Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂိုဒေါင်ပေါက်ကွဲမှုဆက်စပ်သတင်း

Linn LettDecember 29, 20111min149359

ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် စက်ဆန်းရှိ ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ စိန်မေတ္တာမွန် ဆားဂိုဒေါင်အတွင်း ပြင်းထန်စွာ ပေါက်ကွဲမှု တစ်ခု ယနေ့ နံနက် ၂ နာရီ ၅ မိနစ် အချိန်က ဖြစ်ပွါးခဲ့သည်။ ယခု သတင်းရေးသားနေချိန်အထိ မီးလောင်နေဆဲ ဖြစ်ပြီး သေဆုံးသည့် အလောင်းများကို ကောက်ယူ၍ မပြီးသေးသဖြင့် သေဆုံးသူ အရေအတွက် တိတိကျကျ ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်းသတင်းသွားရောက်ယူခဲ့စဉ် အချိန်အထိ အလောင်း ၁ဝခန့် သယ်ထုတ်ခဲ့ရပီး ဖြစ်သည်။ အခင်းဖြစ်ပွားရာနှင့် ကိုက် ၅၀ဝ ခန့် ဝေးသော စက်ဆန်းလမ်းမကြီးပေါ်ရှိ ရွက်နုဝေ ကျောက်စရစ်ရောင်းဝယ်ရေးဆိုင် ရှေ့လမ်းဘေးတွင် ခေါင်းမရှိတော့သော အမျိုးသမီးနှစ်ဦး၏ အလောင်းများကို မြင်တွေ့ခဲ့ရသည်။ ကူးတို့ဆိပ်ရပ်ကွက် အတွင်းရှိ ပေါက်ကွဲမှု ဖြစ်ရာ နှင့် ကိုက် ၁၀ဝအနီးရှိ နေအိမ်များ ပြိုကျကုန်ကြောင်းလည်း သိရသည်။ ပေါက်ကွဲမှုအရှိန်မှာ အလွန်ပြင်းထန်လွန်းပြီး ရန်ကုန်မြို့တစ်မြို့လုံးနီးပါး ပေါက်ကွဲမှုအသံကိုကြားခဲ့ကြရကြောင်း သတင်းရရှိသည်။

နံနက် ၃း၄၅အချိန်အထိ မီးမှာဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး ရုံးတွင်းမှတ်တိုင်အနီးသို့ပင်ရောက်ရှိနေပြီဖြစ်သည်။

ဒဏ်ရာရရှိသူများကိုလည်း အရေးပေါ်ဌာနသို့ပို့ဆောင်နေဆဲဖြစ်သည်ဟုသိရသည်။

59 comments

  • koyinmaung

    December 29, 2011 at 5:35 am

    အို…
    သတင်းကမြန်လိုက်လားခုမှ၅း၃ဝဘဲရှိသေး
    တော်တော်စိတ်မကောင်းစရာသတင်းပါလား
    နောက်ဆက်တွဲသတင်းများလဲသိချင်ပါတယ်
    စောင့်မျှော်နေပါတယ်
    Linn Lett ရေကျေးဇူးဘဲနော်..

    • Linn Lett

      December 29, 2011 at 5:39 am

      လက်ရှိသတင်းအရတော့ မီးကဆက်လောင်နေဆဲလို့သိရပါတယ်။

      သေတာကတော့ ကျား ၁ဝဦး၊ မ ၅ဦးနဲ့ ၁၅ဦးအထိရှိနေပါပြီ။

      ဒဏ်ရာရတဲ့သူ ၈ဝ ကျော်အထိရှိတယ်လို့လည်းသိရပါတယ်။

      • Wow

        December 29, 2011 at 1:18 pm

        ကိုယ့်အသိတွေများပါသွားလား စိတ်ပူလို့ သိသလောက်ဆက်တင်ပေးပါဦး လင်းလက်ရယ်…
        ကျေးဇူးတင်ပါတယ်..

        • Wow

          December 29, 2011 at 1:27 pm

          ှဓာတ်ပုံတွေကို thuzakhin@gmail.com ကို c.c ထဲ့ပေးပါလားဟင်…
          Thanks a lot!

    • Linn Lett

      December 29, 2011 at 5:51 am

      ဂိုဒေါင်တွေပေါ့ဗျာ၊ အဓိကဖြစ်တာတော့။
      အဲဒီကနေမှတစ်ဆင့် CNG လုပ်တဲ့စက်ရုံဆီပါကူးပြီး အကုန်ထပေါက်ကုန်တာ။
      စစချင်းမီးလောင်ရာကနေ မီးသတ်ဖို့သွားကြတဲ့ မီးသတ်ကားတွေပါ မီးလောင်ကုန်တယ်။
      KO Kai က Admin မဟုတ်လား၊ ဂျီမေးလ်ရှိရင်ပေးပါလား။
      ကျွန်တော်ပုံတွေပို့ပေးချင်လို့။

      • kai

        December 29, 2011 at 10:24 am

        kai@myanmargazette.net ပို့ပေးပါခင်ဗျား..။
        ယူအက်စ်ကလူတွေလည်း ရန်ကုန်အတွက်.. တော်တော်စိတ်ပူကုန်တာမို့.. သေဆုံး/ဒဏ်ရာရသူအရေအတွက်… ခန့်မှန်းပေးပါလား..။
        အခြေအနေရောပေါ့…။

        • Linn Lett

          December 29, 2011 at 2:16 pm

          လက်ရှိအထိကြားရတာကတော့ သေဆုံးသူအရေအတွက် ၂၃ဦးရှိသွားပါပြီ။
          မီးသတ်အဖွဲ့ဝင် ၆ဦးပါဝင်တယ်လို့လည်းသိရပါတယ်။
          ဒဏ်ရာရသူကတော့ ၁၀ဝနီးပါးအထိရှိနေပြီး အရေးပေါ်မှာကုသမှုတွေခံယူနေရဆဲပါ။
          ဖြစ်စဉ်ဖြစ်ခဲ့တဲ့ ပတ်ဝန်းကျင်အနီးတဝိုက်ကလူတွေအတွက်တော့စိုးရိမ်ရပါတယ်။

  • kai

    December 29, 2011 at 5:49 am

    ဘာတွေများ ထပေါက်တာလည်းမသိဘူး..

    ဂက်စ်ဆိုရင်တော့… လူနေရပ်ကွက်တွေမဲ့.. လုပ်ငန်းစက်ရုံရပ်ကွက်တွေ.. လုပ်ထုံးဥပဒေတွေသေသေချာချာ ပြဌာန်းဖို့လိုနေတယ် ထင်မိတယ်..။

    • koyinmaung

      December 29, 2011 at 5:58 am

      ုkoyinmaung874@gmail.com ဓါတ်ပုံလိုချင်ပါတယ်
      ကျေးဇူးနော်

  • MaMa

    December 29, 2011 at 6:14 am

    သာကေတ စက်ဆန်းတွင် ဖြစ်ပွားသော ယနေ့နံနက်စောစောပိုင်း ပေါက်ကွဲမှုမှာအလွန် ပြင်းထန်၍ မြို့တွင်းရှိလူများပင်လျှင် အိပ်နေရင်းမှ လန့်နိုးပြီး ငလျှင်လှုပ်သည်ဟု ထင်မှတ်နေကြပါသည်။
    ၃ကြိမ်ပေါက်ကွဲမှုဖြစ်ကြောင်း ကြားရပြီး ဒုတိယအကြိမ်က အပြင်းထန်ဆုံးဟုလည်း ကြားသိရပါသည်။
    ပေါက်ကွဲမှုဖြစ်ဖြစ်ချင်း ရောက်သွားသော စမ်းချောင်းမီးသတ်မှ မီးသတ်သမားများ ထိခိုက်ဒါဏ်ရာ ရရှိမှု များသည်ဟုလည်း ဆိုပါသည်။
    ယခုအခါ သာကေတတံတားမှ စ၍ လမ်းပိတ်ထားကြောင်း ကြားသိရပါသည်။

  • Linn Lett

    December 29, 2011 at 6:23 am

    သေဆုံးသူ ၁၈ဦးအထိရှိသွားပြီလို့ ထပ်မံသိရပါတယ်။

  • koyinmaung

    December 29, 2011 at 7:00 am

    သတင်းများအချိန်နဲ့အညီတင်ပေးကြတဲ့အတွက်
    ရွာသူားများကိုကျေးဇူးတင်ပါတယ်
    မင်္ဂလာတောင်ညွန့်ကျောင်းလမ်းမှာ
    သူငယ်ချင်းအိမ်ရှိပါတယ်ဒီပါတ်ဝန်းကျင်အခြေအနေလေးသိချင်ပါတယ်
    သိယင်ပြောပြပေးစေလိုပါတယ်…..

  • htoosan

    December 29, 2011 at 7:09 am

    ညက အိမ်မက်မက် တာလား ဘာလား မသိ ယောင်ဝါးဝါးနဲ့ ။ ငလျင်များ လှုပ်တာလား ဆိုပြီး စိတ်ထဲဖြစ်တာ ။ ဒါတောင် ကျွန်တော်နေတာ ရမိုင်ခွဲ ။ စက်ဆန်းနဲ့ တခြားစီဘဲ။ တော်တော့် ကို ပြင်းထန်လို့ဘဲ။
    ကျေးဇူး ပါ Linn Lett ရေ။

  • amatmin

    December 29, 2011 at 8:02 am

    ညက အိပ်နေရင်း နဲ့ တခါးတွေ ဆောင့်ပိတ်သလိုဖြစ်သွားလို့အတော် လန့်သွားတာဗျာ..
    မနက်ရေဒီယိုသတင်းမှာတော့ လူ ၁၅ဦးသေဆုံး ၅ဝ ထိခိုက် လို့ကြားလိုက်မိတယ်
    စိတ်မကောင်းဘူးဗျာ..ထိုက်သင့်တဲ့ ရသင့်ရထိုက်တဲ့ လျော်ကြေးတွေ တူတူတန်တန် ပေးကြ ရကြဖို့ မျှော်လင့်ပါတယ်.. CNG ကြောင့်လူများများသေတာ စလာပြီဆိုတော့ အဲဒါနဲ့ဆက်စပ်ပြီးCNG သုံးတဲ့နေရာတိုင်း ဆက်စပ်တဲ့နေရာတိုင်းမှာ awareness ဖြစ်ဖို့မျှော်လင့်ပါတယ်
    သတင်းအတွက်ကျေးဇူးပါ က်ိုလင်းလက်ရေ..

  • Thel Nu Aye

    December 29, 2011 at 8:20 am

    နှစ်သစ်ကူးခါနီး မနက်စောစောစီးစီး စိတ်မကောင်းစရာပါပဲ။ မနက်ကအစောကြီးပေါက်ကွဲသံကြီး ကြားလိုက်ရတယ်။ အိမ်က ဘုရင့်နောင်လမ်းမှာမို့ ကွန်တိန်နာကားဘီးပေါက်တယ်ပဲထင်နေတာ။ အဝေးကြီးကြားရတယ်ဆိုတော့ပြင်းထန်မှု့အားကမတွေးရဲလောက်စရာပါ။ စိတ်မကောင်းပါဘူး။ ဒုက်ခသည်တွေကိုဘာလုပ်ပေးလို့ရမလဲ။ ရှိရင်ပြောပေးပါ။

    • Linn Lett

      December 29, 2011 at 6:12 pm

      မင်္ဂလာတောင်ညွန့်မြို့နယ် မီးလောင် ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော မီးဘေးဒုက္ခသည်များအတွက်….. .အဝတ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့လှူဒါန်းလိုလျှင်….ဆက်သွယ်ပါ…. 095155891., 095104850, 095077986, …

  • lone

    December 29, 2011 at 8:26 am

    အဲ့လိုစက်ရုံတွေ ကို မြို့ပြင်ပို့သင့်တယ်…မဆိုင်တဲ့တက္ကသိုလ်ကျောင်းတွေကိုတော့ မြို့ပြင်ပို့ထားတယ်..

  • Charm Boy

    December 29, 2011 at 8:43 am

    ရန်ကုန်တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပါက်ကွဲမှု၏ အဓိကအကြောင်းအရင်းမှာဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်းအခင်းဖြစ် ပွားရာနေရာတွင်ရောက်ရှိနေသည့်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
    ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း ၆ဦးအသက်ဆုံးရှူးံသွားခဲ့သည်။
    သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား မျိုးကျော်ကျော်၊တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက် ၊တပ်ကြပ်ပြည်ဇော်ထွေး နှင့်တပ်ကြပ်တင်စိုး တို့ဖြစ်ကြောင်း မီးသတ်အရာရှိတစ်ဦးက 7day news သို့ပြောသည်။

    နောက်ဆုံး စာရင်းအရ ဒဏ်ရာရရှိသူ ကျား( ၆၂ )ဦး၊ မ( ၁၆)ဦး ရှိပြီး
    သေဆုံးသူဦးရေ ကျား( ၁၂) ဦး မ (၅)ဦးနှင့် မီးသတ်ဌာနမှ ၆ ဦးအပါအဝင်စုစုပေါင်း ၂၃ ရှိပြီဖြစ်သည်။

    By: သစ်ထူးလွင်

  • မှော်ဆရာ

    December 29, 2011 at 9:00 am

    ညအချိန်မတော်ဖြစ်တဲ့ မီးလောင်မှု ပေါက်ကွဲမှုမှာ အသက်ကို ပဓါန မထားပဲ ကြိုးစားမီးညှိမ်းသတ်ရင်း
    ပြည်သူအတွက် အသက်ပေးသွားသူ အာဇာနည် မီးသတ်ရဲဘော် ငါးဦးအား ဤနေရာမှနေ၍ အလေးပြုလိုက်ပါသည် …။

    • etone

      December 29, 2011 at 1:26 pm

      ဟုတ်ပါတယ် ဆြာမှော်ပြောသလိုပါပဲ … ။ … သူများကိုကယ်ရင်း အသက်ပေးသွားရတဲ့ မီးသတ်ရဲဘော်တွေရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်တဲ့ ရဲရင့်တဲ့ သတိ္တကို လေးစားပါတယ် … ။ အသက်မသေသော်လည်း ဒုကိ္ခတဖြစ်သူတွေ ၊ ထိခိုက်ဒဏ်ယာရသူတွေကို အစိုးရက ဘယ်လို ထောက်ပံ့ ကြည့်ရှုမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ … ။ သေဆုံးသူတွေရဲ့ မိသားစုတွေကိုလည်း …. ကရုဏာထားသောအားဖြင့် တစ်ခုခု လုပ်ပေးသင့်ပါတယ် … ။

      • hmee

        December 29, 2011 at 5:23 pm

        ကိုယ်တောင် ဘာမှ သက်ဆိုင်မှု မရှိပဲ ဖတ်ရင်း မျက်ရည်ဝဲတယ်။ ကိုယ်တိုင် မိသားစု ဆုံးရှုံးရတဲ့သူတွေ ဘယ်လောက်များ ကြေကွဲမလဲနော်။ ဒီလူကို မှီခိုနေရတဲ့ ဘဝဆို မိသားစုလိုက် ဘဝပျက်တာပဲ။ နစ်နာကြေး ထိုက်ထိုက်တန်တန် ပေးရင် ကောင်းမယ်နော်။

  • pho zaw

    December 29, 2011 at 9:26 am

    အခုမီးလောင်မှုနဲ့ပတ်သက်တဲ့ ဓါတ်ပုံတွေရှိရင် ကျွန်တော့် အီးမေးလ်လိပ်စာ mandalayking.nyi123@gmail.com ကို ကျေးဇူးပြုပြီးပို့ပေးကြပါ။

  • koyinmaung

    December 29, 2011 at 9:31 am

    ကျေးဇူးဘဲLinn Lett ရေ ညီလေးပို့ပေးတဲ့ဓါတ်ပုံတွေရပါပြီ
    အကိုတို့တရုတ်ပြည်ကfacebookဖွင့်လို့မရပါဘူး
    ဒါပေမဲ့ညီလေးရေထပ်မပို့ပါတော့နဲ့
    ခုလိုပို့ပေးတာကျေးဇူးနော်….

    • မှော်ဆရာ

      December 29, 2011 at 9:37 am

      http://www.unblock-yt.com ကို ဖွင့်လိုက်ပါ ..
      အဲဒီ့အထဲမှာ လိပ်စာ ရိုက်လို့ရတဲ့ နေရာရှိတယ်
      အဲဒီ့အထဲမှာ http://www.facebook.com ကို ရိုက်ထည့်ပြီး ဘေးက browse ကိုနှိပ်လိုက်ရင် ပွင့်လာပါလိမ့်မယ် …
      မြန်မာကလူတွေလဲ ကျော်ချင်ရင် သုံးလို့ရတယ်နော်

      • koyinmaung

        December 29, 2011 at 3:08 pm

        ကိုမှော်ဆရာရေ တရုတ်ကအဲ့ဒီဆိုက်နဲ့လဲfacebook youtube ကိုကျော်လို့မရဘူးဗျာ
        သောက်တရုတ်မြန်မြန်ကျဆုံးပါစေ….
        ခုလိုကျော်ဆိုက်ပေးတာကျေးဇူးတင်ပါတယ်…
        တခြားပိတ်ထားတဲ့ဆိုက်တွေတော့ဖွင့်လို့ရတယ်ဗျို့
        မှတ်ထားလိုက်ပါတယ်

  • pho zaw

    December 29, 2011 at 9:47 am

    mandalayking.nyi123@gmail.com ကို မီးလောင်မှုသတင်းနဲ့ပတ်သက်တဲ့ ဓါတ်ပုံတွေ ပို့ပေးစေချင်ပါတယ်။ ပို့ပေးကြပါဦးနော်။

  • htoosan

    December 29, 2011 at 9:47 am

    voice ကပုံတွေ ကြည့်ပြီး ဝမ်းနည်း စရာ ကောင်းတာ က ဘယ်မှာလဲ ဆေးရုံ လူနာတင် ကား းးးးးးးးးးးးးးးးး အဲ့ဒီ့ကားတွေ တန်းစီနေသင့်တာ …………

    • ကြောင်ကြီး

      December 29, 2011 at 11:17 am

      ဘယ်မှာလည်း ဓာတ်ဆီ….. 🙄

    • htoosan

      December 29, 2011 at 1:52 pm

      ကျွန်တော် တင်ထားတဲ့ ဓါတ်ပုံလောက်သာ ကြည့်ပြီး အပြောစောသွားတဲ့ အတွက် သက်ဆိုင်သူများ အားလုံးကိုတောင်းပန်ပါတယ်။
      တင်ပေးထားတဲ့ သတင်းလောက်သာ ကြည့်ပြီး ဝေဖန်နေရင် ဘယ်လောက်လွဲမှားသွားနိုင်တယ်ဆိုတာလည်း သင်ခန်းစာ ရလိုက်ပါတယ်။
      ကိုုပေါက်ဖော် တင်ပေးထားတဲ့ ပုံမှာ ဆေးရုံကားများမှ လည်း ကူညီသယ်ဆောင်ပေးနေတာ တွေ့ရပါတယ်။

  • နွယ်ပင်

    December 29, 2011 at 9:48 am

    ဂိုဒေါင် ပေါက်ကွဲမူမှာ ယနေ့ နံနက်စောပိုင်း ၂ နာရီ ခန့်က ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမူကြီးကြောင့် ရန်ကုန်မြို့မှ အိပ်မောကျနေသောလူအများ အပြားကို လန့်နိုးသွားစေခဲ့သည်။

    အထက်ပါ သဘောင်္ဆေး ချက်ပစ္စည်းများ ပေါက်ကွဲရာမှ လူခန္ဓာကိုယ် အပိုင်းအစများ အပြင်သို့ လွင့်ထွက်လာသည်ဟု မျက်မြင် သက်သေ တစ်ဦးက ပြောပြသည်။ ပေါက်ကွဲမူ ဖြစ်ပွားရာ နေရာသို့ လူအများ အပြား ရောက်ရှိလာသော်လည်း ပေါက်ကွဲမူ ဆက်လက် ဖြစ်ပွားနေသောကြောင့် ပေါက်ကွဲမူနှင့် ဝေးရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ အဆိုပါ ပေါက်ကွဲမူ ဖြစ်ပွားရာ ပတ်ဝန်းကျင်မှ အိမ် အတော် များများ ပြိုကျ ပျက်စီးသွားခဲပြီး မီးသတ်ကားများ ရောက်ရှိလာချိန်တွင် ဆက်လက်ပေါက်ကွဲ သဖြင့် မီးသတ်ကား ၂ စီး ထိခိုက် မူဖြစ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဂိုဒေါင်ပေါက်ကွဲမူတွင် ဂိုဒေါင်စောင့်များ ရှိနေပြီး သေဆုံးသူများတွင် ဂိုဒေါင်စောင့်များ ပါဝင်နိုင်ကြောင်း အနီးနားတွင် နေသူများက ယုံကြည့်နေကြသည်။ ပေါက်ကွဲမူ ဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေသည့် လူအုပ်ကြီးမှာ ထပ်မံ ပေါက်ကွဲမူ ဖြစ်မည်ကို စိုးရိမ်သဖြင့် ဝေးရာသို့ ပြန်လည်ထွက်ပြော နေကြရသည်ဟု သိရသည်။ အဆိုပါ ပေါက်ကွဲမူကြောင့် အဆောက်အဦး မှ လွှင့်စင်လာသော “ခဲများ မှန်များ ထိခိုက်မူကြောင့် သွေးသံ တရဲရဲနှင့် ” ပြေးလွှားနေသူများကို မြင်ရသည်ဟု မျက်မြင် သက်သေတစ်ဦးက ပြောပြသည်။
    ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅ဝ ကျော်ရှိ နေအိမ်များ ပေ ၂၀ဝ ဝန်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။
    ”ကျွန်တော်တို့ အိပ်နေတုန်း ဝုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။ အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ဝပ်နေရတယ်။ ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့ ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။ ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင် လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်” ဟု ဂို ထောင်ဘေးတွင် နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်

    နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။

  • ကြောင်ကြီး

    December 29, 2011 at 9:52 am

    ၃ဝရက်နေ့မှာလုပ်မယ့် အန်အယ်လ်ဒီ တိုင်းရင်းသားရန်ပုံငွေ တေးဂီတပွဲ နီးပြီလေ….။ ဒီအတိုင်းဆို နောင်များမကြာခင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်လိမ့်အုံးမယ်။ သတိထားသာနေဂျ…။ ဒါမျိုးတွေ အံတိုနေပြီ….. တိုက်ဆိုက်မှုများရင် ထူးခြားမှုတဲ့.. ထူးခြားမှုများရင် လုပ်ကြံဖန်တီးမှု…. ယေး…..သံမဒဂျီးဦးသိန်းစိန်က ပြုံးပြပြောင်ပြရေးသမားဂျီးကွ…. 😆

  • Shwe Tike Soe

    December 29, 2011 at 9:53 am

    ဟုတ်ပဗျာ မနက်စောစောကြားရတဲ့ သတင်းက တုန်လှုပ်ခြောက်ခြားစရာကောင်းလိုက်တာ…. အခုလိုသတင်းကို အချိန်နဲ.တပြေးညီတင်ပေးသူတွေကိုလဲ ကျေးဇူးတင်ပါတယ်…
    ဒဏ်ရာရ ဒုက္ခတွေ.သူတွေလဲ အသက်အန္တရာယ်ကင်းရှင်းကြပါစေဗျာ………

  • amatmin

    December 29, 2011 at 9:54 am

    ပေါက်ကွဲမှု အရှိန်က အတော်ပြင်းဆို ပန်းဆိုးတန်းက ရူဘီမတ်၊ ယုဇန ပလာဇာတို့တောင် မှန်တွေ ကွဲကုန်တယ် လို့သိရတယ်

  • ဆူး

    December 29, 2011 at 10:05 am

    ညက ၂နာရီ ဆိုပါတော့.. အသံကြားလိုက်တယ် အုန်း… ဆိုပြီးတော့.. အကျယ်ကြီးပဲ အိမ်တောင် တုန်သွားတယ်။ အစအန စင်တဲ့ အသံတွေ ကြားလိုက်သလို ပဲဆိုတော့.. ဟာ ဗုံးပေါက်ပြီနဲ့တူတူတယ်တွေးပြီး အပြင်ကြည့်တော့ ဘာမီးမှ မမြင်ဘူး။ အဲလောက် ဝေးတဲ့ အရပ်က ဖြစ်တာ အိမ်လာတုန်တယ်ဆိုတော့ အရမ်းပြင်းထန်လွန်းတာပေါ့။

  • zaymdy

    December 29, 2011 at 10:39 am

    အလွန်ထပ်လန်.စရာ ကောင်းပါတယ်ဗျာ. . . အလိုစက်ရုံတွေကို မြိုပြင်ထုတ်ထားသင်.ပါတယ် သေဆုံးသွားသော ပြည်သူများ မီးသတ်တပ်ဖွဲဝင်များနဲ.အတူ ထပ်တူတပ်မျှ ဝမ်းနည်းရပါတယ်။

  • စုံ စုံ

    December 29, 2011 at 11:00 am

    ကြားရတဲ့သတင်းကတကယ်စိတ်မကောင်းပါဘူး
    ညကအိပ်နေရင်းနဲ့တိုက်ကြီးတုန်သွားတော့
    ပထမငလျင်လှုပ်တယ်ထင်တာ နောက်တော့မိုးကြိုးပစ်တယ်လို့ထင်ပြန်ရော
    အိမ်ရှေ့ထွက်ကြည့်တော့လဲဘာမှမထူးခြားတော့ဘာမှမဟုတ်ဘူးထင်ခဲ့တာ
    မနက်ရုံးတက်မှဘဲ သတင်းအစုံသိရတော့တယ်
    ကိုယ့်အတွက်ဘာမှမဟုတ်ဘူးထင်ခဲ့တဲ့အရာက သူများတွေအတွက်တော့
    တော်တော်တုန်လှုပ်စရာကောင်းခဲ့တာဘဲ
    တကယ်ကိုစိတ်မကောင်းစရာသတင်းပါ

  • char too lan

    December 29, 2011 at 11:23 am

    မင်္ဂလာတောင်ညွန့်လဲ ကပ်ဆိုက်နေလားမသိပေါင်
    သင်္ကြန်ဗုံးကွဲတယ် တောင်ညွန့် ၊ တိုက်ပြိုကျတယ် တောင်ညွန့်၊
    မင်္ဂလာဈေးမီးလောင်တယ် တောင်ညွန့်၊ ခုအပြင်းအထန်ပေါက်ကွဲမီးလောင်တယ် တောင်ညွန့် …… တကယ့်အထင်ကရတွေပဲ။ တစ်မြို ့လုံးပတ်ပီး ပရိတ်လေးဘာလေးရွတ်သင့်တယ်။

    • amatmin

      December 29, 2011 at 11:34 am

      အဟမ်း…
      လူတွေလုပ်လို့ လူပယောဂ ကြာင့်ဖြစ်တဲ့ အရေး မှာဘောက်မဲ့ကြောင့် ဒီပရိတ်ကြီး ကပါလာရပြန်တာ တုန်း 🙂
      ဖြစ်တင့်တာက ဂိုဒေါင်ပိုင်ရှင် စက်မှု (၁)နဲ့ ငှားသုံးတဲ့ သူကြွယ်တွေကို အများပြည်သူ
      ဘေးဖြစ်စေမှုနဲ့တရားစွဲ ဖို့ တမြို့နယ်လုံးပါဝင်ရမှာ..

      သဂျီး ကိုယ်စား မန့်ပေးတာနော်..စိတ်ဆိုးရဘူး 🙂

    • kai

      December 29, 2011 at 1:09 pm

      ပရိတ်ရွတ်လို့ ကုန်ကျပြုန်းတီးမဲ့.. ငွေ၊လူအင်အား… အရင်းအမြစ်တွေကို.. ကိုကျော်သူတို့.. နာရေးကူညီမှုအသင်းလှူလိုက်ရင်.. ပိုကောင်းမယ်ထင်မိတာပါပဲ.။
      .. ထစ်ဆို.. လူမှုရေးပြသနာစစ်စစ်တွေကို.. ဘာသာရေးနဲ့ရောသမမွှေပြီး.. လွှဲချတာလေး.. လျှော့ဖို့ကောင်းတယ်တော့ ထင်မိတယ်..။

      ဗုဒ္ဓဘုရားရှင်ကိုယ်စား မန့်ပေးတာနော..။ စိတ်မဆိုးရဘူး..။ 😆

  • inz@ghi

    December 29, 2011 at 11:30 am

    ရန်ကုန်နေ ရွာသူား တွေအတွက် အထူးစိတ်ပူပါသည်….
    ယနေ့..ကွန်းမန့် တက်မလာသေးသူများ ကို ပိုမို စိတ်ပူပါ၏

  • amatmin

    December 29, 2011 at 11:35 am

    အဟမ်း…
    လူတွေလုပ်လို့ လူပယောဂ ကြာင့်ဖြစ်တဲ့ အရေး မှာဘောက်မဲ့ကြောင့် ဒီပရိတ်ကြီး ကပါလာရပြန်တာ တုန်း 🙂
    ဖြစ်သင့်တာက ဂိုဒေါင်ပိုင်ရှင် စက်မှု (၁)နဲ့ ငှားသုံးတဲ့ သူကြွယ်တွေကို အများပြည်သူ
    ဘေးဖြစ်စေမှုနဲ့တရားစွဲ ဖို့ တမြို့နယ်လုံးပါဝင်ရမှာ..

    သဂျီး ကိုယ်စား မန့်ပေးတာနော်..စိတ်ဆိုးရဘူး 🙂

  • htoosan

    December 29, 2011 at 12:48 pm

    လူနေ ထူထပ်တဲ့နေရာမဟုတ်ပါဘူး ။ မြစ်ရိုးတလျှောက် နဲ့ ရှေးကတည်းက ဂိုဒေါင်များ အများစု ရှိတဲ့နေရာပါ။
    လမ်းတဘက်မှာဆိုလည်း ရထားလမ်းနဲ့ ကျောက်ပုံတွေများပါတယ် ။ ဒါကြောင့်မို့လို့ လူ ထိ်ခိုက်မူ့ ဒီလောက်နဲသွားတာ။
    ဦးကြောင်ရေ .. ဒီမနက် ၈း၃ဝ လောက် အဲ့ဒီ့နားဖြတ်လာတဲ့ သူ မျက်မြင်တစ်ယောက် အပြောကတော့ ဆေးရုံကားများ တန်းစီရောက်နေပါပြီတဲ့။ အဲ့ဒီ့အပြင် ကယ်ဆယ်ရေး ဆိုုပြီး ကြံဖွတ်များ ၊NLD များလည်း ယူနီဖောင်းများဖြင့် ရောက်နေတာတွေ့ခဲ့ရပါတယ်တဲ့။ ပါတီတွေရဲ့ ပြိုင်ဆိုင်မူ့လေးတွေပေါ့။

    • kai

      December 29, 2011 at 1:05 pm

      ကယ်ဆယ်ရေးမှာ.. ပါတီကလူတွေဝင်ပါလာတာ.. အင်မတန်ကောင်းတာပါ..။ ဥပဒေပြုသူများ/ပြုမဲ့သူများ ပါလာတယ်ဆိုရမယ်ပေါ့..။
      အဓိကကတော့.. ဆိုင်ရာနယ်က.. လွှတ်တော်အမတ်ပါပဲ..။
      – နောင်မဖြစ်အောင် ဘယ်လိုလုပ်ထုံးလုပ်နည်းတွေထားရမယ် နိုင်ငံတကာနဲ့ ချိန်ဆစီစစ်သင့်ပါတယ်..။ ယူအက်စ်မှာ အိမ်တွေ..စီးပွားရေးဇုံတွေကို .. ဧရိယာတွေခွဲပေးတယ်..။
      သိသလောက် လင့်ခ်လေးပေးထားတယ်..။ အတုယူစိစစ်နိုင်ဖို့ပါ..။
      http://planning.lacounty.gov/luz
      – တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့.. မီးသတ်ဝန်ထမ်းတွေကို.. သူရဲကောင်းမှတ်တမ်းတင်ပေးသင့်ပါတယ်.။ 9.11 မှာလည်း.. ကျဆုံးခဲ့တဲ့.. မီးသတ်တွေကို အဲလိုဂုဏ်ပြုခဲ့တယ်..။ တောမီးလောင်လို့.. မီးသတ်တွေငြိမ်းရင်းး ကျဆုံးရင်လည်း ဂုဏ်ပြုလေ့ရှိတာပါ..။

  • တညင်သား

    December 29, 2011 at 1:26 pm

    ကျွန်တော်တို့ နိင်ငံက ဖြစ်မှ ထလုပ်ကြတာပါ ………အဲဒီရပ်ကွတ်ထဲ ဖြစ်သလို တဲထိုးပြီး နေတဲ့သူတွေရှိသေးတယ်.. သုံးခွ ၊ခရမ်း ၊ကျောက်တန်း ကားဂိတ်နဲ့ နီးမယ်ထင်ပါတယ်… ကြည့်ရတာ သာကေတ ကို တံတားသစ်တစင်း ဖောက်လုပ်အုံးမလားပဲ…

  • char too lan

    December 29, 2011 at 1:49 pm

    မနက် ၄းဝဝ လောက်ထဲက လှူဖို့ အဝတ်တွေရော ဆန်တစ်အိတ်စာအတွက်ငွေရော ရှိသလောက်ရှာကြံပေးထားခဲ့ပါဒယ်…. လစာထုတ်ရင် ထပ်လှူမှာပါ …
    ခုရက်ဂျီးက အိမ်ကပြန်ခိုး ၂၉ ဖြစ်နေလို့ဘာ ဂျာ… သဂျီးမင်းမစိုးရိမ်ပါနဲ့
    သတိထားသင့်တာလေး ကြောဒါဂို …. အဲ့လိုဝင်မတီးရဝူးလကွယ် .. 😛 😀
    မီးသတ်ကားတွေရော ဆေးရုံကားတွေပါ တော်တော်များများသွားကြတာကို တာမွေဝိုင်းထပ်ဘက်ထွက်ကြည့်တော့ တွေ ့ရပါတယ်။
    အားလုံးအတွက် မလုံလောက်တာနေမှာပါ……..

  • ကိုရင်စည်သူ

    December 29, 2011 at 2:01 pm

    ညက အိပ်နေတုန်း မိုးကြိုးပစ်သံလို့ အသံကြားလိုက်တယ်..
    ဆောင်းခေါင်ခေါင်ကြီး ဘယ်က မိုးကြိုးပစ်တာပါလဲလို့
    မနက်ကျတော့ ကိုရင်ပေက ဖုန်းဆက်မေးတယ်…
    ရန်ကုန်မှာ ညတုန်းက ဘာဖြစ်တာလဲတဲ့…
    ကျနော်က ညက မိုးကြိုးပစ်သံတော်တော်ကျယ်ဗျာလို့
    ဖြေလိုက်တယ်.. အဟီးးး 😀 😀 😀
    အစကတည်းက စည်းမရှိကမ်းမရှိနေထိုင် လုပ်ကိုင်ကြပြီး
    ဖြစ်မှ တဝုန်းဝုန်းနဲ့ ထလုပ်ကြတာ ကျနော်အပါအဝင်
    မြန်မာတွေရဲ့ အကျင့်လို့ဖြစ်နေပီနော်…
    ဘဲရီးဂွတ်…ဒ်…. ဘဲရီးဘတ်ဒ်ဒ…
    ဒီ ပေါက်ကွဲမှုဖြစ်လို့ နောက်ပေါက်ကွဲမှုတွေ မဖြစ်အောင် တားဆီးကြတော့မယ့်အတွက်
    ဘဲရီးဂွတ်……. 🙂 🙂
    အခုဖြစ်စဉ်မှာလူတွေများကြီး သေလို့ ဘဲရီးဘတ်ဒ်……. 🙁 🙁 🙁

  • manawphyulay

    December 29, 2011 at 2:17 pm

    မီးလောင်မှုတွေဆို ကြောက်လန့်လွန်းလို့ ကြားတောင် မကြားချင်ဘူးဖြစ်မိတယ်။ ညကတော့ ငလျှင်လှုပ်တယ်မှတ်ပြီး ဘယ်ပြေးလို့ပြေးရမှန်းမသိ ဖြစ်ပြီး မနက်လင်းလင်းခြင်း ကြားရတာကတော့ အတော့်ကိုစိတ်မကောင်းဖြစ်မိတယ်။

  • ငပေါက်ဖော်

    December 29, 2011 at 4:09 pm

    ရင်ထဲမကောင်းဘူးဗျာ
    ပြီးတာတွေပြီးပြီမို ့..လုပ်စရာရှိတာသာ ဆက်လုပ်ကြပါတော့..
    အကူအညီတွေပေးကြစို ့ဟေ့..

  • ဆူး

    December 29, 2011 at 4:23 pm

    အခုတော့ တတ်နိုင်သလောက် ကိုယ်တိုင် သွားလှူဖို့ စိတ်ကူးထားပါတယ်။

  • hmee

    December 29, 2011 at 5:29 pm

    ဆူးရေ ဂေဇက် ရွာသူားတွေ စုပြီး လှုနိုင်ရင်ကောင်းမယ်နော်။ တကယ်လိုအပ်တဲ့ နေရာဆိုတော့ တကယ်အကျိုးရှိမှာပါ။

    • ဆူး

      December 29, 2011 at 5:45 pm

      မမှီရေ.. ဆူး ကတော့ အနီးအနားက သူငယ်ချင်းတွေ စုပြီး တနိုင်လေး သွားလှူဖို့ စဉ်းစားထားတာပါ။ အမရေ.. စာမူခလေး အခုလတ်တလော ရထားတာလေး ထည့်လှူလိုက်အုန်းမယ်။ မှတ်မှတ်ရရ ဒါနလေး တခု ဖြစ်သွားအောင်လို့ပါ။

  • we R one

    December 29, 2011 at 5:29 pm

    မနေ့ညနေ ၁ဝ နာရီ ကမှ ပုဂံက ပြန်ရောက်တာ မောမောနဲအိပ်ပျော်သွားတာ ဘာမှ ကို မသိလိုက်ဘူး… မနက်နိုးတော့ မှ ဘွိုင်လာအိုးပေါက်သလိုလို ဗုံးပေါက်သလိုလို နဲ ဘာမှ ကိုမသေမချာနဲ သိခဲ့ရတယ်.. ရုံးရောက်မှ ပဲဒီစိတ်မကောင်းစရာ သတင်းကိုအတိအကျ သိရတာ..။ တော်တော် စိတ်မကောင်းဖြစ်မိတယ်…။

    • student

      December 29, 2011 at 5:53 pm

      ဒီဆလဖျုုရစ်အက်ဆစ်တွေကိုဘယ်သူဒီနေရာမှာဘာကြောင်.လှောင်ထားသလဲ?

      မီးသတ်ကိုအသိပညာမပေးထားတာဘယ်သူအပြစ်လဲ?

      မီးသတ်ကိုမီးငြိမ်းသတ်ဖို.လုံလောက်စွာမပံ့ပိုးတာဘယ်သူအပြစ်လဲ?

      ????????????????????????………..

  • Khin Latt

    December 29, 2011 at 6:46 pm

    အတော်လေးစိတ်မကောင်းစရာ သတင်းပါဘဲ။
    မနက် ၂နာရီ ကျော်ထဲက လောင်တာ ၄နာရီထိုးတဲ့ အထိမငြိမ်းသေးတာဆိုတော့ အနားကရပ်ကွက် ကလူတွေ လဲ အိုးအိမ်မဲ့ ဖြစ်ပြီပေါ့။
    အသက်စွန့် တာဝန်ထမ်း ခဲ့တဲ့ သူတွေ ကို ကျွန်မလဲ အလေးပြုပါတယ်။
    ကောင်းရာသုဂတိလားကြပါစေ။
    ဒီနောက်မှာ ဒါမျိုး အဖြစ်ဆိုးတွေ နဲ့ နောက်ဆက်တွဲ ပြဿနာတွေ ထပ်ထပ် မဖြစ်ဖို့ ကို ကြိုတင် စဉ်းစား ကြဖို့လိုနေပါပြီ။
    သတင်း တွေ အတွက် အထူးကျေးဇူးတင်ပါတယ် ကို Linn Lett ရေ။
    ရှင်ရော ညက အိပ်ရေးပျက်တာကို အနားယူပြီးပြီလား။
    မီးတွေလဲ ပျက်နေတယ် ကြားတယ်။

    • Linn Lett

      December 29, 2011 at 7:16 pm

      ဟုတ်ကဲ့၊ အနားယူပြီးပါပြီခင်ဗျာ။
      ဂေဇက်အဖွဲ့သားအချင်းချင်း အခုလိုဂရုစိုက်ပေးတဲ့အတွက်
      မခင်လတ်ကို လင်းလက်ကလည်း ကျေးဇူးအထူးတင်ပါတယ်။
      ကျွန်တော့်ရဲ့တာဝန်က မီဒီယာတာဝန်ဖြစ်တဲ့အတွက်
      အခုလို တတ်နိုင်သလောက်သတင်းတွေတင်ပေးနိုင်တာဟာ
      အိပ်ရေးပျက်ရကျိုးနပ်တယ်လို့ထင်ပါတယ်။

  • windtalker

    December 29, 2011 at 7:22 pm

    သတင်းကလည်း ထူး
    ကွန်မင့်တွေ ဖတ်တော့လည်း ထပ်ပြည့်စုံ
    ဖတ်ရသော အကြောင်းအရာများအတွက်
    စိတ်မကောင်းဖြစ်မိသော်လည်း
    ကိုလင်းလက် အား ကျေးဇူးတင်ရှိပါကြောင်း ရယ်ပါ

    • Linn Lett

      December 29, 2011 at 7:40 pm

      ဟုတ်ကဲ့၊ ကို windtalker ရဲ့ဘောလုံးပွဲကြိုတွေကိုလည်း ကျွန်တော်ဝင်ရောက်ဖတ်ရှုလျက်ပါ။
      ကျွန်တော်လည်း အားကစားဂျာနယ်တစ်စောင်မှာ အလုပ်လုပ်တာပါ။ 🙂

Leave a Reply