Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“သုံးပန်လှ တောင်သမန်”

“သုံးပန်လှ တောင်သမန်”
တောင်သမန်အင်းရဲ့အလှကို နွေအလှ မိုးအလှ ဆောင်းအလှ ဆိုပြီးသုံးပန်လှလို့တင်စားခဲ့ကြဘူးပါတယ်။
မိုးရာသီမှာ အင်းကြီးတစ်ခုလုံးရေတွေပြည့်မောက် လှိုင်းတွေက ဘောင်ဘင်ခတ်။
တံတားပေါ်လမ်းလျှောက်ရင်တောင်မှ လှိုင်းပုတ်တော့ လှုပ်ပဲ့ပဲ့ အသဲယားစရာ။
နွေမှာဆိုရင်တော့အင်းအလယ်လောက်မှာဘဲရေရှိ။
နံဘေးမှာတော့ စိုက်ခင်းတွေဖြစ်လို့ပေါ့။
ဆောင်းဆိုရင်တော့အင်းကြီးတစ်ခုလုံးစိုက်ခင်းတွေဖြစ်လို့။
နှင်းမူံ့(တကယ်တော့ မြူမူံ)ကြားမှာ မြင်ရချက်ကလွမ်းစရာ။
အဲဒီမြင်ကွင်းက တောင်သမန်းအင်းကြီး ရေလှောင်ကန်ဘဝကိုမရောက်သေးခင်ကပေါ့၊

နိုဝင်ဘာဆောင်းဦးတမနက် မြင်ရတဲ့ တောင်သမန်

နိုဝင်ဘာဆောင်းဦးတစ်ရက်တောင်သမန်ဘက်အရောက်
သစ်ပင်နှစ်ပင်ကြားမှာလှေကလေးမြင်တော့ မရိုက်ဘူးသေးတဲ့ပုံစံလေးနဲ့ရို်က်ကြည့်မိပါတယ်။
ခါတိုင်းလက်ဆော့မယ်ဆိုရင်ကိုယ့်ရှေ့မှာဘာမှ မရှိအောင်ထားပြီး ရိုက်တာကိုး။
ဒီတစ်ခါတော့ အပင်ကြားကနေမြင်ရတဲ့ လှေကလေးတစ်စင်း၊
ထွန်လက်စ ယာခင်း။
စိမ်းစိုနေတဲ့ ကောက်ပင် မြင်ရတာအေးချမ်းပါတယ်။

ထွန်လက်စ ယာကွက် သစ်ပင်ကြားကလှေလေးတစ်စင်း

မုးိတွင်းကာလဖြစ်တဲ့ ဩဂုတ်လတစ်ရက်မှာတော့ ကောင်းကင်ကလဲမိုးတိမ်တွေနဲ့အုံ့မိူင်း။
မြင်မြင်ရာနေရာမှာလဲရေအပြည့်။
အင်းကြီးတစ်ခုလုံးကလဲရေအပြည့်။
ဗိုက်တင်းလို့ဝနေတဲ့လူတစ်ယောက်ကိုမြင်ရသလိုပါဘဲ။
ရေတွေပြည့်နေ့တဲ့ အင်းကွင်းပြင်

အရင်က ကွင်းပြင်ကြားမှာရှိနေတဲ့ဘုရားလေးကလဲရေထဲမှာ။
ရေပြည့်နေတဲ့ တောင်သမန်က ဆိုင်ခန်းလေးတွေ

ဖုံထူထူမြေလမ်းလေးဘေး သူ့အောက်မှာစားသောက်ဆိုင်ခန်းလေးတွေကို
ဆွဲသွင်းထားတတ်တဲ့မယ်ဇယ်ပင်ကြီးအောက်မှာတော့ ရေအပြည့်။
ရေတွေကြားကစေတီတော်

ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။
ရေဆင်းချိုးနေတဲ့မယ်ဇယ်ပင်

ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။
အရင်တုံးကတော့ လယ်ခင်းတွေကြားမှာရှိလို့ အလွမ်းသစ်ပင်နှစ်ပင်လို့တင်စားခဲ့တဲ့
သစ်ခြောက်ပင်နှစ်ပင်ကလည်းအခုတော့ ရေတွေထဲမှာ။
လှေငယ်လေးကတောင် သူ့နံဘေးကဖြတ်သွားနေသေးရဲ့။
ဒီသစ်ပင်နှစ်ပင်က အရင်ကရေလည်ခေါင်မှာ

နာမည်ကျော်ဦးပိန်တံတားကတော့ရှည်လျားတဲ့သစ်သာာတံတား။
နောက်လေဒဏ်ရေဒဏ်ခံနိုင်အောင်ဆောက်ထားပုံကကွေ့ကောက်ကောက်။
နွေမိုးဆောင်းမှာ ကုန်းတစ်ဝက်ရေတစ်ဝက်နေခဲ့ရသူဆိုလဲမမှားပါဘူး။
မမြင်ဘူးသူအတွက်မြင်ရရင် ထူးဆန်းလှပသလို
မြင်နေကြလူအတွက်ကလဲမရိုးနိုင်တဲ့ မြင်ကွင်းပါ။

လယ်ကွင်းတွေကြားက ဦးပိန်

အပန်းဖြေစရာ လမ်းလျှောက်စရာ ထိုင်လို့ငေးချင်စရာ စရာတွေကို ဖြည့်စွမ်းပေးနိုင်တဲ့ဦးပိန်။
ဘက်စုံသုံးတောင်သမန်က ဦးပိန်

ရေအပြည့်မှာမြင်ရတဲ့တံတားနဲ့ သစ်ပင်နှစ်ပင် တံ့တားကတော့ကွေ့ွေ့ကာက်ကောက်

တောင်သမန်အင်းအနောက်ဘက်ကမ်းကိုဘဲလူအလာများပါတယ်။
အင်းအရှေ့ဘက်မှာကတော့ တောင်သမန်ရွာနဲ့နဂါးရုံဘုရား။
အင်းမြောက်ဘက်မှာတော့ ပုထိုးတော် ။
အဝေးကဖူးမျှော်ရတာလွမ်းစရာ။
မြောက်ဘက်ခြမ်းက ဘုရားနှစ်ဆူ

တစ်ခုသောသင်္ကြန်မှာတော့ သင်္ကြန်မတိုင်ခင်ကရော သင်္ကြန်တွင်းမှာပါ
တောင်သမန်အင်းထဲမှာရှိနေခဲ့ပါတယ်။
နွေလည်ခေါင်ခေါင်မှာရှိတဲ့တောင်သမန်အလှကို အားရပါးရခံစားခဲ့ရပါတယ်။
နေဝင်ခါနီး ဖူးရတဲ့စေတီ

နေဝင်ခါနီးညနေစောင်းမှာတွေ့ရတဲ့ ဘုရားပါ။
တံတားအနောက်ဘက်မှာရှိပါတယ်။
ရေမရှိတဲ့အချိန်တံတားအောက်တည့်တည့်ကမြင်ကွင်း

တံတားအောက်ကမြင်ကွင်းကလည်းရှားရှားပါးပါး၊
မိုးမှာဆိုရေပြင် နွေနဲ့ဆောင်းဆိုရင် စိုက်ခင်း ပြောင်းလဲတဲ့အလှတရားကိုခံစားရပါတယ်

အခုလိုနွေရာသီမှာတော့ တံတားအစွန်ဖက်က ရေမရှိတော့
စိုက်ခင်းတွေဖြစ်ပြီးနေတတ်ပါတယ်။
လယ်ကွင်းကြားက အလွမ်းသစ်ပင်နှစ်ပင် (ဒီပုံလေးကတော့ ကျနော်တင်ဘူးတယ်)ကြိုက်လို့ပြန်တင်ပေးတာပါ။

တံတားတောင်ဘက်မှာရှိနေတဲ့သစ်ခြောက်ပင်နှစ်ပင်ကလဲ
ရေမရှိတဲ့အချိန်မှာတော့ စိမ်းစိုတဲ့ လယ်ကွက်ကြားမှာ
အမြင်ဆန်းဆန်း။
ရိုက်ကွင်းပြီးတော့ မောလို့ခဏနားမယ်လေ

အနုပညာသည်တွေကလည်းရေမရှိတဲ့တံတားအောက်မှာရိုက်ကွင်းရှာကြ။
မယ်ဇယ်ပင်တန်းကစားသောက်ဆိုင်တန်းတွေ မိုးတွင်းဆိုရင်တော့ ပျောက်ပေါ့

အခုလိုရေနည်းချိန်မှာတော့မယ်ဇယ်ပင်အောက်မှာရော တံတားအောက်မှာရော
သင်္ကြန်တွင်းမှာဖွင့်ထားတဲ့ဆိုင်ခန်းလေးတွေကအစီအရီ။
ဒီဆိုင်လေးတွေရဲတောင်ဘက်မှာတော့ ဘုရားလေးတစ်ဆူ။
နေဝင်ဆည်းဆာအောက်မှာ ကြည်နူးစရာလိုလို လွမ်းစရာလိုလို။
ဆည်းဆာအောက်က စေတီ

တောင်သမန်နဲ့ခွဲခြားမရတဲ့ဦးပိန်တံတားကတော့ ဘယ်ရူ့ဒေါင့်ကကြည့်ကြည့် လှနေပါတယ်။
နေဝင်ချိန်တံတားအောက်က မြင်ကွင်း

နေဝင်ဆည်းဆာအောက်က ဦးပိန်

သမ္ဗာန် (ဒီအရပ်မှာတော့ ငှက်လို့ခေါ်တယ်)ရေလာဆော့ရင်းအပျော်စီးချင်သူများအတွက်တော့
အဆင်သင့်။

တောင်သမန်းအင်းက ငှက်သမား နဲ့ဆိုင်ခန်းတွေ

ကန်ရေစပ်စပ်မှာလှေငယ်နဲ့ဘဲကျောင်းတော့ နိုင်ငံခြားကကောင်းဘွိုင်းများ မြင်းစီးပြီးနွားကျောင်းတာကို
မဆီမဆိုင်သတိရမိ။
နွားကျောင်းတော့ ကောင်းဘွိုင် ဘဲကျောင်းတော့ ဒပ်ဘွိုင်ပေါ့နော်

အဝေးမှာတော့ မြူငွေ့ငွေ့ကြားက မြောက်ဘက်ကမ်းက ဘုရားနှစ်ဆူ။
အဝေးကမြင်ရတဲ့ဘုရားနှစ်ဆူ နဲ့ အေပရယ်ညနေခင်း ကန်စောင်းကဘဲလေးတွေ

တောင်သမန်ကတော့ ဘယ်အချိန်ကြည့်ကြည့်။
မူံရီရီနွေနေ့လည်ခင်းရဲ့ တောင်သမန်အင်းအရှေ့ဖက်မြင်ကွင်း တောင်သမန်ရွာရှိတဲ့နေရာပေါ့

သူ့အလှနဲ့သူ လတ်ဆတ်နေဆဲ။
မပျောက်ပျက်အောင်စောင့်ရှောက်ရမှာကတော့…………………………………….။

ကိုပေါက်လက်ဆောင်ပုံစာတွဲ
(21-11-2011)

26 comments

  • inz@ghi

    November 21, 2011 at 7:10 pm

    နေဝင်ချိန်တံတားအောက်က မြင်ကွင်း
    ကိုတအားကြိုက်ပါသည်ခင်ဗျား..

  • ပေါက်ဖော်

    November 21, 2011 at 7:19 pm

    ရိုက်ချက်တွေကတော့ လန်းပြီးသား…လန်းပြီးသား..

  • koaung

    November 21, 2011 at 7:30 pm

    လှတယ်ဗျိုး ဓတ်ပုံတွေက

  • MaMa

    November 21, 2011 at 7:32 pm

    အခေါက်ပေါင်းများစွာရောက်ပြီး အကြိမ်ပေါင်းများစွာ ရိုက်ထားတာတွေကို စုစည်းပေးလိုက်တယ် ထင်တယ်။
    ဒတ်ဘွိုင် ကို သဘောကျတယ်။ 🙂

  • အီးတီ

    November 21, 2011 at 9:20 pm

    ဦးပိန်တံတားနားမှာ ရောင်းတဲ့ ငါးပြုတ်ကြိုက်တယ်။ ရောက်တုန်းက သေချာမကြည့်မိလိုက်ဘူး။ ခုဓာတ်ပုံထဲမှာ တော်တော်လှတယ်။ ဓာတ်ပုံဆြာတော်လို ့ဖြစ်မယ် 🙂

  • koyinmaung

    November 21, 2011 at 10:07 pm

    ဆရာပေါက်လက်ရာတွေကတော့ဆိုဖွယ်ရာမရှိ
    ကောင်းမှကောင်း
    အားပေးသွားပါတယ်……

  • TTNU

    November 21, 2011 at 11:48 pm

    ကိုပေါက်ရေ…
    ခါတိုင်းလိုပဲ လှတာ ကြိုက်တာလေးတွေ ကူးသွားပြီနော်။ Credit ပြပေးမယ်နော်။

  • Moe Z

    November 23, 2011 at 11:21 am

    ရေပြည့်နေတဲ့အချိန်ရောက်ဖူးတယ် လေးလေးပေါက်ရေ
    ဓာတ်ပုံထဲမှာလည်းအရမ်းလှတယ်
    တံတားပေါ်မှာစက်ဘီးစီးကြတာတော့ မမိုက်ဘူး
    အောက်ကရေတွေကြည့်ပြီးမူးနေပါတယ်ဆိုမှ
    သူတို့ကိုရှောင်ရတာစိတ်လေတယ် 🙁

    • inz@ghi

      November 23, 2011 at 11:24 am

      ဇိကလေး နောက်ခါတွားရင် ကျော ..
      ဂီ့ ကာကွယ်ပေးမယ် ဟုတ်ပလား..
      စိတ်အနှောက်အယှက် ဘာမှ ဖစ်စရာမလိုဝူး…

      (ဘယ်လိုပါ့မလဲ ..ဂီ့ရှိနေတာကိုက အပြည့်အဝ
      စိတ်အနှောက်အယှက်ဖစ်နေရပီကိုး…)

    • ကိုရင်စည်သူ

      November 23, 2011 at 11:55 am

      အမလေး.. စိတ်မလေနဲ့ မိုးဇိလေး…
      ပုံးဂီ့ကြီးက ကာကွယ်မယ်ပြောပီး.. လုပ်စားနေကျ.. ငွင်းငွင်းး 😛 😛
      အောက်က ရေတွေကြည့်ပြီး မိုးဇိလေး မူးရင်..
      ကိုရင့်က လိုအပ်ရင် ဘွတ်အဲလုပ်ပြီး.. 😐 😐
      ဟိုဘက်ကမ်းအထိ ပို့ပေးမှာ.. စေတနာမှန်တွေနော်..
      မိုးဇိလေး.. သိဖို့.. သိစေဖို့.. သိစေချင်လို့…. 😳 😳 😳

  • ကိုရင်စည်သူ

    November 23, 2011 at 11:46 am

    ဓါတ်ပုံတွေအကုန်လုံး
    မိုက်တယ်ဗျာ.. ကောင်းတယ်ဗျာ…
    ကြိုက်တယ်ဗျာ..
    ဒါကြောင့် ဆရာပေါက်က ဆရာပေါက်ပါပဲလို့
    ပဲ ပြောချင်တော့တယ်…
    ဦးပိန်တံတားတော့ တခါမှ မရောက်ဖူးဘူး.. 🙁 🙁

  • မောင်ဘလိူင်

    November 23, 2011 at 12:12 pm

    ဦးပေါက်လက်စွမ်းကို အံ့မခန်း ခံစားသွားပါကြောင်း..
    ပို့စ်နဲ့ မဆိုင်ပေမဲ့လို့ ကိုဂီ တို့ ကိုစည် တို့ ဟို မိုးဇက် ဆိုတဲ့
    ကလေးမကို ဇိလေး ဇိလေး နဲ့ ရေးနေတာ ကျွန်တော့်နားထဲ
    တစ်မျိုးကြီးပဲ။ ဘာကြောင့်လဲဆိုတော့ ဇိ ဆိုတာ သဘင်သည်
    စကားနဲ့ သူတောင်းစား ကိုခေါ်တာဗျ။
    “ဟေ့ ဇိလေးတွေက မှည့်သဟ” ဆိုတာ
    သူတောင်းစားမလေးတွေက မဆိုးဘူး လို့ ဆိုတာမျိုး..။

    • ကိုရင်စည်သူ

      November 23, 2011 at 12:55 pm

      ကိုမောင်ဘလှိုင်… ပို့စ်နဲ့မဆိုင်ပေမဲ့.. ဒီလိုမျိုး
      ပြောပြပေးတဲ့အတွက်တော့ ကျေးဇူးပါပဲဗျာ..
      ကျနော်တို့က မိုးဇက်ကို မိုဇိလေး.. ဇိလေးလို့ ခေါ်တာက
      အဲ့လိုရည်ရွယ်ချက်မျိုးမရှိတာတော့ တကယ်ပါ။။
      ရွာသူရွာသား အချင်းချင်း ခင်လို့မင်လို့ စနောက်ကြတာကလွဲပြီး
      တခြား ဘာအကြောင်းအရင်းမှမရှိသလို၊ မိန်းမတစ်ယောက်ရဲ့
      ဂုဏ်သိက္ခာကို ထိခိုက်စေလို့တဲ့ ဆန္ဒလည်း မရှိပါဘူး..။
      ကျနော်တို့ကို နောက်လည်း စိတ်မဆိုးတဲ့အပြင် ခင်မင်လို့
      နောက်တယ်ဆိုပြီး ဝမ်းတောင်ပြန်သာသွားပါသေးတယ်ဗျာ။
      သန်းရွှေဆိုတဲ့ နာမည်တိုင်းဟာ ချိုကုပ်ဒူးကြီး မဟုတ်သလို…
      ဇိလေးဆိုတဲ့ နာမည်တိုင်းဟာ သဘင်သည်နဲ့ သူတောင်းစားမဟုတ်ဘူးလို့
      ကျနော့်အမြင်လေးပြောလိုက်ချင်တယ်ဗျာ…

      • inz@ghi

        November 23, 2011 at 12:58 pm

        အဲ့လိုခေါ်တာလား သိဘူးဗျ.. …
        Z ကို Zack လို့ အသံမထွက်ဘဲ Zi လို့ အသံထွက်ကြသေးတယ်မဟုတ်လား…

      • Moe Z

        November 23, 2011 at 1:22 pm

        သေပြီဆရာ ..

        ကြားကြလားဆရာတို့ မိုးစက်နာမည်ကိုဖျက်လိုဖျက်ဆီးမလုပ်ကြနဲ့ ဒါဗျဲ 🙁
        မိုးစက်ဆိုတာ nick name မဟုတ်ဘူး
        ဖေဖေပေးထားတဲ့နာမည်

        • inz@ghi

          November 23, 2011 at 1:24 pm

          ဟုတ်…
          မမ မိုးဇက်လင်း

          ပုံ
          ကိုအင်ဂျီး

        • ကိုရင်စည်သူ

          November 23, 2011 at 1:35 pm

          ဟုတ်ပါပီ… မိုးဇက်လေးရယ်..
          နောက်ဆို တားတားတို့ ဇိလေးလို့ မခေါ်တော့ပါဝူး.. 😉 😉
          ဖေ့ဖေ့ကို ကြောက်လို့… အဟီးး.. 😀 😀 😀

        • ကြောင်ကြီး

          November 24, 2011 at 12:06 pm

          ဒါဆိုလည်း မိုးစက် – မက်ဆိုးလို့ ပြောင်းခေါ်လိုက်ကြပေါ့ကွယ်။ အဖေနေကောင်းလား မက်ဆိုးလေး။။။။ 😉

      • မောင်ဘလိူင်

        November 23, 2011 at 2:42 pm

        ဟုတ်ကဲ့..ကိုရင်တို့မယ် ..သူ့ကို ချစ်စနိုးနဲ့ ခေါ်ပေမယ်လို့
        သိတဲ့သူများကြတော့ နားထဲ ..အင်း..မျက်လုံးထဲ ဆိုရမယ်..
        ကန့်လန့်ကြီး ဖြတ်ဝင်လာတော့ ဘယ့်နှာကြီးပါလိမ့် တွေးကြ
        မှာပေါ့ခင်ဗျာ..ဒါကြောင့် ကိုရင်တို့ကို ကျွန်တော်က ဝင်ပြော
        မိတာပါ..စိတ်အဆိုးရဘူး နော်.. 🙂
        စကားမစပ် လူထုဒေါ်အမာ ရဲ့ အငြိမ့် ဆိုတဲ့စာအုပ်ကြီးက အင်မတန်
        တန်ဖိုးရှိတာကလားဗျ..အဲဒီအထဲက သိရတာပါ။

        • ကိုရင်စည်သူ

          November 23, 2011 at 2:56 pm

          ဘယ့်နှာကြီး စိတ်ဆိုးရပါ့မလဲ… အိုင်ပီမောင်ဘလှိုင်ရယ်..
          စိတ်ဆိုးပါဝူး.. စိတ်ဆိုးဝူး.. ဒီက မေတ္တာသမားတွေ 😉 😉
          စိတ်ဆိုးတတ်ဝူး.. ဗဟုနဲ့သုတရတာပေါ့ …. ကိုဘလှိုင်ရဲ့.. ဟဲဟဲ.. 😀 😀 😀

  • windtalker

    November 23, 2011 at 1:05 pm

    တောင်သမန် က ပန်အပြောက်
    အမှန်ရောက်စေလိုကြောင်း စေတနာရယ်နဲ ့
    ရွာစား ဝိုင်မက်စ်ရေ မြန်မြန်လေးပို ့စမ်းကွာ
    ပေါက်ဒါ့ပုံ မှတ်တမ်း

  • nayminn

    November 23, 2011 at 5:55 pm

    တောင်သမန်က ထန်းရေနဲ့ ပုဇွန်ကြော်တောင် တတိရတယ်..လေးပေါက်ရယ်။

  • သတိရတယ်ဆိုရင်
    နောက်တစ်ခါ ထန်းရည်အိုးရည် ပုဇွန်ကြော်ရယ်ငါးပေါက်စလေးတွေကြော်ထားတာရယ်တင်ပေးမယ်။

  • ကိုရင်စည်သူ

    November 23, 2011 at 11:01 pm

    လုပ်ပီ.. ကိုပေါက်ကတော့..
    ဓါတ်ပုံနဲ့ တို့ကို ဂလုဂလုဖြစ်အောင် အကောင်မျိုးစုံနဲ့
    မြူဆွယ်နေပြီ… တင်ပေး.. တင်ပေး..
    ရတယ်.. ဓါတ်ပုံထဲကပဲ ငမ်းတော့မယ်…

Leave a Reply