စစ်ကိုင်းမုံရွာဘက်မှ၊မြန်မာ့အမွေအနှစ်များနှင့်၊အံ့ဩဘွယ်ရာဖြစ်ရပ်များ။ဇတ်သိမ်း။
ဖိုးဝင်းတောင်ကတော့အဝေးကကြည့်လျှင် လောင်းလှေကြီးမှောက်အုပ်ထား သောပုံဖြင့်မြင်ရ ကြောင်း လည်း ပြောပြပါသည်။ဖိုးဝင်းတောင်သမိုင်းကို သမိုင်းဆရာတို့က နှစ်အမျိုးမျိုးသတ်မှတ်ကြသည်။
အရှင်ဉာဏဝံသ ၏၊ဖိုးဝင်းတောင်သမိုင်းစာအုပ်တွင်သက်တမ်း နှစ်ပေါင်း ငါးရာ မှစခဲ့သည်ဟု၎င်း။
သမိုင်းဆရာကြီးဒေါက်တာ သန်းထွန်းက အနှစ်ပေါင်း သုံးရာ ဟုမှတ်ချက်ပြုဘူးကြောင်း၎င်း။
မြန်မာ့ရှေးဟောင်းသုတေသနဌာနမှ နှစ်ပေါင်း ခွန်နှစ်ရာ ဟု၎င်း။ အမျိုးမျိုးကွဲပြားကြသော်လည်း၊ကဗ္ဘာ့ရှေးဟောင်းအမွေအနှစ်နယ်မြေ ထဲတွင်ထည့်သွင်းခံထားရကြောင်းကို ဂုဏ်ယူ ဘွယ်ရာ သိရပါသည်။
တောင်ပေါ်အတက်လှေခါးမှာပင် မျောက်စာရောင်းသူတွေမှစည်းကြိုကြသည်၊လူအုပ်မြင်သည်နှင့်မျောက်များက ၊ ပုဆိုးဆွဲ ၊ဘောင်းဘီစဆွဲကာ အစာတောင်းကြတော့ပြီ၊ကောင်မလေးတွေ ကကြောက် လန့်ပြီး ဘကြီးပါမနေရတော့၊ဘကြီးရဲ့လက်မောင်းကြီးကို ဘယ်တစ်ယောက်၊ညာတစ်ယောက်၊မလွတ်တမ်းဖက်တွယ်ကြရော့ပြီ၊ တစ်ယောက် မဟုတ်နှစ်ယောက်၊ဆိုတော့ ဘကြီးလည်းကြံရာမရ ၊နောက်ဆုံး၊ မျောက်မျက်နှာတည့်တည့် ကင်မရာဖြင့်ချိန်ပြီး တစ်ဖြတ်ဖြတ် ရိုက်တော့မှ မျောက်မသားတွေ လန့်ပြီးအနားမကပ်ကြတော့ပါ၊( ရင်တုန်လိုက် ဘိဖြစ်ခြင်း။)
လူဆိုတာမျောက်မှဆင်းသက်သည်ဆိုတဲ့ အယူအဆ မှန်မမှန် တော့မသိ၊ လူနှင့်တော့အကျင့်တော်တော်တူသည်၊အစာတစ်ထုပ်ပေးလို့မသွား၊ဘေင်းဘီစကိုဆက်ဆွဲကာထပ်တောင်းသည်၊ဈေးသည်တွေက အဲဒါနောက်တစ် ထုပ် ပေးမှသွားမှာဆိုလို့၊နောက်တစ်ထုပ်ထပ်ပေးလိုက်မှ မုန့်ထုပ်နှစ်ထုပ် ကိုင်ပြီး ကျန်မျောက်တွေနဲ့ဝေးရာ သစ်ပင် ပေါ်တက်ပြေးပြီး၊အေးအေးဆေးဆေးသွားစားသဗျား။အဲသည်နေရာမှ ဆက်ပြီးတောင်ပေါ်တက်လာတော့ စောစော ကမျောက်အုပ်စုလိုက်မလာတော့ပဲ၊နောက်မျောက်တစ်အုပ်မှပြေးလာပြီး့ကြိုဆိုကြပြန်ပါတယ်၊ အဲသည်တောင်မှာ၊မျောက်အုပ်စု သုံးစုရှိကြောင်း၊ သူ့နယ်မြေနေ ရာ အလိုက်သာနေထိုင်ပြီး၊တစ်အုပ်စုနှင့်တစ်အုပ်စု ရောနှောမှုမရှိကြောင်း၊ (သူတို့မှာမျောက်စည်း၊မျောက်ကမ်း) နှင့်မို့ ဒါတော့လူထက်သာသလိုပဲလို့တွေးရပြန်သည်။ နာက်ဆုံးတောင်တစ်လုံးမှာ တော့ မျောက်ဗိုလ်ကြီးတစ်ကောင်ရှိကာ၊အခြားမျောက်အုပ်စုများနှင့်မနေတစ်ထီးတစ်နန်းနေကာ၊(ချွင်းချက်)၊ သူ့အနားးမှာတော့ မျောက်မလေးငါးကောင်တော့ရှိပါ့ဗျား။ အော် ဒါလည်းလူနှင့်တော့တော်တော်တူသားကရို့ လို့တွေးမိသည်။
ဖိုးဝင်းတောင်စောင်းတစ်နေရာ။
မျောက်စာကြွေးနေတဲ့လူ ၊လူနှင့်မျောက်ဘယ်နေရာတူ —- ပုံမှာ ရှာပြီးပြောနိုင်သူ ဆုချမယ်။ 5000 တန်ဖုန်းတစ်လုံးပေါ်ရင်၊မှန်သူများရင် မဲနှိုက်ရမယ်။
လူနဲ့တူတဲ့၊မျောက်လောဘ၊ ဗိုလ်သန်းရွှေကြီးအမျိုးလားမှတ်ရတယ်။ သေချာကြည့်။
ဖိုးဝင်းတောင်ကို ယခုတော့၊ဖိုလ်ဝင်တောင်ဟုသာဆိုင်ဘုတ်တပ်ထားပြီး၊တစ်ကယ်က၊ ဇော်ဂျီ ဦးဖိုးဝင်း နေခဲ့တဲ့တောင် ဖြစ်ပေသည်၊ အနှီ ဦးဖိုးဝင်းကြီးဟာ၊ဖိုးဝင်းတောင်နဲ့မနီးမဝေးမှ စဖိုတောင်မှာ ဂူနန်းနဲ့ အနေများကာ၊ အဲသည်တောင်မှ ထွက်တဲ့ ဇီးဖြူသီး၊ဖန်ခါးသီးတို့ကိုသာစားသောက်ကာ၊ကျင့်ကြံအားထုတ် ဖိုလ်ဉာဏ်ရခဲ့ပါသတဲ့၊၊ဖိုလ်လမ်းစခန်း၊သွားရင်း ရေကန်ထဲမှ ကြာဖူးကြီးထဲမယ်၊သန္ဓေတည်၊ှဖွားတဲ့ မိန်ကလေးငယ်ကိုမွေးစားခဲ့ပြီး၊ သမီးကညာအရွယ် ရောက် တော့၊ လင်ပေးစားဘို့အရေး၊ ဘုရင်နှစ်ပါးအကြားဗျာများခဲ့ရပုံလည်းဇတ်စုံသိရပါသဗျား၊ ရာဇဝင်တွေအရတော့ ဦးဖိုးဝင်းကြီးခေတ်ပြိုင် ပုဂံမင်း နရပတိစည်သူမင်းကလည်း( ဘာတဲ့) ဝါးလုံးထဲသန္ဓေပါလာပြီးမွေး တဲ့ ဝေလုဝတီ မင်းသမီးကိုမွေးပြီး အရွယ်ရောက်တော့ မိဘုရားမြှောက်စားသတဲ့၊ (မွေးစားတယ်ဆိုတာ) အဲသည်ခေတ်ကစခဲ့ တာ ထင် ပါရဲ့၊ ဇတ်လမ်းဆက်ရရင်၊ ဦးဖိုးဝင်းကြီးရဲ့သမီးကိုနန်းတော်အသားဆက်ရတဲ့ မုဆိုးက တောလည်ရင်းမြင်တွေ့ သတဲ့၊အသားကမရတော့ အပြစ်ခံရမှာဆိုးတာနဲ့ ဘုရင်ကို မိန်းကလေးလှကြောင်းပြောပြ ၊ ဟော ဘုရင်ကလည်း၊ သည် ကလေးမဟာ ကြာဖူးထဲ မှဖွားသောသူဆိုတော့ သူ့အဖေ နရပတိစည်သူ တုန်းက( ဝါးလုံး/မင်းသမီး) ကိုယူသလို၊ သူလည်း ထူးထူး ဆန်း ဆန်း လေး ကိုနားကြားရရုံမျှနှင့် အာသာငမ်းမိပါလေရော၊အဲသည်ဘုရင်ကတော့ ပုဂံဘုရင် နရပတိ စည် သူရဲ့သား သီရိဇေ ယျနား တောင်းမင်းဖြစ်ပါသတဲ့။ နောက်ဆုံး မုဆိုးကပဲ ဦးဖိုးဝင်းမွေးစားသမီးကို- (အာကောင်းကောင်း) နဲ့ဖေဇော်ဂျီ အလစ်မှာခေါ်ယူကာ၊နားတောင်းမင်း ထံဆက်သ၊ဘုရင်ကလည်းအလွန်နှစ်ချိုက်သ မို့ချက်ချင်းအဆောင် တော်တည်၊ မိဘုရားမြှောက်သတဲ့၊ ဖေဇော်ဂျီကြီးပြန်အလာ၊ သမီးတော်မတွေ့၊ ကျောက်တုံးမှ အမှာစာကိုသာတွေ့ပြီး၊ဒေါပွကာ၊ချင်းတွင်းမြစ်တစ်ဘက်ကမ်းမှ ဟလင်္ဂပူရပြည့်ရှင်ဘုရင် ပြူလဝမင်းထံ သွားပြီး၊ သူထံဆက်မည့်သမီးကို၊ဘုဂံဘုရင်၏၊မုဆိုးမှ ဖျားယောင်ခေါ်ကာသူရီု့ဘုရင်ထံ ဆက် သကြောင်းလျှောက်တော့၊ နောက်ဆုံးဘုရင်နှစ်ပါးစစ်ဖြစ်မလိုဖြစ်ခဲ့တာ၊ အဲဒါ၊ပုဂံပြည်မှသမီးကိုဖေဇော်ဂျီကြီးမှ ပြူလဝမင်း၏၊တပ်ကိုဦးဆောင်ပြီး၊ ညအချိန်မှာပုဂံတစ်မြို့လုံးကို သူ့ပြဒါးအ စွမ်းနဲ့ အိပ်မွှေ့ချပြီး ၊ပုဂံဘုရင်နားတောင်းမင်းနဲ့အတူရွှေလည် တွဲအိပ် ပျော် နေရှာတဲ့ ကြာဖူးမယ်ကလေးကိုပွေ့ချီကာ၊ သူ့ စဖိုတောင်ပေါ်ပြန်ခေါ်ခဲ့တာပေါ့၊ ပြီးတော့ ပြူလဝမင်း နဲ့ဇွတ်ပေးစားမယ် အလုပ်၊ သမီးကလေး ခဗျာ၊ ပုဂံမင်းကလေးနဲ့သည်ဘဝသည်မျှသာဖြစ်ပေရော့မယ် ဆိုပြီး- ရွှေရင်ထဲ မယ် ( ဖြူဖြူကျော် သိန်းဖြစ်ပြီး ) အဲ ရင်မှာခံစား– မနေနိုင်ပြီ ငါ့အတွက်တော့– အတွင်းကျေ အတွင်းကျေ ဆိုကာဘုံးဘုံး ပစ်လဲကာ သေပွဲဝင်သတဲ့၊အဲသည်လိုအဖြစ်မှာပဲ၊ ဇတ်လိုက် ကျော်ဇော်ဂျီ ဦးဖိုးဝင်းကြီးခဗျာ သမီးသေကိုကြည့်၊ ပူပါဗျာဗွေလို့ နေတုန်းဗြုန်းကနဲဆို သမီးလေးကကိုယ်ထင်ပြ၊ဝင်းဝင်းဝါဝါနဲ့ အယူတိမ်းကာအဲသည်တောင်တော် သခင်မဖြစ် သွား ကြောင်း သိလိုက်ရသမို့၊ဦးဖိုးဝင်းကြီး လည်းသတိ အမြန် ဝင်ကာ၊ တောင်တော်ရှင်သမီးကလေး လည်း စောင့် ရှောက်ရာရောက်စေ ရန်၊သူ့ကျောက်ဂူ ထဲပြန်ဝင်နေပြီး ဖိုကူးမှတော်ရော့မည်ဆို ဖိုဝင်ပြီးဈန်ကူး လိုက်ရာ တစ်ခါတည်း သိဒ္ဒိဝိဇ္ဇာကြီးဘဝဖြစ်ပြီးသွားလေရော့သတည်းတဲ့ဗျား။
အဲသည်နောက်၊မိန်းမပျောက်လို့လိုက်လာတဲ့ ပုဂံပြည့်ရှင် နားတောင်းမင်းနဲ့၊ မြင်သာမြင်မကြင်လိုက်ရရှာသောပြူလဝ မင်းတို့လည်းသတိသံဝေဂရကြကာ၊ စစ်မပြုကြတော့ပဲ၊အဲသည် မင်းနှစ်ပါးခ ဗျာ – ၊စေတီဘုရားတွေ တည်ကြ၊ မင်းသမီးလွမ်းစေတီတည်ကြနဲ့၊ှ ကျောက်ဆစ်ပန်းပုဆရာကြီး ဦးရွှေဘ၏ အခန်းကဏသမိုင်း ထူဘို့ဖြစ် လာပါ သဗျား။
အဲသည်ဖိုးဝင်းတောင်ကြီးမှာ- ပုဂံအနုလက်ရာတွေ၊ပြုံးမင်း ပြူလဝခေတ်ရဲ့အနုလက်ရာတွေအပြင်၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်အနုလက်ရာများသာမက၊ အင်္ဂလိပ်မင်းလက်ထက်ပြရုပ်ဆေးရေး အနု ပညာလက်ရာများစွာကို မြင်တွေ့နိုင်သောသမိုင်းအမွေအနှစ်၊အထောက်ထားများစွာနှင့်ပြည့်စုံသော၊သာမောဖွယ်ရာတောတောင်သာသောနေရာ တစ်ခုဖြစ်ပါကြောင်း၊နိုင်ငံခြားသားခရီး သွားတွေရဲ့လေ့လာ စရာ သဘာဝအရင်းအမြစ်တွေနှင့်ရှုမငြီးဘွယ်ရာ၊မြန်မာ့ဂုဏ်ဆောင် ဒေသကြီးဖြစ်ပါကြောင်း။မြေအောက်သယံဇာတတွေလည်း ဂမ္ဘီယ ဆန်ဆန် တည်ရှိနေပါကြောင်း သမိုင်ဆရာ များ၏၊အာဘော် အရ သိ ရပါသဗျား။( သည်ဇတ်သမိုင်းကိုအရှင်ဉာဏဝံသ ဆရာတော်ကြီးမှရေးသားပါသဗျား။ကျေးဇူးကြီးလှပါကြောင်း။)
ဖေဇော်ဂျီ ဦးဖိုးဝင်းတောင် အဝင်ဝဘုရားခန်းမှ ရှေးဟောင်းမြန်မာ့ အနုပညာအမွေအနှေစ်တစ်ခု။
ဘယ်လောက်ကြက်သရေရှိတဲ့လက်ရာလည်းလို့။ ကိုကြောင်ကြီးတို့ ရွာအာဏာသိမ်းအောင်ပွဲ ခရုသင်းမှုတ်ချင်ရင် အဲ မှာသွားငှားနိုင်တာ်။
အဲသည်နောက် ဘကြီးတို့လူစုသည်၊မုံရွာသို့ပြန်လှည့်ကြပြီး၊လယ်တီဆရာတော်ကြီး၏၊အဓိဌာန်အောင်မြေ၊တောင် တောဦးစေတီကိုဖူးမျှော်ကြပါတယ်၊ အဲသည်စေတီကြီးသည်တော်ပေါ်မှာတည်ထားပြီး၊ ရှုခင်းအလွန်ကောင်းပါကြောင်း၊ ကင်မရာ ဘက်ထရီကုန်သွားပြီးမှတ်တမ်းမတင်ခဲ့ရပါ၊တောင်တော်ဦးစေတီအောက်ခြေမှာတော့ ဈေးဆိုင်တန်းများရှိပြီး၊အသေးစားဘေးမဲ့ တိရိစာ္ဆန် ရုံကလေးမှ၊ သမင်၊ယုန်၊ ငှက်မျိုးစုံနှင့်၊ လူဝံ ကြီးများကို လည်းအစာကြွေးခဲ့ရတာ ပျော်စ ရာ ပါပေ၊ သည့်နောက်တော့၊ မုံရွာ ကျောက်ကာလမ်းမှ တန်ခိုးကြီး ကျောက်ကာရုပ်ပွါးတော်ကြီးကိုဝင်ဖူးကြပါတယ်ဗျား။
နောက်ညနေပိုင်းမရောက်မှီမှာ၊ ဘောဓိတစ်ထောင်သို့ပြန်ရောက်ကာ၊ဗောဓိတစ်ထောင်စေတီများကိုဖူးကြပါတော့တယ်။
ဗောဓိတစ်ထောင် ရပ်တော်မူလေးကျွန်းစင်္ကြာမြတ်စွာဘုရားကြီးသည်ပလင်တော်(၄၄)ပေ၊ ဉာဏ်တော်(၃၈၀)ပေပေါင်း (၄၂၄)ပေမြင့်ပြီး၊ အထပ်ပေါင်း(၃၁)ထပ် ရှိကာ၊ကဗ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရား ကြီးဖြစ်ပါတယ်။
ပထမထပ်ကစပြီး ရှစ်ထပ်အထိ ငရဲ ဘုံတွေဖြစ်ပြီး၊ငရဲ ကျခံရတဲ့အကြောင်းအရင်း သာဓကတွေ၊ ငရဲကျနေပုံတွေ၊ယမမင်း တရားစီရင်ပုံတွေ ကို ရုပ်ပြပုံတွေနဲ့ ရှင်းပြထားပြီး၊ ကိုးထပ် မှာတော့၊ အသူရ ကယ်ခေါ် တဲ့ နေ့မှာစံစား ညမှာ ငရဲ နဲ့ ဝဋ် ဒုကခခံရတာတွေ၊ ဘာအကြောင်းကြောင့်ခံရတယ်၊အဲသည်ဘုံကိုရောက်တယ်၊ဆိုတာတွေကို ရုပ်ပြ ပုံတွေ နဲ့ ရှင်းပြထားပါတယ်။ ဆယ်ထပ်ရောက်ရင်တော့၊ ဒါကျုပ်တို့ဘုံပါပဲ၊ ရုက္ခဆိုးနတ်တို့၊ ဘုံက္ခဆိုးတို့ လည်း ပါတယ်။ တစ်ချို့ ခြေထောက်ညောင်းလို့ဆိုပြီး၊ငရဲ ဘုံတွေကပဲ ပြန်လှည့်ဆင်းတာတွေရှိသေး၊ ( ငရဲမှာပ ဲလက်မ လျှော့ကြနဲ့ ၊ လူ့ဘုံတော့ အနဲဆုံး ရာက်အောင် တက်ကြပါ ဟ) လို့ အော်ပြောရတယ်။
ဆရာတော်ကြီးကတော်တော် အမျှော်မြင်ကြီးပါပေ့၊ မောမောနဲ့ တက်ရင်း ငရဲပြည်ပုံတွေကြည့်ရတာ အင်မတန်ကြောက်စရာ၊ရင်မောစရာ မွန်းကြပ်ချင်တော့တာပဲ၊မြန်မြန်အပေါ်ထပ်တွေရောက်ချင်စိတ်ဖြစ် ရပါတယ်၊ ဟော– လူ့ဘုံ လည်းရောက်ရော စိတ်ထဲ ဟေး လို့တောင်ထ အော်ချင်မိတယ်၊ အဲဒါ ယခု (၁၀)ထပ်အထိပဲ ဖွင့်သေးတာ၊ နောက်ဆိုအားလုံးဖွင့်လျှင်- တက်ရင်း၊ ကြည်နူးရင်း၊ တက်ရင်း နဲ့ (၃၁)ထပ်ရောက်ရင် မြတ်နိဗာန်ရောက်ပြီး၊တကယ့်လွတ်မြောက်မှုကို ပုထုဇာဉ်တွေ အရသာခံစားနိုင်စေ ရန် ရည်ရွယ်ပြီးတည်ခဲ့ပုံရပါတယ်ခင်ဗျား။ ဆရာတော်ဘုရားကြီးကျေးဇူးကြီးလှပါတယ်။
( ပုံများ)
ကျောက်ကာရုပ်ပါွးတော်မြတ်ကြီး၊ကြည်ညိုလွန်းလို့ရွှေတွေချ၊ စာထဲထည့်မရေးပေမည့်၊ ခဏပဲဝင်ဖူးခဲ့တဲ့ မိုးညှင်းသံဗုဒ္ဓေ ဘုရားကြီးကိုကြည်ညိုနိုင်ပါတယ်။
ဘုရားခဗျာမျက်နှာတော်ပိန်းပိတ်ရှာပါတယ်။
ဗောဓိတစ်ထောင်ဆရာတော်ကြီးတည်ခဲ့သော ဘုရားများနှင့် ကဗ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်ပါွးတော်ကြီးကိုအနီးကပ်ဖူးမျှော်ကြပါ။
ကဗ္ဘာ့အကြီးဆုံးရုပ်ပွါးတော်ကြီး။
ကင်မရာဘက်ထရီ ကုန်သွားလို့ ဟန်းဖုန်းကလေးနှင်ပဲရိုက်ခဲ့ရလို့အားမရပေမည့်၊ကုသိုလ်ယူကြည်ညိုကြပါကုန်သော်။များလူ သတ္တဝါသို့ အမျှ အမျှ အမျှ ဝေပါသဗျား။
ဒါ ငရဲခန်းမှာတွေ့ခဲ့တာ၊ကြောက်စရာပါဗျား။ ကိုယ့် ကလေးငယ်လေးကိ ုပြန်စားရတဲ့ပြိတာ္တ ငရဲပါ။
( အဲသည်ငရဲမှာ အ ဒူတွေခံရတာများတလည်း ရှို ရင်- ဘုရင်၊မူးမတ်၊ရှေ့နေ နဲ့ ကြာကူလီ၊လိုင်သောင်းကျန်းသူတွေများသဗျား။ )
ဗောဓိတစ်ထောင် ဆရာတော်ကြီးကို- မြန်မာသကရာဇ် (၁၂၉၂) မှာဖွားခဲ့ပြီး ၊အချင်းစလွယ်သိုင်းပြီး၊မွေးကတည်းကပဲအထက်သွား၊အောက်သွားပါလာပါတယ်၊ရက်(၁၀၀) ပြည့်၊မောင်တိုးကြွယ်လို့
အမည်ပေး ကင်ပွန်းတပ်၊ပုခက်တင်ပွဲမှာ၊ အိပ်စက်တဲ့ပုခက်ထိပ်မယ်၊ကျီးတစ်ကောင်အကြာကြီးလာနားပါသတဲ့၊(၅)နှစ်သားရောက်တော့ ၊တစ်ညနေခင်း ကျောင်းသို့အသွား၊ သူ့ခေါင်းပေါ်ကို ကောင်းကင် ကပြန်သွားတဲ့ လင်းတငှက် တစ်ကောင်မှ အစာတွေအန်ထုတ်ခဲ့တာ အံဩစရာပါတဲ့။(၁၃)နှစ်မှာ ရှင်နာရဒဘွဲ့အမည်နှင့်သာသနာ့ ဘောင်ဝင်ပြီး၊ (၁၉)နှစ်မှာရဟန်း တော်ဖြစ်ခဲ့ပါတယ် ။ ၊မြန်မာသကရာဇ်(၁၃၂၂)၊ ကဆုန်လဆန်း(၁၁)ရက်နေ့မှာ-အောင်စည်ကျော်ခိုက် ဗောဓိစိုက် ကိန်းနှင့်အညီ၊ ပထမဆုံး ဗောဓိပင်ပေါင်း (၁၃၄၅)ပင်စတင်စိုက်ပျိုး၊ဗောဓိတစ်ထောင်ကျောင်း ကိုတည်ထာင် ခဲ့ပါတယ်။ (၁၃၆၅)တွင် ဗောဓိပင်ပေါင်း(၉၀၀၀)ကျော်စိုက်ပျိုးနိုင်ခဲ့ပါတယ်။
အောင်စင်္ကြာစေတီတော်နှင့်အလျှား ပေ(၃၃၃)ပေရှိသော ရွှေသာလျှောင်းရုပ်ပွါးတော်ကြီး၊ ကိုလည်းတည်တော် မူခဲ့ပါတယ်၊(၁၃၆၈) နတ်တော်လဆန်း(၃)ရက်နေ့တွင်၊ ပျံလွန်တော်မူခဲ့ပါသည်၊ လိပ်ခေါင်းဖြတ်ရာမှာ မန္တလေးပြင်ပ ဆေးရုံကြီးတစ်ရုံမှာတက်ဖြတ်တော့၊ အဲဒါ ပိုးဝင်ပြီးပြန်လွန်ရှာပါသတဲ့၊ မြန်မာ့ဆေး လောကရဲ့အဖျင်းထိပ်ခေါင်တင်၊ အံဩ စရာကမောက်ကမနိုင်မှုပါခင်ဗျား၊ လဆန်း(၉)ရက်နေ့ မှာမီးသဂြိုလ် ရာမှာ တော့ အလွန်ထူးဆန်းအံဩဘွယ် ရာဖြစ်ရပ်များဖြစ်ပေါ်ခဲ့တာကို ဓါတ်ပုံမှတ်တမ်းများအရသိရပါတယ်။နှလုံးတော်၊မျက်လုံးတော်တွေမီးမခဘဲ၊ဓါတ်တော်
ကြွင်းကျန်ရစ်ပါသတဲ့။
ဆရာတော်ကြီး၏၊ဇာပနအမန်းအနားမှာ၊အပေါ်ပုံကမီးသဂြိုလ်ရာမှာပြာခံခွက်မှာမိးခိုးငွေ့ကလေးတွေအကြား၊ဓါတ်ပုံရိုက်ရာမှာထူးထူးဆန်းဆန်းပေါ်လာတဲ့ဆရာတော်ကြီးပုံတော်တဲ့ဗျား။
ဒုတိယပုံကတော့ မီးစသဂြိုလ်ရာမှာဆရာတော်ကြီးခေါင်းတလားတော်မှ ထွက်ပေါ်လာသော ရောင်ခြည်တော်များဖြစ်ပ်တယ်။အဲသည်တုန်းက သက်ဆိုင်ရာတွေက မရုံသလိုစစ်ဆေးမှုတွေပြုကြသေးသတဲ့ဗျား။ဆရာတော်ကြီးက သူ့သာသနာပြုလုပ်ငန်းပဲအလေးထားသောပုဂ္ဂိုလ်ဖြစ်ပြီး၊အဲ့တုန်းက အာဏာပိုင်တွေနဲ့ သိပ်ပြီး၊ပရောပရီမနေပါဘူးလို့သိရတယ်။
ဆရာတော်ကြီးရဲ့ သာသနာပြုကျိုးပမ်းအားထုတ်လုံးလပြုမှုများကို ကြည်ညိုရင်း၊အလွန်နှမြောတသဖြစ်လျှက် အဲသည်တစ်ညတာမှာလည်းဗောဓိတစ်ထောင် ဆရာဦးဇင်းကြီးကျောင်းမှာပဲအနား ယူအိပ် စက်ခဲ့ပါတော့တယ်။
နောက်မနက်ပြန်ခါနီးကလေး၊တည်းတဲ့ ဦးဇင်ကျောင်းဘေးမှ ဗောဓိတစ်ထောင်ဝင်းကလေးမှာတည်ထားသောရုပ်ပါွားတော်များ။
နောက်တစ်နေ့မနက်မှာလာလမ်းအတိုင်းပြန်လည်ထွက်ခွာလာကြပြီး၊ရှေးဟောင်းအမွေအနှစ်တွေနဲ့၊အံ့ဩစရာတွေပြည့်နှက်ရာ၊ သာသနာပြုအကျော်အမော် များ၏၊မဟာအောင်မြေ မုံရွာနှင့်စစ်ကိုင်းမြို့ ကြီးများကို လေးမြတ်စွာနှုတ်ဆက် ခဲ့ပါတယ်။အပြန်မန္တလေးရုံးမှာ ဝင်နားပြီး၊ညနေပိုင်းရန်ကုန်သို့ပြန်လားခဲ့ပါတယ်၊ နေပြည်တော်ရောက်တော့ အဲသည်မြို့ထဲမှာလျျှပ်စစ်မီးတွေထိန်ထိန်ညီးနေပေမည့်၊
နိုင်ငံတော်ရဲ့အဝေးပြေးတဲ့လမ်းမှာတော့ မှောင်မှောင်မဲမဲပါ၊ အဲသည်မှောင်နေတဲပကောင်းကင်အကြားပြူထွက်လာတဲပ ဝင်းဝင်းပပလကလေးကိုမှတ်တမ်းတင်ခဲ့ပါသေးတယ်။
အားလုံးကိုယ်စိတ်နှစ်ဖျာကျန်းမာရွှင်လမ်းနိုင်ကြပါစေ။ လေးစားစွာဖြင့် – ဘကြီး။
16 comments
water-melon
February 1, 2012 at 12:12 pm
ဘကြီးရေ
ဘကြီးစာကို ဖတ်ပြီးသွားချင်လာပြီဗျာ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလွန်တရာလှပရှုမညီးတဲ့ နေရာတွေအများကြီးပါ
နိုင်ငံခြားခရီးထွက်မှ မဟုတ်ပါဘူး သူတို့ကို မေးချင်လိုက်တာ မင်းတို့ဒီနေရာရောက်ဘူးလားလို့
နိုင်ငံခြား၁ဝခေါက်ထွက်ပြီး ပုဂံမရောက်ဖူးတဲ့ ဖင်ခေါင်းကျယ်နေတဲ့ လူတွေရဲ့ဖင်ကို ကိုပေါက်ဖော်သောက်နေကြ အရက်ပုလင်းနဲ့ထိုးပြစ်ချင်တာ 😆
စိန်ပေါက်ပေါက်
February 1, 2012 at 12:21 pm
ဘကြီး ခရီးသွားနေသည် ဆိုပါတော့ဗျာ
ကျနော်တို ့က ထိုင်ရာမထ လိုက်ဗ်ကြည့်နေသည်ပေါ့နော့..
ဟိုအရက်သမားတွေ..
အရက်မူးပြီးပေါက်ကရလုပ်ရင် အပေါ်က ငရဲခွေးကြီးတွေ ကိုက်လိမ့်မယ်ကွဲ ့
သတိထားကြ
cobra
February 1, 2012 at 1:29 pm
တစ်ခါမှမရောက်ဖူးလို့
ခုလိုတင်ပေးတာရော
သမိုင်းအကြောင်းရှင်းပြတာရော
ကျေးဇူးဟဲဗီးးးတင်ပါတယ်။
windtalker
February 1, 2012 at 1:35 pm
ဟဲဟဲ အဖြေထုတ်ကြည့်ဦးမှ…
အမြောင်းကလေး ပေါ်နေတာ ကို ပြောချင်ပါသလား ဘဂျီးရေ
အဲဒါဆိုရင်တော့ ၊ ကိုပု နဲ ့ကွိုင်လတ်မယ်နော
အဲဒီအမြောင်းက ကိုပု ရဲ ့ထရိတ်မက် ဘဲ ဟာ ဘဲဟာ ။
zawgyi min
February 1, 2012 at 3:35 pm
အခုလိုကျုပ်တို့နယ်က ကမ်ဘာကျော်တန်ခိုးကြီးဘုရားတွေအကြောင်းကို ဖော်ထုတ်ပေးလို့ကျေးဇူးပါဗျား။
ba gyi
February 1, 2012 at 4:27 pm
Ko Water -Melon ရေ ၊အရက်ပုလင်းနဲ့တော့ မလုပ်ပါနှင့်ဗျာ၊ ကိုကြီးကျော်ကြီး ဒေါပွနေပါ့မယ်။
ကိုပေါက်ဖေါ်ကြီးပြောသလိုပါပဲ၊ ငရဲကနေမှာမဟုတ်ဘူး၊မဟုတ်တာလုပ်ကြရင်ပေါ့၊မှန်ပါသဗျား။
cobra ကြီး ကိုလည်းစိတ်ဝင်စားစွာမန့်ပေးလို့အထူးကျေးဇူးအောလဘုံပါခင်ဗျား။
windtalker ရေ နီးစပ်သား၊အပြည့်အစုံအဖြေတော့နောက်မှပြောမယ်နော။ ကိုပုကြီးထရိတ် မတ်တော့မ ထိ ရဲပါဗျာ။
zawgyi minရေ ကိုယ်တိုင်ကြွလာ သကိုး၊ ကျေုးဇူးပါနော်။
Harumoto
February 1, 2012 at 7:54 pm
အဲဒီမင်း၂ ပါး ကံကောင်းတာပေါ့
ဇာတ်သိမ်းကောင်းရှာတယ်။
အခု မင်းဟန်ဆောင်ကြတဲ့ မင်းအတုတွေကတော့
ဇာတ်သိမ်း မကောင်းကြရှာဘူး
သေတဲ့ဟာကလဲ လူမသိသူမသိ
ကျန်တဲ့ဟာကြီးကလဲ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင်မသိရဘူး.
ba gyi
February 2, 2012 at 9:38 am
ဟုတ်ပါ့ Harumoto ရေ၊ဘာသာတရားအဆုံးအမ နှင့် ဆင်ခြင်တုံတရား ရှိတဲ့ မင်းတွေထင်ပါရဲ့၊နို့မဟုတ်လျှင်
မိန်းမ လုရင်း စစ်ခင်းတဲ့ ဘုရင်တွေဆိုပြီး ရာဇဝင်မှာ ရှက်ဖွယ်ပေါ့ဗျာ။သာဓုခေါ်စရာပေပဲ။ခေတ်လူများအတု
ယူကြစေသော်။
Shwe Tike Soe
February 2, 2012 at 4:06 pm
ဘကြီး ကျေးဇူးဗျာ.. အခုလို သမိုင်းကြောင်းလေးတွေရော ဓာတ်ပုံလေးတွေရော တင်ပေးတာ..
အခုဆိုရင် အလုပ်ကမအားမလပ်လို. ဘယ်မှမသွားဖြစ်တာကြာပြီလေ.. အခုလိုလေး တင်ပေးတော့ ကိုယ်သွားလိုက်တာထက်တောင် ပိုပြီး သိရသေးတယ်.. နောက်လဲ တင်ပေးအုံးနော.. 😀
ba gyi
February 2, 2012 at 6:07 pm
Ko Shwe Tike Soe ရေ၊မန္တလေးဘက်ခရီးရောက်နေတုန်း၊
မအားတဲ့ကြားမှ ဝင်အားပေးတာ ကျေးဇူးပါဗျား။
ဖေဖေါ်ဝါရီ(12)ရက်မှာဒါနပြုရင်း၊ ဆုံဖြစ်ကြဘို့အားခဲပါသဗျား။
မိုက်ကယ်ဂျော်နီအောင်ပု
February 2, 2012 at 8:08 pm
အားပါးပါး
ဘကြီးကရေလည်မိုက်တယ် ( ဓာတ်ပုံနဲ့စာတွဲရေးပုံ )
ဘကြီး
လမ်းသလားတယ်ဘဲပြောပြော အလေလိုက်တယ်ဘဲပြောပြော
သွားဘကြီးသွား မနားတမ်းခရီးသွား
သွားပြီးဒီလိုဘဲရေးပေးပါဦး
ဘကြီးရေးတာလိုက်ဖတ်ရင်း ဘကြီးနဲ့အတူတူခရီးသွားရသဘိုဘဲ
အောင်မြတ်လေး မျောက်ကြီး မျောက်ကြီး ဘကြီးကိုဖက်ထားမှ
ဘကြီးနားမှာထိုင်
ဘကြီးနားမှာထိုင်
ဘကြီးးးးးးးးးးးးးးးးးးးးးးးးးးး
ထီးပါရင်သများကိုင်ထားပေးမယ်နော် 😀 😀 😀
ba gyi
February 3, 2012 at 9:29 am
ဟေ့ ကိုအောင်ပုကြီး၊ အားပါးပါး လို့တော့မလုပ်လိုက်ပါနဲ့
အားထူထူ ထားပါဗျ၊ ကျုပ်တို့ ဂဇက်ခရီးက အရှည်ကြီးကျန်သေးသဗျား၊
သည်နှစ်စနဲ့ မနှစ်ကနှစ်ကုန်ပိုင်းမှာ တော်တော်လမ်းသလားမိတာတော့အမှန်ပါဗျား။
ကျေးဇူးအောလဘုံပါဗျား။
မြစပဲရိုး
October 11, 2014 at 2:53 pm
ပြောလို့ ပြောတာ မဟုတ်ဘူး သူကြီး။
ဂဇက်ဆိုက် က အစဉ်အဆက် ကို သူ့အချိန်နဲ့ သူ ကောင်း လာတာ။
စိတ်မကောင်း စရာ က လူ တွေ ပြောင်း နေ ပျောက်သွား တာဘဲ။
ဟိုးကထဲ က ရှိနေသူ ဆို လက်ချိုးရေ လို့ ရနေတာ။
အရင်လူ တွေ လဲ ဆက် ရှိနေရင် ပျောက်မသွားရင် ပြန်လာရင် အရမ်းကောင်းမှာ။
surmi
October 11, 2014 at 3:53 pm
အဟမ်းးးးး
ရှိပါတယ် ဗျ
တိုင်ပတ်နေလို့ပါနော ဟဲဟဲ
weiwei
October 11, 2014 at 3:17 pm
ဖိုလ်ဝင်တောင်အကြောင်းပို့စ်ရေးမလို့ အတော်ဖြစ်သွားတယ် .. ဒီထဲက သမိုင်းကြောင်းတွေ ပြန်ကူးဦးမှ .. ဓါတ်ပုံကောင်းကောင်းတွေ အများကြီးရှိထားလို့ ဝေဝေဆာဆာ ရေးတင်ပါအုန်းမယ်
ဦးကြောင်ကြီး
October 12, 2014 at 1:58 am
ဖိုဝင်တောင်
ပျိုမြင်ကြောင်
စိုချဉ်ပေါင်
ယိုလျင်ရှောင်
မှိုသင်ဖောင်
ငြိငြင်ယောင်
ဘိုလင်ခေါင်
ခိုဆင်ပြောင်..