alinsettFebruary 12, 20121min85315
ကျွန်မ ဟာ ပြဿနာတွေရဲ ့အဖြေကို မသိသေးလို ့သာ စာရေးဆရာဖြစ်နေတာပါ။ ပြဿနာတွေရဲ ့အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့ .။ ××××××××××××××××××- ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေဝါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဝမ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (ဩဘာသံများ) ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က ‘ကျမ တော်တော်ညံ့ခဲ့ပါတယ်’ ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့ဩချင် အံ့ဩမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ […]


alinsettFebruary 7, 20121min2928
( က ) ခပ်ညံ့ညံ့ ယောကျာ်းတွေကို အထင်မကြီးတတ်သော သီတာ ့ကို ကျွန်တော် ချစ်ပါသည် ။ သီတာ သည် ကျွန်တော့် အိပ်မက် ဦး..ဖြစ်သည် ။ သီတာ့အကြောင်းကို ခေါင်းစဉ်များစွာ..ဖြင့် အိပ်မက် မက်ရတာ ..ကျွန်တော်..ပျော်ပါသည် ။ ကျွန်တော် သည်…သီတာ့ကို ချစ်သောကြောင့်…ယဉ်ယဉ်လေး ရူးနေသော…လူငယ်အဖြစ်..ရှင်သန်ခဲ့ဖူးပါသည် ။ အဲဒါ…မှားယွင်းမှုတစ်ခု..လား….? ________________________________________________ ( ခ ) အချစ်သည်..နှောင်ကြိုး..တစ်ချောင်း..ဖြစ်နေလိမ့်မည်..ဟု… ဘယ်တုန်းက မှ…မထင်ခဲ့ပါ..။ ကျွန်တော့် ဘဝတစ်ခုလုံးကို… အထပ်ထပ်အခါခါ..ရစ်ပတ် တုပ်နှောင် ခံလိုက်ရပြီးမှ… အချစ်၏ နှောင်ကြိုး ဆန် မှုကို….ကောင်းကောင်း ..သိသွားသည်..။ သို ့သော်…. နှောင် ဖွဲ ့တတ်သော…အချစ်၏ ချုပ်ကိုင် သိမ်းပိုက်နိုင်စွမ်းရှိမှုကိုပင်… ကျွန်တော်က မက်မောနေပြန်သည် […]


alinsettFebruary 4, 20121min41215
* * အပြစ် ရှိလျှင် ခွင့်လွတ်တော်မူပါ .. မိုးရေချိန် ကျဲပါးသော ရာသီဥတု အလွတ် တစ်လုံးထဲတွင်.. ကျွန်တော်..ဝင် ပုန်းခဲ့ရဖူးပါသည် ။ ** အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ.. ဤပေါက်ချွန်းဖြင့် တစိုက်စိုက် တူးရင်း.. ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီတစ်လုံးကို.. ကျွန်တော်..ခူးခဲ့မိပါသည်။ ထို သစ်သီး မှာ ပြာသော ရနံ ့ရှိပါသည် ။ * * အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ .. သို ့တည်းမဟုတ်..အပြစ်ယူတော်မူပါ.. * * မည်သို ့ပင် ဖြစ်စေ… သင်လာသောအခါတွင် တိုက်ကျွေးရန်…အတွက် အေးချမ်းတတ်သော သောက်ရေ ဖြူဖြူတစ်ခွက်ကို.. ယခုပင်လျှင်…. ဤ လက်များ ဖြင့် ….ခပ်ယူ ခဲ့ပြိး ဖြစ်ပါသည် […]


alinsettJanuary 28, 20121min36412
ပြင်သစ်လူမျိုး ပန်းချီဆရာကြီး.. MERCEL DUCHAMP .. ( 1887 – 1968 ) ဆိုသူတစ်ဦး ရှိခဲ့ပါတယ်။ အနုပညာလောက တစ်ခုလုံးကို ပြဿနာ တွေ..၊ အငြင်းပွါးဖွယ်ရာတွေ…အများကြီး ဖြစ်အောင်..ပွဲ..လှုပ်ခဲ့သူ ကြီး..လို ့….ဆိုကြပါတယ်။ ဘာကြောင့် လဲ…။ __________________________________________________ ဘာကြောင့်လဲ..ဆိုတော့.. 1917 ခုနှစ် ၊ နယူးယောက် ပန်းချီပြပွဲတစ်ခုမှာ… သူ..တင်ပြခဲ့တဲ့ အနုပညာပစ္စည်း ဟာ…. ကျင်ငယ်စွန် ့တဲ့ ကြွေခွက် တစ်လုံး….ဖြစ်နေလို ့ပါ။ ကျင်ငယ်စွန် ့တဲ့ကြွေခွက်ပေါ်မှာ M . RUTT ..ဆိုတဲ့ ဆူဒိုနင် ကလောင်အမည် နဲ ့ လက်မှတ်ထိုးပြီး ပြပွဲ..ကို တင်သွင်းလိုက်တယ်..။ ကြွေခွက်ကို အနုပညာပစ္စည်း တစ်ခုအဖြစ် ( ပန်းပုရုပ် […]


alinsettJanuary 19, 20121min2457
( အမှောင် မပါသော ည….. ) ၁ ။ ။ ရေးရင်း တန်းလန်း…အဆုံးမသတ်လိုက်ရသေးမီ…ပစ်ပယ်ထားလိုက်ရသော..စာများ..။ မပေးဖြစ်လိုက်သော ချစ်ခွန်းခြွေလွှာများ…. မရေရာသော မျျှော်လင့်ချက်များ….. စသည်ဖြင့် … ကျွန်တော့် အိတ်ထဲမှာ ပြည့်နှက်နေပါသည်။ သို ့သော် ..ကျွန်တော် ပြောပြချင်သည်မှာ…ထိုအရာများအကြောင်း မဟုတ်ပါ။ ညများ..နှင့် လမ်းလျှောက်ခြင်းများအကြောင်းသာ.. ပြောပြချင်ပါသည်။ အရောင်တစ်လက်လက် ထ..နေသော ကြယ်များ( ပါဝင်သော်လည်း.. ) ဤည သည် ကျွန်တော်ကိုယ်တိုင် မနှစ်သက်သော ည..ဖြစ်သည်။ ၂ ။ ။ သို ့သော်…ကျွန်တော်သည် ည ထဲမှ မထွက်ခွါချင်သေးပါ။ ညသည်…အဆင်တန်ဆာတစ်ခု မဟုတ်ဘူးဆိုသော်လည်း… ကျွန်တော် ဆင်မြန်းချင်သော…ဝတ်ရုံတစ်စ ဖြစ်သည်။ ညသည်….လူငယ်တစ်ယောက်၏ အိပ်မက်များကို ခင်းကျင်းပြ သ ခွင့်ရအောင်… […]


alinsettJanuary 12, 20121min2587
ပြင်သစ် ပန်းချီကျော်ကြီး မိုးနေး ( CLAUDE MONET ) – 1840- 1926 ရဲ ့ IMPRESSION SUNRISE လို ့အမည်ရတဲ့ ပန်းချီကား တစ်ချပ်ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ဝါဒ တစ်ခု ရှိပါတယ်။ မော်ဒန် ပန်းချီ ( မော်ဒန်အနုပညာသမိုင်း ) မှာ ထည် ့မပြောလို ့မဖြစ်တဲ့ အင်ပရက်ရှင်ဝါဒ ( IMPRESSIONISM ) ပါပဲ..။ အဟောင်းတွေနဲ ့ အဆက်ဖြတ်ပြီး.. လမ်းခွဲ ဖောက်ထွက်လိုက်တဲ့ လှုပ်ရှားမှုတစ်ခု လို ့ ဆိုရမှာပါ။ အင်ပရက်ရှင်ဝါဒီတွေ ( IMPRESSIONIST ) တွေက သဘာဝလောက ထဲက အရာတွေကို ပန်းချီ […]


alinsettJanuary 4, 20121min1913
( ကျေးဇူးတင်လွှာ ) DROWNING RUTH ( သို ့မဟုတ်) ဆောင်းညရှိုက်သံ စာအုပ်နှင့် ပသက်သက်သော ဆောင်းပါး (၃)ပုဒ် ရေးခွင့်ပြုခဲ့သူ မြန်မာဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့် အား ကျေးဇူးတင်ပါသည်။ ကျွန်တော်..ခံစား ရေးသားခဲ့သော ဆောင်းပါးများကို တင်ပြခွင့်ပြုခဲ့သော… www.mandalaygazett.com ၏ အယ်ဒီတာ ဦးခိုင် နှင့် ကျွန်တော် ရေးသမျှကို ဖတ်ရှု / ခံစား / ဝေဖန်ပေးကြသော ရွာသူ ရွာသားများ..၊ စာဖတ်သူများ အားလုံ့းကို လည်း ကျေးဇူး တင်ရှိပါသည်။ ကျွန်တော့်ကို မူရင်းစာအုပ် ပေးဖတ်ခဲ့သော ကျွန်တော့် စာပေမိတ်ဆွေ နှင့် ကျွန်တော် လိုအပ်သော အချက်အလက်များကို ကူညီပေးသော မိတ်ဆွေများ အားလုံးကိုလည်းကျေးဇူးတင်ပါသည် ။ […]


alinsettJanuary 3, 20128min130
‘ညီမငယ်လေးသို ့….” ပုံရိပ်ယောင်သွင် အမှန်ထင် လေဝယ်ဖမ်းရင်း ပြေးထွက် အဝေးဆီ ညီမငယ်လေး… မင်းအခုဘယ်ဋ္ဌာနီ…… ကြယ်တွေရဲ ့အလယ် လမ်းပျောက်နေရှာတယ် ဟိုတဖက်ကမ်းက ညီမငယ် လမ်းမှန်တွေ ့ အိမ်အရောက်ပြန်နိုင်ပါစေကွယ်။ ————————————————————- “ကမ္ဘာပြားကြီးအောက် ငုံ့ကြည့်တော့ ကဗျာဆရာကိုတွေ့တယ်” ငါတို့လောကဓံက ကော်ဖီမစ်လို ချိုတာထက် ခါးတာပိုများ အရသာ၊ ပိုရှိ၊ လွှတ်,ကြိုက် အနုပညာအတွက် ငွေကိုကန်းနေတော့ အားလုံးထက် ပိုငတ်ပြတ်တယ် ဘာဖြစ်လဲ တစ်ကိုယ်လုံး ထွန်ယက်ထားတာ တစ်ပြည်လုံးစားဖို့ အဲ့ဒီလိုကြွေးကြော်မယ် ဒါ… ကဗျာဆရာ အသက်နဲ့ လူလုပ်တာမဟုတ်၊ စာသားနဲ့ လူလုပ်တာ ခင်ဗျား ချဉ်ချင်လည်းချဉ် လောကမှာ အရာရာရှုံးရင်တောင် ခံစားမှုအမြတ်ထွက်တာ ငါတို့ပဲ ငါတို့ ထွက်ပေါက်မှာ ဘယ်သူလာပိတ်ပိတ် အဲ့ဒီသူကို သတ်ပစ်မယ်ဆိုတဲ့အစွမ်း ကဗျာထဲမှာ […]


alinsettDecember 30, 20111min2578
ဝေဖန်ရေးသည် ခက်ခဲ..နက်နဲသော ပညာရပ်တစ်ခုပြဖစ်ပါသည်။ အထူးသဖြင့် စာပေဝေဖန်ရေး.( အနုပညာဝေဖန်ရေး ) သည်..အလွန် နက်ရှိုင်းသော../ အလွန် သိမ်မွေ ့သော.. အရာ ဖြစ်သည် ။ စာပေ အနုပညာ ပစ္စည်းတစ်ခုကို ဝေဖန်တော့မည်..ဆိုလျှင်.. ဝေဖန်ရေးသမားသည်..သတိကြိးကြီးထားပြီး.. ဝေဖန်ရပါသည်။ စာပေ အနုပညာ၏ သဘော သဘာဝကိုက နက်ရှိုင်းသော..( ကျယ်ပြန် ့သော/ ဆန်းကြယ်သော..) ကြောင့် ဖြစ်ပါသည်။ မော်ဒန် အနုပညာကို ဂန္ထဝင် ဝေဖန်ရေးဖြင့် ဝေဖန်လျှင်..မသင့်တော်…ပါ။… ဂန္ထဝင် အနုပညာကို မော်ဒန်ဝေဖန်ရေး..ဖြင့် ဝေဖန်လျှင်လည်း.. တလွဲတွေသာ ဖြစ်လာပါလိမ့်မည်။ ( ယနေ့ထိ မော်ဒန်အနုပညာအပေါ်..အပြစ်မြင်နေကြသူများသည်..မော်ဒန်အနုပညာကို ဂန္ထဝင် ဝေဖန်ရေး အစဉ်အလာများဖြင့် တိုင်းတာ..ဝေဖန်ခဲ့ကြသောကြောင့်..ဟု ဆိုချင်ပါသည်။ ) သူ ့ဘက် ကမ်းက မီး…ဘယ်လောက် […]


alinsettDecember 19, 20111min57134
စာအုပ်ကောင်း တစ်အုပ်မို ့ညွွှှန်းတာပါ။ (အလင်းဆက်၏ယုံကြည်ချက်) ဘာသာပြန် စာပေသည် မြန်မာ့ စာပေလောက နှင့် ကမ္ဘာ့ စာပေလောကတို ့ကို ဆက်သွယ်ပေးသော တံတားတစ်စင်း..ဟု ကျွန်တော် ယုံကြည်ပါသည်။ ————————————————————————————————– မူရင် း…. ကန် စာရေးဆရာမ CHIRSTINA SCHWARZ မူရင်း စာအုပ်အမည် … .. DROWNING RUTH ( CHRISTINA SCHWARZ ၏ ပွဲဦးထွက် လက်ရာ…. ရသ ဝတ္ထုကောင်းတစ်အုပ်ဖြစ်သည်။ ထို့အပြင်…သက္ကရာဇ် 2000 ၏ အရောင်းရဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့ပါသည်။ —————————————————————————————————– မြန်ာပြန် မှတ်တမ်း… မြန်မာဘာသာပြန်သူ…. ဝင့်ပြုံးမြင့် မြန်မာပြန်စာအုပ်အမည် … ဆောင်းညရှိုက်သံ စာမျက်နှာ 341 မျက်နှာ စာအုပ်အရွယ်အစား […]


alinsettDecember 14, 20111min2468
* ပြေးနေတဲ ့ လမင်းကို လိုက် ဖမ်းဖို ့…. … ကိုယ် ထူခဲ့တဲ့ အလံဖြူတို ့ကို လှဲ….ပစ်ခဲ့ပြီ။ * မရေရာခြင်း စိုက်ခင်းထဲမှာ…မှ ကိုယ်က အချစ်တစ်ပင် စိုက်ခဲ့မိ ။ ကိုယ့်ရင်က စီးကျတဲ့ သွေးစက်နီနီတို ့နဲ ့ လောင်း……….ပက်….. သစ်ပင် ကလေး….ရှင်……စေ….ချင်……ခဲ့…တယ်။ * ချစ်သူရေ…… ….. အနောက် တောင် ဘက်က အက်ဆစ်မိုးက မုန်းစရာ ကောင်းလိုက်တာ…။ * အရည်ပျော်….သွားတဲ့ ပျိုးခင်းထဲမှာ… ထာဝရ နှုတ်ဆက်ခြင်း..နဲ ့ ရူးသွပ်စွာ လွမ်းဆွတ်ခြင်း..တွေကိုပဲ…. ရှာ.တွေ ့ခဲ့တယ်။ * ( ကိုယ့်ဒဏ်ရာ / ကိုယ့်လက်နဲ ့ ဖိ.ရင်း…) သေသွားတဲ […]


alinsettDecember 8, 20111min44127
( ၁ ) လွန်ခဲ့သော 2011 / နိုဝင်ဘာလ သည်ကျွန်တော့်ထံသို ့ နှင်းစက်များနှင့်အတူ ထူးဆန်းသော စာအုပ်တစ်အုပ်ကိုပါ သယ်ဆောင်လာခဲ့သည်။ ထူးဆန်းသော (နိုဝင်ဘာလ ထုတ်) စာအုပ်သစ်တစ်အုပ်ကြောင့် ကျွန်တော် ဖြတ်သန်းခဲ့ရသော.2011/.နိုဝင်ဘာ သည် အမှတ်တရ နိုဝင်ဘာ..ဖြစ်သွားပါသည်။ ထိုစာအုပ်ကို တွေ့ရသော နေ ့က ကျွန်တော်….စာအုပ် အရောင်းဆိုင်ကြီးတစ်ဆိုင်ထဲမှာ.. အချိန်အတော်ကြာကြာ…ငြိမ်သက်/ ငေးမော…ပြီး..အံ့ဩတကြီး…တိတ်ဆိတ်သွားခဲ့သည်။ စာအုပ်သည်… မြန်မာ ဘာသာပြန် စာအုပ်တစ်အုပ်ဖြစ်ပြီး..ကျွန်တော်..ကြိုက်သော..14 × 21 စင်တီမီတာဆိုဒ် ဖြစ်နေသည်။ စာမျက်နှာ 340 ကျော်ကျော် မို ့ ကျေနပ်ရသလို….စာရွက်သားက လည်း..ဖြူဆွတ်လှပ နေပါသည်။ ရောင်းဈေးမှာ 2500 ကျပ်ဖြစ်ပါသည်။ အမေရိကန်စာရေးဆရာမ CHRISTINA SCHWARZ ၏ DROWNING RUTH […]


alinsettNovember 30, 20111min33210
အမှားဆိုတာ မရှိပါဘူး။ သင်ခန်းစာတွေ..ချည်းပါပဲ…။ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားမိဖို ့ ပဲ..လိုတာပါ…တဲ့ ။ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရဲ ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ရတဲ့… စာသားတွေပါ။ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို ့..တဲ့။ မှားနေကျ အမှားမျိုးတွေကို မကြာခဏ ထပ် မှားတတ်တာမျိုးတွေလည်း..ရှိနေပါရဲ့။ လူငယ် ဆိုတော့လည်း အမှားနဲ ့မကင်းဘူးပေါ့။ အပြောမှား ၊ အရေးမှား… အပြုအမူ မှားတွေ ကြားမှာ..လှုပ်ရှားရုန်းကန်ရင်း…လူလားမြောက်ဖို ့ ကြိုးစားနေရတာပါပဲ..။ အမှားတစ်ခုကို နောက် တစ်ခါ ထပ်မမှားဖို ့ ကြိုးစားပေမယ့်….တချို ့သော အမှားဆိုတာတွေကလည်း စွဲလမ်း မက်မောစရာကောင်းလောက်အောင်…အရသာရှိနေလေတော့……။ မှားတာကို မှားမှန်းသိရင် လူကောင်းဖြစ်ပြီ..တဲ့ ။ ( မှားတာကို […]