ရွေကြက်ယက်ဆိပ်ကမ်းက……………..
ရွေကြက်ယက်ဆိပ်ကမ်းက……………..
“ဆောင်းနေ့လည်ခင်းက ရွှေကြက်ယက်”
ငယ်ကတည်းက နှစ်သက်ခဲ့ရတဲ့သီချင်းလေးက တော့ ဝင်းဦးရဲ့နာမည်ကြီးသီချင်းဖြစ်တဲ့
“ကြက်ညီနောင်”။
ရှေးကဗျာစာသားလေးဖြစ်တဲ့
“ကြက်ညီနောင်ရေဝယ်မျောစေ မြကြောရယ်တဲ့ရွှေမင်းဝံတောင် လွဲတော့မရှောင်”
ဆိုတဲ့သစ္စာတိုင်သီချင်းလေးပါ။
အဲဒီထဲမှာပါတဲ့ကြက်ညီနောင်ဆိုတာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက
ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကိုရည်ညွှန်းတာပါ။
အဲဒီဘုရားကနေအနောက်ဘက်ကိုကြည်ရင် ဧရာဝတီနဲ့စစ်ကိုင်းတောင်မြင်ကွင်းကိုတဝကြီး
မြင်ရမှာပါ။
ပြီးခဲ့တဲ့ရက်ကတော့ ရွှေကြက်ယက်ဆိပ်ကမ်းကိုရောက်တဲ့အခါ
ထုံးစံအတိုင်းလက်ဆော့လို့လာပါတယ်။
ကဲ ဘယ်လောက်လှသလဲဆိုတာ……………………..
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(25-12-2011)
16 comments
သားငယ်
December 25, 2011 at 4:47 pm
မြန်မာနိုင်ငံ အလံလေးတလွင့်လွင့်နဲ ့ သင်္ဘောလေးက
သင်္ဘောတွေ ကုန်တင်ပြီးထွက်မယ်(အထူးသဖြင့်) သစ်လုံးတင်သင်္ဘောတွေပေါ့ .တံတားတစ်စင်းကို ဖြတ်သန်းတော့မယ်ဆိုရင် သူတို ့ဆီမှာ ဖြတ်သန်းမိန် ့တင်ရတယ် ။သူတို ့ကဖြတ်သန်း
ခွင့်ပေးမှ ဖြတ်သန်းရပါတယ် ။ အဲ့လိုဖြတ်သန်းမိ် န် ့ကျဖို ့အချက်အလတ်တွေမပြည့်စုံဘူး ဆိုရင် သင်္ဘော
(အင်ဂျင်ပါ) နှင့် တွဲသစ်လုံးတင် ၂ စီးပေါင်း တစ်တွဲကို မြန်မာငွေ ဆယ်သိန်း ဝန်းကျင်ပေးဆောင်ပြီး ဖြတ်
သန်းရပါကြောင်း..သတင်းကောင်းပါးလိုက်ပါတယ် ။
ငပေါက်ဖော်
December 25, 2011 at 5:01 pm
ဆိပ်ကမ်းတွေမှာ…ညဘက်သွားသွားလည်ရင် စိတ်အပန်းတော့ ပြေသဗျ
လန်းထွက်သွားတယ်..
မြင်ကွင်းကျင်းထဲမှာပဲနေရတာ…တစ်ခါတလေ.ငြီးငွေ ့တယ်..
ကျယ်ကျယ်ပြန် ့ပြန် ့..မြင်ကွင်း..လောလောဆယ်တော့..ပုံထဲပဲကြည့်နေရတယ်ဗျိုး..
ကိုပေါက်(မန္တလေး)
December 25, 2011 at 5:07 pm
မန်းလေးကိုလာကွာ
အဲဒီရွှေကြက်ယက်ဘုရားပေါ်မှာတညလုံးထိုင်စကားပြောမယ်ကွာ
လပြည့်ည တစ်ရက်ဆိုပိုကောင်းတာပေါ့……….
သားငယ်
December 25, 2011 at 5:26 pm
ဘုရားလေး အောက်ခြေက မြစ်ကမ်းဘေးမှာ ဘုရားပွဲတော်ရက်အတွင်း တစ်လလောက် ညအိပ်ခဲ့ရဖူးပါတယ်
်ဆိပ်ကမ်းမှာ သင်္ဘောနှင့်ဘိလပ်မြေ လာချတုန်းကပေါ့..ညဘက်ဆိုရင် တော်တော်သာယာပါတယ်..
မန်းလေးအက်အမ် ရေဒိယိုလေးနားထောင်ရင်းပေါ့
ကိုပေါက်(မန္တလေး)
December 25, 2011 at 6:02 pm
လေလေးတဖြူးဖြူးနဲ့အတော်သာယာတာဗျ။
koyinmaung
December 25, 2011 at 7:53 pm
ကိုပေါက်ရေ…
မရောက်ဘူးတဲ့ကျနော်အတွက်တော့
ဓါတ်ပုံတွေနဲ့ဘဲအာသာဖြေနေရပါတယ်
ရောက်အောင်တော့ကြိုးစားလိုက်အုံးမယ်ဗျို့……
pooch
December 25, 2011 at 8:27 pm
လေးပေါက်ရဲ့ ပုံတွေက မျက်စိကိုအေးသွားတာပဲ
windtalker
December 25, 2011 at 8:48 pm
ရွှေကြက်ကျ ဘုရားရင်ပြင်ဘက် က မြင်ကွင်းပုံလေးတွေ ကော မပါဘူးလား ဗျို ့
thit min
December 25, 2011 at 9:08 pm
ကြိုက်တယ်ဗျာ။
တညလုံးထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောလိုက်ရရင်တော့ ဇိမ်ဘဲ။
ကိုပေါက်(မန္တလေး)
December 25, 2011 at 9:30 pm
ဟုတ်တယ်ကိုသစ်ရေ
လာရင် စကားထိုင်ပြောကြမယ်ဗျာ။
ကိုပေရေ နောက်တစ်ပါတ်အလှည့်ကျသူကတော့ ရွှေကြက်ကျပါခင်ဗျား နေ့လည်ပိုင်းစိတ်ကူးထားပါတယ်
စိတ်ပါရင်လိုက်ခဲ့နို်င်ပါတယ်။
blackchaw
December 25, 2011 at 10:58 pm
ကျွန်တော်လည်း လိုက်ချင်တာ ကိုပေါက်ရေ။
အပေါ်ဆုံးပုံလေးမှာ အုန်းလက်လေး ဖယ်လိုက်ရင်
ဒီ့ထက်ပိုလှမှာဗျ။ နော။
pyiminlu
December 26, 2011 at 12:20 am
မြစ်ကမ်းနဲ့ နီးတာ ရွှေကြက်ကျ ဘုရားများလား?။ ကျွန်တော် ဟိုတစ်နေ့ အင်းဝက ပြန်လာတော့ အသစ်ဖေါက်ထားတဲ့ လမ်းဘေးမှာရှိတဲ့ ဘုရားမုဒ်ဦးမှာ ရွှေကြက်ယက်လို့ ရေးထားတာတွေ့မိသလားလို့။ ဇဝေဇဝါနဲ့ မေးကြည့်တာပါ ကိုပေါက်ရေ။ သကြန်မိုး ဇာတ်ကားမှာပါတဲ့ မြစ်ကမ်းဘေးကို ဆင်းတဲ့ လှေကားပုံလေးပါခဲ့ရင် ပိုပြည့်စုံသွားမယ်လို့ထင်ပါတယ် ကိုပေါက်။
ကိုပေါက်(မန္တလေး)
December 26, 2011 at 8:48 am
ရွှေကြက်ယက်က မြစ်နဲ့ပိုနီးပြီး ရွှေကြက်ကျ ကို ပိုမြင့်ပါတယ်။
ရွေကြက်ယက်ဘုရား ဖွဲ့တည်ပုံကပိုပြီး အနုပညာမြောက်ပါတယ်။
သင်္ကြန်မိုးမှာပါတဲ့လှေကားလေးက
ဒီနေ့တင်ထားတဲ့
“စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ယက်အပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”ပိုစ်ထဲမှာ ပါပါတယ်။
ဆူး
December 26, 2011 at 11:25 am
သီချင်းထဲမှာ ကြားဖူးတယ် ကြက်ညီနောင်.. စံမြန်းတဲ့ စေတီ ဆိုလား..အဲဒီ နားပေါ့ ဟုတ်တယ်မလား..
အဲဒီ သီချင်းတွေက မန်း နဲ့ စစ်ကိုင်းမှာ ရှိတာကို အသေးစိတ်ရေးထားသလိုပဲ..
ကိုပေါက်(မန္တလေး)
December 26, 2011 at 1:21 pm
အဲဒါ မစိးမ်းစိးမ်းရဲ့ရွှေမန်းဆီသို့ သီချင်းထဲက စာသားပါ
char too lan
December 26, 2011 at 4:04 pm
ဒိုင်ပင်ပစ်ဆင်းလိုက်ချင်ဒယ်ကွာ ..
ရေမကူးတတ်လို့ 😀 😀