Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူကြီးသို့ …….

fattyJanuary 11, 20121min92942

သူကြီးခင်ဗျား ………
မေးစရာလေးရှိလို့မေးမြန်းလိုက်ရပါသည်။ မန်းလေးဂေဇက်မှာရေးနေရင်း တချို့အခန်းကဏ္ဏလေးများကိုစိတ်ကူးရပြီးဖန်တီးချင်ပါသည်။
ဥပမာ အင်တာဗျူးကဏ္ဏအတွက် လူပုဂိ္ဂုလ်များကိုသွားပြီးမေးမြန်းပြောဆိုရာတွင် မန်းလေးဂေဇက်တွင်သုံးရန်ဟုပြောပြီး
အင်တာဗျူးချင်ပါသည။ သူကြီး၏မူပိုင်ဖြစ်ပြီး ကျနော်တို့အားလည်းတရားဝင်ခန့်ထားခြင်းမဟုတ်သဖြင့် ဂေဇက်နာမည်ကိုသုံးခွင့်ရှိမရှိမေးလိုပါသည်။

နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး
အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း
သိလိုပါသည်။
ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့)
ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။
သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။

42 comments

  • မှော်ဆရာ

    January 11, 2012 at 10:06 pm

    ဟုတ်ပါတယ် .. တခါတလေ သတင်းဓါတ်ပုံ ရိုက်ချင်တာ ကိုက ဘယ်ဂျာနယ်ကမှ မဟုတ်တော့ မျက်နှာငယ်တယ် .. တကယ်ဆို မန္တလေး ဂေဇက်ကလဲ အမေရိကန်အခြေစိုက် ဝက်ဆိုက်ပဲ … ။
    နာမည်ရှိတဲ့ သတင်းဝက်ဆိုက်တစ်ခုပဲ …
    အထောက်အထားကဒ်လေး ထုတ်ပေးနှိုင်ရင် ကောင်းမယ် ထင်တယ် သူကြီးရေ …
    စီစစ်ပြီးတော့ပေါ့ ။။

  • မှော်ဆရာ

    January 11, 2012 at 10:11 pm

    ကျွန်တော်တို့မြို့မှာ ဗုံးပေါက်တယ်ဗျာ …
    ကျွန်တော်သွားရိုက်ချင်တယ်… အရပ်သားတစ်ယောက်အနေနဲ့ ရိုက်ရင် မရလောက်ဘူး
    အခန့်မသင့်ရင် ဆွဲတောင် အစိခံရနှိုင်တယ် …
    သူကြီးဝက်ဆိုက်ရဲ့ ကဒ်နဲ့ဆိုရင် … အဆင်ပြေလောက်တယ် …

      • Diamond Key

        January 12, 2012 at 9:49 am

        ဘာမှမရေးရသေးဘူး၊ ကွက်လပ်ကြီး တက်သွားလို့ဗျ။ 😛
        ဆြာမှော်ရေ…….. ကျွန်တော့် မိတ်ဆွေတွေ ပြောပြောနောက်နေတာလေး သတိရလို့ဗျ ……ဆြာမှော်ကို ပြောထားမလို့…………. သူတို့တွေ နောက်နောက်နေတာက “ဘာကြိုက်တတ်လဲ ကြိုပြောထားနော်တဲ့….. ငပိကျော်လေးတို့……ဘာတို့လေ :mrgreen:
        :mrgreen: :mrgreen: နောက်တာပါ ဆြာ 😀

        ဦးဖက်တို့၊ ဆြာမှော်တို့ပြောတာ ထောက်ခံတယ် သဂျီးရေ…… 😆

        • ဦးဦးပါလေရာ

          January 12, 2012 at 9:56 am

          မှော်ဆရာလဲ ခရီးသွားပိုစ့်တခုတင်ချင်လို့နေမှာပေါ့ဗျာ…
          သူများသိပ်မသွားချင်တဲ့ခရီးပေါ့ … 😀

  • zaw min

    January 12, 2012 at 12:09 am

    သူကြီးမှ အထောက်အထားများပေရန်အတွက် သူကြီးကတော်ထံ အစီရင်ခံစာတင်ထားပါတယ်…ပေးသင့်မပေးသင့် ကတော်သူကြီးမှဆုံးဖြတ်ပါမည်။

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 12, 2012 at 12:42 am

    ကြုံလို့ ဝင်လှိမ့်လိုက်ပါဦးမယ်
    ဒီဆိုဒ်ရဲ့ ပထမဦးဆုံးမန်ဘာကဘယ်သူဒုံး
    ပထမဦးဆုံး ကော်မန့်ကဘယ်သူဒုံး
    ပထမဦးဆုံး ပို့စ်က ဘယ်သူဒုံး
    ဘာရယ်ဟုတ်ပါဘူး သိခြင်လို့
    သဂျီးထောင်ထားတဲ့ဇာတ်ပွဲ သဂျီးဇာတ်မင်းသားဘဲဒေါ့ပြောနဲ့ပေါ့ဗျာ
    သဂျီးမဟုတ်တဲ့ အခြားမန်ဘာဒွေဘာ

    • windtalker

      January 12, 2012 at 1:59 pm

      ပထမဦးဆုံး ကော်မန် ့က မစ်စတာပေ မဟုတ်
      ပထမဦးဆုံး ပို ့စ် က ဝင်းတော်ကာ မဟုတ်
      အဲဒါတော့ အသေချာဘဲ
      ဟီဟိ

  • small cat

    January 12, 2012 at 7:29 am

    “”ဟုတ်ပါတယ် .. တခါတလေ သတင်းဓါတ်ပုံ ရိုက်ချင်တာ ကိုက ဘယ်ဂျာနယ်ကမှ မဟုတ်တော့ မျက်နှာငယ်တယ် ..
    “အရပ်သားတစ်ယောက်အနေနဲ့ ရိုက်ရင် မရလောက်ဘူး
    အခန့်မသင့်ရင် ဆွဲတောင် အစိခံရနှိုင်တယ် …””””

    အဲဒိကိစ္စကို ကျနော်လည်းသိချင်နေတာ။ သတင်းထောက်လက်မှတ်မရှိပဲ အဲသလိုုရိုက်ပြီး တင်ရင် ၊ ဥပဒေအရ အရေးယူခံရနိုင်သလား၊ဘယ်လိုအရေးယူခံရနိုင်သလဲ၊အပစ်ဘယ်လောက်ကြီးသလဲသိသူများပြောပြပေးပါ၊ တချို့ ကိစ္စ ကိုယ်ကကောင်းစေချင်လို့ လုပ်တယ်ဆိုပေမဲ့ ဥပဒေနဲ့ ညိတယ်ဆိုပြီးအဆော်ခံရမှာ ကြောက်နေတော့ မလုပ်ရဲ့ဘူးဖြစ်နေတယ်။ တခါက မီးလောင်တာကို ဓါတ်ပုံရိုက်ထားမိလို့ ရှင်းရတဲ့လူတစ်ယောက်ရှိဖူးတယ်၊ ဒါတောင် သူကဘယ်သတင်း၊ဘယ်အင်တာနက်မှ အဆက်အသွယ်မရှိဘူး၊ လက်ဆော့ပြီး အမ်ပီဖိုး နဲ့ ရိုက်ထားတာ အာဏာပိုင် အဖွဲ့ထဲက သတင်းရသွားပြီး လိုက်သိမ်းတာ။ တခုခုဖြစ်ရင် အခင်းဖြစ်နေရာကို သတင်းထောက်လက်မှတ်မရှိပဲ ကင်မရာကြီးကိုင်ပြီးဝင်သွားရင် မလွယ်ဖူးထင်တယ်။ နောက်ဌာနဆိုင်ရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ အများဖြင့်လမ်းပေါ့၊ ပျက်စီးနေတာကို ရိုက်ပြလိုက်တယ်၊ တကယ်လည်းဟုတ်နေတယ်၊ အဲဒီဌာန က ကိုယ့်ကို ဥပဒေအရ တရားဝင် တရားပြန်စွဲလို့ရသလား၊အဲဒါလေးသိချင်ပါတယ်။သေချာနားလည်သူများရှင်းပြပေးကြပါခင်ဗျာ။

  • inz@ghi

    January 12, 2012 at 7:48 am

    ဦးဖက်တီးရေ့ ….

    ကျနော်ထင်တာလေး ပြောကြည့်မယ်နော ….
    သတင်းထောက် အသင်းတို့ …ဓါတ်ပုံအသင်းတို့ တခုခုမှာ အသင်းဝင်ထားလိုက်ရင် အဆင်ပြေမယ်ထင်တယ်ဗျ..

    လာမေးတဲ့အခါ …
    တိုက်ပိုင် ဂျာနယ်လစ် ..သတင်းထောက်… ဒါ့ပုံဆြာ တော့မဟုတ်ဘူး …
    သို့သော် ..သတင်းထောက်လုပ်ဖို့ ကြိုးစားနေသူဖြစ်တယ် …
    ဘယ်တိုက် …ဘယ်တိုက် ကိုပို့ကြည့်မလို့….ဖြစ်တယ်
    ဆိုတာမျိုး အသင်းဝင်ကဒ် …ထုတ်ပြပြီး ဖြေရှင်းနိုင်မယ် ထင်ကြောင်းပါ…

    • မှော်ဆရာ

      January 12, 2012 at 10:45 am

      မရလောက်ဘူး မောင်ဂီရဲ့
      မီးလောင်မှုတို့ ၊ ရာဇဝတ်မှုတို့မှာ သတင်းထောက်မဟုတ်ပဲ ရိုက်ရင် ၊ ပုဒ်မမျိုးစုံ တပ်လို့ရတယ် … မသင်္ကာမှု ၊ တာဝန်ဝတ္တရား နှောက်ယှက်မှု ၊ ဘာ ညာပေါ့ ..
      ကဒ်လေးသာ ထုတ်ပေးထားရင် ကိုယ့်ရဲ့ သတင်းထောက် တာဝန်ကို ကိုယ်လုပ်တာ ဖြစ်သွားပြီ … ကဒ်ကလေးသာ သူကြီးက ထုတ်ပေးထားမယ်ဆိုရင် မန္တလေးဂေဇက် သတင်းစာရဲ့ သတင်းဓါတ်ပုံသမား တစ်ယောက်ကို ပစ်စလက်ခတ် မလုပ်ရဲလောက်ဘူး … လူဆိုတာ ကိုယ့်ပြန်ပတ်မှာတော့ ကိုယ်ကြောက်ကြတာ ကလား …
      ကမှော်ရဲ့ အဖိုး နှစ်ယောက်လုံး က လုပ်သား ၊ မြန်မာအလင်း ၊ ကြေးမုံ သတင်းစာတွေရဲ့ ဌာနေ သတင်းထောက်တွေပါ…
      သူတို့ရဲ့ သတင်းထောက်ကဒ်မှာ ဘာရေးထားသလဲဆိုတော့ …
      ယခုကဒ်ပြား ကိုင်ဆောင်ထားသူ ဦး ဘယ်သူ ၊ မှတ်ပုံတင် အမှတ် ဘယ်လောက် ဘယ်လောက်သည် ကျွန်တော်တို့ သတင်းစာတိုက်မှ အသင်းသား တစ်ဦး ဖြစ်ပါသည် ။ လူကြီးမင်း အနေဖြင့် ဤကဒ်ပြား ကိုင်ဆောင်ထားသူအား လိုအပ်သော အကူအညီများ တတ်နှိုင်သမျှ ပေးစေလိုပါသည် ။ တဲ့
      ဒီတော့ ကိုယ်တို့ ရွာသူားတွေကို တတ်နှိုင်သမျှ အကူအညီလေး ရစေချင်ပါတယ်ကွာ …။
      ပြီးတော့ safe လဲ ဖြစ်စေချင်တယ် …

  • MaMa

    January 12, 2012 at 9:10 am

    ဦးဖက်ရေ- သဂျီးကို ကြပ်တာတော့ မဟုတ်ပါဘူးနော်။

    😀

  • Thel Nu Aye

    January 12, 2012 at 9:31 am

    အင်မတန်ကောင်းသောပိုစ့်ပါ။ ဖြစ်သင့်ပါတယ်။

  • ဦးဦးပါလေရာ

    January 12, 2012 at 9:52 am

    ကျွန်တော် နဲနဲ ရှုပ်ထွေးနေတာလေးရှိပါတယ်။
    အခုလို အင်တာနက်မှာ စာဝင်ရေး အထောက်အထား (ဓါတ်ပုံ/စာရင်းဇယားစသည်) တင်ပြတာတောင် ဥပဒေဘောင်နဲ့ သေသေချာချာကင်းလွတ်ရဲ့လားဆိုတာပါ။
    ဒီနိုင်ငံမှာ အဲဒီအတွက် ရှင်းလင်းတဲ့ ဥပဒေမရှိသေးဘူးထင်ပါတယ်။
    တရားဝင်လုပ်ချင်ရင် အဲဒါလေးလဲ စဉ်းစားရမယ့်အချက်ပါ။

  • etone

    January 12, 2012 at 10:08 am

    လေးဖက်ကြီးမေးတာ ထောင့်စေ့လှပါတယ် … ။
    ကျွန်မလည်း ဟိုးတလောက စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုသွားခဲ့ဖူးတာ … မေးခွန်းမမေးခင် သူများတွေက ဘယ်ဂျာနယ်တိုက်ကပါ ဆိုပြီး မိတ်ဆက်တယ် … ။ အတန်းရှင်းရယူတဲ့ သဘောနဲ့ပေါ့ .. ပြီးမှ မေးခွန်းစမေးတယ် … ။
    ကိုယ်က ဘယ်ကပါလို့ပြောလို့မရတော့ … မေးချင်ပေမယ့် ဘာမှ မမေးပဲ ရေငုံနှုတ်ပိတ် နားထောင်ပြီးပဲ ပြန်ခဲ့ရတယ် … ။ 🙂

  • ငပေါက်ဖော်

    January 12, 2012 at 10:25 am

    ဦးဖတ်တီးကိုထောက်ခံပါ၏..
    သဂျီး
    သများတို ့ကို ကဒ်ထုတ်ပေးပါ..သတင်းထောက်ကဒ်..အတင်းထောက်ကဒ်..အိုးရက်စ်..

  • ကြောင်ကြီး

    January 12, 2012 at 10:45 am

    ဦးဖက်တီးပြောသလို လုပ်ချင်ရင် မန်းဂေဇက်ရဲ့ ဖွဲ့စည်းပုံ၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှု အားလုံးကို ပြန်ပြင်မှ ရလိမ့်မယ်။ မလွယ်လောက်ဘူး။ အထောက်အထားလိုချင်လျင် ကြောင်ကြီး၏ကြောင်ချီးဂေဇက် မကြာမှီလာမြည်မြှော်……

  • htet way

    January 12, 2012 at 11:23 am

    ဒီလိုပါခင်ဗျား သတင်းထောက် ကဒ်ပေါင်းစုံ ကျွန်တော်မှာရှိပါတယ်။
    မီးလောင် သတင်းတို့ အခြားအရာတွေ အရင် အစိုးရ လက်ထက်မှာရေးခွင့်မရှိပါဘူး။
    နောက်တခုက ဂျာနယ် သတင်းထောက် မူခင်းရေးချင်ရင် ပထမဆုံး စခန်းမှူးထောက်ခံချက်
    ယူရပါတယ်။ ပြီးမှ FIRမှာကူးပြီးသူတို့ကိုရေးပြီးသားပြ ပြီးမှဂျာနယ်ပို့လုပ်ရတာပါ။
    သတင်းရေးတော့ မယ်လို့ စဉ်စားပြီးရင် တော့ အမုန်းခံနိုင်လားသတ္တိအရင်မွေးပါ။အရင်ကဆို
    အာဏာပိုင်က ရန်လုပ်တာခံရတယ်နော် အခုပြောတာမဟုတ်ပါ။နောက်တခု ကအင်တာ
    ဗျူးရေးချင်တာပဲ ရေးဗျာ ကဒ်တွေဘာတွေမလိုပါဘူး ဂေဇက်ကို လူတိုင်းသိတယ် အဲ့ဒီမယ်
    ထည့်မယ်ပေါ့ ရတယ် တလောက ဗိုလ်မှူးဘရှင် သမိုင်းပညာရှင် အခမ်းအနားမှာ မ
    ဖိတ်ဘဲ ခပ်တည်တည် တက်တယ် မွတ်စလင်တွေ ဦးဆောင်းသူတွေက ပညာတတ်တွေလေ
    သို့သော် လစဉ်ထုတ် မဂ္ဂဇင်းတွေတော့ ဖတ်ပုံမရဘူး ။ ဘယ်သူကထက်ဝေးဆိုတဲ့ ကောင်ကို သိမလဲ
    ဘယ်သူမှလည်းဂရုမစိုက်ဘူး ဒါလည်းခပ်တည်တည်ပါပဲ။ဒါတောင် အစ္စလာမ် အလင်း စာစောင်မှာကဗျာတွေ အများကြီးပါတာနော် ။ပရဟိတ ကျောင်းက ကိုရင် လေးတွေကို မေတ္တာနဲ့
    ဆေးကုပေးတယ်ဆိုတဲ့ သတင်းကို ဆရာတော် ဦးဥက္ကာက ရေးထားတာဓါတ်ပုံနဲ့ပါတယ်။
    နောက် အခမ်းအနားကျင်းပတဲ့ လူတွေကလည်းတချို့သိတယ် ဘယ်သူမှလာစကားပြောဘူး
    ဒီတော့ကား တာဝန်ရှိသူကို ရေခဲမုန့်လိုက်ချတဲ့ လူနဲ့ ခေါ်ခိုင်းလိုက်တယ် လာတယ်ဗျာ
    ခင်ဗျား ကမ္ဘာသိ မြန်မာသမိုင်းပညာရှင် ဗိုလ်မှူးဘရှင် အကြောင်းက အရေးကြီးတယ် သူကလည်းခေါင်းညိတ်တယ် ခင်ဗျား မန္တလေး ဂေဇက်ဆိုတာ ကြားဖူးလားလို့မေးတော့
    ခေါင်းညိတ်တယ်ဗျ ဒါနဲ့ ကဲပြော ကျုပ် ရေးပေးမယ် ဘယ်သူလုပ်တာလဲ ရည်ရွယ်ချက် ..ဘာညာမေးတာပေါ့ဗျာ အဲ့ ဒီမှာလူဝိုင်းတာပဲ ကျွန်တာ် လုပ်ချက် ကို ပြောတာပါ
    လုပ်စားတာတော့ မဟုတ်ဘူးနော် ရေးချင်ရင် ရေးလို့ရတယ်ဆိုတာပြောတာပါနောက် တခုက
    သတင်းရေးဖို့ ကတော့ စဉ်းစားပေါ့ဗျာ အကုန် မလွတ်သေးဘူး စာနယ်ဇင်းဆိုင်ရာ သိဖွယ် ဥပဒေကို
    နားလည်ထားရမယ် ကျွန်တော်သိသလောက်ပြောတာပါ ကျွန်တော် မတောက်တခေါက် အသိ
    လေးပါနော်။အမှားပါရင်လည်းခွင့်လွတ်ကြပါ။နောက် လမ်းကို ဓါတ်ပုံ ရိုက်ပြတယ် သတင်းထည့်တယ်
    ဥပဒေအရ ဆိုတာက …ရတယ် စွဲတယ်ဗျာ။ ဒီတော့ ထည့်ချင်ရင် မူခင်းရှု့ထောင့်ဂျာနယ်မှာ
    ဖြစ်ရပ် ပြင်ဆင် ဆို့ တဲ့ က္ဌကို ရေး ကလောင်ခွဲနဲ့ ရေး ဘာမှ မဖြစ်ဘူး တိုင် စာမှာဆိုရင် အရင် က
    စွဲတယ် ဂျာနယ်မှာပါရင် တော့လုပ်တာမတွေ့ဘူးသေးဘူး။ဓါတ်ပုံ ရိုက်တာလည်း ဥပဒေရှိတယ်လေ။
    သူကြီးအနေနဲ့တော့ စာပေနဲ့ စာနယ်ဇင်းကဒ်လို အပုဒ်ဘယ်လောက်ပါရင် သတ်မှတ်ချက်နဲ့
    အဖွဲ့ ဝင် ကဒ်တော့ လုပ်ပေးစေချင်တယ်။ ဒါမှ ကျုပ်တို့ ရွာသားတွေ အားလည်းရှိ၊ ညီညွတ်ခင်မင်
    လက်ရည် တပြင် တည်းရှေးကထက်ပိုချစ်နိုင်တာပေါ့။

  • fatty

    January 12, 2012 at 11:31 am

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာတုန်းက ကင်မရာတုံးနဲ့သွားသေးတယ်ဗျ။
    သူများတွေက ကဒ်ပြားလေးတွေပြပြပြီးဝင်သွားလိုက်ကြတာ ကျနော့မှာအပေါက်ဝကပြန်လှည့်လာခဲ့ရပါတယ်။ အဲဒီကထဲက သူကြီးဆီမေးဖို့စိတ်ကူးရပါတယ်။
    နောက်ပြီး မြန်မာနိုင်ငံက ဘိဇနက်သမားအကြီးကြီးတွေကို တွေ့ပြီးဗျူးချင်တယ် အနုပညာရှင်တွေကိုဗျူး
    ချင်ပါတယ် အဲဒါကြောင့် သူကြီးခွင့်ပြုချက်နဲ့ ကဒ်လေးတော့ရှိသင့်ပါတယ်။ ပြီးတော့ ကျနော်က
    ဒီဆိုဒ်ကလွဲပြီးတခြားဆိုဒ်တွေမှာလဲတခါမှမရေးဘူးပါဘူး …။ ကဒ်ထုတ်ပေးခြင်းဖြင့် လခပေးရမည်ဟု
    မဆိုလိုပါ ကျနော်တို့ကအပျော်တန်းပါ။ တကယ်လို့သူကြီးသတင်းစာမှာသုံးချင်တယ်ဆိုမှ စာမူခပေးပေါ့။

    • manawphyulay

      January 12, 2012 at 11:53 am

      လေးဖက်ရယ် ဒီလိုမှန်းသိ မနော ပေးလိုက်ပါတယ်။ မနောမှာ ကျောင်းသားကဒ်ရှိတာ လာယူလို့ရတယ်လေ… 😛

      အင်း အများအားဖြင့် ဘယ်တိုက် ဘယ်ဂျာနယ်ကဆိုတာတောင် အင်တာဗျူးကို သိပ်ပြီး တော်ရုံ လက်မခံကြတာများပါတယ်။ တကယ့်ကို ထိထိရောက်ရောက်နဲ့ အမှန်တကယ်လုပ်ကြည့်မယ်ဆိုရင်တော့ အထောက်အထားတစ်ခုခုတော့ ရှိမှဖြစ်မှာပါ ဒီအတွက် သူဂျီးလည်း တစ်ခုလောက် စီစဉ်ပေးတော့ ပိုပြီး အဆင်ပြေတာပေါ့ရှင်။ ဒီတိုင်း သွားဗျူးတာထက် ဘယ်အတွက် ဘယ်လိုလာရောက်ကြောင်းဆိုရင် ပိုပြီး သတင်းတွေ ဝေဆာမယ်လို့ မြင်မိတာပါပဲရှင်။

  • နွယ်ပင်

    January 12, 2012 at 11:57 am

    လေးဖက်ပြောတာကို ထောက်ခံပါတယ် ။
    အင်တာဗျူးတစ်ခုကို လုပ်မယ်ဆို ကိုယ်တွေက ဘယ်ကပါဆိုပြီး
    ပြောမှ အဗျူးခံရမယ့် သူတွေကလည်း ပေးဗျူးတက်တာမို့
    သူဂျီးဆီက အထောက်အထားလေး တစ်ခုဖြစ်ဖြစ် ကဒ်ပြားလေး တစ်ခုဖြစ်ဖြစ်
    ရရင်တော့ ပိုအဆင်ပြေတာပေါ့ ….

  • Harumoto

    January 12, 2012 at 3:53 pm

    ‘ဘ’ ငါးလုံး အနည်းဆုံး ပြည့်အောင်ရေးနိုင်သူတွေကို
    ထုတ်ပေးသင့်ပါတယ် သူကြီးခင်ဗျား။
    ‘ဘ’ ငါးလုံးမှ မသိရင် မဖြစ်ဘူးနော်…….။

  • kai

    January 12, 2012 at 4:21 pm

    ယူအက်စ်မှာ..သတင်းသွားယူရင်.. အခြေခံဥပဒေအရအကာအကွယ်ပေးထားတာကြောင့်. .. သတင်းယူတာပါပြောရင်…(သာမန်အားဖြင့်) တားမြစ်ခွင့်မရှိဘူးဗျ…။
    သတင်းစာထုတ်နေတဲ့..သက်တမ်းကလည်း အင်မတန်စကားပြောပါတယ်..။
    အပြန်အလှန်အနေနဲ့.. သတင်းသမားကလည်း.. ဥပဒေ… စည်းမျဉ်းစည်းကမ်းတွေနားလည်ရတယ်ပေါ့..။
    ရဲအမှုတွေမှာဆိုရင်တော့.. အဝါရောင်ကြိုးတားလိုင်းအထဲဝင်ချင်တယ်ဆိုရင်.. ဆိုင်ရာမြို့နယ်ကရဲတပ်ဖွဲ့ဆီမှာ… ကြိုခွင့်တောင်းထားတာကို လယ်ပင်းဆွဲထားပြီးမှရတယ်..။
    ပုဂ္ဂလိက(ဥပမာ – အော်စကာဆုပေးပွဲ)မျိုးဆိုရင် ကြိုလျှောက်ရတယ်..။
    အိမ်ဖြူတော်လိုနေရာတန်းဝင်သတင်းယူချင်ရင်တော့.. ကြိုလျှောက်ရပါတယ်..။
    အဲဒါမျိုးဆိုရင်တော့.. အက်ဖ်ဘီအိုင်က.. နောက်ကြောင်းစစ်ထားပြီးတဲ့..သတင်းထောက်မှရတယ်..။

    ထားပါတော့…
    ပြောချင်တာက…
    မြန်မာပြည်မှာလည်း… လွတ်လပ်စွာရေးသားပြောဆိုခွင့်..အခြေခံဥပဒေနဲ့..ပြဌာန်းကာကွယ်ပေးထားပြီလို့.. သိထားပါတယ်..။
    ဆိုတေ့ာ.. မည်သူမဆို.Citizen Journalist… ဖြစ်နိုင်တာပေါ့..
    Citizen Journalist ကို.. သတင်းလွတ်လပ်ခွင့်ကို.. အားဖြည့်တဲ့အနေနဲ့.. မန္တလေးဂေဇက်အနေနဲ့က.. မင်န်ဘာကဒ်ပြားတော့ ထုတ်ပေးနိုင်မယ်ထင်ပါတယ်..။
    သတင်းစာတိုက်ကိုယ်စားပြုသတင်းထောက်အနေနဲ့ကတော့.. လစာလုပ်ခလည်း မပေးနိင်.. နောက်ကြောင်းလည်း မစစ်နိုင်သေးတာမို့.. မဖြစ်သေးပါ..
    တချိန်ချိန်…. မြန်မာပြည်မှာ သတင်းစာလာလုပ်ဖြစ်ရင်တော့.. ဖြစ်လာမှာပေါ့.. 😆

    မင်န်ဘာကဒ်ပြား…
    အဲဒီအတွက်.. ကန့်သတ်ချက်တချို့.. စည်းကမ်းတချို့တော့.. ထားချင်ပါတယ်..။
    အဲဒါ စိတ်ဝင်စားသူတွေ.. နည်းနည်းတိုင်ပင်ကြည့်ကြပါလား..။

    • မှော်ဆရာ

      January 12, 2012 at 5:39 pm

      ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ် သူကြီးခင်ဗျား …
      သူကြီးထုတ်ပေးတဲ့ကဒ်က အကာအကွယ်ပေးဖို့နဲ့ အကူအညီ ရဖို့ပဲ ဖြစ်ပြီး
      အလွဲသုံးစား မပြုအောင် စည်းကမ်းလေးတော့ လိုပါလိမ့်မယ်
      လိုအပ်တဲ့ စည်းကမ်းနဲ့ ကန့်သတ်ချက်ကတော့ အချင်းချင်း တိုင်ပင်လိုက်ပါဦးမယ် …

  • zaw min

    January 12, 2012 at 5:11 pm

    ကျွန်တော်အနေနဲ့ကတော့ဗျာ…မန်ဘာတွေစုပြီး လူမူရေးလုပ်ငန်းတွေ၊ပရဟိတလုပ်ငန်းတွေ အကျိုးပြုလုပ်ငန်းတွေစုပေါင်းပြီး လုပ်နိုင်အောင်ဂေဇက် လူမူရေးအသင်းအဖြစ် အရင်ထူထောင်ဖို့ကြိုးစားကြရင်ကောင်းမယ်လို့ ယူဆမိပါတယ်။ ကျနော့်ဆန္ဒကိုပြောတာပါ။ ကန့်ကွက်တာမဟုတ်ပါဘူး…။ ကိုခိုင်ပြောတာကိုလည်းသဘောပေါက်ပါတယ်…

  • htet way

    January 12, 2012 at 5:17 pm

    အမှန်တော့ ဂေဇက်က ထုတ်ပေးသင့်တယ် မန်ဘာပဲဖြစ်ဖြစ် ပေါ့
    အထောက် အထား ၊အသိအမှတ်ပြုတာလေးရှိရင် ကောင်းတယ်လေ
    စည်းကမ်းလည်း ထားရမှာပေါ့။စိတ်ဝင်စားပါတယ်

  • ba gyi

    January 12, 2012 at 5:30 pm

    မေးတဲ့သူရော၊ဖြေတဲ့သူရော၊မန့်ကြသူတွေပါ သည်ကိစ္စကို ဝိပဿနာ ဖြစ်ပေးကြတော့ အလွန်အားယပါ
    ကြောင်း၊ ဂဇက်ကြီး ခိုင်မာရှင်သန်ရေးလည်းဖြစ်နိုင်ပါတယ်။
    မန်ဘာတွေ ကဒ်ထုတ်ပေးပြီး အသိအမှတ်ပြု ပေးရုံ တင်မက၊အဲသည်အဖွဲ့ကို အာမခံပေးတဲ့ အဖွဲ့လည်းတရား
    ဝင်လိုအပ်မှာပါ၊ စည်းကမ်းချက်တွေမှာ လည်း စာနယ်ဇင်းကျင့်ဝတ်အရရော၊တည်ဆဲဒေသတွင်း ဥပဒေအရ
    တွေပါ ထည့်သွင်းစဉ်းစားရလိပ်မယ်ထင်ကြောင်းပါ။ ကိုင်း သူကြီးမင်းရေ မြန်မြန်သာ လာဖွဲ့ပါတော့ဗျား။ ကျနော်ကအကြမ်းဖျင်းပဲအကြံပြုတာပါ ၊အသေးစိတ်ဆက်ဆွေးနွေးကြပါခင်ဗျား။

  • fatty

    January 12, 2012 at 7:07 pm

    ့ကဲ ကိုမှော်ရေ ဆွေးနွေးလိုက်ကြရအောင် ……………။

    • မှော်ဆရာ

      January 12, 2012 at 7:17 pm

      ဟုတ်ကဲ့ ဦးဖက် …

  • ချစ်ရင်ထူး

    January 12, 2012 at 8:04 pm

    ဦးဖက် တို့ ကိုမှော် တို့ပြောတာကို ကျွန်တော်လဲ ထောက်ခံပါတယ်၊ အဲဒီလို အထောက်အထား လေးပြနိုင်မှ (တစ်ချို့နေရာဆိုရင်) အဆင်ပြေနိုင်မှာပါ၊ ကိုယ်က ဘယ်ကပါ လို့မပြောနိုင်တာနဲ့ အလုပ်က အဆင်မပြေတော့တာမျိုး တွေရှိနေပါတယ်၊ ကျွန်တော်လဲ စိတ်ဝင်စားပါတယ် ၊ လိုအပ်တဲ့ ကန့်သတ်ချက်၊ စည်းကမ်းချက် တွေကို တိုင်ပင်ကြည့်ချင်ပါတယ် ..

  • alinsett

    January 13, 2012 at 7:03 pm

    မေးသင့်တ၊ဲ့ မေးခွန်းပါပဲ.။

  • unclegyi1974

    January 13, 2012 at 10:51 pm

    ကိုဖက်ရေလှေခါးကိုကျော်တက်သလိုဖြစ်မနေဖူးလား
    သူကြီးပြောသလိုမန်ဘာအရင်ဖွဲ့သင့်တယ်လို့မြင်ပါတယ်
    သတင်းမေးခွင့်လိုက်ခွင့်ကနောက်တဆင့်လု့ိမြင်ပါတယ်
    လောလောဆယ်သတင်းထောက်အဖြစ်ကိုခု်ိင်ကအသိအမှတ်ပြုလည်း
    မြန်မာမှာကအသိအမှတ်ပြုအုန်းမှကိုး

  • padonmar

    January 13, 2012 at 11:35 pm

    post အပုဒ်ရေ 100 (သို့) point 30000 (အရေအတွက်ကတော့ ညှိကြည့်ပေါ့နော်၊ဒီဂဏန်းက သူကြီး စစ်ချလို့လွယ်မယ့် ကိန်းဂဏန်းပေးထားတာပါ၊ကျွန်မဆို မမီတဲ့ ကိန်းဂဏန်းပါ)
    ရတဲ့သူတွေထဲကမှ
    သူကြီးက နာမည်တစ်ခုကို post တစ်ခုစီတင်ပါ၊
    ကွန်မန့်နဲ့ vote လုပ်ကြပါမယ်။
    ထောက်ခံကန့်ကွက်ခြင်းကို ကိုယ်တိုင် ပွင့်လင်းစွာ လုပ်ကြရအောင်။
    ထောက်ခံ ကွန်မန့် ၁ဝ ခုမှမရရင် (သို့)
    ကန့်ကွက် ကွန်မန့် ၃ခု ထက်ပိုရင် member ပေးမလုပ်ပါနဲ့။

    • weiwei

      January 14, 2012 at 12:17 am

      ရွာထဲက vote ကိုတော့ အယုံအကြည် မရှိပါဘူး အန်တီရေ … 🙂

  • padonmar

    January 13, 2012 at 11:36 pm

    member card ပြောတာပါ။
    (ဂုဏ်ထူးဆောင် အသင်းသားပေါ့)

  • ကြောင်ကြီး

    January 14, 2012 at 9:32 am

    မင်ဘာဖြစ်ရန် အောက်ပါ စည်းကမ်းချက်များအား အဆိုပြုသည်။
    ၁။ ဖင်တွင် အမြီးပေါက်ရမည်။ ထိုအမြီးသည် အငြိမ်မနေရ၊ အမြဲတမ်းလှုပ်ရှားနေရမည်..
    ၂။ နှုတ်ခမ်းမွှေး ကျဲကျဲကားကား ရှိရမည်…
    ၃။ နားရွက်ထောင်ရမည်….
    ၄။ ငါးကြော်ကြိုက်ရမည်…..
    ၅။ နေ့ခင်းဖက်အိပ်၍ ညဖက်နိုးကြားတက်ကြွသူ ဖြစ်ရမည်……
    ၆။ အခုန်အဆင်း ကျွမ်းကျင်လိမ်မာသူ ဖြစ်ရမည်…….
    ရ။ အနံခံကောင်းသူ ဖြစ်ရမည်……..
    ၈။ တလင်တမယားစနစ်ကို ဆန့်ကျင်ရဲသူ ဖြစ်ရမည်……..
    ၉။ ကြွက်၊ ခွေး မုန်းတီးသူ ဖြစ်ရမည်………

    • ဦးဦးပါလေရာ

      January 14, 2012 at 12:53 pm

      ကိုကြောင်ကြီး၏ စည်းကမ်းချက်များနှင့်ကိုက်ညီသောကြောင့် မြွေပါများကို ဂုဏ်ထူးဆောင်မင်ဘာအဖြစ်
      သတ်မှတ်ရန် ထောက်ခံအဆိုပြုပါသည်။

    • ဆူး

      January 14, 2012 at 2:41 pm

      အဖွဲ့ဝင် ကြောင်ကြီး အတွက် အက်ဇေးရှင်းခွေးထီးကြီး တကောင်အား အဖွဲ့ဝင် ကဒ်အဖြစ် ထုတ်ပေးပါမည်။ လုံးဝ မပျောက်မရှ အောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

  • nature

    January 14, 2012 at 4:39 pm

    ဒါဟာ မန်းဂေဇက်တိုးတက်မှုအတွက် နောက်တထစ်တက်မဲ့လှေကားထစ်ဖြစ်နိုင်တယ်။ သူကြီးအတွက်အခွင့်အရေးပဲလို့ထင်ပါတယ်။ စည်းကမ်းနဲ့တာဝန်အပိုင်းကတော့ တော်တော် အခြေတင်ဆွေးနွေး ဖို့ လိုမယ်ထင်ပါတယ်။ တိုးတက်မှုရယူဖို့အတွက်ပေးဆပ်ရမှာကတော့ သူကြီးရဲ့တာဝန်ယူမှု လို့ထင်ပါတယ်။ အစကတော့နောက်ပြီးရေးမလို့ပါပဲ။ ဒါပေမဲ့အားလုံးက အလေးအနက်ရေးနေကြတော့ point of view ကိုပြောင်းပြီးရေးလိုက်တာပါ။

  • ကိုရင်စည်သူ

    January 14, 2012 at 7:44 pm

    ရွာခံ ပလက်တီနမ် ဂိုးအဆင့်ရှိတယ် ရွာသူားတွေကို
    ဂေဇက်အသိအမှတ်ပြု ကတ်ပြားလေးတစ်ခုတော့
    လုပ်ပေးထားသင့်တယ်ထင်တယ်ဗျာ…
    ဘာပဲဖြစ်ဖြစ် သတင်းယူတော့လည်း အဲ့အပြားလေးရှိတော့
    ရှိန်တာပေါ့နော်.. သဂျီးရေ… ဒီအခွင့်အရေးအသုံးချနိုင်ရင်
    အနာဂတ်ကျနော်တို့ ရွာအတွက် အခြေပြု တိုးတက်မှုတစ်ခုလို့မြင်တယ်ဗျာ..
    ဒီပို့စ်ရေးသားတဲ့ ကိုရင်ကြီးဦးဖက်တီး အတွေးအခေါ်ကိုလည်း
    လေးစားမိပါတယ်ဗျာ… ဆက်လုပ်ကြပါ…

    အားပေးနေပါ့မယ်…
    ကိုရင်မိုးတိမ်စည်သူ

  • padonmar

    January 14, 2012 at 9:29 pm

    ဝေဝေရေ
    ရွာထဲက vote တွေကို ယုံကြည်ရအောင် point ၁၀၀၀ဝအထက် ရထားသူတွေ မှ vote တစ်ခါသာပေးခွင့်ပြုပေါ့၊
    (၁၈ နှစ် အထက်မှ မဲပေးရသလိုလေ)

Leave a Reply