Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှော်သားသားလေး

ေမွာ္ဆရာDecember 28, 20111min80035

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်ပွင့်ဆိုသလို
မှော်ဆရာလဲ ကျောက်ကောင်းလေး တစ်ပွင့် ရောင်းရန် ရှိပါတယ် ..
စိတ်ပါဝင်ဝင်စားသူ အပျိုကြီးမမများအနေဖြင့် ချိတ်ပိတ်တင်ဒါစနစ်ဖြင့်
ဆက်သွယ်ဆောင်ရွက်နှိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် …။

မှော်သားသားလေး အတတ်ဆန်း နေစဉ် ...

ချောတယ်မလား ဖအေတူလေးပါနော် ...

အဖေလိုပဲ အဆော့သန်ပါတယ် ...

သားသားက ၁ဝလသား ကျော်ပြီ … ။ ရွာထဲကသူတွေ မြင်ဖူးအောင် မိတ်ဆက်အနေနဲ့ တင်ပေးလိုက်ပါတယ် .. မန္တလေးဂေဇက်ကို ဆက်လက်ထိမ်းသိမ်းမယ့် မျိုးဆက်သစ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် …

35 comments

  • blackchaw

    December 28, 2011 at 5:13 pm

    သားလေးကတော့ ချစ်စရာလေးပါ။
    မိန်းမကျတော့ သိမ်းထားတာ မသင့်တော်ပါဘူး။
    ပြမယ့်ပြ အကုန်ပြမှပေါ့။

  • thit min

    December 28, 2011 at 5:17 pm

    မျက်လုံးက အဖေနဲ့တူတယ်ဗျ။
    (အဖေနဲ့မတူလို့ ဘယ်သူနဲ့တူရမှာတုန်း—-ဟုတ်ကဲ့ခင်ဗျာ။)
    ဆော့တယ်ဆိုတော့ အင်း ဆော့တယ်ဘဲထားပါတော့ဗျာ။
    ကျွဲကောသီး ခွဲပုံက တနယ်တမျိုးနော်။
    ဒီမှာ ဂျပန်မနဲ့အိမ်ထောင်ကျနေတဲ့ သူငယ်ချင်းတယောက်ရှိတယ်။
    သူ့သားက နေ့ခင်းပိုင်းသူတို့မိသားစု ဟိုသွားဒီသွားနဲ့ ကောင်မလေးတွေက
    ကစ်စ်ပေးကြတာဆိုတော့—သူ့အဖေကပြောဘူးတယ်-အဲဒီကလေးညကျရင်
    တကိုယ်လုံးမိတ်ကပ်နံ့တွေနဲ့တဲ့။

    • မှော်ဆရာ

      December 28, 2011 at 5:25 pm

      တခါတလေ သားကို မနာလို ဖြစ်ရတဲ့ အခါမျိုးလေးတွေပေါ့ ဆရာသစ်ရယ် ..

      • inz@ghi

        December 28, 2011 at 5:59 pm

        ဒါများ …
        ဟိုမင်းသမီးလေးလို လိုးရှင်းလိမ်းပီးအိပ် …
        မွှေးမှမွှေး …

        အာဟိ..
        😀

  • ဆူး

    December 28, 2011 at 5:21 pm

    တနေ့က ပုံတွေ့တော့ လက်ဆော့ပြီး ကလေး ပိုင်ရှင် လာခေါ်ပါ ဆိုတော့ တင်တော့ တင်ချင်သား.. ကာယကံရှင် သဘောမကျမှာ ဆိုးလို့.. မတင်ပဲ ဒီတိုင်း သိမ်းထားလိုက်တာ..
    ဆူးမှာ ရှိတဲ့ အယ်ဆိုင်းဇီ ပုံကော ထုတ်ကြွားလိုက်ရမလား.. ဟိဟိ..

    • မှော်ဆရာ

      December 28, 2011 at 5:27 pm

      ကိုရီးယားမင်းသားနဲ့ Lဆိုင်းဇီ ပုံကတော့ ခဏထားလိုက်ပါဦး မဆူးရယ် … 🙂 🙂 🙂

      • MaMa

        December 28, 2011 at 8:49 pm

        သိပ်ကြောက်သွားသလား မှော်ဆရာ။
        မှော်ဆရာလောက်တော့ ပျင်းသေးတယ်။
        တို့က ရွာသူတွေ ကွ!
        (မှော်ဆရာ့နှင်တံ မှော်သားသားလေး ကြိုးတန်းလမ်းလျှောက်၍ ယူသုံးနေသည်)

  • amatmin

    December 28, 2011 at 5:39 pm

    မှော်ဆရာ ကတော့သူ့ မျိုးဆက်ကိုတောင် လက်ဆင့်ကမ်း လက်လွဲပေးဖို့ကြံရွယ်နေပြီ..
    ကိုယ်တွေမှာတော့ လက်ပ်တော့ ပေါင်ပေါ်တင်သုံးတဲ့ ပို့စ်ကို အခုထိ ဂရုတစိုက် နဲ့ ဖတ်နေရတုန်း.. 🙁
    ကွာချက်များတော့နော် .. 🙂

    • မှော်ဆရာ

      December 28, 2011 at 5:48 pm

      လူဖြစ်စောတဲ့သဘောပေါ့ အမတ်မင်းရယ် …

    • ဆူး

      December 28, 2011 at 5:56 pm

      အမတ်မင်း ဒီကိစ္စ လွတ်တော်မှာ တင်ပြ ဆွေးနွေးသင့်တယ်။ လျော်ကြေးလေး ဘာလေး ရအောင် (သဂျီးလေသံ)

      • amatmin

        December 29, 2011 at 9:42 am

        ဒေါ်ဆူး..ဒါမျိူးကလူတွေမသိလေ ပိုကောင်းလေဗျ..
        လျော်ကြေးက နဲနဲ ရပ်ကျော်ရွာကျော် ဖြစ်မှ မိန်းမတောင်မရ ဖြစ်နေရင်
        မှော်ဆရာ ကြွားတာ တသက်လုံး ခံပေတော့ ပဲ 🙁

  • windtalker

    December 28, 2011 at 6:24 pm

    လူငယ်ပေမယ့်
    အစွမ်းထက်ကြောင်း
    ဇမသေးကြောင်း
    ပြသလိုက်သော
    မှော်ဂျီးရယ်ပါလေ
    ဘေဘီ..
    ဘေဘီ..
    ကမ်းတူယူအာရော်ဒက်ဒီဖရန် ့ ပေပေ

  • “ဘီလူးကြီး”ogre

    December 28, 2011 at 6:37 pm

    ကျုပ်တို့မှော်ဆရာတောင် …လူဖြစ်ပါပေါ့လား
    ကောင်းပါ့ဗျာ..မျိုးဆက်သစ်ဂေးဇက်ပေါ့. 🙂 😛

  • Khin Latt

    December 28, 2011 at 7:09 pm

    သားသားလေး က တကဲ့ကို ချစ်စရာလေးပါ။
    မျက်လုံး ဝိုင်းဝိုင်းလေး နဲ့။
    မှော်ဆရာ့ လို အဖေမျိုး ကို အဖေတော်ရတာ သူ ဂုဏ်ယူမှာပါ။
    သားလေး ပိုဂုဏ်ယူနိုင်ဖို့ မှော်ဆရာ အိမ်မက် တွေ လက်တွေ့ဖြစ်အောင် ဆက်ကြိုးစားလိုက်ပါဦး။
    (သူများကို ဒီလိုပြောရတာတော့ လွယ်လိုက်တာ) 😉

  • koyinmaung

    December 28, 2011 at 7:26 pm

    သားသားလေးကြည့်ရတာ
    ကရင်သွေးပါတယ်ထင်တယ်
    တော်တော်လှတဲ့သားသားလေးကိုအကြောင်းပြုပြီး
    သူနဲ့ဘဲတူရပြန်ပြီးတဲ့မယုံဘူးဟေ…
    မယုံဘူးဓါတ်ပုံပြမှယုံမယ်….ဟဲဟဲ
    တို့ကတော့မြေးရမှဘဲထုတ်ကြွားတော့မယ်ကွယ်….

    • မှော်ဆရာ

      December 28, 2011 at 7:35 pm

      ကရင်သွေးမဟုတ်ဘူးကိုရင်မောင်ရဲ့
      တရုတ်သွေး ပေါက်စလေး စပ်တာ …
      သူ့အမေက အသားဖြူတယ်.. ။ သူ့အမေဆီက အသားဖြူတာရယ် အဖေဆီက ရုပ်ချောတာရယ် ပေါင်းပြီး အဲဒီလို ရုပ်လေး ထွက်လာတာ… 🙂 🙂 🙂

      • koyinmaung

        December 29, 2011 at 10:09 pm

        အမေရုပ်နဲ့တူပြီး အဖေရဲ့အသားအရောင်နဲ့
        တူယင်ရောဘယ်လိုဖြစ်မလဲမှော်ဆရာရဲ့
        သိချင်စမ်းပါဘိ….

  • water-melon

    December 28, 2011 at 7:47 pm

    တရုတ်ပုံတော့ မပေါက်ဘူး ကိုမှော်
    ဗမာရုပ်သေးပါဘဲ။
    ကိုမှော်က ညိုချော
    ကိုမှော် မဒမ်က အသားဖြူတာ နဲ့ပေါင်းစပ်လိုက်တော့
    ဘေဘီချောချောလေးထွက်လာတာပေါ့။

    • မှော်ဆရာ

      December 28, 2011 at 7:50 pm

      အမယ်လေး တော်လိုက်တဲ့ ဝါးတားမီလွန် ..
      ပညာရှိများ တွေးကြည့်တော့လဲ ပြေးကြည့်တာထက်တောင် မှန်လိုက်တာနော်
      ဟိ ဟိ ဟိ (ဘဝင်ကို လေဟတ်သွားခြင်း)

  • ငပေါက်ဖော်

    December 28, 2011 at 9:11 pm

    ဟဲ့..ဟဲ့..
    ကြွားကုန်ကြပလားကွဲ ့..
    ငပေရေ..နင့်အမွှာသုံးကောင်ကော ဘယ်မတုန်းဟဲ့
    😆

  • KoNyeinChan

    December 28, 2011 at 9:57 pm

    ခလေးလေး အိပ်အောင် သီချင်းတစ်ပုဒ်နဲ ့ချော့သိပ်ချင်သား…
    ဘိုထီးရဲ ့ ထာဝရငြိမ်းချမ်းရေးသီချင်းလေး…
    “ဒို ့သွေးလည်းမဟုတ်.. ဒို ့သားလည်းမဟုတ်.. ဒို ့အမျိုးလည်းမဟုတ်တယ်”
    😀 😀 😀
    ခလေးလေးက ဖြူဖြူလေးနဲ ့ချစ်စရာလေးဗျ.. သူ ့အဖေသာချီထားရင် ကျီးကန်းကြီး ဘဲဥချီထားသလို ဖြစ်နေမှာဘဲ 😀

  • သားလေးကတော့ အတော်ချော
    ဆော့တော့လဲ အတော်ဆော့မယ့်ပုံ
    ဒါပေမယ့်ချစ်စရာ အဖေတူသားလို့ပြောလာတဲ့
    မှော်ဆရာ ကလေးကို တစ်ယောက်ထဲမထားပါနဲ့
    အဖော်ရအောင်ကြိုးပမ်းဘို့အားပေးလိုက်မနော်
    ဗေပုံ ထီပုံထီ ဗေပုံထီပုံထီ………………………………
    ကျိတ်လိုက်စမ်းဒါမှ ငါ့လူ……………………………………….

    • inz@ghi

      December 30, 2011 at 3:03 pm

      တူ့ တုန်းကလည်း ဘယ်သူဗေပုံထိ လာမြှောက်ပေးတွားဒယ်မတိ…
      ခိခိ….. ဒါမျိုးက ကြုံဖူးမှ ပြန်ကျပ်ပေးတတ်တာ…အာဟိ

  • yaungchikha

    December 29, 2011 at 9:12 am

    ကလေးလေးတွေရဲ့ မျက်နှာက အပြစ်ကင်းစင်လိုက်တာနော်………….

  • padonmar

    December 30, 2011 at 1:13 am

    မှော်သားသားက ၁ဝလမှာ တကယ် လက်မကိုင်ဘဲ လမ်းလျှောက်နိုင်တယ်ဆိုရင် IQ မြင့်တယ်ပြောရမှာပေါ့။
    မှော်အတတ်နဲ့ ကြွားထားတာတော့ မဟုတ်ပါဘူးနော်။(ကြိုးတန်းတော့ တကယ်မလျှောက်မှန်းသိတယ်လေ)

  • ကြောင်ကြီး

    December 30, 2011 at 11:09 am

    တွေ့ရဒါဝမ်းသာပါဒယ်။ သမီးလေးမွေးရင် မပျက်မကွက် တင်ပေးပါအုံးဗျို့….။

  • စုံ စုံ

    December 30, 2011 at 12:07 pm

    ကလေးလေးကချစ်စရာလေး
    အမေတူလို့ချစ်ဖို့ကောင်းတာနေမှာ
    အဖေတူရင်လဲ …….. အင်းးးးးးးးးးး
    ခန့်ချောကြီးဖြစ်မှာပါလေ 😛 😛

    • မှော်ဆရာ

      December 30, 2011 at 1:18 pm

      ခန့်ချောကြီး ဆိုတာ ပြောရင်လဲ တစ်ခါတဲ ပြောလိုက်ပါတော့လား
      ဘာလို့ အင်း းးးးးး ဆိုတာက ပါရတာတုန်း … 🙂

      • windtalker

        December 30, 2011 at 2:36 pm

        ခန် ့ပိန်ကြီး လို ့မြင်မိတာဘဲ
        ဟဲဟဲ

      • စုံ စုံ

        December 30, 2011 at 4:37 pm

        အင်းးးးးးးးးးး ဆိုတာပြောသင့်မပြောသင့်ချိန်နေတာလေ
        ပြောလိုက်ရင်များ အရမ်းမြောက်သွားမလား 😛
        မပြောလိုက်ရင်များ စိတ်ဆိုးသွားမလားလို့ စဥ်းစားနေတာပါ
        ကိုမှော်ဆရာရဲ့ 😛 😛 😛

  • နွယ်ပင်

    December 30, 2011 at 1:29 pm

    ကလေးက ချစ်စရာကောင်းလိုက်တာ
    ဘယ်သူနဲ့ တူလို့များပါလိမ့်နော်
    ကြွားနိုင်သူများကတော့ ကြွားတာပေါ့လေ …… 🙂

  • ကိုရင်စည်သူ

    December 30, 2011 at 2:27 pm

    ကိုမှော်လို အဆော့သန်တယ်ဆိုတော့…
    အင်း… လေယာဉ်ပျံကြီးစီးပြီး မောာာင်းနေပုံ
    ဆိုရင် တော်တော် အဆော့သန်မှာဘာ..
    ကိုရင်ကတော့ လူမဖြစ်သေးဘူး..
    ဖြစ်တာနဲ့… မီးတွင်းထဲကနေ ဓါတ်ပုံရိုက်ပြီး
    ဂေဇက်ထဲမှာ လာကြွားပါမယ်… အဟီးး 😛 😛 😛

  • manawphyulay

    December 30, 2011 at 2:44 pm

    ယောက်ခမရယ်… သားသားက ချောမှာပေါ့။ သူ့အမေက ချောတာကိုးလို့ ကြွားလိုက်ရမလား ဒါပဲ ပြော….

  • ကြေးမလောင်

    December 30, 2011 at 4:58 pm

    ယောက္ခမကြီး လို့ ခေါ်မယ်နော်။ ဦးဦးမှော်..

    • KoNyeinChan

      December 30, 2011 at 11:05 pm

      ဆင်းဇားဦးနော… ကိုကိုမှော်က သူ ့သားအတွက် အိမ်ထောင်ဘက်ကို သင့် ” တော်၏/မတော်၏” ကို သူကိုယ်တိုင် စမ်းသပ်ဦးမှာတဲ့… 😀 😀 😀

Leave a Reply