ထိုင်ပေ မီးပုံးပွဲတော် (2012Taipei Lantern Festival) 元宵節
(Lantern Festival) Lantern_Festival မီးပုံးပွဲတော် ကို တရုပ် ရှေးဘုရင် လက်ထက် နှစ်ပေါင်း ၂၀၀ဝ ကျော် မှစတင် ပြီး နှစ်စဉ် တရုပ် ပြက္ခဒိန် နှစ် ဆန်း ၁၅ရက် မှာ ကျင်းပ ပါတယ် ။ ရှေးအခါက မီးပုန်းချိတ်ဆွဲ ပြီး လာတ်လာဘ တိုးတက် စေရန် ၊ ကံကောင်း စေရန် ၊ တိုင်းပြည် အေးချမ်း သာယာ စေရန်
အထိမ်းအမှတ် နဲ့ ကျင်းပပါ တယ် ။
မီးပုံးပွဲတော် ကိုထိုင်ဝမ် အမြို့မြို့ အနယ်နယ်မှာ ကျင်းပပါတယ်။
(Taipei Lantern Festival) introduction.html ်ထိုင်ပေ ် မီးပုံးပွဲတော် ကို နှစ် စဉ် ဆွန်ယက်ဆင် အထိမ်းအမှတ် ပြတိုက် (Sun Yat Sen memorial Hall) Sun_Yat-sen_Memorial_Hall_%28Taipei%29 မှာခင်းကျင်းပြသ ပါတယ် ။ ယခုနှစ် မီးပုံးပွဲတော် ကို ဖေဖော်ဝါရီ ၂ ရက် မှ ၁၂ရက် အထိ နံနက် ၁ဝနာရီ မှ ည ၆နာရီ နဲ့ ည ရနာရီမှ ၁၁ နာရီ အ တွင်း ပြသပါတယ် ။
ပြပွဲ ကို ထိုင် ပေ မြို့ တော်ဝန်မကြီးှမှူးကျင်းပပြီးအသင်းအဖွဲ့အမျိုးမျိုး နဲ့ ကျောင်းသူ/ သား များ လက်ရာ မီးပုံး ဒီစိုင်း တွေ ကို ပြသထား ပါတယ် ။ အဓိက main theme မီးပုံး က တော့ ထိုင်ပေ မြို့တော်ဝန် ရဲ့ တရုပ် နက္ခတ် အကောင် ( Chinese Zodiac animal) ကို သရုပ်ဖော်ထား တဲ့ မီးပုံး ပါ ။ ဒီနှစ်က နဂါး နှစ်ဖြစ်လို့ နဂါးပုံ ။
ြပြပွဲရဲ့ အဓိက main theme တရုပ်နဂါး မီးပုံး ဟာ ပေ ၁၀ဝ ကျော် လောက် ရှိ တယ် လို့ ခန့် မှန်း ရတယ် ။ ဆွန်ယက်ဆင် ဗိမာန် ရှေ့ ကွင်းပြင် မှာရှိ ပြီး ဦးဂေါင်း ကို 101 Taipei Tower ဖက်လှည့်ထားပါတယ်။ ည ရနာရီ က စတင်ပြီး နာရီဝက် တကြိမ် နဂါးမီးပုံး ကို နေရာ မရွေ့ ၃၆ဝ လည် စေ ပါတယ် ။ တပါတ် ကို ၃မိနစ် ခန့်ရှိပါတယ် ။ ရေပန်း ၊တေးဂီတ ၊ မီးဆလိုက် ၊ digital water curtain display, 3D animation, နဲ့ ရောင်စုံ လေဆာ စတဲ့ technology နဲ့ဖြည့်စွက် ထားတာ အင်မတန် မျက်စိ ပသာဒ လှပ ပါတယ် ။ ကြည့်ပြီးရင်းကြည့်ချင်ရင်း ပါပဲ ။
ပုံတချို့တင်ပေးလိုက်ပါတယ် ။ ဒီလင့် ခ မှာ ပုံ အပြည့် အစုံ ကို ကြည့်လို့ရတယ် ။
လင့်ခ ကို ကလစ် လုပ်ပြီး လက်ဝဲဖက် menu တခုချင်းစီ ကလစ် လုပ် ပြီး အကုန်ကြည့်နိုင်တယ် ။
ဒါက youtube ပေါ်က ဗီဒီရို
watch?feature=player_detailpage&v=-7oAb0W7c5w
youtube ကို ကြည့်ဖြစ်အောင်ကြည့်ပါ စာနဲ့ရေးပြလို့ ဘယ်လိုမှ feel ချင်းမတူပါ ။ ဗီဒီရို ပေါ်မှာကြည့်တာကလည်း ကိုယ်တိုင် first hand experience နဲ့feel ချင်း မတူပါ ။ 🙂 🙂
ကိုးကား လင့်ခ
5 comments
kai
February 7, 2012 at 5:01 pm
ပုံလေးတွေအတွက်.. ကျေးဇူးပါဗျာ…
မီးရှုးမီးပန်းကို တီထွင်ခဲ့တဲ့ တရုတ်က.. မီးပုံးတွေကိုလည်း တီထွင်ရင်း.. လူတွေကို ဖျော်ဖြေဖို့ သုံးခဲ့ဟန်တူပါတယ်..။
ရှေးကတော့.. လျှပ်စစ်မီးမသုံးပဲ.. မီးပုံးအတွင်းက.. လှုပ်နေတဲ့မီးတောက်နဲ့.. အရုပ်တွေဟာ.. အသက်ဝင်နေမယ်တောင် တွေးမိတယ်..။
လေဆာနဲ့ထိုးထားတဲ့… ရေပန်းပေါ်က..အရုပ်မျိုးတွေကတော့… အယ်လ်အေ – ဒစ်စနီလန်းဒ်မှာ ညဆိုပြပြနေပါတယ်..။
အဲဒါ.. ပုံစံတူမြင်ဖူးပါတယ်..။
–
တနေ့နေ့တော့.. ထိုင်ဝမ်အလည်သွား..ကြည့်ဖြစ်အောင်ကြိုးစားဦးမယ်…။ 🙂
koaung
February 8, 2012 at 5:43 am
ဝဲကမ်းပါဗျိုး သူကြီးဆီလဲရောက်ဖြစ်အောင်လာခဲ့ပါဦးမယ် အယ်အေကမုံ့ဟင်းခါးလေးလာစားဖို့
zoe
February 8, 2012 at 10:27 am
သူကြီးရေ လာလည်ဖို့ဖိတ်ခေါ်ပါတယ် ။ ထိုင်ဝမ် နံမည်ကြီး tourist attraction site တချို့ ဟာ တော်တော် လှပါတယ် ။ 🙂
ဆရာ koaung ဒီ subject ဓာတ်ပုံတင်ဖို့စောင့်နေတာ ။ကိုယ့်ဓာတ်ပုံ ပညာ ကိုတော့ အားမရပါ ဘူး ။ 😛
LA ကိုလည်း လာဖြစ်အောင် ကျိုးစားရမှာ ပေါ့ ။ 🙂
ကြောင်ကြီး
February 8, 2012 at 11:01 am
ဦးကြောင်ကိုရော မဖိတ်ဘူးလားဟင်…။ ဇိုးလေးနဲ့ဦးကြောင် အတူတူလျောက်လည် ကြမယ်လေ..။ ဇိုးလေးဦးကြောင်ဆီ လာလည်မယ်ဆိုရင် မိုးသန်ဝဲကမ်းပါ..။ (မိုးရေစိုခံပြီး ရေပြန်မချိုးရင် ဝဲပေါက်တတ်တယ်)
kai
February 8, 2012 at 11:50 am
အယ်လ်အေရောက်မယ်ဆို.. ကြိုအကြောင်းကြားကြပါဗျို့..။ ကြိုဆိုပါတယ်..။
မုန့်ဟင်းခါး၊ ဒန်ပေါက်လိုက်ကြွေးမယ်..။ 😆
ကျန်တဲ့.. လည်လည်သွားကောင်းတဲ့နေရာတွေတော့ နတ်လမ်းညွှန်လုပ်ပါမယ်..။
အယ်လ်အေတဝိုက်.. ဒစ်စနီလန်း၊ ယူနီဗာဆယ်စတီရီယို၊ ဆစ်ခ်ဖလက်၊ ဟောလိဝုဒ်၊ ဒေါင်းတောင်း.. လည်လိုက်ရင်ကို.. ခွင့်တပါတ်တော့..အသာလေးကုန်တယ်..။
ထိုင်ဝမ်ကို.. ပွဲချိန်တွေမှာ အလယ်သွားချင်ပေမဲ့..အဓိကက.. အစားအသောက်အတွက်ပါ…
ထိုင်ဝမ်အစားအသောက်က.. နာမယ်ကြီး..။
ဂျပန်မှာနေကတည်းက.. ထိုင်ဝမ်အစားအသောက်မျက်စောင်းလှမ်းထိုးနေတာ..
ကြုံကိုမကြုံသေးဖူး…။ 🙁