ကိုယ့်ရဲ့စိတ်ဟာ အပြင်ပန်း ခန္ဓာကိုယ်ထက် အများကြီး အရေးကြီးပါတယ်။အပြင်ပန်းမှာ ထိခိုက်ဒဏ်ရာရသွားရင် ကုသဖို့ လွယ်ပေမဲ့ စိတ်ထဲက ဒဏ်ရာတွေဟာတော့ မြင်နိုင်ဖို့ ခက်လှပါတယ်။ အထူးသဖြင့် အခုလိုကာလမှာ မနက် မိုးလင်းက ညမိုးချုပ်ထိ social media ပေါ်မှာ နေရတဲ့ သူတွေဟာ စိတ်ထောင်းကိုယ်ကြေ ပိုဖြစ်နိုင်ကြပါတယ်။ မနက်ကနေ ညထိ စိတ်ညစ်စရာ၊ ဒေါသထွက်စရာ ၊ စိတ်ရှုပ်စရာတွေ ကြုံတွေ့ နေရတဲ့အခါ Excessive Frustration လို့ခေါ်တဲ့ ဆက်တိုက် အခဲမကြေ ဖြစ်မှုတွေဖြစ်လာပါတယ်။ (၂၄) နာရီလုံး ဒီလိုဖြစ်တဲ့အခါ တစ်ဖြေးဖြေး ခြေကုန်လက်ပမ်း ကျလာပါတယ်။ တိုက်ပွဲတစ်ခုမှာ အရေးကြီးဆုံးက စိတ်ဓာတ်အင်အားဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ Psy-War လို့ခေါ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေ ပေါ်လာတာဖြစ်ပါတယ်။နေ့စဉ်ရက်ဆက် စိတ်တက်လိုက် ကျလိုက် ဖြစ်နေပြီး […]