Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန် အတွင်း ညရှုခင်း ….

Mလုလင္December 13, 20112min62438

နီးစပ်ရာ ရိုက်ဖြစ်ထားတာ လေးတွေပါ … ညဘက်ထွက် ရိုက်ရတာ ဆိုတော့ Tripod ထမ်းရတာ အလုပ်တစ်ခု ပေါ့ ..ဆူးလေ တဝိုက်

ဒီတစ်ပုံ ကတော့ အမှတ်တရ ပဲ 15 ထပ် ပေါ် ခြေကျင် တက်ခဲ့ရတာ . မှောင်ကလဲ မှောင် နဲ့ ..

15 ထပ်ပေါ်တက် ရမှ တော့ တစ်ပုံ နဲ့ ဘယ်ကျေနပ် နိုင်ပါ့မလဲ နော့ ..

 

မြကျွန်းသာ တဝိုက် ..အမှတ်တရ က တော့ ကင်မရာ နားကစုံတွဲ တွေ ..ဝေးရာ ကိုပြေးကြသည်။

အခုပုံ ကတော့ ရဟတ် မလည် သေးတဲ့ ပုံ .. အပေါ်ပုံ နဲ့ အောက် ပုံ က ၂ ရက် ခြားတယ်.

ကရဝိတ် မှာ ပေါ့ .. မျှော်စင်ကျွန်း ဗျူးပိုင့် မှာ


ဒီပုံ ကတော့ HDR နဲ့ .. ကစ်ထားတာ .. (bro Inzargi ရဲ့ post ကို မှီငြမ်း ထားတယ်..)

မပါမဖြစ် . ရွှေတိဂုံ စေတီ ရင်ပြင်တော် … ပေါ် က ဆီမီး ပုံ

ရိုက်ချင် လွန်း လို့ ဦးပဇင်း တွေ ကိုတောင်းပန် ပြီး ခဏ ငြိမ်ငြိမ် နေဖို့ အကူအညီ တောင်းထားရတယ် …

 

မျှော်စင်ကျွန်း ဗျူးပွိုင့် ကပါ .. ည ရှုခင်း လို့ ပြောထားတော့ တိမ်မ ပါ တဲ့ ပုံ

အပိုင်း ၂ ထပ်တင် ဖို့ ရှိပါသေးတယ်.. ညဘက် ပဲ အားလို့ ညဘက် ရှုခင်း ပဲ လိုက်ရိုက် နိုင်လို့ .. ညဘက် မီးထိန်ထိန် ထွန်း ပြီး လှတဲ့ နေရာ လေးတွေ ရန်ကုန် မြို ့ရဲ့ ဘယ်နေရာ တွေ မှာ ရှိတယ် ဆိုတာ သတင်း ပေးကြပါဦး။

38 comments

  • M-Lulin

    December 13, 2011 at 1:15 am

    copy/paste ဖြစ်သွားတယ် ..ကယ်ကြပါဦး … ကိုယ်တိုင် ရိုက် တွေ ပါ .. 🙁 ..

  • kai

    December 13, 2011 at 4:52 am

    ပြင်ပေးလိုက်ပါတယ်နော..

    ရွာထဲမလည်း…. ဓါတ်ပုံဆြာတွေများလာတာ.. တန်ဖိုးတက်လာပါတယ်..။
    အားလုံး.. ငွေကြေးအရ.. အကျိုးရှိအောင်.. တခုခုလုပ်မယ်စဉ်းစားကြည့်ပါတယ်..။
    http://www.istockphoto.com/
    အဲဒီလို ဝက်ဆိုက်လွှင့်တင်ပြီး… ရောင်းပေးလို့ ဖြစ်နိုင်မလားဗျ..။ ကျုပ်က… ငွေအပေးအယူတာဝန်ယူပေးနိုင်ပါတယ်..။
    ဒါ့ပုံဆြာတွေက.. ရိုက်တင်ရောင်းပေါ့…။
    အကြံပေးကြပါဦး..။

    • Diamond Key

      December 13, 2011 at 9:43 am

      လုပ်ပေးပါ သဂျီးရာ၊ ဒါမျိုးလေးတွေဆို အားရှိပါ့။ 😀

    • inz@ghi

      December 13, 2011 at 10:18 am

      ကျေးဇူးတင်တယ် အားလည်းနာတယ်သဂျီး ….
      ကျုပ်ကတော့ မရောင်းဘူးဗျ

      photography point of viewကပြောရရင်
      ကျုပ်က အာ့ထစ်စ် ဈေးသည်မဟုတ်ဘူး..
      ချစ်လို့ရိုက်ထားတာတွေချည်းဘဲ …
      ကိုယ်ချစ်လို့ နှစ်သက်လို့ ရိုက်ထားတဲ့ပုံတွေကို
      ဘယ်သူတွေ ဘယ်မှာ ဘယ်လိုသုံးမလဲဆိုတာ ….အင်း ……

      တကယ်တော့ ကိုယ်မချစ်မနှစ်သက်မဲ့နေရာတွေမှာ သုံးခံရမယ်ဆိုရင်တော့
      ပိုက်ဆံ မရလည်းနေပစေတော့ မရောင်းတော့ဘူးဗျာ…

      ဥပမာ ကျုပ်တို့တိုင်းပြည်ကို အဆိုးမြင် ခရစ်တစ်ဆိုက်ဇ် လုပ်တဲ့ဆောင်းပါးမှာသုံးတာတို့
      ဘီဘီစီလို ကြောင်သူတော်ကြွက်သူခိုး သတင်းဌာနတို့မှာသုံးတာတို့
      ဂလိုနေရာမျိုးတွေမှာ သုံးမယ်ဆို ငွေရသည့်တိုင် စိတ်ထဲမတော့ ကျေလည်နိုင်မှာမဟုတ်ဘူးပဲ ….

      တခုတော့ရှိတယ် …ကတ်စတမ်မိုက်ဇ့် ဘာရိုက်ပေးပါ ဘယ်မှာ ဘယ်လို ဘာအတွက်
      အစရှိသဖြင့် သိရယ် ဆိုရင်တော့ ရိုက်ပေးမယ် …တန်ရာတန်ကြေးရရင်ပေါ့
      😀

      ပုံ
      အနုပညာမာန မြင့်မားသော ..အာ့ထစ်စ်
      ဂီဂီ
      (ဂယ်က ရောင်းလည်း ဘယ်သူမှ လာဝယ်မှာမဟုတ်လို့ အရှက်ပြေ …ဟီဟိ..)

    • M-Lulin

      December 13, 2011 at 10:56 am

      အဲလို လုပ်နိုင်မယ် ဆို အဆင်ပြေလောက်တယ်။ ခရီးသွားတွေလဲ ပိုဝင်လာနိုင်တယ်။ photo guide ဆိုတာ လေးလဲ ခောတ်စားလာနိုင်တယ်။ ခရီးသွား တွေက လာလာရိုက် သူတို့ က ပြန်သုံး နေတာထက် တော့ နဲနဲ ပိုအဆင်ပြေ လာနိုင်တယ်။ မှတ်တမ်း လေးတစ်ခု လဲဖြစ်သွားမယ် ထင်တယ်။ မြန်မာ တပြည်လုံး အတိုင်းအတာ နဲ့ ဆို မှတ်တမ်းကြီး . တစ်ခုလောက်ဖြစ်သွား နိုင်တယ်။

    • M-Lulin

      December 15, 2011 at 12:59 am

      yangon photo festival မှာ.. nature in city ဆိုတဲ့ ခေါင်းစဉ် နဲ့ .ပြိုင်ပွဲ ရှိတယ် ဗျ . အသေးစိတ် သိချင်ရင် http://www.facebook.com/groups/yangonphoto မှာ ရှာကြည့်လို့ရ နိုင်ပါတယ်။

    • manawphyulay

      December 15, 2011 at 8:17 pm

      အဲလိုဆို ဆြာကြီးမဟုတ်တဲ့ မနောတို့လို ပါချီပါချက်တွေလည်း တင်ရောင်းလို့ရလားရှင့် 😛

  • small cat

    December 13, 2011 at 5:56 am

    သဂျီးအကြံမဆိုးဘူး၊ ဓါတ်ပုံစိတ်ဝင်စားသူတွေ ပိုများလာတယ်။

  • MaMa

    December 13, 2011 at 7:55 am

    သိုင်းသမားလောကထက်တောင်
    သူ့ထက်သူ လူစွမ်းကောင်းတွေ များနေသေးတယ်… 🙂
    ဓာတ်ပုံတောင် မတင်ရဲတော့ဘူး…
    ဆြာသမားတွေချည်းပဲမို့လို့… 😛

  • inz@ghi

    December 13, 2011 at 8:03 am

    ဟယ်လို ကိုယ့်ဆြာ
    ဆူးလေတဝိုက် …ကို အထူးအထွေကြိုက်တယ်ဗျာ…
    လေးစားပါ၏

    စကားမစပ် .၄ပုံမြောက်က ဘာဖစ်လတာ သုံးတာလဲဗျ….

    ခင်တဲ့
    InZ@ghi

    • M-Lulin

      December 13, 2011 at 10:20 am

      အစ်ကို .. ကျွန်တော် ရိုးရိုး gradient filter ပဲ သုံးထားတာပါ .. အပေါ်ပိုင်းလေးကို ခရမ်းရောင် .. နဲ့ အနီ ရောင် နှစ်ချပ် ခံ ထားတာ .. နဲနဲ တောင်မှောင်သွားသလိုပဲ .. ကျန်တာတော့ photoshop သုံးထားတာပါ ..

      • inz@ghi

        December 13, 2011 at 10:24 am

        သိလိုက်ပါဘီ သိလိုက်ပါဘီ…
        ရှင်တို့ MPS ကဆြာတွေ …တယ်လည်း ရိုက်နိုင်ကြ
        တက္ကနစ်တွေ ဂျွတ်ထွက်နေကြ ….
        နေရာတကာလည်း ရောက်ကြတယ် ဆိုတာ …

        😀

        ခင်တဲ့
        InZ@ghi

  • Diamond Key

    December 13, 2011 at 9:50 am

    အချိန်ယူပြီး တော်တော်လေး ရိုက်ထားတာပါလား။
    ပုံလေးတွေက အားလုံးကောင်းဗျာ။ အားပေးနေပါတယ်ဗျို့။
    နောက်ပုံလေးတွေ လာပါအုံး။
    သဂျီးဆိုက်မှာ ပထမဆုံး ရောင်းရမယ့် ပုံလေးတွေနော်။ 😀

    • M-Lulin

      December 13, 2011 at 11:17 am

      ဦးစိန်သော့ ရဲ့ မှတ်စု များကို သေချာသေချာ ကို ဖတ်မှတ်ခဲ့ရတာပါ။ Beginner စစ်စစ်ပါ။ အရင် က Canon DSLR တစ်လုံးနဲ့ liveview mode ကြီးဖွင့်လို့ auto နဲ့ ပဲကစ်ခဲ့ရသူပါ။ နောက် ရွာထဲ ရောက်လာပြီး .. ဓတ်ပုံတွေမြင် ..အားကျပြီး .. Club မှာဖွင့်တဲ့.သင်တန်း တက်လိုက်တယ်ဗျာ။ ဆရာ ဦးသီဟသိန်းညာဏ် နဲ့ ပါ။ ခုတော့ Manual နဲ့ ရိုက်တတ်ပြီ .. composition အတွက် နဲ့ တခြား လိုတာတွေအတွက် .. သူများ ဓတ်ပုံ တွေလိုက်ကြည့်ပြီး အတုခိုး နေရတုန်း ပါပဲ .. အားပေးတဲ့ အတွက် … မတရား ဝမ်းသာ ပါတယ်။ ပျော်လဲ ပျော်တယ်။

      • inz@ghi

        December 13, 2011 at 11:33 am

        မတရားတော့ မပျော်နဲ့ဗျ
        မတရားတာမကောင်းဘူး ….
        ခင်လို့ စတာပါဗျာ ..
        😀
        ကျုပ်ဆို စရိုက်တုန်းက အတော်ဂွကျတာ ..
        ခရော့ပင် တွေဆို လန်ထွက်နေတာပဲ ..
        တကယ့် ၆တလွဲတွေ …..

        အလွဲနဲ့အလွဲ ပြန်တည့်သွားတာလည်း ရှိရဲ့
        အဲ့ဒါကတော့ ….
        ဘော်ဒါအချင်းချင်း သည်နေရာက နာမည်ကျော်တာ နီက
        ဘာကောင်မှ မီဟုတ်ဝူး ပြောပြောပြီး လူကို ထောင့်ကပ်
        နေရာကို အသားပေးပြီး ရိုက်တဲ့ အကျင့်လေးတခုကတော့
        နောင်မှာ rule နဲ့ လာကိုက်နေပါကြောင်း……

        ဝယ်လ်ခမ်းထူ မန်းဂေဇက်ဗျာ..

        • M-Lulin

          December 13, 2011 at 11:50 am

          စိုင် ရိုက် တဲ့ ပညာလေးတွေ ရှဲ ပါဦး ဗျာ … စိုင် ရိုက်ရခက် နေတယ် …

  • etone

    December 13, 2011 at 10:00 am

    ညဉ့်နက်မှ အိမ်ပြန်ရောက်တဲ့ လူအဖို့တော့ …. ဒီမြင်ကွင်းတွေနဲ့ဝေးနေတာ ကြာလှပေါ့ …။
    လက်စွမ်းပြထားတာတွေ အတော်မိုက်တယ် … ။ 🙂

  • blackchaw

    December 13, 2011 at 10:06 am

    လက်ဆော့တဲ့ အဆင့်တော့ ဟုတ်လောက်ပါဘူးဗျာ။
    ဓါတ်ပုံတွေက အပြန်စားတွေ ဆိုတော့ လူသစ်ဆိုရင်တောင်
    ဝါရင့် လူသစ်တစ်ယောက်ဖြစ်မှာပါဗျာ။
    နောက်တင်မယ့် ပုံတွေလည်း စောင့်ကြည့်နေပါမယ် ခင်ဗျာ။

  • ပေါက်ဖော်

    December 13, 2011 at 10:13 am

    ရှယ်..ဘဲ..
    ရွာထဲရောက်လာတဲ့…ဓာတ်ပုံဆြာတွေကတော့..ရှယ်တကာ့ ရှယ်..ဂွတ်ရှယ်တွေချည်းပဲ

  • windtalker

    December 13, 2011 at 11:48 am

    မြန်မာလုလင် ရဲ ့ဓါတ်ပုံအားလုံးကို ကြိုက်မိပါ၏
    သဂျီး၏ အစီအစဉ် အသစ်ကိုလည်း ကြိုဆိုပါ၏

  • ဒီနေ့တင်ထားတဲ့ ပြည့်စုံ သေသပ် သပ်ရပ် လှပသော ဓါတ်ပုံတွေမြင်ရတော့
    အားအားယားယား လက်ဆော့ထားတဲ့ကျနော့်ပုံတွေကို ပြန်ကြည့်မိတဲ့အခါ
    စိုင်းထီးဆိုင်သီချင်းကိုသွားသတိရလိုက်ပါတယ်။

    မင်းလေးနဲ့ တွေ့တဲ့အခါ………………အားငယ် အားငယ် အားငယ် အားငယ် အားငယ်
    အားငယ် အားငယ် အားငယ် အားငယ် အားငယ်
    အားငယ် အားငယ် အားငယ် အားငယ် အားငယ်
    အားငယ် အားငယ် အားငယ် အားငယ် အားငယ်
    အားငယ် အားငယ် အားငယ် အားငယ် အားငယ်
    အားငယ် အားငယ် အားငယ် အားငယ် အားငယ်

  • cobra

    December 13, 2011 at 2:53 pm

    တကယ်ကိုချီးကျူးဖို့ကောင်းတဲ့ရိုက်ချက်တွေပါဗျာ…

    • M-Lulin

      December 15, 2011 at 5:33 pm

      ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်ဗျာ .. ဘာမှ သိပ် မလုပ် ရပါဘူး ..သူ့ဘာသာ သူကို လှနေတာ ပါ..

  • pooch

    December 13, 2011 at 5:26 pm

    သူကြီးပြောတာကို အပြည့်အဝထောက်ခံလိုက်ပါတယ်နော် ဒါမျိုးက လုပ်သင့်ပါတယ် ဆိုဒ်လည်း ဂုဏ်တက်တာပေါ့
    တော်တော်လေးကို လှတဲ့ ပုံတွေပါ။ Beginner တဲ့ လုံးဝ မဖြစ်နိုင်ဘူး။

    • M-Lulin

      December 15, 2011 at 5:47 pm

      လှတယ် ပြောပေးလို့ ကျေးကျေး ဗျို ့ ။ ညဘက် ထွက်ထွက် ရိုက်ရတာ လွယ်ဘူးဗျ.. အဖော် တစ်ယောက် ခေါ်ခေါ် နေရတယ်။ မှတ်မှတ်ရရ မနေ့ က ပြည်လမ်း ကန်ဘောင်မှာ သွားရိုက်တာ ည 10 ကျော်ကျော် လောက်ပေါ့ .. အဲမှာ ကောင်မလေးတစ်ယောက် အစ်ကို *&&%&^% မလား လို့ လာမေးတယ်။ အန်ဘာလဲ ပေါ့… အဲ့မှာ ကျွန်တော့ အမျိုးသမီး က အနားလာပြီး ဘာတုန်း .ဘာ ကိစ တုန်း ဆိုမှ ပေစောင်းစောင်း နဲ့ ထွက်သွားလေရဲ့ ….ညဘက် ကို ယောက်ကျားလေးတွေ လဲ တစ်ယောက် ထဲ မသွားသင့် တဲ့ နေရာထဲမှာ ပြန်လမ်းကန်ဘောင် လဲ ပါနေပြီ ထင်ရဲ့။

  • koaung

    December 15, 2011 at 7:24 pm

    အယူအဆတွေကောင်းသလို ရန်ဂုံရဲ့ရှူခင်းတွေကလဲလှပါ၏

    • M-Lulin

      December 15, 2011 at 11:05 pm

      စင်ကာပူ ကို မှီခါနီး ရင် ဒီ့ထက် ပို လှ လာဦးမှ ဗျ …

  • KING

    December 15, 2011 at 7:34 pm

    Wallpaper တင်ချင်လို့ ကူးခွင့်ပြုပါ (ဘာပဲဖြစ်ဖြစ် လူကြီးလူကောင်းဆန်အောင်လို့)
    ခွင့်မပေးလဲ ကူးမှာပဲ ဘယ်သူသိတာမှတ်လို့ (ဒါက အတွင်းစိတ်ကနေ ကြိတ်ပြောလိုက်တာ)
    ရွာထဲမှာ ဓါတ်ပုံရိုက်တဲ့သူတွေ တယ်ပေါသကိုးးးးးးး
    ကိုယ်တောင် တင်ရမှာ အားနာတယ် … ဘာလို့လဲဆိုတော့ ကိုယ်က တွေ့ရာမြင်ရာ လိုက်နှိပ်ထားတာကိုးးးး
    တစ်ခုတော့မဆိုးဘူး
    မင်္ဂလာဆောင်ရင် ရွာထဲက ဓါတ်ပုံဆရာတွေ အကူအညီတောင်းပြီး ရိုက်ခိုင်းလိုက်ရရင်
    ပြေတီဦး တောင် ထိုင်ငိုချင်စိတ်ပေါက်အောင် နာမည်ကြီး မင်္ဂလာဆောင် ဖြစ်မှာ ကျိန်းသေလောက်တယ် … 😀

    • M-Lulin

      December 19, 2011 at 1:25 am

      ရတယ် ဗျို ့.. အခမဲ့ ကိုလာရိုက်ပေးမှာ .. 24 နာရီ တာဝန် ယူမှာနော်… ညထိ တာဝန်ယူတယ်။ အိပ်နေရင်တောင်ပြန်သေးဘူး .. အခန်းထဲထိ လိုက် ရိုက်ပေးမှာ.. 🙂 .. နာမည်ကြီး စေရမယ်.. ငွိငွိ…

  • Sonny

    December 15, 2011 at 9:05 pm

    ကိုခိုင်ပြောတဲ့ အကြံနဲ့ အင်ဇာဂီပြောတဲ့အကြံပေါင်းလိုက်ရင်
    ကောင်းပါတယ်။ မြန်မာကိုကမ္ဘာကပိုသိသွားမယ်လေ။
    ချစ်ခြင်းအားဖြင်…ကိုဆန်နီ…….

  • Mလုလင်

    April 6, 2013 at 12:33 am

    Online မှာ ဓာတ်ပုံ တင်ဖို့ တော်တော် စဉ်းစား သွားပြီ . . . .။ Idea တွေ အလကား ဖြစ်ကုန်သလို ခံစားရတယ်။

    • Foreign Resident

      April 6, 2013 at 11:03 am

      ဘာဖြစ်လို့တုံး ကို လုင် ရဲ့ ။

      • Mလုလင်

        April 6, 2013 at 10:47 pm

        စိတ်ထဲ တွေးမိတာလေး ကြောင့်ပါ အဘဖော ရာ . .။ နောက် လူချင်းတွေ့တော့ ပြောပြ ပါ့မယ်။

  • ပက်ထရစ်ရွှေဂေါင်း

    April 6, 2013 at 3:58 pm

    ကိုလုလင်.. ပုံတွေက အတော်သွားတယ်ဗျို့..
    ထရာဘယ်ကဏ္ဍမှာသုံးရင် တော်တော် အကျိုးဖြစ်ထွန်းမယ်ဗျို့..
    ပညာဆိုတာ တန်ဖိုးရှိတဲ့အရာမို့… ထိန်ချန်သင့်တာလေးလဲ
    ထိန်ချန်ပြီး ပြဖို့ ဝင်ဖောသွားပါတယ်ဗျာ.. :mrgreen:

    • Mလုလင်

      April 6, 2013 at 11:12 pm

      အဲ့ ဝင်ဖော သွားတာကို လုပ်တော့မယ် လို့ စဉ်းစားပြီးပါကြောင်း . . လေး . . . ကျေးကျေးပါဗျာ ..။

  • ဒီလို ညပုံတွေ ရဖို့ဆိုတာ
    တကယ် မလွယ်တဲ့ အလုပ်ပဲဗျ …
    ခု ရိုက်ထားတာတွေ မိုက်တယ် ကိုလု …
    အိုက်ဒီယာတွေ အလကား ဖြစ်ကုန်တယ် ဆိုတဲ့ ကိစ္စကတော့
    ပြောမနေနဲ့တော့ ကိုလုရေ …
    အွန်လိုင်းမှာ ခိုးလို့ရသမျှ အကုန် လိုက်ခိုးတတ်တဲ့ ကောင်တွေ များသဗျ …
    အောင်မာ … မောင့်မူပိုင် လုပ်ပစ်တတ်တဲ့ သောက်ကောင်တွေတောင် ရှိသေးဗျ …
    အင်တာနက် ဥပဒေ ပေါ်ပေါက်ဖို့ လိုနေပြီ ထင်တယ်ဗျာ …
    နို့မဟုတ်ရင် …
    အင်တာနက်ပေါ် တင်သမျှ ခရက်ဒစ်လည်း အပေး မခံရ …
    ခပ်တည်တည်နဲ့ သူ့ဟာလိုလို ယူသုံးတာလည်း ခံလိုက်ရ …
    တွေးကြည့်ရင် အတော် ဆိုးတာပါဗျာ …

    • Mလုလင်

      April 6, 2013 at 11:14 pm

      ထားလိုက်ပါတော့မယ်ဗျာ . . ဒါ . .လွန်ခဲ့တဲ့ ဟိုး …. ကင်မရာ ပေါက်စ လေးနဲ့ တွယ်ထားတဲ့ ပုံတွေလေ . .။ မနူးမနပ် ဇိမ်းဇပ်ဇပ် ပေါ့ဗျာ .. .. .. ..။

Leave a Reply