ဖားအောက်တောရတွင် ၉ ရက်တာ (ဓါတ်ပုံများ)

weiweiNovember 21, 20114min31311

သူငယ်ချင်းရေ …
ဖားအောက်ရိပ်သာထဲမှာ ပန်းပင်လေးတွေ သပ်သပ်ရပ်ရပ်စိုက်ပျိုးထားတာ အရမ်းလှကြတယ် … မြင်နေကျပန်းတွေတောင်မှ အဲဒီမှာ လှနေတယ် … အမြဲတမ်း ပြုစုပေးနေတဲ့ သီလရှင်နဲ့ ဥယျာဉ်မှူးတွေရှိနေကြတယ်။ သန့်ရှင်းရေးလဲ တော်တော်လုပ်နိုင်ကြတယ်။ ညနေဘက် ခဏလမ်းလျှောက်ရင်း ပန်းကလေးတွေမြင်တော့ ဓါတ်ပုံမရိုက်ပဲမနေနိုင်ဖြစ်လာတာနဲ့ တစ်ညနေမှာ ဓါတ်ပုံရိုက်ခဲ့လိုက်တယ်။ အမှတ်တရကြည့်ရအောင် ပြလိုက်တယ်နော် …

ဂေါတမက စေတီတော်
လှတယ်မဟုတ်လား?
ဒီအရောင်လဲ လှတာပဲ
သူကလဲ အလှတစ်မျိုး
အဖြူရောင်လေးကလဲ သန့်နေတာပဲ
ခရမ်းရောင်လဲရှိတယ်
အဝါပန်းက ဓါတ်ပုံစားတယ်နော်
လှလို့ကို မဆုံးနိုင်တော့ဘူး
အရောင်စပ် ပန်းကလေးများ
တစ်ပင်လုံး ပြုတ်သိပ်နေအောင်ပွင့်နေတာ
အဝေးမှ လှမ်းဖူးရတဲ့ ကျိုက်ခေါက်စေတီတော်
ထမလုံကစေတီအထိမြင်ရတဲ့ ရှုခင်း
ကောဏာဂမနစေတီရဲ့ ညဘက်မီးရောင်များ
လမ်းလျှောက်လို့ကောင်းတဲ့ တောလမ်းလေး
ကိုပေါက်ရိုက်ပြဖူးတဲ့ ရှေးဟောင်းဂူ
ချစ်စရာ မကောင်းဘူးလား 😛

ခြံဝင်းထဲမှာ နားနေချိန် ဓါတ်ပုံရိုက်ဖြစ်ခဲ့ပေမယ့် ဓမ္မာရုံထဲကိုတော့ မရိုက်ရဲလို့ မရိုက်ခဲ့ဘူး … စီတန်းပြီး တရားထိုင်နေတဲ့ပုံတွေ၊ သပ္ပါယ်လွန်းတဲ့ ဘုရားခန်းပုံတွေကိုလဲ ပြချင်ပါသေးတယ်။
အဲဒီမှာနေတုန်းက ငါ့စိတ်ထဲမှာ တော်တော်အေးချမ်းပြီး တရားသဘောကို တော်တော်ဆင်ခြင်မိခဲ့ဖူးတယ်။ လမ်းလျှောက်ရင်း ခေါင်းငုံ့ပြီးမှတ်တော့ ငါ့ခြေထောက်က ခြေချောင်းတွေကို မြင်ရတယ်မဟုတ်လား။ ငါ့စိတ်ထဲမှာ ငါ့ခြေသည်းလေးတွေက လှလိုက်တာလို့ စိတ်ထဲမှာ ခဏခဏဖြစ်လာတယ်။ ဖြစ်လာတိုင်း အဲဒီစိတ်ကို ပြန်ပျောက်အောင်လုပ်ပေမယ့် ပေါ်လိုက်ပျောက်လိုက်နဲ့ ဒီခြေချောင်းတွေကို တွယ်တာနေပါလားလို့ သေချာသိသွားတာနဲ့ အကုန်လုံးညှပ်ပစ်လိုက်တယ်။ ငါအနှစ်နှစ်အလလ သေချာထိန်းသိန်းထားတဲ့ ခြေသည်းတွေကို ညှပ်ပစ်လိုက်တာ။ အခုနောင်တရနေသလိုလို 🙁 ဘာပဲဖြစ်ဖြစ် ထူးထူးခြားခြားဖြစ်ခဲ့တာလေးမို့ ပြန်ပြောပြတာပါ။
နောက်တစ်ခုက ငါဖားအောက်မှာရှိနေတုန်း ရေကြောင်းတက္ကသိုလ်က သူငယ်ချင်းတွေကို တရားစခန်းလာဝင်ဖို့ ဆွယ်နိုင်ခဲ့လို့ သူတို့တွေ ၄ ယောက်တစ်ဖွဲ့ ၉ ရက် လာဝင်သွားကြသေးတယ်။ ငါနဲ့တော့ ၃ ရက်ပဲ ဆုံလိုက်ရတယ်။ ငါ့ကြောင့် သူတို့တရားစခန်းဝင်ဖြစ်တာမို့ ဓမ္မဒါနအနေနဲ့ ကုသိုလ်တွေ တိုးပွားသွားသေးတယ်။
မှတ်မိသလောက်တော့ ဒီလောက်ပဲမို့ ဖားအောက်ဇာတ်လမ်း ခဏရပ်ထားလိုက်အုန်းမယ်နော် …

11 comments

  • weiwei

    November 21, 2011 at 12:37 am

    ညကြီးသန်းခေါင် ထပြီးတင်လိုက်တာ … အိပ်ချိန်တွေ ဖဲ့ပေးလိုက်ရတယ် ..
    မြင်နေကျပန်းလေးတွေပါ …
    အခုမှ သတိထားမိတော့ ကျွန်မရဲ့ ပို့စ် ၂၀ဝ မြောက်ဖြစ်နေတယ် …
    ဇန်နဝါရီလဆန်းတုန်းက ကျွန်မရဲ့ ပို့စ် ၁၀ဝ မြောက် တင်ခဲ့ဖူးတယ်ဆိုတော့ ပထမပို့စ် ၁၀ဝ ကို ၂ လ အတွင်းရေးတင်နိုင်ခဲ့ပြီး ဒုတိယမြောက် ပို့စ် ၁၀ဝ ကိုတော့ ၁ဝ လ လောက် အချိန်ကြာခဲ့ပါတယ် … ပွိုင့်က ၄၀၄၈ရ ကျပ်ရနေပြီ … ကျွန်မက အရေအတွက်ထက် အရေအသွေးကို ဦးစားပေးပါတယ် … နောက်ဆို အခုထက်ပိုနည်းသွားဖို့သာရှိပါတော့တယ် … ပုံမှန်အလုပ်အပြင် တခြားအလုပ်တစ်ခုကိုပါ လက်ခံထားလို့ ရွာထဲဝင်မယ့်အချိန်တွေ လျော့သွားအုန်းမှာဖြစ်လို့ စိတ်တော့မကောင်းဘူး .. ဒါပေမယ့် ဘဝရပ်တည်ဖို့က ပိုအရေးကြီးတယ်လေ … 🙂

  • kai

    November 21, 2011 at 2:03 am

    ငါအနှစ်နှစ်အလလ သေချာထိန်းသိန်းထားတဲ့ ခြေသည်းတွေကို ညှပ်ပစ်လိုက်တာ။ အခုနောင်တရနေသလိုလို

    လူသားတိုင်း ဘုရားဖြစ်ခွင့်ရှိတာမို့.. နှိုင်းကောင်းပါတယ်..။
    နှိုင်းပြမယ်နော…
    သိဒ္ဓတ္တမင်းသား ဒုက္ခရစရိယာကျင့်တော့.. အဲဒီလို ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲကျင့်ခဲ့တာပဲ..။
    ဖြည်းဖြည်းချင်းနဲ့.. အရမ်းအစွန်းရောက်ခဲ့တာပေါ့.။
    အဲဒါတွေက လမ်းမှန်မဟုတ်ဖူးလို့.. သူကိုယ်တိုင်ပြောခဲ့တယ်..။

    ကို်ယ်တိုင် ..အတွေ့အကြုံအရလည်း.. ခြေသည်းတွေညပ်ပစ်တာမျိုးနဲ့.. သဘာဝတရားကိုလိုက်” ဖြတ်”တာဟာ..မမှန်ကန်နိုင်ဘူးလို့.. သုံးသပ်မိတာပဲ..
    အမြင်တခု.. ဖြည့်ပြောတာပါနော.။ ပုဂ္ဂလိကရေးရာပြောတာ မဟုတ်ပါ..။ :lol;

    • weiwei

      November 21, 2011 at 7:11 am

      သာမန်ကြည့်ရင်တော့ ဘာမှလဲမကြီးကျယ်တဲ့ကိစ္စပါပဲ … ခြေသည်းအရှည်ထားပြီး ခြေသည်းနဲအမြဲဆိုးလေ့ရှိတာက လှချင်တယ့်စိတ်ဓါတ်ရှိတဲ့ သဘာဝပေါ့နော် … အဲဒီစိတ်ဓါတ်က စွဲလန်းတဲ့တဏှာစိတ်လို့ ခံစားမိချိန်မှာ မလိုချင်တော့လို့ ညှပ်ပစ်လိုက်တယ် .. ခြေသည်းနီတွေ ဖျက်ပစ်လိုက်တယ် … ကျွန်မစိတ်ထဲမှာ အဲဒီလိုခံစားမိလို့ အဲဒီအဖြစ်အပျက်လေးကို အမှတ်တရအနေနဲ့ ထည့်ရေးလိုက်မိတယ် … မနေ့က ပွဲတစ်ခုကို သွားစရာရှိခဲ့တယ် (လှဖို့လိုအပ်တဲ့နေရာ) … အဲဒီမှာစိတ်ထဲက သူများလိုပဲ လှလှလေးဖြစ်ခဲ့ချင်တယ် (ပုံမှန်စိတ်) … ခြေသည်းတွေ တုံးတိတိဖြစ်နေတော့ စိတ်ထဲမကောင်းဘူးပေါ့ …. ဒီလောက်ပါပဲ …
      တကယ်တော့ ကျွန်မစိတ်က ခွေးမြီးကောက် ကျီထောက်စွပ်သလိုပါပဲလို့ …. 🙂

  • small cat

    November 21, 2011 at 7:29 am

    ဘုရားက ဆံတော်ကိုပယ်တာ ဗာဟီရကိစ္စတွေများလို့ ပါ၊
    ခြေသဲကိုလှအောင်ပုံဖော်ရ၊ ခြေသဲဆေးဆိုရ တဲ့ ဒုက္ခတွေ ငြိမ်းသွားတဲ့အတွက် အန်တီဝေ ခြေသဲညှပ်ရတာ တန်ပါတယ်လို့ ပြောချင်ပါတယ်။

  • MaMa

    November 21, 2011 at 8:12 am

    အချိန်အခါ အခြေအနေနဲ့ လိုက်ပြီး စိတ်ရဲ့ ပြောင်းလဲတတ်ပုံ စိတ်ရောင်စုံတွေပေ့ါ ဝေဝေ ရယ်။
    ပန်းလေးတွေကလည်း လှတယ်။ အပွင့်လိုက် အဆုပ်လိုက် အနီးကပ်ရိုက်ပြထားတာတွေ ကြိုက်တယ်။ တောလမ်းလေးလည်း သာယာလိုက်တာ။ အဲဒီမှာ စင်္ကြန်လျှောက်ရတာလား။

    • weiwei

      November 21, 2011 at 10:25 am

      စင်္ကြန်လျှောက်လမ်းတွေက အခင်းနဲ့ အမိုးတွေပါပါတယ် … ကျောင်းဝင်းထဲမှာတင်ရှိပါတယ် … အခုပြတဲ့ တောလမ်းလေးက ကျိုက်ဒေးဝစေတီဘက်ကိုသွားတဲ့လမ်းလေးပါ … တောအရသာကို ခံစားလို့ရနိုင်တဲ့ နေရာလေးမို့လို့ ဓါတ်ပုံရိုက်လာခဲ့လိုက်တာ … အခုဓါတ်ပုံတွေက ပြန်ခါနီးလေးမှာ ရိုက်လာခဲ့တာ …
      ရွာသူားတွေကို ပြချင်တဲ့စေတနာကြောင့် သွားလေရာ ကင်မရာယူသွားတတ်တာ အကျင့်တစ်ခုလိုဖြစ်နေပြီ … 😛
      အခုသုံးနေတဲ့ကင်မရာက အရင်သုံးနေကျဟာမဟုတ်လို့ သိပ်တောင်စိတ်တိုင်းမကျဘူး … ကောင်းတာလေးတစ်လုံးလောက် ထပ်ဝယ်အုန်းမယ်လို့ စိတ်ကူးထားတာပဲ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2011 at 9:08 am

    ဪ…………….
    ဒီလိုဖြစ်လာတဲ့ခါ ကြတော့လည်း
    ဝိဿခါ ကျောင်းအမကြီးနဲ့ ကိုင်ပေါက်လိုက်ပေါ့ကွယ် 😀
    တရားစခန်းဝင်တာ ကင်မရာကြီးမသွားတာက ထူးဆန်းတယ်နော 😀
    ဘာဘဲဖြစ်ဖြစ်ပါ ဆရာတော်ဦးသုမင်္ဂလ မိန့်ကြားတဲ့
    ရင်နှစ်သည်းချား နှစ်သက်မိတဲ့ အဆိုတစ်ခုရှိလေရဲ့
    ဘာတဲ့
    ဖြစ်တာမဖြစ်တာ ဟုတ်တာမဟုတ်တာ အသာထား ( သမာဓိရတာတွေဘာတွေအသာထား )
    လုပ်မယ်လို့ ဖြစ်လာတဲ့စိတ်ကလေး
    လုပ်ကြည့်မိတဲ့ အကြောင်းကလေးက
    တော်တော်ကို တန်ဖိုးကြီးလှပါတယ်

  • blackchaw

    November 21, 2011 at 9:18 am

    အန်တီဝေရေ။
    ခြေသည်းဆိုလို့ တိုက်ဆိုင်တာလေးတစ်ခု ပြောပြချင်တယ်ဗျာ။
    ဒီတစ်ခေါက် ကျွန်တော့် ယောက်ခမကြီးတွေ သွားဖူးကြတဲ့ ဆရာတော် တစ်ပါး (ဘွဲ့အမည်မေ့နေလို့ဗျို့)က
    တရားနည်းနည်း ဟောပါတယ်။
    ဒကာကြီးတို့၊ ဘုန်းကြီးလက်သည်းတွေ ရှည်နေပြီ။ ဖြတ်သင့်တဲ့ အချိန်လည်းရောက်နေပြီ။ လက်သည်းဖြတ်ဘို့ ပေးရမယ့်အချိန်က လည်း နာရီဝက်တောင် မရှိပါဘူုး။ ဒါတောင် ဘုန်းကြီးက အလုပ်တွေများလို့ ဆိုပြီး လက်သည်းမဖြတ်တော့ အမြင်သင့်တော်ပါသလား တဲ့။ (သူ့လက်ချောင်းတွေကို ပြရင်းမေးပါတယ်)။ ဒကာတွေကလည်း ဖြေရတာပေါ့။ မသင့်တော်ပါဘူး ဘုရားပေါ့။ အဲဒီတော့ ချက်ခြင်းဖြတ်ဘို့ လိုအပ်ပါတယ်တဲ့။ လက်သည်း လိုပဲ လူတွေမှာ ဖြတ်သင့်တာလေးတွေ ရှိပါတယ်တဲ့။ ရှည်လာရင် အမြင် မသင့်တော်ပါဘူးတဲ့။ ငါ့သား၊ ငါ့သမီး၊ ငါ့ယောင်္ကျား စသည်ဖြင့် ငါစွဲတွေ၊ သံယောဇဉ်တွေကို မြန်မြန်ဖြတ်ကြဘို့ လိုပါတယ်တဲ့။ ဆိုလိုတာဆီ ရောက်မရောက်တော့ မသိဘူး ဘုန်းကြီးဟောတာလေးနဲ့ တိုက်ဆိုင်လို့ ပြန်ရေးပြတာပါဗျာ။

    • weiwei

      November 21, 2011 at 10:31 am

      တရားလေးက ထိရောက်ပါတယ် .. ဥပမာပေးတာလေး ကောင်းတယ် …
      ကျွန်မနာခဲ့တဲ့တရားတစ်ခုထဲမှာ ဆရာတော်က ဟောထားတယ် … လူတွေက ကွက်လပ်လေးတစ်ခုထဲမှာ အမြဲနေလေ့ရှိတယ်တဲ့ … တပည့်တော် တရားအားထုတ်ချင်ပါတယ် … ဒါပေမယ့် …. ဒါပေမယ့် ဆိုတဲ့ ကွက်လပ်လေးထဲကို ပြေးဝင်သွားကြတာပဲတဲ့ …
      နောက်တစ်မျိုးကတော့ ချည်တိုင်တစ်ခုနားမှာ ကပ်ပြီးအချည်ခံထားရတဲ့ ခွေးကလေးတစ်ကောင်လိုပဲ အိပ်လဲ အဲဒီငုတ်တိုင်နားမှာ .. စားလဲ အဲဒီနားမှာ … အီးပါလဲ အဲဒီနားမှာ (ရုန်းထွက်လို့မရတာကို ဆိုလိုတာပါ) … လူတွေမှာလည်းပဲ … ငါ့မိန်းမ .. ငါ့ယောက်ျား … ငါ့သားသမီး … ငါ့ပညာ … ငါ့ဥစ္စာ … ငါ ဆိုတဲ့ ချည်တိုင်နားမှာပဲ ကပ်နေကြတယ် … ကွက်လပ်ထဲကနေ ရုန်းထွက်ကြအောင် တိုက်တွန်းတာလေး နာကြားခဲ့ရပါတယ် …

  • ကျနော်တို့ရောက်ကြတုန်းက မိုးတွေနဲ့ဆိုတော့ အခုလို လှပတဲ့ပန်းတွေကို သေချာမကြည့်ခဲ့ရဘူး။
    မဝေရိုက်ပြတဲ့တောလမ်းလေးကို တွေတုန်းက ဆင်းလျှောက်ကြည့်ချင်စိတ်ပေါ်ခဲ့ပေမယ့်
    မိုးရေစိုစွတ်စွတ်ဆိုတော့ လျှောက်ခွင့်မကြုံခဲ့ဘူူးဗျာ။
    အခွင့်အခါသင့်ရင်နောက်တစ်ခေါက်။

  • ပေါက်ဖော်

    November 21, 2011 at 10:02 am

    အောင်မာ..အောင်မာ..
    လူကြီးကို မခန် ့၄စားနဲ ့..လျှာထုတ်ပြနေတယ်..ခွေးကောင်.ဟောင်ကောင်ကိုပို ့ပစ်မယ်
    ဗျက်..ဗျက်……..ဗျက်

Leave a Reply