Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီတစ်ပတ်ဂျာနယ်ပါ ရှယ်ဆောင်းပါး

ဆန်နီနေမင်းNovember 25, 20111min2472

အချောင်မလိုချင်ကြပါနဲ့

လူသားအားလုံးဟာ လောကကြီးထဲမှာ ကျင်လည်နေရသမျှကာလပတ်လုံး သူ့နေရာနဲ့သူ ရောက်ရာဘုံဌာန၊ သတ္တဝါအမျိုးအစားအလိုက် တာဝန်ကိုယ်စီ အလုပ်လုပ်ကြရဦးမှာပါ။ မိမိတို့ဟာ လူရယ်လို့ဖြစ်လာရင်တော့ အသက်အရွယ်အလိုက် တာဝန်ယူဆောင်ရွက်ရမဲ့ အလုပ်ကိစ္စများ ကိုယ်စီကိုယ်စီ ရှိလာကြပါတယ်။ အဲဒီလို လူဖြစ်လာလို့ လူ့တာဝန်ကို မဆောင်ရွက်ဘဲ အလကားနေ၊ အလကားစား၊ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေမယ်ဆိုရင် အဲဒီလူဟာ အလိုအလျောက် အချောင်သမားဘဝကို ရောက်သွားပါတယ်။ အဲဒါကြောင့် ရရှိလာတဲ့ လူ့ဘဝလေးမှာ မိမိမျက်မှောက်တာဝန်များကို ကျေပွန်အောင် သိက္ခာတရားနဲ့အတူ ကိုယ်ကျင့်တရားကောင်းအောင် နေရမှာဖြစ်သလို အနာဂတ်ဘဝကောင်းစားရေးအတွက်လည်း ကောင်းမှုတွေနဲ့ ရှင်သန်ပေးနေရမှာပါ။

တချို့က မိမိကောင်းစားရင် ပြီးရောဆိုပြီးတော့ တရားတာ၊ မတရားတာကို ဂရုမစိုက်၊ ဘာမှအလေးမထားဘဲ ရရာနည်းနဲ့ ဖြတ်လမ်းနည်းများအသုံးချကာ ဥပဒေဘောင်ပြင်ပက အလုပ်များဖြင့် မိမိဘဝကို ရှင်သန်ကြတဲ့လူတွေဟာ တော်တော်လေးကို ဘဝနာတဲ့လူတွေလို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိရလာတဲ့ဘဝလေးကို တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်မလုပ်ဘဲ အဆုံးရှုံးခံလိုက်လို့ပါပဲ။ လူဖြစ်လာပြီးတော့ လူရဲ့သိက္ခာကိုမထိန်းဘဲ အချောင်သမားစိတ်ဓာတ်တွေနဲ့ အချောင်လိုချင်နေတဲ့လူတွေကတော့ နေရာတကာမှာမြင်တွေ့နေရတာ ဒုနဲ့ဒေးပါ။ လူတိုင်းတော့မဟုတ်ပေမဲ့ အားလုံးနီးပါး ဖြစ်ကုန်နေကြပြီလို့ ထင်ပါတယ်။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အချောင်လိုချင်ရင်တော့ အချောင်ပေးဆပ်ရမှာပါ။

အချောင်လိုချင်တဲ့လူတွေဟာ များသောအားဖြင့် စိတ်ဒုက္ခတွေရောက်ပြီး ဘဝပျက်သွားရတဲ့လူတွေ အများကြီးရှိပါတယ်။ ဥပမာ-ရွဲကုန်သည်ဇာတ်တော်ကို စာဖတ်သူများ စဉ်းစားကြည့်မယ်ဆိုရင် အချောင်သမားစိတ်ဓာတ်ရှိသူရဲ့ ဆိုးကျိုးနဲ့ရလာဒ်တွေကို သိပါလိမ့်မယ်။ ရွဲကုန်သည်ဇာတ်တော်မှာ သူများပစ္စည်းကို အချောင်များရမလို့ဆိုပြီး အချောင်လိုချင်တဲ့ လူဟာ နောက်ဆုံးဘဝပျက်သွားခဲ့ရပါတယ်။ သူနဲ့တန်ရာတန်ရာကို ပေးဆပ်လုပ်ကိုင်တဲ့သူကတော့ သူရဲ့ရိုးသားတဲ့စိတ်ဓာတ်ကြောင့် စိတ်ချမ်းသာစွာနဲ့ အဆင့်မြင့်ဘဝကိုရောက်ရပါတယ်။ အဲဒါကြောင့်မို့ မိမိတို့သန္တာန်မှာ ဘယ်အရာကိုမျှ အချောင်လိုချင်တဲ့စိတ်မထားကြဘဲ သူနဲ့တန်ရာကို ပေးဆပ်မယ်ဆိုရင် တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

မိမိတို့မှာ အချောင်ရချင်တဲ့စိတ်ဓာတ်လေး ရှိနေတယ်ဆိုရင်တော့ ဘယ်အလုပ်ကိုပဲလုပ်လုပ် အဲဒီစိတ်ဓာတ်ကြောင့် အဆင်မပြေမှုတွေက သူသွားလေရာတိုင်း နွားနောက်လှည်းဘီးပမာ ကပ်လိုက် နေပါတယ်။ ကိုယ့်ကို ဘယ်လောက်ပဲ အလုပ်နဲ့ပတ်သက်လို့ ယုံကြည့်မှုရှိပါစေ။ အဲဒီအချောင်စိတ်ဓာတ် ကြောင့် မဟုတ်တာလေးတော့ အနည်းငယ်လုပ်မိကြပါတယ်။ အဲဒီအခါတော့ မိမိကို ယုံစားထားတာ တွေဟာ သဲထဲရေသွန်သလို အလကား ဖြစ်ကုန်တော့တာပါပဲ။ “လူကြီးတွေမသိပါဘူးကွာ။ ဒါလေးများ ဘာဖြစ်တာမှတ်လို့။ ရတယ်၊ ဒီလောက်ကတော့ အေးဆေး’’စတာတွေကစပြီး ပြဿနာအကြီးအကျယ် တက်သည်ထိ ဖြစ်ရတတ်ပါတယ်။ များသောအားဖြင့် ကိုယ့်ကို မျက်နှာလွှဲထားတဲ့ လုပ်ငန်းခွင်များတွင် ပိုဖြစ်တတ်ပါတယ်။ ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုင်တွယ်လုပ်ကိုင်ရတဲ့အခါ လွတ်လပ်မှုက မိမိဘက်မှာ ရှိတာကြောင့် မဟုတ်တာလုပ်ချင်စိတ်ကလေးများ အနည်းငယ်ဖြစ်လာတတ်ပြီး အဲဒီစိတ်ကိုမထိန်းနိုင်ဘဲ အမှားဘက်ကို ခြေလှမ်းမိတတ်ကြပါတယ်။ အရင်က ရိုးသားခဲ့တဲ့သူတောင်မှ အခွင့်အရေးရရင် ယူချင်ကြတာချည်းပင်။ လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်တတ်သေးတာမို့ မိမိစိတ်မှာ အချောင်သမားစိတ်ဓာတ်ဝင်လာရင် အမြန်တားဆီးနိုင်ဖို့ လိုပါတယ်။ ရိုးသားစွာ ရှာဖွေစားသောက်ခြင်း ကသာ မိမိဘဝကို အေးချမ်းစေပါတယ်။ စိတ်အေးချမ်းမှုရှိမှလည်း ဘဝက ပိုပြီးပြည့်စုံတယ်လို့ ခံစားရပါတယ်။ ဒါမှလည်း မိမိမျက်မှောက်တမလွန်မှာ စိတ်ချမ်းသာစွာနဲ့ နေထိုင်ရမှာပါ။

တချို့က အရေးကြီးလို့ဖြစ်စေ၊ မိမိလိုချင်တဲ့ပစ္စည်းတန်ဖိုး အလွန်များနေလို့ဖြစ်စေ တစ်ပါးသူတို့ရဲ့ ပစ္စည်းများကိုယူမိ၊ ခိုးမိကြတဲ့သူများလည်း ရှိပါတယ်။ တကယ်တော့ ဒါဟာလည်း အချောင်သမား စိတ်ဓာတ်လို့ ခေါ်လို့ရပါတယ်။ ကိုယ့်ဝင်ငွေကို မိမိသာ အသိဆုံးသာမို့ ရှေ့ဆက်လျှောက်ရမဲ့ ခရီးလမ်းအတွက် ဝင်ငွေထက် များပြားလှတဲ့ ထွက်ငွေတွေကို သတိနဲ့ ထိန်းရမှာပါ။ မိသားစုထဲပဲဖြစ်ဖြစ်၊ ကိုယ်နဲ့နီးစပ်ရာ ပတ်ဝန်းကျင်မှာဘဲဖြစ်ဖြစ် အချောင်ရ အချောင်စားသမားဆိုရင်တော့ လူတိုင်းက ငြိုငြင်ကြမှာပါ။ တချို့ကျတော့လည်း လူပျင်းအားကြီးကာ အချောင်သမားဘဝကို ရောက်တတ်သလို တချို့ကျတော့လည်း သူများအချောင်ရတာကိုမြင်ပြီး အချောင်သမားများဘဝကို ရောက်သွားကြပါတယ်။ ဒါကြောင့် မိမိပတ်ဝန်းကျင် အပေါင်းအသင်းများကိုလည်း ဂရုစိုက်လေ့လာ ပေါင်းသင်းဆက်ဆံဖို့ အရေးကြီးပါတယ်။

အချောင်သမားစိတ်ဓာတ်နဲ့ပတ်သတ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ရည်းစားစကားကိုလည်း မိမိပြောမဲ့သူကို တကယ်လက်ထက်ယူဖြစ်ဖို့ မသေချာရင် မပြောသင့်ပေ။ ဘာဖြစ်လို့လဲဆိုတော့ မိမိက သူတစ်ပါးကို ချစ်တယ်လို့ပြောထားရင် အဲဒီအပြောခံရတဲ့သူဟာ ကိုယ်ယူမယ်ထင်ပြီး တခြားသူများက လာပြောရင် လက်မခံဘဲ နေမိမှာပါ။ အဲဒီတော့ တကယ်လို့များ ကိုယ်ကမယူဖြစ်ရင် အဲဒီအပြောခံရတဲ့သူဟာ တခြားသူများကိုလည်း ငြင်းဆန်ထားလို့ သူ့မှာ ဟိုမရောက်ဒီမရောက်၊ ဟိုဟာမရ၊ ဒီဟာမရနဲ့ ဘဝမှာ လက်လွတ်ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်ရပြီး ဘဝရဲ့ဆုံးရှုံးမှုတွေ ခံစားရမှာသေချာပါတယ်။ တကယ်လို့ မိမိက လက်ထပ်ယူဖို့ မသေချာတဲ့အတွက် သူ့ကိုချစ်တယ်လို့ မပြောမိပါက သူကို တခြားလူက လာပြောတဲ့အခါ သူရဲ့ဘဝခရီး ရပိုင်ခွင့်တွေ မဆုံးရှုံးတော့ပါဘူး။ အဲဒီတော့ မိမိတကယ်လက်ထက် ယူနိုင်မယူနိုင်ဆိုတာကို သေချာစဉ်းစားပြီး တကယ်လက်ထပ်ယူဖို့ အခြေအနေရှိမှသာ သူတစ်ပါးကို ချစ်တယ်လို့ ပြောသင့်ပါတယ်။ တကယ်လို့ မသေချာဘူးဆိုရင်တော့ သူတစ်ပါးကို ချစ်တယ်ဆိုတာတောင် မပြောမိဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ တခြားလူရဲ့ ရပိုင်ခွင့်တွေကို လက်လွတ်စေနိုင်လို့ပါ။ တကယ်လို့ ကိုယ်က တကယ်ချစ်လို့ လက်ထပ်ယူဖို့ ဆုံးဖြတ်ထားတဲ့အတွက် သူတစ်ပါးကိုချစ်တယ်ပြောပြီး အကြောင်းမတိုက်ဆိုင်လို့ လက်ထပ်မယူဖြစ်တာဆိုရင်တော့ အဲဒီလူဟာ အချောင်သမားစိတ်ဓာတ်ရှိသူ မဟုတ်ဘူးပေါ့။ အဲဒါကြောင့် မိန်းကလးများကလည်း ကိုယ့်ကို ချစ်တယ်ပြောတိုင်း ဒီလူဟာ မိမိကို တကယ်လက်ထပ်ပြီး ဘဝတစ်ခုကို သက်ဆုံးတိုင် တည်ဆောက်မဲ့လူ ဟုတ်မဟုတ်ဆိုတာကို သတိထားလေ့လာစောင့်ကြည့်ပြီးမှ အဖြေပေးသင့် မပေးသင့် ချင့်ချိန်ကြပေါ့လေ။

ခုခေတ်မှာ များသောအားဖြင့် တရားဝင်လက်ထပ်ယူမယ်ဆိုတာကို စိတ်မကူးဘဲ ချစ်တယ်ပြောပြီး အဖြေရပါက ခဏတာလက်တွဲ ပြုမှုတာတွေ များနေပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးများကလည်း မိမိနဲ့အတူ ကိုယ်ပိုင်ကမ္ဘာလေးတည်ဆောက်မဲ့သူ ဟုတ်မဟုတ်ဆိုတာကို သေချာမစဉ်းစားဘဲ တဏှာကိုဦးစားပေးပြီး အလွယ်တကူ အဖြေပေးကြတဲ့အတွက် ယောက်ျားလေးများက လည်း အချောင်ရလို့ တွဲသွားတွဲလာလုပ်နေကြတာပါ။ ဒါပြင် ပိုဆိုးတာက အချောင်ရရင် စားမယ်ဝါးမယ်ဆိုပြီး အမျိုးမျိုးလိမ်ညာဟန်ဆောင်ပန်ဆောင် မူယာတွေလုပ်ပြီး ခန္ဓာကိုယ်ပါ အချောင်ယူလိုက်ကြခြင်းတွေပါပဲ။ တကယ်တမ်း မိမိချစ်တဲ့လူဆိုရင် တရားဝင်လက်ထက်ယူပြီး ကိုယ်ပိုင်ကမ္ဘာလေးတည်ဆောက်လို့ အိမ်ထောင်ဦးစီးတာဝန်ယူကာ လုပ်ကိုင်ကျွေးမွေးရမဲ့ တာဝန်တွေ ယူပေးရမယ်။ မိမိကြောင့် ပေါက်ဖွားလာမဲ့ သားသမီးများကိုလည်း ကျွေးမွေးပေးတာကအစ တာဝန်ယူရမှာပါ။

ခုတော့ အဲဒီလိုမဟုတ်ဘဲ အချောင်သာစားချင်ပြီး လုပ်ကျွေးရမှာကြောက်လို့ မယူခြင်း၊ မွေးလာမဲ့ကလေးကိုလည်း တာဝန်မယူချင်တာဟာ အချောင်သမားများသာ ဖြစ်ပါတယ်။ ဒီနေရာမှာ တချို့က စောဒကတက်လာနိုင်ပါတယ်။ တချို့နိုင်ငံကလူတွေ ဒီလိုပဲ ပြုမှုနေထိုင်တာတော့ ဘာပြောမလဲလို့မေးလာရင် မိမိနဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာအယူဆမတူရင် အရာအားလုံးကို လိုက်မတုဖို့ လိုတယ်ဆိုတာ မှတ်ထားပါလို့ပဲ ပြောရပါစေ။ ကံအကျိုးပေးကို မယုံကြည်တဲ့လူတွေနဲ့ နေရာတကာမှာ နှိုင်းယှဉ်အတုယူ ကျင့်သုံးမယ်ဆိုရင် မိမိပါ ကံအကျိုးပေးကို မယုံကြည်တဲ့လူဖြစ်သွားပါက နောက်နောင်ဘဝများတွင် ရင်လေးစရာတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ အဲဒီလိုသာ သတိရား၊ ဆင်ခြင်မှုတရားတွေ မရှိကြဘူးဆိုရင် သံသရာစက်ကွင်းထဲကနေ လွတ်လိမ့်မည် မဟုတ်ပေ။

ယောက်ျားလေးရော မိန်းကလေးများပါ သတိထားဆင်ခြင်မှုတရားများ ကင်းမဲ့နေခြင်းကြောင့် မြန်မာနိုင်ငံ ရုံးပိတ်ရက်များတွင် အချောင်သမားတွေနဲ့ ကာမရာဂဦးစားပေးတဲ့ မိန်းကလေးများ တည်းခိုးခန်းတွေ ပြည့်နေတယ်လို့ အွန်လိုင်းပေါ်ကနေတဆင့် သတင်းများသိနေရပါတယ်။ အဲဒီလို အချောင်စားနေကြတာဟာ မိမိယဉ်ကျေးမှုထိခိုက်တဲ့အပြင် မကောင်းမှုများဖြစ်ကာ မျက်မှောက်မှာလည်း မိမိတို့မှာ အနည်းနဲ့အများတော့ ဆိုးကျိုးဖြစ်တယ်ဆိုတာ လူတောထဲမှာနေတဲ့လူတွေက စာရေးသူထက် ပိုသိမယ်ထင်ပါတယ်။ အဲဒီလို သိရဲ့သားနဲ့ ပြုလုပ်နေကြတာဟာ ကိုယ်ချင်းစာတရားမရှိတဲ့ အချောင်သမားစိတ်ဓာတ်ရှိသူများသာ ဖြစ်ပါတယ်။ ဒါပြင် တချို့ကျတော့လည်း ကိုယ်ပိုင်မိသားစု ကမာ္ဘလေးတည်ဆောက်ပြီး မနေချင်ဘဲ အလွယ်နည်း၊ ဖြတ်လမ်းနည်းနဲ့ ပျော်ပါးနေကြသူတွေဟာလည်း တကယ့်ကို အချောင်သမားများပါ။ တစ်သက်လုံး တာဝန်ယူရမယ့်အလုပ်ကို ရှောင်ပြေးပြီး ခဏတာအတွက်တော့ ပိုက်ဆံပေးရင်ရတာပဲဆိုပြီး မကောင်းတဲ့ အကျင့်စရိုက်တွေနဲ့ အချောင်သမား စိတ်ဓာတ်တွေပေါင်းကာ ပျက်စီးနေကြတာပါ။ ယောက်ျားသားများအတွက်တော့ ဒီအချောင်သမား ဆိုတဲ့စိတ်က ဘဝတော့မပျက်ပေမဲ့ နာမည်တော့ ပျက်လောက်ပါတယ်။

တချို့ကျတော့လည်း သူတစ်ပါးကို ချစ်တယ်ပြောပြီး လိမ်ညာမယူဘဲ အသုံးအဖြုန်းများကို မက်မော၊ ကိုယ်နဲ့မတန်မရာတွေကိုသုံးချင်ပြီး မိမိဖြစ်ချင်တာကိုရှေ့တန်းတင်ကာ အရှက်သိက္ခာ၊ မိန်းမဣန္ဒြေကို မထိန်းသိမ်းဘဲ အလွယ်နည်းနဲ့ အချောင်ရမဲ့ပိုက်ဆံကိုသာမက်မောပြီး မိမိခန္ဓာကိုယ်အား ပေးဆပ်တဲ့မိန်းကလေးများနဲ့ ကာမရာဂကို ကျုးလွန်နေကြတာဟာလည်း အချောင်သမားစိတ်ဓာတ်ရှိတဲ့ မိန်းကလေးများ ရှိနေကြလို့ပါ။ တကယ်လို့သာ အချောင်သမားစိတ်ဓာတ်မရှိဘူးဆိုရင် ဒီလိုပျော်တော်ဆက်များ လောကမှာ ရှိမှာမဟုတ်ပေ။ တချို့သော မိန်းကလေးများကျတော့လည်း တိုက်ရိုက်တော့ ခန္ဓာကိုယ်ကို ရောင်းမစားပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ မာယာများကာ သူများပိုက်ဆံကို အချောင်လိုချင်တဲ့သူတွေကလည်း ရှိနေကြပါတယ်။ ဘယ်အရာမှ အလားကားမရဘူးဆိုတာ အားလုံးသိကြမှာပါ။ သူတစ်ပါးဆီက တစ်ခုုခုရယူပြီးရင်တော့ ထိုက်သင့်သလောက်ပြန်ပြီး ပေးဆပ်ကြရပါတယ်။ ဒီလိုသူတစ်ပါးဆီက အလကားမရမှန်းသိပြီး မိမိဘက်ကတစ်ခုခုပေးရမဲ့ဆိုတာကို သိရဲ့သားနဲ့ အချောင်များရမလားလို့ လုပ်ကြည့်တဲ့သူတွေဟာ အန္တရာယ်က မိမိလက်တကမ်းမှာရှိနေတာကို မသိချင်ယောင်ဆောင်ပြီး လုပ်နေကြတာကတော့ ရဲတင်းလွန်းတယ်လို့ ဆိုချင်ပါတယ်။ မိမိဘဝကို မိမိပိုင်တယ်ဆိုပေမဲ့ အမျိုးဂုဏ်ကို ထိန်းရမယ်ဆိုတာလည်း သိထားသင့်ပါတယ်။ ဒါပြင် မိမိမျက်မှောက်ဘဝအတွက်တွင်မကဘဲ တမလွန်အတွက်ပါကြည့်ပြီး လူသားတို့ရဲ့ စောင့်ထိန်းရမဲ့ ကိုယ်ကျင့်တရားများ ရှိဖို့လိုသလို လူသားဆိုတာ အရှက်နဲ့လူလုပ်ရတဲ့အတွက် အရှက်သိက္ခာ တည်ရှိဖို့ လည်း ဂရုစိုက်ရပါမယ်။

မိမိချစ်တဲ့သူကို တရားဝင်လက်ထပ်ယူပြီး ပေါင်းသင်းနေထိုင်ကာ အိမ်ထောင်တစ်ခုကို တည်ထောင်တဲ့အခါမှာ မိမိက အလုပ်မလုပ်ဘဲ သူတစ်ပါးပစ္စည်းခိုးခြင်းစတဲ့ မတရားတဲ့အလုပ်တွေနဲ့ လုပ်ကိုင်ကျွေးမွေးကြတာဟာလည်း မိမိရဲ့ လုံလ၊ ဝီရိယ၊ ဉာဏ်အစွမ်းအားတွေကို မဟုတ်တဲ့နေရာ အသုံးချကာ အချောင်ရလိုစိတ်နဲ့ ပြုလုပ်မကျွေးသင့်ပေ။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် ဒါမျိုးတွေဟာ မလုပ်သင့်ပါဘူး။ ကိုယ်ကတော့ မိသားစုကို ပြည့်စုံချမ်းသာစေချင်တယ်ဆိုပြီး သူတစ်ပါးမိသားစု စိတ်ဆင်းရဲအောင်လုပ်တာဟာ မတရားတဲ့လုပ်ရပ်ဖြစ်လို့ ဘယ်သောအခါမှ ရေရှည်ခံမဲ့ ချမ်းသာမျိုးမဟုတ်သလို နောက်နောင်ဘဝတွင်လည်း မိမိတစ်ယောက်တည်းသာ အဲဒီအချောင်လုပ်ရပ်ရဲ့ အကျိုးရလဒ်တွေကို ခံစားရမှာပါ။ ဒါပြင် ဒီလိုမကောင်းတဲ့အလုပ်နဲ့ လုပ်ကျွေးခြင်းဟာ လောကီစည်းကမ်းနဲ့မညီလို့ မျက်မှောက်မှာ အများက အထင်ကြီးလေးစားမှုမရှိသလို အနာဂတ်ဘဝတွင် လည်း မိမိလုပ်ရပ်ရဲ့ဆိုးကျိုးများကို မိသားစုများက ဝိုင်းဝန်းခံစားပေးမှာမဟုတ်တဲ့အတွက် သန့်ရှင်းတဲ့အလုပ်များနဲ့သာ လုပ်ကိုင်ကျွေးမွေးသင့်ပါတယ်။ တချို့က မကောင်းမှုနဲ့ လုပ်ကိုင်ကျွေးလို့ ငါ့မိသားစု ဒီဘဝမှာ ချမ်းသာပြီးနေရတာကို ပျော်ရွှင်နေတတ်သဘောကျနေတတ်ပြီး နောက်နောင် ဘဝတွေမှာ ကိုယ်တစ်ယောက်တည်း ဒီမကောင်းမှုဆိုးကျိုးတွေကို ခံစားရမယ်ဆိုတဲ့ အသိဉာဏ်မရှိကြပေ။ တကယ်တော့ မျက်မှောက်မှာသာ အိမ်ထောင်ဦးစီးများက မကောင်းမှုနဲ့လုပ်ကျွေးလို့ ချမ်းသာတဲ့ ပစ္စည်းများကို မိသားစုအားလုံးက ဝိုင်းဝန်းခံစားနိုင်သော်လည်း ထိုမကောင်းမှုရဲ့ ဆိုးကျိုးတွေကို မျက်မှောက်မှာပဲဖြစ်စေ၊ တမလွန်မှာပဲဖြစ်စေ ခံစားရတဲ့အခါ ပြုလုပ်သူတစ်ယောက်သာ ခံစားရတဲ့အတွက် အိမ်ထောင်ဦးစီးများအနေနဲ့ ကိုယ့်မိသားစုကို အချောင်ရတဲ့အလုပ်များနဲ့ လုပ်ကိုင်မကျွေးမိဖို့ အရေးကြီးပါတယ်။

နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့သူတွေကလည်း မိမိမိသားစုများကို တာဝန်မကျေပွန်၊ ဖောက်ပြန်မှုများရှိမယ်ဆိုရင် ဒါဟာ အချောင်သမားများဖြစ်သွားပါတယ်။ တခြားနိုင်ငံမှာသွားပြီး အလုပ်လုပ်ကြရတဲ့အခါကျတော့ သူများနိုင်ငံက ဓလေ့အတိုင်း လိုက်လုပ်တတ်မိကြတဲ့အတွက် အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ သစ္စာမဲ့မှုတွေ၊ အိမ်ထောင်ပျက်မှုတွေ ရှိတတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့သူတွေဟာ မိမိတာဝန်ကို မိမိဆုံးခန်းတိုင်အောင် မယူချင်တဲ့ အချောင်သမားများပါ။ တစ်ရွာကို တစ်ကျီမက ဆောက်ကုန်ကြတာ တော်တော်ကလေးကို ကြားနေရပါတယ်။ တခြားနိုင်ငံကို အလုပ်သွားလုပ်တဲ့အခါ ဒီဘက်မှာလဲ မလွတ်မလပ်၊ ဟိုဘက်လဲမကင်းဖြစ်နေကြတဲ့ လူတွေဟာ မိမိတာဝန်တစ်ခုကို ပြီးဆုံးအောင်ယူမဲ့ဆိုတဲ့ စိတ်ဓာတ်မထားဘဲ အချောင်ရတုန်း စားလိုက်ဦးမယ်ဆိုတဲ့ စိတ်နဲ့ တွေ့တဲ့နေရာ အချောင်နှိုက်နေကြတာဟာ တကယ်ကို အချောင်သမားတွေဖြစ်လို့ပါ။

မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း အချောင်သမားစိတ်ဓာတ်နဲ့ပတ်သတ်ပြီး သံဃာတော်များကို သာသနာဘောင်မှာ အချောင်စားပြီး မနေကြပါနဲ့။ လူတွေရဲ့ လှူဒါန်းမှုနဲ့ ထိုက်တန်တဲ့ သာသနာ ပြုလုပ်ငန်းများဖြစ်စေ၊ မဂ်ဗိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်အောင်ဖြစ်စေ၊ သူတစ်ပါးသိမြင်အောင်ဖြစ်စေ တစ်ခုခုကို ပြုလုပ်ပေးပါ။ အချောင်သမားဆိုတာ နောက်ဘဝမှာလည်း အချောင်ပဲ ဖြစ်ရတာမို့ ဘယ်အရာကိုမှ အချောင်မလိုချင်ကြပါနဲ့။ ကောင်းမှု၊ ဆိုးမှုတွေကို မိမိတို့ဘာသာ ဖန်တီးမိကြတာမို့ ကိုယ့်ကိုကိုယ်သာ အသိဆုံးနဲ့ အရေးကြီးဆုံးပါ။ သူတစ်ပါးကြောင့်မဟုတ်ဘဲ “ကိုယ့်ကိုကိုယ်ဖျက် သံချေးတက်ဆိုတာလို မိမိကိုယ်ကို ဘယ်လိုအနေအခြေရှိတယ်ဆိုတာ ချင့်ချိန်ကြည့်ရင် သိပါတယ်။ ဒါကြောင့် မိမိတို့ဟာ တစ်ခုခုကို လိုချင်တယ်ဆိုရင် အဲဒီအရာနဲ့ ညီမျှတဲ့တန်ဖိုးကို လုပ်ဆောင်ပေးပါ။ ဒီဘဝမှာ အချောင်ရလို့ တစ်ခုခုကို ယူလိုက်တယ်ဆိုရင် နောက်နောင်ဘဝတွေမှာ ဒီထက်မကတဲ့ ဒုက္ခတွေပြန်လည်ပေးဆပ်ရမှာမို့ ဘယ်အရာကိုမှ အချောင်မလိုချင်ကြပါနဲ့။

ဂျာနယ်ဝယ်ဖတ်ဖို့ အဆင်မပြေသူများ http://www.mediafire.com/?7u002mu4k3rgh2q#2 မှာဖြစ်စေ၊ ဦးဇင်းဆိုဒ်မှာဖြစ်စေ Download ယူလိုက်ပါ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

2 comments

  • windtalker

    November 26, 2011 at 1:59 pm

    မှန်လှပါ ဘုရား
    အရှင်ဘုရား ဆုံးမထားတာတွေ ဟာ လွန်စွာတန်ဖိုး ကြီးလှပါတယ် ဘုရား ။

  • small cat

    November 27, 2011 at 6:23 am

    နာယူမှတ်သားသွားပါတယ်ဘုရား ။

Leave a Reply