ဆန်နီနေမင်းNovember 25, 20111min1042
အချောင်မလိုချင်ကြပါနဲ့ လူသားအားလုံးဟာ လောကကြီးထဲမှာ ကျင်လည်နေရသမျှကာလပတ်လုံး သူ့နေရာနဲ့သူ ရောက်ရာဘုံဌာန၊ သတ္တဝါအမျိုးအစားအလိုက် တာဝန်ကိုယ်စီ အလုပ်လုပ်ကြရဦးမှာပါ။ မိမိတို့ဟာ လူရယ်လို့ဖြစ်လာရင်တော့ အသက်အရွယ်အလိုက် တာဝန်ယူဆောင်ရွက်ရမဲ့ အလုပ်ကိစ္စများ ကိုယ်စီကိုယ်စီ ရှိလာကြပါတယ်။ အဲဒီလို လူဖြစ်လာလို့ လူ့တာဝန်ကို မဆောင်ရွက်ဘဲ အလကားနေ၊ အလကားစား၊ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေမယ်ဆိုရင် အဲဒီလူဟာ အလိုအလျောက် အချောင်သမားဘဝကို ရောက်သွားပါတယ်။ အဲဒါကြောင့် ရရှိလာတဲ့ လူ့ဘဝလေးမှာ မိမိမျက်မှောက်တာဝန်များကို ကျေပွန်အောင် သိက္ခာတရားနဲ့အတူ ကိုယ်ကျင့်တရားကောင်းအောင် နေရမှာဖြစ်သလို အနာဂတ်ဘဝကောင်းစားရေးအတွက်လည်း ကောင်းမှုတွေနဲ့ ရှင်သန်ပေးနေရမှာပါ။ တချို့က မိမိကောင်းစားရင် ပြီးရောဆိုပြီးတော့ တရားတာ၊ မတရားတာကို ဂရုမစိုက်၊ ဘာမှအလေးမထားဘဲ ရရာနည်းနဲ့ ဖြတ်လမ်းနည်းများအသုံးချကာ ဥပဒေဘောင်ပြင်ပက အလုပ်များဖြင့် မိမိဘဝကို ရှင်သန်ကြတဲ့လူတွေဟာ တော်တော်လေးကို ဘဝနာတဲ့လူတွေလို့ ဆိုရမှာပါ။ […]


မေး။ ။ တစ်ခုထပ်မံလျှောက်ထားလိုသည်မှာ “ဘုံစဉ်စံ”ဟူသော စကားလုံး ဖြစ်ပါတယ်။ ထိုစကားလုံးဟာ သောတာပန်တည်ပြီးသူတို့ကို ဆိုလိုသောစကားလုံးသာဖြစ်ပါသလားဘုရား။ ထိုသို့ဖြစ်သည်ရှိသော် လူသောတာပန်အရိယာသေပြီးလျှင် အထက်ဘုံတို့ကိုသာ ဘုံစဉ်စံ တက်သွားမည်ဖြစ်၍ လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေ မဖြစ်ရတော့ဟူ၍ မှတ်ယူရမည်လော။ ရှင်းလင်းပြသပေးတော်မူပါအရှင်ဘုရား။ သန်းထိုက်ထွန်း၊ စင်္ကာပူ ဖြေ။ ။ သောတာပန်အမျိုးအစားတွေက အများကြီးရှိပါတယ်။ ဥပမာ-လူ့ဘဝမှာပဲ (၇)ကြိမ်လုံးဖြစ်ပြီး နောက်ဆုံးဘဝမှာမှ ရဟန္တာဖြစ်မဲ့သူ၊ နတ်ပြည်မှာပဲနေပြီး ရဟန္တာဖြစ်မဲ့သူ၊ လူပြည်လာပြီး နတ်ပြည်မှာ ရဟန္တာဖြစ်မဲ့သူ။ နတ်ပြည်ကနေ သကဒါဂါမ်ဖြစ်ပြီး သုဒ္ဓဝါသဗြဟ္မာပြည်မှာ ရဟန္တာဖြစ်မဲ့သူစတာတွေ အမျိုးမျိုးရှိကြပါတယ်။ ဘာဖြစ်လို့ ဒီလိုကွဲပြားရသလဲဆိုတော့ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ (၇)ဘဝတိတိ ကြိုက်တဲ့ဘုံတွေမှာ ကြိုက်သလိုသွားလာနိုင်ခွင့်ရှိလို့ မိမိနှစ်သက်တဲ့ဘဝတွင် အဆင့်တတ်ပြီး ရဟန္တာဖြစ်နိုင်ပါတယ်။ သောတာပန်ဖြစ်ပြီးတဲ့ဘဝကနေ နောက်ထပ်(၇)ဘဝထိပဲ သံသရာထဲမှာ ကျင်လည်ရမှာပါ။ ဒါဟာလည်း မိမိတို့ […]


ဆန်နီနေမင်းNovember 22, 20111min1549
မေး။ ။ လူ-သောတာပန်အရိယာ သေပြီးနောက် လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေဖြစ်ရိုး ထုံးစံရှိပါသလားဘုရား။ “အရိယာသောတာပန်တည်ပြီးလျှင်(သောတာပန်ကိစ္စ၌အလုံးစုံပြီးမြောက်ပြီး ဖြစ်၍၊ ဈာန်ကိစ္စတို့လို “လျှောလို့” တဖန်ပြန်လည်ဖြစ်တည်အောင် လုပ်ရရိုး ထုံးစံလုံးဝမရှိ၊) ပုထုဇဉ် အဖြစ်သို့ ပြန်ရောက်ရိုး ထုံးစံလုံးဝမရှိ၊ အပါယ်လေးဘုံသို့ ရောက်ရိုးထုံးစံလုံးဝမရှိ၊ (၈)ခုမြောက်ဘဝ ရောက်ရိုးထုံးစံလုံးဝမရှိ၊ အလွန်ဆုံး (၇)ဘဝ သုဂတိ၌ကျင်လည်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရသည်။ ” ထိုသို့ သံဃာတော်များ ဟောကြားသည်ကို ကြားနာခဲ့ဖူးပါသည်။ ထိုသို့ဆိုလျှင် တပည့်တော် တွေးမိသည်မှာ လူအရိယာသောတာပန် သေပြီးနောက် လူ့ပြည်၌ လူ့ပဋိသန္ဓေ နေရသည်ရှိသော် လူသောတာပန်ကလေးပဲ မွေးရမည်။ (ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ရာ မဝံ့ရဲ၍ အရှင်ဘုရားကို တိုင်ပင်ရပါသည်ဘုရား။) သို့မဟုတ်၊ ထိုသို့မဟုတ်ဘဲ လူအရိယာသောတာပန် သေပြီးနောက် လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေ […]


ဦးဇင်း ကျမ်းတင်ဖို့ ခေါင်းစဉ်ကို တက္ကသိုလ်က Professor ပါမောက္ခချုပ်နဲ့ သုံးရက်တိုင်တိုင် သွားဆွေးနွေးရတယ်။ ဦးဇင်းက ကိုယ်ရေးချင်တဲ့အကြောင်းလေးကို ဒီလိုလေး ပြောပြလိုက်ပါတယ်။ Dear Sir, I want to research for Master of Philosophy degree these two topics. Can you choose them one of for me please? These are my research titles. 1.    A study of Buddhist social characteristics of five precepts 2.    The analyses of the […]


အရှင်ဘုရား မင်္ဂလာပါ။ တပည့်တော်အား မေးခွန်းတစ်ခုမေးမြန်းလျှောက်ထားခွင့်ပြုပါဘုရား။ ဘဲဥကြက်ဥကြော်ချက်စားသုံးခြင်းသည် ပါဏာတိပါတာကံ မြောက်မမြောက်သိချင်ပါတယ်ဘုရား။ တပည့်တော်တို့အိမ်မှာ အငြင်းပွားနေရလို့ပါ။ သနားဂရုဏာရှေ့ထားပြီး ဖြေကြားပေးပါဘုရား။ မမိုးသိင်္ဂ ီ အင်း။ ဒီဘဲဥ၊ ကြက်ဥစားခြင်းနဲ့ပတ်သတ်ပြီး မေးတဲ့လူတွေလည်း များလှပါပြီ။ ဒါကြောင့် ဒီတစ်ခါတော့ နောက်မသိလို့မေးချင်တဲ့လူတွေ ကြိုတင်သိထားအောင် အချိန်ယူပြီး ဦးဇင်းသိသမျှကို ဖြေပေးလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သူတစ်ပါးအသက်သတ်ရာတွင် အင်္ဂါငါးပါးပြည့်စုံမှ အပြစ်ဖြစ်တာဆိုတော့ အဲဒီငါးပါးကို ပြောပြပါမယ်။ (၁) သက်ရှိသတ္တဝါဖြစ်ခြင်း၊ (၂) သက်ရှိသတ္တဝါဟု သိခြင်း၊ (၃) သတ်လို သေစေလိုတဲ့ စိတ်စေတနာရှိခြင်း၊ (၄) ကိုယ်အမူရာ၊ နှုတ်အမူရာ၊ စိတ်အမူရာပယောဂတစ်ခုခုဖြင့် ပြုလုပ်သတ်ဖြတ်ခြင်း၊ (၅) သတ္တဝါသေသွားခြင်းဆိုတဲ့ အင်္ဂါငါးပါးနဲ့ပြည့်စုံမှ ပါဏာတိပါတကံ ထိုက်ပါတယ်။ ဒါပြင် သူတစ်ပါးသတ်သည်ကို သဘောတူနှစ်သက်ကြည်နူးခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအားစေခိုင်းခြင်း၊ […]


ရုပ်နာမ်တို့ရဲ့ သဘောသဘာဝကို အမှန်အတိုင်း မသိမြင်သေးတဲ့အခါကျတော့ အကောင်း ကြိုက်တဲ့လူတွေဟာ အကောင်းမဟုတ်တဲ့၊ ဘာမှအနှစ်သာရမရှိတဲ့အရာတွေကို အဟုတ်ထင်ပြီး စွဲလမ်းမှု၊ နှစ်သက်မှုတွေဖြစ်ကာ သတ်ဖြတ်လုယက်အနိုင်ကျင့်မှုစတဲ့ မကောင်းမှုတွေကို လုပ်နေကြတာပါ။ တကယ်ဆို လူဆိုတာ အကောင်းကြိုက်တတ်တဲ့ သတ္တဝါပါ။ ဒါပေမဲ့ အကောင်း ဆိုတာ ဘာလဲလို့သေချာမသိသေးတော့ မကောင်းတာကိုပဲ အကောင်းထင်ပြီး လမ်းမှား ကြိုက်နှစ်သက်မိနေကြတာပါ။ ဒါဟာဘာဖြစ်လို့လဲဆိုတော့ မိမိတို့သန္တာန်မှာ ကိလေသာသောင်း ကျန်းမှုတွေ အမြဲဖြစ်နေပြီး နိဗ္ဗာန်ချမ်းသာရဲ့ အစအနချမ်းသာသဘောလေးကိုမျှ ခံစားဖူးအောင် ဝိပဿနာဉာဏ် မလုပ်ဖူးကြလို့ပါ။ လောကမှာရှိတဲ့ တကယ်အကောင်းဆုံးအရာဟာ ဘာလဲဆိုရင် နိဗ္ဗာန်ချမ်းသာဖြစ်တယ်ဆိုတာကို ဝိပဿနာဉာဏ်ရှိသူတိုင်း သိကြပါတယ်။ အဲဒီလို ရုပ်နာမ်တို့ရဲ့သဘောသဘာဝကို အမှန်အတိုင်းသိမြင်တဲ့ ဝိပဿနာဉာဏ်မရှိကြဘဲ ကိလေသာတွေသာရှိနေကြတဲ့အတွက် အရာအားလုံးဟာ တပ်မက်ချင်စရာတွေ၊ လိုချင်စရာတွေပဲ ထင်ပြီး အဲဒါတွေကိုပဲ မရ၊ ရအောင် လိုက်လုပ်နေကြတာပါ။ […]


ကမ္ဘာမှာပေါ်မှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တဝါအသီးသီးဟာ မိမိတို့ အမှန်တရားကို မသိသေးတဲ့အခါကျတော့ အမှားတွေကိုပဲ အဟုတ်မှတ်နေပြီး အဲဒီအမှားတွေ ပြုလုပ်ကျင်လည် ကျက်စားနေရတာကိုပဲ ကျေနပ်နေကြတယ်။ ဘယ်ဟာက အမှန်အမှားဆိုတာကို ခွဲခြားဝေဖန် နိုင်စွမ်း မရှိသေးရင် မိမိမှန်တယ်ထင်တဲ့အရာကို အထင်ကြီး အဟုတ်မှတ်ကြတာ ဓမ္မတာပါပဲ။ မိမိတို့ကျင်လည်ခဲ့ရတဲ့ ဘဝများစွာကလည်း အမှန်တကယ်တည်ရှိတဲ့အရာများကို ခွဲခြားဝေဖန် သိမြင်နိုင်အောင် မလုပ်နိုင်ခဲ့ကြတော့ ယခုဘဝမှာလည်း မသိမြင်ဘဲ ဖြစ်နေကြတာပါ။ အဲဒါကြောင့် ဒီဘဝမှာတော့ လောကရှိအမှန်တရားကို သိမြင်အောင်လုပ်ပြီး မဟုတ်တဲ့အရာတွေကို အဟုတ် မှတ်ခြင်းမှ ကင်းဝေးအောင်လုပ်ဖို့ လိုနေပါပြီ။ တကယ်တော့ လောကကြီးထဲမှာ အမှန်တကယ်အရှိတရားကိုပြောပါဆိုရင် ဖောက်ပြန် တတ်တဲ့သဘော တရားလေးနဲ့ အာရုံသိတတ်တဲ့သဘောတရားလေးသာ ရှိပါတယ်။ အဲဒီနှစ်မျိုး လုံးဟာ အထည်ကိုယ်ဒြပ် မှုန်းဝါးဝါးလေးတောင် မရှိဘဲနဲ့ သဘောမျှလေးရှိရုံသာ ရှိတာပါ။ ဥပမာ-ပင်လယ်ထဲမှာ […]


သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။ ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ဝန်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။ အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀)အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ […]


ဆန်နီနေမင်းSeptember 7, 20111min1838
ယနေ့ခေတ်လူငယ်များဟာ အတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘော ပေါက်လွယ်နေကြပါတယ်။ တိုင်းတစ်ပါးမှ အတက်ပညာဗဟုသုတပညာများကို သိမြင်ရုံဖြင့် တက်သိနားလည်နေတဲ့ခေတ်မှာ မကောင်းသောအတတ်ပညာ၊ အတွေးအခေါ်အယူအဆ၊ ဝတ်စားဆင်ယင်မှုများကို အတုယူမမှားအောင် ဆင်ခြင်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ လူငယ် လေးများ အတုယူမမှားစေရန်မှာ ပတ်ဝန်းကျင်ရှိအနေနီးသူ လူကြီးများ၏ ပြောဆိုဆုံးမ နေထိုင်မှုပေါ်၌ မူတည်ပါတယ်။ ရှေးဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ဟူသော စကားကဲ့သို့ ရှေးဆောင်ဖြစ်တဲ့ လူကြီးများက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင်ပြရပါ မယ်။ ဒါမှသာ နောက်တက်လူငယ်များက အတုယူမှန်ပြီး အနာဂတ်မြန်မာပြည်ကြီးသည် သာယာလှပလျက် ယဉ်ကျေးသောနိုင်ငံအဖြစ် ဆက်လက်တည်တံ့နိုင်မှာပါ။ ဒါ့ကြောင့် ရှေ့ဆောင်ဖြစ်တဲ့ လူကြီးများ သည် နောက်လာမဲ့ကလေးများ၏ အတုယူစရာဖြစ်သဖြင့် အထူးဂရုစိုက် ဆင်ခြင်နေထိုင်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် အသက်(၂၀)မကျော်သေးလို့ မိမိက လူကြီးမဟုတ်ဘူးလို့လည်း […]