ခွင့်လွှတ်လို့တော့ရပါသည် သို့သော် မေ့ပစ်လို့တော့မရပါ…

  ယနေ့အချိန်ထိ လက်ရှိအစိုးရ နဲ့ သမ္မတကြီးတို့လုပ်ဆောင်ချက်တွေက ထင်သာမြင်သာရှိသောပြောင်းလဲမူတွေပါပဲလို့ဆိုနိုင်ပါတယ်…ကျန်တာကတော့ အတိတ်ကဖြစ်ရပ်ဆိုးတွေရဲ့နောက်ကို ဘယ်တော့မှပြန်မရောက်အောင်ထိမ်းသိမ်းဖို့ပဲလိုပါတယ်…

အတိတ်ဆိုတာပြီးဆုံးခဲ့ပေမယ့် ရင်ထဲမှာတော့ သမိုင်းဆိုတာတင်ကျန်ခဲ့ပါတယ်…ပြီးခဲ့တာတွေအတွက် သင်ပုန်းချေပြီး ခွင့်လွှတ်လို့ရနိုင်ပေမယ့် ဘယ်တော့မှ မေ့ပစ်လို့တော့မရနိုင်ပါ။

ဒီအချိန်မှာ ပြန်လည်လွှတ်မြောက်ကြသူများအတွက် ဝမ်းသာကြည်နူးနိုင်ပေမယ့်၊ကျန်ရှိနေသေးတဲ့သူတွေအတွက် ဆက်လက်ပြီးလွှတ်မြောက်ရန်အတွက် ကြိုးပမ်းဖို့တော့လိုပါအုံးမယ်…အသက်ပေးပြီးစွန့်လွှတ်အနစ်နာခံသွားတဲ့လူတွေအတွက်တော့ သူရဲကောင်းဆိုတဲ့ ဘွဲ့နဲ့ပဲ ဖြေသိမ့်လိုက်ရမှာပါ…

ကျနော်တို့တွေရှေ့ကို ဒီအတိုင်းခိုင်မြဲတဲ့စိတ်ဓါတ်တွေနဲ့ဆက်လက်ချီတက်ကြပါစို့….

ပြန်တွေးကြည့်ရင် အလွန်နှမြောဖို့ကောင်းတာက ပေးဆပ်သူတွေရဲ့ ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေပါပဲ…အနှစ်(၂၀)ဆိုတဲ့ အချိန်ဟာ တိုင်းပြည်တစ်ခုကို ကောင်းစွာတည်ဆောက်ပြီးစီးနိုင်ပါတယ်…ကျနော်တို့ရောက်ရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊မလေးရှား၊ဗီယက်နန် စသည့်တိုင်းပြည်များ ၊များစွာကျော်တက်သွားကြပါပြီ…နောက်ကနေ မှီဖို့ကိုအားသွန်ခွန်စိုက်ကြိုးစားနိုင်မှတော်ယုံကျမည်။ဘာသယံဇာတမှ မထွက်၊သောက်စရာရေတောင်မရှိတဲ့ နိုင်ငံ၊သူများတိုင်းပြည်တွေရဲ့ မြို့တစ်မြို့သာသာရှိတဲ့ စင်္ကာပူမှာ မြန်မာနိုင်ငံသားတွေအလုအယက် ကျွန်ခံနေရတာ အလွန်ပင်နှမြောဖို့ကောင်းလှပါတယ်…ကျနော်ရောက်ရှိစဉ်အချိန်က စင်္ကာပူမှာလူဦးရေ ၂ သန်းတောင်မပြည့်သေးပါဘူး…ကျုပ်တို့မှာ လူဦးရေ ၅၈သန်းရှိတယ်ထား၊ထားပါတော့ သန်း ၅ဝ ပဲရှိအုံးတော့…ကိုယ်လက်အင်္ဂါသန်စွမ်းသူက သန်း ၂ဝ ပဲရှိတယ်ဆိုရင်တောင် (၁၀)နှစ်အတွင်း တိုးတက်အောင်ကြိုးစားလို့ရနိုင်ပါသေးတယ်…

ရေသာခိုအချောင်သမား ပေါ့ပေါ့နေ၊ပေါ့ပေါ့စား အလုပ်သမားတွေ၊ဝန်ထမ်းတွေမရှိဘူးဆိုရင်ပေါ့ဗျာ…

အဲဒီတော့..အတိတ်ကအဖြစ်တွေကို နမူနာယူပြီး၊လက်ရှိပစ္စုပန်မှာကြိုးစား၊လှပတဲ့ အနာဂတ်တွေကို တည်ဆောက်ကြပါစို့…

“တစ်တိုင်းပြည်လုံး ကြီးပွါးစေချင်ရင် လူအား၊ငွေအား၊ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။  ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ရှမ်း၊ကချင်၊ချင်းတို့တစ်ခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။လုပ်ကြည့်မှလည်းသိနိုင်တယ်။”

(ဗိုလ်ချုပ်အောင်ဆန်း၏မိန်ုခွန်းများမှ)

 

12 comments

  • စိန်ပေါက်ပေါက်

    January 17, 2012 at 7:34 pm

    အို..
    ရွာစားတို ့..

    အတိတ်ကအဖြစ်တွေကို နမူနာယူပြီး၊လက်ရှိပစ္စုပန်မှာကြိုးစား၊လှပတဲ့ အနာဂတ်တွေကို တည်ဆောက်ကြပါစို့…

    အရင်လိုပြန်မဖြစ်ရအောင် ဝိုင်းဝန်းကြိုးပမ်းကြပါစို ့

  • windtalker

    January 17, 2012 at 9:19 pm

    ဒါတွေဟာ ဘိုနေဝင်း ရှုပ်သွားခဲ့တဲ့ အမှိုက်တွေကြောင့်ဗျ
    အခုတော့..အားလုံး ပြန်အဖတ်ဆယ်ရာမှာ အောင်မြင်ရေးလမ်းကြောင်းပေါ် စနင်းနေပြီလို ့သတ်မှတ်ရမှာဘဲဗျို ့

  • bigbird

    January 17, 2012 at 10:11 pm

    မှန်လိုက်တာဗျာ…တိုင်းရင်းသားအားလုံးစည်းလုံးညီညာစွာနဲ့ရှေ့သို့ကြိုးစားချီတက်ကြပါစို့။

  • ဒီအချိန်မှာ ပြန်လည်လွှတ်မြောက်ကြသူများအတွက် ဝမ်းသာကြည်နူးနိုင်ပေမယ့်၊ကျန်ရှိနေသေးတဲ့သူတွေအတွက် ဆက်လက်ပြီးလွှတ်မြောက်ရန်အတွက် ကြိုးပမ်းဖို့တော့လိုပါအုံးမယ်…အသက်ပေးပြီးစွန့်လွှတ်အနစ်နာခံသွားတဲ့လူတွေအတွက်တော့ သူရဲကောင်းဆိုတဲ့ ဘွဲ့နဲ့ပဲ ဖြေသိမ့်လိုက်ရမှာပါ…
    ကျနော်တို့တွေရှေ့ကို ဒီအတိုင်းခိုင်မြဲတဲ့စိတ်ဓါတ်တွေနဲ့ဆက်လက်ချီတက်ကြပါစို့….

    စာရေးသူရဲ ့စာသားတွေကို ကူးယူ၍ပြန်မန် ့လိုက်ပါတယ်။လေးစားပါတယ် အကိုရေ။

  • zaw min

    January 17, 2012 at 11:39 pm

    လွှတ်လပ်ပြီးစည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေးအတွက် နိုင်ငံသားတိုင်းစည်းကမ်းရှိရှိ၊လွှတ်လွှတ်လပ်လပ် အနှောင်အဖွဲ့မရှိပဲ ရဲရဲဝင့်ဝင့်ပြောနိုင်၊ဆိုနိုင်ကြဖို့တော့လိုပါတယ်…

  • ဦးဦးပါလေရာ

    January 17, 2012 at 11:43 pm

    ဗိုလ်ချုပ်စကားကို ဘယ်တော့ စ နားထောင်မလဲ ဆိုတာအပေါ်မူတည်ပါတယ်။
    ၈၈-တုန်းက ဖြစ်သွားခဲ့တာတွေဟာ တကယ်နှမြောစရာကောင်းတယ်။
    အဲဒီတုန်းကသာ တိုင်းပြည်အကျိုး ဆိုတာလေး တခုထဲ အာရုံထားပြီး
    စုစုစည်းစည်း ညီညီညွတ်ညွတ်ရှိခဲ့ရင် – အခု ဆို ၂၅ နှစ်ရှိပြီ။
    တော်တော်အရှိန်ရနေလောက်ပြီ…။

  • kai

    January 17, 2012 at 11:59 pm

    Forgive, but don’t forget. တဲ့..။
    ကမ္ဘာကျော် စကားပဲ..။

  • timothy

    January 18, 2012 at 4:02 am

    Never in our life, never ever ever again, we would suffer under the crime-ridden military fascism. We will defend the liberty, if we get it, by our blood and sweat to the last drop of it.
    ၁၉၆၂ နှစ် မှာ ဗိုလ်နေဝင်း က ဘာ့ကြောင့် ဒီမိုကရေစီကိုစစ်ဘိနပ်နဲ့နင်းခြေပြီး အရပ်သားအစိုးရက်ိုဖြုတ်ချရလဲ။
    ၁၉၅၈မှာသ္ခင်နုက ဘာ့ကြောင့်ကိုယ့်နိုင်ငံရေးသမားအချင်းချင်း သဘောထားကွဲတာမှာ၊
    မဆီမဆိုင်နဲ ့ဗိုလ်နေဝင်းကိုနေရာပေးအာဏာအပ်ရတာလဲ။
    အဲဒီတုံးက နိုင်ငံတော်တရားသူကြီးချုပ်ကို လုပ်ထုံးလုပ်နည်းအရအာဏာခေတ္တပေးရမှာကိုမယုံလို့တဲ့။ အမေတော်ဒွေးတော်လွမ်းပြီး ဘာမှမဆိုင်တဲ့စစ်ခေါင်းဆောင်ကို အာဏာအရသာလေးသွားပေးလိုက်တယ်လေ။
    လာဘ်စား၊ပြည်သူ့ငွေအလွဲသုံးစားလုပ် ၊မိမိနဲ့သင့်မြတ်သူ ၊မိတ်ဆွေ၊ဆွေမျိုးများကိုသာနေရာပေး ၊မိသားစုကောင်းစားရေးကိုသာ တစိုက်မတ်မတ်လုပ်နေရင် ဘာ့ကြောင့်စစ်ဘိနပ်အောက်က အသေခံအနာခံပြီးတိုက်နေဘို့လိုနေမလဲ။ အဲဒီအကျင့်ဆိုးတွေမဖြောက်ကြလို့ကတော့ လွတ်လပ်ရေးအခုရခဲ့ရင်လဲ၊
    ဖယိုဖရဲဖြစ်ပြီး စစ်တပ်အောက်မနှေးနဲ့အမြန်ပြန်ရောက်မှာဘဲ။
    သန်းပေါင်းများစွာသော ဆင်းရဲသားပြည်သူလူထုရဲ့လူနေမှု အဆင့်အတမ်းကိုမြေတောင်မမြှောက်ပေးနိုင်ရင်၊
    ဘယ်အစိုးရမဆိုလူထုနဲ့ကင်းဝေးသွားမယ်။ စစ်တပ်ကဘဲအုပ်သွားမှာဘဲ။
    အားလုံးအနာခံခဲ့ရတာကိုသင်ခန်းစာနာနာယူနိုင်ပြီး ၊အကျင့်ဆိုးစရိုက်ဆိုးတွေကိုပြင်၊ အများပြည်သူကောင်းစားရေကိုသာ တစိုက်မှတ်မှတ်လုပ်နိုင်ကြပါစေ။
    လွတ်လပ်ရေး အဓွန့်ရှည်ကြာစွာထိန်းသိမ်းနိုင်အောင်၊ အားသွန်ခွန်စိုက်လုပ်လိုက်ကြပါစို့။

  • kokothandar

    January 18, 2012 at 8:57 am

    ဦးနုဟာ ဦးနေဝင်းကိုအာဏာ အပ်တာ မျေက်ကိုငှက်ပျောခြံစောင့်ခိုင်းတာ ဖြစ်တယ် ဗိုလ်နေဝင်းကလဲ
    ကျေးဇူးသိတတ်ပါရဲ့ ဦးနုကို အေးအေးဆေးဆေး နေရအောင် ထောင်ထဲပို့ပြီး စရိတ်ငြိမ်းကျွှေး ထားလိုက်ပါ
    သေးတယ် အဲဒီကတည်းက စစ်ဗိုလ်တွေ အာဏာရူးခဲ့ ကြလို့တိုင်းပြည် တိုးတက်မှု မရခဲ့တဲ့ သလို
    ယုံကြည်ချက် ဖေါ်ထုတ်ရင် ရိုက်ပြီး ထောင်ထဲ့ပို့တဲ့ စရိုက်ဆိုးတွေ ပေါ်လာတာဘဲ
    ဦးနေဝင်းကတော့ဘဝ ငြိမ်းခဲ့ပြီ
    အင်း……..နောက်ထပ်တစ်ယောက်……….နောက်ထပ်တစ်…..နောက်ထပ်..နောက်…

    သံသရာတစ်ပတ်

  • Shwe Tike Soe

    January 18, 2012 at 10:41 am

    ဟုတ်ပဗျာ.. ဘယ်လို.မှမေ့လို.မရနိုင်တဲ့ အကြောင်းအရာကြီးပဲ.. ဒါပေမယ့် အဲဒါတွေပြန်လှန်တွေးနေရင် စိတ်ပင်ပန်းပြီး အကုသိုလ် များတာပဲရှိတာ.. ကဲ.. အခု ကျွန်တော်တို. လှမ်းမြင်နေရတဲ့ နေရောင်ခြည် အလင်းရောင်လေးဆီ ကို တက်ညီလက်ညီ သွားလိုက်ကြပါစို. ….

  • kyeemite

    January 18, 2012 at 11:48 am

    Forgive, but don’t forget.
    သမိုင်းဆိုတာမေ့ပျောက်လို့မရနိုင်စကောင်းပါဘူး…
    တနေ့နေ့မှာ..၈၈ ကစပီး ဒီနေ့အထိ ဒီမိုကရေစီရေး လူ့အခွင့်အရေး တွေအတွက် အသက်စတေးခဲ့ရတဲ့
    အညတရ ပြည်သူပြည်သားတွေ စါရင်းကိုပြု စုပီး မှတ်တမ်းတင်ဂုဏ်ပြုသင့်တယ်ဗျာ..
    NLD လိုပါတီမျိုး ကဦးဆောင်ပီး ကြေငြာလိုက်ရင် ကျန်တဲ့မိသားစုဝင်တွေကစာရင်းပေးလာကြမှာပါ..
    စစ်အာဏာရှင်လက်ထက်မှာကတော့ ကိုယ့်အမျိုးတစ်ယောက် ဒီမိုကရေစီရေး လူ့အခွင့်အရေး တွေအတွက် အသက်စတေး ခဲ့ရရင်တောင် လူမသိအောင်နေရတဲ့ဘဝပါ..ကျန်ရစ်သူတွေကိုပါရန်ရှာတတ်လွန်းလို့..
    တောက်..ပြောရင်းနဲ့ စိတ်နာတယ် မောင်ခင်ညွန့်ရေ…တသက်လုံးမမေ့ဘူးကွ…

  • zaw min

    January 18, 2012 at 4:52 pm

    သူကြီးကိုခိုင်ရေ…Forgive,but don’t forget. ကမ္ဘာကျော်စကား။လောလောဆယ်တော့ ဘရာကျော်ကျော်ကုလား…ဖြစ်နေတယ်။
    ကွန်ုမန့်ပေးသူအားလုံးကိုလေးစားပါတယ်…ကို kyeemite ရေ..ကျနော်ကပုဂ္ဂိုလ်ရေးနဲ့မသက်ဆိုင်စေချင်ပါဘူး…သမိုင်းတင်ကျန်ခဲ့တာတွေကို မမေ့စေချင်တဲ့ဆန္ဒတစ်ခုထဲပါ။အမှန်တော့…သူတိ်ု့မှာနာမည် ခံရတာလည်းပါပါတယ်။ဥပမာ…ပုံ…စိန်လွင်..
    ပုံ…ခင်ညွန့်..အဲတာတွေက သူတို့ရဲ့ ဆန္ဒအစစ်အမှန်တွေမဟုတ်ဘူးလို့ထင်ပါတယ်…ဟိတ်ကောင်..မင်း ဒီလိုပြောလိုက်…ဒီလိုလုပ်ဆိုတာ သူတို့အထဲက လူချင်းသိတဲ့ကိစ္စပါ။

Leave a Reply