Easy english-part 1
ဒီpost သည် English စာစလေ့လာသူများအတွက်သာဖြစ်ပါသည်
ကျွန်တော် ဖတ်ခဲ့သမျှ သင်ခဲ့ရသမျှကို ပြန်ပြီးဝေမျှပေးတာပါ။ ဒီ Pattern လေးတွေကလူသုံးနည်းပါတယ်
ဒါပေမဲ့အရမ်းအသုံးဝင်ပါတယ် သင်ပြောချင်သမျှပါးစပ်ကမထွက်တာ ကျွန်တော်သိပါတယ် ဒါပေမဲ့ဒါလေးတွေကို
အခုပဲစမ်းသုံးကြည့်လိုက်ပါ လက်ငင်းအကျိုးရှိပါလိမ့်မယ်။
၁။ တခုခုကို စိတ်ကူးပြီးပြောချင်ပါတယ် eg.ငါသာမင်းနေရာမှာဆိုရင်ကွာ လိုမျိုးပေါ့ ဘလိုပြောမလဲ လွယ်လွယ်လေးပါဒါလေးကိုသာမှတ်ထားလိုက်ပါ
If I +V2+ Noun
ဒါလေးပါပဲ pattern လေးထဲအစားသွင်းကြည့်ရအောင်
If I were you = ငါသာမင်းဆိုရင်
If I were a women = ငါသာမိန်းမဆိုရင်
If I were a rich man = ငါသာချမ်းသာမယ်ဆိုရင်
If I were an actor = ငါသာမင်းသားဆိုရင်
If I had a lot of money = ငါမှာသာပိုက်ဆံအများကြီးရှိရင်
ကဲ ဘယ်လောက်လွယ်လဲနော် အရမ်းလဲအသုံးဝင်ပါတယ် ပြောလို့လဲကောင်းပါတယ် အရေးကြီးတာကတော့ verb ကို V2 ပဲသုံးဖို့ပါ။Noun နေရာ
တွေမှာကြိုက်တာသာသုံးကြည့်ပါတော့။
၂။အင်း………ပြီးတော့ ငါသာဘာဖြစ်ရင် ညာဖြစ်ရင် ပြောတတ်သွားပြီဆိုတော့ ဘာဖြစ်ရင် ညာဖြစ်ရင် ဘာလုပ်မယ်ဆိုတာလဲပြောချင်မှာပေါ့ ပိုလွယ်သွားပါ
ပြီခုနက pattern လေးနောက်မှာ လိုက်ပြောလိုက်ရုံပါပဲ။
I + would + verb
ပေါင်းပြီးပြောကြည့်ရအောင်နော်
If I + were + Noun,I would +Verb
If I were you,I would go there = ငါသာမင်းဆိုရင် အဲ့ဒီကိုသွားမှာပဲ
If I had a lot of money,I would donate to needy people = ငါ့မှာသာပိုက်ဆံတွေရှိရင် ငါလိုအပ်တဲ့လူတွေကိုလှူပစ်မှာပဲ
Part 1 မှာတော့ဒီလောက်ပါပဲ နောက်အပတ်တွေမှာလဲကောင်းနိုးရာရာလေးတွေ ဝေမျှသွားပါအုံးမယ်။ကျွမ်းပြီးသားလူများကလဲ ကျွန်တော့်ကိုပြန်ဝေမျှပေးကြပါ။
Thank you all .
15 comments
windtalker
January 5, 2012 at 2:54 pm
ဂူး တယ်ဗျာ
ရွာထဲမှာ အင်္ဂလိပ်ဆရာ တစ်ဦး ထပ်တိုးလာတဲ့ အတွက် ဝမ်းသာမိပါ၏
ဝင်ဆွေးနွေးဖို ့ကြတော့ ပညာချို ့တဲ့ လို ့
လေ့လာရုံသာ ဖတ်ရုံသာ တတ်နိုင်ပါ၏
တစ်ရက်လျှင် နှစ်ပို ့စ် တင်ခြင်းဖြင့်
မိတ်ဆွေ၏ ပညာရပ်များ ကို ဆက်လက် ဖြန် ့ဝေပေးစေလိုပါကြောင်း
ခင်မင်စွာဖြင့်
ငပေါက်ဖော်
January 5, 2012 at 3:51 pm
တိုင်းကျူး ဘဲထီးမတ်ချ် ပါ
အိုးရက်စ်….
အစ်ဖ် အိုင် ဟတ်ထ် အလော့ထော့ မန်းနီး အိုင်ဝတ် ဒရင့်ခ် ဂျော်နီလမ်းလျှောက် အန် ငါးရှဥ့်ခြောက်စပ် အိုးရက်စ်
စုံ စုံ
January 5, 2012 at 4:41 pm
ဒီလိုပို့စ်လေးတွေကိုအရမ်းကြိုဆိုပါတယ်
လေ့လာမှတ်သားသွားပါတယ်
ဒီpart-1 က အရင်ကလေ့လာဖူးပေမယ့်
အခုတခါထပ်သင်ပေးမယ့်သူရှိတော့ ပိုအကျိုးရှိစေပါတယ်
ကျေးဇူးအထူးပါနော်
Rapperboy
January 5, 2012 at 5:57 pm
အရမ်းကောင်းတဲ့post လေးပါ လေးစားပါတယ်
နောက်လဲ ဝေမျှသွားပေးပါအုံး အရမ်းလဲအကျိုးရှိပါတယ်
Thank you very much
MaMa
January 5, 2012 at 6:16 pm
ပြောမထွက်သူတွေကို ပြောထွက်အောင် သင်ပေးတဲ့ သင်တန်းကို ကျေးဇူးတင်စွာဖြင့် ဖတ်ရှု့မှတ်သားသွားကြောင်းပါ။
TTNU
January 5, 2012 at 6:40 pm
ဝေဖြိုးရေ…
Typo လေးတစ်ခု ထင်ပါတယ်။
If I were a woman, ဖြစ်ရမှာ women ဖြစ်နေတယ်ကွယ်။
မေတ္တာဖြင့်
တီချာနု
ငပေါက်ဖော်
January 5, 2012 at 6:53 pm
ဝုတ်တယ် တီချယ်ကြီးရေ..
အဲလိုလေးတွေလဲ လျှမ်းတတ်တယ်
စေ့စပ်ပါပေ့ကွယ်
😆
Khin Latt
January 5, 2012 at 7:15 pm
If I were a boy …. I think I could understand
How it feels to love a girl … I swear I’d be a better man .. I’d listen to her
ဖတ်ရင်း Beyonce ကို သတိရလိုက်လို့ပါ။
စကားမစပ် ဂီဂီ ပြောတာ၊ ရှင်းပြတာကို လဲ နားလည်မှု ရခဲ့ပြီ ထင်ပါတယ်။
ဂီဂီ က အင်မတန် ပျော်တတ်၊ ခင်မင် တတ်သူပါ။
ဆရာဝင်လုပ်သည်ဟု မထင်စေချင်ပါ။ အခု ရွာထဲမှာ ငြိမ်းချမ်းရေး ချိုးဖြူ ငှက် လေးတွေ တွေ့နေလို့ပါ။ 🙂
manawphyulay
January 5, 2012 at 8:15 pm
If I had a lot of money, I would donate to needy people = ငါ့မှာသာပိုက်ဆံတွေရှိရင် ငါလိုအပ်တဲ့လူတွေကိုလှူပစ်မှာပဲ
ဒီစကားလုံးလေးကို အလွတ်ကျက်မှတ်ထားလိုက်ပါတယ်။
Kyaemon
January 6, 2012 at 1:23 am
Excellent!
Permit me to point out an error for the sake of the students.
However, the word “english” in the title “Easy english-part 1” should be “English,” with a capital “E.”
Wai Phyoe
January 6, 2012 at 12:20 pm
အားလုံးကိုကျေးဇူးပါ
တကယ်ကိုကျေးဇူးတင်ပါတယ်
ကျွန်တော့်အမှားလေးတွေကိုလဲခွင့်လွှတ်ပေးစေချင်ပါတယ်
နောက်ဆို E အကြီးနဲ့ပဲရေးပါတော့မယ်
women ဖြစ်သွားတာကိုလဲတောင်းပန်ပါတယ်
အားလုံးကိုလေးစားခင်မင်စွာဖြင့်
Wai Phyoe
January 6, 2012 at 12:24 pm
windtalker ကိုလဲအရင်က သူများ comment မှာကတောက်ကဆဖြစ်ခဲ့တာတွေကို အနူးအညွတ်တောင်းပန်ပါတယ်
Mr.Smith
January 6, 2012 at 12:52 pm
This pattern is very essential for every people .So,we should remember it which is good for speaking . Thank you for your post………………………………………
blackchaw
January 6, 2012 at 12:59 pm
ဝေဖြိုးရေ
ကျေးဇူးတင်ပါတယ်ဗျာ။
နောက်လည်း ဆက်ပြီး ရေးနိုင်ပါစေဗျာ။
Wai Phyoe
January 7, 2012 at 6:22 pm
ပာုတ်ကဲ့အခုကျွန်တော် Part 2 နဲ့ Easy Computer Part 1ကိုတင်လိုက်ပါပြီး အားပေးတား ကျေးဇူးပါ။
If I had a lot of money,I would make party for Gazette’s member.
Blackchaw ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ