရေးကြည့်ပါအုန်းမယ်နော်။
~~~~~~~~~~~~~~~~
ဟေး ကိုရော်နယ်ကြီး
ဒီလိုမလုပ်နဲ့ဗျာ။ အများကြီးပြောနိုင်တဲ့သူဆိုတာ သိပါတယ်။
ကျနော် ရည်ရွယ်ချက် ကကျနော်တတ်တယ်၊သိတယ်လို့ဆိုလိုချင်တာမဟုတ်ပါဘူး။
အများဆီကပညာယူချင်တာက အဓိက ဖြစ်လို့ ချီးမြှင့်စေချင်ပါတယ်။
windtalker
November 21, 2011 at 12:13 pm
ကစ်သိုရေ
မူးတယ် ဆိုတာ က အကို ့ကို စော်ကားတာ မဟုတ်ရပါ ခင်ဗျာ
မူးတယ်ဆိုတာ က ၊ အကို ့စာတွေက ကျုပ်အတွက် တော်တော်လေး စဉ်းစားရလို ့ပါ ။
ကိုဘလက်လိုပါဘဲ
ကစ်သို ကို လေးစားစွာဖြင့် အကို ့ပို ့စ်များကို အားပေးလျှက်ပါခင်ဗျာ
အထင်လွဲမှာ စိုးလို ့ထပ်မန် ့လိုက်ပါတယ် ခင်ဗျာ
thit min
November 21, 2011 at 12:32 pm
စိုးရိမ်တတ်ရန်ကော၊ မလွဲပါဘူး ဗျာ။
လေးစားခင်မင်ကြောင်း ယုံကြည်ပါသည် လို့။(^^)
ရှူံးနိမ့်မှုများနဲ့.. လူ
November 21, 2011 at 12:07 am
ဦးသစ်ရေ…
ိုကိုကြောင်သို့လို့ အမြဲ ခေါင်းစဉ်တပ်ထားပေမယ့် အမှန်တော့ ကိုပြောင်သို့လို့ ခေါင်းစဉ်တပ်ချင်တာ မဝန့်မရဲ ဖြစ်နေတယ်ထင်တာပဲ။ အပိုင်း(၃)ကိုကျော်လွန်လာခဲ့ပြီး ခုလို အပိုင်း(၄)လို့ ခေါင်းစဉ်မတပ်ထားတဲ့အပိုင်းကို ရောက်လာတဲ့ထိ ဖတ်ခဲ့ရာမှာ အပျော်တန်းစာရေးသူဆိုတာထက် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ မြင်မိပါတယ်။ အထူးသဖြင့်တော့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာ သတိထားမိပါတယ်။ ဦးသစ်တို့လိုလူတန်းစား မြန်မာနိုင်ငံမှာ ကွယ်ပျောက်နေတာ ဆိုးသဗျာ။ အဆိုးဆုံးက နိုင်ငံတစ်ခု၊ လူမျိုးတစ်ခုကို ပုံဖော်မြှင့်တင်ပေးတဲ့ ဦးစီးဦးဆောင် အဖွဲ့ထဲမှာ မပါဝင်နိုင်တာ သိပ်ဆိုးတယ်။
မြန်မာနိုင်ငံမှာ လူတန်းစားနှစ်ရပ်ပဲ ကြီးပွားချမ်းသာနိုင်ပါတယ်။ အာဏာလက်ရှိနဲ့ ငွေလက်ရှိ၊ ဒီလူစားတွေကလွဲ ဘယ်သူမှ မကြီးပွားနိုင်ပါဘူး။ နိုင်ငံတစ်ကာမှာ သိန်း ၈ဝ လောက်ပဲ ပေါက်တဲ့ကားကို သိန်းထောင်ချီပေးစီးနိုင်တာ၊ တစ်စတုရန်းပေကို သိန်းနဲ့ချီပေးရတဲ့ မြေကွက်တွေ ပေါပေါများများဝယ်နိုင်တာ၊ စီးပွားရေးဆိုင်ရာ အကွက်အကွင်းတွေကို ချုပ်ကိုင်ထားနိုင်တာ မင်းမြှောင်တွေကြောင့်ဆိုတာ မြေကြီးလက်ခပ် မလွဲဘူးပေါ့။ ဒီလိုဆိုတော့ကာ ဦးသစ်အနေနဲ့ပေါ့ နိုင်ငံစီးပွားရေး တိုးတက်စေလိုတဲ့ စိတ်ရင်းစေတနာရှိကြောင်း အတော်လေးကို ပေါ်လွင်လှပါတယ်။ နိုင်ငံ့စီးပွားရေးတိုးတက်တယ်ဆိုတာလည်း နိုင်ငံသားတွေရဲ့ တစ်ဦးချင်းဝင်ငွေတွေ မြင့်တက်လာလဲဖြစ်သလို ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့စကားအတိုင်း လူနေမှုဘဝတွေလဲ မြင့်တက်လာမယ်လို့မြင်တယ်။
သို့ပါသော်လည်း…
မျက်မှောက်ခေတ် နိုင်ငံရေးကျားကွက်တွေ အရွှေ့အပြောင်းမှာ စီးပွားရေးလမ်းကြောင်းတွေလဲ အတန်လေးဟလာမယ်လို့ မျှော်လင့်မိတယ်။ ဒီလိုဟလာတာကို ပြည်တွင်းနေ နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေ ဆုပ်ကိုင်မိနိုင်ဖို့လိုတယ်လို့ မြင်မိတယ်။ ဒါပေမယ့် ဟနေတာတော့ မြင်ပါရဲ့၊ ဘယ်လိုတိုးဝင်ရမယ်မသိကြပဲ ပြန်ပိတ်သွားမှ ညပ်ကျန်နေမလားလို့ လက်တွန့်နေကြတာ သာမန်လူတန်းစားတွေ နင်းပြားဘဝက မတက်နိုင်ကြသေးတာလို့ ထင်တယ်။ ပညာရှင်တွေ အမြင်နဲ့ ဘယ်လိုမျိုး လုပ်ဆောင်သင့်ကြတယ်၊ အခွင့်အရေးကို ဘယ်လိုဆုပ်ကိုင်သင့်တယ်၊ လက်ရှိအခြေအနေမှာ ဘယ်လိုမျိုး စတင်သင့်တယ် အစရှိတာတွေကို ဒီဆိုက်မှာရေးသားကြတဲ့ သူကြီး၊ ဦးဖော၊ ဦးကြောင်၊ ဦးသစ်နဲ့ ကိုအောင်ပုတို့လို လူမျိုးတွေ သုံးသပ်ပြကြမယ်၊ ဆွေးနွေးဝေဖန်ပေးကြမယ်၊ လမ်းညွှန်မှုတွေ ပြုလုပ်ပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေ တိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မယ်ထင်တယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ လူထုကြားကို အများဆုံး ပြန့်နှံ့ရောက်နိုင်တဲ့ ပြည်တွင်း မီဒီယာတွေကနေတစ်ဆင့် နှိုးဆော်မှုတွေ လုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ ကုက္ကားဆိုသလို ဖြစ်တော့ပေမပေါ့။
မြန်မာနိုင်ငံကြီး သိပ်မကြာခင်ကာလမှာ အရှိန်ကောင်းကောင်း၊ လမ်းကြောင်းတွေ မတိမ်းမစောင်းပဲ တိုးတက်ဖို့ရာ လမ်းကြောင်းတွေလဲ မြင်နေရတဲ့ မင်္ဂလာအချိန်အခါမို့ အထက်မှာ ကျွန်တော်ညွှန်းဆိုခဲ့တဲ့ အတတ်ပညာရှင်၊ အသိပညာရှင်များအနေနဲ့ အကောင်းဆုံး ဆွေးနွေး၊ ဝေဖန်၊ လမ်းညွှန်မှုတွေ ပြုကြပါစေလိုကြောင်း……
thit min
November 21, 2011 at 9:13 am
ဟုတ်ကဲ့ပါ ကိုရှုံးလူရေ……..
ကျနော်အဲဒီ ကျနော်တို့နိုင်ငံအတွက်ရည်ရွယ်ချက်နဲ့ သွားနေတာပါ။
ပါဝင်လာသူအင်အားကိုလဲတိုးစေချင်လို့ရယ်၊သိသင့်တာလေးတွေသိသွားစေချင်လို့ရယ်
ခုစာတွေကိုရေးနေပါတယ်။
နောက်ပိုင်းမှာတော့ ကျနော်တို့နိုင်ငံနဲ့ပတ်သက်ပြီး အသေးစိတ် သွားမှာပါ။
စောင့်မျှော်ဖတ်ရှူပေးပါအုန်းနော။
မြန်မာပြည်မှာ ကျနော်သိသလောက် လူတော်တွေအခု ရှိနေပါပြီ၊ အစိုးရပိုင်းမှာအခု ရှိနေတဲ့
ဆရာဦးမြင့်၊ဆရာမကြီး ဒေါ်ရီရီမြင့်နဲ့ ဌာနဆိုင်ရာတွေမှာဆို ဆရာဦးဇော်မြတ်ဝင်း၊
ဆရာကြီးအောင်ထွန်းသက် အစရှိသဖြင့် ကျနော်လို အသေးအဖွဲနဲ့ မနှိုင်းယှဉ် နိုင်လောက်အောင်
တော်ကြ တတ်ကြ တဲ့ ဆရာ၊ဆရာမကြီး များမြောက်များစွာရှိပါတယ်။
အဲ တခု ဘဲ သူတို့ ဘယ်လောက် ပြောရေးဆိုခွင့်ရှိလဲ ဆိုတာလေးဘဲ။
kai
November 21, 2011 at 5:09 am
အောက်က အက်ဆေးလေး ဆြာတွေကို ဖတ်စေချင်လို့ပါ..။
တရုတ်..အမေရိက.. အပ်ပဲ..မိုက်ခရိုဆော့ဖ် အကုန်ပါနေပါတယ်..။ 😆
အောက်ဆုံးက..Western Civilization’s Killer Apps ကို သဘောကျကြလိမ့်မယ် ထင်ပါတယ်..။ 🙂
အခုဟာက.. Newsweek မှာပါလာလို့ ..
အပြည့်အစုံ စာအုပ်နာမယ်က..Civilization: The West and the Rest တဲ့..။
http://www.amazon.com/Civilization-West-Rest-Niall-Ferguson/dp/1594203059/ref=sr_1_1?ie=UTF8&s=books&qid=1305504428&sr=1-1
မြန်မာလို ဘာသာပြန်ပေးနိုင်ရင် အကျိုးရှိမယ်ထင်တာပဲ..။
မြန်မာပြည်နဲ့.. အဲဒီအပလီကေးရှင်းတွေ.. ဘယ်လောက်အံဝင်ဂွင်ကျရှိသလည်း.. ဆန်းစစ်နိုင်ရင်.. ပိုပိုကောင်းမှာပါ..။
=
02/11/2011
America’s ‘Oh Sh*T!’ Moment
Don’t call me a “declinist.” I really don’t believe the United States—or Western civilization, more generally—is in some kind of gradual, inexorable decline.
But that’s not because I am one of those incorrigible optimists who agree with Winston Churchill that the United States will always do the right thing, albeit when all other possibilities have been exhausted.
In my view, civilizations don’t rise, fall, and then gently decline, as inevitably and predictably as the four seasons or the seven ages of man. History isn’t one smooth, parabolic curve after another. Its shape is more like an exponentially steepening slope that quite suddenly drops off like a cliff.
If you don’t know what I mean, pay a visit to Machu Picchu, the lost city of the Incas. In 1530 the Incas were the masters of all they surveyed from the heights of the Peruvian Andes. Within less than a decade, foreign invaders with horses, gunpowder, and lethal diseases had smashed their empire to smithereens. Today tourists gawp at the ruins that remain.
The notion that civilizations don’t decline but collapse inspired the anthropologist Jared Diamond’s 2005 book, Collapse. But Diamond focused, fashionably, on man-made environmental disasters as the causes of collapse. As a historian, I take a broader view. My point is that when you look back on the history of past civilizations, a striking feature is the speed with which most of them collapsed, regardless of the cause.
The Roman Empire didn’t decline and fall sedately, as historians used to claim. It collapsed within a few decades in the early fifth century, tipped over the edge of chaos by barbarian invaders and internal divisions. In the space of a generation, the vast imperial metropolis of Rome fell into disrepair, the aqueducts broken, the splendid marketplaces deserted.
The Ming dynasty’s rule in China also fell apart with extraordinary speed in the mid–17th century, succumbing to internal strife and external invasion. Again, the transition from equipoise to anarchy took little more than a decade.
A more recent and familiar example of precipitous decline is, of course, the collapse of the Soviet Union. And, if you still doubt that collapse comes suddenly, just think of how the postcolonial dictatorships of North Africa and the Middle East imploded this year. Twelve months ago, Messrs. Ben Ali, Mubarak, and Gaddafi seemed secure in their gaudy palaces. Here yesterday, gone today.
What all these collapsed powers have in common is that the complex social systems that underpinned them suddenly ceased to function. One minute rulers had legitimacy in the eyes of their people; the next they didn’t.
This process is a familiar one to students of financial markets. Even as I write, it is far from clear that the European Monetary Union can be salvaged from the dramatic collapse of confidence in the fiscal policies of its peripheral member states. In the realm of power, as in the domain of the bond vigilantes, you’re fine until you’re not fine—and when you’re not fine, you’re suddenly in a terrifying death spiral.
Remember that poster that used to hang in every college dorm, of a runaway steam train that has crashed through the wall of a rail station and hit the street below, nose first? The caption was: “Oh sh*t!” I believe it’s time to ask how close the United States is to the “Oh sh*t!” moment—the moment we suddenly crash downward like that train.
The West first surged ahead of the Rest after about 1500 thanks to a series of institutional innovations that I call the “killer applications”:
1. Competition. Europe was politically fragmented into multiple monarchies and republics, which were in turn internally divided into competing corporate entities, among them the ancestors of modern business corporations.
2. The Scientific Revolution. All the major 17th-century breakthroughs in mathematics, astronomy, physics, chemistry, and biology happened in Western Europe.
3. The Rule of Law and Representative Government. An optimal system of social and political order emerged in the English-speaking world, based on private-property rights and the representation of property owners in elected legislatures.
4. Modern Medicine. Nearly all the major 19th- and 20th-century breakthroughs in health care were made by Western Europeans and North Americans.
5. The Consumer Society. The Industrial Revolution took place where there was both a supply of productivity–enhancing technologies and a demand for more, better, and cheaper goods, beginning with cotton garments.
6. The Work Ethic. Westerners were the first people in the world to combine more extensive and intensive labor with higher savings rates, permitting sustained capital accumulation.
For hundreds of years, these killer apps were essentially monopolized by Europeans and their cousins who settled in North America and Australasia. They are the best explanation for what economic historians call “the great divergence”: the astonishing gap that arose between Western standards of living and those in the rest of the world.
In 1500 the average Chinese was richer than the average North American. By the late 1970s the American was more than 20 times richer than the Chinese. Westerners not only grew richer than “Resterners.” They grew taller, healthier, and longer-lived. They also grew more powerful. By the early 20th century, just a dozen Western empires—-including the United States—controlled 58 percent of the world’s land surface and population, and a staggering 74 percent of the global economy.
Beginning with Japan, however, one non-Western society after another has worked out that these apps can be downloaded and installed in non-Western operating systems. That explains about half the catching up that we have witnessed in our lifetimes, especially since the onset of economic reforms in China in 1978.
Now, I am not one of those people filled with angst at the thought of a world in which the average American is no longer vastly richer than the average Chinese. Indeed, I welcome the escape of hundreds of millions of Asians from poverty, not to mention the improvements we are seeing in South America and parts of Africa. But there is a second, more insidious cause of the “great reconvergence,” which I do deplore—and that is the tendency of Western societies to delete their own killer apps.
Ask yourself: who’s got the work ethic now? The average South Korean works about 39 percent more hours per week than the average American. The school year in South Korea is 220 days long, compared with 180 days here. And you don’t have to spend too long at any major U.S. university to know which students really drive themselves: the Asians and Asian-Americans.
The consumer society? Did you know that 26 of the 30 biggest shopping malls in the world are now in emerging markets, mostly in Asia? Only three are in the United States. And, boy, do they look forlorn these days, as maxed-out Americans struggle to pay down their debts.
Modern medicine? Well, we certainly outspend everyone else. As a share of gross domestic product, the United States spends twice what Japan spends on health care and more than three times what China spends. Yet life expectancy in the U.S. has risen from 70 to 78 in the past 50 years, compared with leaps from 68 to 83 in Japan and from 43 to 73 in China.
The rule of law? For a real eye-opener, take a look at the latest World Economic Forum (WEF) Executive Opinion Survey. On no fewer than 15 of 16 different issues relating to property rights and governance, the United States fares worse than Hong Kong. Indeed, the U.S. makes the global top 20 in only one area: investor protection. On every other count, its reputation is shockingly bad. The U.S. ranks 86th in the world for the costs imposed on business by organized crime, 50th for public trust in the ethics of politicians, 42nd for various forms of bribery, and 40th for standards of auditing and financial reporting.
What about science? It’s certainly true that U.S.-based scientists continue to walk off with plenty of Nobel Prizes each year. But Nobel winners are old men. The future belongs not to them but to today’s teenagers. Here’s another striking statistic. Every three years the Organization of Economic Cooperation and Development’s Program for International Student Assessment tests the educational attainment of 15-year-olds around the world. The latest data on “mathematical literacy” reveal that the gap between the world leaders—the students of Shanghai and Singapore—and their American counterparts is now as big as the gap between U.S. kids and teenagers in Albania and Tunisia.
The late, lamented Steve Jobs convinced Americans that the future would be “Designed by Apple in California. Assembled in China.” Yet statistics from the World Intellectual Property Organization show that already more patents originate in Japan than in the U.S., that South Korea overtook Germany to take third place in 2005, and that China is poised to overtake Germany too.
Finally, there’s competition, the original killer app that sent the fragmented West down a completely different path from monolithic imperial China. Well, the WEF has conducted a comprehensive Global Competitiveness survey -every year since 1979. Since the current methodology was adopted in 2004, the United States’ average competitiveness score has fallen from 5.82 to 5.43, one of the steepest declines among developed economies. China’s score, meanwhile, has leapt up from 4.29 to 4.90.
And it’s not only that we’re becoming less competitive abroad. Perhaps more disturbing is the decline of meaningful competition at home, as the social mobility of the postwar era has given way to an extraordinary social polarization. You don’t have to be an Occupy Wall Street leftist to believe that the American super-rich elite—the 1 percent that collects 20 percent of the income—has become dangerously divorced from the rest of society, especially from the underclass at the bottom of the income distribution.
But if we are headed toward collapse, what would an American “Oh sh*t!” moment look like? An upsurge in civil unrest and crime, as happened in the 1970s? A loss of faith on the part of investors and a sudden Greek-style leap in government borrowing costs? How about a spike of violence in the Middle East, from Iraq to Afghanistan, as insurgents capitalize on our troop withdrawals? Or a paralyzing cyberattack from the rising Asian superpower we complacently underrate?
Is there anything we can do to prevent such disasters? Social scientist Charles Murray calls for a “civic great awakening”—a return to the original values of the American republic. He’s got a point. Far more than in Europe, most Americans remain instinctively loyal to the killer applications of Western ascendancy, from competition all the way through to the work ethic. They know the country has the right software. They just can’t understand why it’s running so damn slowly.
What we need to do is to delete the viruses that have crept into our system: the anticompetitive quasi monopolies that blight everything from banking to public education; the politically correct pseudosciences and soft subjects that deflect good students away from hard science; the lobbyists who subvert the rule of law for the sake of the special interests they represent—to say nothing of our crazily dysfunctional system of health care, our overleveraged personal finances, and our newfound unemployment ethic.
Then we need to download the updates that are running more successfully in other countries, from Finland to New Zealand, from Denmark to Hong Kong, from Singapore to Sweden.
And finally we need to reboot our whole system.
I refuse to accept that Western civilization is like some hopeless old version of Microsoft DOS, doomed to freeze, then crash. I still cling to the hope that the United States is the Mac to Europe’s PC, and that if one part of the West can successfully update and reboot itself, it’s America.
But the lesson of history is clear. Voters and politicians alike dare not postpone the big reboot. Decline is not so gradual that our biggest problems can simply be left to the next administration, or the one after that.
If what we are risking is not decline but downright collapse, then the time frame maybe even tighter than one election cycle.
inz@ghi
November 21, 2011 at 8:17 am
သဂျီးကတော့ ရွာသူား တွေ ဦးနှောက်ပျက်အောင် လုပ်နေပါပီ….
ဗမာလိုဖတ်တောင် ချာလပတ်လည်နေတဲ့ဟာကို
ဘိုလိုဖတ်ခိုင်းတယ် …
အဟုတ်မှတ်လို့ ဖတ်ကြည့်လိုက်တော့လည်း …သူ့ဟာက
societyတွေ ဘစ်ဇနက်စ်တွေကို Appsတွေ OS တွေနဲ့
တင်စားထားတာ နင်တောင် နင်တယ် ….
ဆြာသစ်ပိုစ့် ကို မန့်ဖို့တောင် အားချိလော့ဝူး….
အတော်ဆိုးဒဲ့ သဂျီး …..
အဲ့လိုလူတွေများလို့ ဗမာအသင်းဘောပွဲရှုံးတာ …
(အင်…..ဘာမှလည်း ဆိုင်ဝူး…)
တတိယနေရာလုပွဲတော့ အားပေးရမယ်နော ……
thit min
November 21, 2011 at 8:54 am
သူကြီးရေ…..
အဲဒါ စီးပွါးရေးပညာရှင် Joseph Alois Schumpeter ရဲ့ “creative destruction”(ဖျက်စီးတတ်သောတီထွင်မှု)ကို
ဘေ့စ်လုပ်ထားတယ်လို့မြင်မိပါတယ်။
ဂျိုးဇတ်ရွှမ်းပီတာ က တီထွင်မှုတခုကိုဘဲ ပြောတယ် အခုဒီစာအုပ်ရေးသူ NIALL FURGUSON နေးလ်ဖာဂူစန် က
ခုခေတ်စားနေတဲ့ …….
1.Man-made Disaster = လူလုပ်ကပ်ဘေး(ပေါ်လူးရှင်း=ညစ်ညမ်းမှု၊ ရေဒီရေးရှင်း၊
အနုမြူဓာတ်ပေါင်းဖိုပေါက်ကွဲမှုတွေ၊ဆည်တွေရေလျှံတာ၊အိုဇုန်းလွှာပေါက်တာတွေ၊
မှန်လုံအိမ်နိယာမတွေ၊ကမ္ဘာကြီးပူနွေးလာလို့ဝင်ရိုးစွန်းရေခဲပျော်ပြီးသမုဒ္ဒရာရေစီး
ကြောင်း အယ်နီညို၊လာနီညာတွေပြောင်းလဲပြီးရာသီဥတုတွေပြောင်း၊မုန်းတိုင်းတွေများလာတာတွေ၊
2.ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေ (Civil Wars and Conflicts)
3.ရောဂါဆန်းတွေ (Lethal Diseases)
4.နည်းပညာပေါက်ကွဲမှုတွေ (Technological Explosion)
ဆိုတဲ့အဲဒီအချက်တွေကို “သေမင်းတမန်အသုံးချမှုများ”= Killer Applications လို့အမည်ပေးပြီး အချက်ငယ်လေးတွေအသေးစိတ်ခွဲပြတဲ့သဘောလို့ထင်ပါတယ်။
သူပြောချင်တဲ့အဲဒီအချက်ငယ်လေးတွေရဲ့ လစ်ဟာချက်တွေက ဂျိုးဇတ်ရွှမ်းပီတာ ရဲ့ “လေ” နဲ့ အတူတူပါဘဲ။
၁.ပြိုင်ဆိုင်မှု၏နောက်ဆက်တွဲများ
၂.သိပ္ပံ(အတတ်)ပညာတော်လှန်ရေး၏အကျိုးဆက်၂
၃.ကိုယ်စားပြုအစိုးရ၊ဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်လူ့ဘောင်
၄.ခေတ်မှီဆေးဝါးများ
၅.စားသုံးသူလူ့အဖွဲ့အစည်းခေတ်၏ဂယက်
၆.လုပ်ငန်းပိုင်းဆိုင်ရာကျင့်ဝတ်တရား
World Economic Forum ရဲ့ အထောက်အထားနဲ့ အချက် နံပါတ် ၃ အချက်ကိုရှင်းထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ်မြို့က အဲဒီ ဖိုရမ် ဟာ ကမ္ဘာခေါင်းဆောင်အဟောင်းတွေရော၊အသစ်တွေရော
စီးပွါးရေ၊သမိုင်း၊နိုင်ငံရေး၊လူမှုရေးဆိုင်ရာနယ်ပယ်မျိုးစုံက ဆရာတွေတက်တဲ့ ဖိုရမ်ကြီးပါ။ သူကြီးသွားတက်စေချင်ပါတယ်။တကယ်ပြောတာပါ။
“နေးလ်” ဟာ သမိုင်းဆရာ ဖြစ်လေတော့ ၁၅ ရာစုက ယခုပီရူးနိုင်ငံမှာရှိခဲ့တဲ့ ရှေးဟောင်းအင်ပါယာကြီး
“အင်ကာ”ရဲ့ မြို့တော် “Machu Picchu=Old Peak” ရယ်၊ ၁ရ ရာစုက တရုတ် “မင်” မင်းဆက်ရယ်၊
အခု ၂ဝ ရာစု ရဲ့ ဆိုဗီယက် တို့ရယ်၊ ရဲ့ ပြိုကွဲပျက်စီးရပုံတွေကို မီးမောင်းထိုးပြထားပါတယ်။
ဆင်မြူရယ်ဟန်တင်တန် ရဲ့ အာဘော်နဲ့ လဲ တော်တော် တူပါတယ်။
မြန်မာလိုတော့ သမာသတိ နဲ့သမာသင်္ကပ္ပမဖြစ်တော့လို့ပျက် စီးရတယ်လို့ပြောနိုင်ပါတယ်။
ကျနော် ဆိုရင်တော့ မဂ္ဂင်ရှစ်ပါး ရှူ့ထောင့်ကနေ ထပ်မွှန်း ပလိုက်ချင်တာပါဘဲ။
ပိုပြီး ပြည့်စုံသွားအောင် ၂၄ ပစ္စည်း (ပဋ္ဌာန်း) နဲ့ ကိုင်ကြည့်လိုက်ရရင် (^^)
thit min
November 21, 2011 at 9:39 am
သစ်မင်း က တကဲ့ပန်းသီးလဲ မကြိုက်သလို၊ မက်ကင်တော့လဲသဘောမကျတဲ့
Anti-apple ဖြစ်လို့အဲဒီအပိုင်းလေး
နှာစေးလိုက်ပါကြောင်း (^^)
inz@ghi
November 21, 2011 at 9:52 am
တိပါဒယ် ဖူဂျစ်စု ယူဇာကြီးရဲ့ …
😛
တားတား dark side of Apple Inc.ကိုတူးဆွထားတယ်ဆြာ..
အချိန်ရရင် အားပေးပါဦးနော်…
(ကြောင်ညီနောင်တွေ တားကို ဝိုင်းကုတ်နေလို့…)
ကြောင်ကြီး
November 21, 2011 at 12:44 pm
ဒဂျီးရေ.. ကျနော်အိုင်တီအတန်းတခုမှာ ပရော်ဖက်ဆာ ပြောခဲ့ဖူးတာကို သွားအမှတ်ရတယ်။ ဝန်ခံရရင် အိုင်တီသမား မဟုတ်လို့ သူပြောတာကို လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပါဘူး။ စာမေးပွဲဖြေသာရုံ သဘောလောက်သာ နားထောင်ခဲ့ပြီး ပိုသိဖို့ အားမထုတ်ခဲ့ပါဘူး။ ဆိုင်တာပြောရရင် networking မှာအဆင့်ဆင့် ပြောင်းလဲလာတဲ့အခါလုံးလုံးလျားလျား အသစ်အစားမထိုးဘဲ မူလကနေ လိုအပ်ချက်အရ ထပ်ပွား၊ ထပ်တိုး၊ ထပ်ချဲ့နဲ့ အားလုံးရှုပ်ထွေးနေပြီး တသီးတသန့်စီ ခွဲမြင်ဖို့ ခက်တာသတိရမိတယ်။ ဒါကနေ ဟိုဟာထည့်လို့ နောက်တမျိုးထပ်တပ်လို့ ဒီတခုထပ်သွယ်လို့ အရင်ဟာကို ပတ်ချည်ပြီး အသစ်တခုထပ်ကပ်….. နောက်ဥပမာတခုကတော့ ဝင်းဒိုးအော်မရေးတင်းဆော့ဖ်ဝဲလို ထွင်မဆုံး ပြင်မဆုံးပါပဲ။ ကိုယ့်ဖက်က ယိုပေါက်ကို လိုက်ပိတ်နေ၊ ပိုကောင်းတဲ့ဗားရှင်းအသစ်များ (မူလကနေ) ထွင်နိုင်နေသရွေ့တော့ မပြိုလည်းသေးပါဘူး။ ပြိုတော့လည်း စာထဲပါသလို decline အဆင့်မခံဘဲ collapse ဗြုန်းဆို ပြိုလဲသွားပါမယ်။ အရမ်းကြီးမားလာတဲ့ လူ့အဖွဲ့အစည်း၊ နိုင်ငံတခုမှာ မူလရှိပြီးသားအရာများကို ပိုမိုကောင်းမွန်အောင် လုပ်တာသာ လက်တွေ့ကျပါတယ်။ အဲဒီမှာ ပြင်ရင်းဖာရင်းနဲ့ ပကတိအနေအထားနဲ့ မျက်ခြေပြတ်ပြီး ဘိုင်းကနဲလဲရမှာပါ။
မြန်မာပြည် ကန်ထရိုက်တိုက်များ ရေပိုက်လိုင်းဆင်ပုံကို ဥပမာမြင်ကြည့်လို့ရတယ်။ သာမာန်အားဖြင့် ပိုက်လိုင်းနေရာချထားမှုမှာ အောက်ထပ်က ပင်မပိုက်လိုင်းနဲ့အနီးဆုံး ပြီးမှ သူ့အထပ်အလိုက် (ပိုက်ဆရာ မဟုတ်လို့ မှားနိုင်ပါသည်) သွယ်ရတယ်။ သို့သော် အပေါ်ထပ်သမားက ရေမတက်လို့ အောက်ထပ်သမားပိုက်ကို ကွေ့ပတ်ပြီး သူ့ရှေ့မှာပိုက်ဆက်တယ်။ အဲဒီတော့ အခြားအခန်းတွေကလည်း အစီအစဉ်ကို ဖောက်လုပ်တယ်။ အောက်ထပ်သမားကလည်း ထိုင်နေလို့မဖြစ်တော့ မူရင်းပိုက်အနေအထားကနေ ကျော်ခွပြီး အနီးဆုံးဖြစ်အောင်လုပ်ကြတာ ပိုက်ပြင်ဆရာတောင် ခေါင်းမူးသွားရတယ်။
small cat
November 21, 2011 at 6:32 am
သဂျီးကလည်း တစ်ခါတည်း ဘာသာပြန်ပေးလိုက်ရင် ပြီးရောဟာကို………..
ဆရာသစ်မင်းနဲ့ ကိုကြောင်ကြီးရဲ့စာတွေကိုအမြဲစောင့်ဖတ်နေပါတယ်၊
သဂျီးက ကွန်မန့်နဲ့ဝင်ဖြည့်ပေးနေတာတွေဟာလည်း အတော်ကိုပြည့်စုံသွားစေပါတယ်။
ဒီအပြန်အလှန်ဆွေးနွေးချက်တွေကိုကိုယ်သိသလို မိတ်ဆွေတွေကိုလည်းသိစေချင်ပါတယ်။
ကျွန်တော်အစဉ်လိုက် ကူးပြီးတော့ ပရင့်ထုတ် စာအုပ်ကလေးတစ်အုပ်လုပ်ချင်ပါတယ်။
ဆရာသစ်ရေ ဖြစ်နိုင်ရင် ဘယ်နေ့ က ဘယ်သူရေးတဲ့ပို့ ကအရင်လဲ၊
ဘယ်ပို့ကို ဘယ်ပို့နဲ့ပြန်ဆွေးနွေးထားသလဲ၊ ဘယ်ကွန်မန့်ကို ဘယ်နေရာမှာဖြည့်စွက်သင့်သလဲဆိုတာလေးအစဉ်လိုက်ရေးပြပေးစေချင်ပါတယ်၊
ကျွန်တော်ညာဏ်မမီလို့ပါ၊ ဦးနှောက်ဖောက်စားတာမဟုတ်ပါဘူး။ လူအများသိသင့်တဲ့အချက်တွေမို့ ဖြန့်ဝေချင်တဲ့စေတနာပါ။
အကြောင်းအမျိုးမျိုးကြောင့် ဒီအပေါ်မှာလာမဖတ်နိုင်တဲ့ သူတွေ အများကြီးရှိနေပါတယ်။
ပြည်သူတွေ သိသင့်တာတွေ သိရအောင် တ တပ် တအား လုပ်ချင်လို့ပါ။
thit min
November 21, 2011 at 9:31 am
ကိုစမောကတ်ခင်ဗျား
ကျနော်က
စူပါပါဝါဖြစ်ဖို့ဆိုတာ…………………..ကနေစပြီး ဒီလိုင်းကိုရေးပါတယ်။
အဲဒီ စာစု တိုင်းမှာ ဘယ်စာစုရဲ့ ကော်မန့်(သို့) ဘယ်စာစုရဲ့ အဆက်လို့ရေးထားလေ့ရှိပါတယ်။
အခု ဒီစာစု “ကိုကြောင်ရေဆက်ဆွဲရအောင်” က ကိုကြောင်သို့ (၃) မှာ ကိုကြောင် မေးထားတဲ့
မေးခွန်းတွေကိုဖြေပေးထားတာမလို့ ကိုကြောင်သို့ (၄) လို့ (ကိုရှုံးလူ ယူဆသလို)
ယူဆရင်လဲ ရသလို၊ သီးသန့် ခေါင်းစဉ်တခုအနေနဲ့ လည်း
စဉ်းစားနိုင်ပါကြောင်း လေးစားစွာပြန်ကြားအပ်ပါသည် ခင်ဗျား။
inz@ghi
November 21, 2011 at 8:29 am
တိတော့ဝူး ဆြာသစ်ရေ့ …
ခေါင်းရှုပ်တွားဘီ…
နဂါးလေးကောင် ကျားလေးကောင်လည်း တွားချင်လော့ဝူး…
အရှေ့ကျွန်းမှာလည်း နေပျော်လော့ဝူး …
ဒါတွေဖတ်ပီး တလုပ်မလည်း ယူချင်လော့ဝူး(ကိုကိုကြောင်တော့ မသိပါ…)
အီတာလီယာ ပဲ ဂိုးချင်တော့တယ်…
ကျနော် သိတာက ဂျာမန်တွေကလွှတ် တော်ကြပါတယ်..
အမေလိကန် က ဆြာတွေပဲစုထားတာပါ…
ဂျပွန် က အသေ အလုပ်လုပ်ပါတယ်….
အနှီ အီတာလီယာတွေက ဘာကောင်းသလဲ ကျနော် တော့မသိပါ..
G-7ထဲ ကတော့ မဆင်းပါ ..အားအနည်းဆုံးပေမယ့်ပေါ့နော်..
လွန်ခဲ့တဲ့ ၈နှစ်ကျော်လောက်ကထင်ပါသည် GDP မှာ အနှီအီတာလီယာကို တရုတ်ကျော်ဖြတ်
တက်ခဲ့ပါတယ်…
လက်ရှိအောင်မြင်နေကြတဲ့ ဒုတိယကမာ္ဘစစ်ရဲ့ စစ်ရှုံးတိုင်းပြည်တွေ အကြောင်း ပြောမယ်ဆို
အနှီ တိုင်းပြည်က ချန်မထားစကောင်းလို့ ထင်ပါတယ်….
ဂျာမဏီကို နာဖျားနေတဲ့ ဥရောပစက်မှုလုပ်ငန်းရဲ့ မီးရထား ခေါင်းတွဲလို့တင်စားကြပါတယ်..
ဂျပွန် အကြောင်းကတော့ ပြောပီးဆိုပီး ဖြစ်လို့ မမန့်တော့ပါ
အနှီ ဉာဏ်လည်း သိပ်မကောင်း … ရေနံလည်း မထွက် လူတွေကလည်း သိပ်မကြိုးစားကြတဲ့
(နေ့ခင်းထမင်းစား နားချိန် ၂နာရီတဲ့ဗျာ. ..ဝိုင်တွေဘာတွေတောင် သမကြသေးသတဲ့ …..)
အီတာလျံတွေ ဘာကြောင့်များ ဥရောပ အဆင့် ၃ဖြစ်နေကြသလဲ တားတား ဉာဏ်မမှီပါခင်ဗျား..
အီတာလီယာ လို့ပြောလိုက်ရင် ပျမ်းမျှ ယောက်ျားတွေဖွန်ကြောင်တယ် …
မိန်းမတွေ ပဲများတယ် …ထီးထီးမမ …စကားများတယ်..အစားမက်တယ်…
သည်လောက်ကလွဲရင် မသိသမို့ …သင်ကြားပြသပေးပါဦးခင်ဗျား..
(ခုတလော ဂရိကိစ္စအပီးမှာ အီတာလီယာ က သတင်းခေါင်းစဉ်ဖြစ်ဖြစ်လာလို့
အစဆွဲထုတ်ကြည့်တာပါခင်ဗျား …….ဘာလူစကိုနီတော့ တွားချာဘီ ….သနားထှာ..)
ရိုသေလေးစားလျက်…..
(အရင်ဘွ ကဆုတောင်းမကောင်းခဲ့လို့ မျက်နှာပိုး သတ်မရသလို စာလည်း တည်တည်ခန့်ခန့် မရေးတတ်တဲ့)
Guy Inz@ghi
kai
November 22, 2011 at 12:46 am
တိုင်းပြည်ဒေဝါလီခံဖို့.. ဖြစ်နိုင်ချေ… ဒုတိယလိုက်နေတဲ့.. အီတလီက…
– သူများတွေ ကားတစင်း.. ဒေါ်လာ ၃သောင်းလောက်နဲ့ရောင်းချိန်.. သူက.. ၃သိန်းနဲ့တောင် အော်ဒါကြိုမှာနေရတယ်..။
– မီလာနိုကထုတ်လိုက်တဲ့ တီရှပ်တထည်က.. ထိုင်းကတီရှယ်တထည်ထက် အဆ ၁၀ဝ မက ဈေးပိုပေးဝယ်ရတယ်..။
– ဟမ်ဘာဂါကို.. အမေရိကန်တွေကမ္ဘာစားဖြစ်အောင် အသည်းအသန်မားကက်တင်လုပ်ပြီးချိန်မှာ ပီဇာက ကမ္ဘာ့ကလေးတိုင်းသိပြီး ဖြစ်နေပြီ..။
တိတိကျကျ ..အနုစိတ်.. အနုပညာထည့်လုပ်တတ်တဲ့.. အီတလီရဲ့အကြောင်း.. ကိုရင်အင်ကြီးကို.. ပညာတော်သင်လွှတ်.. ပညာယူခိုင်းစေချင်မိတယ်..။ 😆
inz@ghi
November 22, 2011 at 12:48 am
..
inz@ghi
November 22, 2011 at 1:06 am
ဂလိုဆိုတော့လည်း
သဂျီးကဘယ်ဆိုးလို့လဲ
အငြိမ်းစားသံအမတ်ကြီးတယောက်ရေးဖူးတာ ဖတ်မိပါတယ်…
(သဂျီးတို့လည်း ဖတ်ဖူးမှာ ယုံပါတယ်..)
အီတာလီယာ က တားတို့ ဗမာပြည်ကြီးနဲ့ဆင်ပါတယ်တဲ့ …
မြောက်ပိုင်းက စိုက်ပျိုးရေးပဲ ရလို့ စီးပွားဖြစ်တဲ့တောင်ပိုင်းကို ရွှေ့ပြောင်းအလုပ်လုပ်ကြရတာတွေ
၁၂ရာသီ ပွဲလမ်းသဘင်တွေ ကျင်းပပီးပျော်တတ်တာတွေ…(သဂျီးပြောသလိုဆို ကွန်ဆာဗေးတစ်ဗ်တွေပေါ့နော့် ….)
ပီး …ကိုယ့်ဘာသာထက် သူများဘာသာကို အလေးထားတာတွေ(latin မှာ ပြင်သစ် စပိန်ထက် အီတာလီယာစာက
ပိုနီးစပ်မှု ရှိတယ်ဖတ်ဖူးပါသည်…. ကျုပ်တို့လည်း ဘာမဆို ခုထိ ပါဠိစာ အားကိုးနေရစဲမဟုတ်လား ..)
နောက်တခု အင်္ဂလိပ်လို တိမ်းညွတ်လွယ်မှု … (လက်တင်တွေထဲမတော့ စပိန်နဲ့ ပြင်သစ်ထက် လူမျိုးကြီးဝါဒစွဲနဲပြီး
…. အင်္ဂလိပ်လိုတကယ် လိုလိုလားလားပြောတဲ့တိုင်းပြည်ရယ်လို့ မှတ်ဖူးကြောင်း …)
(သိပ်လှတဲ့အမျိုးသမီးလေးတွေ ရှိတာကတော့ တကြောင်းပေါ့နော် တခြားပို့စ်ကျမှ ဆွေးနွေးပါ့မယ်.. အဟီး…)
သည်တော့ အီတာလီယာ ဘာလဲ ဘယ်လဲ ဆိုတာ လေ့လာသင့်ကြောင်းပါ…
ကျနော်တို့နဲ့ တူတာတွေများတယ်… ကျနော်တို့ လက်ခံထားတဲ့ (ကံ ကတော့ ထားပါတော့ ) ဉာဏ်ပညာ လုံ့လ ဝီရိယ
(အမေလိကန် ဂျပွန် ဂျာမနီ )ဒါမိုးကြီးတွေကို ဘာနဲ့ အနီးဆုံး ယှဉ်လိုက်ခဲ့ပါသလဲ…. သူတို့ ဘာကို
လက်နက် အနေနဲ့ သုံးပါသလဲ … သဂျီးပြောသလို အနုပညာ သက်သက်လား ….သည့်ထက်မကဘူးလား ……..
မိုနာလီဇာ စမိုင်းလ်တောင် ပါရီရောက်နေပီပဲသဂျီးရယ် …. နာပိုလီယံ ခြေစွမ်းပြခဲ့တဲ့နှစ်တွေ
အီတာလီယာက ထောင်းလမောင်းကျေခဲ့ဖူးပီးသားပါ …
ကျနော် တွေးမိတာက … လက်ရှိ အီတာလီယာ ရယ်လို့ ဖြစ်နေတာက(အီတာလီယာ နေဝင်ချိန်တော့ ရောက်နေပါပီ)
ပြည်တွင်းက ဘာလူစကိုနီတို့ကြောင့်လား…ပြည်ပထွက်ပီးမှ ကမာ္ဘကို လွှမ်းမိုးနိုင်တဲ့
…မာလွန်ဘရန်ဒို …အယ်လ်ပီကာနို….. အမားနီး …. ဂူချီ. …..
အနီတာ ရော့ဒစ် …. ကပြားတွေထည့်ပြောဦး …. ဘွန်ဗွန်ဂျိုဗီ အစ လေဒီဂါဂါ အဆုံးကြောင့်လား ဟင်င်င်င်…..
ပဂါးနီးနီး ဝင်စားတဲ့
အတွေးခေါင်သူ
အင်ဇာဂီ
thit min
November 21, 2011 at 9:23 am
ညီဇာဂီရေ
အီတလီက ကောင်းတာပေါ့။ လူကိုလူလိုတန်ဘိုးထားတဲ့ နိုင်ငံတွေထဲက တနိုင်ငံဘဲ။လစ်ကွာ။
ဗင်းနစ်မြို့ရဲ့ လှေဦးချွန်ပေါ်မှာ အီတလီဝိုင်ခွက်ကမ်းပေးနေတဲ့ အီတလီမလေးနဲ့ ဓာတ်ပုံတွဲရိုက်
ပြီး “အနောက်ယဉ်ကျေးမှုကိုအရှေ့ဘက်မှခံစားခြင်း” ဆိုပြီး စာအုပ်ထုတ်ကွာ။
ဒီ စီဗယ်လိုက်ဇေးရှင်းနေတဲ့ “ဟန်တင်တန်တို့ ခု- နေးလ်ဖာဂူဆန်ဆိုတဲ့လူတွေကို
မင်းတို့လို “ညစ်” ပြီး ရေးတာဟုတ်ဘူးကွ.။
“Kiss= ကစ်စ်” ပြီးရေးသော “စီဗယ်လိုက်ဇေးရှင်း” ကွ လို့အော် လို့ရတယ်ကွာ။
nozomi
November 21, 2011 at 9:36 am
ကိုကြောင်ကြီးကိုတော့ ဆက်သာဆွဲ ကိုသစ်ရေ
ကိုသစ်စာအားလုံး အမြဲ ဖတ်နေပါသည်
အခုလို လိုက်မမှီသေးတာတွေ အတွက်တော့ ဖတ်ရှုမှတ်သားနေပါသည်
တချိန် တော့ ဝင်ဆွေးနွေးနိုင်မည် ထင်ပါသည်
မှန်မှန်လေး ဆွဲပေးပါ ဆရာသစ် ခင်ဗျာ
thit min
November 21, 2011 at 7:24 pm
အများနားလည်အောင် ရေးဘို့ကျနော် ကြိုးစားနေပါတယ် ကိုနိုဇိုမိရေ။
မရှင်းတာ နားမလည်တာကို အချိန်မရွေးမေးနိုင်ပါကြောင်း။
ခင်မင်စွာ။
ကြောင်ကြီး
November 21, 2011 at 1:05 pm
ဆြာသစ်ရေ…..လိုအပ်ချက်တွေ ရတာတော့ ဟုတ်ပါပြီ။ သို့သော် အခြေအနေပေးပေမဲ့ အချိန်အခါက ရှိသေးတယ်။ ယနေ့လို ကမာ္ဘတလွှား စီးပွားကျနေချိန်မှာ အာရှနိုင်ငံများအားလုံးက မိမိဆီက ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာမသွားအောင် နည်းမျိုးစုံနဲ့ တားဆီးကြမှာပါ။ ကော်ပိုရေးရှင်းကြီးများကလည်း ဝယ်လိုအားနဲနေတဲ့ အချိန်မှာ စက်ရုံအသစ်ထောင်ဖို့ စိတ်ဝင်စားမယ် မထင်ပါဘူး။ အနဲအကျဉ်းတော့ ရှိပါမယ်။ သို့သော် တိုင်းပြည် စီးပွားတက်ဖို့လောက်အထိ ဖြစ်ပါ့မလား။ သဘာဝဓာတ်ငွေ့လို ပေါချောင်ကောင်းရမဲ့၊ စွမ်းအင်ကဏ္ဍလို ရေရှည်မြှုပ်နှံမှုမျိုးတော့ ဖြစ်နိုင်ပါတယ်။ သို့သော် စား၊ ဝတ်၊ နေရေးလို consumer goods တိုင်းပြည်အတွက် အမြတ်အစွန်း၊ နည်းပညာကျန်ခဲ့မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ရပါအုံးမလား။ ကိုယ်က အခုမှ စရမှာနော်၊ ကိုယ်ထက် ရှေ့ရောက်နေသူတွေ တပုံကြီး၊ သူတို့ကလည်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ ဆန်စပါးကိုပဲကြည့် ဗီယက်နမ်သည် မြန်မာထက် အပုံကြီးသာသွားပြီ။ မြန်မာက လေသာကျယ်နေတာ ပြည်တွင်းစားသုံးမှုတောင် ပြောရရင် မဟုတ်သေးဘူး။ သေနတ်နဲ့ချိန်ထားလို့ လူတွေက ဗိုက်ဟောင်းလောင်းနဲ့ ကြည့်နေရတာ။ ဆရာသစ်ပြောတဲ့ ပြည်ပအထောက်အပံ့တွေ၊ သင်တန်းတွေ ဘာတွေတော့ ပြန်လည်ထူထောင်ရေးအတွက် ရမယ်ဗျာ။ ဗြိတိန်အစိုးရက ဒေါ်လာသန်းသုံးရာဖိုး ကူညီမယ်ပြောတယ်။ အမေရိကန်ကလည်း အဲဒါထက်ပိုများတဲ့ ပမာဏပေးမှာ သေချာတယ်။ ဂျပန်နဲ့ ဥရောပကလည်း ပေးအုံးမယ်။ သို့သော် သူတို့ပေးမှာတွေက ကုန်သွယ်ရေးအခွင့်အလမ်းနဲ့ မတူဘူး။ အချည်အနှောင်တွေပါတယ်၊ သူ့အိတ်ထဲသူပြန်ထည့်သွားမှာတွေပါတယ်၊ နောက်ဆက်တွဲ ပြသနာတွေလည်း တပုံကြီး ဖြစ်အုံးမယ်။ အလကားပေးရအောင် သူတို့ယောက်ဖမှ မဟုတ်တာနော်။။။
တခုမျှော်လင့်လို့ရတာ တရုတ်နဲ့အိန္ဒိယ၊ အာဆီယံကြားမှာ ပွဲစားလုပ်စား၊ အခွန်ကောက်စားဖို့ရှိတယ်။ (မိန်းခလေးတွေလဲ ပျက်လိုက်မဲ့ဖြစ်ခြင်း၊ သဂျီးတို့အလိုတော့ ကွန်ဆားဗေးတစ်တွေ ပျက်လိုက်မဲဖြစ်ခြင်း) ရေနက်ဆိပ်ကမ်း၊ အာဆီယံ ရထားလမ်း၊ မဲခေါင်မြစ်ဝှမ်းအဝေးပြေးကားလမ်းတွေလည်း လုပ်နေတယ်ဆိုတော့။
ဒီတော့ မြန်မာနိုင်ငံသည် ခေတ်ကျပ်ကြီးထဲမှာ လူဖြစ်လာရမှာမို့ သူ့အရင်ကလူတွေလို ဖြစ်တန်စွမ်း များများရှိနိုင်ပါ့မလား။ ဘာတွေကွာမလဲ၊ ဘာတွေကို သတိပြု ပြင်ဆင်သင့်သလဲ။ မားကက်တင်း စကားနဲ့ပြောရင်တော့ competitive edge ကို under dog အနေနဲ့ ဘယ်လိုယူသင့်သလဲ။။။။
thit min
November 21, 2011 at 2:24 pm
ဟုတ်တယ်ကိုကြောင်
ကျနော် ပို့စ်ထဲမှာ “Dumping Ground” ရှာဖွေခြင်းဆိုပြီးရေးထားပါတယ်။
ကိုကြောင်ပြောတာထက်အများကြီးပိုဆိုးပါတယ်။
FDI ဆိုပေမဲ့ပါတ်ဝန်းကျင်ကိုတကဲ့ Toxic တောက်ဆစ် ဖြစ်စေတာမျိုးတွေ ရွှေ့တာနော်။
တရုတ်တောင် ခုခံနေရပြီ။ SO2တွေနဲ့ ဝါထိန်နေရော။
အဲဒီ ” Dumping Ground” ဆိုတာက ကြီးတဲ့ကောင် ကြီးမြဲ မုူဝါဒ။
အသေးတွေကြီးမလာရေးမူဝါဒ သတိထားမိမှာပါ ကိုရီးယား ကောင်းတာဘဲ အပေါ်ဘယ်လောက်
ရောက်လို့လဲ။ မလေး၊ထိုင်းဆိုတာကလဲ အလယ်မှာတန့်နေပြီရော။
နိုင်ငံငယ်လေးတွေကလဲ မှီခိုသီအိုရီ တဲ့ အမှီရှိမှတက်တတ်တော့တာလေ။
အဲဒီတော့ဆက်ပြောရရင် အဲဒီ စက်မှုစွတ်တက်နိုင်ငံတွေက
ပါတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရမ်းပြဿနာတက်နေရတာကို ရှောင်လွှဲဖို့
စွမ်းအင်လိုအပ်ချက်ရရှိဖို့
ပါဝါချိန်ခွင်ညှာ ညှိယူကြဖို့
သူတို့ သူတို့တွေ “နေရာ” ရှာနေကြတာလေ။
ဗီယက်နမ်မှာ တန်၂၀ဝ ကျဆန်စက်ဆိုတာ ပါးပါးလေး။ အဲဒီလိုဟဲဗီးစက်တွေ မြစ်ကမ်းဘေးတွေမှာ
နိုင်ငံခြားကလာတဲ့ ပိုက်ဆံတွေ။
တကဲ့ အနှစ်က နေရာဦးတာ။ပါဝါအတွက်။
မြန်မာကို အင်ဒိယား၊တရုတ် အတွက် လာကိုလာအုန်းမှာ။
အဆိုးထဲကအကောင်း ဆိုသလို အဲဒီ အကွက်တွေကို နင်းပြီး ပြန် ပလေးရမယ်။
အမေရိကန်နဲ့ တရုတ်ကိုလိုတိုးပိုလျှော့ကစားဖို့ ညဏ်ရည်လိုတယ်။
ပြည်တွင်းမှာလဲ တကယ် အရည်အသွေးပြည့်လူသားအရင်းအမြစ်လိုတယ်။
လောလောဆယ်တော့ ပရိုက်ဗိတ်ကျောင်းတွေ၊အယ်စီစီအိုင်တွေ၊စင်ကာပူ ပိုလီပြန်တွေပေါ့နော်။
How many % of human resources?
အလိုအပ်ဆုံးကစိတ်ဓာတ်တွေ
ကြီးတဲ့ကောင်ကို “ဖား” မယ်။
သေးရင် ငယ်ရင်” ချနင်း” ဆိုတဲ့ မြန်မာ့စိတ်ဓာတ်။
ငါရပြီးရော မြန်မာစိတ်ဓာတ်။
အဲဒီ အကျင့်တွေပြင်ရမယ်။
လူကိုလူလိုမမြင်တတ်တဲ့ အောက်တန်းကျတဲ့စိတ်ဓာတ်တွေနဲ့ ကိုယ်လဲလူမဖြစ်နိုင်ဘူးဆိုတာသိရမယ်။
ကျနော်ပြောဘူးတဲ့ အင်ဒီဗီဂျူရယ် ရီဖောင်း အရမ်းလိုတယ်။
ညီညွတ်မှ ရမဲ့ခေတ်။
တယောက်အားနဲ့ လုပ်လို့မရတော့တဲ့ခေတ်။
(IPNs) အင်တာနေရှင်နယ် ပရိုစက်စင်း နက်ဝါတ် က ယူအက်စ်လိုဘဲကြီးတောင်
အနည်းနဲ့အများသူများကိုအားကိုးနေရတဲ့ခေတ်။
အဲဒီ စိတ်ဓာတ်တွေကို ရင်လေးနေတာ၊
နိုင်ငံထောင်ဘို့လိုပါတယ်ဆိုနေမှ ရန်ဖြစ်နေကြအုန်းမှာ။
အဲဒီ အဆင့်ကိုကျော်မှ သူများနဲ့ ကစားလို့ရမှာဆိုတော့။
တကယ်လို့ လာတဲ့ကောင်းအားကောင်းကောင်းနဲ့ လာသည်ဆိုဦးတော့
ဒိုင်းကနဲ့ တက်သွားဘို့က မမြင်သေးဘူးဗျာ။
ပြောရတာစိတ်ညစ်တယ်။
ရသလောက် ၁ ယောက်ဘဲ ဖြစ်ဖြစ်ပြုပြင်ကြပါ။
ပြုပြင်ပေးကြပါဗျာ။