alinsettOctober 3, 20132min72121
သနပ်ခါးလေး လိမ်းပြီးတော့ ဆံပင် ရှည်ရှည်ကို ဆံထုံးလေး ထုံးလိုက်သည်။   ဆံထုံး ထုံးရင်းဖြင့် သီတာ. . .ကိုမြို့ကြီးသားအကြောင်း တွေး လိုက်မိသေးသည်။   သီတာ့ကို အလွန်ချစ်ခင် စွဲလမ်း သည့် ဟန်ဖြင့် တယုတယ ရှိလှပါသော ထို မြို ့ကြီးသား ။   သီတာ့ကို တကယ် ချစ်မြတ်နိုးတာမှ ဟုတ်ပါလေစ ဟု သံသယ မဝင်ရက်လောက်အောင်ကို သူ ့ပုံစံက ရိုးသားဖြူစင်နေသည် မဟုတ်လား။   မြို့ကြီးသား. . . မာယာများပြီး သီတာ့လို တောသူမရိုးရိုးအအကို ချစ်တမ်း လာကစားတာတော့ မဖြစ်ပါစေနဲ့ လို ့. . . မနေ့ကမိဗုံတို့နဲ့ ရွာဥင်္ီးစေတီ မှာ […]


alinsettSeptember 30, 20131min43914
လူတစ်ယောက်ချင်းစီဟာ..အမှောင်တစ်ခြမ်းစီ ရှိနေတဲ့ လမင်းတစ်စင်းစီပဲ….။ အနောက်တိုင်းက စာရေးဆရာကြီးတစ်ယောက်ပြောခဲ့တဲ ့…..အဲဒီ စကားလေးကို..ဖတ်ဖူးတဲ့နေ့ကဆို… ခပ်ပြုံးပြုံးလေး လက်ခံခေါင်းညိတ်လိုက်တာပေါ့ ။ ဟုတ်တယ်လေ….။ တခြားသူတွေအတွက်.. ဟုတ်တာမဟုတ်တာ.. အသာထား.. ကျွန်တော့်အတွက်တော့… အဲဒီ စကားက အမှန်ပဲ.. ။ ဟုတ်တယ်..။ ကျွန်တော်က…. အမှောင်တစ်ခြမ်း ရှိနေတဲ့..လမင်းတစ်စင်းပါ ။ ———————————— ကျွန်တော့် ဘဝမှာ.. ဘယ်သူ ့ကိုမှ မပြောဖြစ်တဲ ့…. အမှောင်တစ်ခြမ်း ရှိတယ် ။ အဲဒီ အမှောင်တစ်ခြမ်းဟာ..ကျွန်တော့် ဘဝ့ရဲ ့ လျှို ့ဝှက်ထားသင့်တဲ ့ အချက်တွေဖြစ်တယ် ။ အဲဒီ အရာတွေ အကြောင်း.. တခြားသူတွေ မသိစေချင်လို ့…. ကျွန်တော်… အဲဒီ အရာတွေကို အမှောင်ချထားတယ်..။ ကျွန်တော်..လျှို့ဝှက်ထားတာတွေကိုများ.. တစ်ယောက်ယောက်က… […]


alinsettSeptember 27, 20136min45816
ကဗျာပြခန်း ( ၉ )မှာ… မော်ဒန် ကဗျာ သမား လို ့…ကျွန်တော့်ကို… ပြောကြဆိုကြတာ..လေး..ဖတ်ပြီး.. နည်းနည်းပြောချင်လာတယ် ။ မော်ဒန်ကဗျာဆရာလို ့လည်း..ပြောကြတယ်..ဆိုတော့…..။ အတွန့်လေး..နည်းနည်းတက်တယ်လို ့သဘောထားပြီးဖတ်ပေးပါဗျ ။   ===================================== အနုပညာသမားလို ့ ကျွန်တော့်ကို ခေါ်ကြတယ် ။  ကျွန်တော် ့မိတ်ဆွေတွေကပါ ။ သူတို့က ကဗျာလေး စာလေးရေး ပြီး ကဗျာအတွေး စာအရေးနဲ ့နွေးထွေးနေတဲ့ သူဆိုရင် အနုပညာသမားလို ့ပဲ ခပ်လွယ်လွယ် ခေါ် လိုက်ကြတာကိုးးး။ တကယ်တော့ ကျွန်တော်က ကိုယ့်ကို ကိုယ် အနုပညာသမားလို ့ မသတ်မှတ် သေးပါဘူး ။ အနုပညာ + သမား = အနုပညာသမား ။ […]


alinsettSeptember 26, 20131min35218
ဖတ်ခဲ့ဖူးတဲ့ ဟာသလေး ပြောပြဦးမယ်။   သိဖူးကြားဖူးရင်လည်း အခုမှ သိသလိုလိုနဲ့ ပြန်ဖတ်ပေးဦးဗျာ။ =====================   အမေတစ်ယောက်က သားငယ်လေးတစ်ယောက်ကို ထမင်းရည်တိုက်နေတယ်။ အဆာလည်းပြေအောင် အာဟာရလည်းဖြစ်အောင်ပေါ့။   ခက်တာက . . . . . သားငယ်လေးက မသောက်ချင်ဘူးးးးလို့အော်ဟစ်ပြီး ပတ်ပြေးနေတာ ။   အမေလုပ်သူက ချော့တစ်ခါခြောက်တစ်လှည့် ကောက်ကောက်ပါအောင် လိုက်တိုက်ပေမယ့် ဟင့်အင်းပဲ ။ သောက်ဘူးးးးတဲ့။ အမေလုပ်သူက မောလည်း မောပြီ ။ စိတ်လည်း မရှည်တော့ဘူး။   ဒါနဲ့ပဲ . . . . ယောကျာ်းဖြစ်သူ ကို လှမ်းအော်ခေါ်လိုက်တယ်။ ရှင့်သားကို ရှင်ပဲ ထမင်းရည်တိုက်ပေတော့ ပေါ့။   ယောကျာ်းလုပ်သူကလည်း […]


alinsettSeptember 25, 20134min57142
ကိုယ်ပေးသော်လည်း….. ပေးတိုင်း ပြန်မရတာ…… အချစ်လို ့ခေါ်သလားးးးးးးး     ကိုယ်ပေးသော်လည်း….. ပေးတိုင်း ပြန်မရတာ…… အချစ်လို ့ခေါ်သလားးးးးးးး   ကိုယ်ပေးသော်လည်း….. ပေးတိုင်း ပြန်မရတာ…… အချစ်လို ့ခေါ်သလားးးးးးးး   ကိုယ်ပေးသော်လည်း….. ပေးတိုင်း ပြန်မရတာ…… အချစ်လို ့ခေါ်သလားးးးးးးး     ကိုယ်ပေးသော်လည်း….. ပေးတိုင်း ပြန်မရတာ…… အချစ်လို ့ခေါ်သလားးးးးးးး     ကိုယ်ပေးသော်လည်း….. ပေးတိုင်း ပြန်မရတာ…… အချစ်လို ့ခေါ်သလားးးးးးးး   ကိုယ်ပေးသော်လည်း….. ပေးတိုင်း ပြန်မရတာ…… အချစ်လို ့ခေါ်သလားးးးးးးး     ကိုယ်ပေးသော်လည်း….. ပေးတိုင်း ပြန်မရတာ…… အချစ်လို ့ခေါ်သလားးးးးးးး       ကိုယ်ပေးသော်လည်း….. […]


alinsettSeptember 24, 20131min62133
အဟက် အဟက်…ကိုယ့်ပေါင်  ကိုယ် လှန်ထောင်းလိုက်ဦးမယ် ။ သူများပေါင်တွေ လှန် မထောင်း ရဲလို ့…။   ======================================= ဒီလိုပါ ။ ဟိုလိုပ ါ ။ ဟိုလိုလို ဒီလိုလိုပါ ။ သတင်းထူး / သတင်းကောင်း တစ်ခုပြောရဦးမယ်..။ ဟိုတလောက ကျွန်တော်ရေးလိုက်တဲ ့ ..  အလင်းဆက်နှင့်…. အချစ် / အလွမ်းဆိုတဲ့ပိုစ့် ထဲက..ကောင်မလေး.လေ… ။ ကျွန်တော်က..သူ ့ကို သနပ်ခါးလိမ်းထားတဲ ့..ပန်းကလေးလို ့..ခေါ်တာ…လေ…။ အခု….. အခု…. အဲဒီ သနပ်ခါးလိမ်းထားတဲ ့ ပန်းကလေးနဲ ့…. အလင်းဆက်…… သဘောထားချင်းမတိုက်ဆိုင်တော့လို ့…. လမ်းခွဲ လိုက်ပြီဆိုတဲ့..သတင်းကောင်း…ပြောချင်လို့ ဗျို ့…။ ဒီနေ ့ညနေပဲမှာပဲ….. […]


alinsettSeptember 24, 20131min70128
  ငယ်ငယ်က ဖတ်ဖူးတဲ ့ ဟာသလေးတစ်ပုဒ် ပြောပြဦးမယ် ။ ဖတ်ဖူးတဲ ့သူတွေကလည်း.. .. မဖတ်ခဲ့ဖူးသလိုလိုနဲ့ ပြန်ဖတ်ဗျာ ။ ————————————————————————————– သီလရှင်တစ်ယောက်… ဆေးခန်းထဲ ဝင်လာတယ် ။ ဆရာဝန်ကို သူ ့ကျန်းမာရေး အခြေအနေ လာပြ / လာ ကုသတာပါ ။ ခက်တာက… အဲဒီ သီလရှင်… လာပြတဲ ့ ရောဂါက… အဲဒီ ဆရာဝန်… အတွက်…. ကုသရန်ခက်ခဲသောရောဂါလို ့ပြောရမယ်.. ။ သီလရှင်က.. စကားမပြောတတ်ဘူး ။ ဆွ ံ့အနေတာပေါ့ဗျာ..။ အဲဒီ အ ..နေတာကို.ကောင်းသွားအောင် လုပ်ပေးပါ..လို ့…လာပြောနေတာ ။ ဆရာဝန်ကလည်း.. အ နေတာကို.. ဘယ်လိုကောင်းအောင် လုပ်ရပါ့မလဲ..ဆိုပြီး..စိတ်ရှုပ်သွားတာပေါ့ […]


alinsettSeptember 20, 20131min59720
သစ်ပင်တစ်ပင်လို မြေပြင်ကို အမြစ်တွေတွယ်ကပ်ပြီး သီးပွင့်ဝေဆာလိုက်ချင်တယ် ဒါပေမယ့်. . . ငါဟာ. . . မြေပြင် ကို . . .ထိခွင့်မရှိသူ. . .   ကလေးငယ်တစ်ယောက်လို မိုးရေထွက်ချိုးပြီး မိုးသီချင်းတွေ အော်ဟစ်လိုက်ချင်တယ် ဒါပေမယ့်. . . . ငါဟာ. . . မိုးစက်တွေ ကို . . .မုန်းရသူ. . .   ပင်လယ်ကမ်းစပ်တွေရဲ့ သန့်စင်တဲ့လေထုမျိုး ငါ ရှူရှိုက် မက်မောချင်ပါတယ် ဒါပေမယ့်. . . ငါဟာ . . . အသက်မရှူဝံ့တော့သူ. . .   ဟောဟိုက ငှက်တွေလို […]


alinsettSeptember 18, 20133min74633
  အော်………….. ဘာလိုလိုနဲ ့ အသက်လည်း တစ်နှစ် ထပ် ကြီးပြန်ပြီပေါ့ ။ နှစ်ဆယ့်ခြောက်နှစ် ပြည့်ပြီပေါ့….။ သေ ဖို ့…..နေ ့ ဆီကို တစ်နှစ် ထပ်နီးလာတယ် …ဆိုလည်း….. ရပါရဲ ့ ။ မွေးနေ ့ ဆိုတော့…  ….. တစ်နှစ်လုံးမှာ   အဲဒီ တစ်ရက် ရောက်ဖို ့…… အတော်စောင့် ရတာနဲ ့တင်….. တစ်ခုခု ထူးထူးခြားခြား…. ဖြစ်ကိုဖြစ်လိုက်ရမှ… လုပ်ကို လုပ်လိုက်ရမှ.. တန် မှာပေါ့…….နော ့။   ဘုရားသွားကျောင်းတက်လည်း.. မလုပ်ဖြစ်မယ့် အတူတူ…….. အကျိုးရှိမှာလေးတစ်ခုခုတော့.. လုပ်ဦးမယ်…ဆိုပြီး………………. ဘာလုပ်ရမလဲ..တွေးတော့….. ……………………………….   ============================================== အခုတလော.. ကိုယ်ပိုင် […]


alinsettSeptember 13, 20131min53519
မနက်ဖြန် အတွက် . . . မနေ့က တည်ဆောက်ထားသမျှ ပြိုကျပျက်စီးသွားခဲ့ပြီပဲ။   အားယူ ပြန် ထဖို ့တောင် . . . . ခြေထောက်တွေ အားအင်တွေ ပျောက်ရှ ထားပြီးပြီ ။   ဘယ်လို လုပ်မလဲ ။ အသက်ရှူဖို ့တောင် လေ ရှာ မတွေ ့ဘူး။ အသက်ရှင်ဖို ့တောင် အချိန်ကာလ မဲ့နေပြီ။   ဘယ်လိုလုပ်မလဲ ။ သူတို ့ပြောတဲ့ ကံတရားဆိုတာက ငါ့အတွက် ဆူးချွန်တွေ သိပ်များနေတယ် ။   ဘယ်လို ရှေ့ဆက်ရမလဲ ။ စကားတွေပြောချင်ပေမယ့် ပြောသမျှတွေက စကားမဖြစ်တော့ဘူး။   အလံတလူလူလွှင့်ထားပါလျက်နဲ့တောင် […]


alinsettSeptember 12, 20134min50728
ဂဇက်ဝဒိန်သာနတ်ပြည်တွင်ဖြစ်သည် ။   မဲလိမ် မဲညစ် မဲကောက်ကျစ်အပြင် ဆွေးမျိုးတစ်သိုက်နှင့် စစ်မက် နှစ်ဆယ့်ငါးရာခိုင်နှုန်းကြောင့် နတ်ပြည်သမဒ ဖြစ်လာသော သကြားမင်းဦးမာဃ . . . . အလွန်တရာမှ ဒေါသအမျက် ထွက်နေသည် ။   စိတ်က ထောင်းခနဲ ဆို ဖင်က ဟောင်းခနဲ ဖြစ်တတ်သူ . . . စိတ်က ထစ်ခနဲဆို ဖင်က ဗျစ်ခနဲ ဖြစ်တတ်လွန်းသူမို ့……. ” သကြားအပေအတေ ” မဖြစ်အောင်လည်း စိတ်ကို ထိန်းရသေးသည် ။   စိတ်တိုရခြင်းအကြောင်းကိုလည်း ကြည့်ချေဦးလေ ။   ကာမတစ္ဆေ မီးလောင်သလို ရှုရဆိုးစေသော အမှုတစ်ခု ဖြစ်ပျက်သွားခြင်းကြောင့်ဖြစ်သည်။   ဖြစ်ပွားပုံမှာ […]


alinsettSeptember 7, 20134min73540
ဖြစ်ပုံက ဒီလို ။   ကနာစီးဂီ ဆိုတဲ့မာမီဂီ က သူငယ်တစ်ယောက်ကို ကောက်ယူပြထည့်လိုက်တာ ။   မိန်းမလျှာလောကတစ်ခုလုံး အုန်းအုန်းထ သွားတာပေါ့ ။ မာမီဂီ က တခြားမိန်းမလျှာအပေါင်းသူတော်ကောင်းတွေကို မဲ့ကာရွဲ့ကာနဲ ့ပြောနေသေးတာ ။   ” ကျွန်မက . . . . . .ယောကျာ်းတစ်ယောက်ကို တင့်တောင်းတင့်တယ် လုပ်ကျွေးနိုင်တယ်တော့်။ ဒါကို….. ကိုယ်တော်ကြီးကိုယ်တော်လေးတို့ ့အသိ ။ ”   အဲသလို ကြွေးကြော်သံတွေ ပွက်ပွက် ညံပြီး . . . . . . သူယူလိုက်တဲ့ သူငယ် ကို ပလစ်ထအောင် ချစ်ပြနေလိုက်တာများ ဝက်ဝက်ကိုကွဲနေတော့တာ။   […]


alinsettSeptember 5, 20131min62022
လိုက်မယ်မှန်း သိပေမယ့် ခေါ်ရက်ပါဘူးကွယ် ဆူးခင်းတဲ့လမ်း ကြမ်းတာကို အားနာတယ်။   ခေါ်ချင်မှန်းသိရင်ပဲ ကျေနပ်တဲ့အဖြစ်မျိုးနဲ့ ကိုယ်ကျိုးနည်း ရှိနေမယ် ဝေဒနာ သွေးရူးသွေးတန်းနဲ့လေကွယ်။   မလိုချင်ဘူးလို့မထင်စေချင် မင်းတစ်ယောက် ရှိရင် အရာရာ ပြည့်စုံမယ် မင်းတစ်ယောက် လျော့ရင် အရာရာ ဘာာမှ မရှိ ဗလာပါပဲ ဒါပေမယ့် ကိုယ့်ပြည့်စုံခြင်းက မင်းရဲ့ ချို့တဲ့ခြင်းလို အို. . . . ကိုယ် . . .တစ်ယောက်သာ နာတော့မယ် ။   မိုးရွာထဲ. . . ထီးမပါပဲ လျှောက်ရဲဖို့ မင်းလေးကို သင်ပေးခဲ့ပြီးပြီ မိုးထဲလေထဲတော့ လှမ်းမခေါ်ရက်ဘူးကွယ် ကိုယ်ပဲ သွားမယ်။   ဝေးကွာခြင်းက ကိုယ့်ကို ဆွဲဆုတ် […]