ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပိုင်း(၅)
5
Wallis
_____________
ဝေါလစ်
This is how Lady Furness described Mrs Simpson’s early life to Edward:
အောက်ဖေါ်ပြပါအကြောင်းအရာတွေကတော့ မြို့စားကတော် ဖားနစ် ပြောပြတဲ့ မစ်စစ်ဆင်မဆင် ရဲ့အကြောင်းတွေပါပဲ။
Wallis was born in Baltimore. She never knew her father. He died when she was five months old. But her mother was a strong and loving woman, and Wallis was a happy child.
ဝေါလစ် က ဘယ်လတီမော မှာ မွေးဖွှားတယ်။ သူမ ဟာသူမရဲ့ အဖေ ကို ဘယ်တုံး ကမှ မမြင်ဘူးခဲ့ပါဘူး။ သူမ ငါးလသမီးအရွယ် ကတည်းက ဆုံးသွားခဲ့တယ်။ သူမရဲ့ အမေကတော့ ကျန်းမာရေးကောင်းပြီး ခင်မင်နှစ်လိုဘွယ်ရာ အမျိုးသမီးတစ်ယောက်ပါ။ ဝေါလစ် က အပူအပင် ကင်းမဲ့စွာနေ ခဲ့ ရတဲ့ကလေးလေး တစ်ယောက်ပါ။
When she was twenty, she married a man called Winfield Spencer. For the first few years they were happy together. But one day Winfield lost some money in the street. He was angry. When he came home, he took a bottle of whisky from a cupboard and began to drink.
သူမအသက်နှစ်ဆယ် မှာ ဝင်းဖီး စပန်ဆာ ဆိုတဲ့သူနဲ့ အိမ်ထောင် ကျပါတယ်။ ပထမအိမ်ထောင်သက် ကြင်စဦး နှစ်တွေမှာတော့ ချစ်၍မဆုံးပျော်၍မဆုံးနိုင်အောင်ပေါ့။ တစ်နေ့တော့ ဝင်းဖီး က လောင်းကစားရှုံး ရာက အိမ်ပြန်လာပါတယ်။ စိတ်ကလည်းခပ်ဆိုးဆိုးပေါ့။ အိမ်ပြန်ရောက်လာပြီး ကြောင်အိမ်ပေါ်က ဝီစကီအရက်တွေ တစ်ပုလင်းလုံး သောက်တော့တာပါပဲ။
That night he hit Wallis in the mouth. She screamed and hit her again. There was blood on her face and she was shaking like a leaf. “Please Winfield,” she said. “No more.”
အဲဒီ ညက သူ ဝေါလစ် ကို ပါးစပ်တွေ ချည် ပိတ်ရိုက်ပါတော့တယ်။ ဝေါလစ် က အော် လေ ထပ်ရိုက်လေပါပဲ။ မျက်နှာတစ်ခုလုံးသွေးတွေ နီရဲ ပြီး ကြောက်လွန်းလို့ သူ့ခင်ဗျာ သစ်ရွက်ကလေး တမျှ တုံရင်လို့နေပါတယ်။ ပါစပ်ကလည်း “ကျမတောင်းပန်ပါတယ်ရှင်..ကျမကိုဆက်မရိုက်ပါနဲ့..မရိုက်ပါနဲ့ရှင်..”
But Winfield took her arm and pulled her up the stairs.
“You are my prisoner,” he shouted at her, “and you’re not going to leave.” Then he pushed her into the bathroom and locked the door.
ဒါပေမဲ့ ယောကျင်္ား ကတော့ လက်မောင်းကနေတရွတ်တိုက် လှေခါး ကနေ ဆွဲတင်သွားပါတယ်။ ဝင်းဖီးကလည်း အော်ပြီး.. “နင်ကငါ့ ရဲ့ အကျဉ်းသားပဲ..နင်ငါ့ဆီကနေ ဘယ်တော့မှ ထွက်သွားမယ်မကြံစည် နဲ့..ကောင်မ..” ပြီးတော့ ဝေါလစ် ကို အိမ်သာထဲ ထည့်ပြီး သော့ခတ်ထားလိုက်တယ်။
The next morning Wallis went back to her family. “I can’t stay with him,” she said. “I want a divorce.”
နောက်တစ်နေ့ မနက် လည်းရောက်တော့..သူ့မိဘအိမ် ကိုပြန်သွားရှာတယ်။ “ ငါသူနဲ့ မပေါင်းနိုင်တော့ဘူး..ငါလင်မယားပြတ်စဲ ချင်တယ်” လို့ပြောပါတယ်။
“Poor Wallis,” Edward said. “But what happened next, Lady Furness?”
“သနားစရာ ဝေါလစ် ခင်မျာ ဗျာ..” အက်ဒဝပ် က ဝင်ပြောပါတယ်။
“ ပြီးတော့ ဘာဆက်ဖြစ်သေးလဲ..မြို့စားကတော်”
“Well,” said Lady Furness, “a few months later she met a fine man called Ernest Simpson. He’s quiet, but interesting. They got married and they now live in a beautiful flat in the centre of London.”
မြို့စားကတော်က “ လအနည်း ငယ်ကြာတော့..ဝေါလစ်လည်း အားနစ် ဆင်မဆင်နဲ့ ဆုံတွေ့သွားတယ်…ဒီလူက ခပ်အေးအေးပါ..ဒါပေမဲ့ အလွန်စိတ်ဝင်စား စရာကောင်းတဲ့လူပါ..သူတို့လက်ထပ်လိုက်တယ် ဆိုပါတော့ရှင်..လန်ဒန် မြို့လယ်မှာ တိုက်ခန်းကောင်းကောင်းနဲ့နေကြပါတယ်…
“And are they happy?” asked Edward.
“အခုရော သူတို့ လင်မယား စိတ်ချမ်းချမ်းသာသာပဲလား” အက်ဒဝပ်ကမေးလိုုက်ပါတယ်။
Lady Furness looked at the Prince and smiled. “I don’t know, Sir,” she said. “I don’t know.”
မြို့စားကတော်ကပြုံးရင်း.. “ကျမလည်း..ဒီကိစ ္စတော့သိပ်မသိပါဘူးရှင်..”
During the next two years, the Prince saw Wallis once or twice a week. They had the same friends, and they often met at parties.
နောက်ထပ် နှစ် နှစ် လောက် အတွင်းမှာ ဝေါလစ် နဲ့ မင်းသားအက်ဒဝပ် တို့ တစ်ပတ် တစ်ခါ နှစ်ခါ လောက် တော့တွေ့ဖြစ်ကြ ပါတယ်။ တွေ့လိုုက်တိုင်း ဒီသူငယ်ချင်းဟောင်းတွေနဲ့ ပါတီပွဲတွေမှာ ပဲဆုံဖြစ်ကြတာများပါတယ်။
“Mrs Simpson knew a lot about life,” Edward once said. “She loved books, food, people and travel. She was very beautiful and her eyes were full of fire. She was friendly and easy to talk to and, after a while, I opened up my heart. We had no secrets. I told her everything. And that’s how it all began.”
မင်းသားကတစ်ခါပြော ဘူးတယ်.. “မစ်စစ်ဆင်မဆင် က ဘဝနဲ့ပတ်သက် တဲ့ အတွေ့အကြုံ နှံ့စပ်သူဗျ..”
“စာဖတ်ရတာမျိုး၊ အစားသောက်ကောင်းကောင်းစား ရတာမျိုး၊ လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာမျိုး၊ ခရီးထွက်ရတာမျိုး တွေဆိုသိပ်သဘောကျတတ်တာ။ ၊ မျက်လုံးလေးတွေများဆို အရောင်တောက်နေတာပါပဲ။ ဝေါလစ်က ဖော်ရွေတတ်တယ်၊ စကားပြောရတာ အဆင်ပြေတယ်၊
မကြာမီတင်ပဲ သူနဲ့ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောကြဆိုကြပါတယ်။ လျှိူဝှက်ချက်မထားကြဘူး၊ ကျွန်တော်ကလည်းသူ့ကို အကြောင်းစုံပြောပြပါတယ်။ ဒီလိုနဲ့ ပဲ သူနဲ့ ကျွန်တော့် ဇတ်လမ်း စတင်ခဲ့ ကြတာပါပဲ။”
“His eyes were always sad,” Wallis said about Edward.
“And sometimes he looked like a child- so young, so quiet, and so weak. He had no real friends. Perhaps people were a little afraid of him. But he was a warm and kind man. When he talked to me I felt my heart jump. I wanted to be alone with him, but I knew that wasn’t possible. Did the prince love me in those early days? No. I don’t think so. But each time we met, we just felt closer and closer.”
ဝေါလစ်က အက်ဒဝပ် အကြောင်းနဲ့ပတ်သက်ပြီးပြောပြတာကတော့…
“တစ်ခါတစ်လေ…အက်ဒဝပ်ကကလေးဆန်တယ်…လူကလည်းခပ်ငယ်ငယ်..အေးအေးဆေးဆေးနဲ့..
မာရေကျောရေမရှိဘူး…သူငယ်ချင်းကောင်းကောင်းမရှိပါဘူး…လူတွေက သူ့ကို ရှိန် တာ လည်းပါမယ်ထင်ပါတယ်….နွေးနွေးထွေးထွေးနဲ့ အကြင်နာတရားရှိတဲ့သူပါ…သူကျမကိုစကားပြောတဲ့အခါတိုင်း
ကျမ ရင်တွေခုန်မိပါတယ်ရှင်…ကျမသူနဲ့အတူ နှစ်ယောက်တည်းရှိချင်ခဲ့မိပါတယ်..ဒါပေမဲ့ သဘာဝမကျပါဘူး
ဆိုတာ သိနေပါတယ်… “မင်းသားများတွေ့ စကတည်းက ကျမကို ချစ်မိနေတာများလား…” မဖြစ်နိုင်ပါဘူးလေ..
ဒါပေမဲ့ ကျမတို့တစ်ခါဆုံတိုင်း တစ်ခါပိုပြီး နီးနီးလာပါတယ်…”
In June 1933 Edward gave a birthday party for Wallis, and during the next few months he visited the Simpsons’ flat in London almost every day.
၁၉၉၃ ခုနှစ် ဇွန်လ မှာ..အက်ဒဝပ် က ဝေါလစ် အတွက် မွေးနေ့ ပွဲ ကျင်းပပေးပါတယ်။ နောက်လအနည်းငယ် အကြာမှာ တော့ အက်ဒဝပ် ဟာလန်ဒန်မှာရှိတဲ့ ဆင်မဆင်တို့ဇနီး မောင်နှံ ရဲ့ အိမ်ကို နေ့စဉ်အလည် လာ ရောက်တော့တာပါပဲ။
One evening, the Prince asked Wallis and Ernest to go skiing in Australia. “I’m sorry, Sir,” Mr Simpson replied. “I have to go to America on business. But perhaps Wallis and her aunt can come with you.”
တစ်ခုသောညနေခင်းမှာတော့…..မင်းသားအက်ဒဝပ်က ဝေါလစ်နဲ့ သူ့ယောကျင်္ား အားနစ်ကို အော်စတြေးလျှ ကို အလည်အပတ်စကိတ်စီး ဘို့ ဖိတ်ခေါ်ပါတယ်။ ဒါပမဲ့..ယောကျာင်္းဖြစ်တဲ့ မစ်စတာ ဆင်မဆင် က မင်းသားကို….. “ကျွန်တော် တော့ အမေရိကားကို စီးပွားရေးလုပ်ငန်းတစ်ခု နဲ့ခရီးသွားစရာရှိတယ်ခင်ဗျ…ကျွန်တော့်ဇနီးနဲ သူ့အဒေါ် တော့ မင်းသားနဲ့အတူ လိုက်နိုင်မှာပါ..”
“We went to Kitzbuhl as friends,” Wallis wrote later, “but when we came home, we were in love. And a few months later the Prince asked me to marry him. It was just like a dream!”
နောက်နောင်များကြာတော့ ဝေါလစ် စာရေးသားထားချက်အရတော့..
“ကျမတို့ တွေ သူငယ်ချင်း အဖြစ်နဲ့ ခစ်ဘူ မြို့ ကို လည်ပတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက် တော့ ကျမတို့ နှစ်ယောက် မေတ္တာရှိနေကြပါပြီ..လအနည်းငယ်ကြာတော့…
သူကျမကိုလက်ထပ်ခွင့်တောင်းပါတော့တယ်…ဒါဟာကျမဘဝထဲက မမက်ဘူးတဲ့ အိမ်မက်တစ်ခု ပါပဲရှင်…”
အပိုင်း(၆) ကတော ဖခမည်းတော် ဆုံးပါးသွားပြီး မင်းသားအက်ဒဝပ်ဘုရင် ဖြစ်သွားတဲ့ အကြောင်းတွေပါ။
မြန်မာစာလုံးပေါင်းသတ်ပုံမှားသွားရင် ဖြည့်ဖတ်ပေးကြပါ။ တောင်းပန်ပါ၏။
ချစ်ခြင်းအားဖြင့်.. ကိုဆန်နီ….
10 comments
Sonny
November 20, 2011 at 11:09 pm
Wallis ရဲ ့ ပုံကိုတင်ပေးဖို့ ကြိုးစားရင်း နဲ့ နောက်ကျသွားရပါတယ်။
ပုံတင်လို့လည်း မရပါဘူး။ နောက် Post တွေနဲ့မှ အတူတင်ပါမယ်ခင်ဗျာ။
ဘုရင်တစ်ပါး၏ ချစ်ခြင်းတရားကို ဖတ်ရတာ အဆင်ပြေပါစေခင်ဗျာ။
ချစ်ခြင်းအားဖြင့်
ကိုဆန်နီ။
MaMa
November 21, 2011 at 8:25 am
ဆရာဆန်နီရေ- ရှေ့ပိုင်းမှာ အေးအေးဆေးဆေး စိတ်ချမ်းသာစရာလေးတွေ ဖတ်လာရာက အကြာကြီးစောင့်ပြီး ခု အပိုင်း ၅ကို ဝုန်းဒိုင်းနဲ့ စလို့ လန့်တောင်သွားတယ်။ အလုပ်များတဲ့ကြားထဲက ဘာသာပြန်ပြီး တင်ပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
Sonny
November 21, 2011 at 11:00 am
Hello Ma Ma, it must have been a long wait for you. I am sorry for all the inconvenience. နောက်ပိုင်းရောက်လေ ပွဲဆူလေ ပါပဲ။ ချစ်ခြင်းအားဖြင့်…ကိုဆန်နီ
ပေါက်ဖော်
November 21, 2011 at 9:58 am
ဆရာဆန်ရေ
အားပေးပါတယ်..
အပိုင်းခြောက်လဲ မျှော်နေပါတယ်ခင်ည
Sonny
November 21, 2011 at 11:14 am
ဆရာကိုပေါက်ဖေါ်..ဆရာဆန်လို့ခေါ်တာ ကြိုက်သွားပြီ။ မတွေ့တာကြာပြီနော်…အပိုင်း ၆ ဆက်ရေးနေပါတယ်…နောက်တစ်ခါ chicken soup for the soul လိုစာတွေ ဘာသာပြန်တော့မယ်
အဲဒါ အချိန်သိပ် ပေးစရာ မလိုဘူး..အခန်းဆက်မရှိဘူးပေါ့။
ဆရာပေါက် ကျန်းမာ ချမ်းသာစေကြောင်းဆုမွန်ကောင်းတောင်းလျှက်
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…
ပေါက်ဖော်
November 21, 2011 at 11:42 am
ဝုတ်ကဲ့..
ကျနော်ဗျာ..နဲနဲ ပျင်းသလိုလိုဖြစ်နေလို့…
ဂျင်ဂျင်ဂျော်မြင့်..တက်မွန်မျင့်ရယ်..အိန်ဒါဂျော်ဇင်..ရဒနာခင်ရယ် ခေါ်ပြီး
ဟိမဝန္တာပေါ်မှာ အေးဆေး အနားယူနေလို ့..ပျောက်နေတာပါ..
ခုတော့ပြန်ပေါ်လာပါဘီ..
ဆရာတင်မဲ့.ကြက်စွတ်ပြုတ်စာတွေလဲ အားပေးပါဦးမယ်..ခင်ဗျာ..
ကျေးဇူးတင်ပါတယ်
thit min
November 21, 2011 at 11:34 am
ကျမ တို့ ရဲ့ အချစ် ဗိမာန် ကို စတည် ခဲ့ ကြတာကတော့ ခဇ်ဘူလ် မြို့ ကို
မိတ်ဆွေ တွေအဖြစ်သွားခဲ့ခြင်းပါဘဲ ရှင်
အပြန်မှာတော့ ကျမ တို့ ဟာ အင်မတန် နူးညံ့သိမ်မွှေ့ပြီး နှစ်လိုဘွယ်ကောင်းလှတဲ့
ချစ်ခြင်းမေတ္တာရဲ့ ထွေးပွေ့ခြင်း ရဲ့အတွင်းကို နှစ်ဦးသား ရောက်သွားခဲ့ရပြီပေါ့ရှင်။
ချစ်ခြင်း ဗိမာန် ကို ဗိသုကာ မြောက် တည်ဆောက်လိုတဲ့ မင်းသားလေးရဲ့
လက်ထပ်ခွင့်စကားကို နောက် လ အနည်းငယ်အကြာ မှာ ကြားလိုက်ရတော့ ရှင်….
အို ……. ကျမ ဟာလေ
နတ်သမီးပုံပြင် ကို လတ်တွေ့ မြင်လိုက်ရသလိုအိမ်မက် ဆန်စွာ
ကြည်နူးခဲ့ရတယ် ဆိုတာ ဝန်ခံ ပါရစေတော့။
(ခင်မင်လေးစားစွာ လျှာရှည် ကြည့် မိပါသည် ၊ အမှားရှိရင်ခွင့်လွှတ်ပေးပါလို့)
မောင် သစ် မင်း
Sonny
November 21, 2011 at 10:35 pm
ကိုသစ်မင်းရေ..ချစ်စရာကောင်းတဲ့စာသားလေးတွေပါ။ တေးရေး ကိုနေဝင်း၊ ဒေါက်တာစိုင်းခမ်းလိတ် နဲ အငဲ တို့ရှုံးလောက်တယ်။
ကျွန်တော် လျှာရှည် တယ်လို့မမြင်ပါဘူး။ ကိုသစ်မင်း ရဲ့ စာသားလေးတွေ စွဲမက်စရာ ပါ။
ကျမ တို့ ရဲ့ အချစ် ဗိမာန် ကို စတည် ခဲ့ ကြတာကတော့ ခဇ်ဘူလ် မြို့ ကို
မိတ်ဆွေ တွေအဖြစ်သွားခဲ့ခြင်းပါဘဲ ရှင်
A friendly visit to Kitzbuhl begot our love of finest architecture between us.
အပြန်မှာတော့ ကျမ တို့ ဟာ အင်မတန် နူးညံ့သိမ်မွေ့ပြီး နှစ်လိုဘွယ်ကောင်းလှတဲ့
ချစ်ခြင်းမေတ္တာရဲ့ ထွေးပွေ့ခြင်း ရဲ့အတွင်းကို နှစ်ဦးသား ရောက်သွားခဲ့ရပြီပေါ့ရှင်။
Tender Love embraced both of us on our way back home.
ချစ်ခြင်း ဗိမာန် ကို ဗိသုကာ မြောက် တည်ဆောက်လိုတဲ့ မင်းသားလေးရဲ့
လက်ထပ်ခွင့်စကားကို နောက် လ အနည်းငယ်အကြာ မှာ ကြားလိုက်ရတော့ ရှင်….
It was a few months later that I was informed to hear the most generous proposal of love from the Prince with an aim of building up the Castle of Love with the finest architectural designs.
အို ……. ကျမ ဟာလေ
နတ်သမီးပုံပြင် ကို လတ်တွေ့ မြင်လိုက်ရသလိုအိမ်မက် ဆန်စွာ
ကြည်နူးခဲ့ရတယ် ဆိုတာ ဝန်ခံ ပါရစေတော့။
Oh, dearest of all. Let me take my confession that I did experience the fairy tale came true.
ကိုသစ်မင်းရေ..ခင်လွန်းလို့ အပျော်ရေးလိုက်တာနော်….
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ
thit min
November 21, 2011 at 10:53 pm
ဟုတ်ကဲ့ ဆရာဆန်နီရေ
ဗိမာန်ကို Castle အစား Villa (သို့) Palace ကိုသုံးချင်တယ်ဗျာ။ ဖြစ်မလား။
ခင်မင်စွာ(^^)
windtalker
November 27, 2011 at 6:43 pm
အပိုင်း၅ ကို ဖတ်အပြီး ကံကောင်းလွန်းသူ မစ်စစ်ဆင်မဆင်လို ့ကောက်ချက်ချမိသွားတယ် ဗျ ကိုဆန်နီ
“But each time we met, we just felt closer and closer.” ဆိုတာလေးကို ကြိုက်တယ်ဗျာ