အစိမ်းရောင် နယ်မြေ
ဒီပုံလေးတွေက တော့ ငါးမရ ရေချိုးပြန်ခဲ့ ရတဲ့ ပုံလေးတွေ ပါ။
ဒီပုံလေးတွေ ရိုက်ခဲ့တုန်းက ရေတံခွန် waterfall ပုံရိုက်ဖို့သွားခဲ့တာပါ။။။
ဒါပေမယ့် ကျနော်သွားတဲ့ နေ့က မိုးရွာပြီး နောက်တစ်ရက် အချိန်ဖြစ်နေလို့ ရေတွေက နီညို ရောင်တွေ ရွံရောင်တွေ ဖြစ်နေပြီး ၊ မောခဲ့ရတာဘဲ အဖတ်တင်တယ်။
စိတ်တိုင်းကျ ရေတံခွန်ပုံ ထွတ်မလာခဲ့ဘူး
31 comments
water-melon
February 7, 2012 at 8:25 am
အခုမှဘဲ ကိုကြီးရွှေမင်းသားရဲ့ လက်ရာကို ခံစားဖူးတော့တယ်
တိုကြီးက အနီးအဝေးသမားလားဟင် 🙄
inz@ghi
February 7, 2012 at 8:30 am
ကိုရွှေမင်းသား ရေ …
ဆြာ့ ဂီယာ ပြောပြပေးပါလားဗျာ..
သိဂျင်ဇမ်းဘာဘိ ..
ခင်တဲ့
ဂီ
ရွှေ မင်း သား
February 7, 2012 at 12:31 pm
ဂီ လာတဲ့ တစ်နေ့ ဆုံကြမယ်လေ….
လူစုပြီး ရိုက်ကြ၊ နှပ်ကြတာပေါ့…
MaMa
February 7, 2012 at 8:59 pm
ကိုယ့်ခွင်ထဲရောက်တုန်း ပြောရဦးမယ်။
နှပ်ချင်ရင်တော့ လက်ဖက်ခြောက် ပို့ပေးလိုက်မယ်။
ရိုက်ရင်တော့ နှက်ခံရမှာ 😀
koaung
February 7, 2012 at 9:39 am
လန်းတယ်ဗျိုး ပုံတွေက ရေတံခွန်ပုံလေးကြည့်ချင်ပါဘိ
blackchaw
February 7, 2012 at 9:39 am
ညီလေးရေ။
ငန်းဖြူလေးနှစ်ကောင်ပုံကိုတော့
လွှတ်ကြိုက်နေမိတယ်ကွာ။
ရွှေ မင်း သား
February 7, 2012 at 5:48 pm
ကျေးဇူးပါ အကို……
Mလုလင်
February 7, 2012 at 10:50 am
မျက်စိ အေးတယ်ဗျာ။
ရွှေ မင်း သား
February 7, 2012 at 12:36 pm
ညီ ညီ မျက်စိ ရေခဲ စိမ်ပြီးကြည့်လို့နေမှာ ..
TTNU
February 7, 2012 at 11:42 am
ရွှေမင်းသားရေ…
တီချာကတော့ ကိုယ်မရိုက်တတ်တိုင်းသူများပုံတွေကူနေကျမို့
ကြိုက်တာလေးတွေကူးသွားပြီနော်။ (ဘယ်မှာမှပြန်သုံးဖို့မဟုတ်ပါ၊
သိမ်းထားမလို့ပါ။)
ကျေးဇူးနော်။
ရွှေ မင်း သား
February 7, 2012 at 12:33 pm
ကျနော် ခလုတ်နှိပ် ရာလေး ကြိုက်တယ် ဆိုရင်ဘဲ ကျေးဇူးတင်ပါတယ်။
သိမ်းထားလို့ ရပါတယ် ခင်ဗျ……
kyeemite
February 7, 2012 at 11:58 am
ဘယ်မြို့ကရေတံခွန်ပါလိမ့်..နေရာလေးပြောပြပါအုံး..
စိန်ပေါက်ပေါက်
February 7, 2012 at 12:03 pm
အမရေ..
ဘယ်လိုများရိုက်လိုက်သတုံးဗျာ
ရေလည်စိမ်းနေတာဘဲ
လွှတ်ခိုက်သွားပြီ…မကြီးရဲ့ လက်ရာကို
ရွှေ မင်း သား
February 7, 2012 at 12:35 pm
ဟင် မကြီး တဲ့
ကျနော် ခလုတ်နှိပ် ရာ ပုံထင်သွားတာလေ…
ဒီဂျစ်တယ် အစွမ်းပေါ့
mandalarthu
February 7, 2012 at 12:42 pm
တတ်ိယပုံကို အကြိိုုက်ဆုံးဘဲ။
အစိမ်းရောင်ရဲ ့အေးမြမှု အလှုတရားကို ခံစားသွားပါတယ်။
ရွှေ မင်း သား
February 7, 2012 at 12:52 pm
တတိယ ပုံ က ရေပြင် လေးလဲ ပါတယ်။
နောက်ပြီး သစ်ပင်လေး ရဲ့ ပုံစံ ကလဲ စွဲ ဆောင်မှု ရှိတယ်။
အကြောင်းအရာ ငန်းဖြူလေး စုံတွဲ ကလဲ တခုခု ကို ပြောပြနေတယ်။
နောက်က မြက်ခင်းစိမ်းကြီးလဲ စိမ်းစိုပြီး ကြည်နှုးမှုကို ပေးနေတယ်။
ဟီး ဟီး ကိုယ့် ပုံကို ဘာသာပြန်နေတာ
အတိသဉ္ဇာ နာဂရ ချစ်သူ
February 7, 2012 at 1:46 pm
အစိမ်းဏောင်နယ်မြေဆိုတဲ့တိုင်းပါဘဲ လှလိုက်တာဗျာ။
စိမ်းဖန် ့ဖန် ့နဲ ့မဲနယ်ဖျော့ရောင်လှလှလေးတွေပါလား။ဘာ
ပန်းတွေပါလိမ့်နော်။
we R one
February 7, 2012 at 4:06 pm
ဓါတ်ပုံတွေ အကုန်လုံးကို ကြိုက်တယ်..။ ဒါနဲအဲဒါ ဘယ်နေရာမှာလဲဟင်.. ပြင်ဦးလွင် က ကန်တော်ကြီးဥယျာဉ်များလား လို့…
ရွှေ မင်း သား
February 7, 2012 at 5:49 pm
ဟုတ်ပါတယ် ပုံတွေ အားလုံး ပြင်ဦးလွင် ကန်တော်ကြီး ထဲမှာ ရိုက်ထားတာပါ။
lu nyo chaw
February 7, 2012 at 4:36 pm
ပုံတွေ အကုန်ကြိုက်လို့ကူး လိုက်ပါတယ်။ဒက်စတော့ပေါ်မှာ ဘက်ဂရောင်းတင်ချင်လို့ပါ
နွယ်ပင်
February 7, 2012 at 5:02 pm
ပုံလေးတွေက လှလိုက်တာ
သဘောကျလို့ ကူးသွားပါတယ်ဗျို့ …..
အတိသဉ္ဇာ နာဂရ ချစ်သူ
February 7, 2012 at 7:00 pm
အစိမ်းရောင်နယ်မြေထဲကို ဝင်ရောက်ဖူးပွင့်တဲ့ပန်းလေးတွေကို နာမည်သိချင်တာ။
ပြောလဲမပြပါလားနော်။ဘာပန်းလဲလို ့။
ရွှေ မင်း သား
February 7, 2012 at 7:32 pm
မေမြို့ ကန်တော်ကြီး ပန်းခြံ ထဲမှာ ရိုက်လာတဲ့ ပုံလေးတွေ ပါခင်ဗျ။
ပန်း နာမည်လေးတွေ တော့ ကျနော်လဲ မသိလို့ ပါခင်ဗျ။…
သိသူများ ကူညီ ဖြေဆိုပေးစေချင်ပါတယ် ခင်ဗျာ။
padonmar
February 7, 2012 at 7:51 pm
ရွှေမင်းသားရေ
ပန်းနာမည်တော့ မပြောတတ်ဖူး။
အကုန်လှပါ့။
ယူသွားပြီနော်။
အရင် မန်းလေးမြို့ရိုး+ကျုံး ပုံပြီးကတည်းက ပျောက်နေတယ်နော။
MaMa
February 7, 2012 at 9:52 pm
သဘာဝရဲ့ ရှု့ကွက်မှာ
ရွှေမင်းသားရဲ့ ရိုက်ချက်ပါ
တွေ့မြင်ရတာ နှစ်သက်စရာ။
pooch
February 7, 2012 at 11:46 pm
ပုံ ၁ နဲ့ ၂ က မိန်းမပျိုလေးတွေနဲ့တူတယ် ။ အဆင်းရယ် ရနံ့ရယ်က ပျားပိတုန်းများကို ဆွဲဆောင်ထားတာပေါ့။
ပုံ ၃ က ကြည့်စက ကန်တော်ကြီးလို့တောင်မထင်မိဘူး။ အခေါက်ခေါက်သာသွားတယ် ဒီလို မြင်ကွင်းက တနေရာရာက calendar တခုခုမှာများ မြင်ဖူးတဲ့ရှုခင်းလားလို့။
ရိုက်ချက်ကတော့ !!!!
အေးရိပ်ပေါ့ လောကရဲ့ လူတိုင်း တမ်းတတတ်တဲ့ paradise လေးပါ။
ကျန်တဲ့ ပုံလေးတွေကတော့ စိမ်းလန်းသော ဒို့မြေပါ။ ရေရှည်တည်တံ့ဖို့ ကြိုးစားရမှာပါ။
၃ နဲ့ နောက်ဆုံးပုံ အနှစ်သက်ဆုံးပါ။ အကုန်ယူသွားပါတယ်။
ရွှေ မင်း သား
February 9, 2012 at 8:40 am
ပုံ ၁ နဲ့ ၂ က မိန်းမပျိုလေးတွေနဲ့တူတယ် ။ အဆင်းရယ် ရနံ့ရယ်က ပျားပိတုန်းများကို ဆွဲဆောင်ထားတာပေါ့။
ပုံကို ဘာသာပြန်ပေးတဲ့ အတွက် ကျေးဇူး။
ကန်တော်ကြီးထဲမှာ ဓါတ်ပုံရိုက်လို့ ကောင်းတဲ့ ရှုခင်း တွေ အများကြီးကျန်သေးတယ်ဗျ။
Khin Latt
February 8, 2012 at 5:04 am
ရွှေမင်းသားရေ –
~~ ရေတွေက နီညို ရောင်တွေ ရွံရောင်တွေ ဖြစ်နေပြီး .. စိတ်တိုင်းကျ ရေတံခွန်ပုံ ထွတ်မလာခဲ့ဘူး ~~
ဆိုတော့….
ပြကြည့်လိုက်လေ။ လူတွေ ဆိုတာ အကြိုက်ချင်းတူတာမှ မဟုတ်ဘဲ။။
တစ်ခြားသူတွေ ကြိုက်ရင်ကြိုက် မပေါ့။
မဟုတ်လား။
ရေစပ် အစိမ်း နဲ့ ဝါးပင်တော အစိမ်းကို အကြိုက်ဆုံး။ 😀
ကိုပေါက်(မန္တလေး)
February 8, 2012 at 5:07 pm
ရွှေမင်းသား (ခ) မကြီးရေ ရေတံခွန်ပုံလိုချင်ရင် နွေအခါမှာသွားရတယ်
ကြည့်ချင်ရင်ပြမယ်
ပုံတွေက မိုက်တယ်
လူစုံရင် သွားရိုက်မယ်
bluerose
February 10, 2012 at 1:54 pm
အစိမ်းရောင်တတိယပုံလေးကိုကြိုက်လို့ကူးလိုက်ပြီ
Desktop ပေါ်မှာတင်လိုက်ပြီ
ကျေးဇူးပါပုံလှလှလေးတွေတင်ပေးလို့
နောက်လည်းများများတင်ပေးနော်
ကူးလို့ရအောင်(စတာနော်)
ကြည့်လို့ရအောင်
unclegyi1974
February 10, 2012 at 10:29 pm
အစိမ်းရောင်ဆိုပြီးခရမ်းရောင်ကလေးရောနေပါလားမင်းသားလေးရဲ့
ဇွန်းကြီးကအတော်ကြီးပုံရတယ်ရှယ်ပဲ