Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဲ့သည့်နေ့ က

ムラカミDecember 22, 20112min58119
အဲ့သည့်နေ့ က ပေါ့...
ဓါတ်လှေကား ရှေ့မှာ အမှတ်မထင်ပဲ ဆုံလိုက်တဲ့ အခိုက်အတန့် ...
"သူ ...presentation အတွက် documents တွေ ပြင်ဆင်တာ ပြီးပြီလားဟင် တဲ့ ...."
သူမဆီက ကျနော် ပထမဆုံးကြားဖူးတဲ့ စကားလုံးလေးများ ..ဟုတ်တယ် ... အဲ့သည့်အတိုင်း အတိအကျပဲ..


အဲ့သည့်နေ့ကပေါ့ ...
lecture လိုက်နေရင်း ..မျက်နှာရှေ့ကို ဝဲပြီး ကျနေတဲ့ ဆံပင်ရှည်တွေကို အလိုမကျသလို နှုတ်ခမ်းစူရင်း
ball-pen အဖုံးကို ကလစ်လေး တစ်ချောင်းလို ခေါင်းမှာ ထိုး စိုက် လိုက်တာ ....
break-time မှာ သူငယ်ချင်းနဲ့ စကားလက်စုံကျရင်း ....သူမ ..သည်ဘက်ကိုဝေ့ကြည့်လိုက်တော့ ...
ကျနော် သူမကို စိုက်ငေးနေမိတာ မြင်ဖြစ်အောင် မြင်လိုက်သေးတယ်လေ ....


အဲ့သည့်နေ့ကပေါ့ ....
သင်တန်းလစ်ပြီး အိုင်စီ ရှိုး သွားမယ်လို့ ဘော်ဒါတွေကို ကျနော် ဖြားယောင်းသိမ်းသွင်းနေတဲ့ သကာလ...
ကျနော်  ကိုလေးရဲ့ "BOB"ထဲက "သံယောဇဉ်" ကို နောက်ပြီး "နံရိုးကင် ..နံရိုးကင်" ဆို ပြီး ဆိုပြနေတာ...ကြားတော့..
သူမ နှုတ်ခမ်းလေး ကွေးလောက်ရုံ ပြုံးသွားသေးတာရယ် ......



အဲ့သည့်နေ့ကပေါ့ ....
မကွေးFC ရှုံးလို့ ... စိတ်မကောင်းဖြစ်နေတဲ့ အညာသား သူငယ်ချင်းကို သည်ညနေ ဘီယာသွားချရအောင်ကွာ...
လို့  ကျနော် ပြောတော့ ....သူမက ...ကျနော့်လက်ထဲက ကားသော့ နဲ့ ကျနော့်မျက်နှာကို တလှည့်စီ ကြည့်ရင်း ...
နှဖူးက အရေးအကြောင်းငယ်လေးတွေ အတန်ငယ် တွန့်သွားတာ ...ကျနော် မြင်လိုက်ရသပေါ့ ...



အဲ့သည့်နေ့ကပေါ့ ....
နိုင်ငံ နဲ့ လူမျိုး အကြောင်းမေးလာတဲ့ နိုင်ငံခြားသား ဧည့်သည် တယောက်ကို သူမ နားမလည်တဲ့ ဘာသာစကားတခု
သုံးပြီး ကျနော်  ရှင်းပြတုန်းက ...မျက်နှာထား တည်တည်လေး ထားလို့ ..အလိုက်သိစွာနဲ့ ဆိတ်ငြိမ်ပြီး နေခဲ့ပေးတာရယ်လေ ...


အဲ့သည့်နေ့ကပေါ့ ....
သူ ဆိုတဲ့ တတိယနာမ်စားအစား ...ရှင်နဲ့ ကျမ စသုံးလာတဲ့နေ့ပေါ့ ...
သူမရဲ့ နိုကီယာ လေးကတဆင့် ရယ်သံလွင်လွင်လေး စကြားဖူးတဲ့နေ့ လည်း ဖြစ်တယ်ဗျ...
နောက်တော့ ကျနော် .....လေးလေးနက်နက် တစုံတရာ ကို ...ပြောချမိရက်သား .....


အဲ့သည့်နေ့ကပေါ့....
လက်မှန်တဲ့ အဖျော်ဆရာဆီက သောက်နေကျ ကျဆိမ့် တခွက်ဟာ ပိုချိုတယ်လို့ ခံစားရတဲ့နေ့ ...
မှန်တာပြောရရင် ...သောက်နေကျ နီကိုတင်း 5mg ပါဝင်သော စီးကရက်သည် ပိုမိုရီဝေပါ၏ ...
ဒါဆို သူမ ကရော ......အဘယ်ကြောင့် ..အဓိပ္ပါယ် ရေရေရာရာ မရှိဘဲ လက်ဝဲ လက်ယာ
လက်ချောင်းငယ်များကို ..ယှက်ဖြာ ပွတ်တိုက်နေပါသနည်း....



အဲ့သည့်နေ့ကပေါ့ ...
ကျနော် ကြေးအိုး စားတဲ့အခါ ငြုပ်ကောင်း နဲ့ ဆီမွှေး ထည့်စားတတ်တဲ့အကျင့်တခု ရသွားတယ်...
ကျနော် ကားမောင်းရင်း စီးကရက်ကို ညာလက်နဲ့ ခဲ တတ်တဲ့ အကျင့် တခု ရသွားတယ်...
ပထမဆုံးအကြိမ် အဖြစ် ရုပ်ရှင်ရုံထဲမှာ ခေတ္တခန  စက္ခုနဲ့ သောတ ချို့ယွင်း သွားခဲ့ဖူးတယ် ...


အဲ့သည့်နေ့ကပေါ့ ...
.....တယောက် Duty ဝင်ရင်း မူးလဲ လို့တဲ့ .... ဆိုတဲ့ ဖုန်း ဝင်လာတော့ ...
ကျနော့်ဖုန်း နားထောင်ခွက်ထဲက လျှံကျလာတဲ့အသံရယ် ...
အရောင်ပြောင်းသွားမယ့် ကျနော့်မျက်နှာရယ်..
မတ်တပ်ရပ်ဖို့ ဆတ်ခနဲ မတ်လိုက်မိတဲ့ ကျနော့်ခါးရယ်..
ဆေးလိပ်မသောက်တတ်တဲ့သူမ ...ဘာကြောင့် ...စီးကရက် ရှိုက်သလို လေကို ရှိုက်ထုတ်တတ်နေပါသလဲ.....


အဲ့သည့်နေ့ကပေါ့ ...
ဘယ်သူပိုင်သလဲ သူမကောင်းကောင်း သိတဲ့ ....ပြိုင်ကားအမည်းရောင်လေး တစ်စီး ...
ဒါပေမယ့် driver seatမှာ ကျနော် ဖြစ်နေတာတွေ့တော့ ...မအံ့ဩသလို ခပ်ထေ့ထေ့ပြုံးလေရဲ့ ...
ကျနော်သည် passenger seat တွင် pressure ကျပြီး အိပ်ပျော်နေရှာသော
....... ကို ရှင်းမပြရကောင်းလားဆိုပြီးအပြစ်တင်သင့်ပါ၏လော



အဲ့သည့်နေ့ကပေါ့ ...
သူရော ကျနော်ပါ သိတဲ့ မိတ်ဆွေတယောက်ရဲ့ ဧည့်ခံပွဲတခုကို သပ်သပ်စီသွားပြီး ဘေးချင်းကပ်ထိုင်ဖြစ်တဲ့နေ့ ....
ခြံဝင်းထဲကနေ ပြန် အထွက်မှာ lady first ဆိုပြီး သူမရဲ့ ကားကို အရင်ထွက်စေတော့ သူမ တုန့်ပြန်လိုက်တာ
 ...အသိရခက်တဲ့ မျက်နှာသေနဲ့ပေါ့ဗျာ ...


အဲ့သည့်နေ့ကပေါ့ ...
လက်ဝဲဘက် လက်သူကြွယ်မှာဝတ်မယ့် လက်စွပ်လေးတကွင်းအကြောင်း ကာရံလွဲတဲ့ နေ့ဆိုပါတော့...
... လက်ယာဘက် လက်သူကြွယ်က ပလက်တီနမ်ကွင်း ပါးပါးလေးတောင် လော့ကတ်သီးဘဝ ပြောင်းနေပါပေါ့လား ....

အဲ့သည့်နေ့ကပေါ့ ..
အော် ....အဲ့သည့်နေ့ကပေါ့ .. ဗျာ....




ခင်တဲ့
Inz@ghi

19 comments

  • blackchaw

    December 22, 2011 at 10:21 am

    အဲသည့်နေ့က ဂီဂီရေးတဲ့
    အဲသည့်နေ့က ဆိုတဲ့ ပို့စ်လေးကိုဖတ်ပြီး
    အံ့ဩတကြီးနဲ့ ကွန်းမန့်ရေးနေမိတယ်ဗျာ။
    အဲသည့်နေ့က ညောင်တုန်းဦးနက်ချောတစ်ယောက်
    အင်ဇာဂီရေးတဲ့ မြန်မာ့ရိုးရာစားစရာထဲက
    Branding ဆိုတာလေးကို ကော်ပီလုပ် အကိုးအကားလုပ်နေမိတယ်ဗျာ။
    ခွင့်ပြုပါနော။

  • weiwei

    December 22, 2011 at 11:04 am

    အဲသည်နေ့က မိုးမရွာပါ … 😛

  • ပေါက်ဖော်

    December 22, 2011 at 11:39 am

    အဲဒီနေ ့ကပေါ့..
    မူးပြီး..ချော်လဲတာ ထိပ်ပေါက်သွားတယ်
    😆

  • pooch

    December 22, 2011 at 11:47 am

    အဲ့သည့်နေ့ က အားမနာတမ်းဝေဖန်တတ်တဲ့ ကိုယ့်စကားတခွန်းကြောင့် သူ့မာနကို ထိခိုက်မိပြီး တသက်စာ သူငယ်ချင်းစာရင်းက နှုတ်ထွက်ခဲ့ရဖူးတယ်………..

    ဒီနေ့တော့ သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်လျှောက် သူ့ဘဝနဲ့ သူ ကိုယ့်ဘဝနဲ့ကိုယ်

    အဲ့သည့်နေ့က အဲ့ဒီစကားတခွန်းသာ မပြောဖြစ်ခဲ့ရင် ………

    ဒီနေ့ တော့…………??????????????????????????? 🙁

  • comegyi

    December 22, 2011 at 12:26 pm

    ပထမအဲသည်နေ့က သူမက တစ်မျိုး
    ဒုတိယအဲသည်နေ့က သူမက တိုးတက်လာတယ်
    သည်လိုနဲ့ တတိယနေ့တွေ
    စတုတ္ထနေ့တွေမှာ
    အဲသည်နေ့ကြပြီးနောက်
    နောက်ဆုံးအဲသည်နေ့မှာ …
    ပလက်တီနမ်ဘဝကွင်းလည်း
    လောကတ်သီးဘဝ ရောက်သွားလေတယ် ……

  • နီကီတာ

    December 22, 2011 at 12:29 pm

    အဲဒီနေ့ကပေါ့
    အမေထမင်းထချက်ပေးတာ ပျော့သွားတယ်…..

  • windtalker

    December 22, 2011 at 12:39 pm

    နေ ့ည
    ကလေးမ
    ပြေးသဗျ
    လေးဂွ
    ဘေးချ
    အေးမှ
    သောက်သည်
    ဂလုဂလုဂလု

  • TTNU

    December 22, 2011 at 1:07 pm

    မောင်ဂီရေ..
    “ထိုနေ့က” နဲ့ “အဲသည်နေ့က” နှစ်ပို့စ် ကြားမှာ
    (မကျွမ်းကျင်သော အမယ်အို လက်များဖြင့် click ခေါက်၍)
    ဗျာများစွာဖြင့် ဟိုဖတ် ဒီဖတ် လမ်းမှာရပ်ပြီး အထပ်ထပ်စဉ်းစား
    ဘာများ မန့်ရပါ့….
    💡 အား အကြံရပြီ မောင်ဂီနည်းတူ လမ်းကြောင်းယူပြီမို့၊
    ပို့စ် နှစ်ခုစလုံး အတူသုံးအံ့။ 😉

  • MaMa

    December 22, 2011 at 1:42 pm

    အဲ့သည်နေ့နဲ့ ထိုနေ့ …
    မောင်ဂီ နှစ်ကိုယ်ခွဲ တင်ဆက်ခြင်းကို ဖတ်ပြီး
    ထိုင်းမှာ Ladyboy ကပွဲမှာ နှစ်ကိုယ်ခွဲပြီး ကပြတဲ့ အကကို သွားသတိရမိတယ်။

  • ဆူး

    December 22, 2011 at 3:42 pm

    အဲ့သည့်နေ့က မောင်ဂီ မွေးတယ်။
    အဲသည့်နေ့က မောင်ဂီ အဝတ်မပါဘူး။
    အဲသည့်နေ့က မောင်ဂီ လန့်ဖြန့်ပြီး အာပြဲအောင် အော်ငိုသည်။
    အဲသည့်နေ့က မောင်ဂီ အော်ငိုသည်ကို သနားလို့ ပိတ်စ ပတ်ပေးလိုက်သည်။
    အဲသည့်နေ့ကို မောင်ဂီ သိသည်။

  • utawgyaw

    December 22, 2011 at 7:07 pm

    အင်းပေါ့လေ.. ခုတော့ဖွဲ လို့ နွဲ.လို့ နေနိုင်သေးသပေါ့. နောက်တော့မှ သိမယ်..

  • Moe Z

    December 23, 2011 at 12:12 pm

    အဲသည်နေ့က ကောင်မလေးကို လက်စွပ်ဝယ်ပေးဖို့
    ချေးသွားတဲ့ ပိုက်ဆံပြန်ဆပ်ဦးနော် 😀

  • kotun winlatt

    December 23, 2011 at 2:32 pm

    အဲ့ဒီနေ့ …မိုးးတွေရွာနေတယ်..
    အဲ့ဒီနေ့က နှင်းတွေကျနေတယ်…
    အဲ့ဒီနေ့က…
    အဲ့ဒီနေ့က …
    ဟီးးးးးး
    ဖတ်သွားပါတယ်ဗျာ…။

  • Khaing Khaing

    February 29, 2012 at 1:47 pm

    အဲသည်နေ့က ဓာတ်လှေခါးမီးပျက်သွားတယ်
    အဲသည်နေ့က ဖုန်းဘီကုန်လို့ ဖုန်းမပြောရဘူး
    အဲသည်နေ့က ရုပ်ရှင်ရုံထဲမှာ မီးပျက်သွားတယ်
    အဲသည်နေ့က ကားဘီးပေါက်သွားတယ်
    အဲသည်နေ့က ဂီပေးထားတဲ့ လက်စွပ်ကို စားစရာမရှိတော့လို့ အပေါင်ဆိုင်ပို့ထားတယ်…..
    ဂီသွားရွေးပေးပါ….

    ဂီရယ်သနားလိုက်တာ ဒီကောင်မလေးနဲ့လည်းလွဲပြန်ပကော

    ခင်မင်စွာဖြင့်
    Khaing Khiang

  • bluerose

    February 29, 2012 at 2:26 pm

    အဲဒီနေ့က မိုးမရွာပါ
    အဲဒီနေ့က ရွာတဲ့မိုးကမျက်ရည်မိုးပါ
    အဲဒီနေ့က……………….
    ဖြည့်သာဖတ်ကြပါတော့နော်
    😆

  • kyeemite

    February 29, 2012 at 4:16 pm

    အဲဒီနေ့ကပေါ့..ဘဝတံတားလေးထိတ်မှာ..သူရှိမနေခဲ့တော့တာ..
    အဲဒီနေ့ကပေါ့..ကြီးမိုက် စမိုက်ခဲ့တာ..
    ခင်တဲ့..
    အကြော်သယ်ဒေါ်ကြီးမိုက်။

  • lele kyi

    June 10, 2013 at 10:56 am

    အဲဒီနေ့ ကဂီဂီ စတုရန်းတွေ နဲ့ စာရေးပြီး ပို့စ်တင်တဲ့နေ့ပေါ့ကွယ်။ 🙂

  • အရိပ်စစ်

    June 10, 2013 at 4:15 pm

    မပြုးတုန်းက ရေးဟန်လေးလို တမျိုးလေးပါနော်နဲ့နေတာ
    မောင်ပြုးလေးကိုး….
    အဲဒီနေ့က က …လေးကလည်း ရင်မှာ တခုခု ကျန်စေခဲ့ပါ၏…

Leave a Reply