Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျော်ရာမှာနေ တော်ရာမှာမနေ

DEPARKO DEPARKOFebruary 3, 20121min3828

ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရခိုင်မှာတာဝန်ထမ်းဆောင်ဘို့ အမိန့်ကျလို့ ရခိုင်ကိုပြောင်းရွေ့ တာဝန်ထမ်းဆောင်ရပါတယ်၊ ကျွန်တော်တို့ ဝန်ထမ်းလောကမှာ ရခိုင်ဘက်ဆို ဘယ်သူမှတာဝန်မထမ်းဆောင် ချင်ကြပါဘူး၊ ဝင်ငွေ၊ကျမ်းမာရေး ၊လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စတဲ့ များလှစွာသောအခက် အခဲတွေကြောင့် ဝန်ထမ်းတော်တော်များများဟာ ရခိုင်ကိုတာဝန်ကျရင် အထက်လူကြီးတွေကို အပူကပ် ငွေကြေးတန်စိုးလက်ဆောင်နဲ့ လဒ်ထိုး ပိုင်ရာဆိုင်ရာတွေနဲ့ ပြောင်းမိန့်ကိုပါယ်ဖျက်ကြသူတွေအများစုရှိတဲ့ အထဲ ကျွန်တော်က ဘော်လန်တီယာပြောင်းရွေ့တော့ သူငယ်ချင်းတွေကကျွန်တော့ကို ငကြောင်လို့ သမုတ်ခံ ရတယ်၊ ကျွန်တော်က ကိုယ်မရောက်ဘူးတဲ့ဒေသတစ်ခုကို အစိုးရစရိတ်နဲ့ ရောက်ရတာ ကျွန်တော့ အတွက်ကတော့ ဆုလပ်တစ်ခုလို့ခံယူပါတယ်၊ ကျွန်တော်က ခရီးသွားရတာကိုဝါသနာပါပြီး ကလေးတွေကို စာပေ၊အသိပညာ၊အတတ်ပညာ သင်ပေးရတာဝါသနာပါတယ်လေ၊ ရောက်လေရာအရပ်တိုင်းမှာ ကျွန်တော့်ကို ကလေးနဲ့ ခွေးတွေချစ်ကြတယ် (လူကြီးတွေကတော့မုန်းကြပါတယ် မှန်ကန်ရင်ကွဲတယ် အမြင်မတော်ရင်ပြောတတ်တဲ့ ဝသီကြောင့် နာမည်ပြောင်တွေ သိက္ခာချအတင်းပြောခံရတာတွေနဲ့ နောက် ပြောင်းရွေ့ခါနီးကျမှ ကျွန်တော့်ရဲ့စေတနာအကျိုးပေးပြီး အကောင်းပြောနှုတ်ဆက်ခြင်းကိုခံရတာ)

ပြောင်းရွေ့ရတဲ့အထဲမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လဲပါတယ် သူက ရခိုင်အမျိုးသား အဲဒီဒေသခံ ကျွန်တော့်ကိုလဲအကိုတစ်ယောက်လိုသဘောထားတယ်၊ (ကျွန်တော်က သူ့ထက်အသက်လဲကြီးတာကိုး) ကျွန်တော်အဲဒီဒေသကိုရောက်တော့ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်ကနိမ့်ကျပြီး ဒေသခံအမျိုးသား တွေဟာအလုပ်ကိုလက်ကြောတင်းအောင်မလုပ်ဘဲ ပညာလည်းမတတ် မိန်းမတွေကိုနှိပ်စက်ပြီး ပင်ပင်ပန်းပန်းအလုပ်မှန်သမျှ မိန်းမတွေဘဲလုပ်နေတာတွေ့ရတယ်။ (ပေါက်တူးပေါက် အလုပ်ကြမ်းလုပ် တစ်ချို့ဆို လယ်တောင်မိန်းမတွေကထွန်တာ၊ရေခပ်လည်းမိန်းမတွေဘဲ) ယောက်ကျား အများစုက အရက်သောက် မူးရူးနေကြတော့ ဒေသခံမိန်းကလေးတွေဟာ ကျွန်တော်တို့ဆီက ဝန်ထမ်းတွေနဲ့ အိမ်ထောင်ကျတာများတယ် ကျွန်တော်အဲဒီဒေသကိုရောက်ခါစ တစ်နှစ်နီးပါးမှာ အသီးအရွက်ဆိုတာ စားရဘို့ အင်မတန်ခက်ခဲတယ် အနီးအပါးကရွာတွေသွာကြည့်ရင် ဘာမှစိုက်ပျိုးထားတာမရှိဘူး အုန်းပင်လေးကြိုးတို့ ကြဲတဲနဲ့ နွားပိန်ခြောက်ခြောက်ပိုင်တဲ့ ရွာထဲကတစ်အိမ် နှစ်အိမ်စဟာ အချမ်းသာဆုံးဘဲ(နွားဝတုတ်တုတ်ဆိုရင် ဘင်္ဂလားဒေ့ကို ခိုးရောင်းနေကြလို့)

ဒီတင်မနေနိုင်တော့တဲကျွန်တော် ပေါက်တူးကိုင် မြေပြင် အသီးအရွက်စိုက်ဘို့ကြိုးစားတာကို ရွာထဲက တစ်ချို့နဲ့ ဝန်ထမ်းတစ်ချို့ က ကျွန်တော့်ကို အရူးတစ်ယောက်လို့ မကြားတစ်ကြားအပြောခံရတယ် ကျွန်တော့်လုပ်ရပ်ကို ကူညီခဲ့သူကတော့ ကျွန်တော့သူငယ်ချင်း ရခိုင်အမျိုးသားဘွဲ့ရ ပညာတတ်ပါဘဲ

ဒါပေမဲ့ သူလဲဒါဏ်မခံနိုင်ပါဘူး တစ်နှစ်မပြည့်ခင် သူနဲ့ အကျွမ်းတစ်ဝင်ရှိတဲ့ လူကြီးကိုအပူကပ်ပြီး ရန်ကုန်ကို ပြန်ပြောင်းသွားတယ် ကျွန်တော်ရခိုင်မှာ ၄ နှစ်တင်းတင်းပြည့်နေခဲ့ပါတယ် ကျွန်တော်ပြောင်းခါနီးအချိန်မှာတော့ မီးတောင်မြေ ကျောက်ခဲပြွမ်းပြီးရေရှားတဲ့ဒေသ ကျွန်တော်စိုက်(တပည့်များရဲ့လုပ်အား) ခဲ့တာ ဘူးသီးဆိုရင်စားမည့်သူမနီုင်လို့ (အလကားပေးတာတောင် စားမည့်သူမရှိ) စင်ပေါ်မှာအလုံးမြောက်များစွာရင့်တဲ့အထိ ခရမ်းသီး(မီးဖုတ်စားတဲ့ ခလေးကန်ဘော်လုံးအရွယ်) ဆင်ခရမ်း နွားတောင်မစားနိုင်လောက်အောင် မှည်ရွဲပြီးကျွေကျအောင် သင်္ဘောသီးဆိုလဲပြွတ်ခဲလို့(အပင်၅ဝကျော်)ရာသီသီးနှံဆိုလဲ အမျိုးစုံ။ ဒါပေမဲ့ ရွာထဲကရွာသားတွေက ကျွန်တော့်ကို အဲဒါရှုံးတယ်တဲ့ လုပ်အားခတောင်မရတာ၊ ဒါပေမဲ့ကျွန်တော်စိတ်မပျက်ပါဘူး အခုဆိုရင်ရွာကကလေးတွေ ပညာသင်နေကြပြီ တိုးတက်လာတဲ့ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေလိုချင်စိတ်ကြောင့် ရွာကလူတွေစီးပွါးရေးကုန်းရုန်းလုပ်ရာကနေ အများကြီးပြောင်းလဲလာပြီ အသီးအနှံတွေ တစ်ချိန်ကပျင်းပြီး မစိုက်တာကနေ စိုက်လို့ဖြစ်ထွန်း ရောင်းလို့ပိုက်ဆံရမှန်းလဲသိရော စိုက်လာကြပြီ

ကျွန်တော်ကျွန်တော့်သူငယ်ချင်းကို ပြောခဲ့တဲ့စကားလေးဒီနေရာကဖေါက်သည်ချချင်ပါတယ် သူငယ်ချင်း မင်းတို့လိုပညာတတ် ဒေသခံရခိုင်လူမျိုးကမှ ရခိုင်မှာမနေချင် ဒေသဖွံ့ဖြိုးရေးလုပ်ဘို့ တာဝန်မသိရင် ဘယ်တိုင်းရင်းသားက မင်းတို့ဒေသကိုဖွံ့ဖြိုးအောင် အနစ်နာခံပြီးဒီမှာ တာဝန်လာထမ်းဆောင်ချင်ပါ့မလဲ

အခုတော့ အဲဒီဒေသမှာတာဝန်ထမ်းနေတဲ့ ကျွန်တော့်တပည့်တစ်ယောက်နဲ့ တစ်လောကတင်တွေ့တော့ ကျွန်တော်စိုက်ခဲ့တဲ့ ပန်းပင် ၊သီးပင်၊စားပင်တွေ အခုထိ ရှင်သန်နေဆဲ အသီးအပွင့်တွေ နောက်လူတွေသုံးဆွဲခွင့်ရနေတုန်း ကျွန်တော့်ကို အမှတ်ရနေကြတုန်း ကျွန်တော်အဲဒီပီတိကို ခံစားနေတုန်းပါဘဲ

အားလုံကိုကျေးဇူးတင်လျှက်

ဒီပါကို

 

8 comments

  • ba gyi

    February 3, 2012 at 12:41 pm

    ကို ဒီပါကိုရေ၊ ခင်ဗျားပြောတဲ့စရိုက်လက္ခဏာတွေက၊ တစ်ကယ့်အမှန်အကန်ပါဗျား၊ အထူးသဖြင့် တောင်ပေါ်ဒေသတိုင်း ရင်း သားတွေမှာ တွေ့ရတတ်တဲ့ ယောကျားတွေရဲ့လက္ခဏာလို့တောင်
    ပြောလို့ရတယ်။ဖေါက်ထွက်သူတွေလည်းရှိပါတယ်၊ ရခိုင်မှမဟုတ်ပါဘူး၊ ခင်ဗျားရဲ့စေတနာလုပ်ရပ်ကိုတော့ ချီးကျူးပါရဲ့ဗျား။ နောက်ငါးနှစ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တောင်ခန့်ဘို့ကောင်း ပါသဗျား။
    စိတ်ရင်းနဲ့ကောင်းအောင်ပြုင်နိုင်လို့ပါ။

  • aungnng87

    February 3, 2012 at 2:12 pm

    ဖတ်ရတာဝမ်းသာသကွယ်။ ဒီလိုလူမျိုးတိုင်းပြည်မှာများများရှိသင့်တယ်။ ဒါလည်းပရဟိတ တမျိုးပေါ့။ နောက်ပြီးတော့ ဒါဟာ ကိုယ့်သမိုင်းကိုယ်ရေးခြင်းတမျိုးပေါ့ကွယ်။

  • DEPARKO DEPARKO

    February 3, 2012 at 5:25 pm

    ဘကြီးရေ ကျွန်တော်ရတဲ့အလုပ်ကလည်း အငြိမ်မနေရတဲ့အလုပ် အားကစားလုပ်တော့လည်း နယ်စုံသွားရ မြန်မာပြည်အနှံ့နီးပါးပါဘဲ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ ဘဝမြှင့်တင်ဘို့ဆိုတာ ပါးစပ်နဲ့ပြောနေလို့မှမရတာ လက်တွေ့ သူတို့ယုံကြည်အောင်အရင်လုပ်ပြမှရမယ်လေ ဒါကြောင့် ကျွန်တော် ရောက်တဲ့နေရာရောက်တဲ့အရပ်မှာ စေတနာထားပါတယ် တချိန်က ဂေဇက်ဆိုတာဘာမှန်မသိခဲ့ပါဘူး ဖေ့ဘုတ်နဲ့ ဂျီအကောင့်တော့ဖွင့်ထားပါတယ် ဒါပေမဲ့ ကျွန်တော်ဆက်သွယ်ခဲ့တာ အမ တစ်ဦးဘဲရှိတယ် လွန်ခဲ့တဲ့ ၃ လလောက်ကမှ ကျွန်တော့် အထက်လူကြီးက ဂေဇက်မှာ ကျွန်တော့်ကို စာရေးဘို့ သူအကြံပေးလို့ ရေးဖြစ်တာပါ အခုဒီလိုင်းကို ကျွန်တော့်လုပ်ဖေါ်ကိုင်ဖက်တွေလဲကြည့်နေကြပါပြီ ကျွန်တော်လည်း အတတ်နိုင်ဆုံး သစ္စာတစ်ရားကိုသောင့်ထိန်းလို့ စာရေးသွားပါ့မယ် မကြာခင်ခရီးတစ်ခု ရုတ်တစ်ရက်ထွက်ရမှာမို့လို့ ကျွန်တော်ခရီးက ပြန်ရောက်ရင်ပြန်ပြီးအတွေ့အကြုံတွေမျှဝေပါ့မယ် အားလုံးကိုလေးစားလျှက်
    ဒီပါကို

    • windtalker

      February 3, 2012 at 8:15 pm

      ကိုဒီပါကို လုပ်ခဲ့တဲ့ အလုပ်ဟာ အမှန်ကန် ဆုံး အမွန်မြတ်ဆုံး လုပ်ရပ်ပါဘဲ ။ အားပေးပါတယ် အကိုရေ ။

  • ကိုဒီပါကိုရေ ဘယ်မြို ့မှာတာဝန်ကြခဲ့တာလဲဗျ။ကျနော်က သံတွဲဇာတိပါ။အကိုကခုလိုနည်းပေးလမ်းပြ
    ကူညီစောင်မခဲ့တယ်ကြားရလို ့ဝမ်းသာရပါတယ်နော်။ကျေးဇူးပါဗျာ။ကျနော်တို ့ရခိုင်တွေကများသာ
    အားဖြင့် မျက်ကန်းမျိုးချစ်တွေများတယ်ဗျာ။အလပ်အထက်အပြောကိုပိုတယ်လေဗျာ။အကိုရဲ ့ဒီစာသား
    လေးအတွက်ကျေးဇူးပါနော်။

    ကျွန်တော်ကျွန်တော့်သူငယ်ချင်းကို ပြောခဲ့တဲ့စကားလေးဒီနေရာကဖေါက်သည်ချချင်ပါတယ် သူငယ်ချင်း မင်းတို့လိုပညာတတ် ဒေသခံရခိုင်လူမျိုးကမှ ရခိုင်မှာမနေချင် ဒေသဖွံ့ဖြိုးရေးလုပ်ဘို့ တာဝန်မသိရင် ဘယ်တိုင်းရင်းသားက မင်းတို့ဒေသကိုဖွံ့ဖြိုးအောင် အနစ်နာခံပြီးဒီမှာ တာဝန်လာထမ်းဆောင်ချင်ပါ့မလဲ

  • MaMa

    February 3, 2012 at 11:09 pm

    DEPARKO DEPARKO ရေ-
    မား-မတ်-မိုး-မာ- ပေါက်-ပု-ကင်း အဖွဲ့အနေနဲ့ နည်းနည်းလောက် ပြောခွင့်ပြုနော်။
    လဒ်ထိုး၊ ဆုလပ် ဆိုတာတွေမှာ လဒ် နဲ့ လပ် အစား လာဘ် ကို သုံးရမယ်ထင်တယ်။ လာဘ်=လာဘ ကို ဆိုလိုတာတွေမို့လို့။

  • Khin Latt

    February 4, 2012 at 4:16 am

    တာဝန် ကျေပါပေတယ် မမ ရယ်။ တကယ်ဘဲ ဂုဏ်ယူပါတယ်။

    ကိုဒီပါရေ – ရှင်ကတော့ “ပီတိ ကိုစား အားရှိ” ဆိုတဲ့ အသင်းအဖွဲ့ ဝင်ဖြစ်မှာဘဲ။
    ရှင့် အတွက်လဲ တကယ်ဘဲ ဂုဏ်ယူပါတယ်။
    ရိုးသား ကြိုးစား သူတွေ၊ တိုင်းပြည် နဲ့ လူထုအပေါ် စေတနာ စစ်မှန် တဲ့ သူတွေ အတွက် ကောင်းကျိုး တွေ မကြာခင် ရလာမယ်လို့ မျှော်လင့် နေတာပါဘဲ။

  • DEPARKO DEPARKO

    February 5, 2012 at 11:05 am

    မမ ရေ ကျေးဇူးပါ အမှားပြင်ပေးခဲ့တဲ့အတွက် ကျွန်တော် ရခိုင် ကျောက်ဖြူ စစ်တောဒေသမှာနေခဲ့တုံးကပါ မီးတောင်အနားမှာပေါ့ စောစောကပြောတဲ့ သူငယ်ချင်းကလည်း သံတွဲဒေသခံပါ

Leave a Reply